HM Movies
رفتن به کانال در Telegram
HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235
نمایش بیشتر7 275
مشترکین
+2224 ساعت
+1617 روز
+47030 روز
آرشیو پست ها
7 274
ဒီတစ်ခါမှာတော့ Soft Leaves ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် IMDB- 6.6/10 အထိရရှိထားပါတယ် အသက်11နှစ်အရွယ်"ယူနာ"ဆိုတဲ့ကောင်မလေးဟာ မိဘတွေကွဲသွားပြီးကတည်းက ဖခင်ဖြစ်သူဂျူလီယန်နဲ့အတူနေထိုင်ပါတယ် အမြင့်ခုန်နည်းပြဖြစ်သူဖခင်နဲ့ဆက်ဆံရေးက အရမ်းအဆင်ပြေပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြပါတယ် ဒါပေမဲ့ တစ်နေ့မှာ မျှော်လင့်မထားဘဲ ဂျူလီယန်ကပြင်းထန်တဲ့ဒဏ်ရာရပြီးကိုမာဝင်သွားတဲ့အခါ ယူနာတစ်ယောက် မိခင်ဖြစ်သူနဲ့နေထိုင်ဖို့ဖြစ်လာခဲ့ပါတယ် ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် မျှော်လင့်မထားတဲ့ပြောင်းလဲမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ သူမလက်မခံလိုတဲ့အရာတွေကို ရွေးချယ်ခွင့်မရှိဘဲ လက်ခံဖို့ကြိုးစားရတဲ့အခါ သူမရဲ့စိတ်ခံစားချက်တွေ ဘယ်လိုပြင်းထန်လာမလဲ
အညွန်း🍀 နဲ့ ဇာတ်ကား လင့်ကို
အောက်က channel မှာ join ပြီး
ဝင်ရောက်ကြည့်ရှုနိုင်ပါသည်🌿
Channel Join ရန်လင့်
https://t.me/+VS5ZrkftdTNiZmNl
ဇာတ်ကားလင့်
https://t.me/c/2985469381/1447 274
Elang (2025) IMDb Rating (7.3)
အီလန်းဆိုတဲ့ အသက် ၂၀ ကျော် အမျိုးသားတစ်ယောက်ဟာ ကောလိပ်ကျောင်းသူအရွယ် ညီမဖြစ်သူနဲ့ အယ်လ်ဇိုင်းမားရောဂါစဖြစ်နေတဲ့ မိခင်အတွက် မိသားစုမဏ္ဍိုင်အဖြစ်ရပ်တည်ပေးနေရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂါရူဒါကလပ်၊ နိုင်ငံအသင်းလက်ရွေးစင်အသင်းမှာ တိုက်စစ်မှူးအနေနဲ့ ဝင်ရောက်ကစားနေတဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ပဲဖြစ်ပါတယ်။
အညွန်း🍀 နဲ့ ဇာတ်ကား လင့်ကို
အောက်က channel မှာ join ပြီး
ဝင်ရောက်ကြည့်ရှုနိုင်ပါသည်🌿
Channel Join ရန်လင့်
https://t.me/moviesforus2025/96
ဇာတ်ကားလင့်
https://t.me/moviesforus2025/967 274
