Spring CrowdFund (SCF)
رفتن به کانال در Telegram
https://springcrowdfund.org တရားဝင် တော်လှန်ရေးထောက်ပို့ပလက်ဖောင်း SCF
نمایش بیشتر3 694
مشترکین
-124 ساعت
-147 روز
-5730 روز
آرشیو پست ها
ဩဂုတ်လတစ်လတည်းမှာတင် SCF မှတဆင့် မြေပြင်ရဲ့လိုအပ်ချက်တွေအတွက် ထောက်ပို့ငွေ သိန်းပေါင်း (၃,၅၅၀) ကျော်၊ ထောက်ပို့ခဲ့ကြတဲ့အကြိမ်ပေါင်း (၃,၀၀၃) ကြိမ်အထိ ရှိခဲ့ပါတယ်။
လက်ရှိအင်အားနဲ့တောင် ဒီလောက်ထောက်ပို့နိုင်ရင် လူအင်အား ၅၀,၀၀၀ စုပေါင်းမိသွားတဲ့တစ်နေ့မှာဆို ဘယ်လောက်တောင် အရှိန်ကောင်းသွားမလဲဆိုတာ တွက်သာကြည့်လိုက်တော့ အကြည်ဓာတ်လေးတို့ရေ။
တကယ့်ကို အားရစရာကောင်းတဲ့ စုပေါင်းအင်အားကြီးဖြစ်လာမှာ အသေအချာပါပဲ... 💪
#SpringCrowdFund #SCF
YESSS WE DID IT AGAIN!!! ✨
" The Layer - ယူနီဖောင်းကျည်ကာ " ကမ်ပိန်းဟာ Spring CrowdFund (SCF) မှာ ၃၇ ခုမြောက် တားဂတ်ကျော်လွန် အောင်မြင်ခဲ့တဲ့ ကမ်ပိန်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။
ဒီအောင်မြင်မှုဟာ ကမ်ပိန်းတာဝန်ခံ Myanmar Care Group (MCG) ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တိုက်ခိုက်ရေးတပ်ဖွဲ့-၅) က ရဲဘော်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ... အလှူရှင် အကြည်ဓာတ်လေးများရဲ့ ညီညီညာညာ စုပေါင်းပါဝင်မှု၊ နည်းလမ်းပေါင်းစုံနဲ့ ဝန်းရံပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ အားဖြည့်မှုတွေကြောင့် ရရှိလာတဲ့ အသီးအပွင့်ပါ။
ရဲဘော်များလည်း ပြည်သူ့မေတ္တာ ကျည်ကာတွေကြောင့် ဘေးကင်းပါစေ၊ ကျွန်တော်တို့ ပြည်သူတွေလည်း ဒီစုပေါင်းအားကနေရလာတဲ့ ခွန်အားတွေနဲ့အတူ... ပန်းတိုင်ရောက်တဲ့အထိ အတူတူ ဆက်ပြီး ချီတက်ကြပါမယ်။
SCF အသုံးပြုရန် - springcrowdfund.org
#SpringCrowdFund #SCF
#TheLayer
တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို အိပ်ရာပေါ်မှာ ဖုန်းလေးသုံးရင်း ဖြေဖျောက်ခွင့်ရနေသေးရင် တော်တော်ကံကောင်းပါတယ်။
ဒါပေမဲ့ အဲဒီလို ဘေးကင်းကင်း အိပ်စက်နိုင်တဲ့ နေရာဒေသတွေမှာ ရှိနေတာတောင် အမိမြေ တိုင်းပြည်က သတင်းတွေဖတ်ရင်း မြေပြင်က လိုအပ်ချက်တွေ၊ အခက်အခဲတွေကို မြင်ရတဲ့အခါ သက်ပြင်းတစ်ချက် အသာချမိတဲ့ ပြည်သူတွေမှ အများကြီးပါပဲ။
"လိုအပ်တိုင်း ကူညီပေးချင်ပေမဲ့လဲ... နေ့တိုင်းထောက်ပို့ပေးချင်ပေမဲ့လဲ.... " ဆိုတဲ့ အားနာစိတ်မျိုးဟာ လိပ်ပြာလုံချင်တဲ့ ပြည်သူတိုင်း ခံစားရဖူးမှာပါ။
တကယ်တော့.. ထောက်ပို့တယ်ဆိုတာ အမြဲတမ်း ကိုယ်ပိုင်ငွေကြေးနဲ့မှ အားဖြည့်လို့ရတာ မဟုတ်ပါဘူး။
YouTube မှာ springcrowdfund လို့ရိုက်ရှာပြီး ဗီဒီယိုလေးတစ်ခုကို ဖွင့်ကြည့်လိုက်တယ်။ ကြော်ငြာပန်းလေးတွေကို မြင်တော့ ပီတိဖြစ်တယ်။ ခဏတာ မိနစ်အနည်းငယ် အချိန်လေးတစ်ခုကို ပေးလိုက်တာပါပဲ။
ဒါပေမဲ့ အဲဒီလို မိနစ်ပိုင်းလေးတွေ ကြော်ငြာပန်းတွေ စုလာတဲ့အခါမှာတော့...
