fa
Feedback
HM Movies

HM Movies

رفتن به کانال در Telegram

HM Moives Channel မှ ကြိုဆိုပါတယ်ဗျ @ETh1235

نمایش بیشتر
7 327
مشترکین
-224 ساعت
+1457 روز
+46230 روز
آرشیو پست ها
“ Hunger “ (2023) 🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟 ဇာတ်ကားကောင်းလေးတွေကြည့်ရှုဖို့အတွက် မင်မင်ရဲ့ Main Channel လေးတွေကို Join ထားကြပါအုန်းနော် 🙏 🎦

ဇာတ်လမ်းအကျဥ်း စားဖိုမှူးတစ်ယောက်ရဲ့ အားသာချက်ဟာ ဟင်းလျာတစ်ခွက်နဲ့ အနံ့အရသာနဲ့ပြည့်စုံတဲ့ အနုပညာလက်ရာကိုဖန်တီးနိုင်တာဆိုရင် စားဖိုမှူးလုပ်ရတာရဲ့အားနည်းချက်ကတော့ ရေပေါ်ဆီ အထက်တန်းလွှာတွေနဲ့ ဆက်ဆံနေရတာပါပဲ။ ဘယ်လောက်ပဲ အခက်အခဲတွေရှိနေပါစေ တကယ့်ပါရမီရှင် ဝါသနာအရင်းခံကြီးမားသူတွေကိုတော့ အခက်အခဲတွေက စားဖိုမှူးဖြစ်မလာအောင် မတားဆီးနိုင်ပါဘူး။ အွိုင်တို့မိသားစုက သာမန်ရပ်ကွက်ခေါက်ဆွဲကြော်ဆိုင်လေးဖွင့်ထားတဲ့ လက်လုပ်လက်စားမိသားစုတစ်စုပါ။ မိဘလက်ငုပ်လက်ရင်း ဒီစားသောက်ဆိုင်လေးကို ဆက်လက်ဖွင့်ဖို့တာဝန်ဟာ အကြီးဆုံးဖြစ်တဲ့အွိုင်ပေါ်ကို ကျရောက်လာပါတယ်။ ဒါပေမဲ့ အိပ်မက်တွေရှိနေတဲ့အွိုင်ကတော့ သူတို့ဆိုင်ဟာ လက်မလည်‌အောင် ရောင်းကောင်း‌နေပေမဲ့ ဒီခေါက်ဆွဲကြော်ဆိုင်လေးထဲမှာပဲ ဘဝဆုံးမှာကို စိုးထိတ်နေမိသူတစ်ယောက်ပေါ့။ တစ်နေ့မှာ မထင်ထားတဲ့လူတစ်ယောက်က အွိုင်ရဲ့အရည်အချင်းကိုတွေ့မြင်ပြီးတော့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်ဖို့ ကမ်းလှမ်းလာခဲ့ပြီး ဒီစားသောက်ဆိုင်ကလည်း ဝယ်သူများအကြား အရသာရှိတယ် လက်ရာကောင်းတယ်လို့ နာမည်ကျော်သလို စားဖိုမှူးအသိုင်းအဝိုင်းမှာလည်း အပေါက်ဆိုးပြီး စည်းကမ်းကြီးတယ်လို့ နာမည်ကြီးလှတဲ့ စားဖိုမှူးကြီးပေါလ်ရဲ့ Hungerဆိုတဲ့စားသောက်ဆိုင် ဖြစ်နေတဲ့အခါ.... အွိုင်တစ်ယောက် ရပ်ကွက်ခေါက်ဆွဲကြော်ဆိုင်လေးကနေ အဆင့်မြင့်ဟင်းလျာတွေကို ချက်ပြုတ်နိုင်တဲ့ စားဖိုမှူးလေးဖြစ်လာနိုင်မလား။ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ သူဘယ်လိုကြိုးစားရမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ ( ဇာတ်လမ်းအကျဉ်းကို Zicky မှ ရေးသားပေးထားပါတယ်။ ) Subtitle By - Zicky & Ariel Encode By - Myint Thu ( BBMT & MLMC ) Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။

