BURMESETV Pro
رفتن به کانال در Telegram
Burmese Tv Pro Application ပြန်ထွက်ရင်ပြန်လက်ခံဖို့မသေချာလို့ Mute 🔕 လုပ်ထားပြီး Joinထားပါ 🥰
نمایش بیشتر7 460
مشترکین
+4924 ساعت
+4267 روز
+1 77330 روز
آرشیو پست ها
7 460
အာဂျင်တီးနားရဲ့ စုဖွဲ့မှုက လက်ရှိအချိန်မှာ Momentum အကောင်းဆုံး ဖြစ်နေပါတယ်။
သို့သော်လည်း ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ ဆက်တိုက်ချန်ပီယံ (Back to Back) ဖြစ်ခဲ့တဲ့မှတ်တမ်းက ၁၉၅၈ နဲ့ ၁၉၆၂ တုန်းက ဘရာဇီးလ်အသင်းတစ်သင်းပဲ ရှိခဲ့ဖူးတာကြောင့် ဒါဟာ အလွန်ခက်ခဲတဲ့ အိပ်မက်တစ်ခု ဖြစ်ပါတယ်။ လောင်းကစားဒိုင်တွေကလည်း လက်ရှိအချိန်မှာ စပိန်၊ ပြင်သစ်၊ အင်္ဂလန်တို့ရဲ့နောက် စတုတ္ထမြောက် ရေပန်းအစားဆုံးနေရာမှာပဲ အာဂျင်တီးနားကို ထားရှိပါတယ်။ ဒါပေမဲ့ ဖိအားတွေကို ကြံ့ကြံ့ခံပြီး အောင်ပွဲဆွတ်ခူးတတ်တဲ့ အာဂျင်တီးနားတို့ရဲ့ အတွေ့အကြုံအရ သူတို့ကို ဗိုလ်စွဲမယ့်စာရင်းကနေ ချန်လှပ်ထားရင်တော့ ကြီးမားတဲ့ အမှားတစ်ခု ဖြစ်သွားပါလိမ့်မယ်။
ဒဏ်ရာပြဿနာတွေ ရှိနေပေမဲ့ မက်ဆီ၊ အယ်လ်ဗာရက်ဇ်၊ မာတီနက်ဇ်၊ အန်ဇို၊ မက် အယ်လစ္စတာနဲ့ ရိုမီရိုတို့ရဲ့ အရည်အသွေးမြင့် ကစားကွက်တွေနဲ့အတူ အာဂျင်တီးနားအသင်းဟာ ဆီမီးဖိုင်နယ်ကနေ ဗိုလ်လုပွဲအထိ တက်ရောက်ပြီး သမိုင်းဝင် Back to Back အိပ်မက်ကြီးကို အသက်သွင်းသွားနိုင်မလားဆိုတာ ကမ္ဘာ့ပရိသတ်တွေ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။
7 460
'အာဂျင်တိုင်းနဲ့ back to back အိပ်မက်'
ဘောလုံးကမ္ဘာရဲ့ အခမ်းနားဆုံး စင်မြင့်ဖြစ်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားကြီး နီးကပ်လာတာနဲ့အမျှ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနဲ့ ပတ်သက်ပြီးလည်း ပရိသတ်တွေကြား ရင်ခုန်သံ အမြင့်မားဆုံး ဖြစ်လာခဲ့ပါတယ်။ နည်းပြ လီယွန်နယ် စကာလိုနီဟာ ကာတာမြေပေါ်မှာ ဆွတ်ခူးခဲ့တဲ့ ရွှေဖလားကြီးကို ကာကွယ်ဖို့အတွက် နောက်ဆုံးလူ ၂၆ ဦးစာရင်းကို တရားဝင် ထုတ်ပြန်ကြေညာထားပါတယ်။ ဒီစုဖွဲ့မှုဟာ ကာတာ ၂၀၂၂ က ချန်ပီယံအရှိန်အဝါကိုတင် အခြေမခံပဲ အသင်းရဲ့ Continuity၊ ကစားသမား အချင်းချင်းကြား နားလည်မှုနဲ့ ကမ္ဘာ့ဖလားရဲ့ ကြီးမားတဲ့ ဖိအားကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အချက်တွေအပေါ် အဓိကအခြေခံပြီး ရွေးချယ်ထားတာ တွေ့ရပါတယ်။
