اطلاعاتی وجود ندارد
مشترکین
+424 ساعت
+487 روز
+35530 روز
آرشیو پست ها
အဗာတာ: နောက်ဆုံးသော လေဒြပ်ရှင် [၂၀၂၆] စီစင် ၂ အပိုင်း ၇ ဇာတ်သိမ်းပိုင်း
အဗာတာ: နောက်ဆုံးသော လေဒြပ်ရှင် [၂၀၂၆] စီစင် ၂
ーーーーーーーーーーーーーーーーーー
နက်ဖလစ် ရဲ့ အဗာတာ လိုက်အက်ရှင် စီးရီးကြီးကတော့
အခုဆိုရင် စီစင် ၂ ထွက်ရှိလို့ လာပါပြီ.....
ဖန်တွေအားလုံး ရင်ခုန်နေကြတဲ့အတိုင်း "ဒီတစ်ခေါက် စီစင် ၂ မှာကတော့ ပထမရာသီထက် အဆပေါင်းများစွာ
ရှယ်ပိုကြမ်း၊ ရှယ်ပိုမိုက်တော့မှာ" လို့ ရဲရဲကြီး ပြောရဲပါတယ်....
ကဲ အပိုင်းသစ်က စပြီး ကြည့်လိုက်ပါတော့နော်.....
ကျန်အပိုင်းတွေကိုလည်း အမြန်ဆုံး ကြည့်ရအောင် တစ်ပိုင်းချင်းစီ အားသွန်ခွန်စိုက် ဘာသာပြန် တင်ဆက်ပေးသွားမှာဖြစ်လို့
ဆက်လက်စောင့်မျှော် ကြည့်ရှု့ပေးကြပါနော် ....
မင်းသားကြီး ဂျွန်စီနာရဲ့ (၂၀၂၆)ထွက် ဇာတ်ကားသစ်ကြီးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်ဆန်ကြည့်ရမဲ့ကားမျိုးလေးပါ
မင်းသားကြီး ဂျွန်စီနာရဲ့ (၂၀၂၆)ထွက် ဇာတ်ကားသစ်ကြီးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်ဆန်ကြည့်ရမဲ့ကားမျိုးလေးပါ
(လူကြီးကြည့် ဟာသကားမျိူးပါ) 🔺🔺🔺
ーーーーーーーーーーーーーーーーーーー
မင်းသားကြီး ဂျွန်စီနာ(ရပ်ဒ်) အလွန်အောင်မြင်နေတဲ့၊ စည်းကမ်းကြီးတဲ့ အိမ်ခြံမြေပွဲစား သူဌေးကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ မားကပ်စ် ဆိုတဲ့ ကောင်တစ်ယောက် ရုတ်တရက် ရောက်လာပါတော့တယ်။
တကယ်တော့ မားကပ်စ် ဆိုတာ သူ့ရဲ့ သွေးသားရင်းချာ ညီအရင်း မဟုတ်ပါဘူး။ ရပ်ဒ် ဆယ်ကျော်သက်အရွယ်တုန်းက လူငယ်စောင့်ရှောက်ရေး အစီအစဉ်တစ်ခုမှာ သူနဲ့ တွဲဖက်ပေးခံခဲ့ရတဲ့ ကောင်လေးပါ။ ဒါပေမယ့် စိတ်ကျန်းမာရေးဆေးရုံကနေ ဆင်းလာတဲ့ မားကပ်စ်ကတော့ ရပ်ဒ်ကို သူ့ရဲ့ အစ်ကိုအရင်းကြီးလို့ကို ထင်နေတာပါ။ ရပ်ဒ်ရဲ့ ဇနီးသည်က သနားပြီး မားကပ်စ်ကို အိမ်မှာ ပေးနေလိုက်ရာကနေ၊ စည်းကမ်းကြီးတဲ့ ရပ်ဒ်ရဲ့ဘဝထဲကို ဂြိုလ်ဆိုးဝင်သလို ဗြောင်းဆန်သွားပါတော့တယ်။
ချုပ်ပြောရရင် ပေါ့ပေါ့ပါးပါးနဲ့ အားရပါးရ ရယ်မောချင်သူတွေအတွက် သင့်လျော်တဲ့ကားလေးပါ။
Bl*a*st 2026 အင်အား
==============
ခုရက်ပိုင်း ကြည့်စရာမရှိဖြစ်နေသူတွေအတွက် ရှယ်လန်း ရှယ်ကြမ်းတဲ့ ရုံတင်ကားကြီးတင်ဆက်ပေးလိုက်ပါပြီ ရုံတင်ငွေအနေနဲ့ ၂၅ ကုဋေ ပြန်လည်ရရှိထားပြီး နာမည်ကြီး cast တွေတစ်ပြုံကြီးပါဝင်တာမို့ အချိန်ကုန်မှန်းမသိခင် ဇာတ်လမ်းက ပြီးသွားလောက်မှာပါပဲရှင်....
