fa
Feedback
News Analytics Channel

News Analytics Channel

رفتن به کانال در Telegram

တစ်ပတ်အတွင်း မြန်မာ့သတင်းမီဒီယာများမှ တင်ဆက်သော သတင်းများအားလုံးကို ခွဲခြမ်းစိတ်ဖြာ၍ စိစစ်ကာ သတင်းအနှစ်ချုပ်များ ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်။

نمایش بیشتر
327
مشترکین
اطلاعاتی وجود ندارد24 ساعت
+77 روز
+530 روز
آرشیو پست ها
🇲🇲 မြန်မာနိုင်ငံနှင့် ဘင်းမ်စတက် (BIMSTEC) (NAC) News Analytics Channel #newsanalyticschannel #NAC
🇲🇲 မြန်မာနိုင်ငံနှင့် ဘင်းမ်စတက် (BIMSTEC) (NAC) News Analytics Channel #newsanalyticschannel #NAC

(၂.၆.၂၀၂၆) မှ (၈.၆.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ ——————————- ယခုသီတင်းပတ်အတွင်းမှာတော့ Popular News Journal ဟာ သတင်းပုဒ်ရေ (၁,၅၄၂) ပုဒ်အထိ သိသိသာသာ တိုးမြှင့်တင်ဆက်ခဲ့ပြီး ထိပ်ဆုံးနေရာကို ရောက်ရှိလာပါတယ်။ အခြားမီဒီယာတွေဖြစ်တဲ့ Eleven Media Group ကလည်း (၇၇၆) ပုဒ်ကနေ (၈၁၅) ပုဒ်အထိ၊ One News Myanmar ကလည်း (၆၈၁) ပုဒ်ကနေ (၇၀၄) ပုဒ်အထိ အသီးသီး တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ DVB TV News မှာ ယခင်လက (၄၇၆) ခု ရှိခဲ့ရာကနေ ယခုလမှာ (၄၅၉) ခုအထိ သတင်းတင်ဆက်မှု အနည်းငယ် လျော့ကျသွားခဲ့ပါတယ်။ နိုင်ငံရေးသတင်းကတော့ နိုင်ငံတော်သမ္မတရဲ့ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်ဟာ ပြည်သူတွေအကြား စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီခရီးစဉ်ကို သေချာလေ့လာကြည့်ရင် သာမန်နိုင်ငံတော်ခရီးစဉ်တစ်ခုထက် အများကြီး ပိုအဓိပ္ပာယ်ရှိတာကို တွေ့ရမှာပါ။ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာမျက်နှာစာမှာ မြန်မာအစိုးရအနေနဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ အိန္ဒိယလို ဒေသတွင်းအင်အားကြီးနိုင်ငံက တရားဝင်ဖိတ်ကြားပြီး နိုင်ငံတော်ခရီးစဉ်အဆင့်နဲ့ ခမ်းခမ်းနားနား လက်ခံတွေ့ဆုံခဲ့တာကြောင့်မို့လို့ပါပဲ။ ဒါဟာ နိုင်ငံရေးအရ အလွန်ကြီးမားတဲ့ သံတမန်ရေးရာ တန်ဖိုးတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စစ်ရေးသတင်းတွေမှာတော့ တပ်မတော်ရဲ့ နယ်မြေစိုးမိုးရေး အောင်မြင်မှုတွေနဲ့အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာတဲ့ ဖြစ်စဉ်တွေဟာ လူထုအကြားမှာ စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်နေဆဲပါ။ အထူးသဖြင့် ချင်းပြည်နယ်တစ်ခုလုံးကို တပ်မတော်က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဟာ တော်လှန်ရေးအဖွဲ့တွေ အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ခြုံပြီးပြောရရင် ဇွန်လဟာ တပ်မတော်အတွက် စစ်ရေးအရရော၊ စည်းရုံးရေးအရပါ အသာစီးရပြီး အောင်ပွဲရနေတဲ့ ကာလဖြစ်လို့ နယ်မြေစိုးမိုးမှုတွေ တိုးတက်လာသလို၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတွေလည်း ပိုမိုမြင့်တက်လာတာကို တွေ့ရပါတယ်။ နောက်ဆုံးအနေနဲ့ မှုခင်းသတင်းတွေမှာတော့... ကဝမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှုက ကျူးလွန်သူတွေကို ဖမ်းဆီးရမိပြီး လက်ရှိမှာ စစ်ဆေးမေးမြန်းနေပြီ ဖြစ်ပါတယ်။ ဒီဇွန်လဆန်းပိုင်းဟာ ငါးလောင်းပြိုင်လူသတ်မှု၊ ကလေးငယ်အပေါ် ကျူးလွန်မှု စတဲ့ စိတ်မကောင်းစရာ ရာဇဝတ်မှုတွေနဲ့ စတင်ခဲ့တာကိုတွေ့ရပါတယ်။ အခုရက်ပိုင်းမှာ ယာဉ်ထိန်းသိမ်းမှု ပုံစံသစ်နဲ့ ပြည်သူ တွေကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နေတာ တွေ့ရပေမယ့်၊ အခြားတစ်ဖက်မှာ လည်း ရာဇဝတ်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။ ယခုအပတ် မှုခင်းသတင်းတွေကို ခြုံငုံကြည့်ရင် ယာဉ်မတော်တဆမှုတွေ လျော့နည်းသွားပေမယ့် လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုဆိုင်ရာ ဖြစ်စဉ်တွေကတော့ ပိုပြီးများပြားခဲ့တာကို တွေ့ရပါတယ်။" (NAC) News Analytics Channel #newsanalyticschannel #NAC