ရှေ့တန်းက အသက်ကိုရင်းပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ရဲဘော်တွေအတွက် ဆေးဝါးရိက္ခာတွေ၊ကျည်ကာတွေ ဖြစ်သွားနိုင်တယ်။ ပြေးလွှားနေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ဆာလောင်မှုပြေစေမယ့် ထမင်းတစ်နပ် ဖြစ်သွားနိုင်တယ်။ ကလေးငယ်လေးတွေအတွက် ပညာသင်ခွင့်ဖြစ်သွားနိုင်တယ်ဆိုရင် မိနစ်အနည်းငယ်လေးတွေကို လိုလိုလားလား ကျေကျေနပ်နပ် ပေးမိမှာလား။
နေ့တိုင်း ကိုယ်ပိုင်ငွေကြေးနဲ့ တိုက်ရိုက်မထောက်ပို့နိုင်ရင်တောင် နေ့တိုင်းဗီဒီယိုလေးတွေဝင်ကြည့်မယ်၊ RCS လေးတွေလုပ်ပေးမယ်ဆိုရင်လည်း SCF မှာ မြေပြင်ကို ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်ပါတယ်။
အဲ့ဒါကြောင့် အားလပ်တဲ့ အချိန်လေးတိုင်းမှာ SCF YouTube Channel လေးဆီ ဝင်လာခဲ့ပါ။
မြေပြင်က စကားသံတွေကို နားထောင်ပေးရင်း... သူတို့အတွက် အတူတူ ဆက်ပြီး အားဖြည့်ပေးကြရအောင်ပါ။
ရသမျှနည်းလမ်းအားလုံးနဲ့ အတူတူကြိုးစားကြမယ်ဆိုရင် သေချာပေါက်နိုင်ပါတယ်။ ❤️💪
နေ့စဉ်ဗီဒီယိုကြည့်ရန် Channel လင့်
https://www.youtube.com/@SpringCrowdFund
#SpringCrowdFund #SCF
" SCF က မင်မင်တွေ ရည်းစားရှိလား " ဆိုတဲ့ မေးခွန်းကလွဲရင် ကျန်တာဖြေပေးပါမယ်တဲ့ 😭
ဒီည ၈ နာရီမှာ အတူတူ ဆုံတွေ့ကြမယ်နော်။ ကော်ဖီလေးသောက်ရင်းဖြစ်ဖြစ်၊ ထမင်းစားရင်းဖြစ်ဖြစ်၊ လမ်းလေးလျှောက်ရင်းပဲဖြစ်ဖြစ် Live လေးမှာ အေးဆေးနွေးထွေး လာရောက်နားထောင်ဆွေးနွေးဖို့ အကြည်ဓာတ်လေးတွေ အားလုံးကို ဖိတ်ခေါ်ပါတယ်။
SCF Community Call Live
ယနေ့ည မြန်မာချိန် ည ၈နာရီ
#SpringCrowdFund #SCF
#CommunityCall #Live
+2
ညီညွတ်မှုတွေနဲ့ ပါဝင်ပေးခဲ့ကြတဲ့ အလှူရှင်ပြည်သူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
SCF မှာ ပြုလုပ်ခဲ့တဲ့ "စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး" အရေးပေါ်ကမ်ပိန်းမှာ (၂၁) ရက်အတွင်း ထောက်ပံ့လှူဒါန်းငွေ စုစုပေါင်း သိန်း (၁၆၂၀) နီးပါးအထိ ရရှိခဲ့ပြီး၊ ဒီရရှိငွေ အပြည့်အဝကို ရေဘေးသင့်ပြည်သူတွေအတွက် Ministry of Social, Labour and Humanitarian Affairs - NUG သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါပြီ။
ဒီရက်ပိုင်းတွေအတွင်း စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရသမျှတွေက အခုလို စုပေါင်းအားကို မြင်တွေ့ရတဲ့အခါ ခွန်အားတွေအဖြစ် ပြန်ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။
SCF အဖွဲ့သားတွေအနေနဲ့လည်း အခုလို ပြည်သူ့ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒါကြောင့် ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ ပိုမိုခိုင်မာတဲ့ အင်အားတွေဖြစ်လာဖို့ SCF ရဲ့ "ထောက်ပို့ပြည်သူအင်အား ၅၀,၀၀၀" စုပေါင်းမှုမှာလည်း ဆက်လက် ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
#SpringCrowdFund #SCF
#MoSLHA #စစ်ကိုင်းရေဘေးဖေးမစာနာကူညီပေး
အမိမြေနဲ့ ဝေးနေလည်း အမြဲတမ်း ထောက်ပို့နေတဲ့သူတွေ ရှိလား..
အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ SCF ရဲ့ Update အသစ်တစ်ခု မကြာခင် ရောက်လာတော့မယ်ဆိုတာ 'နွေ' လာပြောပြတာပါ။
ဘာဖြစ်မယ်ထင်လဲ? cmt မှာ ခန့်မှန်းကြည့်ပေးပါဦးနော်။
#SpringCrowdFund #SCF
#update
AI မဟုတ်ပဲ လူကိုယ်တိုင် ဖြေပေးမယ့် SCF အကြောင်း
Community Call Live
အခုလို တော်လှန်ရေးအောင်မြင်ဖို့အတွက် အတူတူကြိုးစားနေကြချိန်မှာ... SCF အနေနဲ့ ရှေ့ဆက်သွားမယ့် ခြေလှမ်းသစ်တွေက ဘာတွေလဲ၊ တော်လှန်ပြည်သူတွေအားလုံး သိထားသင့်တဲ့ အရာတွေက ဘာတွေလဲ ဆိုတာကို အားလုံးနဲ့ ရင်းရင်းနီးနီး တိုင်ပင်ချင်ပါတယ်။
ဒါကြောင့် SCF နဲ့ပတ်သက်ပြီး သိချင်နေတဲ့ မေးခွန်းတွေကို ကိုထိန်လင်း နဲ့ ကိုဇင်ကြီး တို့ လူကိုယ်တိုင် တိုက်ရိုက် ဖြေကြားပေးမယ့် Community Call Live အစီအစဉ်ကို မနက်ဖြန် စက်တင်ဘာလ ၉ရက်နေ့ မြန်မာချိန် ည ၈ နာရီမှာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။
SCF နဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ ရှိရင် ဒီ Post ရဲ့ cmt (သို့) SCF Page messenger ကနေ ကြိုတင်မေးထားလို့ ရနေပါပြီခင်ဗျာ။
အတူတူ ဆက်ချီတက်ကြပါမယ်
#SpringCrowdFund #SCF
#SCFCommunityCall #Live
စက်တင်ဘာလအတွက် PRF ထောက်ပို့တာဝန်ကို SCF မှာ စုပေါင်းထောက်ပို့နိုင်ပါပြီ။
PRF တွင် ပါဝင်ချင်သော်လည်း ထောက်ပို့တပ်သားတယောက်အဖြစ် တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားသော အနည်းဆုံးနှုန်းထားများဖြင့် ပါဝင်ရန် အခက်အခဲရှိသော မိဘပြည်သူများ အနေဖြင့် SCF ၏ ယခုကမ်ပိန်းမှတဆင့် မိမိတို့တတ်နိုင်သမျှ စုပေါင်းထောက်ပို့နိုင်မည်ဖြစ်ပါသည်။
🚩 တကြိမ်လျှင် မည်မျှထောက်ပို့နိုင်သနည်း။
SCF တွင် မြန်မာငွေကျပ် ၅၀၀၀ မှစတင်ကာ မိမိပါဝင်ချင်သည့် ဆန္ဒရှိရာ ပမာဏကို SDB Currency (၁၀) မျိုးဖြင့် ပါဝင်ထောက်ပို့နိုင်ပါသည်။
🚩 ကြိုတင်အသိပေးခြင်း
တစ်ဦးချင်းအနေဖြင့် PRF Member Card ရယူကာ ထောက်ပို့တပ်သား တာဝန်ထမ်းဆောင်လိုပါက အောက်ဆုံးတွင်ဖော်ပြပေးထားသော လင့်များမှတဆင့် ဆက်သွယ်ပါဝင်နိုင်ပါသည်။
SCF Platform တွင် PRF ထောက်ပို့တာဝန် စုပေါင်းထမ်းဆောင်သူများအနေဖြင့် SCF Certificate ရရှိမည်ဖြစ်သော်လည်း တစ်ဦးချင်းစီအတွက် PRF member card များရရှိမည်မဟုတ်ပါ။ စုပေါင်းထောက်ပို့ကြသော အကြည်ဓာတ်လေးများအားလုံး၏ ညီညွတ်မှုအင်အားကို ကိုယ်စားပြုသော "Collective Power of SCF Users" ကိုယ်ပိုင်အမှတ် PRF-0111149 ဖြင့် လစဉ်ထောက်ပို့လျက်ရှိပြီး ၄လအတွင်း ရဲဘော် ၂၀၄ ဦးအတွက် ထောက်ပို့ပေးနိုင်ခဲ့ပါသည်။