“ Hunger “ (2023) -------------- ဇတ်ကားသစ်
“ Hunger “ (2023) -------------- ဇတ်ကားသစ်

PREY [2022] 🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟 ဇာတ်ကားကောင်းလေးတွေကြည့်ရှုဖို့အတွက် မင်မင်ရဲ့ Main Channel လေးတွေကို Join ထားကြပါအုန်းနော်

PREY [2022] Predator ရုပ်ရှင်စီးရီးထဲက အသစ်... တစ်ကားလာပါပြီ။ The Predator (2010) နဲ့ The Predator (2018) ဆိုပြီး တင်ထားပေးပါ
PREY [2022] Predator ရုပ်ရှင်စီးရီးထဲက အသစ်... တစ်ကားလာပါပြီ။ The Predator (2010) နဲ့ The Predator (2018) ဆိုပြီး တင်ထားပေးပါတယ်။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။အက်ရှင်အသားပေးမို တစ်ကားလုံးကြုံးနေကြတာပါပဲ။ ကြည့်လိုအတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။

Dark Nuns (2025)

Dark Nuns (2025) ကလေးငယ်တွေဆီမှာ လိုက်လံ ပူးကပ်တတ်တဲ့ နတ်ဆိုးကြောင့် ကျောင်းသားလေးဟီးဂျွန်ဟာ ဓားစာခံ ဖြစ်နေရပြီး ဒီဖြစ်ရပ် အပ
Dark Nuns (2025) ကလေးငယ်တွေဆီမှာ လိုက်လံ ပူးကပ်တတ်တဲ့ နတ်ဆိုးကြောင့် ကျောင်းသားလေးဟီးဂျွန်ဟာ ဓားစာခံ ဖြစ်နေရပြီး ဒီဖြစ်ရပ် အပေါ်မှာ မတူညီတဲ့ အမြင်‌တွေရှိနေကြတာကတော့ သီလရှင် ယူနီယာ နဲ့ ဖာသာပေါလ်တို့ပဲဖြစ်ပါတယ်။ ဟီးဂျွန်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးကို ရှင်းထုတ်နိုင်ဖို့ အတွက် သီလရှင် ယူနီယာက အပနှင်ပွဲ ပြုလုပ်ချင်ပေမဲ့ ဖာသာပေါလ်ကတော့ ဆေးပညာကိုသာအားထားရမှာ ဖြစ်ကြောင်းအခိုင်အမာ ပြောဆိုနေခဲ့ပါတယ်။ဝိညာဉ်တွေရဲ့ တီးတိုးစကားသံကိုပါ ကြားနိုင်စွမ်း ရှိတဲ့ သီလရှင် ယူနီယာတစ်ယောက် ယူဆချက်မတူတဲ့  ဒီလို အခြေအနေတွေ ကြားကနေ ဟီးဂျွန်ကို ကယ်တင်ဖို့ အတွက် ဘယ်လိုအရာတွေနဲ့ရင်ဆိုင်ရမလဲ ဆိုတာကိုတော့  ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။

Yaksha: Ruthless Operations (2022)

