fa
Feedback
Mystic Aura

Mystic Aura

رفتن به کانال در Telegram

မမြင်ရတဲ့ စွမ်းအင်တွေကို ယုံကြည်သူတွေအတွက် သီးသန့်နေရာငယ်လေး။ This channel is for those who seek mystery, those who believe in energy, and those who want to live with intention, protection, and light. Stay positive ✨ Stay protected 🛡️ Stay magical 🪄

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
662
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
-4230 روز
آرشیو پست ها
˖ 🪐 ˑ ׅ ▸628Hz Instant Ex Comeback & Stronger Love 𓂃 🪶 ☾⋆。𖦹 °✩𓏲ּ ᥫ᭡ ₊ ⊹ ˑ ִֶ ☾⋆。𖦹 °✩𓏲ּ ᥫ᭡ ₊ ⊹ ˑ ִֶ
𓂃 🕊 𓈈 Benefits ‧₊˚ 🎧 ⋅ ๑ His/her pride is gone right now (He/she only wants to come back to you). He/she is calling and texting you now (He/she says "I am sorry" first). He/she misses you so much every second (He/she only thinks about your face). Other people and problems are gone now (He/she knows you are the best person for him/her). You have a happy and strong relationship now (You love and understand each othermore). သူ့မာနတွေ အခုပဲ အရည်ပျော်သွားပြီ (သူ မင်းဆီ ပြန်လာဖို့ပဲ တစ်ချိန်လုံး တွေးနေတော့တယ်) သူ အခုပဲ မင်းဆီ ဖုန်းဆက်တယ်၊ စာပို့တယ် (သူကပဲ အရင်ဆုံး တောင်းပန်လာတာ) သူ မင်းကို စက္ကန့်တိုင်း အရမ်းလွမ်းနေတယ် (သူ့မျက်စိထဲမှာ မင်းမျက်နှာပဲ မြင်နေရတယ်) တခြားလူတွေနဲ့ ပြဿနာတွေ အကုန်ပျောက်သွားပြီ (မင်းကသာ သူ့အတွက် အကောင်းဆုံးဆိုတာ သူသိသွားပြီ) မင်းတို့နှစ်ယောက် အခု အရမ်းပျော်ပြီး အချစ်တွေ ခိုင်မြဲနေပြီ (အရင်ကထက် ပိုချစ်ပြီး နားလည်မှု ပိုရှိလာကြပြီ)
 ⋆ Ꮺ Divine Practice Tips ࣪ “ ꒱ 𓂃 Visualization* See your dream reality in your mind. Believe it is real now. Hydration* Drink plenty of water before and during listening. Water helps energy flow and fast results. Consistency* Listen 4 times a day. Do it every day for the best results. Safe for All*LGBTQ+ friendly and works for everyone (Unisex). Attention* Don't overthink Review here @Dee_fav15 Affirmation တွေအများကြီးထည့်ရေးပေးထားလို့အရမ်း powerful ဖြစ်ပါတယ် ။ တစ်နေ့ကို 1ခါမှ 4ခါ အထိနားထောင်နိုင်ပါတယ်၊ နားထောင်ရင်းခေါင်းကိုက်လာပါက နားထောင်နေတာခနရပ်နားပြီး နောက်ရက်မှဆက်နားထောင်ပါ။ #subliminal #628hz #exback #instantresults #getyourexback

အလိုလို သွားမိလိုက်တယ်။ သူကမင်းကိုတစ်ချက်ကြည့်ပြီး လက်ထဲကဝိုင်ခွက်ကိုတစ်ချက်မော့သောက်လိုက်တယ်။‌‌ မော့သောက်ပြီး နောက်ဝိုင်ခွက်ကို စားပွဲပေါ်သို့ချလိုက်တဲ့အသံက တိတ်ဆိတ်နေတဲ့နန်းတော်အတွင်းမှာကျယ်လောင်စွာပေါ်ထွက်လာတယ်။ ထို့နောက်သူကမင်းကို မဲ့ပြုံးတစ်ချက်ပြုံးပြတယ်မြင်ရခဲတဲ့သူ့အပြုံးဟာ အလွန်ဆွဲဆောင်မှုရှိနေတဲ့အတွက်ကြောင့်မင်းဟာ သူ့အပြုံးကြားမှာနစ်ဝင်နေခဲ့တယ်။ မင်းငေးနေတာကိုကြည့်ပြီးသူကချောင်းတစ်ချက်ဟန့်တယ်၊ ထို့နောက် မင်းကိုသူကစကားစပြောတယ်။ "မင်းကို ဘယ်သူမှ မဖျက်ဆီးနိုင်ဘူး။ မင်းရဲ့ အတွင်းစိတ်က အမှန်တရားကို မင်းကိုယ်တိုင်ပဲ သိတယ်။ တစ်ခါတလေမှာ အေးစက်ပြတ်သားနေဖို့ လိုတယ်။ ရန်သူတွေက မင်းရဲ့ အောင်မြင်မှုကို မနာလိုဖြစ်နေကြလိမ့်မယ်။ ဒါပေမဲ့ မင်းက သူတို့ထက် အများကြီး အစွမ်းထက်ပါတယ်။ မင်းရဲ့ အာဏာကို အသုံးချပါ၊ ဒါပေမဲ့ မင်းရဲ့ ကျန်းမာရေးနဲ့ စိတ်ဓာတ်ကိုတော့ ဖိအားတွေအောက်မှာ အရှုံးမပေးလိုက်ပါနဲ့။"တဲ့ သူက ပလ္လင်ပေါ်ထိုင်နေရာက ထလာပြီး သူ့ရဲ့လက်တွေကိုဘောင်းဘီ အိတ်ထောင်ထဲထိုးထည့်ရင်း ခိုင်မာပျက်သားသောခြေလှမ်းများနှင့်မင်းဆီကိုလျှောက်လာခဲ့တယ် ထို့နောက်သူကမင်းကိုစိုက်ကြည့်နေပြီးနောက် မင်းကိုသူက ခပ်ဖွဖွလေးပွေ့ဖက်လိုက်တယ် နောက်ဆုံးပြောခဲ့တဲ့စကားက "ငါပြောတာကိုနားထောင်ပါတဲ့" #Dee #pick a pile #universe massage #mystic

