fa
Feedback
Calm Vibe With Us

Calm Vibe With Us

رفتن به کانال در Telegram

Learn Calmly. Achieve Confidently.

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
447
مشترکین
+224 ساعت
+47 روز
+630 روز
آرشیو پست ها
LUMNHS – School of Nursing ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွက် ကျောင်းဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း အစီအစဉ်- သူနာပြုသိပ္ပံဘွဲ့ (Bachelor of Nursing Science-BNSc) Laukkai University of Medicine, Nursing and Health Sciences (LUMNHS) တွင် သူနာပြုကျောင်းကို အောင်မြင်စွာ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာ အသိပေး ကြေညာအပ်ပါသည်။ ကျွန်ုပ်တို့ကျောင်းသည် စိတ်အားထက်သန်မှု၊ တက်ကြွမှု နှင့် အနာဂတ်ကို ဦးတည် စဉ်းစားနိုင်စွမ်းရှိသော ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်လျက်ရှိပါသည်။ သိပ္ပံပညာ၊ နည်းပညာနှင့် Artificial Intelligence (AI) တို့ကို လူသားချင်းစာနာမှုနှင့် ပေါင်းစပ်သင်ကြားပေးခြင်းအားဖြင့် မိမိတို့၏ လူမှုအသိုင်းအဝန်းနှင့် နိုင်ငံအတွက် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်မျိုးဆက်သစ်များကို မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။ ပေးအပ်မည့်ဘွဲ့ : သူနာပြုသိပ္ပံဘွဲ့ (BNSc)။ သင်ကြားမည့်ကာလ : ကျောင်းတွင် ၄ နှစ် တက်ရောက်သင်ယူရမည်။ လက်ခံမည့်ဦးရေ : ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးသာ လက်ခံမည်။ သင်ကြားမှုပုံစံ : အင်္ဂလိပ် နှင့် မြန်မာဘာသာ။ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမှုပုံစံ ကျွန်ုပ်တို့၏ အပတ်စဉ် (၁) ကျောင်းသား၊ ကျောင်းသူများအား ခေတ်မီဆန်းသစ်သော သင်ကြားရေး နည်းစနစ်များဖြင့် အောက်ပါအတိုင်း သင်ကြားပေးမည် ဖြစ်သည်။ • အဖွဲ့လိုက် လေ့လာသင်ယူခြင်း (Team-Based Learning - TBL) နှင့် အဖွဲ့ငယ်များခွဲ၍ ဆွေးနွေး သင်ကြားခြင်း (Small Group Discussions - SGD) • နည်းပညာမြင့် သင်ကြားမှု AR (Augmented Reality) နှင့် VR (Virtual Reality) နည်းပညာများကို အသုံးပြု၍ လေ့လာသင်ယူနိုင်ခြင်း။ • အဆင့်မြှင့်တင် တည်ဆောက်နေသော ဆေးရုံများ၊ သင်ကြားရေးစင်တာများတွင် ဆေးဘက်ဆိုင်ရာ လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံများကို စနစ်တကျ လေ့ကျင့်သင်ယူနိုင်ခြင်း။ သူနာပြုတက္ကသိုလ် တက်ရောက်လိုသူများအတွက် လျှောက်ထားရန် လိုအပ်ချက်များ ၁။ ပညာအရည်အချင်း • အခြေခံပညာအထက်တန်းစာမေးပွဲ (စနစ်ဟောင်း Grade 11 /စနစ်သစ် Grade 12) ကို သိပ္ပံတွဲဖြင့် အောင်မြင်ပြီးသူများ (သို့မဟုတ်) ၎င်းနှင့်ညီမျှသော မြန်မာပြည်ရှိအခြားသောကျောင်းများ ( BECA အပါအဝင် )မှ အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်ပြီးသူများ။ • နိုင်ငံတကာအသိအမှတ်ပြု IGCSE သို့မဟုတ် GED အောင်မြင်ထားသူများ။ • သူနာပြုတက္ကသိုလ် (သို့မဟုတ်) သူနာပြုသင်တန်းကျောင်း ကျောင်းခေတ္တရပ်နားထားသူများ။ ၂။ အသက်ကန့်သတ်ချက် • ကျောင်းဝင်ခွင့်လျှောက်ထားချိန်တွင် အသက် ၁၆ နှစ်မှ ၃၅ နှစ် အတွင်းရှိသူများ။ အရည်အချင်းစစ်ဆေးခြင်း ဝင်ခွင့်စာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်း (Interview) တို့ကို Online စနစ်ဖြင့် ဖြေဆိုရမည် ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲတွင် အင်္ဂလိပ်၊ ရူပဗေဒ၊ ဓာတုဗေဒ နှင့် ဇီဝဗေဒ ဘာသာရပ်များကို ရေးဖြေဖြေဆိုရပါမည်။ • လျှောက်လွှာစတင်လက်ခံမည့်နေ့ - ၁၅.၇.၂၀၂၆။ • လျှောက်လွှာပိတ်မည့်ရက် - ၁၅.၈.၂၀၂၆။ • စာမေးပွဲအချိန်ဇယား: -၁၅.၉.၂၀၂၆ - အင်္ဂလိပ်စာ။ -၁၆.၉.၂၀၂၆ - ရူပဗေဒ၊ ဓာတုဗေဒ နှင့် ဇီဝဗေဒ။ -လူတွေ့စစ်ဆေးခြင်း - စက်တင်ဘာလ ၂၀-၂၁။ ကျောင်းစတင်ဖွင့်လှစ်မည့်ရက် - အောက်တိုဘာ၊ ၂၀၂၆ခုနှစ်။ ကျောင်းလခနှင့် ပညာသင်ဆုအစီအစဉ် ကျောင်းလခ၊ အဆောင်၊ အစားအသောက်၊ ပညာသင်ဆုနှင့် အစိုးရချေးငွေများဆိုင်ရာ အစီအစဉ်များ၏ အသေးစိတ်အချက်အလက်များကို Telegram link မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ လျှောက်ထားရန် စိတ်ဝင်စားသူများသည် လျှောက်လွှာပုံစံနှင့် လမ်းညွှန်ချက်များကို Telegram link @LUMNHS_SON မှ ရယူနိုင်ပါသည်။ “ကျွန်ုပ်တို့နှင့်အတူ ထူးချွန်သော အနာဂတ်ကို တည်ဆောက်ကြပါစို့။” #LUMNHS #Laukkai #HealthcareEducation #schoolofnursing #bachelorofnursingscience #Myanmar