နည်းပြ စကာလိုနီ ရွေးချယ်လိုက်တဲ့ လူစာရင်းကို ကြည့်မယ်ဆိုရင် ဂိုးသမားနေရာမှာတော့ ဒီဘူ လို့ လူသိများတဲ့ အက်စတွန်ဗီလာရဲ့ မာတီနက်ဇ်၊ မာဆေးလ်ရဲ့ ဟီရိုနီမို ရူလီနဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ ဟွမ် မူဆိုတို့ ပါဝင်လာပါတယ်။ ခံစစ်တံတိုင်းမှာတော့ မာဆေးလ်ရဲ့ လီယိုနာဒို ဘာလာဒီ၊ ဖာကွန်ဒို မက်ဒီနာ၊ လိုင်ယွန်ရဲ့ နီကိုလပ်စ် တာဂလီယာဖီကို၊ ရေးဗားပလိတ်ရဲ့ ဂွန်ဇာလို မွန်တီရယ်၊ မန်ချက်စတာ ယူနိုက်တက်ရဲ့ လီဆန်ဒရို မာတီနက်ဇ်၊ တော်တင်ဟမ်ရဲ့ ခရစ္စတီယန် ရိုမီရို၊ ဘင်ဖီကာရဲ့ ဝါရင့်နောက်ခံလူ နီကိုလပ်စ် အိုတာမန်ဒီနဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ နာဟူရယ် မိုလီနာတို့ ပါဝင်လာပြီး ကာတာချန်ပီယံ ခံစစ်အူတိုင်ကို ပြန်လည်ထိန်းသိမ်းထားပါတယ်။
ကွင်းလယ်ပိုင်းမှာတော့ ဘိုကာဂျူနီယာရဲ့ လီယန်ဒရို ပါရီဒက်စ်၊ အင်တာမိုင်ယာမီရဲ့ ရိုဒရီဂို ဒီပေါလ်၊ စထရာဘိုးဂ်ရဲ့ ဗလန်တိုင်း ဘာကို၊ ရီးရဲလ်ဘက်တစ်ရဲ့ ဂျီယိုဗာနီ လို ဆယ်လ်ဆို၊ လေဗာကူဆင်ရဲ့ အက်ဆီကီရယ် ပါလာစီယို့စ်တို့နဲ့အတူ အသင်းရဲ့ အဓိက မောင်းနှင်အားတွေဖြစ်တဲ့ လီဗာပူးလ်ရဲ့ အလက်ဆစ် မက် အယ်လစ္စတာနဲ့ ချဲလ်ဆီးရဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့က အင်အားဖြည့်ပေးထားပါတယ်။
တိုက်စစ်ပိုင်းကတော့ အမြဲတမ်း စိတ်လှုပ်ရှားစရာပါ။ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့အတူ အင်တာမီလန်ရဲ့ လော်တာရို မာတီနက်ဇ်၊ အက်သလက်တီကို မက်ဒရစ်ရဲ့ ဟူလီယန် အယ်လ်ဗာရက်ဇ်၊ နီကို ဂွန်ဇာလတ်ဇ်၊ သီယာဂို အယ်လ်မာဒါ၊ ဂျူလီယာနို ဆီမီယွန်နီ၊ ကိုမိုရဲ့ နီကို ပက်ဇ်နဲ့ ပါးမီးရက်စ်ရဲ့ ဟွမ် မန်နျူရယ် လိုပက်ဇ်တို့ ပါဝင်လာပါတယ်။