မှက်ချက် - ဖတ်ရဲမှဖတ်ပါ။ဝတ္ထုတစ်ပုဒ်လိုဖြစ်နေလို့ General reading ဖြစ်တဲ့အတွက်ကြောင့်လူတိုင်းနဲ့ကိုက်ညီချင်မှကိုက်ညီနေပါလိမ့်မယ် ။ မကိုက်ညီခဲ့ရင်လဲအပျော်သဘောလို့ပဲမှတ်ထားလိုက်ပါ။ပုံက တစ်ပုံထက်မကဆွဲဆောင်မှုရှိနေရင်လဲ တစ်ပုံထက်ပိုပြီး နောက်တစ်ပုံရောဖတ်လို့ရပါတယ်။ Intuition+ tarot အားတင်းပြီးရေးထားရတာမနည်း🗿
Pile 1
နေကြာပန်းကိုင်ထားသောအမျိုးသားငယ် မင်းက တောက်ပတဲ့ နေကြာပန်းတွေ ပြည့်နှက်နေတဲ့ လှပတဲ့တောအုပ်လေးထဲကို ရောက်သွားတဲ့အခါ အညိုရောင် shirt လက်ရှည် ဂျင်းပြာရောင်pantနဲ့ နေကြာပန်းကိုင်ထားတဲ့ အမျိုးသားတစ်ဦးကို တွေ့ရလိမ့်မယ်။ သူက မင်းကိုကြည့်ပြီး ပြုံးနေပေမဲ့ သူ့မျက်လုံးထဲမှာတော့ အတိတ်က လွမ်းမောစရာတွေကို ထိန်းထားပုံရတယ်။မင်းကအဲ့ဒီ အမျိုးသား ဆီ ဖြည်းဖြည်းလေးလမ်းလျှောက်သွားတယ် ။ ဘေးနားကနေကြာပန်းတွေရဲ့ မွေးကြိုင်ကြိုင်အနံ့တွေကလည်းအလွန်ဆွဲဆောင်မှုရှိသလိုမင်းရှေ့ကအမျိုးသားငယ်ဟုလဲမင်းကိုပြုံးကြည့်နေတဲ့ပုံစံလေးက ဘေးနားကနေကြာပန်းလေးတွေနဲ့ အတူ ပိုပြီးဆွဲဆောင်မှုရှိနေပါတယ်။ မင်းသူ့အနားရောက်သွားတဲ့အခါ သူကမင်းကိုဆွေးမြေ့နေသောအကြည့် နဲ့ စိုက်ကြည့်နေတယ် ပြီးတော့ဆွေးဆွေးမြှေ့မြှေ့ပြုံးတယ် သူ့နှုတ်ခမ်းဖြား ကမင်းအတွက် အကြံပေးသတင်းစကားလေးပြော‌ဖို့ ချိန်ရွှယ်နေတယ် ။မင်းကလဲငြိမ်ငြိမ်လေးနေပေးနေတယ်ပြောပါဆိုတဲ့ပုံစံမျိုးလေးနဲ့ စိတ်ရှည်ရှည်လေးစောင့်နေတယ်။ သူကစကားစလာပါတယ် "အနာဂတ်အတွက် အရမ်းကြီး ပူပန်မနေပါနဲ့လေ။ မင်းရဲ့ နှလုံးသားက ပျော်ရွှင်မှုကို လိုလားနေတယ် ဆိုတာငါသိပါတယ်မငိုပါနဲ့ တော့ မင်းဆီကို ပျော်ရွှင်စရာ အခိုက်အတန့်တွေရောက်လာတော့မှာမို့ အားတင်းထားပါနော်။ ကိုယ့်ရဲ့ ဝါသနာ နောက်ကိုသာ လိုက်ပါ။ မင်းအတွက် လိုအပ်တဲ့ အရာမှန်သမျှကို လောကကြီးက အချိန်တန်ရင် ဖြည့်ဆည်းပေးပါလိမ့်မယ်။ မင်းရဲ့ ရိုးသားမှုက မင်းကို အကာအကွယ်ပေးမယ့် လက်နက်ပဲ။မင်းကစိတ်ရှည်တယ် ၊စွန့်စားရဲတယ် ၊သတ္တိရှိတယ် မင်းရဲ့နှလုံးသားလေးကနူးညံ့တော့ မင်းကိုချစ်တဲ့သူတွေရှိကြတာပဲလေ ငါလဲမင်းကိုချစ်တယ် ဘာလို့ဆိုမင်းက သဘောကောင်းပြီး ရိုးသားတယ်ငါစကားပြောမှာကိုမင်းကစိတ်ရှည်ရှည်နဲ့စောင့်ပေးတယ် ၊ဒီလိုသဘောကောင်းတဲ့မင်းလေးကိုမှ ကံကြမ္မာကြီးကရက်စက်နေတာ သို့သော် ဒီ နာကျင်စရာအခိုက်အတန့်တွေပြီးသွားရင် တော့မင်းဆီကိုပျော်စရာအခိုက်အဆန့်တွေကကူးစက်ပျံနှံလာတော့မယ်။ ငါပြောတာလေးမှတ်ထားပါပညာရေးသို့မဟုတ် ဝါသနာ၊အလုပ်မှာမင်း အခု ‌အာရုံစိုက်ဖို့လို နေတယ် ။ ဟိုတွေးဒီတွေးအတွေးတွေမလွန်ပါနဲ့ မင်းကျန်းမာရေးကိုထိခိုက်လိမ့်မယ်။ " အမျိုးသားလေးဟာမင်းလက်ကလေးကိုနူးနူးညံ့ညံ့ကိုင်ပြီးနောက်ပျောက်ကွယ်သွားတယ် မင်းမျက်နှာကလဲပြုံးရောင်သမ်းနေတယ်။