photo content

It means confidence comes from our last victories.

Let me share about my confidence building progress. " Actually confidence doesn't come from building it directly. It comes from replaying our past achievements in the mind. " #toiko

"GED က ခက်လွန်းတယ်..." "နိုင်ငံခြားမှာ ကျောင်းတက်ချင်ပေမယ့် GED ကိုမြင်တာနဲ့တင် ကြောက်နေတယ်..." "စာတွေနားမလည်ဘူး... ငါ့အိပ်မက်တွေတော့ ဝေးတော့မှာပဲ” "ငါ မလုပ်နိုင်လောက်ဘူး..." ဒီလိုအတွေးတွေကို ကျောင်းသားတော်တော်များများ တွေးဖူးကြပါမှာ 🌻 ဒါပေမဲ့...
"Even the biggest tree grows from a single small seed." 🌱
ဆိုသလိုပဲ အိပ်မက်တွေကိုအကောင်ထည်ဖော်နိုင်ခဲ့တဲ့သူတွေကလဲ အစက ဘာမှ မရှိခဲ့ကြပါဘူး။ ကြောက်စိတ်မရှိလို့ မဟုတ်ဘဲ ကြောက်နေသေးတဲ့အချိန်မှာတောင် ပထမဆုံးခြေလှမ်းကို ရဲရဲဝံ့ဝံ့ လှမ်းနိုင်ခဲ့ကြတာပါ🌻 GED Journey လည်း ဒီလိုပါပဲ။ နေ့တိုင်း သေးငယ်တဲ့ Learning Step လေးတွေကို စုဆောင်းသွားရင် တစ်နေ့မှာ ပြန်လှည့်ကြည့်လိုက်ရင် အရင်က ကြောက်ခဲ့တဲ့အရာတွေက ကိုယ့်ရဲ့တိုးတက်မှုအတွက် အမှတ်တရတစ်ခုအနေနဲ့သာကျန်ခဲ့ပါလိမ့်မယ်✨🌿 အရေးကြီးတာက
အဝေးကြီးကို တွေးပြီး စိတ်မပူပါနဲ့။
ဒီနေ့ရဲ့ Small Step တစ်လှမ်းစီကမနက်ဖြန်ရဲ့ အိပ်မက်ကို ပိုနီးစပ်စေမှာပဲဖြစ်ပါတယ်🌻✨ 📚 Calm Vibe With Us မှာတော့ သင့်ရဲ့ GED Journey ကို ယုံကြည်မှုရှိရှိ စတင်နိုင်အောင် ကူညီလမ်းပြ သင်ကြားပေးနိုင်ပါတယ်။ ✅ Pre GED ✅ GED Preparation ✅ One-by-One Subject Classes
📩 Registration is now open.
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်>@florawhiterose

U.S Currency ဗဟုသုတ သူများနိုင်ငံတွေမှာတော့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ ငွေကြေးပေါ်မှာ နိုင်ငံခေါင်းဆောင်တွေကို မှတ်မှတ်ရရ ကမ္ပည်
+3
U.S Currency ဗဟုသုတ သူများနိုင်ငံတွေမှာတော့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ ငွေကြေးပေါ်မှာ နိုင်ငံခေါင်းဆောင်တွေကို မှတ်မှတ်ရရ ကမ္ပည်းတင်ကြတယ်။ တို့ နိုင်ငံမှာရော ????

👩🏻‍🏫 စာသင်သက် offline ဆယ်စုနှစ်ခုကျော် ရှိတဲ့ ဝါရင့် ဆရာမကြီးများ ..... 🙆 GED Online 3years ဆရာမကြီးများ သေချာကြပ်မတ်သင်ကြားပေးနေသော Calm vibe with us ❤️🤍🩷 ဒီနေရာလေးမှာ 👉👉👉 ⏳ Pre GED (Foundation)/ GED Preparation Science / Revision + Intensive Classes ⌛Pre GED (Foundation)/ GED Preparation Math / Revision + Intensive Classes ⏳Pre GED (Foundation)/ GED Preparation RLA / Revision + Intensive Classes ⌛Pre GED (Foundation)/ GED Preparation Social Studies / Revision + Intensive Classes ဘာသာရပ်များကို
One On One (or ) Group Class များအပ်လို့ ရပါတယ်ရှင့်။
#အချိန် ညှိပေးပါသည်။
# တစ်ဦးတည်းဖြစ်နေပြီး Group Class နဲ့ သင်ချင်ပါကလည်း စီစဉ်ဆောင်ရွက်ပေးပါတယ်။ ။ 🤍ဖေဖေမေမေတို့ လူလေးတို့ အငယ်လေးတို့ဘက်က ရွေးချယ်ရန်သာ လိုတော့သည်။ ။ ⏩⏩To Connect ⏪⏪ ✍️Tg acc @florawhiterose ✍️