(၂.၆.၂၀၂၆) မှ (၈.၆.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ (NAC) News Analytics Channel #newsanalyticschan
+3
(၂.၆.၂၀၂၆) မှ (၈.၆.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ (NAC) News Analytics Channel #newsanalyticschannel #NAC

🇨🇳🇰🇵တရုတ်-မြောက်ကိုရီးယားတွေ့ဆုံဆွေးနွေးမှုအပေါ် မဟာဗျူဟာမြောက် ချဉ်းကပ်လေ့လာမှု (NAC) News Analytics Channel #newsanalyt
🇨🇳🇰🇵တရုတ်-မြောက်ကိုရီးယားတွေ့ဆုံဆွေးနွေးမှုအပေါ် မဟာဗျူဟာမြောက် ချဉ်းကပ်လေ့လာမှု (NAC) News Analytics Channel #newsanalyticschannel #NAC

(၁၈.၅.၂၀၂၆) မှ (၂၄.၅.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ ယခုတစ်ပတ်အတွင်း သတင်းမီဒီယာများ၏ တင်ဆက်မှုအခြေအနေကို နှိုင်းယှဉ်ကြည့်ပါက One News Myanmar သည် ယခင်လက ၄၂၅ ပုဒ်သာ ရှိခဲ့ရာမှ ယခုလတွင် ၉၀၃ ပုဒ်ထိ ၄၇၈ ပုဒ် တိုးတက်လာကာ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ပါတယ်။ သို့သော်လည်း အခြားမီဒီယာများကို လေ့လာရာတွင် DVB TV News မှာ ၅၄၄ ပုဒ်မှ ၄၉၀ ပုဒ်သို့လည်းကောင်း၊ Popular News Journal မှာ ၁၄၄၁ ပုဒ်မှ ၂၆၆ ပုဒ်သို့လည်းကောင်း အသီးသီး လျော့နည်းကျဆင်းသွားသည်ကို တွေ့ရှိရပါသည်။ ယခုအပတ်အတွင်း Eleven Media Group သည် သတင်းပုဒ်ရေ (၆၈၈) ပုဒ်ဖြင့်လည်းကောင်း၊ RFA Burmese သည် သတင်းပုဒ်ရေ (၆၀၁) ပုဒ်ဖြင့်လည်းကောင်း သတင်းတင်ဆက်မှုအများဆုံး စာရင်းအတွင်း အသစ်ပြန်လည်ဝင်ရောက်လာပါသည်။ နိုင်ငံရေးသတင်းများတွင် (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့သည့် သတင်းသည် ထူးခြားပြီး၊ ၎င်းသည် ဒေသတွင်း စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ထို့ပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်သို့ နေ့ချင်းပြန် လာရောက်ခဲ့သည့် ခရီးစဉ်မှာလည်း အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် မြန်မာ့အရေးကို တိုက်ရိုက်ထိတွေ့ဆွေးနွေးမှုများ ရှိနေကြောင်း ဖော်ပြနေပါသည်။ အလားတူ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေခြင်းသည် ဒေသတွင်း တည်ငြိမ်မှု ပြန်လည်ဦးမော့လာကြောင်းနှင့် ပြည်သူများ၏ ပညာသင်ကြားရေး အခွင့်အရေးကို အစိုးရက ဦးစားပေးဆောင်ရွက်နေကြောင်း ပြသရာ ရောက်ပါသည်။ ယခုသီတင်းပတ်အတွင်း လူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့သည့် မှုခင်းသတင်း များအနက် သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအနီးတွင် လက်ပြန်ကြိုးတုပ်လျက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ဖြစ်ရပ်သည် တစ်ခု အပါအဝင် ဖြစ်ပါသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို စုံစမ်း ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိပါက ဒေသတွင်းရှိ လုပ်သား ပြည်သူများ၏ ဘဝလုံခြုံရေးသည်လည်း ဆက်လက် ခြိမ်းခြောက်ခံနေရဦးမည် ဖြစ် သည်။ထို့ပြင် လားရှိုးမြို့တွင် ကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ရိုက်နှက်သည့် ဖြစ်ရပ် သည်လည်း လူငယ်ထုအတွင်း အကြမ်းဖက်မှုနှင့် စာရိတ္တပိုင်းဆိုင်ရာ ယိုယွင်း လာမှုကို ထင်ဟပ်ဖော်ပြနေပါသည်။အခြားတစ်ဖက်တွင်မူ မေလ ၁၄ ရက်နေ့မှစ၍ ယာဉ်စည်းကမ်း လိုက်နာမှုမရှိပါက ဒဏ်ငွေ (၃) သောင်းကျပ် ချမှတ်ခြင်းမှာ ပြည်သူများ၏ လမ်းသွားလမ်းလာ ဘေးကင်းလုံခြုံရေးအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။ သို့ဖြစ်ရာ အစိုးရအနေဖြင့် ယာဉ်စည်းကမ်းများကို တင်းကျပ်စွာ အရေးယူဆောင်ရွက်နေသကဲ့သို့ပင် ပြည်သူလူထုကို ထိတ်လန့်စေသည့် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း ယခုထက်ပိုမို ထိရောက်သော တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိပါသည်။ စစ်ရေးသတင်းများကို လေ့လာကြည့်ပါက တပ်မတော်၏ နယ်မြေစိုးမိုးရေး အောင်မြင်မှုများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာမှု အရှိန်အဟုန် မြင့်တက်လာသည့် ဖြစ်စဉ်များသည် ပြည်သူလူထုအကြား စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်နေပါသည်။ KNU/KNLA နှင့် PDF ပူးပေါင်းတပ်များ ယာယီထိန်းချုပ်ထားသည့် မောတောင်မြို့အား တပ်မတော်က (၁၅) ရက်တာ စစ်ဆင်ရေးဖြင့် ပြန်လည် ထိန်းချုပ်နိုင်ခြင်းမှာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် နယ်စပ်လုံခြုံရေး အတွက် အလွန်အရေးပါသော အောင်မြင်မှုတစ်ခု ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ စစ်ရေးနှင့် လုံခြုံရေးအခြေအနေများတွင် တပ်မတော်က နယ်မြေများကို ပြန်လည်စိုးမိုးနိုင်ခြင်း နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ အရေအတွက်မှာလည်း သိသာထင်ရှားစွာ တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ စာရင်းဇယားများအရ မေလအတွင်းတွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း (၅၆၇) ဦးခန့် ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ (NAC) News Analytics Channel #newsanalyticschannel #NAC