ဒီလူစာရင်းရဲ့ အဓိက ဒရာမာနဲ့ အပြောင်းအလဲကတော့ ဝါရင့်နောက်ခံလူ မားကို့စ် အာကူညာနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်ကြယ်ပွင့် ဖရန်ကို မာစတန်တွာနိုတို့ ချန်လှပ်ခံခဲ့ရတာပါပဲ။ ဒါ့အပြင် အက်စတွန်ဗီလာရဲ့ ဘီယန်ဒီယာ၊ လူငယ်ကြယ်ပွင့် ပရက်စတီယာနီနဲ့ အာလေဟန်ဒရို ဂါနာချိုတို့ မပါဝင်လာတာကလည်း ပရိသတ်တွေကြား ငြင်းခုံစရာအချို့ ဖြစ်စေခဲ့ပါတယ်။ တစ်ဖက်မှာတော့ စီးရီးအေမှာ တောက်ပနေတဲ့ နီကို ပက်ဇ်နဲ့ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဆင်နွှဲခွင့်ရမယ့် ဗလန်တိုင်း ဘာကိုတို့လို သွေးသစ်လောင်းမှုတွေ ပါဝင်လာတာကတော့ အားရစရာပါ။
ဒါပေမဲ့ ဒီတစ်ကြိမ် အာဂျင်တီးနားအသင်း ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲကတော့ ဒဏ်ရာပြဿနာတွေပါပဲ။ အသင်းမှာ ကစားသမား ၁၀ ဦးအထိ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရလို့ စကာလိုနီအတွက်တော့ ခေါင်းခဲစရာ ဖြစ်နေပါတယ်။ အဓိက ကစားသမားကြီးတွေရဲ့ အခြေအနေကို ကြည့်ရင် အသင်းခေါင်းဆောင် မက်ဆီက ဘယ်ဒူးကြွက်သား ပင်ပန်းမှုကြောင့် သီးသန့်လေ့ကျင့်နေရပေမဲ့ ဇွန်လ ၁၆ ရက် အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ ပါနိုင်ဖို့တော့ ရှိပါတယ်။ ဂိုးသမား ဒီဘူ မာတီနက်ဇ်ကတော့ လက်ချောင်းကျိုးဒဏ်ရာကြောင့် အဖွင့်ပွဲမီပါ့မလား မသေချာသေးသလို၊ ခရစ္စတီယန် ရိုမီရိုနဲ့ ဟူလီယန် အယ်လ်ဗာရက်ဇ်တို့ကတော့ ဒဏ်ရာတွေ သက်သာကာစ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ရုံပဲ ရှိပါသေးတယ်။ ပါရီဒက်စ်နဲ့ မိုလီနာတို့ကတော့ ကြွက်သားဒဏ်ရာတွေကြောင့် သီးသန့်ကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား သမိုင်းကြောင်းကတော့ အမြဲတမ်း ခမ်းနားထည်ဝါခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် မိခင်မြေပေါ်မှာ မာရီယို ကမ်းပက်စ်ရဲ့ သွင်းဂိုးတွေနဲ့ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သလို၊ ၁၉၈၆ ခုနှစ်မှာတော့ ဒီယေဂို မာရီဒိုနာရဲ့ Hand of God ဂိုး၊ Goal of the Century တွေနဲ့အတူ ကမ္ဘာ့ဖလားသမိုင်းမှာ တစ်ဦးချင်းခြေစွမ်းနဲ့ အသင်းကို ဖလားရအောင် ဆွဲတင်ခဲ့တဲ့ အမွေအနှစ်ကို ချန်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာတော့ မက်ဆီရဲ့ သွင်းဂိုး ၇ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ် ဆိုတဲ့ မှော်ခြေစွမ်းနဲ့အတူ သမိုင်းတစ်လျှောက် အကောင်းဆုံး ဗိုလ်လုပွဲအဖြစ် သတ်မှတ်ရမယ့်ပွဲမှာ ပြင်သစ်ကို ကျော်ဖြတ်ပြီး တတိယမြောက် ရွှေဖလားကြီးကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
