သတင်းလမ်းညွှန်
رفتن به کانال در Telegram
သတင်းမှန်၊ တိကျမှု၊ လူထုဆန္ဒကို အခြေခံသည် https://www.facebook.com/profile.php?id=61577979429593
نمایش بیشتر1 447
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
+830 روز
آرشیو پست ها
1 447
#Local_News_ ပြည်တွင်းသတင်း
ရွေးကောက်ပွဲက နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ အဆုံးသတ်ပေးနိုင်မည်ဟု ဦးခင်ရီပြောကြားခဲ့
လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကို အဆုံးသတ်ပေးနိုင်မည် ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့ပါသည်။
“ကျနော်တို နိုင်ငံဟာ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အတ္တနိုင်ငံရေးသမားတွေရဲ့ အတွေးအခေါ်တွေကြောင့် အကြမ်းဖက်မှုပဋိပက္ခ တွေကြားမှာ လူသားအားလုံးရဲ့ အနာဂတ်တွေ၊ မျှော်မှန်းချက်တွေ၊ ကြောက်လန့်တုန်လှုပ်မှု စတာတွေဟာ အချိန်ကာလတခု ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်”ဟုလည်း ဦးခင်ရီက ဆိုသည်။ အဆိုပါပဋိပက္ခများကို ရွေးကောက်ပွဲက အဆုံးသတ်ပေးနိုင်မည်ဟု ဆိုထားသလို ၎င်းတိုပါတီအနေဖြင့် တိုင်းပြည်တည်ငြိမ် သာယာဝပြောပြီး လူသားအားလုံးနှင့် လူငယ်လူရွယ်များ၏ အနာဂတ်များလှပစေရန် တည်ဆောက်ပေးသွားမည်ဟုလည်း ထည့်သွင်းပြောဆိုထားခဲ့ပါသည်။
“အရှုပ်အထွေး၊ အချိုးအကွေ့တွေနေရာမှာ ကျနော်တို ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ၊ ထမ်းဆောင်ခဲ့တဲ့ တာဝန် ဝတ္တရားတွေရဲ့ အတွေ့အကြုံ၊ စဉ်ဆက်မပြတ်လေ့လာနေတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးချက်တွေအရ ဒီပြဿနာ တွေကို ကျနော်တို ကောင်းစွာကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ ခိုင်မာတဲ့စီမံချက်တွေ ရှိပါတယ်။ နားထောင်ကောင်ရုံသက်သက် ဆောင်ပုဒ်တွေလို အလွတ်ရွတ်ပြနေရမယ့်အစား တကယ့်ကို အရွေ့ရှိတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာတာနဲ့အတူ ဒီရလဒ်တွေကို အချိန်ကန့်သတ်ချက် Time Frame သတ်မှတ်ချက်တွေနဲ့ သတ်မှတ်ပြီး သက်သေပြနိုင်ဖို ကျနော်တို အဆင်သင့်ရှိပါတယ်”ဟု ဦးခင်ရီက ပြောသည်။ ရွေးကောက်ပွဲကော်မရှင် (UEC) စာရင်းအရ လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တသီးပုဂ္ဂလများက ကိုယ်စားလှယ်လောင်း ၄,၉၀၀ ခန့် မှတ်ပုံတင်ထားသည့်အနက် ၁,၀၀၀ ကျော်မှာ စစ်အုပ်စု လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံဖြိုးရေးပါတီမှ တင်သွင်းထားကာ ကိုယ်စားလှယ်လောင်း အလုံးအရင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ပါတီ ခြောက်ခုသည် တနိုင်ငံလုံးတွင် ယှဉ်ပြိုင်ပြီး ၅၁ ပါတီသည် ပြည်နယ်နှင့်တိုင်းလွှတ်တော်များအတွက် ယှဉ်ပြိုင်မည် ဖြစ်သည်။ Source: The Irrawaddy – Burmese (သတင်းလမ်းညွှန်)
1 447
#International_News_ နိုင်ငံတကာသတင်း
အီတလီ၌ ဆိပ်ကမ်းလုပ်သားများက အစ္စရေးနှင့် ကုန်သွယ်မှုအပေါ် ပိတ်ဆို့ရန် ခြိမ်းခြောက် ဆန္ဒပြ