ရရှိလာသော Member card ကိုလည်း QR Code မှတ်တမ်းနှင့်တကွ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထုထံ လစဉ် တင်ပြပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ စုပေါင်းထောက်ပို့အင်အားတွင် အတူပါဝင်မည်ဆိုပါက ယခုပင် Donate ခလုတ်ကိုနှိပ်၍ လုံခြုံလွယ်ကူစွာ ပါဝင်နိုင်ပြီဖြစ်ပါသည်။
ရရှိငွေများအားလုံးကို PRF သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး ထောက်ပို့ပြည်သူတွေ တာဝန်ထမ်းဆောင်လိုက်တဲ့ အရင်းအမြစ်တွေတိုင်းက ရှေ့တန်းမြေပြင်မှ PDF ရဲဘော်များထံ ဗျူဟာမြောက်ဖြန့်ကျက်ရောက်ရှိစေရမယ် ဆိုတဲ့ အဖွဲ့အစည်းဆိုင်ရာ ဗျူဟာမြောက်ကတိကဝတ် (Institutional Strategic Promise) အတိုင်း PRF အစီအစဉ်မှ စုဆောင်းရရှိတဲ့ ထောက်ပို့ငွေတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် စစ်ရုံးချုပ်ရဲ့ စီမံဆောင်ရွက်မှုနဲ့ PDF တပ်ရင်းတပ်ဖွဲ့ (၃၆၀)ကျော်ထံသို့ စီးဆင်းပို့ဆောင်သွား။
"သင့်ရဲ့ ထောက်ပို့မှုတိုင်းဟာ ရှေ့တန်းက PDF ရဲဘော်တွေအတွက် အားအင်အစစ်အမှန်တွေ ဖြစ်စေရမည်။"
ကိုယ်ပိုင် Member Card ဖြင့်ထောက်ပို့လိုပါက
🔹 Facebook: fb.me/prf4pdf
🔹 Messenger: m.me/prf4pdf
🔹 Telegram: t.me/prf4pdfbot
SCF တွင် အတူစုပေါင်းကာ ထောက်ပို့လိုပါက
🌿 springcrowdfund.org/c/OFMsSD
ကမ္ဘာ့စင်မြင့်ထက်မှာ သူ လက်သုံးချောင်း စထောင်လိုက်တဲ့ အဲ့ဒီအချိန်...ေပြည်သူတွေအားလုံးရဲ့ ရင်ဘတ်ထဲက မျှော်လင့်ချက်တွေ အရှိန်အဟုန်နဲ့ ပြန်လည်နိုးထလာခဲ့တယ်။
မိုက်ခရိုဖုန်းရှေ့က သူ့အသံတွေ တုန်ယင်နေခဲ့ပေမဲ့၊ သူ့ရဲ့ ရပ်တည်ချက်ကတော့ သိပ်ကို ခိုင်မာပြတ်သားလွန်းလို့ နားထောင်ရင်းနဲ့တင် ပြည်သူတွေ မျက်ရည်ဝဲခဲ့ရတယ်။ ဒီတုန်ယင်မှုက ကြောက်ရွံ့လို့မဟုတ်ဘဲ ပြည်သူတွေရဲ့ နာကျင်မှုတွေကို ပခုံးပေါ် ထမ်းတင်ထားရလို့ဆိုတာ ထပ်တူခံစားမိရင်း သံအမတ်ကို ကျေးဇူးလည်းတင်မိတယ်။ ဂုဏ်လည်းယူမိတယ်။
ပြည်သူ့သံအမတ်ပီသစွာပဲ ပြည်သူတွေရဲ့အသံကို ကမ္ဘာကြီး ကြားအောင် သူ ဖွင့်ဟပြောဆိုပေးခဲ့တယ်။ အခုလည်း ပြောပေးနေဆဲပဲ။ မနက်ဖြန်တိုင်းမှာလည်း အမှန်တရားရဲ့ ပဲ့တင်သံအဖြစ် ဆက်ပြီး ရှိနေပေးဦးမှာပါ။