(၁၈.၅.၂၀၂၆) မှ (၂၄.၅.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ
+3
(၁၈.၅.၂၀၂၆) မှ (၂၄.၅.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ

(၂၀.၄.၂၀၂၆) မှ (၂၆.၄.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ ဒီတစ်ပတ်အတွင်း သတင်းမီဒီယာတွေရဲ့ တင်ဆက်မှု အခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် DVB TV News ကတော့ အတော်လေး သိသိသာသာ အားကောင်းလာတာ တွေ့ရပါတယ်။ ယခင်လက ၃၇၃ ပုဒ်ပဲ ရှိခဲ့ရာကနေ အခုလမှာ ၄၂၆ ပုဒ်အထိ ၅၃ ပုဒ်တောင် တိုးလာပြီး ထိပ်ဆုံးနေရာကို ရောက်လာခဲ့တာပါ။ ဒါပေမဲ့ တခြားမီဒီယာတွေကို ပြန်ကြည့်ရင်တော့ တင်ဆက်မှုတွေ အကုန်လုံးနီးပါး လျော့ကျသွားတာ တွေ့ရပါတယ်။ One News Myanmar ဆိုရင် ၅၀၆ ပုဒ်ကနေ ၃၆၃ ပုဒ်အထိ ၁၄၃ ပုဒ်လောက် သိသိသာသာ လျော့သွားပေမဲ့ ဒုတိယနေရာမှာတော့ ဆက်ပြီး ရှိနေပါသေးတယ်။ အလားတူပဲ People's Spring က ၃၅၆ ပုဒ်ကနေ ၃၃၆ ပုဒ်၊ Popular News Journal က ၂၂၅ ပုဒ်ကနေ ၂၀၀ ပုဒ်အထိ အသီးသီး လျော့နည်းသွားခဲ့ကြပါတယ်။ ခြုံပြီးပြောရရင်တော့ ဒီလထဲမှာ မီဒီယာအများစုက ယခင်လထက် သတင်းတင်ဆက်မှု အရေအတွက် နည်းသွားကြပေမဲ့ DVB TV News တစ်ခုတည်းကပဲ အားပိုကောင်းလာပြီး သတင်းအများဆုံး တင်ဆက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသတင်းတွေထဲမှာဆိုရင်တော့ ပြည်ထောင်စုအစည်း အဝေးမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားခဲ့တဲ့ "PDF တွေ ရက်ပေါင်း ၁၀၀ အတွင်း အလင်းဝင်ဖို့ ဖိတ်ခေါ်ချက်" က လူထုကြားမှာ တကယ့်ကို စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်နေပါတယ်။ ဒီရက် ၁၀၀ စီမံချက်ဟာ ကာလရှည်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာလို့ ရှုမြင်နိုင်ပြီး လာမယ့် ဇူလိုင်လကုန်အထိ တိကျတဲ့ရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။ ရှေ့လာမယ့် ရက် ၁၀၀ က သေနတ်သံတွေ တိတ်ဆိတ်သွားမည့် ငြိမ်းချမ်းရေးလမ်းစ ဖြစ်လာမလားဆိုတာကတော့ တကယ့်ကို စောင့်ကြည့်ရမယ့် အခြေအနေပါပဲ။ နောက်ပြီး မှုခင်းသတင်းတွေဘက်ကို ကြည့်မယ်ဆိုရင် ကိုရင်ငယ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တဲ့ ဦးဇင်းကို လူဝတ်လဲပြီး ထောင်ဒဏ် ၂ နှစ် အရေးယူလိုက်တဲ့သတင်းက ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒီလို ဘာသာသာသနာကို အလွဲသုံးစားလုပ်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးတာဟာ စစ်မှန်တဲ့ သာသနာ့ဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရာ ရောက်ပါတယ်။ လေကြောင်းလိုင်းသတင်းမှာလည်း ရန်ကုန်လေဆိပ်မှာ MNA လေယာဉ်က ဘရိတ်ချို့ယွင်းပြီး MAI လေယာဉ်ကို တိုက်မိတဲ့ဖြစ်စဉ်ဟာ ခရီးသွားပြည်သူတွေရဲ့ ယုံကြည်မှုကို အတော်လေး လျော့နည်းစေခဲ့ပါတယ်။ နိုင်ငံတကာသတင်းအနေနဲ့ကတော့ အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲမှာ ပစ်ခတ်မှုဖြစ်လို့ သမ္မတ ထရမ့်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတဲ့သတင်းကလည်း လူအများ စိတ်ဝင်စားခဲ့တဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး စစ်ရေးသတင်းတွေမှာတော့ တပ်မတော်ရဲ့ နယ်မြေစိုးမိုးရေး အောင်မြင်မှုတွေနဲ့အတူ အလင်းဝင်လာသူတွေ အရှိန်အဟုန်နဲ့ များပြားလာတာက စိတ်ဝင်စားစရာပါ။ အချက်အလက်တွေအရ ယခင်လမှာ ၅၀၆ ဦး ရှိခဲ့ရာကနေ ယခုလမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ၅၁၇ ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ၆၁ ဦးစီ ရှိခဲ့တဲ့အတွက် နှစ်လအတွင်း အလင်းဝင်လာသူ ၁,၀၀၀ ကျော်အထိ ရှိလာပါတယ်။ ဒီလို အစုလိုက်အပြုံလိုက် ဝင်ရောက်လာတာဟာ လက်နက်ကိုင်လမ်းစဉ်က အဖြေမဟုတ်ဘူးဆိုတာကို နားလည်လာပြီး မိမိတို့အမှားကို ပြင်ဆင်ကာ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုကြတာကြောင့်လို့ သုံးသပ်ရပါတယ်။ (NAC) News Analytics Channel #newsanalyticschannel #NAC

