𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
رفتن به کانال در Telegram
Programming • Networking • Database • Cybersecurity 🛡️ New tutorials and updates posted daily! ✅ Click to learn more. https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
نمایش بیشتر5 652
مشترکین
+324 ساعت
+77 روز
+6230 روز
آرشیو پست ها
5 652
🔐 Window Computer တွေမှာ Wi-Fi password ကြည့်နည်း 💻🔍
Wi-Fi password မေ့သွားရင် 😅 ဒီနည်းလမ်းလေးတွေ သုံးပြီး ပြန်ရယူပါဗျ 👇
1️⃣ Window + I တွဲနှိပြီး Settings ကို ဖွင့်ပါ ⚙️
2️⃣ Network and Internet ကို နှိပ်ပါ 🌐
3️⃣ Wi-Fi tab အောက်က Network and Sharing Center ကို နှိပ်ပါ 🔄
4️⃣ Change adapter settings ကို နှိပ်ပါ 📶
5️⃣ Wi-Fi wireless adapter ကို double click နှိပ်ပြီး ဖွင့်လိုက်ပါ 🖱️
6️⃣ Wireless Properties ဆိုတာလေးကို နှိပ်ပါ ⚡
7️⃣ Security tab အောက်က Show character box လေးကို ✅ အမှန်ခြစ်လိုက်ရင်... Tada! Wi-Fi password ပေါ်လာပါပြီ! 🔓
⚠️ သတိထားရန် ⚠️
▪️ ဒီနည်းက ကိုယ့် PC နဲ့ချိတ်ထားတဲ့ Wi-Fi အတွက်ပဲအလုပ်လုပ်ပါတယ်! 🖥️
▪️ သူများရဲ့ Wi-Fi ကို မကြည့်ပါနဲ့! 👮♂️
💬 သင်ရော ဒီနည်းလေးသုံးဖူးပါသလား?
👇 Comment မှာဝေမျှပေးပါနော်!
👍 Like & 🔄 Share လုပ်ပြီး မိတ်ဆွေတွေကိုပါသိအောင်လုပ်ပေးပါဗျ!
📌 နောက်ထပ် Tech Tips တွေအတွက်
👉 Channel လေးကို subscribe လုပ်ထားလိုက်ပါဗျ! 🚀
✨ Bonus Tip:
အကယ်၍ ဒီနည်းနဲ့မရရင် CMD ကနေ
netsh wlan show profile name="WiFi_Name" key=clear လို့ရိုက်ကြည့်နိုင်ပါတယ်ဗျ! 💡**
#IT_Galaxy
#WiFiHack
#TechTipsMM
#MyanmarTech
#PasswordRecovery
#WindowsTricks
#TechLovers
#အင်တာနက်အကူအညီ
#ကွန်ပျူတာနည်းလမ်း
5 652
"❌ Laptop သုံးရင်ဒီ ၅ မျိုးမလုပ်မိအောင် သတိထားပါ၊⚠️"
1️⃣ 🔌 Charger 24/7 တပ်ထားခြင်း
Battery 100% ရောက်ရင် ဖြုတ်ပါ! မဟုတ်ရင် Battery Life ကျဆင်းမယ်။
2️⃣ 🛏 အိပ်ရာ/ခေါင်းအုံးပေါ်တင်သုံးခြင်း
Ventilation ပိတ်သွားပြီး Overheat ဖြစ်ကာ Hardware ပျက်စီးတတ်တယ်!
3️⃣ 💀 Virus ရှိတဲ့ Software/Website သုံးခြင်း
Crack Software တွေကနေ Hacker ဝင်ပြီး Data ပျက်သွားနိုင်တယ်!
4️⃣ ⏹️ Power Button နဲ့ချက်ချင်းပိတ်ခြင်း
File System ပျက်စီးပြီး Windows Error တက်နိုင်တယ်!
5️⃣ 🌙 ညဘက် Charging အပြည့်ထားခြင်း
Battery ဖောင်းလာပြီး အန္တရာယ်ရှိတယ်! 80% မှာရပ်ပါ။
"သင့် Laptop ကြာရှည်ခံစေဖို့ ဒီအချက်တွေကိုသတိထားပါဗျ!