သင်္ဘောကျင်းအလုပ်သမားများက ဂါဇာသို့ အကူအညီသယ်ဆောင်လာတဲ့ အပြည်ပြည်ဆိုင်ရာ သင်္ဘာစုကို ထောက်ခံသွားမည်ဖြစ်ပြီး အစ္စရေးနှင့် ကုန်သွယ်ရေးကို အပြည့်အဝ တားဆီးရန် ခြိမ်းခြောက်ပြောဆိုလျက် ရှိပါတယ်။
အစ္စရေးသို့ ကုန်စည်တင်ပို့မှုများကို တားဆီးရန် ပြီးခဲ့သည့် အပါတ်က တောင်းဆိုမှုများဖြင့် အီတလီတွင် ပြည်လုံးကျွတ် ပလက်စတိုင်းသမားများ ဆန္ဒပြမှုကြီးများကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ဂျီနိုအဆိပ်ကမ်းမြို့ရှိ သင်္ဘောကျင်းအလုပ်သမားများက "Global Sumud Flotilla" ဟုခေါ်သော ဂါဇာပိတ်ဆို့ခံရမှုအား ကူညီပေးရန် မြေထဲပင်လယ်ကိုဖြတ်ကျော်လာမည့် နိုင်ငံတကာမှ သင်္ဘော ၅၀ ပါဝင်သည့် သင်္ဘောစုအား ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ ထိုသင်္ဘောစုတွင် ၎င်းတို့၏ ဆိပ်ကမ်းမှ သင်္ဘောသားအဖွဲ့ဝင်များလည်း ပါဝင်လျက် ရှိပါတယ်။
ဂျီနိုအဆိပ်ကမ်းရှိ အလုပ်သမားများက သောကြာနှင့် စနေနေ့များတွင် အစ္စရေးသို့ လက်နက်တင်ပို့မှုများကို တားဆီးရန် ဆွေးနွေးပွဲများအတွက် ဥရောပတစ်လွှားမှ အခြားသော သင်္ဘောကျင်းအလုပ်သမားများနှင့် ပူးပေါင်းခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးမှုရလဒ်များနှင့်ပတ်သတ်ပြီး အလုပ်သမားများက မှတ်ချက်ပြုထားခြင်းမျိုးတော့ မရှိသေးကြောင်း သိရှိရပါတယ်။
(သတင်းလမ်းညွှန်)
1 447
#International_News_ နိုင်ငံတကာသတင်း
တရုတ်၏ ထိုင်ဝမ်အား ကျူးကျော်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို အမေရိကန် ထောက်လှမ်းရေးက သတိပေး ပြောကြားခဲ့
ABC New ရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ကျူးကျော်ဖို့ရန်အတွက် လူစီး သင်္ဘောတွေကို အလျင်အမြန်တည်ဆောက်လျက် ရှိကြောင်း သိရှိရပါတယ်။ တရုတ်အနေနဲ့ ၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာ ကြီးမားတဲ့ လူစီးသင်္ဘော ၇၀ ကျော်တည်ဆောက်ဖို့ လုပ်ဆောင်ထားတဲ့လို့ သိရပါတယ်။ ဒီလိုတည်ဆောက်ရတဲ့ အကြောင်းအရင်းကလဲ တရုတ်က “ကျူးကျော်မှုအတွက် ရည်ရွယ်တည်ဆောက်” တာဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ ဩစတေးလျ ကိုယ်စားလှယ် Douglas Hsu က
“ကျွန်တော်တို့ မြင်တွေ့နေရတာကတော့ Gray-zone နည်းဗျူဟာပါ... ထိုင်ဝမ်ရဲ့ အချုပ်အခြာနဲ့ ဒီမိုကရေစီကို အားနည်းအောင်လုပ်ဖို့ပေါ့... ဆိုက်ဘာတိုက်ခိုက်မှုလိုဟာမျိုးလဲ ပါပါတယ်... လူစီးသင်္ဘော ဒါမှမဟုတ် တခြား ရေပြင်သုံး ဘက်စုံသုံး ယာဉ်တွေတည်ဆောက်ခြင်းကလဲ တရုတ်ရဲ့ မဟာဗျူဟာတွေထဲက တစ်ခုပါ”လို့ သူက ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ ထောက်လှမ်းရေးအသိုင်းအဝိုင်းက တရုတ်နိုင်ငံသမ္မတ ရှီ အနေနဲ့ သူ့ရဲ့ စစ်တပ်ကို ၂၀၂၇ မှာ ထိုင်ဝမ်ကို သိမ်းဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို ယုံကြည်လျက်ရှိပါတယ်။ (သတင်းလမ်းညွှန်)
1 447