ပြည်သူတွေဘက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပေးတဲ့သူကို ပြည်သူတွေကလည်း အတူတူ ပြန်ရပ်တည်ပေးရပါမယ်။ သံအမတ်ကြီးရဲ့ စကားသံတွေက တိုင်းပြည်အနာဂတ်အတွက် မျှော်လင့်ချက် ဖြစ်လာတဲ့အခါ၊ အဲ့ဒီမျှော်လင့်ချက်ကို ပြည်တွင်းပြည်ပက ပြည်သူတွေအားလုံး အခိုင်အမာ ဝန်းရံပေးဖို့ လိုပါတယ်။
ဒါကြောင့် Spring CrowdFund (SCF) အနေနဲ့ ပြည်သူတစ်ရပ်လုံးနဲ့အတူ အမြဲရှိနေသလို၊ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုလည်း အပြည့်အဝ ထောက်ခံကြောင်း ဒီနေရာကနေ ဂုဏ်ယူစွာ ပြောချင်ပါတယ်။
ပြည်သူတွေရဲ့ အသံအမှန်တွေကို ကမ္ဘာသိအောင် ပြောပြပေးနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အတူတကွ ခွန်အားပေးကြရအောင်။ အားလုံးအတူတူ တခဲနက်ထောက်ခံရင်း ကမ္ဘာသိအောင် သက်သေပြလိုက်ကြစို့။
#SpringCrowdFund #SCF
#UKyawMoeTun
#TrueVoiceOfMyanmar
#OurUNAmbassador
အမှတ် (၁၀၁၁) တပ်ရင်း ရဲဘော်များရဲ့ "ရှေ့တန်းအားဖြည့်"ကမ်ပိန်းအတွက် သိန်း ၁၃၀ ကျော် (၆၅%) ရရှိထားပါပြီ။ ဒါပေမဲ့ ရဲဘော်များအတွက် ကျည်ကာနဲ့ Helmet တွေ ဝယ်ယူဖြည့်တင်းပေးနိုင်ဖို့ဆိုရင် ဝန်းရံမှုများစွာ လိုအပ်နေပါသေးတယ်။
ကျည်ကာဆိုတာ ရှေ့တန်းက ရဲဘော်တစ်ယောက်အတွက် ဘေးကင်းစွာ အိမ်ပြန်နိုင်မယ့် မျှော်လင့်ချက်ဖြစ်လို့ SCF ( springcrowdfund.org ) မှာ အတူပါဝင်ပေးကြပါ။ ၅၀၀၀ ကျပ်ကနေစပြီး ထောက်ပို့နိုင်ပါတယ်။ Certificate လည်း ချက်ချင်းရပါမယ်။
"ထောက်ပို့မယ်၊ RCS ကူညီမယ်၊ အတူတူ ဆက်ချီတက်ကြမယ် 💪 "
#SpringCrowdFund #SCF
"အနည်းငယ်သော ပမာဏမှသည်... ကြီးမားသော စုစည်းမှုဆီသို့"
ဒီနေ့ စက်တင်ဘာ (၅) ရက်နေ့ဟာ မာသာထရီဇာကို ဂုဏ်ပြုသတ်မှတ်ထားတဲ့ "အပြည်ပြည်ဆိုင်ရာ ပရဟိတနေ့" (International Day of Charity) ဖြစ်ပါတယ်။
ပရဟိတဆိုတာ ကြီးကျယ်ခမ်းနားနေစရာ မလိုပါဘူး။ တစ်ယောက်တည်းအတွက် သေးငယ်တယ်လို့ ထင်ရတဲ့ ပမာဏလေးတွေ စုပေါင်းလိုက်တဲ့အခါ တစ်စုံတစ်ယောက်ရဲ့ ဘဝကို ဆက်လျှောက်ဖို့ ကြီးမားတဲ့ ခွန်အားတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ဒီနေ့လို အဓိပ္ပာယ်ရှိတဲ့နေ့လေးမှာ Spring CrowdFund (SCF) မှာ ဝန်းရံမှု လိုအပ်နေတဲ့ ကမ်ပိန်းတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပေးဖို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်ပါတယ်။
သတိတရလေး မှာချင်တာက...