👍 ကျွန်တာ်တို့ရဲ့ telegram channel ကိုလည်း subscribe လုပ်ထားပေးပါအုံးဗျ။
#LaptopCare
#TechMyanmar
#ComputerTips
#NoVirus
#BatteryLife
#IT_Galaxy
#fyp
5 652
Computer Networking ကိုအခုမှ စလေ့လာမယ့် သူများအတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်ခုဖြစ်ပါတယ်။
5 652
🌐 Internet သုံးတဲ့အခါ ပိုမို မြန်ဆန်စေမယ့် Browser Shortcutများ⌨️⚡
ဒီ Shortcut တွေသိထားရင် သူများတွေ ၁ မိနစ်လုပ်တာကို ၁၀ စက္ကန့်နဲ့ ပြီးအောင် လုပ်လို့ရပါတယ်!
🔥 မဖြစ်မနေသိထားရမယ့် Basic Shortcuts
- Ctrl + T ➝ Tab အသစ်ဖွင့်
- Ctrl + W ➝ Tab ပိတ် (မှားပိတ်မိရင် Ctrl + Shift + T နဲ့ ပြန်ဖွင့်)
- Ctrl + Tab ➝ Tab တွေကြား လျှောက်ပြောင်း
- Ctrl + F ➝ စာရှာ (ဒီဟာလေးတစ်ခုတည်းနဲ့တင် PDF/Webpage တွေမှာ အရမ်းအဆင်ပြေသွား!)
🚀 Pro Level Shortcuts
- Ctrl + Shift + N ➝ Chrome/Edge မှာ Incognito Mode ဖွင့် (သီးသန့်ရှာဖွေချင်တဲ့အခါသုံး)
- Space Bar ➝ Page အောက်ကိုချ (Shift + Space နဲ့ အပေါ်ပြန်တက်)
- Ctrl + L ➝ Address Bar ကို တန်းရွေး (URL ပြောင်းရတာ အရမ်းမြန်သွားစေမယ်)
- Ctrl + 1/2/3... ➝ ဖွင့်ထားတဲ့ Tab အလိုက် ချက်ချင်းပြောင်း
⚠️ သတိထားရန်:
- ဒီ Shortcut တွေက Chrome/Edge/Firefox တို့မှာ အလုပ်လုပ်ပါတယ်
- Mac သုံးရင် Ctrl အစား Command (⌘) နဲ့ပြောင်းသုံးပါ
👉 သင့်အကြိုက်ဆုံး Shortcut က ဘာလဲ? Comment မှာဝင်ပေးသွားပါအုံးဗျ!
#BrowserShortcuts
#TimeSavingTips
#MyanmarTech
#InternetHacks
#Productivity
#IT_Galaxy
5 652
⌨️ Keyboard Chattering ဆိုတာက ကီးဘုတ်ရဲ့ key တစ်ချောင်းကို တစ်ခါနှိပ်ရုံနဲ့ အကြိမ်များစွာ ရိုက်ထွက်နေတဲ့ပြဿနာ ဖြစ်ပါတယ်။💢
---
🔍 Keyboard Chattering ဖြစ်ရတဲ့ အကြောင်းရင်းများ
🛠 Mechanical Issue – Key switch အတွင်းမှာ ဖုန်၊ အမှိုက်၊ အစိုဓာတ် ဝင်ခြင်း (သို့) switch ပျက်စီးနေခြင်း။
⏳ Wear and Tear – အချိန်ကြာလာတဲ့အခါ key switch များ အားနည်းလာခြင်း (အထူးသဖြင့် mechanical keyboard တွေမှာ)။
💻 Software Issue – Driver ပြဿနာ (သို့) firmware bug ဖြစ်နေခြင်း။
---
⚡️ Quick Fix Steps (မြန်မြန်ပြင်နည်း)