#International_News_ နိုင်ငံတကာသတင်း
ဗြိတိသျှ လွှတ်တော်အမတ် Rupert Lowe က စစ်တမ်းတွေအရ ပြည်သူတွေအနေနဲ့ ခိုးဝင်တွေကို ပြန်ပို့ဖို့ ထောက်ခံမှု များပြားလျက်ရှိကြောင်း သူရဲ့ တရားဝင် အိတ်စ်အကောင့်ကနေ တင်ခဲ့ပါတယ်။ ဥရောပမှာ ခိုးဝင်တွေရဲ့ ပြဿနာဟာ နိုင်ငံကြီးတော်တော်များများမှာ ဖြစ်ပေါ်နေပြီး အစိုးရအတော်များများ အကြပ်တွေ့စေတဲ့ အရေးတစ်ခု ဖြစ်လာနေခဲ့ပါပြီ။
(သတင်းလမ်းညွှန်)
1 447
#Local_News_ပြည်တွင်းသတင်း
မြန်မာနိုင်ငံတစ်ဝန်းက မြိုနယ်အုပ်ချုပ်ရေးအဖွဲတွေအားလုံးမှာ စစ်တပ်ကိုယ်စားလှယ် ၁ ဦးကို ထည့်သွင်းဖွဲစည်းရမယ်လို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး အဲဒီညွှန်ကြားချက်မှာ နောင်လာမယ့်အစိုးရအဆက်ဆက် ကျင့်သုံးရမှာဖြစ်တယ်လို့ စစ်တပ်ရဲ့ထုတ်ပြန်ချက်နဲ့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
Source:Khit Thit Media
(သတင်းလမ်းညွှန်)
1 447
#International_News_နိုင်ငံတကာသတင်း
ရုရှားနဲ့ပတ်သတ်ပြီး လေသံပြောင်းလာတဲ့
သတင်းထောက် - 🎤
🗣️ နေတိုးနိုင်ငံတွေ သူ့တို့ရဲ့လေပိုင်နက်ထဲကို ရုရှားလေယာဉ်တွေ ဝင်လာခဲ့ရင် ပစ်ချသင့်တယ်လို့ ထင်ပါသလား 🗣️
ထရမ့် - ✍️
🗣️ ဟုတ်ကဲ့... ကျွန်တော်ကတော့ အဲ့လိုထင်ပါတယ် 🗣️
(သတင်းလမ်းညွှန်)
1 447
#International_News
✉️
ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး ရှိုက်ဂူ သည် ဘက်ဂဒက်သို့ သွားရောက်ခါ အီရတ်နိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် သွားရောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်အတွက် နောက်ထပ် ခေါင်းကိုက်ဖွယ်ရာ မြင်ကွင်းတစ်ခုပင် ဖြစ်ပါသည်။
1 447
#International_News_ နိုင်ငံတကာသတင်း
“ကျွန်တော်တို့ ကမ္ဘာ့ပါဝါ အရွေ့တစ်ခုကို မြင်တွေ့နေရပါပြီ... အခုအချိန်က ကမ္ဘာ့သမိုင်းထဲက ၁၉၈၇၊ ၁၉၄၅ ဒါမှမဟုတ် ၁၉၈၉ ခုနှစ်တွေတုန်းက အချိန်ကာလတွေမှာ နေထိုင်နေရသလိုမျိုးပါပဲ... ကမ္ဘာ့ပါဝါအရွေ့က ဘယ်ဘက်ကိုသွားမလဲပဲ ကျွန်တော်တို့မသိတာပါ”ဖင်လန်သမ္မတ Source: Disclosetv (သတင်းလမ်းညွှန်)
1 447
#Sport_News_အားကစားသတင်း
ပရီးမီးယားလိဂ်ပွဲစဉ် (၄) မှာတော့ ဇယားထိပ်မှာဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ တစ်ယောက်လျော့ ဘန်လေအသင်းကို ၉၃ မိနစ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီ တစ်ဂိုးနဲ့သာ အနိုင်ရရှိခဲ့သလို မန်ယူအသင်းဟာလည်း မန်စီးတီးအသင်းကို ၃ ဂိုး ပြတ်ရှုံးနိမ်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းကတော့ နော်တမ်ဟမ်ဖောရက်စ်အသင်းကို ၃ဂိုး ဂိုးမရှိရလဒ်နဲ့ ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ပါတယ်။ အခြားအသင်းကြီးတွေဖြစ်တဲ့ ချယ်လ်ဆီးကတော့ သရေသာရရှိခဲ့ပြီး စပါးအသင်းကတော့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
(သတင်းလမ်းညွှန်)
1 447
#Local_News
