BBM
رفتن به کانال در Telegram
3 259
مشترکین
-624 ساعت
-207 روز
-7630 روز
آرشیو پست ها
3 259
မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းတွေထားရှိရာ အကျဥ်းထောင်ကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်
-စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံး
BBM - ဇူလိုင် ၃
သတင်း - နိုင်နိုင်
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ စစ်သုံ့ပန်းတွေ ထားရှိရာအကျဥ်းထောင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးသွားတယ်လို့ မောင်တောမြို့နယ်ရှိ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က ဇူလိုင်လ ၂ ရက်နေ့၊ ညနေ ၃ နာရီအချိန်မှာ စစ်ကောင်စီတပ်ဟာ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ စစ်သုံ့ပန်းတွေကိုထားရှိရာ အကျဥ်းထောင်ကို လေကြောင်းမှ ဗုံးအလုံးရေ စုစုပေါင်း ၃၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့က ဇွန်လ ၂ ရက်နေ့၊ ညနေ (၃) နာရီမှ (၃) နာရီ (၁၃) မိနစ်အထိ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့သလို ညနေ ၃ နာရီ ၁၇ မိနစ်မှ ညနေ ၃ နာရီ ၃၂ မိနစ်အထိ Y-12 လေယာဥ်တစ်စီးနဲ့ ဗုံးအလုံးရေ ၂၇ လုံးအထိ ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၄ ယောက်မှာ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေလည်း ရှိနေကာ အကျဥ်းထောင်တစ်ချို့ရဲ့ အဆောက်အအုံတွေမှာလည်း ဗုံးစတွေကြောင့် ပြိုကျပျက်စီးမှုတွေ ရှိနေတယ်လို့ AA နဲ့ နီးစပ်တဲ့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မောင်တောမြို့နယ်ကို ၂ ရက်ဆက်လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်မှုတွေကြောင့် မြို့ခံတစ်ချို့မှာလည်း စိုးရိမ်ထိတ်လန့်ကာ ယာယီတိမ်းရှောင်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
"ကြိမ်ချောင်းမှာ ရှိတဲ့အကျဥ်းစခန်းကို ဗုံး ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တာပါ။ ဂျက်ဖိုက်တာ ၂ စီးနဲ့ အရင်လာချဖြစ်ပါတယ်။ ပြီးတော့ Y-12 နဲ့ ထပ်လာချပါတယ်။ အကျဥ်းစခန်းမှာရှိတဲ့ စစ်သုံ့ပန်း ၄ ဦး သေဆုံးသွားပြီး နောက်ထပ်လည်း ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိပါသေးတယ်။ မောင်တောမြို့နယ်ကို ၂ ရက်ဆက် ဗုံးလာကြဲချတာကြောင့် မြို့ခံတွေမှာလည်း အတော်လေး ကြောက်လန့်နေကြရပါတယ်" လို့ မောင်တောမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။
မနေ့က ဇူလိုင်လ ၁ ရက်နေ့၊ ညနေ ၁၀ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီတပ်ဟာ မောင်တောမြို့နယ်ရှိ နခခ (၂)၊ နခခ (၅) နဲ့ ကျီးကန်းပြင်ကျေးရွာတွေကို ဂျက်ဖိုက်တာ ၂ စီးအပါအဝင် Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးအရေ ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း အကျဉ်းစခန်းတွေကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စစ်သုံ့ပန်းအပါအဝင် မိသားစုဝင် ၂၀၀ ကျော် သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ Myanmar Witness (မြန်မာ့သက်သေ)အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် မတ်လအတွင်းရှိ ရခိုင်၊ ရှမ်းနဲ့ ကရင်နီပြည်နယ်အတွင်းရှိ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို ထားရှိရာ နေရာ ၇ ခုကို လေကြောင်းမှ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့ကလည်း အာရက္ခတပ်တော် AA က ထိန်းသိမ်းထားတဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့အထိ တစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲချသတ်ဖြတ်မှုဖြစ်စဥ် ၅ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့လည်း BBM က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
Photos - AA Info Desk, APM
https://www.facebook.com/share/p/1GVPKxUH2x/
3 259
ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ကို အထက်တန်းလယ် ၀င်ငွေရှိတဲ့ နိုင်ငံအဖြစ် တိုးမြှင့်
BBM-ဇူလိုင် ၃
နှစ်ပေါင်းများစွာ စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီးနောက် ကမ္ဘာ့ဘဏ်က ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ကို အထက်တန်းလယ် ဝင်ငွေရှိတဲ့ နိုင်ငံများစာရင်း (Upper-Middle-Income Status) ထဲကို အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။
ဒါဟာ ဒီနှစ်နိုင်ငံအပေါ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပိုပြီး ခိုင်မာလာစေမယ့် အလားအလာလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့က ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှရဲ့ အဓိက စီးပွားရေးအင်အားကြီး ၅ နိုင်ငံ (စင်ကာပူ၊ မလေးရှား၊ ထိုင်း အပါအဝင်) စလုံးဟာ အခုဆိုရင် အထက်တန်းလယ် ဝင်ငွေရှိတဲ့ အဆင့်နဲ့ ထိုထက်မြင့်တဲ့ အဆင့်တွေဆီ ရောက်ရှိသွားကြပြီ ဖြစ်ပါတယ်။
စာရင်းဇယားတွေအရ ဗီယက်နမ်ဟာ ၂၀၀၉ ခုနှစ်ကတည်းက အောက်တန်းလယ် ဝင်ငွေရှိတဲ့ နိုင်ငံ (Lower-Middle-Income) အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး ဖိလစ်ပိုင်ကတော့ ၁၉၈၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကတည်းက ရှိနေခဲ့တာပါ။