Certificate လေးတွေကို အချိန်မရွေး Download ပြန်ယူနိုင်ဖို့ Donate မလုပ်ခင် အရင် Sign in ဝင်ဖို့ မမေ့နဲ့နော်။
အမှောင်မိုက်ဆုံး အချိန်တွေမှာတောင် အချင်းချင်း ဖေးမကူညီရင်း ခိုင်ခိုင်မာမာ လက်တွဲထားကြပါစို့။
#SpringCrowdFund #SCF
#InternationalDayofCharity
ရှေ့တန်းက အပြုံးတွေပေါ့... မြင်လိုက်ရုံနဲ့တင် အမောပြေသွားတယ်မလား။
ဒီအပြုံးတွေ ပိုပြီးတောက်ပလာဖို့နဲ့ ပဲခူးခရိုင် တပ်ရင်း (၂) က ရဲဘော်တွေ အားမာန်အပြည့်နဲ့ ရှေ့ဆက်ချီတက်နိုင်ဖို့ ပြည်သူများရဲ့ အားဖြည့်မှုတွေ အများကြီး လိုအပ်နေပါသေးတယ်။
"ဘယ်ကနေ ထောက်ပို့ရမလဲ၊ လုံခြုံပါ့မလား၊ တကယ်ရော ရောက်ပါ့မလား" ဆိုပြီး စိတ်ပူနေစရာလည်း မလိုတော့ပါဘူး။
ကိုယ်တိုင်လည်း စိတ်ချလက်ချ အလွယ်တကူ ထောက်ပို့ချင်တယ်၊ ရဲဘော်တွေအတွက်လည်း အမြန်ဆုံးနဲ့ ရာနှုန်းပြည့် ရောက်ရှိသွားစေချင်တယ်ဆိုရင်တော့ Spring CrowdFund (SCF) က အသင့်ရှိနေပါတယ်။ Certificate ကိုလည်း ချက်ချင်းရအောင် အဆင့်မြင့်နည်းပညာနဲ့ လုပ်ပေးထားတာမို့ ရဲဘော်တွေအတွက်လည်း ဝန်ထုပ်ဝန်ပိုး သက်သာစေပါတယ်။
ပါဝင်ထောက်ပို့ရန်နှိပ်ပါ (မြန်မာပြည်တွင်းဆိုရင် VPN လိုအပ်ပါတယ်)
Certificate တွေကို လိုချင်တဲ့အချိန်တိုင်း Download ပြန်ယူလို့ရချင်တယ်ဆိုရင် ထောက်ပို့တိုင်းမှာ Sign in အရင်လုပ်ဖို့လည်း မမေ့နဲ့နော်။
#SpringCrowdFund #SCF
လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးရတဲ့သတင်းတွေဖတ်ရတဲ့အခါ ဘယ်လိုခံစားရလဲ..
😢 sad react လေးပေးရုံနဲ့ လိပ်ပြာမလုံရက်သလို၊ ကိုယ်ချင်းစာနာရင်း တစ်ခုခုလုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့လဲ တွေးခဲ့မိကြမယ်လို့ ထင်ပါတယ်။
ဒါကြောင့် အခုဆိုရင် Air Strike ကြောင့် သေဆုံးရမှုတွေကို ထိထိရောက်ရောက် ကာကွယ်လျှော့ချနိုင်ဖို့ SCF platform မှာ စတင်ပြုလုပ်ထားပြီဖြစ်တဲ့ အရေးကြီး ပရောဂျက်တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ ပြည်သူ့ရေဒါပရောဂျက် (People's Radar Project) ပါ။
လေကြောင်းရန် ကြိုတင်သတိပေးခြင်းဖြင့် အပြစ်မဲ့ပြည်သူပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့အတွက်
လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA)
ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဆက်သွယ်ရေး ၊ သတင်းအချက်လက် နှင့် နည်းပညာ ဌာနကြီး (ICT)
ကာကွယ်ရေးဝန်ကြီးဌာန (MOD) တို့နှင့်အတူ Spring CrowdFund (SCF) တို့ပူးပေါင်းပြီး ပြုလုပ်တဲ့ ပရောဂျက်ဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ ပါဝင်နိုင်ပါတယ်။
လိုအပ်တဲ့ပမာဏ သိန်း ၅,၀၀၀ ဆိုတာ များပေမဲ့လည်း၊ မျှော်လင့်နေကြရှာတဲ့ အသက်ပေါင်းများစွာနဲ့ယှဉ်ရင် ပြည့်ကိုပြည့်မှဖြစ်တဲ့အထိ အရေးကြီးနေပါတယ်။