1️⃣ အရင်ဆုံး Key ကို စစ်ဆေးပါ
- ဘယ် Key ကပြဿနာဖြစ်နေလဲဆိုတာ ခဏခဏနှိပ်ကြည့်ပါ
- Keyboard Tester Website ([keyboardtester.com](https://keyboardtester.com)) သုံးပြီး စစ်ဆေးနိုင်ပါတယ်🔍
2️⃣ ဖုန်သန့်စင်ပါ
- Compressed Air (သို့) ဆေးကြောတဲ့အရည် + Brush သုံးပြီး Key အောက်ကို သန့်ရှင်းပါ🧹
3️⃣ Keycap ကိုဖြည်ပါ (လုပ်နိုင်ရင်)
- Keycap ကို Keycap Puller (သို့) လက်နဲ့ဖြည်ပြီး Switch အတွင်းပိုင်းကို သန့်စင်ပါ🔧
4️⃣ Software ကနေပြင်ဆင်ပါ
- Keyboard Driver Update လုပ်ပါ🔄
- Debounce Time ကိုတိုးပါ (Mechanical Keyboard ဆိုရင် Firmware Software သုံးပါ)⚙️
5️⃣ ပြန်စမ်းသပ်ပါ
- ပြင်ပီးရင် စာရိုက်ကြည့်ပါ - ပြဿနာရှိမရှိ ထပ်စစ်ပါ✅
---
💬 "သင့်ရဲ့ Keyboard မှာ ဒီလိုပြဿနာကြုံဖူးလား? Comment မှာဝင်ပြောေပးလို့ရပါနော်!"👇
🔔 "ဒီလိုအသုံးဝင်တဲ့ Tech Tips တွေကို မလွတ်တမ်းရယူဖို့ ကျွန်တော်တို့ရဲ့ Channel ကို subscribe လုပ်ထားပါနော်!"
#IT_Galaxy
#KeyboardFix
#TechTips
#MyanmarTech
#GadgetLover
#PCMaintenance
#KeyboardProblem
5 652
Programming ကို free လေ့လာလို့ရမယ့် website ၁၇ ခု 🧑💻
✅ inprogrammer
✅ javascript
✅ theodinproject
✅ stackoverflow
✅ geeksforgeeks
✅ studytonight
✅ freecodecamp
✅ mozilla dev
✅ javatpoint
✅ codecademy
✅ sololearn
✅ programiz
✅ w3schools
✅ tutsplus
✅ w3school
✅ youtube
✅ scrimba
React "❤️" for More
5 652
📌 မိတ်ဆွေတို့ရဲ့ reaction လေး တစ်ခုက ကျွန်တော်တို့အတွက် နောက်ထပ် IT knowledge တွေ ရှယ်နိုင်ဖို့ အားဆေး တစ်ခွက်ပါပဲဗျာ။
ဒါကြောင့် reaction လေးတွေ ပေးခဲ့ကြပါအုံးဗျာ🙏
5 652
Windows ကွန်ပျူတာမှာ တစ်ပတ် တစ်ခါ (သို့) တစ်လ တစ်ခါ အောက်မှာဖော်ပြထားတဲ့ အမှိုက်ဖိုင်ရှင်းလင်းတဲ့ နည်း(၅) နည်း နဲ့ ပုံမှန်ပြုလုပ်ပေးမယ် ဆိုရင်တော့ မိတ်ဆွေတို့ရဲံ့ computer performance speed ပိုမိုကောင်းမွန်းလာစေမှာ ဖြစ်ပါတယ်ခင်ဗျာ။
---
### 1. %temp% (Temporary Files Folder)
- ဘာလုပ်ပေးလဲ?
Windows နဲ့ Software တွေသုံးရင်း ယာယီဖြစ်လာတဲ့ Cache/Log ဖိုင်တွေ သိမ်းထားတဲ့မလိုအပ်တဲ့ဖိုင်ေတွကို ရှင်းပေးပါတယ်။
- ဘယ်လိုရှင်းမလဲ?
