HM Movies
رفتن به کانال در Telegram
7 131
مشترکین
+2624 ساعت
+1177 روز
+53030 روز
آرشیو پست ها
7 131
ညကျရင် လွမ်းလို့ကောင်းမဲ့သီချင်းနားထောင်ချင်သူများအတွက်🎧🎧🎧
ရုပ်ရှင်ချည်းကြည့်ရတာရိုးလာခဲ့ရင် သီချင်းလေးပြောင်းနားထောင်ကြည့်ကြပါဗျ🎧🎧
https://t.me/+npLTu3l1hoRiNTVl
7 131
"ကမ္ဘာမြေပျက်စီးချိန်မှာ လူသားမျိုးနွယ်အတွက် စကြဝဠာထဲ ထွက်ခွာခဲ့ရတဲ့ စွန့်စားခန်း"
========================
သီးနှံများ ပျက်စီးပြီး ကမ္ဘာမြေကြီး နေထိုင်လို့ မရတော့မယ့် ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ အာကာသယာဉ်မှူးဟောင်း Cooper ဟာ သမီးလေးကို ထားရစ်ခဲ့ပြီး လူသားတွေ နေထိုင်နိုင်မယ့် ဂြိုဟ်သစ်တစ်ခုကို ရှာဖွေဖို့ ထွက်ခွာခဲ့ရပါတယ်။ စကြဝဠာရဲ့ တွင်းနက်ကြီးတွေကြားထဲမှာ သမီးဖြစ်သူဆီ ပြန်လာဖို့နဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကြိုးစားရမယ့် Christopher Nolan ရဲ့ ဂန္ထဝင် Sci-Fi ရုပ်ရှင် ဖြစ်ပါတယ်။
========================
7 131
F-l-e-x X C-o-p Season 2 (2026)
==========================
Chaebol စုံထောက်လေးရဲ့ ဒုတိယမြောက် အကွက်ဆန်းတွေကို ကြည့်ဖို့ အဆင်သင့်ပဲလား ပရိသတ်ကြီး..
တောင့်တောင့်ဖြောင့်ဖြောင့် ထုထုပြီး ကညုချင်စရာ ကိုကို Ahn Bo Hyun နဲ့ Jeongnyeon: The Star Is Born ထဲမှာ အားလုံးရဲ့ အသည်းကို စွဲသိမ်းသွားတဲ့ မွန်းအို့ဂယောင်း Jung Eun Chae တို့ရဲ့ Action-Comedy Series သစ်လေး.
7 131
𝗥𝗮𝗮𝗸𝘀𝗵𝗮𝘀𝗮 (𝟮𝟬𝟮𝟲) - 𝗦𝗲𝗮𝘀𝗼𝗻 𝟭
========================
"လူတိုင်းရဲ့ ရင်ထဲမှာ ဘီလူးတစ်ကောင် ရှိနေတတ်သလား?"
Raakshasa ဆိုတာကတော့ သည်းထိတ်ရင်ဖို (Crime Thriller) အမျိုးအစားကို ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ စီးရီးတစ်ခုပါ။ ဇာတ်လမ်းက မြို့လေးတစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုတွေနဲ့ စတင်ထားပါတယ်။
ဝါရင့်သရုပ်ဆောင်ကြီး Sarathkumar က ဒီဇာတ်လမ်းမှာ အဓိကနေရာက ပါဝင်ထားပြီး၊ သူက ပဟေဠိဆန်တဲ့ အမှုတွေကို အမှန်တရားပေါ်ပေါက်အောင် လိုက်လံစုံစမ်းရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒါပေမဲ့ သူလိုက်နေတဲ့ ရာဇဝတ်ကောင်က သာမန်လူတစ်ယောက်လား၊ ဒါမှမဟုတ် တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ 'ဘီလူး (Raakshasa)' တစ်ကောင်လားဆိုတာကတော့ ရင်တမမနဲ့ စောင့်ကြည့်ရမှာပါ။
ဇာတ်လမ်းတစ်လျှောက်လုံးမှာ မထင်မှတ်ထားတဲ့ လှည့်ကွက်တွေ၊ ရင်ဖိုစရာ စုံထောက်ခန်းတွေနဲ့ ပရိသတ်ကို ခုံအစွန်းမှာ ထိုင်ကြည့်ရလောက်အောင် ဆွဲခေါ်သွားမှာ သေချာပါတယ်။ လူသားတွေရဲ့ စိတ်နေစိတ်ထား နောက်ကွယ်က အမှောင်ထုနဲ့ "တရားမျှတမှု" ရဖို့အတွက် ဘယ်လောက်အထိ ရင်းနှီးပေးဆပ်ရမလဲဆိုတာကို ဒီစီးရီးမှာ စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပါ။