စုံထောက်ကြီး ကီယင်ဟာ ရွာတစ်ရွာမှာ ငွာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ပျောက်ဆုံးနေတဲ့အမှုကို
လိုက်ဖို့ဖြစ်လာခဲ့ပြီး အဲဒီကောင်မလေးကို ရွာကလူတွေကတော့ ရေနှစ်သတ်တဲ့သရဲ သတ်လိုက်တာလို့
ပြောနေကြတာပေါ့။ ရေနှစ်သတ်တဲ့သရဲဆိုတာကတော့ လွန်ခဲ့တဲ့ ၅နှစ်လောက်က သူတို့ရွာမှာ အကြောင်းအရင်းမရှိ
ခေါင်းမပါတဲ့အလောင်းတွေ ရေကန်ဘေးမှာ တွေ့ရာကနေ ရေနှစ်သတ်တဲ့ သရဲဇာတ်လမ်း ပေါ်လာခဲ့တာပါပဲ။
ဒီလိုနဲ့ စုံထောက်ကီယင်တစ်ယောက် ပျောက်ဆုံးသွားတဲ့ ကောင်မလေး ငွာကို ရှာပုံတော်ဖွင့်ရင်း
ရေနှစ်သတ်တဲ့သရဲဇာတ်လမ်းကိုပါ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို ဟော်ရာဆန်ဆန်
သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။
7 274
Detective Kien: The Headless Horror (2025)
*********
IMDb..... 7.1
ဗီယက်နမ်ခေတ်ကို နောက်ခံထားပြီးတော့ ထူးဆန်းမှု ထိတ်လန့်မှုတွေနဲ့အတူ သည်းထိတ်ရင်ဖို
ရိုက်ကူးတင်ဆက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။
7 274
Shawshank 1994
အညွန်း🍀 နဲ့ ဇာတ်ကား လင့်ကို
အောက်က channel မှာ join ပြီး
ဝင်ရောက်ကြည့်ရှုနိုင်ပါသည်🌿
Channel Join ရန်လင့်
https://t.me/+VS5ZrkftdTNiZmNl
ဇာတ်ကားလင့်
https://t.me/c/2985469381/114
7 274
Under Ninja (2025) +++++++++
ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Under Ninja မန်ဂါကို ပြန်လည်အသက်သွင်း ရိုက်ကူးတင်ဆက်ထားတဲ့ Action-Comedy အမျိုးအစား ဂျပန်နင်ဂျာဇာတ်ကားလေးဖြစ်ပါတယ်။ amazaki Kento၊ Hamabe Minami၊ Miyase Ryubi စတဲ့ အဆင်လေးတွေ ငမ်းရင်း ဂျပန်နင်ဂျာကို ကြည့်ရှုခံစားနိုင်ဖို တင်ဆက်ပေးလိုက်ပါတယ်။
အညွန်း🍀 နဲ့ ဇာတ်ကား လင့်ကို
အောက်က channel မှာ join ပြီး
ဝင်ရောက်ကြည့်ရှုနိုင်ပါသည်🌿
Channel Join ရန်လင့်
https://t.me/+VS5ZrkftdTNiZmNl
ဇာတ်ကားလင့်
https://t.me/c/2985469381/1167 274
ကဗျာဆိုတာဒီလိုပါပဲ။
သူ့ဒဏ်ရာနဲ့ကိုယ့်ဒဏ်ရာ
ခေါင်းချင်းဆိုင်တိုက်မိတာမျိုး။
-ချောသွင်
Design by Khin Hnin Si
7 274
မူးယစ်ကင်းစင်တဲ့ နယ်မြေရယ်လို့တော့