စာကလေးတွေ အမြစ်ဖြုတ်ခဲ့လို့ ဒုက္ခအကြီးအကျယ်ရောက်ခဲ့တဲ့နိုင်ငံ ၁၉၅၈ ခုနှစ်မှာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း က နိုင်ငံကို ခေတ်မီတိုးတက်စေဖို့ Great Leap Forward (ရှေ့သို့ ခုန်ပျံကျော်လွှားခြင်း) လှုပ်ရှားမှုကြီးကို စတင်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေကို စည်းရုံးပြီး စစ်ဆင်ရေးကြီးတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့ ပိုးမွှားလေးမျိုး နှိမ်နင်းရေး စီမံကိန်း (The Four Pests Campaign) ပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ရောဂါဘယ ကင်းရှင်းရေးနဲ့ စိုက်ပျိုးရေး ထွက်ကုန်တိုးမြှင့်ရေးပါပဲ။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ရလဒ်ကတော့ လူသန်းပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ဂေဟစနစ် ပျက်စီးခြင်း ကြီး ဖြစ်လာခဲ့ပါတယ်။ အစိုးရက သတ်မှတ်လိုက်တဲ့ ရန်သူ ၄ မျိုးကတော့ ခြင်(ငှက်ဖျားရောဂါ ကာကွယ်ရန်) ၊ ကြွက် ( ပလိပ်ရောဂါ ကာကွယ်ရန်) ၊ ယင်ကောင် (တကိုယ်ရေသန့်ရှင်းမှုအတွက်) ၊ စာကလေး (စိုက်ခင်းထဲက စပါးစေ့တွေနဲ့ သစ်သီးတွေကို စားသောက်ဖျက်ဆီးလို့ စိုက်ပျိုးရေး ရန်သူ) တို့ ဖြစ်ပါတယ်။ ခြင်၊ ယင်၊ ကြွက် နှိမ်နင်းတာ ပြဿနာမရှိပေမယ့် စာကလေး တွေကို နှိမ်နင်းတဲ့ နည်းလမ်းကတော့ ရက်စက်ပြီး ထူးဆန်းလွန်းလှပါတယ်။ ပြည်သူတွေ၊ ကျောင်းသားတွေဟာ ဒယ်အိုးတွေ၊ ခွက်တွေ၊ လင်ပန်းတွေကို တီးခတ်ပြီး ဆူညံသံတွေ လုပ်ကြပါတယ်။ စာကလေးတွေဟာ အသံကြောင့် လန့်ပြီး ဘယ်သစ်ပင်မှာမှ မနားရဲဘဲ ကောင်းကင်ပေါ်မှာပဲ ပျံသန်းနေရပါတယ်။ နောက်ဆုံးမှာ မောပန်းနွမ်းနယ်ပြီး အားကုန်ကာ မြေကြီးပေါ် ပြုတ်ကျသေဆုံးကုန်ကြပါတယ်။ စာကလေးအသေကောင် အများဆုံးကောက်နိုင်တဲ့သူ၊ ကြွက်မြီးအများဆုံး ဖြတ်လာနိုင်တဲ့သူတွေကို ကျောင်းတွေ၊ ရုံးတွေမှာ ဆုချီးမြှင့်ပါတယ်။ စာကလေး အသိုက်တွေကို ဖျက်ဆီးတယ်၊ ဥတွေကို ခွဲပစ်တယ်၊ အကောင်ပေါက်လေးတွေကို _တျ ပစ်ကြပါတယ်။ ၁၉၆၀ ပြည့်နှစ်အရောက်မှာတော့ တရုတ်ပြည်မှာ စာကလေးမျိုးသုဉ်းလုနီးပါး ဖြစ်သွားပါတယ်။ ဒါပေမဲ့အစိုးရအဖွဲ့ လုံးဝ တွက်မထားမိတဲ့ အချက်တစ်ခု ရှိပါတယ်။ စာကလေးတွေက စပါးစေ့ကို စားတာမှန်ပေမယ့် သူတို့ရဲ့ အဓိက အစာက စိုက်ခင်းဖျက်ပိုးမွှားတွေ ဖြစ်တဲ့ ကျိုင်းကောင် တွေ ဖြစ်နေတာပါပဲ။ စာကလေးတွေ မရှိတော့တဲ့အခါ ဂေဟစနစ် ဟန်ချက်ပျက်သွားပါတယ်။ ကျိုင်းကောင်တွေနဲ့ ပိုးမွှားတွေဟာ ထိန်းချုပ်မယ့်သူမရှိတော့ဘဲ အဆမတန် ပေါက်ဖွားလာပါတယ်။ ရလဒ်ကတော့ စာကလေးတွေ စားတာထက် ပိုများပြားတဲ့ စပါးခင်းတွေကို ကျိုင်းကောင်တပ်ကြီးက ဖျက်ဆီးဝါးမျိုပစ်လိုက်ပါတော့တယ်။ ဒီဂေဟစနစ် ပျက်ယွင်းမှု၊ မိုးလေဝသဆိုးရွားမှုနဲ့ အစိုးရရဲ့ လွဲမှားတဲ့ စိုက်ပျိုးရေးမူဝါဒတွေ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တရုတ်ပြည်မှာ သမိုင်းတွင်မယ့် ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးကြီး ဆိုက်ရောက်လာပါတယ်။ ၁၉၅၉ ကနေ ၁၉၆၁ ခုနှစ်အတွင်း လူပေါင်း ၁၅ သန်း မှ ၅၅ သန်း အထိ အစာရေစာပြတ်လပ်ပြီး သေဆုံးခဲ့ရပါတယ်။ ၁၉၆၀ ခုနှစ်၊ ဧပြီလမှာတော့ ငှက်ပညာရှင်တွေရဲ့ အကြံပေးချက်ကြောင့် ဥက္ကဌကြီးမော် ဟာ စာကလေး _တျ ပွဲ ကို ရပ်တန့်ဖို့ အမိန့်ပေးခဲ့ရပါတယ်။ ပိုးမွှားလေးမျိုး စာရင်းထဲကနေ စာကလေးကို ဖယ်ရှားပြီး ကြမ်းပိုး နဲ့ အစားထိုးလိုက်ပါတယ်။ ပျက်စီးသွားတဲ့ ဂေဟစနစ်ကို ပြန်လည်ကယ်တင်ဖို့အတွက် တရုတ်နိုင်ငံဟာ သူတို့ရဲ့ မဟာမိတ် ဆိုဗီယက်ယူနီယံဆီကနေ စာကလေးကောင်ရေ ၂၅၀,၀၀၀ ခန့်ကို ပြန်လည် တင်သွင်းခဲ့ရပါတယ်။ Four Pests Campaign ဟာ လူသားတွေအနေနဲ့ ဂေဟစနစ်တစ်ခုလုံးကို ဝင်ရောက်စွက်ဖက်တဲ့အခါ ဘယ်လောက်ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဆိုတာကို သမိုင်းမှာ သွေးနဲ့ရင်းပြီး ပေးခဲတဲ့ သင်ခန်းစာ တခုလည်း ဖြစ်ပါတယ်။