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်းသည် ယခုလာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်ခုခုမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်မဟုတ်ကြောင်း နီးစပ်သူ အသိုင်းအဝိုင်းအတွင်း ကောလဟာလ ပျံ့နှံ့လျက်ရှိကြောင်း သိရှိရသည်။
(သတင်းလမ်းညွှန်)
1 447
#Local_News
ကျောက်မဲ၌ တိုက်ပွဲဆက်ပြင်းထန်နေ
TNLA သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်ဘက်မှ ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ်ပြင်းထန်နေပြီး မြိုနှင့်ပိုနီးလာကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လလယ်ပိုင်း၌ နောင်ချိုမြိုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော စစ်ကော်မရှင်တပ်များသည် ဩဂုတ် ၁၉ ရက်ကစ၍ ကျောက်မဲမြိုနယ်အတွင်းသို ထိုးစစ်ဆင်နေခဲ့ရာ နောင်ပိန်ကျေးရွာဝန်းကျင်၌ ရက် ၂၀ ခန့်အကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ခိုက်တုန်ဟုန်းရွာထိ ရောက်လာခြင်း ဖြစ်သည်။
စစ်ရှောင်များကို ကူညီနေသည့် ဒေသခံအမျိုးသမီးတဦးကလည်း လက်ရှိတိုက်ပွဲဖြစ်ပွားရာ ခိုက်တုန်ဟုန်းရွာသည် ကျောက်မဲမြိုနှင့် ၁၀ မိုင်ခန့်သာ ကွာဝေးတော့ကြောင်း နားအိုက်ခန့်၊ စခန်းသာ၊ ခိုအုံ၊ ခိုမုန်း၊ မွေတော်ရွာများ ကြားတွင် ကျန်နေသေးသည်ဟု ဆိုသည်။
လက်ရှိ ကျောက်မဲထိုးစစ်အတွင်း စစ်ကော်မရှင်သည် လေကြောင်းပစ်ကူများဖြင့် ပစ်ရှင်း၍ မြေပြင်အင်အားရာချီဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဂုတ်ထိပ်၊ ဂုတ်တွင်းဘက်လမ်းကြောင်းများ ကောင်းသွားပါက ထပ်မံ၍ အင်းအားအလုံး အရင်းနှင့် ထိုးစစ်ဆင်လာနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။
(သတင်းလမ်းညွှန်)
1 447
ကျွန်တော်တို့တွေ ကျွန်တော်တို့ ကတိကဝတ်ဖြစ်တဲ့ ပါလက်စတိုင်းပြည်ဆိုတာ ရှိမလာဖို့ ရည်မှန်းချက်တွေ ပြည့်လာပါတော့မယ်... ဒီနေရာဟာ ကျွန်တော်တို့ ပိုင်တဲ့နေရာဖြစ်ပါတယ်အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (သတင်းလမ်းညွှန်)
1 447
#Local_News
စကမဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသားခွင့်အမိန့်အား ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) မှာ ပြဋ္ဌာန်းထားသော အခွင့်အာဏာကို ကျင့်သုံးကာ ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် အပေါ် ပြစ်မှုထင်ရှားစီရင်ထားသော ပြစ်မှုနှင့် ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ထိုကြောင့် ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်သည် လာမည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။
ဒေါက်တာအေးမောင်သည် ၂၀၁၈ ခုနှစ်တွင် ရသေ့တောင်မြိုနယ်တွင် ပြုလုပ်သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ၎င်း၏ဟောပြောချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်း အက်ဥပဒေတိုဖြင့် ဒေါက်တာအေးမောင်ကို NLD အစိုးရက တရားစွဲခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လတွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တိုဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။