Pile 2
ပန်းစည်းကိုင်ထားသောအမျိုးသားတစ်ဦး ပင်လယ်ပြင်ရဲ့ လှိုင်းသံတွေကြားမှာ တည်ရှိနေတဲ့ နန်းတော်ကြီးဆီ မင်းရောက်သွားတဲ့အခါ ခံ့ညားထည်ဝါတဲ့ ဝတ်စုံနဲ့ စစ်သည်တော်တစ်ဦးက ပန်းစည်းတစ်ခုကို ကိုင်ပြီး မင်းကို စောင့်ကြိုနေတယ်။ ပန်းဆီရဲ့ မွှေးကြိုင်ကြိုင်အနံ့က မင်းဆီကိုကူးစက် နေသလိုပဲ အလွန်ဆဒွဆောင်မှုရှိနေသလိုပန်းစည်းကိုကိုင်ထားတဲ့စစ်သည်‌ တော် ကလည်း ချောမောလွန်းကာသူကိုင်ထားတဲ့ပန်းစည်းနဲ့လိုက်ဖက်လှတယ်။သူက မင်းကို လေးလေးစားစားနဲ့ ဦးညွှတ်ပြီး ဖော်ဖော်ရွှေရွှေ ပြုံးပြတယ်သူ့ပုံစံက ယုံကြည်မှုရှိနေပြီး ထက်မြက်တဲ့စစ်‌သည်တော်တစ်ဦး လဲဖြစ်‌ပုံရတယ် မင်းကသူနဲ့အနီးဆုံးကိုလျှောက်သွားတယ် သူကလဲ မင်းကိုစကားပြောချင်နေတယ်။ သူ့အနားမင်းပိုနီးကပ်လာတော့သူကဒီစကားကိုဆိုပါတယ် "မင်းရဲ့ ကြိုးစားမှုတွေက အသီးအပွင့် ဝေဆာတော့မယ်။ မင်းလေးကအောင်မြင်သူတစ်ယောက် ဖြစ်ဖို့ မွေးဖွားလာတာပါ။ ဒါပေမဲ့ အောင်မြင်မှုရဲ့ နောက်မှာ တာဝန်ယူမှုတွေ ရှိနေတာကို မမေ့ပါနဲ့။ စနစ်တကျ ပြင်ဆင်ပါ။ မင်းလေးရဲ့ ဉာဏ်ပညာနဲ့ ဖန်တီးနိုင်စွမ်း ကို ပေါင်းစပ်လိုက်ရင် မင်းမရောက်နိုင်တဲ့ ပန်းတိုင်ဆိုတာ မရှိတော့ဘူး။"တဲ့ ချောမော‌လွန်းပြီးထက်မြက်လွန်းတဲ့ထို စစ်သည်တော် အမျိုးသားဟာ မင်းရဲ့ ခေါင်းလေးကို သူ့လက်ချောင်းသွယ်သွယ်နဲ့ ခပ်ဖွဖွပွတ်ပေးတယ်။ ထို့‌နောက်မင်းက ခေါင်းငုပ်ပြီး "ကျေးဇူးတင်ပါတယ် "လို့ပြောနေတုန်းပဲရှိပါသေးတယ် အမျိူးသားဟာ မင်းမော့ကြည့်လိုက်တဲ့အချိန်မှာမရှိတော့ပါဘူး ကျန်ခဲ့တဲ့မင်းကတော့အတွေးသစ်‌တစ်ခုရသွားပြီးမျက်နှာမှာလဲပျော်ရွှင်မှုအရိပ်အရောင်တွေရှိနေခဲ့တာပေါ့။
Pile 3
တည်ငြိမ်ရင့်ကျက်မှုရှိပြီး ရဲရင့်သည်ဟုဆိုရသောနှင်းဆီပန်းအနီရောင်လေးနှင့်အမျိုးသားတစ်ဦး။ မှောင်မည်းနေတဲ့ တောနက်ကြီးထဲက လျှို့ဝှက်နန်းတော်တစ်ခုရဲ့ ပလ္လင်ပေါ်မှာ တစ်ဦးတည်း ထိုင်နေတဲ့ အရှင်သခင်ဆီ မင်းရောက်သွားမယ်။ သူ့လက်ထဲမှာ ဝိုင်ခွက်တစ်ခုရှိပြီး ရင်ဘတ်မှာတော့ သွေးရောင်လွှမ်းတဲ့ နှင်းဆီတစ်ပွင့် ရှိနေတယ်။ သူ့ရဲ့ အကြည့်တွေက မင်းရဲ့ စိတ်ဝိညာဉ်ထဲအထိ ထိုးဖောက်မြင်နေသလိုပဲ။သူ့မျက်နှာမှာအပြုံးဆိုတာမရှိသလောက်ပဲ သူကပြုံးခဲတယ်မင်းကိုတောင်အကြည့်စူးစူးနဲ့စိုက်ကြည့်နေတယ် သူ့အကြည့်နဲ့တင်မင်းဟာလန့်နေတယ် သို့သော်သူကမင်းကို စကားအမိန့်တစ်ခုဆိုလိုက်တယ် "ဒီရှေ့ကိုလာခဲ့ပါ"တဲ့ မင်းကလဲသူ့ရှေ့ကို