ဒီတစ်ကြိမ် ၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ကမ္ဘာ့ဖလား ၆ ကြိမ်မြောက် ယှဉ်ပြိုင်ခြင်းဆိုတဲ့ မိုင်တိုင်အသစ်ကို စိုက်ထူတော့မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားဟာ အုပ်စု (J) မှာ အယ်လ်ဂျီးရီးယား၊ ဩစတြီးယား၊ ဂျော်ဒန်တို့နဲ့ ကျရောက်နေလို့ အုပ်စုအဆင့်ကိုတော့ အေးအေးလူလူ ဖြတ်ကျော်နိုင်မှာ သေချာပါတယ်။ ၂၀၂၁ ကိုပါအမေရိက ချန်ပီယံဖြစ်ကတည်းက ၅ ပွဲသာ ရှုံးနိမ့်ဖူးတဲ့
7 460
2025-26 Champion League Champion PSG🏆
PSG အသင်းကတော့ Arsenal အသင်းကို Penalty အဆုံးအဖြတ်မှာ အနိုင်ရပြီး 2 နှစ်ဆက်တိုက် Champion League Champion ဖြစ်ခဲ့ပြီပဲဖြစ်ပါတယ်။🔥
Congratulations PSG🎉
7 460
ကြည့်မရသူများ burmesetv.org ကနေ Direct Link က တဆင့် ဒေါင်းယူ Install လုပ် ကြည့်ရူ့နိုင်ပါတယ်......အားလုံး ကိုယ် ကျန်းမာ လို့ စိတ်ချမ်းသာ ကြပါစေ လို့ BURMESE TV TEAM မေတ္တာ ပို့ သ လျက်ပါ....
7 460
PSG က တစ်ဦးချင်းအားသာချက်နဲ့အတူ အနိုင်ရဖို့ ရေပန်းစားမှု ပိုများနေတယ်ဆိုပေမဲ့... လက်ရှိမှာ ချန်ပီယံလမ်းကြောင်းနှစ်ခုလုံးကို အရယူဖို့ အားခဲထားတဲ့ Arsenal ကိုတော့ လျှော့တွက်လို့မရပါဘူး။ အထူးသဖြင့် ဒီည မိနစ် ၉၀ ဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ။
Win Probability
PSG 🔴🔵 : 40%
Arsenal 🔴⚪️ : 31%
Draw 🤝 : 29%
ဘယ်လိုသဘောရကြလဲ ညီကိုတို့?
7 460
ဒီပွဲဟာ အကြိတ်အနယ်ရှိတဲ့ ဖိုင်နယ်ဖြစ်လာမှာပါ။ ပုံမှန်မိနစ် ၉၀ အတွင်း ပီအက်စ်ဂျီက တိုက်စစ်အရှိန်နဲ့ အသာစီးရဖို့ ကြိုးစားနိုင်သလို၊ အာဆင်နယ်ရဲ့ စနစ်ကျတဲ့ ခံစစ်ကလဲ အောင်ပွဲဆီ ဆွဲခေါ်သွားနိုင်ပါတယ်။ ၂၀၂၆ ရဲ့ မေလ ၃၀ ရက်ညမှာ ချန်ပီယံပွဲခံသံတွေဟာ ဘယ်အသင်းဆီကနေ ပျံ့လွင့်လာမလဲဆိုတာ နားစွင့်ကြတာပေါ့။
7 460
'ဂန်းနားတို့ရဲ့ အိပ်မက်လား၊ ပီအက်စ်ဂျီရဲ့ အာဏာစက်လား'