7 131
"Sherlock Holmes ရဲ့ ညီမလေး Enola ရဲ့ လျှို့ဝှက်ဆန်းကြယ် စွန့်စားခန်းများ"
========================
ကျော်ကြားလှတဲ့ စိစစ်ရေးမှူးကြီး Sherlock Holmes ရဲ့ ညီမလေး Enola ဟာ သူမရဲ့ ၁၆ နှစ်ပြည့် မွေးနေ့မှာ ပျောက်ဆုံးသွားတဲ့ မိခင်ဖြစ်သူကို ရှာဖွေဖို့ လန်ဒန်မြို့ဆီ ထွက်ခွာလာခဲ့ပါတယ်။ အစ်ကိုဖြစ်သူတွေရဲ့ အရိပ်အောက်ကနေ ရုန်းထွက်ပြီး မိခင်ဖြစ်သူ ပျောက်ဆုံးမှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်နဲ့ နိုင်ငံရေး ပဟေဠိ တွေကို နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းသွားမယ့် Mysteryရုပ်ရှင် ဖြစ်ပါတယ်။
========================
7 131
သီချင်းဆိုကောင်းတဲ့ ရှဉ့်လေးတွေ
Alvin And The Chipmunks Movie Collection
(1+2+3+4)
ငယ်ဘဝတုန်းက တိရစ္ဆာန်လေးတွေနဲ့ လူတွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ရုပ်ရှင်တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။ အဲဒီတုန်းက 3D effectဘာညာလည်းမသိနားမလည်သေးတဲ့ အရွယ်ဆိုတော့ တိရစ္ဆာန်အစစ်လေးတွေကို သေချာသင်ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့ အကြိမ်ရေလည်း မနည်းပါဘူး။
ဒီလိုဇာတ်ကားတွေထဲမှာ Alvinတိုရှဉ့်လေးသုံးကောင်ရဲ့ ဇာတ်ကားတွေလည်း အပါအဝင်ပါပဲ။သူတိုရဲ့ ငမွှေထိုးလုပ်ပုံ၊ ဗရုတ်ကျပုံတွေ၊ သူတိုအသံနဲ့ ဆိုထားတဲ့သီချင်းတွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို နောက်ပိုင်းမှာနာမည်ကြီးသီချင်းအများစုကို Chipmunks versionလို ပြန်ပြီးဖန်တီးလာတဲ့အထိ ဒီရှဉ့်လေးတွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံးအတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunkရှဉ့်လေးသုံးကောင်ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားပါ
7 131
"လူကောင်းယောင်ဆောင်ရင်း ကမ္ဘာကြီးကို ကယ်တင်ရမယ့်လူဆိုးဂိုဏ်း"
========================
မြို့ပေါ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားလှတဲ့ တိရစ္ဆာန် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် Mr. Wolf နှင့် အဖွဲ့သားများဟာ ကြီးမားတဲ့ ခိုးယူမှုတစ်ခုအပြီးတွင် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။
ထောင်ဒဏ်မှ လွတ်မြောက်ရန်အတွက် သူတို့အဖွဲ့ဟာ မြို့တော်ရဲ့ စံပြလူကောင်းထံတွင် ပြုပြင်ပြောင်းလဲတဲ့ "လူကောင်းယောင်ဆောင်ပွဲ" စီမံကိန်း၌ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ မြို့တော်ကို ခြိမ်းခြောက်လာတဲ့ ဗီလိန်အသစ်တစ်ဦး ပေါ်ထွက်လာချိန်မှာတော့...