မနက်ဖြန်တင်ပေးမယ်နော် #Dee

ဒါအဖြေတင်ပေး‌ရတော့မလား? #Dee

My Upcoming Subliminal Announcement EX RETURNS & BEGS FOR FORGIVENESS Powerful Reunion Subliminal 639Hz ⚠️ PREPARE YOURSELF.
My Upcoming Subliminal Announcement EX RETURNS & BEGS FOR FORGIVENESS Powerful Reunion Subliminal 639Hz ⚠️ PREPARE YOURSELF. The ultimate frequency to manifest your Ex back is about to be released. This isn't just an audio; it’s a soul-level reconnection. 🕯️✨ Are you ready for the results? Stay tuned. 📱🔥 Ex come back Subliminal လေးတစ်ပုဒ် လာဖို့ရှိပါတယ်... 🕊️🧿 #Dee #Ex come back Subliminal #mystic #Coming soon

🌟 Pick A Pile General reading သင့်ဆီကို မကြာခင် ရောက်လာတော့မယ့် သတင်းစကားက ဘာဖြစ်မလဲ? စိတ်ကို အေးအေးထားပြီး ပုံ ၃ ပုံထဲက ကို
+2
🌟 Pick A Pile General reading သင့်ဆီကို မကြာခင် ရောက်လာတော့မယ့် သတင်းစကားက ဘာဖြစ်မလဲ? စိတ်ကို အေးအေးထားပြီး ပုံ ၃ ပုံထဲက ကိုယ်နဲ့ အနီးစပ်ဆုံးလို့ ထင်ရတဲ့ အမျိုးသားပုံတစ်ပုံကို ရွေးချယ်ပေးပါ။ Channel subscriber 600 ပြည့်တာနဲ့ အဖြေကို အသေးစိတ် တင်ပေးသွားပါမယ်။ ဒါ့ကြောင့် ကျွန်တော့် Channel လေးကို စိတ်ဝင်စားတဲ့သူ တွေဆီ share ပေးကြပါအုံးနော် #Dee #MagicSharing #TarotReading #PickACard

ဖတ်ရအဆင်ပြေကြရဲ့လားဗျာ စာလုံးကနည်းနည်းမွဲသွားတယ် ကိုယ်လုပ်ထားတာကိုယ်ပြန်ဖတ်ပြီး မျက်လုံးမွဲသလိုခံစားနေရတယ်🥲 #Dee

Subliminal ဆိုတာဘာလဲ? *နားလည်လွယ်အောင်ပုံပြင်တစ်ပုဒ်နဲ့နှိုင်းယှဉ်ပြထားပါတယ်။ *Subliminal နားထောင်နည်း *Result မြန်အောင်ဘယ်လိ
+4
Subliminal ဆိုတာဘာလဲ? *နားလည်လွယ်အောင်ပုံပြင်တစ်ပုဒ်နဲ့နှိုင်းယှဉ်ပြထားပါတယ်။ *Subliminal နားထောင်နည်း *Result မြန်အောင်ဘယ်လိုနားထောင်ရမလဲ? ဆိုတာတွေကိုအပေါ်ကပုံလေးတွေထဲမှာ အသေးစိတ်ပါပါတယ် ။ဒါလေးဖတ်ပြီးရင်တော့နားလည်လွယ်သွားမယ်လို့မျှော်လင့်ပါတယ်ဗျ #Dee #subliminal #manifestation #Magic #mystic

Subliminal နားထောင်နည်းတွေသိကြရဲ့လားမသိရင်သူ့ရဲ့အကြောင်းနဲ့နားထောင်နည်းတွေ ရေးတင်ပေးရအုံးမလားလို့
Anonymous voting

