" TZ " ( စာတို ကဗျာ ) 📝📚
رفتن به کانال در Telegram
261
مشترکین
-124 ساعت
-37 روز
-1930 روز
آرشیو پست ها
ချစ်ခဲ့တာမှသူများတွေထက်ပိုခဲ့တယ်
လိုချင်တဲ့ အဖြေကို ရခဲ့ပိ ကျွန်တော် ထွက်သွားချင်ရင်တောင် လုံလောက်ပါပိ
ပျော်ရွှင်ပါစေ
နောင်ဘဝဆက်တိုင်းဆက်တိုင်း ပြန်ဆုံပါစေ🫶🌿
...
မင်းကိုဘဲ အားကျတယ် အချစ်ရယ်
ဗီဇ"ကို မေတ္တာနဲ့ပြင်လို့မရတာ ကိုယုံလိုက်ပါပိ
ငါ့ကို စောင့်နေမယ်ဆိုပီး မျှော်လင့်ချက်တေပေးပီး
မင်းမို့လို့ လုပ်ရပ်တယ် မင်းကိုဘဲ အားကျပါတယ် အချစ်ရယ် လွယ်လွယ်နဲ့ အရာအားလုံးကို မေ့နိုင်ပီး နောက်တစ်ယောက်နဲ့ ပျော်နိုင်လို့ ကိုယ်ကတော့ ကြိုးစားဆဲပါ ဒါမဲ့ တစ်နေ့နေ့တော့ မင်းကို ကြိမ်းသေမေ့မှာပါ မင်းအဆင်ပြေတယ် ဆိုရင်ဘဲ ကိုယ်ခံစားရတာ တန်ပါပိ စိတ်ချ မင်းရှေ့ကို ကိုဘယ်တော့မှ ပေါ်မလာတော့ဘူး ကိုပြိုလဲနေရင်တောင် မင်းပျော်နေတယ်ဆိုရင် ကိုကျေနပ်ပါပိ ကိုယ်မပေးနိုင်တော့တဲ့ အချစ် မင်းရဲ့ နောက်လူ ပေးနိုင်ပါစေလို့ ကိုဆုတောင်းပေးပါတယ် မင်းဘဝလေး အဆင်ပြေပါစေ။
Repost from N/a
အဆင်ပြေမဲ့ ရက်တေကို ပြုံးပြုံးကြီး ကြိုဆိုနေပါတယ်🥹🌿🖤....
. .
...
မဆက်သွယ်ဖြစ်တော့ရုံပါ လွမ်းတာတော့ လွမ်းပါတယ် ။
ဒီလောက်နှစ်တေအကြာကြီးချစ်ခဲ့ရတာပဲလေ... ဘယ်လိုလုပ်လွယ်လွယ်လေး မေ့ပစ်နိုင်မှာလဲ ။ အချိန်တိုင်းမဟုတ်ရင်တောင် တမ်းတမ်းတတကို လွမ်းပါတယ် ။ ဒါပေမယ့် မဆက်သွယ်ဖြစ်တော့ရုံပါနော် ။
မာနတွေထားခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ... သးနဲ့ပတ်သက်ရင် ကိုယ့်မှာ မာနဆိုတာလဲ မဲ့ခဲ့သလို ထားဖို့လဲ သတိမရခဲ့တာ ခုမှတော့လဲ တကူးတကကြီးထားမနေတော့ပါဘူး... ဆက်သွယ်ချင်နေမိတဲ့စိတ်ကို မင်းမှ မပြောချင်ပဲလေဆိုတဲ့ စိတ်နဲ့ ဖြေလိုက်တာပါ ။
အလွှတ်ရနေတဲ့ ဖုန်းနံပါတ်လေးကို မဖျက်ပဲထားခဲ့တာ သူနဲ့ဝေးခဲ့တဲ့ ရက်တွေကတည်းကနေ တစ်ခါတစ်လေမှ ဘာပဲဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့ သူ့အသံလေးကြားချင်ရုံတစ်ခုတည်းနဲ့ ရူးမိုက်ချင်မိတဲ့စိတ်တွေ ဖြစ်မိတယ် ပြီးရင် ကိုယ်ပဲ စဆက်ပြီး ကိုယ်ပဲ ဆက်ငိုနေရမှာလေ ။
