HM Movies
رفتن به کانال در Telegram
HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235
نمایش بیشتر7 320
مشترکین
+1924 ساعت
+1497 روز
+45530 روز
آرشیو پست ها
7 322
ဒီနောက်ပိုင်း ထုတ်လုပ်ရိုက်ကူးရေးပိုင်းမှာ အတော်လေး နာမည်ရပြီး ရုပ်ရှင်ကောင်းတွေ ဖန်တီးလာတဲ့ A24 Studio ရဲ့ ဇာတ်ကားအသစ်လေးပါ။
နာမည်ကြီး မင်းသားကြီး William Dafoe , Stranger Things ထဲက ကလေးသရုပ်ဆောင် Finn Wolfhard တို့ဦးဆောင်ပါဝင်ထားတဲ့
The Legend of Ochi ဆိုတဲ့ စိတ်ကူးယဉ်စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ်။
ပင်လယ်နက်ထဲက ကာပါသီယာကျွန်းမျောတွေပေါ်မှာ နေကြတဲ့ မက်ဆင်းတို့မိသားစုဟာ အိုချီဆို ဒဏ္ဍာရီလာ သတ္တဝါကို မျိုးဆက်အလိုက်ကြောက်ရွံ့ပြီး အမဲလိုက်နေခဲ့တာဖြစ်ပါတယ်။
တစ်နေ့မှာတော့ အဲ့ဒီမိသားစုက ယူရီဆိုတဲ့ကလေးမလေးက ဒဏ်ရာရနေတဲ့ အိုချီအကောင်ပေါက်လေးကိုတွေ့ပြီး ခင်တွယ်သွားရာကနေ
သူ့မိသားစုရှိရာ တောနက်ကြီးထဲကို ပြန်ပို့ဖို့အတွက် ခရီးကြမ်းကို နှင်ခဲ့ရင်း စိတ်မချတဲ့ ဖခင်ဖြစ်သူ မက်ဆင်းကလည်းလိုက်ပါလာခဲ့ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan N
7 322
ထင်ပေါ်ကျော်ကြား✔️
အစဆုံးရပါပြီ
အခမဲ့👍
ကြည်တောက်ရှင်း❤️
🟡 မြန်မာဇာတ်ကားကြည့်ချင်တဲ့ သူတေအတွက် အောက်က channel လေးကို join သွားလို့ရပါတယ်ဗျ
ဇာတ်ကားလင့် ⤵️⤵️⤵️
https://t.me/myanmarmyintmyat/71
#owner
7 322
𝐓𝐡𝐞 𝐖𝐢𝐭𝐜𝐡 𝐏𝐚𝐫𝐭 𝟭 : 𝐓𝐡𝐞 𝐒𝐮𝐛𝐯𝐞𝐫𝐬𝐢𝐨𝐧
ဇာတ်လမ်းအကျဉ်းကတော့ စမ်းသပ်မှုတစ်ခု ကနေထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက် ကိုကလေးဆုံးရှုးထားတဲ့ လင်မယားက ခေါ်ယူမွေးစားလိုက်ပါတယ်။ ကောင်မလေးကလည်း အတိတ်မေ့နေတဲ့အတွက် အရင်ကအကြောင်း တွေမမှတ်မိပါဘူး။ ကောင်မလေး အရွယ်ရောက်လာတဲ့အချိန်မှာသူတို ရဲ့ စီးပွားရေးအဆင်မပြေတဲ့အတွက် ဆုကြေးငွေ အများကြီးရနိုင်တဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါတယ်။ပြီးတော့ သူ့ရဲ့ထူးခြားချက် တစ်ခုကိုပြရာမှာ အများအံ့အားသင့်စရာဖြစ်လာပါတယ်။
7 322
𝕊𝕚*𝕟𝕘𝕙*𝕒𝕞 𝔸*𝕘𝕒*𝕚𝕟 (𝟚𝟘𝟚𝟜)
WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်
ဆင်ဂဟမ် ပြန်လာပြီ.....