ကမ္ဘာ့ဘဏ်ရဲ့ သုံးသပ်ချက်အရ ဗီယက်နမ်ရဲ့ တိုးတက်မှုက ပို့ကုန်ဦးစားပေး စီးပွားရေးပုံစံကြောင့်ဖြစ်ပြီး ဖိလစ်ပိုင်ကတော့ ကဏ္ဍတစ်ခုတည်း မြင့်တက်လာတာမျိုး မဟုတ်ဘဲ လုပ်ငန်းကဏ္ဍအားလုံး မျှမျှတတ တိုးတက်လာတဲ့ “တစ်နိုင်ငံလုံးအတိုင်းအတာ စီးပွားရေး အပြောင်းအလဲ” ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်မှာ ဗီယက်နမ်ရဲ့ တစ်ဦးကျ ရင်းနှီးမြှုပ်နှံမှု အပါအဝင် တစ်မျိုးသားလုံး ဝင်ငွေ (GNI) ဟာ အမေရိကန်ဒေါ်လာ ၄,၉၇၀ (စင်ကာပူဒေါ်လာ ၆,၄၃၅) ရှိခဲ့ပြီး ဖိလစ်ပိုင်ကတော့ ၄,၈၅၀ ဒေါ်လာ အသီးသီး ရှိခဲ့ကြပါတယ်။
ဒါဟာ ကမ္ဘာ့ဘဏ်က သတ်မှတ်ထားတဲ့ အထက်တန်းလယ်ဝင်ငွေ ဝင်ဆံ့ဖို့ သတ်မှတ်ချက် ဒေါ်လာ ၄,၆၃၆ ထက် ကျော်လွန်သွားခဲ့တာပါ။
ဖိလစ်ပိုင် ယူနီယံဘဏ်ရဲ့ အဓိက စီးပွားရေးပညာရှင် Ruben Carlo Asuncion က “ကမ္ဘာ့ဘဏ်ရဲ့ လှေကားထစ်မှာ အပေါ်ကို ပိုတက်လှမ်းနိုင်လေလေ အဲ့ဒီနိုင်ငံဟာ ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လေလေ ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်” လို့ သုံးသပ်ထားပါတယ်။
ဝန်ကြီး Balisacan ကလည်း "တရားဝင် ဖွံ့ဖြိုးရေးကူညီမှု ချေးငွေအချို့ လျော့နည်းသွားနိုင်ပေမယ့် နိုင်ငံတကာဈေးကွက်ကို ပိုပြီး လက်လှမ်းမီလာတာကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေက လျော့ပါးသွားမယ့် အခွင့်အရေးနဲ့ယှဉ်ရင် အများကြီး ပိုသာလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
Reference - The Straits Times
Translation - Alice
https://www.facebook.com/share/p/18ZYmnWdRM/
3 259
၅နှစ်တာအတွင်း ရုရှားက ယူကရိန်းကို အပြင်းထန်ဆုံးတိုက်ခိုက်မှု ပြုလုပ်
BBM - ဇူလိုင် ၃
ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက စစ်ပွဲအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုအနေနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၂၁ ဦး သေဆုံးသွားခဲ့ပါတယ်။
ဇူလိုင်လ ၂ရက်နေ့ မနက်အစောပိုင်းက ရုရှားဘက်က ဒရုန်း ရာနဲ့ချီ၊ မစ်ဆိုင်းဒုံးကျည် ဒါဇင်နဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ စစ်ပွဲအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ပြီး အနည်းဆုံး လူ ၂၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သလို အဆောက်အအုံ ၁၃၀ ခန့်လည်း ပျက်စီးသွားခဲ့ပါတယ်။
ညဘက်ကြီး ကိယက်ဗ် မြို့လယ်ခေါင်မှာ ပေါက်ကွဲသံတွေ တစ်ချက်ပြီးတစ်ချက် အကျယ်ကြီး ထွက်ပေါ်လာခဲ့လို့ မြို့ခံ ထောင်ပေါင်းများစွာဟာ ဗုံးခိုကျင်းတွေနဲ့ မြေအောက်မက်ထရိုဘူတာရုံတွေထဲကို အလုအယက် ပြေးပုန်းခဲ့ကြရပါတယ်။
ကောင်းကင်ယံတစ်ခုလုံးမှာလည်း မီးခိုးလုံးကြီးတွေ မှိုင်းအုပ်သွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ မေလနောက်ပိုင်း ကိယက်ဗ် မှာ လူအသေအပျောက် အများဆုံးဖြစ်ရပ် ဖြစ်ပါတယ်။
အခုဆို စစ်ပွဲက ၅ နှစ်ထဲထဲကို ရောက်နေပြီဖြစ်ပေမဲ့ မြို့တော်အနှံ့ ဒီလောက်အထိ အဆောက်အအုံတွေ အပြားလိုက်ပျက်စီးသွားတာမျိုးဟာ အရင်က ခပ်ရှားရှားပဲလို့ ဆိုရမှာပါ။
အိုင်ယာလန်ခရီးစဉ်ကို ဖျက်ပြီး အိမ်ပြန်ပြေးလာခဲ့ရတဲ့ သမ္မတ ဗလာဒီမာ ဇလန်းစကီးဟာ ၉ ထပ်ပါ လူနေအဆောက်အအုံတစ်လုံးရဲ့ တစ်ဝက်လောက် ပျက်စီးသွားတဲ့ နေရာတစ်ခုဆီ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
သူက မဟာမိတ်တွေဘက်က ကတိပေးထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အချိန်မီ မပို့ပေးနိုင်ခဲ့တာကြောင့် အခုလို ပျက်စီးဆုံးရှုံးမှုတွေ ပိုများသွားရတာလို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။
လူကလည်း ပင်ပန်းနွမ်းနယ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေပုံရတဲ့ ဇလန်းစကီးက "ကျွန်တော်တို့ရဲ့ မဟာမိတ်တွေသာ ကတိအတိုင်း အချိန်မီ ပို့ပေးခဲ့ရင် ဒီနေ့ အိမ်တွေနဲ့ လူ့အသက်တွေကို ဒီထက်မက ကယ်တင်နိုင်ခဲ့လိမ့်မယ်လို့ ထင်တယ်”လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ တောင်းဆိုနေတာက ပိုပြီးတော့လည်း မဟုတ်ပါဘူး၊ အချင်းချင်း သဘောတူထားတဲ့အတိုင်းလေးပဲ လုပ်ပေးကြဖို့ပါ" လို့ ပြောသွားပါတယ်။
ယူကရိန်းလေတပ်ရဲ့ ပြောကြားချက်အရ ရုရှားဟာ တစ်ညတည်းမှာတင် မစ်ဆိုင်းဒုံးကျည် ၇၄ စင်းနဲ့ ဒရုန်း ၄၉၆ စင်းအထိ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
လေတပ်ပြောရေးဆိုခွင့်ရှိသူ ယူရီ အစ်ဟ်နတ်တ်ကတော့ ဒီတစ်ခေါက်မှာ ဘာလစ်စတစ် မစ်ဆိုင်းဒုံးကျည် အသုံးပြုတဲ့ အရေအတွက်က ပုံမှန်ထက် ပိုများနေပြီး အဲဒါတွေကို ကြားဖြတ်ပစ်ချနိုင်တဲ့နှုန်းကလည်း အတော်လေး နည်းခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက Patriot မစ်ဆိုင်းဒုံးကျည် ပြတ်လပ်တဲ့ပြဿနာနဲ့ ရုန်းကန်နေရတာပါ။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့ရဲ့ Telegram မှာ တင်ထားတဲ့စာထဲမှာ ကောင်းကင်၊ ကုန်းမြေ၊ ရေပြင်တို့ကနေ ပစ်ခတ်နိုင်တဲ့ အဝေးပစ် အဆင့်မြင့်လက်နက်တွေနဲ့ ဒရုန်းတွေကို သုံးပြီး "အကြီးအကျယ် တိုက်ခိုက်မှု" လုပ်ခဲ့တာဖြစ်ကြောင်း၊ အဲဒီတိုက်ခိုက်မှုဟာ Kyiv နဲ့ အခြားနေရာတွေက စစ်ဘက်ဆိုင်ရာနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ၊ လေဆိပ်တွေကို ထိမှန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