Yaksha: Ruthless Operations (2022) ကိုရီးယားနိုင်ငံ အမျိုးသားထောက်လှမ်းရေးရုံးရဲ့ နိုင်ငံခြားဌာနခွဲတစ်ခုမှ ဌာနမှူးKang-in ဟာ
+2
Yaksha: Ruthless Operations (2022) ကိုရီးယားနိုင်ငံ အမျိုးသားထောက်လှမ်းရေးရုံးရဲ့ နိုင်ငံခြားဌာနခွဲတစ်ခုမှ ဌာနမှူးKang-in ဟာ အကောင်းဆုံးအေးဂျင့်တွေစုစည်းထားတဲ့ Black Team ကိုဦးဆောင်ပြီးလျှိဝှက်မစ်ရှင်များကိုလုပ်ဆောင်ရမယ့် အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ Kang-in ဟာ သူလိုချင်တာရဖို့အတွက်ဆိုရင် ညှာတာမှုမရှိဘဲရက်စက်တတ်တဲ့သူဖြစ်တာကြောင့် “Yaksha” (လူတွေကိုဝါးမျိုသောဝိဉာဉ်) ဆိုပြီးနာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ တစ်ရက်မှာ Black Team ကိုစစ်ဆေးရေးလုပ်ဖို့အတွက် ဌာနချုပ်ကနေ အမှုစစ် Ji Hoon ကိုစေလွှတ်ခဲ့ပါတယ်။အဲဒီ‌နေရာမှာ သူတို့ဆောင်ရွက်ရမယ့်စစ်ဆင်ရေးအစစ်ဟာအရှေ့အာရှတစ်ခွင်လုံးကို လှုပ်ခတ်သွားစေနိုင်မယ့်အမှုနဲ့ ပတ်သက်မှုရှိနေကြောင်း သိလိုက်ရတဲ့အခါမှာတော့...

The Transporter 3 (2008)

The Transporter 2 (2005)

The Transporter (2002)

The Transporter (1+2+3) 📱IMDb Rating _____6.8/10 Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလော
The Transporter (1+2+3) 📱IMDb Rating _____6.8/10 Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံးလန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ… ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။ မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။

Dark Figure of Crime

Dark Figure of Crime ကင်ယောင်မင်းဟာ မူးယစ်ဆေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မူးယစ်ဆေးအမှုတွေကို စစ်ဆေးရတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ လ
Dark Figure of Crime ကင်ယောင်မင်းဟာ မူးယစ်ဆေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မူးယစ်ဆေးအမှုတွေကို စစ်ဆေးရတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ လူသတ်မှုတွေကို စစ်ဆေးဖို့ကိုလဲ စိတ်အားထက်သန်သူတစ်ဦးပါ။ အဲ့လိုနဲ့ မတရားသဖြင့် အသတ်ခံခဲ့ရတဲ့ အမှုတွေအပေါ် ရဲတွေ သေချာလိုက်လံစုံစမ်းခြင်းမရှိဘဲ ပိတ်ပစ်လိုက်တဲ့ အမှုတွေကို ကျေနပ်ခြင်းမရှိတာကြောင့် ရဲဌာနကိုပြောင်းခဲ့သူပါ။ တစ်နေ့မှာတော့ ကန်ထယ်အို့ ဟာ သူ့ မိတ်ဆွေမှတစ်ဆင့် ကင်ယောင်မင်း ကို ခေါ်ပြီး လူသတ်မှုသတင်းပေးမယ်ဆိုပြီး တွေ့ပါတယ်။ ကင်ယောင်မင်းနဲ့တွေ့စဉ်မှာ ကန်ထယ်အို့ဟာ သူလွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က မြှုပ်ခဲ့ရတဲ့ အလောင်းနဲ့ပတ်သတ်ပြီး သတင်းပေးခဲ့ပါတယ်။ လူသတ်တရားခံအမှန်ကို သိချင်ရင် သူတောင်းတဲ့ ငွေပမာဏပေးဆိုပြီး ငွေညှစ်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ ကန်ထယ်အို့ ကို တခြားသောရဲတွေက နောက်ထပ်သော လူသတ်မှုနဲ့အတူ လာရောက် ဖမ်းဆီးသွားကာ ထောင်ဒဏ် အနှစ် ၂၀ သာ ချမှတ်ခံခဲ့ရပါတယ်။

DE*VA (2025)

