fa
Feedback
B & W - ဘာသာပြန်စာအုပ်များစုစည်းမှု

B & W - ဘာသာပြန်စာအုပ်များစုစည်းမှု

رفتن به کانال در Telegram

ကျနော့်ရဲ့ ရည်ရွယ်ချက်ကတော့ ရွာမှာ ဂဏန်းနှိုက်နေတဲ့ လယ်လုပ်နေရတဲ့ လူငယ်တွေလည်း သူတို့ ဖတ်ချင်ရင် ကမ္ဘာပေါ်က ဘယ်စာအုပ်ကို မဆို လွယ်လွယ်ကူကူ ဖတ်လို့ ရစေရမယ်။ Admin @danielzaungnwe

نمایش بیشتر

📈 تحلیل کانال تلگرام B & W - ဘာသာပြန်စာအုပ်များစုစည်းမှု

کانال B & W - ဘာသာပြန်စာအုပ်များစုစည်းမှု (@bookandwealthmm) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 15 696 مشترک است و جایگاه 2 338 را در دسته کتب و رتبه 8 669 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 15 696 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 24 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 39 و در ۲۴ ساعت گذشته برابر -10 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.19% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 2.34% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 814 بازدید دریافت می‌کند. در اولین روز معمولاً 368 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 13 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
ကျနော့်ရဲ့ ရည်ရွယ်ချက်ကတော့ ရွာမှာ ဂဏန်းနှိုက်နေတဲ့ လယ်လုပ်နေရတဲ့ လူငယ်တွေလည်း သူတို့ ဖတ်ချင်ရင် ကမ္ဘာပေါ်က ဘယ်စာအုပ်ကို မဆို လွယ်လွယ်ကူကူ ဖတ်လို့ ရစေရမယ်။ Admin @danielzaungnwe

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 25 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته کتب تبدیل کرده‌اند.

15 696
مشترکین
-1024 ساعت
-447 روز
+3930 روز

در حال بارگیری داده...

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئیه '26
ژوئیه '26
+118
در 0 کانال‌ها
ژوئن '26
+196
در 0 کانال‌ها
Get PRO
مه '26
+133
در 0 کانال‌ها
Get PRO
آوریل '26
+346
در 0 کانال‌ها
Get PRO
مارس '26
+44
در 0 کانال‌ها
Get PRO
فوریه '26
+132
در 0 کانال‌ها
Get PRO
ژانویه '26
+453
در 0 کانال‌ها
Get PRO
دسامبر '25
+129
در 0 کانال‌ها
Get PRO
نوامبر '25
+74
در 0 کانال‌ها
Get PRO
اکتبر '25
+84
در 0 کانال‌ها
Get PRO
سپتامبر '25
+594
در 0 کانال‌ها
Get PRO
اوت '25
+2 383
در 0 کانال‌ها
Get PRO
ژوئیه '25
+2 567
در 0 کانال‌ها
Get PRO
ژوئن '25
+1 492
در 0 کانال‌ها
Get PRO
مه '25
+8 642
در 1 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
25 ژوئیه+4
24 ژوئیه0
23 ژوئیه0
22 ژوئیه+2
21 ژوئیه0
20 ژوئیه0
19 ژوئیه+1
18 ژوئیه+6
17 ژوئیه+4
16 ژوئیه0
15 ژوئیه+3
14 ژوئیه+3
13 ژوئیه+8
12 ژوئیه+11
11 ژوئیه0
10 ژوئیه+8
09 ژوئیه+6
08 ژوئیه+10
07 ژوئیه+8
06 ژوئیه+10
05 ژوئیه+11
04 ژوئیه+21
03 ژوئیه0
02 ژوئیه+2
01 ژوئیه0
پست‌های کانال
အပြစ်တင်ခံရတဲ့သူက ပြောင်းလဲချင်စိတ်ထက် ကာကွယ်ချင်စိတ် ပိုများပါတယ်။ နားလည်ခံရတဲ့သူကသာ ပြောင်းလဲဖို့ ပိုလွယ်ပါတယ်။ အပြစ်တင်တာထ
အပြစ်တင်ခံရတဲ့သူက ပြောင်းလဲချင်စိတ်ထက် ကာကွယ်ချင်စိတ် ပိုများပါတယ်။ နားလည်ခံရတဲ့သူကသာ ပြောင်းလဲဖို့ ပိုလွယ်ပါတယ်။ အပြစ်တင်တာထက် နားလည်ဖို့ ကြိုးစားပါ။ အပြုအမူတွေရဲ့ နောက်ကွယ်မှာ အမြဲခံစားချက်နဲ့ လိုအပ်ချက် ရှိပါတယ်။ တစ်ယောက်ယောက် ဒေါသထွက်နေတယ်ဆိုရင် ဒေါသကိုပဲ မကြည့်ဘဲ သူဘာလိုအပ်နေလဲဆိုတာကို ကြည့်ပါ။ ဒါက ပဋိပက္ခကို လျှော့ချနိုင်ပါတယ်။ အပြုအမူထက် ခံစားချက်ကို နားထောင်ပါ။ NVC ရဲ့ ရည်ရွယ်ချက်က အနိုင်ရဖို့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ယုံကြည်မှု၊ ချိတ်ဆက်မှု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ စကားလုံးတွေက တံတားလည်း ဖြစ်နိုင်သလို နံရံလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဘယ်လို အသုံးပြုမလဲဆိုတာက အရေးကြီးပါတယ်။ စကားကို အနိုင်ယူဖို့ မသုံးပါနဲ့။ နှလုံးသားချင်း ဆက်သွယ်ဖို့ သုံးပါ။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။