မရှိပါဘူး 'မကြည်ပြာ'
လူတိုင်းဟာ ကိုယ့်စိတ္တဇနဲ့ ကိုယ်
ယစ်မူးနေကြတာချည်းပါပဲ ။
တချို့က အာဏာကို ယစ်မူးတယ်
တချို့က အသပြာကို ယစ်မူးတယ်
တချို့က ဥစ္စာကို ယစ်မူးတယ်
တချို့ကျ အချစ် နဲ့ အနုပညာကို ယစ်မူးတယ် ။
ကျွန်တော်ဟာ စတုတ္ထလူတန်းစားပါ 'မကြည်ပြာ'
ကျွန်တော့် စိတ္တဇရဲ့ယစ်မူးမှုက
ကမ္ဘာကြီးကို ဖျက်စီးနိုင်စွမ်း မရှိပါဘူး ။
-ရွှေစွန်ညို (လွန်းညရေပြာအိုင်)
7 274
"ဒီကားလေးဟာ ထွေ" ထူး ပြောစရာမရှိပဲ 2023 ဝန်းကျင်နဲ့ နောက်ပိုင်းအထိပါ အောင်မြင်မှုရထားတဲ့ကား"
ပြန်တောင်းထားတဲ့သူတေအတွက်ပါဗျ 🫰
7 274
"ဒီကားလေးဟာ ထွေ" ထူး ပြောစရာမရှိပဲ 2023 ဝန်းကျင်နဲ့ နောက်ပိုင်းအထိပါ အောင်မြင်မှုရထားတဲ့ကား"
ပြန်တောင်းထားတဲ့သူတေအတွက်ပါဗျ 🫰
7 274
တော်ဝင်ဗြိတိသျှလေတပ်က တပ်စုတစ်ခု ကျွန်းဆွယ်နားကို ချဉ်းကပ်လာချိန် ပစ်ချခံလိုက်ရတဲ့အတွက် လေတပ်အရာရှိတစ်ဦးဖြစ်သူ ဂျိမ်းစ်ရိုက်ဆိုသူကလွဲပြီး သူနဲ့အတူပျံသန်းလာတဲ့ လေယာဉ်တွေအကုန် ပင်လယ်ထဲပျက်ကျခဲ့တယ်။ သူတစ်ယောက်တည်းကသာ ကျွန်းပေါ်ကို ရောက်အောင်ကူးလာနိုင်ခဲ့တယ်။ ကျွန်းပေါ်ရောက်ရောက်ချင်းပဲ ဂျပန်တွေဖမ်းဆီးတာကို ခံလိုက်ရပြီး စစ်သုံ့ပန်းဖြစ်လာခဲ့တယ်။ ကိုယ်ခံပညာနဲ့ပတ်သက်လို့ အတော်လေးတတ်ကျွမ်းတဲ့ ‘ရိုက်’ကို စခန်းကွန်မန်ဒါက သူ့လက်အောက်က ထူးချွန်တဲ့တိုက်ခိုက်ရေးသမားတွေနဲ့ နေ့စဉ်နဲ့အမျှ တိုက်ခိုက်ခိုင်းတယ်။ ရိုက်က ထွက်ပြေးမယ်လို့ ကြံပြန်တော့ အရင်ကတည်းက ဖမ်းခံထားရတဲ့ အမေရိကန်စစ်သားတွေက ပြေးရမယ့်လမ်းကိုပြတယ်။ ထွက်ပြေးတာကပြဿနာ မဟုတ်ဘူး။ ပြဿနာက စခန်းရဲ့ပတ်ပတ်လည်က တောအုပ်ပဲရှိနေတဲ့အတွက် စခန်းထဲကို ပြန်အဝင်မှာ ဖမ်းခံရမယ်၊ အဲဒီအခါ သေမင်းစစ်ချီခရီးကို ချီတက်ရမယ်။ မြောက်ပိုင်းမှာရှိတဲ့ စခန်းကိုပို့ခံရလိမ့်မယ်ပေါ့။ ခရီးကကြမ်းလွန်းတာမှ ဖိလစ်ပိုင်သုံ့ပန်းတွေနဲ့ အမေရိကန် သုံ့ပန်းတွေ လမ်းမှာတင် အတုံးအရုံးသေကြရတယ်။ ဒီတော့ လေတပ်အရာရှိ ဂျိမ်းစ်ရိုက် စခန်းကနေ လွတ်အောင် ဘယ်လိုပြေးမလဲ။ အမေရိကန်စစ်သုံ့ပန်းတွေကို တစ်ဦးတည်းသောဗြိတိသျှစစ်သုံ့ပန်းက ဦးဆောင်ပြီး ကယ်ထုတ်ပေးနိုင်မလား။ သူတို့တွေ သေမင်းစစ်ချီခရီးကို ချီတက်ရမလား။ ဒီရုပ်ရှင်ကို မင်းသား Scott Adkins က ကိုယ်တိုင်ရေး ကိုယ်တိုင်ဝင်ကြမ်းပေးထားတာ ဖြစ်ပါတယ်