Fertlilization & Blastocyst stage enter the uterus Becoming implantation

ကိုယ့် skill ကို စမ်းကြညါ့ပါလား🙈
ကိုယ့် skill ကို စမ်းကြညါ့ပါလား🙈

photo content

Cambridge science Year 9 သင်နိုင်သူ ဆရာဆရာမများ လိုအပ်နေလို့ပါရှင့် အဆင်ပြေတဲ့ ဆရာဆရာမများ join ပေးကြပါဦးရှင့်

photo content

📲 GED Math Quiz Offline App Download ဆွဲပြီး Install လုပ်နိုင်ပါပြီ။ အင်တာနက်မရှိလဲ သုံးလို့ရပါတယ်။

25.6.26 Pre GED အတန်းလေး စပါပြီ join လိုပါက join လို ရပါသေးတယ်ရှင့်
25.6.26 Pre GED အတန်းလေး စပါပြီ join လိုပါက join လို ရပါသေးတယ်ရှင့်

ဒီအတန်းလေး 25.6.26 မှာ စပါမယ်ရှင့် သင်တန်းတက်လိုတဲ့ကလေးများ လာရောက် ချိတ်ဆက်နိုင်ပါပြီရှင့်

ပစိဖိတ်အရှေ့မြောက်ပိုင်း (ဟာဝိုင်အီကျွန်းအနီး) အယ်လ်နီညိုအဆင့်အတွင်း ဟာဝိုင်အီကျွန်းပတ်ဝန်းကျင်မှာ မုန်တိုင်းတွေ ပိုမိုဖြစ်ပေါ်လေ့ရှိပါတယ်။ အယ်လ်နီညိုဖြစ်ပြီးခါစ နောက်တစ်နှစ်မှာလည်း ဒီဒေသထဲကို မုန်တိုင်းတွေ ပိုမိုရွေ့လျားဝင်ရောက်လာတတ်ပါတယ်။ ဩစတြေးလျနှင့် ပစိဖိတ်တောင်ပိုင်း အယ်လ်နီညိုကာလအတွင်း ဩစတြေးလျကမ်းရိုးတန်းတစ်လျှောက်မှာ မုန်တိုင်းဖြစ်ပွားမှု ပိုမိုနည်းပါးသွားတတ်သည်။ သို့သော်လည်း မုန်တိုင်းများ လုံးဝမဖြစ်တော့တာမျိုးတော့ မဟုတ်ဘဲ မုန်တိုင်းစတင်ဖြစ်ပေါ်ရာ နေရာက နိုင်ငံတကာရက်စွဲမျဉ်း (International dateline) အနီးနှင့် ယင်း၏အရှေ့ဘက်ရှိ ပစိဖိတ်တောင်ပိုင်းဒေသဆီသို့ ရွေ့သွားခြင်းသာ ဖြစ်သည်။ ထိုသို့ နေရာရွေ့လျားမှုများသည် ပင်လယ်ရေမျက်နှာပြင်အပူချိန်၊ လေထုအခြေအနေ ပြောင်းလဲမှုများနှင့် ဆက်စပ်နေပြီး တစ်ခါတစ်ရံ အားကောင်းလာတတ်သည်။ အာရှနှင့် ပစိဖိတ်အနောက်မြောက်ပိုင်း ပစိဖိတ်အနောက်မြောက်ပိုင်း၏ အခြေအနေကလည်း တောင်ဘက်ပိုင်းနှင့် ဆင်တူသည်။ အယ်လ်နီညိုကာလအတွင်း တိုင်ဖုန်းမုန်တိုင်း စုစုပေါင်းအရေအတွက်သည် ပုံမှန်အတိုင်း ရှိနေတတ်သော်လည်း မုန်တိုင်း ဖြစ်ပေါ်သည့်နေရာကမူ ပြောင်းလဲသွားသည်။ အာရှတိုက်နှင့်နီးသော သမုဒ္ဒရာအနောက်ဘက်ပိုင်းတွင် တိုင်ဖုန်းဖြစ်ပွားမှု နည်းပါးသွားပြီး၊ နိုင်ငံတကာရက်စွဲမျဉ်းရှိရာ အရှေ့ဘက် ပိုကျတဲ့နေရာများတွင် ပိုမိုဖြစ်ပေါ်လာတတ်သည်။ ပြောင်းလဲမှုမရှိသလောက် နည်းပါးသည့် ဒေသများ အိန္ဒိယသမုဒ္ဒရာ အနောက်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတွေများတွင် မုန်တိုင်းအရေအတွက် သိသိသာသာ ပြောင်းလဲမှုမျိုး မတွေ့ရပါ။ မုန်တိုင်းတွေကို နာမည်တွေ ဘယ်လိုပေးကြသလဲ အပူပိုင်းမုန်တိုင်းများကို နာမည်ပေးသည့် အလေ့အထသည် မုန်တိုင်းသတိပေးချက်များနှင့် သတင်းထုတ်ပြန်ချက်များတွင် လူထုအနေဖြင့် မုန်တိုင်းကို အလွယ်တကူ ခွဲခြားမှတ်မိနိုင်စေရန် စတင်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းကာလများက မုန်တိုင်းနာမည်များပေးရာတွင် စည်းစနစ်မရှိဘဲ ပင်လယ်ပြင်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သော သင်္ဘောတစ်စင်းကို အစွဲပြုပြီး “အန့်ဂျေးရဲ့ ဟာရီကိန်း” (Antje’s hurricane) ဟု ခေါ်ဆိုသကဲ့သို့ အဆင်ပြေသလို နာမည်ပေးခဲ့ကြခြင်းဖြစ်သည်။ တောင်ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပွားသော မုန်တိုင်းအမည်ကို ၁၉၀၀ ပြည့်နှစ်များတွင် အမျိုးသမီးနာမည်များ ပေးခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် သက်ဆိုင်ရာ သမုဒ္ဒရာဝန်းကျင်ရှိ နိုင်ငံအသီးသီးက မိုးလေဝသပညာရှင်များက နိုင်ငံအလိုက် (ဥပမာ မြန်မာနိုင်ငံဆိုလျှင် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်လာမည့် မုန်တိုင်းများအတွက် သတ်မှတ်အရေအတွက်ရှိ) အမည်စာရင်းပေးရသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က နိုင်ငံအလိုက်ပေးသော အမည်စာရင်းများကို အက္ခရာစဉ်အလိုက် သတ်မှတ်ခဲ့ပြီး နှစ်စဉ်ဖြစ်ပွားသည့် မုန်တိုင်းအလိုက် အစဉ်လိုက် နာမည်ပေးသည်။ ၁၉၇၉ ခုနှစ်ကစပြီး ဟာရီကိန်းမုန်တိုင်းများအတွက် အမျိုးသားနာမည်တွေကို စတင်ထည့်သွင်းခဲ့ပြီး အမျိုးသမီးနာမည်နှင့် အမျိုးသားနာမည်ကို တစ်လှည့်စီ အသုံးပြုနေပြီ ဖြစ်သည်။ မုန်တိုင်းတစ်ခုက လူအသေအပျောက် အလွန်များပြားတာ ဒါမှမဟုတ် ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမားခဲ့တာမျိုး ဖြစ်ခဲ့လျှင် အဆိုပါမုန်တိုင်းနာမည်ကို ခြောက်နှစ်တစ်ကြိမ် ထပ်မံအသုံးပြုခြင်းမျိုး ရှိခဲ့ဖူးသည်။ တောင်ပစိဖိတ်သမုဒ္ဒရာနည်းတူ အခြားသမုဒ္ဒရာဒေသများ၏ နာမည်ပေးပုံ လုပ်ထုံးလုပ်နည်းတွေကလည်း ယေဘုယျအားဖြင့် ဆင်တူသည်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများကိုတော့ ဒေသတွင်းအဆင့် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း၊ ဒေသခံဘာသာစကားနဲ့ ယဉ်ကျေးမှုတွေနဲ့ ကိုက်ညီမယ့် နာမည်စာရင်းများကို အသုံးပြုပြီး ပေးလေ့ရှိသည်။ သမုဒ္ဒရာဒေသအလိုက် မိုလေဝသဌာနများက ရွေးချယ်ထားသည့် နာမည်များသည် သက်ဆိုင်ရာဒေသရှိ လူများနှင့် ရင်းနှီးပြီးသား နာမည်များ ဖြစ်သည့်အတွက် မုန်တိုင်းသတိပေးချက်များထုတ်ပြန်ရာတွင် ပိုမိုအဆင်ပြေစေသည်။ Credit: https://www.aljazeera.com