========================
7 131
"ရင်တမမနဲ့ စက္ကန့်မလပ် ဆွဲခေါ်သွားမဲ့ Must-Watch သည်းထိတ်ရင်ဖို ရုပ်ရှင်သစ်"
ဇာတ်ညွှန်းဖတ်ရန် အရင်joinပါhttps://t.me/+WDcKdE-YR-85MTll
ဇာတ်ညွှန်းလင့်https://t.me/c/4427594613/17
7 131
"မသေဆုံးနိုင်သော ဂန္ထဝင် အချစ်ဇာတ်လမ်း"
========================
၁၉၁၂ ခုနှစ်တွင် မနစ်မြုပ်နိုင်ဟု ကျော်ကြားခဲ့သော တိုက်တန်းနစ် သင်္ဘောကြီးရဲ့ ပထမဆုံးနှင့် နောက်ဆုံး ခရီးစဉ်ပေါ်တွင် မတူညီတဲ့ လူမှုအလွှာနှစ်ခုမှ လူငယ်နှစ်ဦးဖြစ်သော Jack နှင့် Rose တို့ မထင်မှတ်ဘဲ တွေ့ဆုံချစ်ကြိုက်ခဲ့ကြပါတယ်။
သူတို့နှစ်ဦး၏ အချစ်ရေးကို စေ့စပ်ထားသူရဲ့ ဟန့်တားမှုများကြားမှ အခိုင်အမာ တည်ဆောက်နေချိန်မှာပဲ သဘ်ောကြီးဟာ ရေခဲကြီးနှင့် တိုက်မိကာ မထင်မှတ်ထားတဲ့ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပါတယ်။
========================
7 131
R-a-n-go [201-1]
Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ။လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ်။ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ်။
ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ်။သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ်။
မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ ။တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ်။
7 131
"၆ ပေ ကွာဝေးရပေမယ့် ၁ ပေ ပိုနီးကပ်ခဲ့တဲ့ အချစ်ဇာတ်လမ်း"
========================
အဆုတ်ရောဂါဝေဒနာကို ခံစားနေရတဲ့ Stella နဲ့ Will တို့ဟာ ဆေးရုံမှာ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ကြပါတယ်။ ဒီရောဂါ ခံစားနေရသူတွေဟာ ရောဂါပိုး မကူးစက်အောင် တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၆ ပေ အကွာအဝေးမှာပဲ နေထိုင်ကြရပါတယ်။
သူတို့နှစ်ဦးကြားက သံယောဇဉ်နဲ့ အချစ်တွေ ပိုမိုနက်ရှိုင်းလာတဲ့အခါမှာတော့ စည်းကမ်းတွေကို ခွဲထွက်ပြီး သူတို့ရဲ့ အချစ်အတွက် ၅ ပေပဲ ကွာဝေးတော့မယ့် အကွာအဝေးတစ်ခုကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ခဲ့ကြပါတယ်။ ထိတွေ့ခွင့် မရှိပေမယ့် အပြန်အလှန် ပေးဆပ်ခဲ့ကြတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ကူးထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်ဗျ။
========================
Channel အရင် join ရန်https://t.me/+nGsTz8lpmOZkMDg1
ဇာတ်ကားကြည့်ရန်လင့်https://t.me/c/4465613488/19
7 131
"သက်စွန့်ဆံဖျား ကျန်းမာရေးဝန်ထမ်းများ"
Channel အရင် join ရန်https://t.me/+WDcKdE-YR-85MTll
ဇာတ်ညွှန်းဖတ်ရန်လင့်https://t.me/c/4427594613/16
7 131
"ဟောလိဝုဒ် ရုပ်ရှင်လောကထဲ ရောက်ရှိသွားသည့် မီနီယံများ၏ ပရမ်းပတာ စွန့်စားခန်း"
========================
၁၉၂၀ ပြည့်လွန်နှစ်များ ဟောလိဝုဒ် ရုပ်ရှင်ခေတ်ဦးတွင် ဂရူးနှင့် မဆုံတွေ့မီ မီနီယံအုပ်စုသည် မတော်တဆ ရုပ်ရှင်ရိုက်ကွင်းတစ်ခုအတွင်း ရောက်ရှိသွားကာ ရုတ်တရက် နာမည်ကြီး မင်းသားများ ဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ အသံပါတဲ့ ရုပ်ရှင်ခေတ်သို့ ပြောင်းလဲလာချိန်တွင် မီနီယံဘာသာစကားပဲ ပြောတတ်တဲ့ သူတို့မှာ ရုပ်ရှင်လောကမှ စွန့်ပစ်ခံလိုက်ရပါတယ်။
ဒါကို လက်မလျှော့ချင်တဲ့ James, Henry နှင့် Ed တို့ မီနီယံသုံးကောင်သည် ကိုယ်ပိုင် မကောင်းဆိုးဝါး ရုပ်ရှင်ကားကြီး ရိုက်ကူးရန် ကြိုးပမ်းကြပါတော့တယ်။ သရုပ်ဆောင်ရန် ရှေးဟောင်း ဂါထာစာအုပ်ဖြင့် မကောင်းဆိုးဝါးများကို ဆင့်ခေါ်ရာမှ မထင်မှတ်ဘဲ ကမ္ဘာကြီးကို ဖျက်ဆီးမည့် မိစ္ဆာကြီး ထွက်ပေါ်လာချိန်တွင်...