အခုတစ်ခါမှာတော့ ထူးထွေပြီး ညွှန်းနေစရာမလိုလောက်အောင်
ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ ရဲမှူးကြီး ဆင်ဂဟမ်ပြန်လာပါပြီ
ဒါရိုက်တာရှက်တီရိုက်ကူးတင်ဆက်ပေးနေတဲ့ Police Universe ရဲ့ ငါးကားမြောက်ပဲ ဖြစ်ပါတယ်
2017 ခုနှစ်ထဲက ကြေငြာခဲ့ပြီး ထွက်ရှိလာချိန်မှာလည်း ရုံဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါးရရှိခဲ့ပြီး
ကမ္ဘာအနှံ့ဆို တတိယမြောက်နဲ့ အိန္ဒိယမှာတော့ ဆဌမချိတ်တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်
Cast အင်အားကလည်း နာမည်ကြည့်ရုံနဲ့ လဲသေလို့ရအောင် အလောင်းဖျောက်ကားနဲ့နာမည်ကြီးတဲ့
အာဂျေး ဆလူးဘိုင်တစ်ဖြစ်လဲ ဆယ်လ်မန်ခန်း ရဲသားကြီး အာရှေးကူးမား တက်သစ်စ
အာဂျွန်ကပူးရ် အက်ရှင်ဆရာကြီး တိုက်ဂါးတို့အပြင် ညှို့ဓာတ်ပြင်း မင်းသမီး ဒီပီကားပဒ်ကိုနီ
ဝါရင့်မင်းသမီးကြီး ကရီနာကပူးရ်တို့ပါ ဝင်ရောက်သရုပ်ဆောင်ထားပါတယ် သရုပ်ဆောင်ကြေးနဲ့တင်
မွဲသေလို့ရနိုင်တဲ့ ဇာတ်ကားပါပဲ
ဇာတ်ကားနာမည် သရုပ်ဆောင်နဲ့တင် ရှိန်စရာမို့ဇာတ်လမ်းအကျဉ်းလေးကို နဲနဲလေးပဲပြောပါတော့မယ်။
ဇာတ်လမ်းကတော့ အာရှေးရဲ့ရဲအဖွဲ့သစ်ကို တည်ထောင်ပြီးချိန်မှာ အငြိုးကြီးတဲ့ရန်သူတွေက
အာရှေးဇနီးကို ပြန်ပေးဆွဲတာကို ကယ်တင်ဖို့အတွက် ရာမာယနဇာတ်ကို Reference ယူထားပြီးတော့
အာရှေးနဲ့သူ့အဖွဲ့သားတွေက ကြိုးစားကြတာကို မိန်းမလဲကယ် နိုင်ငံတော်ကို
ဘယ်လိုကာကွယ်မလဲဆိုတာ အချစ်အလွမ်းအက်ရှင်စုံစွာနဲ့ ကြည့်ရှုအားပေးရမှာပါပဲ
ပါဝင်တဲ့သရုပ်ဆောင်တွေနဲ့တင် တန်နေတဲ့ဇာတ်ကား ပရိသတ်ကြီးလည်း
ကာလရှည်စွာစောင့်မျှော်နေရတဲ့ဇာတ်ကား Police Universe ကို
အားပေးစောင့်မျှော်နေကြသူတွေအတွက်မို့ CM ကနေ အချိန်မနှေးပဲ
ပရိသတ်ရှေ့မှောက် အရောက်တင်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
#Credit
7 322
Belle (2021)
IMDb Rating(7.2) / Rotten Tomatoes (93%) / Anilist (78%)
စုဇု (Suzu Naito) ဆိုတာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အမေဖြစ်သူ ဆုံးပါးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ ရှင်သန်နေရတဲ့ ကောင်မလေးပေါ့…
ကျောင်းမှာလည်း လူတောသိပ်မတိုး အရှက်အကြောက်ကလည်းကြီးသေး…. ဒါပေမဲ့ တနေ့မှာ သူ့ရဲ့သူငယ်ချင်းမတစ်ယောက်က U ဆိုတဲ့ App တစ်ခုကို မိတ်ဆက်ပေးခဲ့တယ်…
U ဆိုတာ သာမန်ဆိုရှယ်မီဒီယာ App မဟုတ်ပဲ လူကိုယ်တိုင် အဲ့ဒီကမ္ဘာထဲကို ရောက်ရှိသွားသလိုခံစားစေရမယ့် အဆင့်မြင့် App တစ်ခုဖြစ်နေတယ်…
ဒီ App ကို စုဇုတစ်ယောက် အသုံးပြုကြည့်လိုက်တဲ့အခါမှာတော့….
အခု ပရိတ်သတ်ကြီး ရင်ခုန်ခံစားရမယ့် ဟောဒီ BELLE ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်စတင်မွေးဖွားလာပါတော့တယ်….
ဇာတ်လမ်းအရရော အန်နီမေးရှင်း၊ နောက်ခံတီးလုံး၊ ဇာတ်ဝင်တေးတွေရဲ့ ကောင်းမွန်မှုတွေကြောင့် ကြည့်ရှူသူတွေကို ကောင်းကောင်းကြီး ဆွဲခေါ်သွားနိုင်တယ်…
ယနေ့ခေတ် ဆိုရှယ်မီဒီယာတွေရဲ့ အကျိုးအပြစ်တွေ သဘောသဘာဝတွေကိုလည်း ထည့်ပြထားတာမို့ ပရိသတ်ကြီး သဘောတွေ့စေမှာပါ….