. 𐙚˚࿔ 𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐆𝐨𝐝𝐝𝐞𝐬𝐬 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𐙚˚⋆ ꒷꒦︶꒷꒦︶ ๋ ࣭ ⭑꒷꒦꒷꒦︶꒷꒦︶ ๋ ࣭
݁₊ ⊹ . Divine Benefits . ݁₊ ⊹ . အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုနဲ့အတူ ငါ့ရဲ့အသားအရေဟာ မှန်လိုကြည်လင်ပြီး ပုလဲလို ဝင်းပတောက်ပနေပြီ။ ငါ့ရဲ့ မျက်နှာအချိုးအစားဟာ အံ့ဩစရာကောင်းလောက်အောင် ညီညာနေပြီး ဆွဲဆောင်မှုရှိတဲ့ Jawline နဲ့ ပါးပြင်တွေကို ပိုင်ဆိုင်ထားတယ်။ ငါ့ရဲ့ ဆံကေသာတွေဟာ အရင်းကနေ အဖျားအထိ ပိုးသားလို နူးညံ့ပြီး သန်စွမ်းရှည်လျားတဲ့ အလှတရားနဲ့ ပြည့်စုံနေတယ်။ ငါ့ရဲ့ မျက်ဝန်းတွေဟာ ကြည်လင်တောက်ပနေပြီး ကြည့်လိုက်သူတိုင်းကို ရင်ခုန်သွားစေလောက်အောင် ဆွဲဆောင်မှုရှိနေတယ်။ ငါ့ရဲ့ ကိုယ်ခန္ဓာအချိုးအစားဟာ စံပြမော်ဒယ်တစ်ယောက်လို ကျော့ရှင်းပြီး ဘယ်လိုဝတ်ဝတ် ကြည့်ကောင်းလွန်းနေတယ်။ ငါ့ရဲ့ အသံနဲ့ အပြုံးဟာ ကြားသူ၊ မြင်သူတိုင်းကို ပျော်ရွှင်ကြည်နူးစေပြီး လူတိုင်း ချစ်ခင်အားကျရတဲ့ Magnetic Aura (ဆွဲဆောင်မှုစွမ်းအင်) ကို အမြဲပိုင်ဆိုင်ထားတယ်။ ငါ့ရဲ့ မသိစိတ်ဟာ ဒီအလှပိုင်ဆိုင်မှု ပြောင်းလဲခြင်းတွေကို စက္ကန့်နဲ့အမျှ အလျင်အမြန်ဆုံး အကောင်အထည်ဖော်ပေးနေပြီ။ ငါဟာ ဘယ်နေရာရောက်ရောက် ယုံကြည်မှုအပြည့်နဲ့ တင့်တယ်လှပနေတဲ့ နတ်ဘုရားမတစ်ပါးလို ထင်ရှားနေတယ်။
꒷꒦︶꒷꒦︶ ๋ ࣭ ⭑꒷꒦꒷꒦︶꒷꒦︶ ๋ ࣭ Divine Practice Tips Visualization* နားထောင်နေစဉ်မှာ ကိုယ်ဖြစ်ချင်တဲ့ အလှပဆုံး ပုံရိပ်ကို စိတ်ထဲမှာ တကယ်ဖြစ်နေသလို မြင်ယောင်ပေးပါ။ Hydration* နားထောင်နေစဉ်နဲ့‌နားမထောင်ခင်ရေများများသောက်ပေးပါ။ ရေများများသောက်ပေးတာက စွမ်းအင်စီးဆင်းမှုကို ကောင်းမွန်စေပြီး ဆဲလ်တွေကို အလျင်အမြန် ပြောင်းလဲစေပါတယ်။ Consistency* တစ်နေ့ကို ၄ ကြိမ်ထက် ပိုနားထောင်စရာမလိုဘဲ ပုံမှန်လေးပဲ နားထောင်ပေးရင် လုံလောက်ပါတယ်။ LGBTQ+ Friendly & Unisex* #Dee #mystic #subliminal #manifestation #glowup #beauty

အခုတလော Tarot လောကမှာ AI နဲ့ ဟောတာတွေ ခေတ်စားနေတာ သတိထားမိမှာပါ။ ကျွန်တော်ကတော့ Tarot ကို Main အဖြစ် ဟောတာကို ခဏ နားထားပါဦးမယ်။ တခြားသော Divination ပညာရပ်တစ်ခုခုကို ပိုပြီး ကျွမ်းကျင်အောင် အာရုံစိုက် လေ့လာသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတွေ၊ သိချင်တာတွေရှိလို့ tarot မေးချင်ရင်တော့ အမြဲတမ်း ကြိုဆိုနေဆဲပါ။ ကျွန်တော် ၂၀၂၅ ကတည်းက လေ့လာခဲ့တာဆိုပေမဲ့ ခုထိ ပညာအရည်အချင်း မပြည့်စုံသေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခံစားရပါတယ်။ ဒါကြောင့် လူတိုင်းကို ယုံကြည်ပါလို့ မတိုက်တွန်းချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ ဟောဖူးတဲ့ Client တိုင်းနဲ့ကတော့ ကျွန်နော်နဲ့ Energy ကိုက်ညီမှုရှိကြပါတယ်။ ကျွန်တော်က AI ကို လုံးဝ မသုံးဘဲ ကျွန်တော့်ရဲ့ Intuition နဲ့ စိတ်စွမ်းအားကိုပဲ အဓိကပေါင်းစပ်ပြီး စေတနာပါပါ ဟောပေးတာ ဖြစ်လို့ပါ။ ဒါ့ကြောင့်လဲ ကျွန်နော်က ကျွမ်းကျင်အဆင့်မဟုတ်သေးတာကြောင့်အားလုံးကိုကြေးတောင်းရမှာအားနာလှပါတယ်။ ဒါပေမယ့်တချို့ကတော့ အတင်းလာပေးကြပါတယ်။ ကျွန်နော့်ကိုအပြည့်အဝကြီးယုံကြည်ပါလို့အတင်းတိုက်တွန်းနေတာမဟုတ်ပါဘူးနော် ။ ကျွန်နော်ဟောပေးလိုက်တဲ့သူတိုင်း energy ကိုက်ကြတာကိုပဲပြောတာပါ။ ကဲအခုလောလောဆဲတော့ tarot အတွက် Channel မှာကျွန်နော် free reading ပဲလုပ်ပေးဖြစ်ပါမယ်။ intuition သုံးရတာအရမ်းများလာရင်တော့ကျွန်နော် Tarot ဟောချင်းခနနားထားပါအုံးမယ်။ #Dee

Channel Feedback လေး တောင်းချင်ပါတယ်ဗျာ ကျွန်နော် Channel မှာ Knowledge sharing တွေ၊ Subliminal လေးတွေ အမြဲ တင်ပေးနေပေမဲ့ တစ်ခါတလေကျရင် ရှေ့ဆက်ဖို့ Ideas တွေ ထုတ်မရတာမျိုး ရှိလာတတ်ပါတယ်။ ဒါကြောင့် ကျွန်နော် တင်ပေးနေတဲ့အရာတွေက စာဖတ်သူတို့အတွက် တကယ်ရော အသုံးဝင်ကြရဲ့လား? အထူးသဖြင့် Magic နဲ့ ပတ်သက်တဲ့ စာပေတွေကရော ဖတ်ရတာ အဆင်ပြေကြရဲ့လား၊ နားလည်ရခက်နေတာမျိုး ရှိလားဆိုတာ သိချင်ပါတယ်ဗျ။ အဆင်မပြေတာရှိရင်လည်း အားမနာတမ်း လာပြောပေးကြပါနော်။ စာဖတ်သူတို့ရဲ့ ဆန္ဒနဲ့ Feedback လေးတွေကို သိရမှသာ ကျွန်နော်လည်း ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ပိုပြီး သေချာပြင်ဆင်နိုင်မှာဖြစ်လို့ပါ။ Feedback လေးတွေ လာပြောပေးကြပါဦးနော်။ စောင့်မျှော်နေပါမယ်ဗျ။ Feedback ပေးရန် @Dee_fav_15 #Dee #mystic aura #feedback