(၂၀.၄.၂၀၂၆) မှ (၂၆.၄.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ
+3
(၂၀.၄.၂၀၂၆) မှ (၂၆.၄.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ ၅၁၇ ဦးနှင့်အတူ လွှပြောင်းအပ်နှံသည့် လက်နက်ခဲယမ်းများ ၊ ပေးအပ်သည့် ဆုကြေးငွေနှင့် ထောက်ပံ့
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ ၅၁၇ ဦးနှင့်အတူ လွှပြောင်းအပ်နှံသည့် လက်နက်ခဲယမ်းများ ၊ ပေးအပ်သည့် ဆုကြေးငွေနှင့် ထောက်ပံ့မှုများစာရင်း (NAC) News Analytics Channel #newsanalyticschannel #NAC

အရေးပေါ်အခြေအနေ ကြေညာထားသည့် မြိုနယ်များ (NAC) News Analytics Channel #newsanalyticschannel #NAC
အရေးပေါ်အခြေအနေ ကြေညာထားသည့် မြိုနယ်များ (NAC) News Analytics Channel #newsanalyticschannel #NAC

(၃၀.၃.၂၀၂၆) မှ (၅.၄.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ ယခုတစ်ပတ်အတွင်း သတင်းမီဒီယာများ၏ တင်ဆက်မှုအခြေအနေကို နှိုင်းယှဉ် ကြည့်ပါက One News Myanmar သည် ယခင်လက ၃၄၉ သာ ရှိခဲ့ရာမှ ယခုလတွင် ၄၂၄ ထိ ၇၅ ပုဒ် တိုးတက်လာကာ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ပါသည်။ အလားတူပင် DVB TV News၊ People's Spring နှင့် Popular News Journal တို့သည်လည်း ယခင်လထက် အသီးသီး မြင့်တက်လာသည်ကို တွေ့ရှိရပြီး အထူးသဖြင့် DVB သည် ၄၁၉ ပုဒ်ဖြင့် ဒုတိယနေရာ ရှိနေပါသည်။ သို့သော်လည်း Mizzima - News in Burmese တစ်ခုတည်းသာ ၂၇၃ မှ ၂၄၂ သို့ ၃၁ ပုဒ်ခန့် လျော့နည်းကျဆင်းသွားသည်ကို တွေ့ရသဖြင့် ခြုံငုံသုံးသပ်ရလျှင် မီဒီယာအများစုမှာ ယခင်လထက် ပိုမိုအားကောင်းလာသော်လည်း One News Myanmar မှာမူ သတင်းတင်ဆက်မှု အားအကောင်းဆုံးဖြစ်နေသည်ကို တွေ့ရပါသည်။ ယခုသီတင်းပတ်အတွင်း နိုင်ငံရေးသတင်းများ၌ လူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့သည့် သတင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်လိုက်သည့် သတင်းပင် ဖြစ်သည်။ နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်များ ထွက်ပေါ်လာသလို၊ လွှတ်တော်တွင်းမှတစ်ဆင့် နိုင်ငံတော်သမ္မတအနေဖြင့် ပြည်သူ့အသံများကို တိုက်ရိုက်ကြားသိခွင့် ရရှိတော့မည်လည်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ အပြောင်းအလဲအနေဖြင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှဲပြောင်းခန့်အပ်လိုက်ခြင်းမှာလည်း အုပ်ချုပ်ရေးနှင့် စစ်ဘက်ရေးရာ အခန်းကဏ္ဍများကို ဗျူဟာမြောက် ပြင်ဆင်လိုက်ခြင်းတစ်ခုအဖြစ် ရှုမြင်နိုင်သည်။ ခြုံငုံသုံးသပ်ရလျှင် ဒုသမ္မတလောင်းအဖြစ် စတင်တင်မြှောက်သည့် မြင်ကွင်းမှသည် သမ္မတအဖြစ်သို့ ရောက်ရှိလာသည့် ဖြစ်စဉ်များအထိ တစ်ပတ်တာအတွင်း အရှိန်အဟုန်ဖြင့် ပြောင်းလဲခဲ့သည့် ဖြစ်စဉ်ကြီးဟု ဆိုနိုင်ပါသည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စတင်ခဲ့သော အမေရိကန်-အစ္စရေး-အီရန် စစ်ရေးသတင်းများမှာလည်း ပြည်သူလူထုအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိဆဲဖြစ်ပါသည်။ စစ်ပွဲကာလ (၅) ပတ် ကြာမြင့်လာသည့် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ပိုမိုကျယ်ပြန့်လာခဲ့ရာ အနည်းဆုံး လူ ၂,၀၇၆ ဦး သေဆုံးပြီး ၂၆,၅၀၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကာ စစ်ပွဲအခြေအနေမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုမိုရှုပ်ထွေးလာသည်ကို တွေ့ရသည်။ အလားတူပင် ပြည်တွင်းစစ်ရေးအခြေအနေတွင်လည်း သဖန်းဆိပ်ဆည်နှင့် ဝင်းဝတံတားတို့အား ပြန်လည်ထိန်းချုပ်နိုင်မှုများသည် တပ်မတော်အနေဖြင့် ဆုံးရှုံးသွားသော နယ်မြေများကို မဟာဗျူဟာကျကျ ဆက်တိုက် ပြန်လည်ရယူရန် ကြိုးပမ်းလာသည်ကို တွေ့မြင်ရသည်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မှုခင်းသတင်းများကို လေ့လာကြည့်လျှင် ဒဂုံဆိပ်ကမ်းရှိ အထည်ချုပ်စက်ရုံတစ်ရုံ၌ ငွေကျပ်သိန်း ၂၀၀၀ နီးပါး လုယက်ခံရမှုနှင့် ရန်ကုန်မြို့ရှိ ရွှေဆိုင် (၂) ဆိုင်ကို သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီးခဲ့သည့် ဖြစ်စဉ်တို့မှာ လူထုကြား စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့သည်။မြို့ကြီးပြကြီးကဲ့သို့သော နေရာမျိုးတွင် ယခုကဲ့သို့ ရာဇဝတ်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်းသည် ဒေသခံပြည်သူများအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ပိုမိုမြင့် တက်စေပါသည်။ အခြားတစ်ဖက်တွင်လည်း စိတ်မကောင်းဖွယ် အဆိုးရွားဆုံး သတင်းတစ်ပုဒ်အနေဖြင့် ဘန်ကောက်မြို့ရှိ မြန်မာအမျိုးသမီးတစ်ဦးသည် မိမိ၏ အသက် (၇) နှစ်အရွယ် သမီးအရင်းကို လည်ပင်းညှစ်သတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ ခို့လန်း ကျွန်းတွင် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ပေါ်ပေါက်ခဲ့ပါသည်။ (NAC) News Analytics Channel #newsanalyticschannel #NAC

(၃၀-၃-၂၀၂၆) မှ (၅-၄-၂၀၂၆) အတွင်း သတင်းများ စိစစ် လေ့လာတွေ့ရှိချက် (NAC) News Analytics Channel #newsanalyticschannel #NAC
+3
(၃၀-၃-၂၀၂၆) မှ (၅-၄-၂၀၂၆) အတွင်း သတင်းများ စိစစ် လေ့လာတွေ့ရှိချက် (NAC) News Analytics Channel #newsanalyticschannel #NAC