ပြင်းထန်သော လည်ပတ်မှုက လေများကို အပြင်ဘက်သို့ လွင့်စင်သွားစေသဖြင့် မုန်တိုင်း၏မျက်စိသည် အလွန်ငြိမ်သက်ကြည်လင်နေပြီး လေဖိအား အလွန်နည်းပါးသည်။ လေပြင်းတိုက်ခတ်နှုန်းသည် တစ်နာရီလျှင် ၆၃ ကီလိုမီတာ (တစ်နာရီလျှင် ၃၉ မိုင်) သို့ ရောက်ရှိသောအခါ ၎င်းကို “အပူပိုင်းမုန်တိုင်း” (Tropical storm) ဟု ခေါ်ဆိုသည်။ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၁၉ ကီလိုမီတာ (တစ်နာရီလျှင် ၇၄ မိုင်) သို့ ရောက်ရှိသွားချိန်တွင်မူ ထိုမုန်တိုင်းသည် “အပူပိုင်းဆိုင်ကလုန်း” (Tropical cyclone)၊ “တိုင်ဖုန်း” (Typhoon) သို့မဟုတ် “ဟာရီကိန်း” (Hurricane) ဖြစ်လာသည်။ ဟာရီကိန်း၊ ဆိုင်ကလုန်းနဲ့ တိုင်ဖုန်းဆိုတာ အတူတူပဲလား အခြေခံအားဖြင့် ဟာရီကိန်း၊ ဆိုင်ကလုန်းနှင့် တိုင်ဖုန်းတို့သည် မုန်တိုင်းချင်း အတူတူဖြစ်သည်။ ကွာခြားချက်တစ်ခုတည်းကတော့ အဆိုပါမုန်တိုင်းများ စတင်ဖြစ်ပေါ်ရာ နေရာဒေသ (ပင်လယ်ပြင်) သာ ဖြစ်သည်။ အဆိုပါ မုန်တိုင်းသုံးမျိုးစလုံးသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၉ ကီလိုမီတာ (တစ်နာရီလျှင် ၇၄ မိုင်) ထက်ကျော်လွန်သည့် မုန်တိုင်းများ ဖြစ်ကြသည်။ ဟာရီကိန်း ဟာရီကိန်းမုန်တိုင်းများသည် အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒရာ အရှေ့မြောက်ပိုင်းတို့တွင် ဖြစ်ပွားလေ့ရှိပြီး အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်း၊ မက္ကဆီကိုပင်လယ်ကွေ့နှင့် ကာရစ်ဘီယံဒေသတို့ကို သက်ရောက်မှု ရှိစေသည်။ ဟာရီကိန်းမုန်တိုင်းတစ်ခု၏ ပြင်းအားကို လေတိုက်နှုန်းအလိုက် အဆင့် ၁ မှ ၅ အထိ တိုင်းတာသည်။ အဆင့် ၁ ရှိသည့် ဟာရီကိန်းမုန်တိုင်းသည် တစ်နာရီလျှင် ၁၁၉ - ၁၅၃ ကီလိုမီတာ (၇၄ - ၉၅ မိုင်) အထိ လေပြင်းတိုက်ခတ်နိုင်ပြီး၊ အဆင့် ၅ ရှိတဲ့ မုန်တိုင်းကမူ တစ်နာရီလျှင် ၂၅၂ ကီလိုမီတာ (၁၅၇ မိုင်) ထက်ကျော်လွန်သည့် လေပြင်းများကို ဖြစ်ပေါ်စေနိုင်သည်။ ဆိုင်ကလုန်း ဆိုင်ကလုန်းမုန်တိုင်းများသည် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပွားလေ့ရှိပြီး ဩစတြေးလျနိုင်ငံမှ မိုဇမ်ဘစ်နိုင်ငံအထိရှိ နိုင်ငံများကို သက်ရောက်စေသည်။ ဆိုင်ကလုန်းရာသီမှာ ပုံမှန်အားဖြင့် နိုဝင်ဘာလမှ ဧပြီလအထိ ကြာမြင့်တတ်သည်။ တိုင်ဖုန်း တိုင်ဖုန်းမုန်တိုင်းများသည် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းတွင် ဖြစ်ပွားလေ့ရှိပြီး ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့ကို မကြာခဏ ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။ တိုင်ဖုန်းရာသီကို မေလမှ အောက်တိုဘာလအတွင်း အများဆုံးတွေ့ရသော်လည်း တစ်နှစ်ပတ်လုံးလည်း ဖြစ်ပေါ်နိုင်သည်။ တိုင်ဖုန်းမုန်တိုင်း၏ ပြင်းအားကို သော အမျိုးအစားခွဲခြားမှုစနစ်အမျိုးမျိုးဖြင့် တိုင်းတာပြီး အပြင်းထန်ဆုံးမုန်တိုင်းများကို “စူပါတိုင်ဖုန်း” လို့ ခေါ်ဆိုသည်။ အယ်လ်နီညိုက ကမ္ဘာတစ်ဝန်းက မုန်တိုင်းတွေကို ဘယ်လိုသက်ရောက်မှုရှိစေမလဲ အယ်လ်နီညိုသည် သင်ရှိနေသည့် ကမ္ဘာ့နေရာဒေသအပေါ် မူတည်၍ ရာသီဥတုကို ပုံစံအမျိုးမျိုးဖြင့် သက်ရောက်မှုရှိစေသည်။ အတ္တလန္တိတ်မြောက်ပိုင်း အယ်လ်နီညိုကာလအတွင်း အတ္တလန္တိတ်သမုဒ္ဒရာ၌ ဟာရီကိန်းမုန်တိုင်း ဖြစ်ပွားမှုနှုန်း ကျဆင်းသွားတတ်သည်။ ပုံမှန်မုန်တိုင်းရာသီတစ်ခုတွင် အမည်ပေးထားသည့် မုန်တိုင်း ၁၄ ခုနှင့် အားပြင်းဟာရီကိန်း ၃ ခုအပါအဝင် စုစုပေါင်း ဟာရီကိန်းမုန်တိုင်း ၇ ခုခန့် ဖြစ်ပွားလေ့ရှိသည်။ သမိုင်းအချက်အလက်များအရ အယ်လ်နီညိုအဆင့်အတွင်း ဟာရီကိန်းတိုက်ခတ်သည့် ရက်ပေါင်း ၆၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားလေ့ရှိပြီး မုန်တိုင်းတစ်ခုလုံး၏ ပြင်းအားလည်း လျော့ကျသွားတတ်သည်။ “အတ္တလန္တိတ်ပင်လယ်ကွေ့ဒေသအပေါ် အယ်လ်နီညိုရဲ့ သက်ရောက်မှုဟာ ဟာရီကိန်းမုန်တိုင်း ဖြစ်ပေါ်မှုကို လျော့နည်းစေတတ်ပေမဲ့ မုန်တိုင်းရာသီတစ်ခုချင်းစီက ဘယ်လိုဖြစ်လာမလဲဆိုတာအပေါ် မရေရာမှုတွေ ရှိနေပါသေးတယ်” ဟု NOAA ၏ အမျိုးသားရာသီဥတုဝန်ဆောင်မှုအဖွဲ့ ညွှန်ကြားရေးမှူး ကင်န် ဂရေဟမ်က ပြောကြားခဲ့သည်။ “အခြေအနေ အလွန်ဆိုးရွားတဲ့ မုန်တိုင်းရာသီဖြစ်ဖို့အတွက် မုန်တိုင်းတစ်လုံးတည်းနဲ့တင် လုံလောက်ပါတယ်” ဟု ၎င်းက သတိပေးထားပြီး ဟာရီကိန်းမုန်တိုင်းဒဏ် ခံရနိုင်ခြေရှိသည့် ဒေသများရှိ လူတိုင်းကို မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ အပူပိုင်းမုန်တိုင်းများသည် ကမ္ဘာပေါ်တွင် လူအသေအပျောက်အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်စေသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ကြသည်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင်ပင် ၁၉၈၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ ဟာရီကိန်းမုန်တိုင်းများကြောင့် လူပေါင်း ၇,၂၁၁ ဦး သေဆုံးခဲ့ရပြီး (တစ်နှစ်လျှင် ပျမ်းမျှ ၁၆၀ ဦးခန့်)၊ စီးပွားရေးအရ ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၅၅ ထရီလီယံခန့် ရှိခဲ့သည်။ ဤကိန်းဂဏန်းများတွင် ကက်ထရီနာ ဟာရီကိန်း (၂၀၀၅)၊ မာရီယာ ဟာရီကိန်း (၂၀၁၇) နှင့် ဟယ်လင်း ဟာရီကိန်း (၂၀၂၄) တို့ကြောင့် ဖြစ်ပွားခဲ့သည့် ပျက်စီးဆုံးရှုံးမှုများလည်း ပါဝင်သည်။