"အပြောင်းအလဲတစ်ခု လာတော့မယ်" လို့ ဟောပေးလိုက်တဲ့အတိုင်း... review တက်လာပါတယ်။ တကယ်ပဲ အဆောင်ပြောင်းရတော့မယ်တဲ့ဗျာ ဒီလိုမျိုး လ
"အပြောင်းအလဲတစ်ခု လာတော့မယ်" လို့ ဟောပေးလိုက်တဲ့အတိုင်း... review တက်လာပါတယ်။ တကယ်ပဲ အဆောင်ပြောင်းရတော့မယ်တဲ့ဗျာ ဒီလိုမျိုး လက်တွေ့ကျကျ မှန်ကန်သွားတဲ့ review လေးကြောင့် တကယ်ကို ပီတိဖြစ်ရပါတယ်။ အပြောင်းအလဲမှာ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဗျာ #mystic #Dee #tarot

Pile 1: The Creator's Path 🪄 "ထိုင်စောင့်နေရုံနဲ့ မပြီးဘူး၊ လက်တွေ့ စလုပ်ဖို့ အချိန်တန်ပြီ" လို့ Universe က ပြောနေတာပါ။ မင်းမှာရှိတဲ့ ဝါသနာ၊ အရည်အချင်းတွေကို အသုံးချပြီး အပြောင်းအလဲတစ်ခုကို စတင်လိုက်ပါ။ မင်းဖြစ်ချင်တဲ့အရာကို အာရုံစိုက်ပြီး ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ပါ။ မင်းကိုယ်မင်း ယုံကြည်ထားပါ။ မင်းကိုယ်မင်း ယုံကြည်ထားမယ်ဆိုရင် မင်းလိုချင်တဲ့အရာက မင်းဆီ အမှန်တကယ် ရောက်ရှိလာပါလိမ့်မယ်။ Pile 2: The Inner Wisdom "အားလုံးကို အလောတကြီး ဆုံးဖြတ်စရာမလိုဘူး၊ ခဏလောက် စောင့်ကြည့်ပါဦး" တဲ့။ မင်းရဲ့ အတွင်းစိတ်က ဘာပြောနေသလဲဆိုတာကို နားထောင်ပါ။ တရားထိုင်တာမျိုး၊ ဒါမှမဟုတ် ငြိမ်ငြိမ်လေး ခဏတဖြုတ် ဘာမှမတွေးဘဲ ထိုင်နေလိုက်တာမျိုး လုပ်ပေးပါ။ အဖြေအမှန်က မင်းရဲ့ စိတ်ထဲမှာ ရှိနေပါတယ်။ အခုချိန်မှာ ယုံကြည်မှုက အရေးကြီးပါတယ်။ အရာရာဟာ အချိန်တန်ရင် ပေါ်ပေါက်လာလိမ့်မယ်လို့ ယုံကြည်ထားပါ။ Pile 3: The Star of Hope "စိတ်မပျက်ပါနဲ့၊ အကောင်းဆုံးတွေ ဖြစ်လာတော့မယ်" လို့ ပြောနေပါတယ်။ မင်းလျှောက်လှမ်းနေတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လျှောက်ပါ။ မင်းရဲ့ အိပ်မက်တွေကို လက်မလွှတ်ပါနဲ့။ Universe က မင်းကို စောင့်ရှောက်နေပြီး လမ်းဖွင့်ပေးနေပါတယ်။ ဒီအပတ်ဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ပြန်လည်ဆန်းသစ်ဖို့ ကောင်းတဲ့ အချိန်ပါပဲ။ ဒီ massage က ကျွန်နော့်ရဲ့ intuition နဲ့ tarot ကို ချိတ်ဆက်ဟောပေးထားတာမို့တစ်ခုခုထူးခြားစေမယ့်လို့မျှော်လင့်ပါတယ်။ #Dee #mystic

‎"ဒီအပတ်အတွင်း Universe က မင်းကို ဘာတွေ လမ်းညွှန်ချင်နေတာလဲ?" ‎ ‎အသက်ကိုဝဝရှူပြီး စိတ်ကိုတည်ငြိမ်အောင်ထားပါ။ ခနလေး ငြိမ်ငြိမ်
‎"ဒီအပတ်အတွင်း Universe က မင်းကို ဘာတွေ လမ်းညွှန်ချင်နေတာလဲ?" ‎အသက်ကိုဝဝရှူပြီး စိတ်ကိုတည်ငြိမ်အောင်ထားပါ။ ခနလေး ငြိမ်ငြိမ်နေလိုက်ပါ ပြီးရင်ကိုယ့်ကိုဆွဲဆောင်နေတဲ့ ပုံတစ်ပုံကိုရွှေးလိုက်ပါ။ ‎ ‎စိတ်တည်ငြိမ်မှရွှေးပါနော် ‎ ‎ပုံရွှေးတာထက် zodiac sign နဲ့ရွှေးရင် energy ပိုကိုက်မယ်ထင်ပါတယ်။ အောက်မှာပုံတစ်ပုံချင်းဆီရဲ့ zodiac sign တွေကိုပြပေးထားပါတယ်။ ‎ ‎Pile1* ‎ ‎The Magician ‎ ‎မိဿ (Aries)၊ မေထုန် (Gemini)၊ သိဟ် (Leo) ‎ ‎Pile 2* ‎ ‎The High Priestess ‎ ‎ကရကဋ် (Cancer)၊ ဗြိစ္ဆာ (Scorpio)၊ မိန် (Pisces) ‎ ‎Pile 3* ‎ ‎The star ‎ ‎ကုမ် (Aquarius)၊ တူ (Libra)၊ ဓနု (Sagittarius) ‎ ‎ရွှေးပြီးရင်တော့ အဖြေကို ‎ ‎နေ့လည်တင်ပေးပါမယ်။ ‎ ‎General reading ဖြစ်တဲ့အတွက်ကြောင့်အတည်ကြီးမမှတ်လိုက်ပါနဲ့။ ‎ #Dee #mystic aura #pick a pile