(၁၆.၃.၂၀၂၆) မှ (၂၂.၃.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ ယခုတစ်ပတ်အတွင်း သတင်းမီဒီယာများ၏ တင်ဆက်မှုအခြေအနေကို နှိုင်းယှဉ် ကြည့်ပါက ထိပ်ဆုံးမှ ဦးဆောင်နေသည့် DVB TV News သည် သတင်းတင်ဆက်မှု ၄၈၀ မှ ၃၈၄ သို့ သိသိသာသာ လျော့နည်းကျဆင်းသွားသည်ကို တွေ့ရသော်လည်း ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါသည်။ အခြားမီဒီယာများဖြစ်သည့် People's Spring သည် ၂၄၁ မှ ၃၃၆ သို့လည်းကောင်း၊ Popular News Journal သည် ၁၈၁ မှ ၂၈၀ သို့လည်းကောင်း အသီးသီး ပြန်လည်မြင့်တက်လာသည်ကို တွေ့ရပါသည်။ ထူးခြားချက်အနေဖြင့် ယခင်အပတ်က စာရင်းဝင်ခဲ့သည့် Khit Thit Media နှင့် The Irrawaddy တို့မှာ ယခုလထိပ်ဆုံးစာရင်းတွင် ပါဝင်ခြင်းမရှိတော့ဘဲ ၎င်းတို့၏နေရာတွင် One News Myanmar (၃၄၉) နှင့် Mizzima (၂၇၃) တို့ အသစ်ဝင်ရောက်လာသည်ကို တွေ့ရှိရပါသည်။ ယခုသီတင်းပတ်အတွင်း နိုင်ငံရေးသတင်းများ၌ လူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့သည့် သတင်းမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အသီးသီးတွင် အစည်းအဝေးများ ပြန်လည်ကျင်းပခြင်းနှင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်ခြင်း သတင်းပင် ဖြစ်ပါသည်။ လွှတ်တော်များ ပြန်လည်အသက်ဝင်လာမှုနှင့်အတူ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မိမိတို့နယ်မြေအသီးသီးရှိ ပြည်သူများ ကြုံတွေ့နေရသည့် ပကတိအခက်အခဲများနှင့် လိုအပ်ချက်များကို လွှတ်တော်အတွင်း တရားဝင်တင်ပြနိုင် မည့် လမ်းကြောင်းများ ပွင့်သွားပြီဖြစ်သည်။ ထို့ပြင် စစ်ရေးသတင်းများတွင် လက်နက်ခဲယမ်းများနှင့်အတူ PDF အဖွဲ့ဝင် (၅၀၆) ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်ရောက်လာခြင်း ဆိုသည့်သတင်းမှာ လူထုကြားပြန့်နှံ့မှု အားအကောင်းဆုံး ဖြစ်ခဲ့ပါသည်။ တစ်ဖက်တွင်လည်း TNLA ၏ ညှိနှိုင်းရန်ကမ်းလှမ်းမှုကို MNDAA က ငြင်းပယ်ခဲ့သည့် ဖြစ်စဉ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တင်းမာမှု ပိုမိုမြင့်မားလာ စေခဲ့သည့် သတင်းတစ်ပုဒ် ဖြစ်ပြီး ၎င်းတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခ၏ နောက်ကွယ်တွင် နယ်မြေခွဲဝေမှု၊ အခွန်ကောက်ခံမှုနှင့် စီးပွားရေးဆိုင်ရာ လွှမ်းမိုးမှုများအပေါ် အခြေခံသည့် အားပြိုင်မှုများကြောင့်သာ ဖြစ်ပါသည်။ ခြုံငုံသုံးသပ်ရလျှင် လက်နက်ကိုင်အဖွဲ့များ အတွင်း အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် PDF လူငယ်များ အစိုးရထံ ပြန်လည်ပူးပေါင်းလာသူ အရေအတွက် များပြားလာခြင်းမှာ ဒေသတွင်းတည်ငြိမ်ရေး အတွက် အလားအလာကောင်းများ ဖြစ်လာ စေမှာဖြစ် ပါသည်။ အထူးသဖြင့် EAO များကြားမှ ပဋိပက္ခများသည် ၎င်းတို့၏ စစ်ရေးဩဇာကို ကျဆင်းစေပြီး အလင်းဝင်မှု ဖြစ်စဉ်များကမူ နိုင်ငံတော် အတွက် လူသားအရင်းအမြစ်များ ပြန်လည်တိုးပွားလာမှုနှင့် နိုင်ငံအကျိုးစီးပွားကို ပိုမိုအား ကောင်းလာစေမှာဘဲ ဖြစ်ပါသည်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မှုခင်းသတင်းများကို ခြုံငုံသုံးသပ်ရလျှင် မြောက်ဒဂုံရှိ စက်သုံးဆီဆိုင် မီးလောင်မှုသည် သာမန်မီးလောင်မှုထက် ပိုမိုစိုးရိမ်ဖွယ်ရာ ကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။ ဆီတန်းစီနေသော ကားများပါ မီးထဲပါ သွားခြင်းနှင့် လူထိခိုက်ဒဏ်ရာရမှုရှိခြင်းတို့သည် စက်သုံးဆီဆိုင်များတွင် ဘေးအန္တရာယ် ကင်းရှင်းရေး (Safety Measures) အားနည်းချက် ရှိနေသလားဆိုသည်ကို မေးခွန်းထုတ် စရာ ဖြစ်လာပါသည်။ အထူးသဖြင့် ယခုကာလသည် စက်သုံးဆီဆိုင်များ တွင် မော်တော်ယာဉ်များ ဆီတန်းစီသူ ပြားနေချိန်ဖြစ်သဖြင့် စနစ်တကျ ထိန်းကျောင်းမှုနှင့် မီးဘေးကာကွယ်ရေး အသိပညာပေးမှုများမှာ အလွန်အရေးကြီး ကြောင်း ပြသနေပါသည်။ထို့ပြင် ယာဉ်တိုက်မှုကြောင့် သေဆုံးရသည့် ဖြစ်စဉ်များကို အပတ်စဉ် တွေ့ရှိနေရပြီး မင်္ဂလာဒုံတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုရှိ ခဲ့ခြင်းသည် မြို့ပြလမ်းမများပေါ်ရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုနှင့် မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှုပိုင်းကို အထူးဂရုပြုရန် လိုအပ်နေကြောင်း ထပ်မံသတိ ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ (NAC) News Analytics Channel #newsanalyticschannel #NAC

(၁၆-၃-၂၀၂၆) မှ (၂၂-၃-၂၀၂၆) အတွင်း သတင်းများ စိစစ် လေ့လာတွေ့ရှိချက် (NAC) News Analytics Channel #newsanalyticschannel #NAC
+3
(၁၆-၃-၂၀၂၆) မှ (၂၂-၃-၂၀၂၆) အတွင်း သတင်းများ စိစစ် လေ့လာတွေ့ရှိချက် (NAC) News Analytics Channel #newsanalyticschannel #NAC

ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ အချက်အလက်များ (NAC) News Analytics Channel #new
ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ အချက်အလက်များ (NAC) News Analytics Channel #newsanalyticschannel #NAC