7 274
Prisoner of War (2025)
+++++++++++
IMDb-7.5 ဒုတိယကမ္ဘာစစ်၊ ဂျပန်က အရှေ့တောင်အာရှရဲ့ နေရာအတော်များများကို သိမ်းထားပြီးချိန်။ ဘတအန်းတိုက်ပွဲလို့ခေါ်တဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်တွေက တစ်ဖက်၊ ဂျပန်ကတစ်ဖက် တိုက်ခိုက်နေချိန်၊ စစ်ပွဲအရှိန် အမြင့်မားဆုံးကာလ ဖြစ်တယ်။7 274
အခုလိုရာသီမျိုးရောက်ရင်
အမွှေးပွအနွေးထည်လေးနဲ့ ချစ်စရာကောင်းနေရော့မယ်
ပွဲတော်ရက်တွေရောက်ပြီဆိုရင်
လိုချင်တာတွေကိုပူဆာပြီး ဆူပုတ်နေရော့မယ်
ချစ်သောမျက်စိနဲ့ကြည့်တော့ ကြည်နူးစရာ
သို့သော်ငြား
လွမ်းတဲ့စိတ်နဲ့ ချဉ်းကပ်ကြည့်ပြန်တော့
ပုံရိပ်မှန်သမျှက နာကျင်စရာ
ငါ့ညီရေ... ဒီတစ်ခေါက်တော့
ကော်ဖီတစ်ခွက်ပဲချကွာ
မင်းအစ်မက အစ်ကို့ကိုစိတ်ဆိုးနေပုံရတယ်
'တစ်သက်လုံးဘယ်တော့မှပြန်မလာတော့ဘူး'တဲ့...။
#အလင်းသင်
7 274
အောင်နိုင်က သူ့ရဲ့ပြဲနေတဲ့ ဖိနပ်ကို ငုံ့ကြည့်ရင်း ပြောတယ်။ “သား ဘောလုံးကန်တုန်းက ဖိနပ်ပြဲသွားလို့ သူငယ်ချင်းတွေက ဝိုင်းရယ်ကြတယ်။ သား သူတို့နဲ့ ဘောလုံးမကန်တော့ဘူး အမေရာ။”
သားရဲ့ ဝမ်းနည်းတဲ့အသံက မာလာရဲ့ နှလုံးသားကို ဓားနဲ့မွှန်းသလိုပဲ။ သူမ သားကို ရင်ခွင်ထဲထွေးပွေ့ပြီး နှစ်သိမ့်လိုက်တယ်။
“စိတ်မကောင်းမဖြစ်ပါနဲ့ သားရယ်။ အမေ ပိုက်ဆံစုပြီး သားအတွက် ဖိနပ်အသစ် ဝယ်ပေးမယ်နော်။”
အဲ့ဒီနေ့ကစပြီး မာလာဟာ မနက်မိုးမလင်းခင်ထပြီး ပဲပြုတ်ပြုတ်တယ်။ ပြီးရင် မုန့်ဟင်းခါးရောင်းဖို့ ပြင်ဆင်တယ်။ နေ့လည်ဘက်မှာ အဝတ်လျှော်၊ မီးပူတိုက် အငှားလိုက်တယ်။ ညနေဘက်မှာတော့ မုန့်ဟင်းခါး ပြန်ရောင်းတယ်။ သူမရဲ့ တစ်နေ့တာဟာ နားရတယ်လို့ မရှိခဲ့ဘူး။ သူမရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာကို မှန်ထဲမှာ မြင်တိုင်း ကလေးတွေရဲ့ မျက်နှာကို ပြန်မြင်ယောင်ပြီး အားတင်းခဲ့တယ်။