Magic ဆိုတာ ဘာလဲ? Magic ဆိုတာ ဘာလဲ? ကျွန်နော်တို့ အများအားဖြင့် Magic လို့ ပြောလိုက်ရင် လေထဲကနေ ပန်းလေးတွေ ပွင့်လာတာမျိုး၊ ဒါမှမဟုတ် စင်ဒရဲလားပုံပြင်ထဲကလို နတ်သမီးက တုတ်တံကို ဝေ့ယမ်းပြီး အရာရာကို ပြောင်းလဲပစ်တာမျိုးကိုပဲ ပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ တကယ်တော့ Magic ဆိုတာ တုတ်တံနဲ့ ဝေ့ယမ်းပြီး လိုချင်တာ ဖန်ဆင်းလိုက်တာမျိုး မဟုတ်ပါဘူး။ "ယုံကြည်မှုနဲ့ စွမ်းအင်ကို ပေါင်းစပ်ပြီး အပြောင်းအလဲတစ်ခု ဖန်တီးခြင်း" သာ ဖြစ်ပါတယ်။ ဥပမာဗျာ— သိပ္ပံပညာက "ဘယ်လိုဖြစ်တာလဲ" (How) ဆိုတာကို ရှင်းပြတယ်ဆိုရင်၊ Magic ကတော့ "ဘာကြောင့်ဖြစ်တာလဲ" (Why) နဲ့ "ဖြစ်နိုင်ခြေတွေ" (Possibilities) ကို လမ်းဖွင့်ပေးတာပါ။ ကဲ... အပျင်းပြေ ပုံပြင်လေးတစ်ပုဒ် ဖတ်ကြည့်ကြရအောင် ဗျာ။ ဒီပုံပြင်လေး ဖတ်ပြီးရင် Magic ဆိုတာ ဘာလဲ၊ ဘယ်လို အသုံးပြုရတာလဲဆိုတာကို ပိုပြီး မြင်သာလာမှာပါဗျ။ တစ်ခါတုန်းက "ဇေ" ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ သူက ကျောင်းစာဆိုရင် ပျင်းရိငြီးငွေ့တတ်ပေမဲ့ ထူးထူးဆန်းဆန်း အရာတွေကို ဖန်တီးရတာကိုတော့ အရမ်းဝါသနာပါသူပေါ့။ သူ့ရဲ့ အခန်းထဲမှာတော့ Tarot ကတ်တွေ၊ မှတ်စုစာအုပ်ဟောင်းတွေ၊ ပုံဆွဲပစ္စည်းတွေနဲ့ Magic ဆိုင်ရာ စာအုပ်တွေ ပြည့်နှက်နေတတ်တယ်။ တစ်နေ့မှာ သူ့သူငယ်ချင်းက စပ်စုတော့တာပေါ့— "ဟေ့ကောင် ဇေ... မင်းက တစ်နေ့တစ်နေ့ ဒီ Tarot ကတ်တွေကိုင်၊ အမွှေးတိုင်တွေထွန်း၊ ကတ်တွေဆွဲလိုက် မှတ်စုစာအုပ်ထဲ ရေးလိုက်နဲ့ ငါကြည့်ပြီး ခေါင်းတောင် မူးတယ်။ Magic စာအုပ်တွေပဲ ဖတ်နေပြီး ကျောင်းစာလုပ်တာလဲ မမြင်မိဘူး။ နံရံမှာလည်း Sigil ပုံတွေ၊ Crystal ball တွေနဲ့ အချိန်ကုန်နေတာ... မင်း ဘယ်အချိန်စာလုပ်လဲ? ပြီးတော့ မင်းပြောပြောနေတဲ့ Magic ဆိုတာကရော Harry Potter ထဲကလို တုတ်တံနဲ့ ရမ်းလိုက်ရင် အရာရာ ဖြစ်လာတာမျိုးလား?" ဇေက ပြုံးပြီး သူ့ရဲ့ Notebook လေးကို ဖွင့်ပြလိုက်တယ်။ "Magic ဆိုတာ တကယ်တော့ Energy (စွမ်းအင်) ပဲကွ" လို့ ဇေက စပြောလိုက်ချိန်မှာ သူ့သူငယ်ချင်းက မျက်လုံးပြူးပြူးလေးနဲ့ စိတ်ဝင်တစား နားထောင်နေတော့တယ်။ ဇေလည်း သူတစ်ယောက်တည်း လေ့လာထားတဲ့ ဒီပညာကို မျှဝေဖို့ အားတက်သွားပြီး ဆက်ပြောပြတာပေါ့။ "ငါတို့ မြင်နေရတဲ့ မျက်လှည့်တွေက မျက်စိကို လှည့်စားတာ။ ဒါပေမဲ့ တကယ့် Magic ကတော့ မင်းရဲ့ 'စိတ်' ထဲမှာ ရှိတာ။ ဥပမာ— မင်း တစ်ခုခုကို အရမ်းဖြစ်ချင်လို့ ပြင်းပြင်းထန်ထန် အာရုံစိုက်တယ် (Manifest)။ အဲဒီ စွမ်းအင်က မင်းမထင်မှတ်ထားတဲ့ အခွင့်အရေးတွေကို ဖန်တီးပေးလာတာမျိုးပေါ့။ အဲဒါ Magic ပဲ။" ဇေ့သူငယ်ချင်းက ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ သဘောပေါက်သွားတဲ့ပုံစံ ဖြစ်လာတယ်။ "မှော်ပညာကို သုံးဖို့ မင်းက Hogwarts တက်နေစရာ မလိုဘူး။ နည်းလမ်း (၃) ခုပဲ ရှိတယ်ဟ..."