မော်စကိုဘက်က ပြောတာကတော့ ဒီတိုက်ခိုက်မှုဟာ ရုရှားနိုင်ငံထဲကို ယူကရိန်းက ဒရုန်းတွေနဲ့ လာတိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာလို့ ဆိုပါတယ်။
ယူကရိန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားရဲ့ ပြည်တွင်းလောင်စာဆီ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ပိုပြီး ခပ်စိပ်စိပ် တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းဘက်ကလည်း တစ်ညက ရုရှားရဲ့ နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ် (Nizhny Novgorod) ဒေသက ရေနံချက်စက်ရုံတစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီဒေသရဲ့ အုပ်ချုပ်ရေးမှူးကတော့ စက်ရုံဝင်းတစ်ခု အတိုက်ခံရလို့ လူတစ်ယောက် သေဆုံးသွားကြောင်း သတင်းပို့ထားပါတယ်။
ရုရှားစစ်ဗိုလ်ချုပ်တွေက သမ္မတ ဗလာဒီမာ ပူတင်ကို သူတို့ရဲ့ တိုက်ခိုက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တင်ပြခဲ့ကြတယ်လို့ ကရင်မလင်နန်းတော်က ပြောပါတယ်။
ဒါ့အပြင် ရုရှားအနေနဲ့ သူတို့ရဲ့ စစ်ပွဲရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ယူကရိန်းအပေါ် ဖိအားပေးမှုတွေကို ဆက်ပြီး တိုးမြှင့်သွားမှာဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
Reference - Reuters
Photos - Reuters
Translation - Richard
https://www.facebook.com/share/p/1ECvoZBeo5/
3 259
မြစ်ဆုံ စီမံကိန်းကို တရုတ်အကူအညီနဲ့ ပြန်စဖို့ မင်းအောင်လှိုင် ပြင်နေ
BBM - ဇူလိုင် ၃
သတင်း - မင်း
ကချင်ပြည်နယ်မြောက်ပိုင်းရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို နောက် ၈ နှစ်ဝန်းကျင်အတွင်း အပြီးသတ်ဖို့ ရည်မှန်းထားတယ်လို့ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးအကြီးအကဲ ခက်ထိန်နန်ရဲ့ ပြောကြားချက်တွေကို သိရှိထားတဲ့ သတင်းရင်းမြစ်နှစ်ခုက ဆိုပါတယ်။
ဒီပြောကြားချက်တွေဟာ စစ်ကောင်စီဥက္ကဋ္ဌကနေ ကိုယ်တိုင်တင်ပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင် ပြီးခဲ့တဲ့လက တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ ထွက်ပေါ်လာတာပါ။
တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံမြောက်ပိုင်းက အဆိုပါ အကြီးစား ရေအားလျှပ်စစ်စီမံကိန်းကို ပြန်စဖို့ အရင်ကတည်းက မျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်။
"မကြာခင် ပြန်စတော့မှာပါ" လို့ ကချင်ပြည်နယ် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ထက်ပိုင်ထူးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့ရတဲ့ ဒီစီမံကိန်း အောင်မြင်သွားရင် မြန်မာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာမှာပါ။
"မကြာခင် တရားဝင်ကြေညာချက် ထွက်လာပါလိမ့်မယ်၊ သမ္မတကိုယ်တိုင်လည်း ဒါကို ပြန်စမယ်လို့ ပြောထားပြီးသားပါ" လို့ သူက ဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း အဆိုပါ စီမံကိန်းကြောင့် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာ၀တီမြစ် တိမ်ကောလာမှာပါ။
အရင်က စီမံကိန်းရပ်ဆိုင်းလိုက်လို့ တရုတ်ဘက်က စိတ်ပျက်ခဲ့ရသလို မြန်မာပြည်သူတွေဘက်ကလည်း တရုတ်ရဲ့လွှမ်းမိုးမှုနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုကို စိုးရိမ်ခဲ့ကြပါတယ်။
စင်ကာပူနိုင်ငံလောက်နီးနီး ကျယ်တဲ့နေရာကြီးကို ရေလွှမ်းမယ့်အပြင် ထွက်လာမယ့် လျှပ်စစ်ဓာတ်အား ၆ ဂီဂါဝပ် (GW) ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံဆီ ပို့မှာဖြစ်လို့ အပြင်းအထန် ကန့်ကွက်ခဲ့ကြတာပါ။
ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးရဲ့အဆိုအရ ဒီစီမံကိန်းဟာ လျှပ်စစ်မီး အရမ်းပြတ်လတ်နေတဲ့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ၁၀ ဂီဂါဝပ်ရဲ့ ထက်ဝက်ကျော်ကို ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ဒေသခံတွေရဲ့ ရေလွှမ်းမိုးမှုနဲ့ အိုးအိမ်စွန့်ခွာရမယ့် စိုးရိမ်ချက်တွေကို သေချာချိန်ဆနေတယ်လို့ သူက ပြောပါတယ်။
"ကျွန်မတို့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို သေချာအသေးစိတ် နှိုင်းယှဉ်ပြီး မျှခြေတစ်ခုဖြစ်အောင် သုံးသပ်နေပါတယ်" သူမက ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ (IRENA) ရဲ့ ခန့်မှန်းချက်အရ အခုပြန်စမယ့် မြစ်ဆုံစီမံကိန်းဟာ ၂၀၀၉ ခုနှစ်က ကုန်ကျစရိတ်ထက် ၃ ဆကျော် ပိုများသွားနိုင်ပြီး ဒေါ်လာ ၁၁.၅ ဘီလီယံလောက်အထိ ဖြစ်သွားနိုင်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် မတ်လက မြန်မာနိုင်ငံအလယ်ပိုင်းမှာ လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ၇.၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် ငလျင်ကြောရှိတဲ့နေရာမှာ ဒီလို ဆည်ကြီးဆောက်မယ့်အစီအစဉ်ကို ဒေသခံတွေ ပိုပြီး စိုးရိမ်နေကြတာပါ။