(သတင်းလမ်းညွှန်)
1 447
+1
#International_News_ နိုင်ငံတကာသတင်း
လက်ယာစွန်းဝါဒီ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်၏ မိတ်ဆွေဖြစ်သူ Charlie Kirk လုပ်ကြံခံရမှုဖြင့် သေဆုံး
လက်ယာစွန်းဝါဒီ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်၏ မိတ်ဆွေဖြစ်သူ Charlie Kirk သည် မနေ့ကပြုလုပ်ခဲ့သည့် Utah Valley University တွင် ကျင်းပသည့် “American Comeback Tour” အခမ်းအနားတွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရခြင်း ဖြစ်ပါသည်။ ၎င်း၏ သေဆုံးမှုကို သမ္မတဒေါနယ်ထရမ့်က ယနေ့မနက်ပိုင်းတွင် အတည်ပြုခဲ့ပါသည်။ ၎င်း၏ သေဆုံးမှုနှင့် ပတ်သတ်၍ Elon Musk က
“သူတို့ကျွန်တော်တို့ကို ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်မပြုခဲ့ရင်တော့ ကျွန်တော်တို့အနေနဲ့ သေမလား ပြန်တိုက်မလားဆိုတဲ့ ရွေးချယ်မှုမျိုးကိုပဲ လုပ်ရတော့မှာပါ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့ Dmitry Medvedev ကလဲ ဒီလုပ်ကြံမှုနဲ့ ပတ်သတ်ပြီး
“MEGA အသင်းအနေနဲ့ ယူကရိန်းကို ထောက်ပံပေးနေတာဟာ လူသတ်သမားတွေကို ထောက်ပံ့ပေးနေတာပဲ ဖြစ်တယ်ဆိုတာ သတိပြုနားလည်ရမယ့်အချိန်ပါပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ (သတင်းလမ်းညွှန်)
1 447
#Local_News_ ပြည်တွင်းသတင်း
စကမ အုပ်စုသည် တရုတ်အကူအညီဖြင့် အင်တာနက်အသုံးပြုသူ ပြည်သူများ၏ အင်တာနက်အသုံးပြုမှုများကို စောင့်ကြည့်ထောက်လှမ်းလျက်ရှိကြောင်း Justice For Myanmar (JFM) က စာတမ်းတစ်စောင် ထုတ်ပြန်
ထုတ်ပြန်ချက်စာတမ်းတွင် ပြည်သူများ၏ အင်တာနက်အသုံးပြုမှုများကို စောင့်ကြည့်န်အတွက် တရုတ်ကုမ္ပဏီ Geedge Networks က အင်တာနက်စောင့်ကြည့် ထောက်လှမ်းရေးပစ္စည်း၊ နည်းပညာများကို ရောင်းချပေးနေကြောင်း၊ ထိုပစ္စည်းများကို ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုတွင် တပ်ဆင်အသုံးပြုနေကြောင်း ပါရှိပါသည်။
ထိုစောင့်ကြည့်စနစ်သည် တရုတ်နိုင်ငံ၏ Great Firewall System နှင့် အလားသဏ္ဍန်တူပြီး စနစ်ကို တရုတ်ကုမ္ပဏီ Geedge Networks ကပင် မြန်မာအပါအဝင် ကမ္ဘာတဝန်းမှ အာဏာရှင်အစိုးရများထံ ရောင်းချနေကြောင်း InterSecLab အဖွဲ့၏ အစီရင်ခံစာ အခြေခံပြီး ဖော်ပြထားခဲ့ပါသည်။
တရုတ်ကုမ္ပဏီ Geedge Network သည် မြန်မာအပါအဝင် နိုင်ငံအများအပြားတွင် ထောက်လှမ်းရေးနည်းပညာနှင့် စက်ပစ္စည်းများကို တပ်ဆင်ရောင်းချပေးနေကြောင်း InterSecLab က ဖော်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
Source: Silk Road of Surveillance(Justic For Myanmar)
(သတင်းလမ်းညွှန်)
1 447
#International_News_ နိုင်ငံတကာသတင်း