၂၀၂၆ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒ+သမိုင်းဘာသာရပ်) ဖြေဆိုမှုအ‌ြေခအနေ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျင်းပသည့် တက္ကသိုလ်ဝင
၂၀၂၆ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒ+သမိုင်းဘာသာရပ်) ဖြေဆိုမှုအ‌ြေခအနေ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပလျက်ရှိရာ ရူပဗေဒ+သမိုင်းဘာသာရပ်တွင် စာရင်းပေးသွင်းထားသူဦးရေ၏ ၉၅ ရာခိုင်နှုန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။ ယခုနှစ် စာမေးပွဲကို ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြိုနယ်ပေါင်း ၂၆၆ မြိုနယ်ရှိ စာစစ်ဌာနပေါင်း ၈၈၇ ဌာနတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖြေဆိုရန် စာရင်းပေးသွင်းထားသူ စုစုပေါင်း ၂၆၈,၇၅၃ ဦး ရှိခဲ့ပါသည်။ ယင်းစာရင်းတွင် ကျောင်းသား ၁၁၂,၁၉၁ ဦးနှင့် ကျောင်းသူ ၁၅၆,၅၆၂ ဦးတို ပါဝင်ကြောင်း သိရပါသည်။ ရူပဗေဒ+သမိုင်းဘာသာရပ်ဝင်ရောက်ဖြေဆိုမှု အခြေအနေမှာ ကျောင်းသား ၁၀၃,၈၈၀ ဦးနှင့် ကျောင်းသူ ၁၅၀,၇၆၉ ဦး၊ စုစုပေါင်း ၂၅၄,၆၄၉ ဦး ဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၄ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။ (NAC) News Analytics Channel #newsanalyticschannel #NAC

(၉.၃.၂၀၂၆) မှ (၁၅.၃.၂၀၂၆) အတွင်း တစ်ပတ်တာ သတင်းအနှစ်ချုပ်နှင့် သုံးသပ်ချက်များ ယခုအပတ်အတွင်း မီဒီယာဌာနအသီးသီး၏ သတင်းတင်ဆက်မှု အခြေအနေများကို လေ့လာကြည့်ရာတွင် DVB TV News သည် ယခင်အပတ်က သတင်းတင်ဆက်မှု အနေဖြင့် ၃၈၀ သာ ရှိခဲ့သော်လည်း ယခုအပတ်တွင် ၄၈၀ အထိ သိသိသာသာ မြင့်တက်လာပြီး ထိပ်ဆုံးမှ ဦးဆောင်နေသည်ကို တွေ့ရပါသည်။အခြားတစ်ဖက်တွင် People's Spring သည် ၃၄၇ မှ ၂၄၁ သို့လည်းကောင်း၊ Popular News Journal သည် ၂၇၇ မှ ၁၈၁ သို့လည်းကောင်း အသီးသီး လျော့နည်းကျဆင်းသွားခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် ယခင်အပတ်က ထိပ်ဆုံးစာရင်း(၅)ခုတွင် ပါဝင်ခဲ့သည့် One News Myanmar နှင့် Eleven Media Group တို့မှာ ယခုအပတ်တွင် ပါဝင်ခဲ့ခြင်းမရှိတော့ဘဲ Khit Thit Media (၂၁၄) နှင့် The Irrawaddy (၂၀၁) တို့က စာရင်းထဲသို့ အသစ်ဝင်ရောက်လာခဲ့သည်ကို တွေ့ရှိရသည်။ လက်ရှိနိုင်ငံရေး သတင်းများထဲတွင် "မြန်မာ့မျက်နှာစာသစ်ဖိုရမ်" တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းသည် လူထုစိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်ခဲ့ပါသည်။ ထိုဖိုရမ်မှ မိန့်ခွန်းများနှင့် တက်ရောက်လာသူများ၏ ဆွေးနွေးချက်များကို ကြည့်ခြင်းအားဖြင့် လက်ရှိအစိုးရအနေဖြင့် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတော်လုံခြုံရေးနှင့် အနာဂတ်စီမံကိန်းများကို