7 322
Avatar: The Way of Water (2022)
📱IMDb Rating ___7.5/10, Rotten ___76%
2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းအကျဉ်း🔽🔽
ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာတောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။
ကောင်းကင်လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။
ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်းရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။
အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း ပါဝင်တိုက်ခိုက်နေရပါတယ်။
ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့ ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။
7 322
Jurassic World Fallen Kingdom (2018)
📱IMDb Rating __6.1/10, Rotten ___60%
2015 ကထွက်ရှိခဲ့တဲ့ Jurassic World ကားရဲ့ sequel ဖြစ်ပြီး ဇာတ်လမ်းကိုတော့ ယခင်ကားအပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတည်ထားပါတယ်။
အိုက်စလာနျူဘလာကျွန်းမှာ အသစ်ဖန်တီးလိုက်တဲ့အင်ဒိုမီးနပ်စ် ဒိုင်နိုဆောကြောင့် ဥယျာဉ်ကြီးလည်း ပျက်စီးပြီးဒိုင်နိုဆောတွေလည်း သူ့သဘာဝနဲ့သူ နေနေကြတယ်။
ကျွန်းပေါ်မှာ ငြိမ်နေခဲ့တာ ကြာပြီဖြစ်တဲ့ မီးတောင်က ပြန်နိုးထလာလို့ ကျွန်းတစ်ခုလုံးပျက်စီးကိန်း စိုက်လာပါတယ်။
တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေကလည်း ဒိုင်နိုဆောတွေကိုကယ်တင်ပေးဖို့ ဆန္ဒပြတာတွေ ရှိသလို တစ်ဖက်မှာလည်းကယ်တင်လိုက်လို့ လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိလာမှာကို ကြောက်နေကြတယ်
လူသားတွေဆိုတာ လောဘနဲ့ စစ်နဲ့ကို ခွဲထားလို့ကို မရတဲ့မျိုးစိတ်တွေ ဖြစ်တဲ့အတွက်အဲဒီလို လောဘစိတ်က လူသားမျိုးနွယ်ကို ဘယ်လောက်ဒုက္ခပေးသွားသလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်
ယခင်ကားလိုပဲ သည်းထိတ်ရင်ဖိုတွေ စွန့်စားရတာတွေလှည့်ကွက်တွေနဲ့ ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကား ဖြစ်တာမလို့ကြည့်ရှုလိုက်ကြပါဦး။
7 322
Gu*nt*ar Ka*ar*am (2024)
ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ အသစ်ထွက်ရှိထားတဲ့ မိသားစုဒရမ်မာကားလေး Guntar Kaaram ပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ Guntur မြို့ရဲ့ မြေအောက်လောကဘုရင်ဖြစ်တဲ့ Ramana ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ အလုပ်နဲ့ပဲအမြဲရှုပ်နေတတ်သူပါ
တစ်နေ့မှာတော့ သူဟာ အကြောင်းတစ်ခုကြောင့် ဥပဒေနဲ့တရားရုံးကိစ္စနဲ့ညှိလာပါတယ် မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ Ramana တစ်ယောက်