၂၀၂၆ ရဲ့ ဥရောပဘောလုံးရာသီဟာ ဇာတ်ရှိန်အမြင့်ဆုံး ဖိုင်နယ်ဆီ ရောက်လာခဲ့ပါပြီ။ အာကာသထဲအထိ လွင့်မတတ် အော်ဂဇင်တက်နေတဲ့ ဘောလုံးရူးတွေရဲ့ မျှော်လင့်ချက်တွေအားလုံး မေလ ၃၀ ရက်၊ စနေနေ့ညကျရင် ဘူဒါပက်စ်မှာ ပေါက်ကွဲကြတော့မှာပါ။ ၂၂ နှစ်ကြာ မျိုသိပ်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို အာတီတာရဲ့ Masterclass နဲ့ အဆုံးသတ်ပြီး နောက်ထပ်ချန်ပီယံဖြစ်ဖို့ ချီတက်လာတဲ့ အာဆင်နယ် နဲ့၊ Mega-Club အရှိန်အဝါနဲ့ ဥရောပကို ဒူးထောက်စေချင်တဲ့ ပီအက်စ်ဂျီ။ ချန်ပီယံချင်း ထိပ်တိုက်တွေ့တဲ့ပွဲ၊ Final Boss နှစ်သင်း ရင်ဆိုင်ရမယ့်ပွဲပါပဲ။
ဂန်းနားတွေအတွက် ချန်ပီယံလိဂ်ဆိုတာ Nostalgia တစ်ခု၊ ပြီးတော့ နာကျင်စရာ မပြီးပြတ်သေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ၁၉၇၀ Inter-Cities Fairs Cup နဲ့ ၁၉၉၄ Cup Winners' Cup တွေကလွဲရင် ဥရောပရဲ့ Big Ears ဖလားကြီးက အာဆင်နယ်နဲ့ အမြဲတမ်း ဝေးခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ (၂၀၀၆ ခုနှစ်) က ဖိုင်နယ်ကို မှတ်မိကြဦးမှာပါ။ လေမန်းရဲ့ အနီကတ်၊ အီတူး နဲ့ ဘယ်လတ်တီတို့ရဲ့ ဂိုးတွေကြားထဲ ဝမ်းနည်းခြင်းနဲ့ ဇာတ်သိမ်းခဲ့ရတဲ့ ဒဏ်ရာဟာ အခုထိ သက်တမ်းမကုန်သေးဘူး။
ဒါပေမယ့် ၂၀၂၆ အာဆင်နယ်က Different Breed လို့ ပြောရမယ်။ အသက် ၄၄ နှစ်အရွယ် နည်းပြ အာတီတာဟာ ကလပ်သမိုင်းမှာ ဒုတိယမြောက် အငယ်ဆုံး ဗိုလ်လုပွဲရောက် နည်းပြအဖြစ် စံချိန်တင်ထားပြီး၊ သူတည်ဆောက်ထားတဲ့ System က ဆော့ဖ်ဝဲလ်တစ်ခုလို တိကျလွန်းတယ်။ ဒီရာသီ UCL League Phase ၈ ပွဲလုံးကို အနိုင်ရခဲ့သလို၊ သမိုင်းတစ်လျှောက် ၁၄ ပွဲလုံး ရှုံးပွဲမရှိ Invincible Mode နဲ့ ဖိုင်နယ်အထိ တက်လာခဲ့တာပါ။
ခံစစ်မှာ ဆာလီဘာ-ဂါဘရီရယ် ဆိုတဲ့ ကျောက်ဆောင်အတွဲနဲ့ ဂိုးသမား ရာယာတို့က တစ်ရာသီလုံး ၁၉ ကြိမ်အထိ Clean sheet ရထားတဲ့ ဥရောပရဲ့ အမာဆုံး Wall ကြီး။ ညာနောက်ခံလူ ဘန်ဝှိုက် ဒူးဒဏ်ရာကြောင့် မပါနိုင်တာက ကွက်လွတ်တစ်ခု ဖြစ်သွားနိုင်ပေမယ့်၊ တိုက်စစ်မှာတော့ Captain အိုဒီဂတ်၊ Starboy ဆာကာ နဲ့ ပရီးမီးယားလိဂ်မှာ ဂိုး ၁၄ ဂိုးရယူထားတဲ့ ယောဂရက်စ်တို့ ရှိနေလို့ အားလုံးက ready ပါပဲ။