ပရောဂျက်အကြောင်းအသေးစိတ်ကို အောက်ပါလင့်မှတဆင့် ဖတ်ရှုနိုင်ပါတယ်။ တော်လှန်ပြည်သူတွေအားလုံးဟာ စိတ်တူကိုယ်တူ ရှေ့ဆက်လှမ်းနေကြသူတွေဖြစ်လို့ ပါဝင်ပေးကြမယ်လို့လည်း အပြည့်အဝယုံကြည်ပါတယ်။ 🙏
ပြည်သူ့ရေဒါပရောဂျက်တွင် ပါဝင်ရန်
🔗 springcrowdfund.org/c/Me4qgw
#NUG #MoSLHA #ICT #MOD
#SpringCrowdFund #SCF
ရင်ဘတ်ချင်းနီးတဲ့သူတွေအတွက် အကွာအဝေးဆိုတာ ဂဏန်းအရေအတွက် သက်သက်ပါပဲ။
ဘယ်နေရာပဲရောက်နေနေ၊ @SpringDevBank ရှိရုံနဲ့ Spring CrowdFund (SCF) မှာ ကမ်ပိန်းတွေအတွက် ကြားခံအဆင့်ဆင့်မလိုတော့ပဲ ကိုယ်တိုင်တိုက်ရိုက် ထောက်ပို့နိုင်ပါပြီ။
အဆုံးသတ်အောင်ပွဲကို မြန်မြန်သွားနိုင်ဖို့ နည်းပညာအားသာချက်ကို အသုံးချပါ။ နောက်တစ်ဆင့်ကို အရှိန်မြှင့်ပါ။
#SpringCrowdFund
#SpringDevelopmentBank
#SCF #SDB
“အသက်” ... ဒီစကားလုံးလေးက တိုတောင်းပေမယ့် ကျွန်တော်တို့အားလုံးအတွက် တန်ဖိုးအကြီးမားဆုံးပါ။
နွေဦးတော်လှန်ရေး ခရီးကြမ်း (၆) နှစ်တာကာလကို ရောက်ရှိလာတဲ့အချိန်မှာ ပြည်သူတစ်ရပ်လုံးရဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှုတွေကြောင့် တော်လှန်ရေးဒီရေဟာ နယ်စပ်ဒေသတွေကနေ ပြည်မဆီကို တဖြည်းဖြည်းချင်း ဝင်ရောက်လာနေပါပြီ။ အထူးသဖြင့် အာဏာရှင်တွေ အထိုင်ချရာ နေပြည်တော်နဲ့ အနီးဆုံးဖြစ်တဲ့ စစ်တောင်းမြစ်ဝှမ်းဒေသ ဟာ အခုဆိုရင် အရေးအကြီးဆုံး ဗျူဟာမြောက် အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို နေရာတွေကို အပြည့်အဝ စိုးမိုးနိုင်ဖို့ဆိုရင် ပြည်သူလူထုကို အကြမ်းဖက်နေတဲ့ စစ်အာဏာရှင်ရဲ့ ခြေကုပ်စခန်းတွေကို မဖြစ်မနေ တွန်းလှန်ဖယ်ရှားရပါမယ်။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ နေပြည်တော်တိုင်း ကွပ်ကဲမှုအောက်က တပ်ရင်း (၈၀၇) နဲ့ ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေဟာ စစ်တောင်းမြစ်ဝှမ်းကို ကျော်လွန်ပြီး အသက်သွေးချွေးတွေ ပေးဆပ်ကာ ရှေ့ဆက် ချီတက်နေကြပါတယ်။
ဒီလို အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းတဲ့အခါ ရှေ့တန်းက ရဲဘော်တွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အသက်အန္တရာယ်ကို အကာအကွယ်ပေးနိုင်မယ့် "ကျည်ကာ" တွေ အထူးလိုအပ်နေပါတယ်။ ရဲဘော်တစ်ယောက် ကျည်ကာတစ်ထည် ဝတ်ဆင်ခွင့်ရတာဟာ အသက်တစ်ချောင်းကို ကယ်တင်လိုက်နိုင်တာနဲ့ အတူတူပါပဲ။ သူတို့ရဲ့ အသက်တွေကို ကာကွယ်ပေးဖို့ဆိုတာ နောက်တန်းက ထောက်ပို့ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
ဒါကြောင့် မြေပြင်က ရဲဘော်တွေအတွက် ကျည်ကာအစုံ (၇၀) တပ်ဆင်ပေးနိုင်ဖို့ Spring CrowdFund (SCF) မှာ "အသက်" အမည်ရှိ ကမ်ပိန်းကို စတင်ပါဝင် ထောက်ပို့နိုင်ပြီဖြစ်ပါတယ်။