ဒါပေမဲ့ ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်ကတော့ အရင်နဲ့မတူဘဲ အခုခေတ်မှာ တရုတ်ဘက်က နည်းပညာအသစ်တွေ သုံးမှာဖြစ်လို့ အန္တရာယ်တွေကို ခံနိုင်ရည်ရှိပြီး စိုးရိမ်စရာမရှိဘူးလို့ ဇွန်လ ၂၃ ရက် အစည်းအဝေးမှာ ပြောခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။
ဒေသခံတွေရဲ့ ကန့်ကွက်မှုကတော့ ရှိနေဆဲပဲ
အစိုးရဘက်ကတော့ စီမံကိန်းအတွက် ထောက်ခံမှုရအောင် ကချင်ပြည်နယ်တစ်ခွင်မှာ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ အကြိမ် ၂၀ ကျော် လုပ်ထားပြီး ပြည်သူတွေကို သတင်းအချက်အလက်အမှန်ပေးကာ ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးချင်တယ်လို့ ပူးပေါင်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ လူထုအခြေပြုအဖွဲ့အစည်း ၄၉ ဖွဲ့ကတော့ ဒီစီမံကိန်းကို လုံးဝရပ်ဆိုင်းဖို့ မေလ ၅ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြီး ဆက်လက်ကန့်ကွက်နေကြဆဲ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ပြည်သူတွေအတွက် ဘာအကျိုးအမြတ်မှမရှိဘဲ အသက်အိုးအိမ်စည်းစိမ်တွေကိုပဲ ပျက်စီးစေလိမ့်မယ်လို့ သူတို့က ထောက်ပြထားပါတယ်။
Reference - Bangkok Post
ပုံ - RFA (ပုံဟောင်း)
https://www.facebook.com/share/p/1BiUXyg4Ry/
3 259
မင်းဘူး ဥယာဥ်တံတားဂိတ်ကိုဝင်တိုက်ပြီး စကစ အမြောက်အများဒဏ်ရာရကာဆုတ်ခွါထွက်ပြေး
BBM-ဇူလိုင်၂
သတင်း-မင်းသော်
မကွေးတိုင်း၊မင်းဘူးမြို့နယ်တွင်းက ဥယာဥ်တံတားဂိတ်ကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာ စကစ အမြောက်အများထိခိုက်ဒဏ်ရာရပြီး ထွက်ပြေးသွားတယ်လို့ မင်းဘူး-စကု ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့ မနက်၁၂နာရီခွဲလောက်မှာ အဲ့ဒီဂိတ်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး မိနစ်(၃၀)ခန့် တိုက်ပွဲကြာမြင့်ကာ စခန်းကို အပြီးသတ်မီးရှို့ဖျတ်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရပြီး ကစဥ့်ကလျားထွက်ပြေးသွားရပြီး တော်လှန်ရေးဘက်မှလည်း မြို့နယ်ပကဖ ဒုတာဝန်ခံရဲဘော်ဖိုးသား မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါတင်မက စစ်ကောင်စီတပ်သားတွေ ကိုင်ဆောင် ထားတဲ့ လက်နက်ငယ်တွေကို တံတားရဲ့တစ်ဖက် ခြမ်းမှာ ကျန်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းလင်းရေးမလုပ်နိုင်ခဲ့တာကြောင့် ရရှိလိုက်ခြင်းမရှိပေမဲ့ ၅.၅၆ကျည်တောင့်တွေ၊အီနာဂါဗုံးသီးအချို့နဲ့ စစ်ဦးထုပ်၂လုံးတို့ကို ရရှိလိုက်တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မင်းဘူးမြို့နယ်ပကဖနဲ့အတူချင်းကာကွယ်ရေးတပ်(အရှို)CDF(Asho)နဲ့လူဘောင်သစ်တပ်တော်(NSA)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မင်းဘူး၊စကုမြို့နယ်ပကဖ အနေနဲ့ စစ်အနိုင်တိုက်ရေးနဲ့ ပြည်သူလူထုငြိမ်းချမ်းစွာနေထိုင်နိုင်ရေးကိုသာဦးထိပ်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့အတွက် အာဏာရှင်စနစ်ဇီဝိန်ချုပ်ငြိမ်းတဲ့အထိ အမြစ်ပြတ်တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
video-မင်းဘူးစကုမြို့နယ်ပကဖ
https://www.facebook.com/share/v/18iLV4fJmP/
3 259
နိုင်ငံခြားသားတစ်ဦးက ထိုင်းအမျိုးသမီးတစ်ဦးရဲ့ (နာဇီသင်္ကေတနဲ့ ဆင်တူတဲ့) တက်တူးနဲ့ ပတ်သက်ပြီး အချေအတင် ဖြစ်ပွား
BBM-ဇူလိုင် ၂
နိုင်ငံခြားသားတစ်ဦးဟာ ထိုင်းအမျိုးသမီးတစ်ဦးရဲ့ ဆွစတီက(Swastika) တက်တူးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ fast-food ဆိုင်တစ်ဆိုင်မှာ အချေအတင် ဖြစ်ခဲ့ကြပါတယ်။
ဖြစ်စဉ်မှာ အဆိုပါနိုင်ငံခြားသားက ထိုင်းအမျိုးသမီးရဲ့ ခြေကျင်းဝတ်က တက်တူးမှာ ဖက်ဆစ်စနစ်နဲ့ အကြမ်းဖက်မှုကို ကိုယ်စားပြုကြောင်း ဝန်ထမ်းတွေကို တိုင်တန်းခဲ့ရာကနေ စတင်ခဲ့ပါတယ်။
အဲဒီနိုင်ငံခြားသားက ဆိုင်ဝန်ထမ်းတွေကို "ဒီအမျိုးသမီးမှာ ဆွစတီက (နာဇီသင်္ကေတနဲ့ ဆင်တူတဲ့) တက်တူး ရှိနေတယ်" ဆိုပြီး အလန့်တကြား လှမ်းပြောပါတယ်။
ဒါကို အဲဒီထိုင်းအမျိုးသမီးကလည်း ဒီတက်တူးကို သူမ ငယ်ငယ်လေးကတည်းက ထိုးခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဒီသင်္ကေတရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကိုနားမလည်ခဲ့ဘူးလို့ ပြန်လည် ချေပခဲ့ပါတယ်။
နှစ်ဖက်စလုံးက ဒေါသတကြီးနဲ့ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေ သုံးပြီး အပြန်အလှန် အော်ဟစ်ခဲ့ကြပါတယ်။
ထိုင်းအမျိုးသမီးကလည်း သူမဟာ ဘယ်သူ့ကိုမှလည်း ဒုက္ခပေးနေတာ မဟုတ်ဘူးလို့ ထပ်ခါတလဲလဲ ပြောခဲ့ပါသေးတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး "ဒါဟာ ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ် မဟုတ်ဘူး၊ အရင်ကလည်း ထိုင်းလူမျိုးတချို့ဟာ နာဇီသင်္ကေတ ဒါမှမဟုတ် ဆွစတီက တွေကို သမိုင်းကြောင်း နောက်ခံ အရေးပါမှုကို သေသေချာချာ နားမလည်ဘဲ ဝတ်ဆင်တာ ဒါမှမဟုတ် သုံးစွဲတာမျိုးတွေ ရှိခဲ့ဖူးတယ်" ဆိုပြီး social media ပေါ်မှာ လူအများက ထောက်ပြနေကြပါတယ်။
Reference - Khaosod English
Translation - Alice
https://www.facebook.com/share/p/1VD1txxhs8/
3 259
မလေးရှား လဝက စခန်းတွေမှာ ၅ နှစ်အတွင်း မြန်မာအပါနိုင်ငံခြားသား အကျဉ်းသား ၄၆၅ ယောက်သေဆုံး
BBM-ဇူလိုင် ၂
သတင်း-ကိုလင်း
မလေးရှားနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ အကျဉ်းသား ၄၆၅ ယောက်အထိ သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး Saifuddin Nasution က လွှတ်တော်မှာ ဖြေကြားလိုက်ပါတယ်။
Subang မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် Wong Chen ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၄၆၅ ယောက်မှာ အမျိုးသား ၃၉၃ ယောက်၊ အမျိုး သမီး ၆၀ ယောက်တို့နဲ့ ကလေးငယ် ၁၂ ယောက် တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
နိုင်ငံသားအလိုက် သေဆုံးမှုစာရင်းကို ကြည့်ရင် ဖိလစ်ပိုင်နိုင်ငံသား ၂၂၂ ယောက်နဲ့အများဆုံးဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၀၉ ယောက်
မြန်မာနိုင်ငံသား ၆၁ ယောက်တို့ အသီးသီးရှိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကျန် ၇၃ ယောက်မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတို့က အကျဉ်းသားတွေ ဖြစ်ကြပြီးသေဆုံးရတဲ့ အဓိကအကြောင်းရင်းမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်လို့ဝန်ကြီးက ရှင်းလင်းပြောကြားကာ သေဆုံးသူအများစုမှာ Sepsis (ပိုးဆိပ်ပျံ့နှံ့ခြင်း) နဲ့ Septic shock တို့ကြောင့် ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေ အစာခြေလမ်းကြောင်းနဲ့ အသည်းရောဂါတွေကြောင့်လည်း သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် HIV/AIDS၊ Leptospirosis (လက်ပ်တိုစပိုင်ရိုးစစ်) နဲ့ ဦးနှောက်အမြှေးရောင်ရောဂါတွေကြောင့် သေဆုံးမှုတွေမှာလည်း စိုးရိမ်ဖွယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီ အခြေအနေတွေနဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအနေနဲ့ ထိန်းသိမ်းရေးစခန်းတွေရဲ့ စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေတယ်လို့ ဝန်ကြီးက ဆိုပြီး အဖမ်းခံထားရသူတွေကို စခန်းသို့ မပို့ဆောင်မီ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ် ပေးတာနဲ့ အချိန်ကာလအလိုက် စစ်ဆေးမှုတွေ ဆောင်ရွက်တာတို့ကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။
ရောဂါခံစားနေရသူတွေကို သီးခြားခွဲထားပြီးအထူးကုဆရာဝန်တွေနဲ့ ကုသမှုခံယူနိုင်ဖို့ ဆေးရုံကို လွှဲပြောင်းပေးတဲ့ စနစ်ကိုလည်း ပိုမိုအားကောင်းအောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျန်းမာရေးသာမက အကျဉ်းသားတွေရဲ့ နေ့စဉ်ဘဝအတွက်လည်း လိုအပ်တဲ့ စောင်တွေ၊အဝတ်အစားတွေကို ထောက်ပံ့ပေးထားကာ တစ်ပတ်ရင် တစ်ကြိမ် အကျဉ်းခန်းပြင်ပမှာ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ဖို့ စီစဉ်ပေးထားသလို၊ နေ့စဉ် အစားအသောက်တွေ သန့်ရှင်းမှုရှိမရှိကိုလည်း ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါတင်မက အကျဉ်းသားတွေအနေနဲ့ မိသားစုတွေနဲ့ ဖုန်းဖြင့် ဆက်သွယ်ခွင့်နဲ့လူကိုယ်တိုင်တွေ့ဆုံခွင့်တွေကိုလည်း စည်းကမ်းချက်တွေနဲ့အညီ ခွင့်ပြုထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ကိုးကား-မလေးရှားသတင်းများ
https://www.facebook.com/share/p/1AUAH56ctr/
3 259
တိုက်ပွဲမရှိပဲတနင်္သာရီမြို့နယ်နဲ့ကစယ်ဒိုမြို့နယ် တွေကိုစစ် ကောင်စီ လေကြောင်းကနေတိုက်ခိုက်
BBM - ဇွန်လ ၂၈
သတင်း - ကိုဘုဏ်း
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းတနင်္သာရီမြို့နယ်နဲ့ကစယ်ဒိုမြို့နယ်တွေကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးKNU ကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့က တနင်္သာရီမြို့နယ်သကျက်ကျေးရွာအုပ်စု၊ ပလောဖထောကျေးရွာအတွင်းကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲစကစတပ်မှ ဂျိုင်ရိုကော်ပတာ (Gyrocopter) အသုံးပြုကာ (၁၂၀) မမ ဗုံးသီး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီနောက် ဇွန်လ ၂၆ ရက်နေ့ မှာလည်းကစယ်ဒိုမြို့နယ်၊ ဟိန္ဒားကျေးရွာအုပ်စု၊ ဖိုးလမိုင်းသတ္တုမိုင်းဝန်းကျင်အတွင်းကို နေ့လည် ၁၂နာရီအချိန်မှာ တစ်ကြိမ်၊ နေ့လယ့ ၁၂နာရီ ၂၀မိနစ်လောက်မှာ တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲစစ် ကောင်စီမှ ဂျက်တိုက်လေယာဉ် (Jet Fighter) ဖြင့် ပေါင် (၂၅၀) ဗုံး (၄) လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်လျက်ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUက ထုတ်ပြန်ကြေငြာထားပါတယ်။
Photo-KNU
https://www.facebook.com/share/1Efs6mQrqD/
3 259
ခလရ(၁၉)တပ်ရင်းမှူးကို ပစ တွေကလုပ်ကြံပြီးနောက် KNLA နဲ့ပူးပေါင်း
BBM-ဇွန်၂၈
သတင်း-မင်းသော်
စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (၁၉) တပ်ရင်း မှူးအဖြစ် တာဝန်ယူထားသူ ဗိုလ်မှူးကျော်မင်းသန့်ကို ပြည်သူ့စစ်မှုထမ်းဆင်း တပ်သားတွေက လုပ်ကြံပြီးတဲ့နောက် KNLA တပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွါးနေတဲ့ ဖားပွန်မြို့နယ်ကို ကမမောင်းမှ တဆင့် စစ်ကြောင်းထိုးရာမှာ ခလရ (၁၉) တပ်ရင်းလည်း ပါဝင်ခဲ့ပြီး စစ်မှုထမ်းဆင်းတပ်သားသစ်တွေက ဇွန်လ (၂၁)ရက်နေ့မှာ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးကျော်မင်းသန့်ကို လုပ်ကြံဖြင်းဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီတပ်ရင်းမှူးကိုလုပ်ကြံရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တပ်သားသစ် ကို KNLA မှမေးမြန်းထားရာ Video File အတွင်း အဆိုပါတပ်ရင်းမှူးကို လုပ်ကြံနိုင်ဖို့အတွက် ကမမောင်းမြို့မှာကတည်းက ကြိုတင်ကြံစည်ခဲ့ရသလို အခြားစစ်မှုထမ်းဆင်းသင်တန်းသားတွေကိုလည်း စည်းရုံးသိမ်းသွင်းခဲ့ရတယ်လို့ သိရပါတယ်။