အယ်လ်နီညို (El Nino) က ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းမုန်တိုင်းတွေကို ဘယ်လိုပုံစံပြောင်းလဲစေနိုင်သလဲ အယ်လ်နီညိုသည် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဟာရီကိန်းမုန်တိုင်းများကို လျော့နည်းစေပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း မုန်တိုင်းများကို ပိုမိုများပြားလာစေလေ့ရှိသည်။ အတ္တလန္တိတ် ဟာရီကိန်းမုန်တိုင်းရာသီသည် ယခုရက်ပိုင်းတွင် စတင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကာ စက်တင်ဘာလလယ်တွင် မုန်တိုင်းဖြစ်ပွားမှု အမြင့်ဆုံးအဆင့်သို့ ရောက်လေ့ရှိသည်။ ဤကာလအတွင်း ပူနွေးသော သမုဒ္ဒရာရေပြင်နှင့် လေထုပြောင်းလဲမှုများက အပူပိုင်းမုန်တိုင်းများနှင့် ဟာရီကိန်းမုန်တိုင်းများကို အားကောင်းစေပြီး ကာရစ်ဘီယံဒေသ၊ အမေရိကန်ပြည်ထောင်စု၏ အရှေ့ဘက်ကမ်းရိုးတန်းနှင့် ပင်လယ်ကွေ့ကမ်းရိုးတန်းတို့ကို ခြိမ်းခြောက်လေ့ရှိသည်။ ယခုနှစ်တွင် အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာန (NOAA) မှ ခန့်မှန်းတွက်ချက်သူများက အယ်လ်နီညိုဟုခေါ်သော ဖြစ်စဉ်ကြောင့် အတ္တလန္တိတ် ဟာရီကိန်းမုန်တိုင်းရာသီသည် ထုံးစံထက် ပိုမိုငြိမ်သက်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။ ၎င်းတို့က မုန်တိုင်းဖြစ်ပွားမှု ပုံမှန်အောက်လျော့နည်းမည့်အခြေအနေ ၅၅ ရာခိုင်နှုန်း၊ ပုံမှန်အတိုင်းဖြစ်ရန် ၃၅ ရာခိုင်နှုန်းနှင့် ပုံမှန်ထက်ပိုမိုဖြစ်နိုင်သည့် အခြေအနေ ၁၀ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းထားသည်။ အယ်လ်နီညိုဆိုတာ ဘာလဲ၊ မုန်တိုင်းတွေအပေါ် ဘယ်လိုလွှမ်းမိုးမှုရှိသလဲ အယ်လ်နီညိုဆိုသည်မှာ (ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များ ကာလအပိုင်းအခြားအလိုက် နွေးထွေးလာသည့် ဖြစ်စဉ်ဖြစ်သည်။ အယ်လ်နီညိုကြောင့် ကမ္ဘာလုံးဆိုင်ရာ လေတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုစနစ်များ ကမောက်ကမဖြစ်ပြီး ကမ္ဘာ့နေရာအချို့တွင် ရေကြီးမှု၊ မိုးခေါင်မှုနှင့် အပူလှိုင်းဖြတ်မှုများကို ပိုမိုပြင်းထန်လာစေနိုင်သည်။ ဤရာသီဥတုဖြစ်စဉ် အားကောင်းသော ကာလအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုလည်း အနည်းငယ် ပိုမိုမြင့်တက်သွားစေလေ့ရှိသည်။ အယ်လ်နီညိုဖြစ်စဉ်များသည် ပုံမှန်အားဖြင့် ၂ နှစ်မှ ၇ နှစ်လျှင်တစ်ကြိမ် ဖြစ်ပွားလေ့ရှိပြီး ယေဘုယျအားဖြင့် ၉ လမှ ၁၂ လအထိ ကြာမြင့်တတ်သော်လည်း အချို့နှစ်များတွင် ထိုထက်ပို၍ ကြာရှည်နိုင်ပါသည်။ ၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော လာနီညာ (La Nina) ကမူ ပစိဖိတ်သမုဒ္ဒရာရေပြင် အပူချိန်မှာ ပုံမှန်ထက် ပိုမိုအေးမြနေခြင်းကို ဆိုလိုသည်။ ဤဖြစ်စဉ်နှစ်ခုလုံးသည် အောက်ပါဂရပ်ဖစ်တွင် အကျဉ်းချုပ်ဖော်ပြထားသည့် အဆင့် ၃ ဆင့်ရှိသော အန်ဆို (ENSO - El Nino-Southern Oscillation) ဟုခေါ်သည့် ပိုမိုကျယ်ပြန့်သော ရာသီဥတုဖြစ်စဉ်ပုံစံ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ကြားအဆင့် ကုန်သည်လေ (Trade winds) ဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်း၍ အရှေ့မှ အနောက်သို့ တိုက်ခတ်သည့် တည်ငြိမ်သော အီကွေတာအနီး လေစီးကြောင်းများ ဖြစ်သည်။ ပုံမှန်အခြေအနေများတွင် ဤလေများသည် ပူနွေးသော ရေမျက်နှာပြင်ရေများကို အမေရိကတိုက်များမှ အာရှတိုက်ဘက်သို့ တွန်းပို့ပေးသည်။ ထိုသို့ ပူနွေးသောရေများ အနောက်ဘက်သို့ ရွေ့လျားသွားချိန်တွင် ၎င်း၏နေရာ၌ အစားထိုးရန် အမေရိကန်ကမ်းရိုးတန်းတစ်လျှောက် သမုဒ္ဒရာအောက်ခြေမှ ရေအေးများ အပေါ်သို့ တက်လာကြသည်။ အေးမြသောအဆင့် - လာနီညာ လာနီညာသည် အယ်လ်နီညိုနှင့် လုံးဝဆန့်ကျင်ဘက် အစွန်းရောက်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကုန်သည်လေများသည် ထုံးစံထက် ပိုမိုအားကောင်းစွာ တိုက်ခတ်ပြီး အာရှတိုက်ဘက်သို့ ပူနွေးသောရေများကို ပိုမိုတွန်းပို့ကာ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်း ရေမျက်နှာပြင်အပူချိန်ကို ပျမ်းမျှအောက် ကျဆင်းသွားစေသည်။ နွေးထွေးသောအဆင့် - အယ်လ်နီညို အယ်လ်နီညိုဖြစ်ပွားချိန်တွင်မူ ဤကုန်သည်လေများသည် အားပျော့သွားခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းပြန်ဖြစ်သွားခြင်းတို့ကြောင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ပူနွေးသောရေများ အမေရိကတိုက်များရှိရာ အရှေ့ဘက်သို့ ပြန်လည်လျှံတက်လာစေသည်။ အယ်လ်နီညိုသည် အတ္တလန္တိတ် ဟာရီကိန်းမုန်တိုင်းဖြစ်ပွားမှုကို လျော့နည်းစေပြီး ပစိဖိတ်မုန်တိုင်းဖြစ်ပွားမှုကို တိုးမြင့်စေသော်လည်း၊ လာနီညာကမူ ဆန့်ကျင်ဘက်ဖြစ်စဉ်ကို ဖြစ်ပေါ်စေပြီး အတ္တလန္တိတ် ဟာရီကိန်းများကို ပိုမိုများပြားကာ ပြင်းထန်လာစေသည်။ အပူပိုင်းမုန်တိုင်းများ ဘာကြောင့်နှင့် ဘယ်လို ဖြစ်ပေါ်လာသလဲ အပူပိုင်းမုန်တိုင်းများသည် အီကွေတာအနီးရှိ ပူနွေးသော သမုဒ္ဒရာရေပြင်များပေါ်တွင် ဖြစ်ပေါ်လေ့ရှိသည်။ လွယ်လွယ်ပြောရလျှင် ဤပူနွေးသောလေများ အပေါ်သို့တက်သွားသည့်အခါ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလေများ ပြန်လည်အေးမြသွားချိန်တွင် ၎င်း၏အောက်မှ ထပ်မံတက်လာသော ပူနွေးသည့်လေများက ဘေးသို့တွန်းထုတ်လိုက်သည်။ ဤသံသရာစက်ဝန်းကြောင့် ပြင်းထန်သော လေနှင့် မိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ဤသံသရာစက်ဝန်းသည် အရှိန်အဟုန်ရလာပြီး အားကောင်းလာသည်နှင့်အမျှ အပူပိုင်းမုန်တိုင်းတစ်ခုအဖြစ် ဖန်တီးပေးသည်။ မုန်တိုင်းစနစ်သည် ပိုမိုမြန်ဆန်စွာ လည်ပတ်လာသောအခါ မုန်တိုင်းမျက်စိ (Eye) ဟုခေါ်သော ၎င်း၏ ဗဟိုချက် ဖြစ်ပေါ်လာသည်။