========================
7 131
နိမိတ်ဆိုးကြီး စိမ့်ဝင်နေတဲ့ နယ်စပ်တောနက်ကြီး
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်အနီး စစ်မဲ့ဇုန် (DMZ) အတွင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ တိုက်ခိုက်မှုတွေနဲ့ သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်။
ဒီဖြစ်စဉ်ရဲ့ အမှန်တရားကို စုံစမ်းဖော်ထုတ်ဖို့အတွက် စစ်တပ်ကနေ အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ ဒီအဖွဲ့ကို ဗိုလ်မှူး Cho Jin-ho နဲ့ ဓာတုနှင့်ဇီဝဗေဒဆိုင်ရာ အထူးကျွမ်းကျင်သူ ဗိုလ်ကြီး Shin Yoo-hwa (Lee Ji-ah) တို့က ဦးဆောင်ပြီး DMZ ဧရိယာအတွင်းသို့ ဝင်ရောက်စုံစမ်းကြရပါတယ်။
စစ်မဲ့ဇုန်အတွင်း ဝင်ရောက် စုံစမ်းစစ်ဆေးရင်းနဲ့ ရေဒီယိုအဆက်အသွယ်တွေ ပြတ်တောက်သွားပြီး စည်းကမ်းမဲ့ လှုပ်ရှားနေတဲ့ အမည်မသိ အန္တရာယ်ရှိသော ရန်သူတွေ၊ ဇီဝလက်နက် လျှို့ဝှက်စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ သူတို့အဖွဲ့ဟာ နယ်စပ်မှာ ဖြစ်ပျက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ရင်း အသက်လု ရုန်းကန်ကြရမယ့် အက်ရှင်သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
7 131
Y-o-u-n-g W-a-s-h-i-n-g-t-o-n (2026)
==============================
အမေရိကန်၏ဖခင်
IMDB ⭐️ 7.4/10
RT 🍅 59 %
" စစ်တုရင်က နယ်ရုပ်လေးလည်း ဘုရင်ကို ဖြုတ်ချနိုင်ပါတယ် "
ဂျော့ဂျ်ဝါရှင်တန်ဆိုတာကတော့ ယနေ့ခေတ် အမေရိကန်ရဲ့ပိုက်ဆံထဲက မျက်နှာပိုင်ရှင် ယူအက်စ်အစိုးရကို ဖြစ်လာစေသူ တော်လှန်ရေးကို ဗျူဟာများနဲ့ အနိုင်ရစေခဲ့တဲ့ ပဲ့ကိုင်ရှင်...ယူအက်စ်ရဲ့ ပထမဆုံးသမ္မတဆိုလည်း မမှားတဲ့ တကယ့်ပုဂ္ဂိုလ်ကြီးပါပဲ
ဇာတ်ညွန်အပြည့်အစုံဖတ်ရန်
အရင်join ပါhttps://t.me/+WDcKdE-YR-85MTll
ဇာတ်ညွှန်လင့်https://t.me/c/4427594613/14
7 131
"တမလွန်ကမ္ဘာမှ ဝိဉာဉ်စောင့်အရှောက် သရဲကလေး"
========================
ဂူဒို ဆိုတဲ့ ဝိဉာဉ်စောင့်အရှောက် သရဲကလေးဟာ သေဆုံးပြီးကာစ ဝိဉာဉ်တွေကို တမလွန်မှာ ပြန်လည်မွေးဖွားနိုင်ဖို့ လမ်းပြပေးရသူပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကို လိုက်ရှာချင်နေတဲ့ ယူရီ ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပြီး တမလွန်မှာ အတူတူ လိုက်ရှာပေးရင်း သံယောဇဉ်ဖြစ်ကာ လူသားတွေရဲ့ ခံစားချက်ကို နားလည်လာခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း ခမည်းတော် စစ်ပွဲမှာ ကွယ်လွန်သွားလို့ ပူဆွေးနေရတဲ့ ကျိန်စာသင့် မင်းသမီးလေး ဂိုရန် ထံ ဂူဒို ရောက်ရှိလာပြီး အဖြစ်မှန်ကို သိနိုင်ဖို့ အတိတ်ဆီ ခေါ်ဆောင်ပြသပေးခဲ့ပါတယ်။