ဒါပေမဲ့ တပ်ရင်းမှူးဖြစ်သူက ပါးနပ်လွန်းတာကြောင့် ယုံကြည်မှုရရန် သူ့အနေနဲ့ ကြိုးပမ်းခဲ့ပြီးနောက် အနီးကပ်သက်တော်စောင့်အဖြစ် ခန့်အပ်ခံခဲ့ရပြီးမှသာ အခြားစစ်မှုထမ်းတပ်သားသစ်တွေနဲ့အတူ လုပ်ကြံခဲ့တယ်လို့လည်း ဆိုပါတယ်။
"ကမမောင်းမှာပေါ့ အဲ့ကတည်းက သူ့ကိုသတ်ဖို့ကျွန်တော်ကြံစည်နေတာ ဒါပေမဲ့ ဒီလူကလည်း အရမ်းကိုပါးနပ်တော့ ကျွန်တော်ဘယ်လိုမှလုပ်လို့မရဘူး၊ ပြီးတော့မှ ကျွန်တော်ကလည်း ကျန်တဲ့ ညီကိုတွေကို စည်းရုံးတယ်၊ စည်းရုံးပေမဲ့လည်း ဘယ်လိုပြောမလဲ၊ သူတို့ကလည်း သွားပြီးတော့တိုင်မှာလည်းစိုးတယ်လေ၊ သူလျှိုရှိလို့ဆိုရင်၊ ကျွန်တော်အဲ့လိုနဲ့ ပဲနေရင်းနဲ့ သူများထပ်ပိုပြီးတော့ ကျွန်တော် ပိုကြိုးစားပြတာပေါ့၊ ကြိုးစားပြတဲ့အချိန်မှာ သူကကျွန်တော့်ကို ယုံပြီးတော့မှ ဘတ်စမန်းခန့်လိုက်တယ်၊ ခန့်လိုက်တဲ့အချိန် ကျွန်တော်က ပိုပြီးအခွင့်အရေးရသွားတယ်"
အဆိုပါတပ်ရင်းမှူးကို လုပ်ကြံပြီးနောက် KNLAတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းရာမှာ တိုင်ပင်ထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအပြင် ပထမအကြိမ်ထွက်ပြေးလို့ ဖမ်းခံထားရတဲ့ ရဲဘော်(၂)ယောက်ကိုလည်း တစ်ခါတည်း ကယ်ထုတ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် သူ့မှာ လက်နက်နဲ့ကျည်ဆံအပြည့်ရှိတာကြောင့် ကိုယ့်အတွက်ကိုယ် မပူပေမဲ့လည်း ကျန်တဲ့စစ်မှုထမ်းတပ်သားသစ်တွေပြန်ဖမ်းခံရမှာကို စိုးရိမ်မှုဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါစစ်မှုထမ်းတပ်သားသစ်ဟာ ပဲခူးတိုင်းမှဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ နေအိမ်အပေါ်အထိလာရောက်ပေါ်တာဆွဲစုဆောင်းခံရပြီးနောက် စစ်မှုထမ်း အပတ်စဥ်(၂၁)ကို တက်ရောက်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် KNLA နဲ့ပြုလုပ်ထားတဲ့ အင်တာဗျူးအတွင်း ရှေ့လျှောက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်သားတွေကို တော်လှန်တိုက်ခိုက်သွားမယ်လို့လည်း ဆိုထားပါတယ်။
Photo-လုပ်ကြံရာမှာဦးဆောင်ခဲ့တဲ့ ပစ
https://www.facebook.com/share/v/1D7W7426Fh/
3 259
ရေစကြိုမြို့မှာ PDF အယောင်ဆောင်ပြီးပိုက်ဆံတောင်းနေတဲ့စကစတွေကို တိုက်ခိုက်
BBM - ဇွန်လ ၂၈
သတင်း - ကိုဘုဏ်း
ရေစကြိုမြို့မှာ PDF အယောင်ဆောင်ကာပြည်သူများကိုစစ်ဆေးပိုက်ဆံတောင်းနေတဲ့စကစ များကို တော်လှန်ရေးတပ်ဖွဲ့များက အနီးကပ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ယနေ့မှာထုတ်ပြန်ထားပါတယ်။
ဇွန်လ (၂၇)ရက် နေ့က စစ်ကောင်စီတပ်သားတွေဟာ ပေကုန်းကျေးရွာဘောလုံးကွင်းထိပ်တွင် PDF အယောင်ဆောင်ကာ လမ်းသွားလမ်းလာများကို စစ်ဆေးပိုက်ဆံတောင်းနေတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှအနီးကပ်သွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၂)ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များမှာအထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များဟာ ရေစကြိုမြို့ပေါ်မှထွက်လာသော အင်အား(၄၅)ဦးခန့်ပါတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်းသိရပြီး အဆိုပါတိုက်ခိုက်မူကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်ပခုက္ကူခရိုင် တပ်ရင်းအမှတ်(၉)တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/1GY8swKRww/
3 259
ကျော်မျိုးမင်းကို စစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းထွက်နေပြီး ခေါ်ယူမေးမြန်းတဲ့အဆင့်လောက်နဲ့လွှတ်ပေးရန် ပေါက်ကိုယ်တော်ပြော
BBM-ဇွန်၂၈
သတင်း-မင်းသော်
စစ်ကောင်စီလော်ဘီ ကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေသလိုပဲ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်မှလည်း ကျော်မျိုးမင်းကို ခေါ်ယူမေးမြန်းတဲ့အဆင့်လောက်နဲ့သာ ပြန်လွှတ်ပေးရန် ပြောဆိုထားပါတယ်။
စစ်တပ်နဲ့ မင်းအောင်လှိုင်အတွက် လော်ဘီအမြဲတမ်းလုပ်ပေးနေတဲ့ NP News မှ ကျော်မျိုးမင်းဟာ ပြီးခဲ့တဲ့ ဇွန်လ၂၃ရက်နေ့က ၎င်းလုပ်နေကျအတိုင်း သတင်းသုံးသပ်တဲ့Video တင်ပြီးတဲ့နောက် ဒီနေ့ဇွန်လ(၂၈)ရက်နေ့အထိ လူမြင်ကွင်းကနေ အဆက်အသွယ်ပြတ်
တောက်နေတယ်လို့ သိရပါတယ်။
ဒီလိုကျော်မျိုးမင်းလူမြင်ကွင်းကနေ ပြတ်တောက်နေတာနဲ့ပတ်သတ်ပြီး စစ်ကောင်စီအသိုင်းအဝိုင်းဘက်ကနေ ကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေသလို သူ့ရဲ့ သတင်းတိုက်ဖြစ်တဲ့ NP News မှလည်း ကျော်မျိုးမင်းသတင်းမတင်ဆက်နိုင်သေကြောင်းနဲ့ အခြားမလိုလားအပ်တဲ့ မေးခွန်းတွေမမေးခြင်းနဲ့ ကူညီပေးပါရန် ရေးသားထုတ်ဝေထားတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ကျော်မျိုးမင်းပျောက်နေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်မှလည်း ၎င်းရဲ့ Tiktok အကောင့်မှတဆင့် ဘယ်အချက်နဲ့ငြိသွားလို့ စစ်မေးရန်ခေါ် ဆောင်ခြင်းခံရတာကိုမသိသေးကြောင်းနဲ့ NP News ကိုလှမ်းမေးထားပြီး စစ်တပ်ကကျော်မျိုးမင်းကို ခေါ်ယူမေးမြန်းတာမျိုးလောက်သာရှိနိုင်ကြောင်းပြောထားပါတယ်။
