HM Movies
رفتن به کانال در Telegram
HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235
نمایش بیشتر7 320
مشترکین
+1924 ساعت
+1497 روز
+45530 روز
آرشیو پست ها
7 323
Snake Woman (2025)
ညီအစ်ကိုလေး၂ယောက်ဟာတောထဲကိုသွားရင် ထူးဆန်းတဲ့
တိရိစ္ဆာန်တစ်ကောင်နဲ့တွေ့ပြီး အစ်ကိုဖြစ်တဲ့သူကပျောက်သွားခဲ့ပါတယ်။
ညီဖြစ်တဲ့သူဟာသူ့ဘဝတစ်လျှောက်လုံး အစ်ကို့ကိုလိုက်ရှာနေခဲ့ပါတယ်။
တစ်နေ့မှာတော့ ရွာလေးတစ်ရွာမှာမြွေသားပေါက်လေးတွေကိုဖမ်းခဲ့မိလို့
မြွေမကြီးလိုက်တဲ့အမှုကိုဖြေရှင်းရင်း မြွေသခင်ကြီးဆိုတဲ့လူနဲ့တွေ့ပါတယ်။
မြွေသခင်ကြီးတို့ရဲ့လူတွေကိုသတ်သွားတဲ့သတ္တဝါရဲ့လုပ်နည်းလုပ်ဟန်တွေက
သူ့အစ်ကိုကိုဖမ်းသွားတဲ့သတ္တဝါနဲ့တူတယ်လို့ယူဆတဲ့အတွက်
မြွေသခင်ကြီးတို့အဖွဲ့နဲ့အလုပ်အတူတွဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
တောထဲမှာအဲဒီထူးဆန်းသတ္တဝါနဲ့တကယ်ကြုံကြတော့
အဲဒီသတ္တဝါကမိန်းကလေးတစ်ပိုင်းမြွေတစ်ပိုင်းဖြစ်နေပါတယ်။
ဒီမိန်းကလေးကဘာကြောင့်ဒီလိုမြွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေရတာလဲ.....
ကောင်လေးရဲ့အစ်ကိုကရော ဘယ်ကိုရောက်သွားတာလဲ......
ဒီအရာအားလုံးရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ......
7 323
The Vanished
ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့
ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီးဟာ
ရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။
ပတ်ဂျင်ဟန်ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။
ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့ လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူ ယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်က ခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
7 323
May I Help You / 일당백집사 (2022)
မြန်မာစာတန်းထိုး HD (စ-ဆုံး)
ဇာတ်လမ်းအညွှန်း
+++++++++++
ကဲ ဒီတစ်ခါ ကြည့်ရမယ့်ကားလေးကတော့ ဂူမီဟိုကားထဲက Heyri နဲ့ Love and Leashes ထဲက ဒိုကောင်လေး Lee Jun-Young တို ပါဝင်သရုပ်ဆောင်ထားတဲ့ "May I help You" ဆိုတဲ့ ပေါ့ပေါ့ပါ့းပါးရိုမန့်စ်ဇာတ်မြူးလေးပါ။
Baek Dong-Ju (Hyeri) ကတော့ ဈာပနအခမ်းအနားမှူးတစ်ယောက်ဖြစ်ပြီး သူမရဲ့ ထူးခြားတဲ့အစွမ်းတစ်ခုကြောင့် အကျပ်ရိုက်နေရသူပါ။ သေလူတွေကိုမြင်ရပြီး သေလူတွေနဲ့ဆက်သွယ်နိုင်တဲ့ အစွမ်းကြောင့် နေ့ရက်တိုင်းငြိမ်ငြိမ်မနေရသူတစ်ယောက်ပါ။ ထိုအစွမ်းကြောင့်ပဲ သေသွားတဲ့လူတွေက သူတိုဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို သူမကိုတောင်းဆိုလာကြပါတယ်။ မဖြည့်ဆည်းပေးပြန်ရင်လည်း အဲဒီတစ်ရက်လုံးလုံး သူမဆီ ကံဆိုးမှုတွေပဲဆက်တိုက်ကျရောက်လာတတ်တာကြောင့် ဘယ်လိုမှမတတ်သာတဲ့အဆုံး Baek Dong-Ju တစ်ယောက် သေလူတွေရဲ့ ဆန္ဒကို လိုက်လံဖြည့်ဆည်းပေးရပါတော့တယ်။
Kim Jib-Sa (Lee Jun-Young) ကတော့ Ildangbaek ဆိုတဲ့ သူ့ဦးလေးဖွင့်ထားတဲ့ တောက်တိုမယ်ရဆိုင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးပါ။ တောက်တိုမယ်ရဆိုတဲ့အတိုင်း ဖောက်သည်တွေတောင်းဆိုလာတဲ့ မည်သည့်ကိစ္စမဆို ဝန်ဆောင်မှုပေးရပါတယ်။ မီးလုံးလဲပေးတာ၊ ရေခပ်တာ စတဲ့ နေ့ဒဓူဝကိစ္စတွေကို အကောင်းဆုံးလုပ်ကိုင်ပေးရင်း အလုပ်များနေသူတစ်ယောက်ပါ။
ထိုကဲ့သို အလုပ်ကိုယ်စီနဲ့ သူတိုနှစ်ယောက် ဆုံတွေ့လာတဲ့ အခိုက်အတန့်မှာတော့ Baek Dong-Ju ရဲ့ကိစ္စတွေမှာ Kim Jib-Sa ပါ ပါဝင်ကူညီလာရတဲ့အခါ သေလူတွေရဲ့ ဘယ်လိုဆန္ဒမျိးတွေကို လိုက်လံဖြည့်ဆည်းပေးရမှာလဲ။ သေသွားတဲ့သူတွေမှာရော ဘယ်လိုဆန္ဒတွေရှိနေမှာလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာမို ဒိုကောင်လေး Kim Jib-Sa ရဲ့ဆွဲဆောင်မှုထဲစီးမျောရင်း အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ Gold Channel ကနေ အကောင်းဆုံးတင်ဆက်ပေးမှုကို ပရိသတ်ကြီးက စောင့်ကြည့်ပေးပါဦးနော်။
Translated by Winnie Ngoon
Encoded by Wasabi