ကိုမောင်မောင်ကတော့ အစပိုင်းမှာ မာလာလုပ်နေတာတွေကို မသိကျိုးကျွံပြုနေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မနေနိုင်တော့ဘူး။ တစ်ညမှာ မာလာ အဝတ်လျှော်ပြီး ပြန်လာတော့ ကိုမောင်မောင်က ဆေးတစ်ခွက်ကို ကိုင်ပြီး စောင့်နေတယ်။
“ရော့... ဒီဆေးသောက်လိုက်။ မင်းအရမ်းပင်ပန်းနေပြီ။”
မာလာ အံ့သြစွာနဲ့ သူ့ကို မော့ကြည့်လိုက်တယ်။ ကိုမောင်မောင်ရဲ့ မျက်လုံးတွေထဲမှာ အရင်ကလို အေးစက်မှုတွေအစား နောင်တနဲ့ စိုးရိမ်မှုတွေကို တွေ့လိုက်ရတယ်။
ငါ မှားပါတယ်ဟာ။ ငါ နင့်ကို တစ်ယောက်တည်း ပင်ပန်းစေခဲ့တယ်။ မနက်ဖြန်ကစပြီး ငါလည်း အလုပ်ပိုကြိုးစားမယ်။ ငါတို့မိသားစုအတွက် ငါတို့အတူတူ ရုန်းကန်ကြတာပေါ့။
ကိုမောင်မောင်ရဲ့ စကားကြောင့် မာလာ ထိန်းထားတဲ့ မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာတယ်။ သူမ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်တယ်။ အဲ့ဒီညက သူတို့လင်မယားနှစ်ယောက်ကြားက အေးစက်နေတဲ့ တံတိုင်းကြီးဟာ တဖြည်းဖြည်း အရည်ပျော်ကျသွားခဲ့တယ်။
အဲ့ဒီနေ့ကစပြီး သူတို့မိသားစုရဲ့ ကမ္ဘာငယ်လေးဟာ ပြန်လည်နွေးထွေးလာခဲ့တယ်။ ကိုမောင်မောင်က အရင်ကထက် ပိုပြီး အလုပ်ကြိုးစားလာတယ်။ အလုပ်မရှိတဲ့နေ့တွေမှာ မာလာကို ကူညီပြီး မုန့်ဟင်းခါးရောင်းပေးတယ်။ မာလာကလည်း အရင်ကထက် ပိုပြီး အားအင်တွေ ပြည့်ဝလာသလိုပဲ။
တစ်လလောက်ကြာတော့ သူတို့မှာ ပိုက်ဆံအနည်းငယ် စုမိဆောင်းမိ ဖြစ်လာတယ်။ အဲ့ဒီပိုက်ဆံနဲ့ပဲ အောင်နိုင်အတွက် ဖိနပ်အသစ်တစ်ရန်နဲ့ စုစုအတွက် ပန်းချီပစ္စည်းတွေ ဝယ်ပေးခဲ့တယ်။ ကလေးတွေရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာလေးတွေကို မြင်ရတာက သူတို့လင်မယားနှစ်ယောက်ရဲ့ ပင်ပန်းမှုတွေကို ကုစားပေးတဲ့ ဆေးတစ်ခွက်လိုပါပဲ။
တစ်နေ့မှာတော့ စုစုက ကျောင်းကနေ ပန်းချီဆုတံဆိပ်လေးကို လည်ပင်းမှာဆွဲပြီး ပျော်ရွှင်စွာနဲ့ ပြန်လာခဲ့တယ်။
“အမေ! သမီး ပြိုင်ပွဲမှာ ပထမဆုရတယ်။”
မာလာနဲ့ ကိုမောင်မောင်တို့ဟာ သမီးလေးကို ဝမ်းသာအားရနဲ့ ပွေ့ဖက်ပြီး ချီးကျူးခဲ့ကြတယ်။ အောင်နိုင်ကလည်း ညီမလေးအတွက် ဂုဏ်ယူမဆုံး ဖြစ်နေခဲ့တယ်။ အဲ့ဒီညက သူတို့ရဲ့ တိုက်ခန်းကျဉ်းလေးဟာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ကိုမောင်မောင်က မာလာရဲ့ လက်ကိုကိုင်ပြီး ပြောတယ်။ “မင်းရဲ့ ကြိုးစားမှုတွေကြောင့် ငါတို့ ဒီလိုနေ့ရက်တွေကို ပိုင်ဆိုင်ရတာပါ မာလာရယ်။”