"ဘယ်ဟာနဲ့ငြိသွားလို့ ဘယ်ဟာနဲ့ ခေါ်ယူမေးမြန်းတုန်းဆိုတာတော့ ဦးဇင်းတို့လည်းမပြောတက်ဘူး ခေါ်ယူမေးမြန်းတဲ့အဆင့်လောက်ပဲရှိမယ်လို့ ဦးဇင်းတို့က သုံးသပ်မိပါတယ်၊ ဒါပေမဲ့လည်း ဖမ်းမဖမ်းက မနေ့ကသူတို့ဆီက ဒကာမတစ်ယောက်ကို ဆက်သွယ်မေးမြန်းကြည့်လိုက်တော့ဘာပြောလဲဆိုတော့ရုံးမှာတော့ ဘုန်းဘုန်းဘာသတင်းမှမကြားဘူးဘုရား တပည့်တော်မ ဖုန်းဆက်ပြီးလှမ်းမေးလိုက်တယ်တဲ့ ရုံးမှာတော့ ဘာသတင်းမှမကြားဘူးဆိုကတည်းကတော့ ခေါ်ယူမေးမြန်းတဲ့အဆင့်တော့ရှိလောက်ပါတယ်။"
ဒါ့အပြင်ပေါက်ကိုယ်တော်က ကျော်မျိုးမင်းဟာ တိုင်းပြည်အတွက် လိုအပ်တဲ့ သတင်းသမားဖြစ်တယ်လို့ပြောတဲ့အပြင် စစ်တပ်ကိုထောက်ခံသူ သတင်းသမားအနည်းစုထဲပါဝင်တဲ့ သတင်းသမားတစ်ယောက်ဖြစ်တာမို့ ခေါ်ယူမေးမြန်းတဲ့အဆင့်လောက်ပဲရှိမယ်လို့ ပြောထားပါတယ်။
စစ်တပ်အနေနဲ့ ၎င်းတို့ကိုလော်ဘီလုပ်ပေးနေတဲ့ ကျော်မျိုးမင်းအပြင် ကျော်စိုးဦးနဲ့ ပေါက်ကိုယ် တော်တို့ကိုသာမက အခြားတပ်လော်ဘီတွေကိုလည်း ခေါ်ယူစစ်မေးမှုအချို့ အရင်ကပြုလုပ်ခဲ့ဖူးပြီး ပြန်လွှတ်ပေးခဲ့တာမျိုးတွေရှိပါတယ်။
အခုဖမ်းဆီးခံရမှုမတိုင်ခင် ကျော်မျိုးမင်းအနေနဲ့ တရုတ်နယ်စပ်ခြံစည်းရိုးကိစ္စတွေနဲ့ပတ်သတ်ပြီး လွှတ်တော်အမတ်တွေကို မေးခွန်းထုတ်ဝေဖန်ခဲ့ဖူးသလို အဆိုပါပြောဆိုမှုနဲ့ပတ်သတ်ပြီးကြံ့ခိုင်ရေးကိုယ်စားလှယ် ဘူးလက်လှဆွေကလည်း လွှတ်တော်အမတ်တွေကို ကာကွယ်ပေးရမဲ့ဥပဒေတွေနဲ့ အရေးယူလို့ရတယ်လို့ ကျော်မျိုးမင်းကို ပြောဆိုခဲ့ဖူးပါတယ်။
https://www.facebook.com/share/r/19MvBc8kEe/
3 259
ပေါ်တူဂီနဲ့ ကိုလံဘီယာအသင်းတို့ သွင်းဂိုးမရှိသရေကျ၊ အုပ်စုဇယားရဲ့ ထိပ်ဆုံးနေရာကို ၂သင်းလုံး တက်လှမ်းသွားနိုင်
BBM - ဇွန် ၂၈
ကိုလံဘီယာနဲ့ ပေါ်တူဂီတို့ မိုင်ယာမီကွင်းကြီးထဲမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးသံတွေနဲ့အတူ အသက်ရှူမှားလောက်မယ့် ၀-၀ သရေပွဲတစ်ပွဲကို ကစားသွားခဲ့ကြပါတယ်။
ဒီရလဒ်ကြောင့် နှစ်သင်းစလုံး ဂရု (K) ရဲ့ ထိပ်ဆုံးနှစ်သင်းအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတာပေါ့။
ကိုလံဘီယာတို့ စနေနေ့ပွဲစဉ်မှာ ရတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ နောင်တရနေမှာ ဖြစ်ပေမယ့် ဥရောပရဲ့အင်အားကြီးအသင်းကို ပွဲအတော်များများမှာ ဖိကစားနိုင်ခဲ့တဲ့အတွက် အားရကျေနပ်စရာတော့ ရှိခဲ့ပါတယ်။
အခုတော့ သူတို့က အုပ်စုပထမနဲ့ လာမယ့်သောကြာနေ့မှာ ဂါနာအသင်းနဲ့ရင်ဆိုင်ဖို့ ကန်းဆက်စီးတီးကို ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။
အုပ်စုပထမရဖို့အတွက် နိုင်မှဖြစ်မယ့် ပေါ်တူဂီကတော့ ကြာသပတေးနေ့မှာ ခရိုအေးရှားနဲ့ ကစားဖို့ တိုရွန်တိုကို သွားရမှာပါ။
သူတို့အသင်းမှာ ပါရမီရှင်ကစားသမားတွေ အများကြီးရှိပေမယ့် အသင်းလိုက် စုစည်းမှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာကို သိသွားခဲ့ရပါတယ်။
ပွဲအစမှာတင် ကိုလံဘီယာ ပရိသတ်တွေရဲ့ အဝါရောင်လှိုင်းကြီးနဲ့အတူ အော်ဟစ်အားပေးသံတွေက ကွင်းတစ်ခုလုံး ဆူညံသွားခဲ့တာပါ။
ပွဲစပြီး တစ်မိနစ်မှာတင် တိုက်စစ်မှူး ဂျွန် ကော်ဒိုဘာ (Jhon Cordoba) ရဲ့ ခေါင်းတိုက်ချက် ဘားပေါ်ကျော်သွားချိန်မှာ ပရိသတ်တွေရဲ့ အော်သံက ပိုကျယ်လာခဲ့ပါတယ်။
ဂျွန် အရီးယားစ် (Jhon Arias) ကတော့ ပေါ်တူဂီနောက်ခံလူတွေကို တောက်လျှောက် ဒုက္ခပေးခဲ့ပြီး ပွဲချိန် ၁၇ မိနစ်မှာ ကော်ဒိုဘာဆီ ဘောလုံးဖန်တီးပေးခဲ့ပါတယ်။
ကော်ဒိုဘာက အဝေးကနေ ပြင်းပြင်းထန်ထန် ကန်သွင်းခဲ့ပေမယ့် ပေါ်တူဂီဂိုးသမား ဒီယေဂို ကော့စတာ (Diogo Costa) ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပါတယ်။
၅ မိနစ်အကြာမှာတော့ ကိုလံဘီယာတို့ လှပတဲ့ အသင်းလိုက်ကစားကွက်နဲ့အတူ အရီးယားစ် ကိုယ်တိုင် ဂိုးထောင့်ထဲကို လှမ်းကန်ခဲ့ပေမယ့် ပေါ်တူဂီကွင်းလယ်လူ ရူဘင် နီဗက်စ် (Ruben Neves) က ဂိုးစည်းပေါ်ကနေ အချိန်မီ ဖျက်ထုတ်သွားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကိုလံဘီယာတို့ နောက်တန်းမှာ ဘောလုံးရှင်းထုတ်ပုံ မပြတ်သားတာကြောင့် ပထမပိုင်းအပိတ်မှာ ပေါ်တူဂီကို အခွင့်အရေးအချို့ ပေးလိုက်ရပါတယ်။
၃၉မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) တစ်ယောက် ဂိုးရှေ့မှာ အပိုင်အခွင့်အရေး ရခဲ့ပေမယ့် ကိုလံဘီယာဂိုးသမား ကာမီလို ဗားဂတ်စ် (Camilo Vargas) က လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။
၄၂ မိနစ်မှာ ဂျာအို ဖီးလစ် (Joao Felix) က နောက်ခံလူကို ကျော်ပြီး လှပတဲ့ အလှကန်ချက်နဲ့ သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဘားပေါ်ကျော်သွားခဲ့ပါတယ်။
ဒါပေမယ့် ကိုလံဘီယာတို့ကပဲ ပွဲကို ဆက်လက်စီးထားနိုင်ခဲ့ပြီး ပထမပိုင်းမပြီးခင်မှာ ဂူစတာဗို ပွေတာ (Gustavo Puerta) နဲ့ ကစားကွက်ဖန်တီးရှင် ဂျိမ်းစ် ရိုဒရီဂွက်ဇ် (James Rodriguez) တို့ရဲ့ ကန်ချက်တွေကြောင့် ပေါ်တူဂီဂိုးသမား အလုပ်ရှုပ်ခဲ့ရပါသေးတယ်။
ဒုတိယပိုင်းမှာ ပေါ်တူဂီတို့ တိုက်စစ်ပိုဆင်လာပေမယ့် ပိုကောင်းတဲ့ ဂိုးသွင်းခွင့်တွေကိုတော့ ကိုလံဘီယာကပဲ ရရှိခဲ့တာပါ။