အစ္စရေးနိုင်ငံရဲ့ ဒိုဟာကို ဗုံးကျဲခဲ့တဲ့အပေါ်မှာ ကာတာအနေနဲ့ ဒေသတွင်းမဟာမိတ်နိုင်ငံများရဲ့ “စုပေါင်းတုံ့ပြန်မှု” ကို မျှော်လင့်
ကာတာအနေနဲ့ ဒိုဟာမှာရှိတဲ့ ဟာမက်ဇ် ခေါင်းဆောင်ပိုင်းတွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အပေါ် “စုပေါင်းတုံ့ပြန်မှု” မှုကို မျှော်လင့်ကြောင်း ကာတာရဲ့ ဝန်ကြီးချုပ် Mohammed bin Abdulrahman bin Jassim Al-Thani က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူက
“ဒေသတွင်းကနေပြီး တုံ့ပြန်မျုတွေရှိလာပါလိမ့်မယ်။ အခု ဒေသတွင်းက အခြားမိတ်ဖက်တွေတွေနဲ့ ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ပြုလုပ်မယ်ဆိုတာကို ဆွေးနွေးနေပါတယ်”လို့ ဖြေကြားထားခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ ပြုမူပုံတွေဟာ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို မငြိမ်မသက်ဖြစ်စေရုံသာမကပဲ ပိုမိုကြီးမားတဲ့ စစ်ပွဲတစ်ခု ဖြစ်လာဖို့အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာနေပါတယ်။ (သတင်းလမ်းညွှန်)
1 447
#International News_နိုင်ငံတကာသတင်း
အမေရိကန်သမ္မတ Trump မှ Federal Reserve Governor Lisa Cook အလုပ်ကထုတ်ပစ်ဖို့ ကြိုးစားမှုကို ဖက်ဒရယ်တရားသူကြီးက တားမြစ်လိုက်ပါတယ်။ သူတို့နိုင်ငံက Check and balance ဆိုတာ ဒီလိုပါ။ အတုယူစရာရှိတာ ယူရမှာပါ။
1 447
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက CNN အား ပိုလန်နိုင်ငံအထက်သို့ ရုရှားဒရုန်းများ ဝင်ရောက်လာသည့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ အကျဉ်းချုပ် အစီရင်တင်ပြခံရပြီး ဖြစ်ကြောင်း ပြန်လည်ဖြေကြာခဲ့ပါတယ်။
ထိုမတိုင်မီက ပိုလန်အာဏာပိုင်များက ဝါဆောအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်ခဲ့ပြီး နိုင်ငံဝေဟင်ပိုင်နက်အတွင်း ရုရှားဒရုန်းများ ပျံသန်းလာနိုင်သည့် သတင်းများပေါ်ပေါက်လာချိန်တွင် ပိုလန်နှင့် နေတိုးလေယာဉ်များ အရေးပေါ်ပျံတက်ခဲ့ကြောင်း ပိုလန်စစ်တပ်က ပြောကြားခဲ့ပါတယ်။
NOTAM (Notice to Airmen) ၏ဖော်ပြချက်တစ်ခုအရ ပိုလန်တောင်ပိုင်းရှိ Rzeszów–Jasionka လေဆိပ်ကိုလည်း ပိတ်ထားကြောင်း သိရပါတယ်။ ယခင်က ထိုလေဆိပ်သည် ယူကရိန်းသို့ နေတိုးအကူအညီများ ပို့ဆောင်ရာတွင် လေယာဉ်များဆိုက်ရောက်ရာ ဗဟိုဌာနတစ်ခုဖြစ်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုက ၎င်း၏စစ်အင်အားကို ယခုနှစ်အစောပိုင်းတွင် ထိုစခန်းမှ ရုပ်သိမ်းထားခဲ့ပြီး ဖြစ်ပါတယ်။
ပိုလန်နိုင်ငံက ယခုရက်ပိုင်းတွင် ရုရှား၏မဟာမိတ်ဖြစ်သော ဘီလာရုဇ်နိုင်ငံနှင့် ထိစပ်နေသည့် ၎င်း၏ အရှေ့ပိုင်းနယ်စပ်ကို ပိတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ယင်းမှာ သောကြာနေ့မှစတင်မည့် ရုရှား-ဘီလာရုဇ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကြောင့်ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။