မာလာက ပြုံးပြီး ခေါင်းခါလိုက်တယ်။ “ရှင်နဲ့ ကျွန်မ အတူတူကြိုးစားခဲ့လို့ပါ။ ကလေးတွေရဲ့ အနာဂတ်အတွက်ဆို ကျွန်မတို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။”
သူတို့နှစ်ယောက်သား ပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်လိုက်တယ်။ မိုးဖွဲလေးတွေက တဖွဲဖွဲကျနေပေမယ့် လမ်းမီးတိုင်ရဲ့ အလင်းရောင်အောက်မှာတော့ အရာအားလုံးက လှပနေသယောင်။ မပြည့်စုံတဲ့ဘဝတစ်ခုမှာ သဘောထားမတိုက်ဆိုင်မှုတွေ ရှိခဲ့ပေမယ့် သားသမီးတွေရဲ့ ရှေ့ရေးအတွက် အတူတူကြိုးစားရုန်းကန်ရင်း သူတို့မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေက ပိုမိုခိုင်မြဲလာခဲ့တယ်။ မိုးဖွဲတွေကြားက နေခြည်နွေးနွေးလေးတစ်ခုလို သူတို့ရဲ့ မျှော်လင့်ချက်တွေက အမှောင်ကြားကနေ အလင်းဆောင်ပေးနေဦးမှာ အသေအချာပါပဲ။
#Tutasone
တင်သမျှဝတ္ထုလေးတွေဖတ်ရဖို့ followလုပ်ဖို့မမေ့ကြနဲ့နော်🙏🙏🙏
7 274
#မိုးဖွဲကြားက နေခြည်
ရန်ကုန်မြို့လယ်ခေါင်ရဲ့ ကျောချင်းကပ်တိုက်တန်းတွေကြားက လေးလွှာထပ်က တိုက်ခန်းကျဉ်းလေးဟာ မာလာတို့မိသားစုရဲ့ ကမ္ဘာငယ်လေးတစ်ခု။ နံရံတွေမှာ အဝါရောင်သန်းနေတဲ့ ဆေးသားတွေက အချိန်ရဲ့ အိုမင်းမှုကို သက်သေခံနေသလို၊ တစ်ခန်းတည်းရှိတဲ့ အိပ်ခန်းကျယ်ထဲမှာတော့ လင်မယားနှစ်ယောက်ရဲ့ အိပ်ရာအပြင် သားကြီးသမီးငယ်အတွက်ပါ နေရာတစ်ခု ဖန်တီးပေးထားရတယ်။ ညနေစောင်းရဲ့ အလင်းရောင်ဖျော့တော့က ပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကို တိုးဝင်နေချိန်မှာတော့ မာလာတစ်ယောက် ညစာအတွက် ပြင်ဆင်နေရင်း သက်ပြင်းတစ်ချက်ကို ခိုးရှိုက်လိုက်မိတယ်။
“အမေ၊ သား ဘောလုံးကန်သွားဦးမယ်နော်။”
အသက်ဆယ်နှစ်အရွယ် သားကြီးအောင်နိုင်ရဲ့ အသံကြောင့် မာလာ အတွေးစပြတ်သွားတယ်။ သားရဲ့ မျက်လုံးတွေထဲက မျှော်လင့်တကြီး အရောင်လေးတွေကို မြင်တော့ မာလာ မငြင်းရက်။
“သားရယ်... ဖိနပ်က ပြဲနေပြီမဟုတ်လား။ ဘောလုံးကန်ရင် ပိုဆိုးကုန်မှာပေါ့။”