တစ်ဖက်က ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆက်တိုက်တက်နိုင်တဲ့ ပထမဆုံး ပြင်သစ်ကလပ်အဖြစ် သမိုင်းသစ် ရေးထားပြီးသား။ ယမန်နှစ်က အင်တာမီလန်ကို ၅-၀ နဲ့ အစအနဖျောက်ပြီး ချန်ပီယံဖြစ်ခဲ့သလို၊ အခုတစ်ကြိမ်မှာလည်း ရီးရဲလ်မက်ဒရစ်ပြီးရင် ချန်ပီယံလိဂ်ဖလားကို ဆက်တိုက်ကာကွယ်နိုင်တဲ့ ဒုတိယမြောက် Elite ကလပ်ဖြစ်ဖို့ မျက်စိကျနေတာပါ။
နည်းပြ လူးဝစ်အင်းနရစ်ကလည်း စပိန်နည်းပြကြီးတွေရဲ့ ထုံးစံအတိုင်း UCL ဖလားကို ဆက်တိုက်ကာကွယ်ပြီး သမိုင်းထဲမှာ နေရာယူဖို့ ဓားသွေးထားတယ်။ ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို နှစ်ပွဲပေါင်း ၆-၅ နဲ့ ဆရာကျကျ ကျော်ဖြတ်လာခဲ့ရတာမို့ သူတို့ရဲ့ ရှင်သန်လိုစိတ်က အမြင့်ဆုံးမှာ ရှိနေပါတယ်။
ဘယ်တောင်ပံမှာ ကလပ်မှတ်တမ်းဝင် ချန်ပီယံလိဂ် ၁၀ ဂိုးအထိ သွင်းထားတဲ့ ကွာရက်စခီလီယာ နဲ့ တစ်ဖက်က အိုစမန် ဒမ်ဘီလီတို့ရဲ့ ပေါက်ကွဲအားက တကယ့် Cheat Code ပါပဲ။ ဒါပေမယ့် သူတို့မှာလည်း ဒဏ်ရာပြဿနာ ရှိနေတယ်။ ညာနောက်ခံလူ ဟာကီမီ ပေါင်ဒဏ်ရာကြောင့် လွဲချော်နိုင်သလို၊ ဒမ်ဘီလီလည်း ကြံ့ခိုင်မှု မသေချာဘူး။ ဟာကီမီသာ မပါရင်တော့ လူငယ်ကြယ်ပွင့် ဇိုင်ရီ အမ်မရီကို ညာနောက်ခံပို့ပြီး ကွင်းလယ်မှာ ဖာဘီယန်ရုဇ်၊ ဗီတင်ညာ၊ ဂျာအို နီဗက်စ် တို့နဲ့ ပွဲထွက်လာနိုင်ပါတယ်။
သမိုင်းတစ်လျှောက် ၇ ကြိမ် တွေ့ဖူးရာမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၃ ပွဲသရေနဲ့ မှတ်တမ်းချင်း တူညီနေတာကပဲ ဒီပွဲဟာ ဘယ်လောက်အထိ ရင်ခုန်စရာ ကောင်းလဲဆိုတာ သက်သေပြနေတယ်။ အာဆင်နယ်က ပထမ ၅ ပွဲမှာ ပီအက်စ်ဂျီကို မရှုံးပဲ အသာစီးရခဲ့ပေမယ့်၊ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ဆီမီးဖိုင်နယ်တုန်းက ပီအက်စ်ဂျီက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်သွားခဲ့တဲ့ ဒဏ်ရာဟောင်း ရှိခဲ့ဖူးတယ်။ အခုပွဲက အာဆင်နယ်အတွက် အဲဒီရှုံးကြွေးကို ဥရောပရဲ့ အမြင့်ဆုံးစင်မြင့်ပေါ်မှာ အတိုးချပြီး ဆပ်ရမယ့်ပွဲပါ။
ဒီပွဲဟာ ပီအက်စ်ဂျီရဲ့ တိုက်စစ်စွမ်းရည် နဲ့ အာဆင်နယ်ရဲ့ ကျောက်ဆောင်ပမာ မာကျောတဲ့ ခံစစ်တန်းတို့ ထိပ်တိုက်တွေ့ဆုံမှုပါပဲ။ လူးဝစ်အင်းနရစ်က ကွင်းကို အကျယ်ဆုံးချဲ့၊ Wing တွေကနေ အမြန်နှုန်းနဲ့ ဗုံးကြဲဖို့ ကြိုးစားမှာဖြစ်ပြီး၊ အာတီတာကတော့ ကွင်းလယ်နဲ့ ခံစစ်ကို Space မရှိအောင် ပိတ်ဆို့၊ ၄-၃-၃ ပုံစံနဲ့ ကျစ်ကျစ်လျစ်လျစ် ကစားပြီး Counter-attack နဲ့ ထိုးနှက်ပါလိမ့်မယ်။ အထူးသဖြင့် အာဆင်နယ်ရဲ့ ကမ္ဘာ့အဆင့် Set-piece ဗျူဟာတွေက ပီအက်စ်ဂျီရဲ့ ခံစစ်ကို ဒုက္ခများစေနိုင်တဲ့ လက်နက် ဖြစ်လာပါလိမ့်မယ်။