DEVA (2025) ဇာတ်ကားသစ် *** IMDB - 7.7/10 ကျွမ်းကျင်ပေမဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ရဲသားဒေ့ဗ်ဟာ အကြမ်းဖက်တတ်လွန်းတဲ့သူ့စိတ်ကြ
DEVA (2025) ဇာတ်ကားသစ် *** IMDB - 7.7/10 ကျွမ်းကျင်ပေမဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ရဲသားဒေ့ဗ်ဟာ အကြမ်းဖက်တတ်လွန်းတဲ့သူ့စိတ်ကြောင့် ရဲယူနီဖောင်းဂုဏ်လေး ညှိုးနွမ်းသွားမှာစိုးရိမ်လို့ ယူနီဖောင်းမ၀တ်ဘဲ အရပ်၀တ်နဲ့တာ၀န်ထမ်းဆောင်တဲ့ တာ၀န်သိရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပရာဟက် ဂျာဒေ့ဆိုတဲ့ ရာဇ၀တ်သားရဲ့အမှုကို လိုက်လံစုံစမ်းနေရင်းကနေ အကုန်သိသွားတဲ့အချိန်မှ ရုတ်တရက် မတော်တဆဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတော့တယ်။ အဲဒီကနေမှ အမှုကို ဘယ်လိုပြန်လိုက်ကြမလဲ၊ ဘယ်လိုသဲလွန်စတွေ ပြန်ရှာဖွေသွားမလဲ၊ အမှုကကောဖော်ထုတ်နိုင်သွားမလားဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

Windtalkers (2002)

Windtalkers (2002) အညွှန်း* 🔽🔽🔽 IMDB (6.1/10) ၁၉၄၁ ဒုတိယကမ္ဘာစစ်အတွင်မှာ အမေရိကန်နိုင်ငံရဲ့ နာဗားဂျိုး လူမျိုးများဟာ သူတို
Windtalkers (2002) အညွှန်း* 🔽🔽🔽 IMDB (6.1/10) ၁၉၄၁ ဒုတိယကမ္ဘာစစ်အတွင်မှာ အမေရိကန်နိုင်ငံရဲ့ နာဗားဂျိုး လူမျိုးများဟာ သူတို့ရဲ့မိခင်ဘာသာစကားနှင့်အတူ ဆိုက်ဖာဆက်သွယ်ရေးသမားများအဖြစ် လေ့ကျင့်ခြင်းခံခဲ့ရပါတယ် ဆော်လမွန်ကျွန်တိုက််ပွဲအတွင်း အမိန့်ကို ဦးထိပ်ထားခဲ့တဲ့အတွက်ကြောင့် မိမိရဲ့ လက်အောက်ငယ်သားအားလုံးဆုံးရှုံခဲ့ရကာ မိမိကိုယ်မိမိ အပြစ်မကင်းသလိုခံစားနေရတာကတော့ တပ်ကြပ်ကြီး ဂျိုးအန်ဒါ (Necolas Cage) ပဲဖြစ်ပါတယ် တပ်ကြပ်ကြီး ဂျိိုးအန်ဒါကို ဆိုက်ဘာသမား ဘန်ယာဇီ (Adam Beach) လုံခြုံရေးအတွက် တာ၀န်ပေးအပ်လာတဲ့အခါ ခံစားချက်ကို ရှေ့တန်းမထားပဲ ဘယ်လိုထမ်းဆောင်ခဲ့တယ်၊ ဘယ်လိုတိုက်ပွဲ၀င်ခဲ့တယ်ဆိုတာ မျက်ဝါးထင်ထင်ဒီကားမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်.... ဇာတ်ကားကြည့်ရန် 🔽🔽🔽

404 run run 🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟 ဇာတ်ကားကောင်းလေးတွေကြည့်ရှုဖို့အတွက် မင်မင်ရဲ့ Main Channel လေးတွေကို Join ထားကြပါအုန်းနော် 🙏 🎦 ဇာတ်ကားအစုံကြည့်ရန်နှိပ်ပါ ⬇️https://t.me/moviesforUS2025sub