- ⊞ Win + R နှိပ် → %temp% ရိုက်ပြီး Enter နှိပ်ပါ။
- Ctrl + A နဲ့ ဖိုင်အားလုံးရွေး → Shift + Delete နှိပ်ပြီး အပြီးဖျက်ပါ။
- အချို့ဖိုင်များ ဖျက်မရပါက → "Skip" လုပ်ပါ (အသုံးပြုနေသော Program ရှိလို့ဖြစ်နိုင်သည်)။
---
### 2. temp (System Temp Folder)
- Path: C:\Windows\Temp
- ဘာကွာလဲ?
%temp% ထက် System-level ယာယီဖိုင်တွေ သိမ်းတဲ့နေရာကို ရှင်းပေးပါတယ် (ဖျက်လို့ရပါတယ်)။
- ရှင်းနည်း:
- ⊞ Win + R → temp ရိုက်ပါ → Enter။
- ဖိုင်အားလုံးကို ဖျက်ပါ (Admin permission တောင်းပါက "Continue" နှိပ်ပါ)။
---
### 3. recent (Recent Items/Files)
- ဘယ်မှာသိမ်းထားလဲ?
%AppData%\Microsoft\Windows\Recent\
- ဘာလုပ်ပေးလဲ?
နောက်ဆုံးအသုံးပြုခဲ့တဲ့ ဖိုင်/folder တွေကို ရှင်းပေးပါတယ် (ဖျက်လို့အဆင်ပြေပါတယ်)။
- ရှင်းနည်း:
- ⊞ Win + R → recent ရိုက်ပါ → Enter။
- Ctrl + A → Shift + Delete။
---
### 4. prefetch (Prefetch Files)
- Path: C:\Windows\Prefetch
- အရေးကြီးလား?
Program တွေ မြန်မြန်စတင်နိုင်အောင် Cache လုပ်ထားတဲ့ဖိုင်များကို ရှင်းပေးပါတယ် (ဖျက်လို့ရပါတယ်၊ Windows က အလိုလို ပြန်ဖန်တီးမည်)။
- ရှင်းနည်း:
- ⊞ Win + R → prefetch ရိုက်ပါ → Enter။
- ဖိုင်အားလုံးရွေး → ဖျက်ပါ (Admin permission လိုအပ်ပါမယ်)။
---
### 5. cleanmgr (Disk Cleanup Tool)
- ဘာလုပ်ပေးလဲ?
Windows ရဲ့ Built-in Tool ဖြစ်ပြီး Temporary files, Recycle Bin, System files အဟောင်းတွေကို အလိုလိုရှင်းပေးနိုင်တယ်။
- အသုံးပြုနည်း:
- ⊞ Win + R → cleanmgr ရိုက် → Enter။
- Disk (ဥပမာ C:) ရွေး → OK။
- "Files to delete" မှာ အောက်ပါတို့ကို ရွေးပါ:
- Temporary files
- Recycle Bin
- Thumbnails
- Downloaded Program Files (မလိုအပ်ပါက)
- Clean up system files ကိုနှိပ်ပြီး Windows Update အဟောင်းတွေပါ ဖယ်ရှားနိုင်သည်။
---
### 📌 အကြံပြုချက်များ
✅ CCleaner (Third-Party Tool) သုံးပြီး 1-Click ရှင်းနိုင်ပါတယ်။
✅ တစ်လတစ်ခါ ဒီနည်းတွေနဲ့ ရှင်းပါ (စက်မြန်ဆန်မှု တိုးစေပါတယ်)။
⚠️ သတိထားရန်: C:\Windows အောက်က အခြားဖိုင်တွေကို မဖျက်ပါနဲ့!
ဒီ Command တွေသုံးပြီး ကွန်ပျူတာကို သန့်ရှင်းရေးလုပ်ရင် Storage နေရာလွတ်တာ အပြင် Performance လည်း ပိုကောင်းလာ မှာဖြစ်ပါတယ်ခင်ဗျာ! 🚀
ဒီလို Tech Tips တွေ ထပ်သိချင်ရင်တော့ ကျွန်တော်တို့ရဲ့ telegram channel လေးကို subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ! 💙
#ComputerMaintenance
#PCTips
#MyanmarTech
#DigitalCleanup
#IT_Galaxy
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