မိခင်ကိုပြန်ရဖို့ဘယ်လိုတွေလုပ်ဆောင်မလဲ
တရားဥပဒေနဲ့ညှိစွန်းနေတာတွေကရော ဘာကြောင့်လဲ
ဆိုတာတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်
(Review ကို Rin ရေးပေးထားတာဖြစ်ပါတယ်)
7 322
အာလူးအာဂျွန်းရဲ့ မိသားစု အက်ရှင် ဒရမ်မာကားလေးနှင့် မိတ်ဆက်ပါရစေ။
အစစအရာရာပြည့်စုံနေတဲ့ သူဌေးသားလေး ဘန်နီကို သူ့အဖေဆပ်ရာမာသီက ပါဗီလာဆိုတဲ့ ကောင် မလေးနှင့် လက်ထပ်ပေးဖို့စီစဉ်ထားပြီးမကြာခင် ကားအက်ဆီးဒင့်ဖြစ်ပြီးThayသွားခဲ့တယ်။
ဘန်နီရဲ့အဖေလည်းသေရော သူတို့အိမ်စီးပွားရေးမှာ ချက်ချင်းဆိုသလိုပဲ ချွတ်ခြုံကျသွားပါတော့တယ်။ ဒီအဖြစ်အပျက်ကြောင့် ဘန်နီရဲ့အစ်ကိုဟာ မခံစားနိုင်ဘဲ ရူးသွားပါတော့တယ်။
သူ့အစ်ကိုရဲ့သမီးဖြစ်တဲ့ တူမလေးရဲ့ကျောင်းစရိတ်အတွက် ဘန်နီတစ်ယောက် အလုပ်ရှာရင်း မင်္ဂလာပွဲတွေကို စီစဉ်ပေးတဲ့အလုပ်မှာ မထင်မှတ်ပဲအလုပ်ရခဲ့တယ်။
အဲ့ဒီအလုပ်လုပ်ရင်းနှင့်ပဲ အမှတ်မထင် ဆမ်မီရာဆိုတဲ့ကောင်မလေးကိုတွေ့ပြီး ချစ်မိသွားတော့တယ် သူတို့နှစ်ယောက်ချစ်သူတွေဖြစ်ကြတော့ ကောင် မလေးက ဘန်နီ့ကို သူ့အိမ်ကိုလာပြီး မိဘတွေဆီလာတောင်းရမ်းခိုင်းခဲ့တယ်။
ဘန်နီမသိခဲ့တာက ဆမ်မီရာရဲ့အဖေဆိုတာက ဘန်နီ့အဖေရဲ့ စီးပွားရေးပြိုင်ဖက်တစ်ယောက်ဖြစ်နေတာကိုပဲ။
ဆမ်မီရာရဲ့အဖေမိုဟန်နှင့်ဘန်နီနှင့် စကားတွေအခြေအတင်ပြောကြရင်း မိုဟန်က သူ့သမီးနှင့်လက်ထပ်ချင်ရင် စိန်ခေါ်မှုတစ်ခုကို လက်ခံဖို့ပြောခဲ့တယ်။
အဲ့စိန်ခေါ်မှုကတော့ ဘန်နီ့အဖေမသေခင်က မိုဟန်နှင့်ဘန်နီ့အဖေ လုပ်ခဲ့တဲ့ မြေအရောင်းအ၀ယ်စာချုပ်ပဲဖြစ်ပါတယ်။
အဲ့ဒီစာချုပ်ကို ဘန်နီ့အဖေက မိုဟန်ဆီကိုရောင်းခဲ့ပေမယ်လဲ မိုဟန်တစ်ယောက်အဲ့မြေကွက်ကို မပိုင်ဆိုင်ဘူးဖြစ်နေတယ်။
ဘာလို့လဲဆိုတော့ အဲ့မြေကွက်ကို လူမိုက်တစ်ယောက်က တရားမ၀င် အပိုင်စီးထားလို့ပဲဖြစ်ပါတယ်။
ဘန်နီတစ်ယောက် ဆမ်မီရာနဲ့နီးဖို့ အဲ့ဒီလူမိုက်နှင့် ထိပ်တိုက်တွေ့ကြရာ၀ယ် ...။
7 322
သာမာန်မီးလောင်မှုမဟုတ်တဲ့ 1000ဒီဂရီလောက်ရှိတဲ့မီးရှို့မှုကို ဖော်ထုတ်ရမဲ့ မီးသတ်သမား Vithal
𝗔𝗚......𝗡𝗜 (𝟮𝟬𝟮𝟰)
==========
မီးတောက်မီးလျှံတွေကြားလူတွေကယ်ရင်း မိသားစုကိုတောင် ဒုတိယနေရာမှာထားတဲ့ Vithalတစ်ယောက် သာမာန်မီးမဟုတ်ဘဲ ရှို့မီးလို့ခံစားမိပြီး အမှုကြီးကို စုံစမ်းဖို့အကြောင်းဖန်လာပါတော့တယ်။
တဇောင်းစေးနဲ့မျက်ချေးဆိုသလို သူနဲ့လုံးဝမှမတည့်ဘဲ တွေ့ရင်ထေ့ငေါ့နေကြတဲ့သူ့ယောက်ဖကတော့ ရဲတစ်ယောက်ဖြစ်ပါတယ်။
အစကမတည့်ကြပေမယ့် ဒီအမှုကြီးက နက်နဲပြီး အသက်ပေါင်းများစွာဆုံးရှုံးနိုင်တဲ့အတွက် ယောက်ဖဖြစ်သူနဲ့ပေါင်းပြီးစုံစမ်းကြရမှာဖြစ်ပါတယ်။
မီးရှို့မှုတွေဆက်တိုက်ဖြစ်နေတဲ့ကြား တရားခံကိုသူတို့တွေဘယ်လိုဖမ်းကြမလဲ။ တရားခံကရောဘယ်သူဖြစ်မလဲဆိုတာကတော့။