Polymarket ရဲ့ ရလဒ်ခန့်မှန်းချက်တွေမှာ ပီအက်စ်ဂျီက ၅၇%၊ အာဆင်နယ်က ၄၃% နဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီက အနည်းငယ် ရေပန်းစားနေပါတယ်။ တစ်ဦးချင်း Class အရ ပီအက်စ်ဂျီက သာသလိုရှိပေမယ့် ဒဏ်ရာပြဿနာတွေ ရှိနေတာက အားနည်းချက်ပါ။ တစ်ဖက်မှာလည်း အာဆင်နယ်ဟာ ၁၄ ပွဲမှာ ၆ ဂိုးပဲ ပေးထားရတဲ့ ဥရောပရဲ့ အကောင်းဆုံး ခံစစ်မှတ်တမ်းနဲ့အတူ ကလဲ့စားချေမယ့် စိတ်ဓာတ်က Full Tank ဖြစ်နေပါတယ်။
7 460
ယနေ့ည ယှဉ်ပြိုင်ကစားမယ့် ဘောလုံး ပွဲစဉ်တွေ အတွက် စိတ်ကြိုက်ရွေးချယ်မှု ✅
Tottenham Hotspur ( Body) 🥰
Roma ( Body) ❤️
Genoa ( Body ) 🔥
AC Milan ( Body ) 🤩
Manchester united ( Body ) 👍
ဆရာသမားတို့ကရောဘယ်အသင်းတွေ အကြိုက်တူလဲ၊ ထုံးစံအတိုင်း အကြိုက်တူတဲ့ အသင်းရဲ့ emoji လေးတွေနှိပ်သွားပေးဗျာ၊ ရွေးချယ်ရခက်နေတဲ့သူတွေ လူအများဆုံးရွေးထားတဲ့အသင်းကို ကစ်လို့ရအောင်ပေါ့။ ဆရာသမားတို့ရဲ့ ကိုယ်ပိုင်ငွေကြေးကိုသုံးပြီးဆော့ရမှာဖြစ်တဲ့အတွက် အကြိုက်တူမှ လိုက်ကစ်ကြပါလို့ သတိပေးအပ်ပါတယ်။❗
7 460
ယနေ့ည ယှဉ်ပြိုင်ကစားမယ့် ဘောလုံး ပွဲစဉ်တွေ အတွက် စိတ်ကြိုက်ရွေးချယ်မှု ✅
Real Betis ( Body) ❤️
Valencia ( Body ) 🔥
Real Madrid ( Body ) 🤩
Elche ( Body ) 👍
ဆရာသမားတို့ကရောဘယ်အသင်းတွေ အကြိုက်တူလဲ၊ ထုံးစံအတိုင်း အကြိုက်တူတဲ့ အသင်းရဲ့ emoji လေးတွေနှိပ်သွားပေးဗျာ၊ ရွေးချယ်ရခက်နေတဲ့သူတွေ လူအများဆုံးရွေးထားတဲ့အသင်းကို ကစ်လို့ရအောင်ပေါ့။ ဆရာသမားတို့ရဲ့ ကိုယ်ပိုင်ငွေကြေးကိုသုံးပြီးဆော့ရမှာဖြစ်တဲ့အတွက် အကြိုက်တူမှ လိုက်ကစ်ကြပါလို့ သတိပေးအပ်ပါတယ်။❗
7 460
မနက်ဖြန် ပွဲစဉ်များ
ကြည့်မရသူများ burmesetv.org ကနေ Direct Link က တဆင့် ဒေါင်းယူ Install လုပ် ကြည့်ရူ့နိုင်ပါတယ်......အားလုံး ကိုယ် ကျန်းမာ လို့ စိတ်ချမ်းသာ ကြပါစေ လို့ BURMESE TV TEAM မေတ္တာ ပို့ သ လျက်ပါ....