လူထုထံ ပိုမိုပွင့်လင်းမြင်သာစွာ ချပြခဲ့သည်ကိုတွေ့ရပြီး နိုင်ငံရေးအရ အရေးပါသော အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် ခြေလှမ်းပြင်နေခြင်းပင် ဖြစ်သလို တစ်ဖက်တွင်လည်း ပညာရေးကဏ္ဍ၌ အလွန်အရေးကြီးသည့် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၂ သိန်းကျော် ဝင်ရောက်ဖြေဆိုကြခြင်းသည် နိုင်ငံ၏ အနာဂတ်ပညာရေးအတွက် များစွာအားတက်ဖွယ်ရာ သတင်းကောင်းတစ်ခု လည်းဖြစ်ခဲ့ပါသည်။ ထို့ပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ စစ်ရေးအခြေအနေတွေကို ပြန်ကြည့်ရင် တပ်မတော်ဘက်က နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် ဗျူဟာမြောက် ပြင်ဆင်မှုတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာသည်ကို တွေ့ရသည်။ အထူးသဖြင့် တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဟာ မြေပြင်စစ်ဆင်ရေးမှာ အသာစီးပြန်ရဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် မြင်သာစေသလို၊ တစ်ဖက်မှာလည်း လေယာဉ်သစ်တွေကို တပ်တော်ဝင် အင်အားဖြည့်တင်းလိုက်တာက ရှေ့တန်းစစ်မျက်နှာတွေမှာ လေကြောင်း စွမ်းအားကို အထိရောက်ဆုံးအသုံးပြုပြီး နယ်မြေစိုးမိုးမှုကို အကျိုးရှိရှိ အသုံးချဖို့ ပြင်ဆင် လာသည်ကို တွေ့ရပါသည်။ ဒါကို ခြုံငုံသုံးသပ်ရရင် တပ်မတော်အနေနဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ မြေပြင်ရောဝေဟင်ပါ အင်အားသုံးပြီး ထိုးစစ်ဆင် မှုတွေကို ပိုမိုပြင်းထန်အောင် ဖော်ဆောင်လာမယ့် အလားအလာရှိနေတယ်လို့ ယူဆ ရပါသည်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မှုခင်းသတင်းများကို ခြုံငုံသုံးသပ်ရလျှင် ပြည်သူလူထု၏ နေ့စဉ်ဘဝလုံခြုံရေးသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း ထင်ရှားစွာ တွေ့ရှိရပါသည်။ အထူးသဖြင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရသည့် ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် လူစည်ကားရာ မြို့ပြရပ်ကွက်များ၌ပင် ဘဏ်ကဲ့သို့သော နေရာမျိုး စီးနင်းခံရခြင်းသည် တရားဥပဒေ စိုးမိုးရေး အားနည်းနေသည်ကို မီးမောင်းထိုးပြနေပြီး လူထုအကြား စိုးရိမ်ထိတ်လန့်မှုကို ပိုမိုကြီးထွားစေပါသည်။ တစ်ဖက်တွင်လည်း တရားမဝင် ပြည်ပနိုင်ငံသား ၆၉ ဦးကို ထပ်မံဖမ်းဆီးရမိသည့်သတင်းအရ နယ်စပ်ဝင်ပေါက်များ၌ စစ်ဆေးကြပ်မတ်မှုများ ရှိနေသည်ဆိုသော်လည်း တရားမဝင် ဝင်ရောက်မှုများ အဆက်မပြတ် ရှိနေဆဲဖြစ်သဖြင့် ပြည်တွင်းလုံခြုံရေးနှင့် နယ်စပ်ထိန်းချုပ်ရေး ကဏ္ဍနှစ်ရပ်လုံး၌ ပိုမိုထိရောက်သော ကြပ်မတ်ကွပ်ကဲမှုများ လိုအပ်နေသည့် အနေအထားတွင် ရှိနေပါသည်။ (NAC) News Analytics Channel #newsanalyticschannel #NAC