ဒီတိုင်းလေးလွမ်းနေတာပဲကောင်းပါတယ် ။ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ သူ အသက်ရှင်နေတာပဲဆိုတဲ့ စိတ်လေးနဲ့ နေနိုင်အောင် နေကြည့်ဖို့ပဲ တွေးပါတယ် ။
ကိုယ်က လွမ်းနေပေမယ့်လဲ သူက မေ့နေပြီးသားအရာတစ်ခုကို အစပြန်ဖော်ပြီး ကိုယ့်ကိုယ်ကိုယ် ထပ်မသတ်ချင်တော့တာလဲ ပါတာပေါ့ ။ ဆက်သွယ်မိနေပြန်ရင်လဲ အလေးမထားတဲ့ အပြောမျိူးတွေ ဘာပြောစရာရှိလို့လဲဆိုတဲ့ စကားတွေအောက်မှာ ကိုယ်ပဲ ပြိုလဲနေရမှာ သိတယ် ။
မင်းကို သိပ်ကိုလွမ်းတာပေါ့... ဒါပေမယ့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မဆက်သွယ်မိအောင် အတတ်နိုင်ဆုံးထိန်းပါတယ် ။
#Thantzin
ချစ်တယ်ပြောပြီး
ပစ်ပယ်ထားတဲ့ရပ်ဝန်းမှာ
ဥပေက္ခာတွေနဲ့နေသားတကျ
တောင်းတဲ့ဆုသာပြည့်ခဲ့ရင်
မင်းနဲ့အတူတူပေါင်းချင်တယ်
ဒါဟာအိပ်မက်ဖြစ်ခဲ့ရင်
ငါနိုးထခြင်းမရှိပဲအိပ်ပျော်ချင်တယ်
မျှော်လင့်ခြင်းရပ်ဝန်းမှာ
မျှော်နေသူကမျှော်နေခဲ့ပေမဲ့
ပေါ်လာရမဲ့သူက
ရင်ခွင်သစ်မှာပျော်လို့
ကောင်းကင်စိတ်ကောက်တဲ့အခါ
ကြယ်လေးတွေနေစရာမရှိမှာဆိုးတယ်
အိပ်မပျော်ပဲအိပ်မက်မက်တဲ့အခါ
ငါပုလင်းများစွားသောက်ခဲ့မိလို့ဖြစ်တယ်
မင်းဆုတောင်းပြည့်ပါစေ
ငါ့ကောင်းကင်ကကြယ်တွေ
အကုန်လုံးခြွေပေးလိုက်ပါ့မယ်
ဥပေက္ခာရပ်ဝန်းမှာ
ချစ်တယ်ပြောပြီး
ပစ်ပယ်ထားလဲ ပျော်အောင်နေပါ့မယ်။။။။
ဂရုတစိုက်ချစ်ပေးခဲ့လည်း
နောက်ဆုံးအသည်းကွဲရတာပါပဲ
နှစ်ဦးသဘောတူလမ်းခွဲခြင်းလို့
ဘယ်လိုများခေါင်းစဉ်တပ်ရက်ခဲ့သလဲ
တကယ်ချစ်ရင်မဝေးဘူးဆိုတဲ့မင်းကိုယ်တိုင်ကပဲ
ခက်တယ်အချစ်ရယ်ခက်တယ်
လွမ်းစရာကိုအနာစရာနဲ့ဖြေဖို့
ငါ့မှာမင်းအပြစ်အနာလေးတွေပဲချစ်ခဲ့ရ
လွှင့်မပစ်ရက်လို့သိမ်းထားမိတဲ့
အမှတ်တရဆိုလို့
ကိုယ်မှာဒဏ်ရာတွေပဲရှိတယ်
မိသဘောတူလို့ပဲယူယူ
မင်းကိုယ်တိုင်သဘောကျလို့ပဲယူယူ
မင်းလက်ထပ်မဲ့သူနဲ့
အိုအောင်မင်းအောင်
ပေါင်းဖက်နိုင်ပါစေကွယ်
သံသရာတစ်ကွေ့တောင်ပြန်မတွေ့နိုင်တော့တဲ့အထိ
တို့ဝေးကြရုံပေါ့။။။။
(ချစ်သူသို့***)
အတိတ်ဟာအဆိပ်တွေဖြစ်ခဲ့ပါပေါ့
လွမ်းစရာထဲနာစရာတွေထည့်လွမ်းရတာ
နာနာကျင်ကျင်ရှိလိုက်တာကွယ်
ကြင်ကြင်နာနာပြုံးပြမရလေတော့
ရင်နာနာနဲ့မုန်းကြရုံပေါ့