တတ်နိုင်သလောက် ပါဝင်ကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ငွေကြေးအားဖြင့် ချက်ချင်းမကူညီနိုင်သေးရင်တောင် ဒီ Post လေးကို များများပြန့်နှံ့အောင် မျှဝေပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ မျှဝေပေးတာက ငွေကုန်ကြေးကျမရှိပေမယ့် တကယ့်ကိုထိရောက်မှုရှိစေပါတယ်။
https://springcrowdfund.org/c/WqIbps
YouTube Channel Link
https://youtube.com/@springcrowdfund?si=5L6FKFsNf4qMqnuw
စက်တင်ဘာလမှ စတင်ကာ "Spring CrowdFund နွေဦးလူထုရန်ပုံငွေ" YouTube Channel မှ လစဉ်ရရှိငွေများကို ကမ်ပိန်းများတွင် အားဖြည့်ပေးသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ❤️
#SpringCrowdFund #SCF
ဩဂုတ်လမှာ SCF အကြည်ဓာတ်လေးများ စုပေါင်းပြီး PRF အတွက် မြန်မာငွေကျပ် ၅၁ သိန်းခန့် ထောက်ပို့နိုင်ခဲ့တာကြောင့် 💎 Diamond Card ကို ၂ လဆက်တိုက် ထပ်မံရရှိခဲ့ပါပြီ။
စက်တင်ဘာလမှာလည်း ၃ လ ဆက်တိုက် ယူနိုင်အောင် အတူတူ ထပ်ကြိုးစားကြပါမယ်။
မပါဝင်ဖူးသေးတဲ့ သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ပေးပါ။
ပါဝင်မယ်ဆိုရင် "အတူတူ" လို့မန့်ခဲ့ပေးနော်။
#SCF #PRF
#TogetherWeCan
ရေဘေးထဲက အပြုံးများ... ရက် (၂၀) အတွင်း ကျပ်သိန်း (၁,၅၀၀) ကျော်နဲ့ သက်သေပြနိုင်ခဲ့တဲ့ ပြည်သူ့မေတ္တာ
ဘေးဒုက္ခတွေကြားမှာ အကူအညီမဲ့နေတဲ့ ပြည်သူတွေဆီကို Spring CrowdFund - နွေဦးလူထုရန်ပုံငွေ မှတဆင့် "အကြည်ဓာတ်" လေးတွေဆီက မေတ္တာတွေ ရောက်ရှိခဲ့ပါတယ်။ "စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး" ကမ်ပိန်းလေး စတင်ခဲ့တဲ့ (၂၀) ရက်အတွင်းမှာပဲ အလှူငွေ ကျပ်သိန်းပေါင်း (၁,၅၀၀) ကျော်အထိ ရရှိခဲ့ပြီး၊ ရရှိလာတဲ့ အလှူငွေတွေကို Ministry of Social, Labour and Humanitarian Affairs - NUG သို့ အမြန်ဆုံး လွှဲပြောင်းပေးကာ ရေဘေးသင့်ပြည်သူတွေ လက်ဝယ်အရောက် ထောက်ပံ့ပေးနေပါတယ်။
ရေဘေးကြောင့် ပူပန်နေရချိန် ကလေးငယ်ပိုက်ထားတဲ့ မိခင်တွေ၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေကို ပြုံးခွင့်ပေးနိုင်ခဲ့တာဟာ အကြည်ဓာတ်လေးတို့ရဲ့ နွေးထွေးတဲ့ ဖေးမကူညီမှုတွေကြောင့်ပါပဲ။
လမ်းပိတ်ဆို့မှုတွေ၊ အင်တာနက်ပြတ်တောက်မှုတွေကြားကနေ သောက်သုံးရေ၊ ရိက္ခာ၊ မိုးကာတဲတွေနဲ့ အရေးပေါ်ဆေးဝါးတွေကို ဆက်လက်ပေးပို့နေဆဲဖြစ်သလို၊ စိုက်ပျိုးမြေနဲ့ အိမ်ရာပြန်လည်တည်ဆောက်ရေးတွေကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့အတွက်ကိုလည်း ရရှိငွေများအားလုံးကို တတိယအကြိမ် ထပ်မံလွှဲပြောင်းပေးတော့မှာပါ။
ဒုက္ခရောက်နေချိန်မှာ လက်မလွှတ်တမ်း ဆွဲထားပေးတဲ့ အလှူရှင်ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဆက်လက်ပြီးတော့လည်း စက်တင်ဘာလ ၁ ရက်နေ့မှာ ပြီးဆုံးတော့မယ့် ဒီရေဘေးကမ်ပိန်းလေးမှာ တတပ်တအား ပါဝင်ကူညီပေးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။
Photos: MoSLHA-NUG
ထောက်ပို့လှူဒါန်းရန်နှိပ်ပါ