ကရာတေးသင်တန်းဖွင့်ထားတဲ့ ရာဂျာရမ်မှာ နီလာဆိုတဲ့ သမီးငယ်လေးရှိပါတယ် မိန်းကလေးဆိုတော့ လူကောင်ခပ်သေးသေးမို့ အပေါင်းအဖော်တွေ အနိုင်ကျင့်ဒဏ်ခံရလေတော့ ဖခင်ကိုယ်တိုင်ဦးစီးပြီး သမီးဖြစ်သူကို လေ့ကျင့်ပေးခဲ့တာပေါ့ နီလာ့အဖေကလည်း ခေသူမဟုတ် ပြိုင်ပွဲ ၃၄ ပွဲပြိုင်ဖူးပြီး ရှုံးပွဲ ၁ပွဲသာရှိခဲ့တဲ့ ဆရာကြီး။ သူရှုံးတာကလည်း တခြားသူမဟုတ် နီလာ့အမေ ၊သူ့မိန်းမ နီလာဗေနီပါပဲ။ ကဲ ဒီလိုမိဘ၂ပါးကနေ ဖွားမြင်လာတဲ့ နီလာတစ်ယောက် အနာဂတ်မှာ ဘယ်လောက်ကြမ်းမယ်ဆိုတာ မြင်ယောင်ကြည့်လို့ရနိုင်ပါတယ် အဖေ့ရဲ့သင်ကြားမှုနဲ့အတူ မတရားမှုတွေကို ပါဝင်ကူညီတတ်တဲ့သူမ။ အရွယ်ရောက်လာတဲ့အခါ သူမရင်ဆိုင်ရမယ့် မတရားမှုက ဘယ်လောက်ကြီးနေမလဲဆိုတာကိုတော့....။
မိန်းကလေးတစ်ယောက်ကို မပြောင်းလဲဘဲ ၁၅ နှစ်တာချစ်ခဲ့တဲ့ ကောင်လေး
ーーーーーーーーーーーーーーーーー
⚠️ Copyright Disclaimer
No copyright infringement intended. I do not own any of the videos or music. Use only for the entertainment purpose only under the principle of Fair Use. All rights reserved goes to its rightful owner
မိန်းကလေးတစ်ယောက်ကို မပြောင်းလဲဘဲ ၁၅ နှစ်တာချစ်ခဲ့တဲ့ ကောင်လေး
ーーーーーーーーーーーーーーーーー
IMDB 8.2/10
ဒီကားလေးကတော့ မိန်းကလေး တစ်ယောက်တည်းကိုပဲ မပြောင်းလဲဘဲ
၁၅နှစ်တာလုံးချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ကူးပုံဖော်ထားတဲ့ ရိုမန့်ကားလေးပါ။
ကျိုးရှောင်ချီဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲတမ်းရန်ဖြစ် ကျောင်းလစ်နေကျ ကောင်ဆိုးလေးတစ်ယောက်ပါ သူ့အသက် ၁၇နှစ်အရွယ်မှာပဲ ရှောင်ချီဟာ ကျောင်းပြောင်းကျောင်းသူလေး ယိုယုံစစ်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ် ။
အဲ့နောက်မှာတော့ ရှောင်ချီတစ်ယောက် ယုံစစ်နောက်ကနေ တကောက်ကောက်လိုက်ရင်း သူတို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက်အတူတူ ပေါက်ကရတွေလုပ်ရင်း သူတို့သံယောဇဉ်တွေ တိုးလာပြီလို့ ရှောင်ချီတစ်ယောက်ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ သူ့အထင်တစ်ခုသာဖြစ်နေခဲ့ပါတယ်။
တစ်နေ့မှာ ယုံစစ်တစ်ယောက် ရှောင်ချီကို နှုတ်ဆက်စကားတစ်ခွန်းပဲဆိုပြီး ထွက်သွားပြီးနောက်ပိုင်းမှာ ယုံစစ်နဲ့ ရှောင်ချီ ဘယ်လိုမျိုးပြန်တွေ့ ကြမလဲ ရှောင်ချီရဲ့ အချစ်တွေကရော ရောင်ပြန်ဟပ်လာမှာလားဆိုတာ ဆက်လက်ပြီးတော့ ကြည့်ရှုခံစားကြရမှာပါနော်။