အနောက်ရုရှားနှင့် ဘီလာရုဇ်နိုင်ငံတို့တွင် ကျင်းပမည့် Zapad 2025 အကြီးစားစစ်ရေးလေ့ကျင့်မှုများသည် ပိုလန်နိုင်ငံသာမက အိမ်နီးချင်းနေတိုးနိုင်ငံများဖြစ်သော လစ်သူယေးနီးယားနှင့် လတ်ဗီယာနိုင်ငံတို့တွင်ပါ လုံခြုံရေးစိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။
"သောကြာနေ့တွင် ရုရှား-ဘီလာရုဇ် စစ်ရေးလေ့ကျင့်မှုများ စတင်မည်ဖြစ်ပြီး စစ်ရေးဗျူဟာအရ အလွန်ရန်မူတက်ကြွသော ထိုလေ့ကျင့်မှုများကို ပိုလန်နယ်စပ်နှင့် အလွန်နီးကပ်စွာ ဘီလာရုဇ်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်"ဟု ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်ထပ်စ်က အစိုးရအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ကြောင်း Reuters က ဖော်ပြခဲ့သည်။ Source: CNN
1 447
#International News_နိုင်ငံတကာသတင်း
Breaking News
ရုရှား၏ယူကရိန်းတိုက်ခိုက်မှုအတွင်း ပိုလန်လေကြောင်းဧရိယာအတွင်းကို ချိုးဖောက်ဝင်ရောက်လာသည့် ဒရုန်းများကြောင့် ပိုလန်နိုင်ငံ ဝါဆောမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်အပါအဝင် လေဆိပ်အချို့ ခေတ္တပိတ်ထားရ
ရုရှား၏ယူကရိန်းတိုက်ခိုက်မှုအတွင်း ပိုလန်လေထုစည်းကို ချိုးဖောက်ဝင်ရောက်လာတဲ့ ဒရုန်းများကို ပိုလန်စစ်တပ်က ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းက ပစ်ချခဲ့ပါတယ်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနက လက်နက်များ တပ်ဆင်ထားပြီး ပစ်ချခံရသည့် အရာဝတ္ထုများကို ရှာဖွေနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဝါဆောအပြည်ပြည်ဆိုင်ရာလေဆိပ်အပါအဝင် လေဆိပ်အချို့ကိုလဲ ယာယီပိတ်ထားခဲ့ပါတယ်။ "ဒရုန်းကဲ့သို့ အရာဝတ္ထုများ" နှင့်ပတ်သက်သည့် အခြားအချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပါ။
ပိုလန်နိုင်ငံသည် နေတိုးမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စုပါဝင်သည့် ထရန်စအတလန်တိတ် ကာကွယ်ရေးစာချုပ်ဖြစ်ကာ တစ်ဦးကိုတိုက်ခိုက်ခြင်းသည် အားလုံးကိုတိုက်ခိုက်ခြင်းနှင့် တူညီသည်ဟူသော အခြေခံမူကို ကျင့်သုံးသည်။
1 447
#ပြည်တွင်းသတင်း
NDF အပါ ပါတီ ၄ ခု စစ်ကော်မရှင် ဖျက်သိမ်း
လာမည့် ဒီဇင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်ထားသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DPN)၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတိုကို သတ်မှတ်လူဦးရေနှင့်ရုံးခန်း ပြည့်မီခြင်းမရှိသည့် အကြောင်းပြချက်ဖြင့် ဖျက်သိမ်းလိုက်ကြောင်း စစ်ကော်မရှင် ယနေ့ ကြေညာသည်။
NDF ပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်းက ဒုတိယဥက္ကဋ္ဌ ၃ အဖြစ် တာဝန်ယူပြီး လာမည့် ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်နေရာအတွက် ဗဟန်းမြိုနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် ပါတီဖြစ်သည်။
Source: ဧရာဝတီ