နံပါတ် ၁ * စကားလုံးတွေရဲ့ အစွမ်း:
ဒါက Magic ရဲ့ အခြေခံ လေ။ ဉပမာ မင်းခက်ခဲတဲ့အရာတစ်ခုကိုလုပ် တော့မယ်ပဲထားပါအဲ့ဒီအရာကြီးကိုမြင်ပြီး "ငါမလုပ်နိုင်ဘူး" လို့ ပြောလိုက်တဲ့အခါတိုင်းမှာ မင်းကိုယ်မင်း အမှောင်ထဲ ပိတ်လှောင်လိုက်တာပဲ။ အဲ့ဒီအစား"ငါ အနည်းဆုံး တော့ရအောင်ကြိုးစားကြည့်မယ်" လို့ ပြော လိုက်တာက မင်းရဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ့် Spell တစ်ပုဒ်ကို ရွတ်လိုက်တာနဲ့ တူတူပဲကွ။
နံပါတ် ၂ * ယုံကြည်ခြင်း:
Magic ရဲ့ အဓိက Battery က ယုံကြည်ချက်ပဲ။ မင်းကိုယ်မင်း မယုံကြည်ရင် ဘယ်မှော်အတတ်မှ အလုပ်မလုပ်ဘူး။ မင်းလိုချင်တဲ့အရာက ဖြစ်ကိုဖြစ်လာမယ်လို့ ယုံကြည်ထားလိုက်။ မင်းယုံကြည်တဲ့အတိုင်း ဖြစ်လာမှာပဲ။
နံပါတ် ၃* လက်တွေ့လုပ်ဆောင်ခြင်း:
ဒါက လဲအရေးကြီးဆုံး ပါပဲ။ Magic ဆိုတာ ထိုင်စောင့်နေရုံနဲ့ ဖြစ်မလာဘူး။ မင်းက ပန်းတိုင်ဆီ သွားဖို့ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်တဲ့အချိန်မှာ Universe က မင်းကို လမ်းဖွင့်ပေးလိမ့်မယ်။ အဲဒါကမှ တကယ့် အစွမ်းထက်တဲ့ Magic ပေါ့။ "ငါတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် Magic တွေ ရှိတယ်။ တစ်ယောက်က စာရေးတာ၊ တစ်ယောက်က ပုံဆွဲတာ၊ နောက်တစ်ယောက်က စကားပြောတာ။ ကိုယ့်ဝါသနာကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာ တွေကမှော်အတတ်တစ်ခုကို ကျင့်ကြံနေတာနဲ့ အတူတူပဲ။ ဒါကြောင့်လည်း ငါက Magic ကို အလေးပေး လေ့လာနေတာပေါ့ကွာ။" ဇေ့သူငယ်ချင်းက ဇေ့ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေရင်း နှုတ်ခမ်းမှာ အပြုံးရောင် သမ်းလာတယ်။ "ဇေရယ်... ကျေးဇူးပါ၊ ငါ သဘောပေါက်သွားပြီ။ Magic ဆိုတာ ငါထင်ထားတာထက် ပိုဆန်းကြယ်တာပဲ။ ငါလည်း မင်းနဲ့အတူ လေ့လာချင်တယ်၊ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေနဲ့ စွမ်းအင်တွေအကြောင်းကို ငါလည်း ရှာဖွေချင်လာပြီ!" ကဲ... ဒီပုံပြင်လေးကို ဖတ်ပြီး ဗဟုသုတတစ်ခုခု ရသွားမယ်လို့ ထင်ပါတယ်။ စာဖတ်သူရဲ့ ဘဝမှာရော "မှော်ဆန်တဲ့ အခိုက်အတန့်" တွေ ရှိဖူးလား? စာဖတ်သူ ဖြစ်ချင်တဲ့ အိပ်မက်တွေအတွက် ကိုယ်ပိုင် Magic ကို ဘယ်လို သုံးမလဲဆိုတာ ဒီနေ့ပဲ စဉ်းစားကြည့်လိုက်ပါ။ အပြင်လောကမှာ တုတ်တံနဲ့ ပျံလွှားနေတဲ့ မှော်ဆရာတွေ မရှိပေမဲ့... ကိုယ့်ဘဝကို ကိုယ်တိုင် ပြောင်းလဲပစ်နိုင်တဲ့ "Real Magic" တွေတော့ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့နော်။ #Dee #mystic aura #what is magic

"Magic isn't something you see, it's something you create." မှော်ပညာဆိုတာ မြင်ရတဲ့အရာမဟုတ်ဘူး၊ ဖန်တီးယူရတဲ့အရာ။ #Dee
"Magic isn't something you see, it's something you create." မှော်ပညာဆိုတာ မြင်ရတဲ့အရာမဟုတ်ဘူး၊ ဖန်တီးယူရတဲ့အရာ။ #Dee