အောင်နိုင်က သူ့ရဲ့ ကော်ဖိနပ်လေးကို ငုံ့ကြည့်ရင်း မျက်နှာငယ်လေးနဲ့ ပြောတယ်။ “သား သတိထားပြီး ကန်ပါ့မယ် အမေရယ်။ သူငယ်ချင်းတွေ စောင့်နေပြီ။”
မာလာရဲ့ ရင်ထဲမှာ ဆို့နင့်သွားတယ်။ သားအတွက် ဖိနပ်တစ်ရန် ဝယ်ပေးဖို့ဆိုတာ ဒီလအတွက်တော့ အတော်လေး စဉ်းစားရမယ့် ကိစ္စတစ်ခု။ သူ့ယောက်ျား ကိုမောင်မောင်ရဲ့ နေ့စားအလုပ်က ဝင်ငွေမမှန်တာနဲ့ သူမရောင်းတဲ့ မုန့်ဟင်းခါးဆိုင်လေးကလည်း မိုးတွင်းဖြစ်လို့ ရောင်းအားက ကျနေသည်။
“သွားလေ သားရယ်။ ဒါပေမဲ့ သိပ်မမှောင်စေနဲ့နော်။”
အောင်နိုင်တစ်ယောက် ပျော်ရွှင်စွာနဲ့ ပြေးထွက်သွားတော့မှ မာလာ သက်ပြင်းချနိုင်တော့တယ်။ အဲ့ဒီအချိန်မှာပဲ ခုနစ်နှစ်အရွယ် သမီးငယ်လေး စုစုက ကျောင်းစာအုပ်လေးကိုင်ရင်း မာလာအနားကို ရောက်လာတယ်။
“အမေ၊ သမီးကို ပုံဆွဲစာအုပ်နဲ့ ရောင်စုံခဲတံဘူး ဝယ်ပေးပါလားဟင်။ ဆရာမက ပန်းချီပြိုင်ပွဲအတွက် လေ့ကျင့်ခိုင်းလို့။”
သမီးရဲ့ တောင်းဆိုမှုက မာလာရဲ့ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကို ပိုလေးသွားစေတယ်။ ဒါပေမဲ့ သားသမီးတွေရဲ့ ပညာရေးနဲ့ အနာဂတ်အတွက်ဆို မာလာ ဘယ်တော့မှ နောက်မတွန့်ခဲ့။
“သမီးလေး လိုချင်တာ အမေဝယ်ပေးမှာပေါ့။ စာကြိုးစားနော်။”
သမီးလေးရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းရှိုက်ရင်း မာလာ ပြောလိုက်ပေမယ့် ရင်ထဲမှာတော့ မနက်ဖြန်အတွက် တွက်ချက်မှုတွေက ရှုပ်ယှက်ခတ်နေပြီ။
ညစာစားပွဲကတော့ ထုံးစံအတိုင်း တိတ်ဆိတ်နေခဲ့တယ်။ ကိုမောင်မောင်က အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ညစ်လာပုံရတယ်။ ဟင်းမကြိုက်သလို၊ ထမင်းမမြိန်သလိုနဲ့။ မာလာကတော့ ဒါကို နားလည်စွာနဲ့ ဘာမှမပြောဘဲ နှုတ်ဆိတ်နေလိုက်တယ်။
ညအိပ်ရာဝင်တော့ ကိုမောင်မောင်ရဲ့ စကားသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။
“ငါတို့ ဒီအိမ်လခကို ဘယ်လိုဆက်ပေးကြမလဲ မာလာ။ အလုပ်ကလည်း အရင်လို အဆင်မပြေဘူး။”
မာလာက မျက်နှာကျက်ကို ငေးကြည့်နေရာကနေ ကိုမောင်မောင်ဘက်ကို လှည့်လိုက်တယ်။ “ကျွန်မလည်း စဉ်းစားနေပါတယ်။ မုန့်ဟင်းခါးအပြင် မနက်ပိုင်း ပဲပြုတ်ပါ ထပ်ရောင်းရင် ကောင်းမလားလို့။”