(၉-၃-၂၀၂၆) မှ (၁၅-၃-၂၀၂၆) အတွင်း သတင်းများ စိစစ် လေ့လာတွေ့ရှိချက် (NAC) News Analytics Channel #newsanalyticschannel #NAC
+3
(၉-၃-၂၀၂၆) မှ (၁၅-၃-၂၀၂၆) အတွင်း သတင်းများ စိစစ် လေ့လာတွေ့ရှိချက် (NAC) News Analytics Channel #newsanalyticschannel #NAC

၂၀၂၆ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာ) ဖြေဆိုမှုအ‌ြေခအနေ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို က
၂၀၂၆ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာ) ဖြေဆိုမှုအ‌ြေခအနေ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့ တတိယနေ့ သင်္ချာဘာသာရပ်တွင် စာရင်းပေးသွင်းထားသူဦးရေ၏ ၉၅ ရာခိုင်နှုန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။ ယခုနှစ် စာမေးပွဲကို ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြိုနယ်ပေါင်း ၂၆၆ မြိုနယ်ရှိ စာစစ်ဌာနပေါင်း ၈၈၇ ဌာနတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖြေဆိုရန် စာရင်းပေးသွင်းထားသူ စုစုပေါင်း ၂၆၈,၇၅၃ ဦး ရှိခဲ့ပါသည်။ ယင်းစာရင်းတွင် ကျောင်းသား ၁၁၂,၁၉၁ ဦးနှင့် ကျောင်းသူ ၁၅၆,၅၆၂ ဦးတို ပါဝင်ကြောင်း သိရပါသည်။ သင်္ချာဘာသာရပ်ဝင်ရောက်ဖြေဆိုမှု အခြေအနေမှာ ကျောင်းသား ၁၀၃,၉၇၀ ဦးနှင့် ကျောင်းသူ ၁၅၀,၈၄၂ ဦး၊ စုစုပေါင်း ၂၅၄,၈၁၂ ဦး ဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၄ ဒသမ ၈၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။ (NAC) News Analytics Channel #newsanalyticschannel #NAC

၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းစာစစ်ဌာန စုစုပေါင်း ၅၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာ
၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းစာစစ်ဌာန စုစုပေါင်း ၅၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၃,၃၈၆ ဦး ရှိပြီး စာမေးပွဲ ဒုတိယနေ့တွင် စက်မှုကျောင်းသား ကျောင်းသူများက အင်္ဂလိပ်စာဘာသာရပ်၊ စိုက်ပျိုးရေးကျောင်းသား ကျောင်းသူများက သီးနှံထုတ်လုပ်ရေး (၁) ဘာသာရပ်၊ မွေးမြူရေးကျောင်းသား ကျောင်းသူများက ကြက်မွေးမြူထုတ်လုပ်ရေး ဘာသာရပ်တို့ကို ဖြေဆိုကြပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၃,၃၆၄ ဦး၊ ပျက်ကွက် ၂၂ ဦး ရှိကာ ဖြေဆိုသူ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ (NAC) News Analytics Channel #newsanalyticschannel #NAC