ငါမင်းကိုသိပ်မုန်းတယ် ချစ်သူ
(အဖြူရောင်မုသားပါကွယ်)
ကြယ်ကြွေတိုင်းမှဆုတောင်းမပြည့်တာကွယ်
ကောင်းကင်ကိုလဲမော့မကြည့်တော့ဘူး
လမင်းကြီးလဲငါ့ကိုစိတ်ကောက်နေတယ်
မင်းစိတ်ဆိုးပြေအောင်သူမကူညီနိုင်ဘူးတဲ့လေ
ချစ်သူရေ
မမြင်ပါစေလို့ပဲပုန်းပုန်း
မကြာနာစေလို့ပဲမုန်းမုန်း
မင်းပုန်းမင်းမုန်းလို့ဝတဲ့အခါ
ဒီရင်ကိုတစ်ခါပြန်လည်ဆိုးနွဲ့စမ်းပါဦးကွယ်။။။။
ဆေးလိပ်သောက်ရတာက်ြိုက်တယ်
ခင်ဗျားကိုချစ်သလိုပေါ့
ရှူရှိုက်မိတိုင်းဝေဒနာတွေရမယ်ဆိုတာသိတယ်
ကိုယ်တိုင်ကလိုလိုလားလားရှူသွင်းမိနေတာမျိုး
ဆေးလိပ်သောက်ခြင်းဟာ
ကျန်းမာရေးကိုဆိုးရွာစွာထိခိုက်စေနိုင်ပါသည်တဲ့
ကြည့်စမ်းပါဦးမမဝေရယ်
လူတွေဟာကိုယ့်ကိုနာကျင်စေတဲ့အရာတွေကိုနှစ်သက်တတ်မှန်းသိလို့
ကောင်းကောင်းကြီးအသုံးချသွားတာ
နာကျင်စရာဆိုပေမဲ့လည်း
မစွန့်လွတ်နိုင်သေးသမျှတော့ကြင်နာနေရတယ်
အသဲကွဲနေတဲ့လူငယ်လေးဟာ
Alcohol နဲ့ဆေးလိပ်ကိုမိတ်ဆတ်ပေးနေလေရဲ့
ရှူရှိုက်မိတိုင်းဝေဒနာတွေပေးနေတာသိတယ်
ဒါပေမဲ့
ဆေးလိပ်သောက်ရတာကြိုက်တယ်
မမဝေကိုချစ်သလိုမျိုးပေါ့။။။
*မင်းနဲ့အတူ အိုမင်းချင်တယ်*
ဘားတကာတတ်လဲအတူတူမို့
ဘုရားစာဖတ်လဲအတူတူပေါ အချစ်ရယ်
မတရားအတူမူးကြသလို
ဘုရားလဲအတူဖူးကြမယ်
ငါရေချမ်းကပ်တော့မင်းချမ်းမြေ့ပါစေ
မင်းပန်းကပ်တော့ ငါသင်းမြပါစေပေါ့
ကိုယ့်အားကိုးရာတောင်ဝှေးဟာမင်းဖြစ်ပြီး
မင်းအားကိုးရာတောင်ဝှေးဟာကိုယ်ပေါ့ အချစ်ရယ်
တစ်ယောက်အပြုံးတစ်ယောက်အားပြုလို့
အနာဂါတ်ကိုနှစ်ရောက်အတူလမ်းလျောက်ထွက်မယ်
ကိုယ်သိပ်ချစ်ရတဲ့ပါးဖောင်းဖောင်းလေးနေရာ
အစားဝင်လာတဲ့ပါးချိုင့်လေးကိုချစ်တယ်
ကျန်းမာရေးဂရုစိုက်ပါအချစ်ရယ်
မင်းချောင်းဆိုရင် ကိုယ်ရင်ကြပ်တာမို့
မင်းတစ်ယောက်ဖျားရင်
ကိုယ်ပါဆေးခါးတွေဝါးရတယ်
မြတ်နိုးမှုတစ်သန်းပါအချစ်ရယ်
မြေးလေးတွေအရှေ့အဖွားကိုနမ်းရင်
ရှက်ရမ်းရမ်းပြီးအဖိုးကိုရိုက်ဦးမလား
မင်းအပြုံးဟာ ကိုယ်မေတ္တာတွေစီးဝင်ရာပေါ့ အချစ်ရယ်
မင်းနဲ့အတူအိုမင်းချင်တယ်
မင်းခဏခဏကာလာချိန်းတဲ့ဆံနွယ်တွေနဲ့
ငြိမ်းချမ်းရေးယူအလံဖြူပြတဲ့အချိန်ထိ မင်းကိုချစ်တယ်။။။
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