ကိုမောင်မောင်က ခေါင်းခါရင်း ပြောတယ်။ “မင်းလည်း ပင်ပန်းလှပြီ။ ငါ... ငါတို့ရွာဘက်မှာ အလုပ်သွားလုပ်ရင် ကောင်းမလား စဉ်းစားနေတာ။”
ဒီစကားကြားတော့ မာလာရဲ့ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတယ်။ ရွာကိုပြန်ပီးအလုပ်လုပ်မယ်ဆိုတာက သားသမီးတွေရဲ့ ပညာရေးကို စတေးလိုက်ရမှာလား။ ရန်ကုန်မှာ ဆက်နေနိုင်ဖို့ သူတို့ ရုန်းကန်နေရတာက ကလေးတွေရဲ့ အနာဂတ်အတွက်ပဲ မဟုတ်လား။
“ရှင်က ကလေးတွေရဲ့ ရှေ့ရေးကို ထည့်မစဉ်းစားဘူးလား။ ဒီမှာကကလေးတွေပညာရေးအတွက် ပိုအဆင်ပြေနေတာလေ။” မာလာရဲ့ အသံက အနည်းငယ် မာသွားတယ်။
“ဒါဆို ဘယ်လိုလုပ်မလဲ! ဒီမှာဆက်နေရင်လည်း ငါတို့ အကြွေးတွေနဲ့ နစ်ကုန်တော့မယ်။ မင်းက လက်တွေ့မကျဘူး။” ကိုမောင်မောင်ရဲ့ အသံက ကျယ်လာတယ်။
စကားတွေက အပြန်အလှန် ငြင်းခုံမှုတွေအဖြစ် ပြောင်းလဲသွားတယ်။ မာလာရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံလာတယ်။ သူတို့နှစ်ယောက်ကြားက သဘောထားကွဲလွဲမှုတွေက အခုမှမဟုတ်။ ဆင်းရဲတဲ့ဘဝရဲ့ ဖိအားတွေကြောင့် သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေက တဖြည်းဖြည်း ခေါင်းပါးလာသလိုပဲ။
“တော်ပြီ! ကျွန်မ ရှင့်ကို ဆက်မပြောချင်တော့ဘူး။ ကလေးတွေအတွက်တော့ ကျွန်မ အဆုံးထိ တိုက်ပွဲဝင်မှာ။”
မာလာက ကလေးတွေအိပ်နေတဲ့ဘက်ကို လှည့်ကာ ကျောပေးလိုက်တယ်။ ကိုမောင်မောင်ကတော့ ဒေါသတကြီးနဲ့ သက်ပြင်းချသံကို ကြားလိုက်ရတယ်။ ညရဲ့ တိတ်ဆိတ်မှုက သူတို့နှစ်ယောက်ကြားက အေးစက်တဲ့ တံတိုင်းတစ်ခုလို ဖြစ်နေခဲ့တယ်။
နောက်တစ်နေ့မနက်မှာတော့ အိမ်ရဲ့အခြေအနေက တင်းမာနေတုန်းပဲ။ ကိုမောင်မောင်က စကားတစ်ခွန်းမှမပြောဘဲ အလုပ်ကို ထွက်သွားတယ်။ မာလာကတော့ ညကအဖြစ်အပျက်ကြောင့် စိတ်မကောင်းဖြစ်နေပေမယ့် သူ့ရဲ့ နေ့စဉ်တိုက်ပွဲကို ဆက်လက်ဆင်နွှဲရဦးမည်။
သူမ မုန့်ဟင်းခါးဆိုင်လေးကို ဖွင့်ပြီး သမီးလေးအတွက် ပုံဆွဲစာအုပ်နဲ့ ရောင်စုံခဲတံဘူးလေး ဝယ်ပေးဖို့ ပိုက်ဆံကို သီးသန့်ဖယ်ထားလိုက်တယ်။ နေ့လည်ရောက်တော့ အောင်နိုင် ကျောင်းကနေ မျက်နှာမကောင်းဘဲ ပြန်လာတယ်။
“သား... ဘာဖြစ်လာတာလဲ။”