၁၉၆၂ ခုနှစ်များဆီက မြန်မာနိုင်ငံမြင်ကွင်းနဲ့အတူ တမီလ်လူမျိုး အလုပ်သမားမူနာရုနာဟာ လူချမ်းသာမြန်မာစစ်ဗိုလ်ချုပ်ရဲ့သမီး ဆုမုဒြာနဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုမှာ ချားရဟတ်မတော်တဆမှုကို ကူညီကယ်ဆယ်ရင်း ချစ်သူတွေဖြစ်သွားကြပါတယ်
ဆုမုဒြာရဲ့အဖေကလုံးဝသဘောမတူပါဘူး..အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆုမုဒြာရဲ့အဖေဟာ မြန်မာပြည်ထဲက တမီလ်ရွှေ့ပြောင်းလုပ်သားတွေကို နေထိုင်ခွင့်ရုပ်သိမ်းလိုက်တာကြောင့် ပဋိပက္ခတွေဖြစ်ပြီး တမီလ်အလုပ်သမားတွေ မြန်မာနိုင်ငံကထွက်ပြေးခဲ့ရပါတယ်
ဆုမုဒြာဟာ သူ့ချစ်သူ မူနာရုနာနဲ့အတူ သင်္ဘောပေါ်အတူ လိုက်ပြေးသွားခဲ့ပေမယ့် အိမ်က လိုက်ဖမ်းတာကြောင့် ရေထဲကို ခုန်ဆင်းပြီး ထွက်ပြေးဖို့ကြံရာမှာ မူနာရုနာ သေနတ်မှန်ပြီး သေဆုံးခဲ့တာကြောင့် ဆုမုဒြာလည်း သေအတူသစ္စာထားကာ ရေထဲခုန်ချခဲ့ပါတယ်
လက်ရှိအခြေအနေ ဇာတ်ကွက်မှာတော့ ဆုမုဒြာဟာ မက်ဟူမီသာဆိုတဲ့ မိန်းကလေးအဖြစ်နဲ့ နောက်တစ်ဘဝဖြစ်နေခဲ့ပြီး စိတ်ရောဂါကုဆရာဝန် ဒေါက်တာရက်ဟီကာနဲ့ နှစ်သိမ့်ဆွေးနွေးဆေးကုသနေသူ တစ်ယောက်ပဲဖြစ်ပါတယ်
T*h*e Fu*ri*o*us [၂၀၂၆] ရဲ့ အကြမ်းဆုံး ရုံတင်ကားကြီး
++++++++++++++++
၂၀၂၆ ရဲ့အကောင်းဆုံး အက်ရှင်ကား လာပါပြီ။
ဇာတ်လမ်းက ဝမ်ဝေ (Xie Miao) ဆိုတဲ့ အဖေတစ်ယောက်ရဲ့ သမီးလေးကို လူကုန်ကူးတဲ့ ပြန်ပေးသမားတွေက ဖမ်းသွားရာကနေ စတာပါ။
ဒေသခံ ရဲတွေကလည်း အကျင့်ပျက်ခြစားနေတဲ့သူတွေချည်းပဲ ဆိုတော့ ဘာမှ အားကိုးလို့မရဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ သူကိုယ်တိုင်ပဲ သမီးဖြစ်သူကို ပြန်ရှာပြီး
ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လမ်းမှာ နာဗင် (Joe Taslim) ဆိုတဲ့ သတင်းထောက်တစ်ယောက်နဲ့ သွားဆုံပါတယ်။ နာဗင်ရဲ့ မိန်းမကလည်း အဲဒီ လူကုန်ကူးဂိုဏ်းအကြောင်း စုံစမ်းရင်းနဲ့
လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့တာပါ။
ရည်ရွယ်ချက်တူနေတဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး ပြန်ပေးသမားတွေနဲ့ လူသတ်ကောင်တွေကို အသေအကြေ လိုက်လံနှိမ်နင်းကြတဲ့ ပုံစံကို ရင်တမမနဲ့ ကြည့်ရမှာပါ။
ဒီကားရဲ့ အဓိက အသက်ကတော့ ဇာတ်လမ်းထက်စာရင် အက်ရှင်အခန်းတွေပါပဲ။ ဒါရိုက်တာ Kenji Tanigaki က အက်ရှင် ကိုရီယိုဂရပ်ဖီ (Action Choreography)