7 460
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ဖလားကို
သိမ်းပိုက်နိုင်ခဲ့ပြီးနောက် 🇸🇦...
မတူညီတဲ့လိဂ်တွေမှာ ဖလားအသီးသီးဆွတ်ခူးနိုင်ခဲ့ပါတယ်။
✅ England PremierLeague 🇫🇴
✅ Spain LaLiga 🇪🇸
✅ Italy Series A 🇮🇹
✅ Portugal 🇵🇹
✅ Europe 🇪🇺
✅ Sadui Pro League 🇸🇦
👉 ဆုဖလားအောင်မြင်မှု...
🏆 Saudi Pro League 🇸🇦
🏆🏆🏆🏆🏆 Champions League 🇪🇺
🏆🏆 UEFA Super Cup 🇪🇺
🏆 European Championship 🇵🇹
🏆🏆 Nations League 🇵🇹
🏆🏆🏆🏆 Club World Cup 🌍
🏆🏆🏆 Premier League 🏴
🏆🏆 League Cup 🏴
🏆 FA Cup 🏴
🏆🏆 La Liga 🇪🇸
🏆🏆 Spanish Super Cup 🇪🇸
🏆 Spanish Cup 🇪🇸
🏆🏆 Italian Super Cup 🇮🇹
🏆🏆 Serie A 🇮🇹
🏆 Italian Cup 🇮🇹
🏆 Arab Club Champions Cup 🇸🇦
🎖🎖🎖🎖🎖 Ballon d'Or
👟👟👟👟 Golden Shoe
👑 သမိုင်းတလျှောက်သွင်းဂိုး⚽️ 973 ဂိုးအထိ သွင်းယူထားနိူင်တဲ့သူ
7 460
အက်စတွန်ဗီလာအတွက် ဒုတိယမြောက် European Trophy
Europa League Final
Full Time :
Freiburg 0-3 Aston Villa
ယူရိုပါလိဂ်ဝါရင့်နည်းပြကြီး အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာအသင်းဟာ ဖရိုင်းဘာ့ဂ်အသင်းကို အခက်အခဲမရှိ ဂိုးပြတ်အနိုင်ကစားပြီး ယူရိုပါလိဂ်ချန်ပီယံဖလားကြီးကို ထိုက်တန်စွာ ရယူဆွတ်ခူးသွားနိုင်ခဲ့ပါပြီ ။ ဒါဟာ အက်စတွန်ဗီလာအတွက် ချန်ပီယံလိဂ်ဖလားကြီးပြီးရင် ဒုတိယမြောက် European trophy ဖြစ်ခဲ့သလို နှစ်ပေါင်း ၃၀ အကြာမှာ ပြန်လည်ရရှိတဲ့ အောင်မြင်မှုကြီးလည်း ဖြစ်စေခဲ့ပါတယ် ။
Congratulations!
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