အရီးယားစ် ချပေးတဲ့ဘောလုံးကို လူစားဝင်ကစားသမား ရစ်ချက် ရီးယို့စ် (Richard Rios) ကန်သွင်းခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။
အဲဒီနောက် အရီးယားစ်ရဲ့ ကန်ချက်ကို ကော့စတာ ကာကွယ်နိုင်ခဲ့သလို၊ ရေသောက်နားချိန် မတိုင်ခင် ပွေတာရဲ့ ကန်ချက်ကလည်း ဂိုးပေါက်လွဲသွားခဲ့ပြန်ပါတယ်။
ပွဲချိန် ၇၃ မိနစ်မှာ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ရဲ့ ဗော်လီကန်ချက် လွဲချော်သွားပြီးနောက် သူနဲ့ အရီးယားစ်တို့ လူစားလဲခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကိုလံဘီယာတို့ကတော့ တိုက်စစ်ဆင်တာကို မရပ်ခဲ့ပါဘူး။
ပွဲပြီးခါနီး တစ်မိနစ်အလိုမှာ ဒါဗင်ဆန် ဆန်းချက်ဇ် (Davinson Sanchez) က ခေါင်းတိုက်ပြီး အနိုင်ဂိုး သွင်းယူနိုင်ခဲ့တယ်လို့ ထင်ခဲ့ရပေမယ့် VAR ကြည့်ပြီးနောက်မှာတော့ လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
နာကျင်အချိန်ပိုမှာ ပေါ်တူဂီအတွက် ရာဖေးလ် လီယို (Rafael Leao) ရဲ့ ကန်ချက် ဂိုးပေါက်ဘေးကနေ ကပ်ထွက်သွားပြီးနောက်မှာတော့ ကွင်းလယ်ဒိုင်က ပွဲသိမ်းခလုတ်ကို မှုတ်လိုက်ပါတော့တယ်။
မိုင်ယာမီရဲ့ ပူပြင်းတဲ့ညချမ်းမှာ လာရောက်အားပေးတဲ့ ပရိသတ် ၆၄,၄၇၈ ယောက်အတွက်တော့ တကယ့်ကို ရင်ခုန်စရာပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တာပါ။
ဒီပွဲမှာ ပေါ်တူဂီရဲ့ စူပါစတား ခရစ္စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) ကတော့ ဘောလုံးထိတိုင်း လှောင်ပြောင်ခြင်းခံခဲ့ရပြီး အသင်းဖော်တွေဆီက ပံ့ပိုးမှုလည်း မရခဲ့ပါဘူး။
သူရခဲ့တဲ့ တစ်လုံးတည်းသော ဂိုးပေါက်တည့်ကန်ချက်ကတော့ ဝေးလံတဲ့နေရာကနေ ကန်သွင်းလိုက်တဲ့ ဖရီးကစ်တစ်ခုဖြစ်ပြီး ဂိုးသမားလက်ထဲကိုပဲ တန်းတန်းမတ်မတ် ရောက်သွားခဲ့ပါတယ်။
Reference - Al Jazeera
Photo - Al Jazeera
Translation - Richard
https://www.facebook.com/share/1ALBQ8JJsS/
3 259
ငလျင်ကြောင့် ဗင်နီဇွဲလား ယာယီသမ္မတ ဒဲလ်ဆီ ရိုဒရီဂွက်ဇ်ရဲ့ နိုင်ငံရေးအခြေအနေ အပြောင်းအလဲဖြစ်လာနိုင်
BBM-ဇွန် ၂၈
ဗင်နီဇွဲလားနိုင်ငံမှာ ရာစုနှစ်တစ်ခုကျော်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ယာယီသမ္မတ ဒဲလ်ဆီ ရိုဒရီဂွက်ဇ်(Delcy Rodriguez) ရဲ့ခေါင်းဆောင်မှုပိုင်းအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း ပြိုကွဲလုနီးပါးဖြစ်နေတဲ့ အစိုးရအဖွဲ့အပေါ် သူမရဲ့ အာဏာကို ခိုင်မာအောင် တည်ဆောက်ဖို့နဲ့ ပျက်စီးယိုယွင်းနေတဲ့ နိုင်ငံတော်ကို ပြန်လည်ထူထောင်ရေး စတင်နိုင်ဖို့အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။
အမေရိကန်အစိုးရရဲ့ အချက်အလက်ဆိုင်ရာ ခန့်မှန်းတွက်ချက်မှုပုံစံတွေအရ ဇွန်လ ၂၄ရက်က ပြင်းအား ၇.၂ နဲ့ ၇.၅ ရှိတဲ့ ငလျင်တွေကြောင့်
သေဆုံးသူအရေအတွက်ဟာ နောက်ဆုံးမှာ ၁၀,၀၀၀ကျော်အထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။
ဒါတောင်မှ အချို့သောအခြေအနေတွေကတော့ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့၊ ဒဏ်ရာရသူတွေကို ဆေးကုသပေးဖို့နဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ကြီးမားလှတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီပြန်လည်ထူထောင်ရေးစီမံကိန်းဟာ ရိုဒရီဂွက်ဇ်ရဲ့ နိုင်ငံရေးအနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မယ့် အလားအလာ ရှိနေပါတယ်။
"ဗင်နီဇွဲလားနိုင်ငံသစ်ဆိုတဲ့ စကားလုံးလှလှလေး
ဟာ ပြန်လည်တည်ဆောက်ရေးအပေါ်မှာပဲ အခြေခံထားတာပါ"
"အခုလို အခက်အခဲတွေကြားထဲကနေ အခြေခံအဆောက်အအုံတွေကို လက်တွေ့ကျကျ ပြန်လည်တည်ဆောက်နေရတာဟာ သရော်စာတစ်ခုလို ဖြစ်နေပါတယ်" လို့ ကာရာကတ်စ်မြို့အခြေစိုက် နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ တိုနီ ဖရန်ဂီ မာဝတ်ဒ် (Tony Frangie Mawad) က ပြောပါတယ်။
"ဒါပေမဲ့ အစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီနဲ့အတူ ပြန်လည်ထူထောင်ရေးကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်၊ လူထုရဲ့ အမြင်ကိုလည်း ထိန်းကျောင်းနိုင်မယ် ဆိုရင်တော့ အမျိုးသားညီညွတ်ရေးစိတ်ဓာတ်ကို တည်ဆောက်နိုင်မှာဖြစ်သလို လူထုက ဝိုင်းဝန်းဝန်းရံလာအောင် လုပ်ဆောင်နိုင်မှာပါ" လို့ ဖရန်ဂီက ဆက်ပြောပါတယ်။
ရိုဒရီဂွက်ဇ်ကတော့ "လက်ရှိမှာ အဲဒီအတိုင်းဖြစ်လာအောင် အစွမ်းကုန် ကြိုးစားနေပါတယ်၊ ဒီအခြေအနေကို ကျွန်မတို့ အားလုံး စည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်သွားကြမှာပါ" လို့ သူမက ပြောကြားခဲ့ပါတယ်။
သူမဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ရင်းနှီးတဲ့ မဟာမိတ်တစ်ဦးဖြစ်ပြီး ၂၀၂၆၊ ဇန်နဝါရီလက ဖယ်ရှားခံခဲ့ရတဲ့ ဆိုရှယ်လစ်သမ္မတဟောင်း နီကိုးလပ်စ် မာဒူရို လက်ထက်မှာ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပေမယ့် အခုအခါမှာတော့ သူမကိုယ်သူမ နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်မယ့်သူတစ်ဦးအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။
Reference - Reuters
Photo-Reuters
Translation -Alice
https://www.facebook.com/share/17aFygTzUA/