တွေကို တကယ့်ကို အမိုက်စား ပုံဖော်ပေးထားပါတယ်။ The Ra*id လိုမျိုး အကြမ်းစား အက်ရှင်ကားမျိုးဆိုတော့ ကြည့်နေရင်းနဲ့တောင် ကိုယ်ပါ
ဝင်ချင်လာလောက်တဲ့အထိ သရုပ်ဆောင်ထားတာ တွေ့ရပါမယ်။
မင်းသားနှစ်ပွင့်ဆိုင် သိုင်းကွက်များ: Joe Taslim (Mortal Kombat ကားထဲက Sub-Zero) နဲ့ တရုတ်သိုင်းမင်းသား Xie Miao တို့ရဲ့ သိုင်းကွက်တွေ၊
ချခန်းတွေက အစအဆုံး မျက်တောင်မခတ်တမ်း ကြည့်ရလောက်အောင်ကို ကောင်းလွန်းပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ တိုက်ခိုက်ရေးဟန်တွေ
ပေါင်းစပ်သွားတဲ့အခါ ကြည့်ရတာ တကယ့်ကို အားရစရာပါ။
ဇာတ်လမ်းသွားက ခဏလေးတောင် အနားပေးမထားဘဲ မြန်မြန်ဆန်ဆန်နဲ့ ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းက နည်းနည်း ရိုးရှင်းပေမယ့် အက်ရှင်အခန်းတွေက
တစ်ခန်းပြီးတစ်ခန်း မနားတမ်း လာတာမို့ ပျင်းဖို့ အချိန်တောင် ရမှာမဟုတ်ပါဘူး။
လူဆိုးတွေကို အပြတ်ရှင်းတဲ့ အခန်းတွေက အက်ရှင်ပရိသတ်တွေအတွက်တော့ အရသာပါပဲ။ ပြန်ပေးသမားတွေ၊ လူသတ်သမားတွေကို လက်နက်ပေါင်းစုံ၊
တိုက်ကွက်ပေါင်းစုံနဲ့ ရှင်းထုတ်တဲ့ အခန်းတွေဆို လုံးဝ အမိုက်စားပါပဲ။
ဇာတ်လမ်းသွား သွက်သွက်လက်လက်နဲ့ အကြမ်းစား အက်ရှင်ကားကောင်းကောင်း ကြည့်ချင်နေတယ်ဆိုရင် ဒီကားကိုသာ ရွေးလိုက်ပါ။
၂၀၂၆ ခုနှစ်ရဲ့ အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားဖြစ်တယ်ဆိုတာ ကြည့်ပြီးတာနဲ့ လက်ခံသွားပါလိမ့်မယ်။
“မင်မင်အားရှိအောင် ❤️အသဲတစ်ချက်စီ နှိပ်ပေးပါ”
===========================
S+k-i-n+w-a+l-k+e-r I+s+l-a+n-d (2-0-2-5)
ရုပ်ရှင်ဆို Horror မှ ကြိုက်တဲ့ ပရိသတ်ကြီးအတွက် သရဲလည်းမဟုတ် လူသတ်ကားလည်းမဟုတ်တဲ့ ခပ်ဆန်းဆန်း Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူစီနဲ့မိုင်စ်တို့ မောင်နှမဟာ သူတို့အဘွားဆုံးပါးပြီးတဲ့နောက်မှာ ကျွန်းတစ်ကျွန်းပေါ်က အမွေဆိုင်အိမ်ကြီးဆီ ရောက်လာခဲ့ကြပါတယ်။ သူလူကင်းဝေးတဲ့ အဲဒီကျွန်းပေါ်မှာ အစောင့်သားအဖနှစ်ယောက်ပဲ နေကြတာပါ။ အဲဒီကျွန်းနဲ့အိမ်ဟာလည်း လူစီတို့ငယ်ဘ၀က အတိတ်ဆိုးတွေရှိခဲ့ဖူးတဲ့နေရာပါ။ အဲဒီမှာပဲ သူတို့ရဲ့၀မ်းကွဲမောင်နှမတော်တဲ့ ချတ်နဲ့ တွေ့ဆုံမိကြပါတယ်။ နောက်တစ်ရက်မှာတော့ မိုင်စ်ရဲ့အပေါင်းအသင်းတွေပါ ရောက်လာပြီး ကျွန်းပေါ်မှာလူစည်သွားပါတယ်။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာနဲ့ အဲဒီညမှာပဲ ကျွန်းပေါ်ရောက် လူငယ်တစ်စုရဲ့ကံကြမ္မာဟာ ခြောက်ခြားဖွယ်ရာပြောင်းလဲသွားပါတော့တယ်။