2
အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့...အတွက် - Crucial Conversations ကနေ စကားပြောနည်းကို သင်ပါ။ - This Is Marketing ကနေ ကိုယ်ဆီမှာ
အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့...အတွက် - Crucial Conversations ကနေ စကားပြောနည်းကို သင်ပါ။ - This Is Marketing ကနေ ကိုယ်ဆီမှာရှိတဲ့ အသုံးဝင်တဲ့အရာတွေကို ဘယ်လိုပိုက်ဆံရအောင် လုပ်ရမလဲ သင်ပါ ။ - The Like Switch ကနေ လူတွေရဲ့ ယုံကြည်မှုကို ရရှိအောင် လုပ်နည်းကို သင်ပါ။ - You Are a Badass ကနေ ကိုယ့်စိတ်ကို အနိုင်ယူနည်းတွေကို သင်ယူပါ။ ဘဝတစ်လျှောက် အကြိမ်ကြိမ် အသုံးဝင်မယ့် Skill ၄ ခုကို ဒီစာအုပ် ၄ အုပ်ကနေ သင်ယူပါ။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
108
3
လူအများစုက လစာရတဲ့နေ့မှာ အရင်ဆုံး အိမ်ငှားခ၊ အစားအသောက်၊ ဖုန်းဘေလ်၊ အကြွေး စတာတွေကို ပေးပြီး နောက်ဆုံးကျန်တာရှိရင်ပဲ စုကြတယ်။ ဒါပေမယ့် ဒီစာအုပ်ကတော့ "ကိုယ့်ကိုယ်ကို အရင်ပေးပါ။"တဲ့ အဓိပ္ပာယ်က ရတဲ့ဝင်ငွေထဲက အနည်းဆုံး ၁၀% ကို မသုံးဘဲ ကိုယ့်ရဲ့အနာဂတ်အတွက် သီးသန့်ဖယ်ထားဖို့ပါ။ ဥပမာ... လစာ $1,000 ရရင် $100 ကို အရင်ဖယ်ထားပါ။ ကျန် $900 နဲ့ပဲ ဘဝကို စီမံပါ။ အစပိုင်းမှာ ခက်တယ်လို့ထင်ရပေမယ့် တဖြည်းဖြည်း အလေ့အကျင့်ဖြစ်လာပါတယ်။ ဒီလိုလုပ်တဲ့အခါ... စုငွေ တိုးလာမယ်။ ငွေအပေါ် ယုံကြည်မှုတိုးလာမယ်။ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေး ရလာမယ်။ ငွေရှာဖို့ ဖိအားနည်းလာမယ်။ ချမ်းသာသူတွေဟာ လစာများလို့ ချမ်းသာတာမဟုတ်ဘူး။ စုဆောင်းတဲ့ အလေ့အကျင့်ရှိလို့ ချမ်းသာတာ ဖြစ်ပါတယ်။ ငွေက စုတတ်တဲ့သူဆီကို ပိုလာတတ်ပါတယ်။ တစ်ခါတလေ လူတွေက... "ဒီလ ဝင်ငွေနည်းလို့ မစုနိုင်ဘူး" လို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် ပြဿနာက ဝင်ငွေမဟုတ်ဘူး။ အလေ့အကျင့် ဖြစ်ပါတယ်။ တစ်လကို နည်းနည်းပဲ စုနိုင်ရင်တောင်... မရပ်ပါနဲ့။ အမြဲလုပ်ပါ။ စည်းကမ်းရှိပါ။ တစ်နေ့တည်းနဲ့ ချမ်းသာလာတာ မရှိပါဘူး။ ရေတစ်စက်ချင်း စုပြီး ရေအိုင်ဖြစ်သလို... ငွေတစ်ကျပ်ချင်း စုပြီး ငွေကြေးလွတ်လပ်မှု ဖြစ်လာပါတယ်။ နေ့စဉ် စုဆောင်းနေတဲ့သူဟာ... အခွင့်အရေးတွေကို မြင်လာတယ်။ ရင်းနှီးမြှုပ်နှံနိုင်လာတယ်။ စိတ်ဖိစီးမှု လျော့လာတယ်။ လူအများစုက... "ငါ အလုပ်လုပ်နေသ၍ ငွေရနေမှာပဲ။" လို့ ထင်ကြပါတယ်။ ဒါပေမယ့် ချမ်းသာသူတွေကတော့... "ငွေကို အလုပ်လုပ်ခိုင်းဖို့ အာရုံစိုက်ကြတယ်။" စုထားတဲ့ငွေကို အိမ်မှာပဲထားရင် မတိုးဘူး။ ဒါကြောင့်... စီးပွားရေး အစုရှယ်ယာ အတိုးရတဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာနိုင်တဲ့ ပိုင်ဆိုင်မှု စတဲ့နေရာတွေမှာ စဉ်းစားပြီး ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။ ဒါပေမယ့်... အမြတ်ကြီးပဲ ကြည့်မနေပါနဲ့။ အရင်းမပျောက်ဖို့က အရေးကြီးဆုံးပါ။ ဝင်ငွေတစ်ခုတည်းကို မမှီခိုဘဲ... ငွေကနေ ငွေထပ်ထွက်လာတဲ့ စနစ်တစ်ခု တည်ဆောက်နိုင်ရင် ငွေကြေးလွတ်လပ်မှုကို နီးစပ်လာပါလိမ့်မယ်။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
154
4
بدون متن...
127
5
အောင်မြင်မှုတိုင်းဟာ ဆန္ဒပြင်းပြမှုကနေ စတင်ပါတယ်။ လူအများစုမှာ "လုပ်ချင်တယ်" ဆိုတဲ့ စိတ်တော့ရှိတတ်ပေမယ့် "မဖြစ်မနေလုပ်မယ်" ဆိ
အောင်မြင်မှုတိုင်းဟာ ဆန္ဒပြင်းပြမှုကနေ စတင်ပါတယ်။ လူအများစုမှာ "လုပ်ချင်တယ်" ဆိုတဲ့ စိတ်တော့ရှိတတ်ပေမယ့် "မဖြစ်မနေလုပ်မယ်" ဆိုတဲ့ ဆန္ဒပြင်းပြမှုတော့ မရှိကြပါဘူး။ ဥပမာ - လူနှစ်ယောက်လုံး Business စချင်တယ်ဆိုပါစို့။ တစ်ယောက်က "အဆင်ပြေရင်လုပ်မယ်။" နောက်တစ်ယောက်က "ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်အောင်လုပ်မယ်။" အဆုံးမှာ အောင်မြင်တာက ဒုတိယလူဖြစ်ပါတယ်။ ဆန္ဒပြင်းပြမှုက စိတ်အားထက်သန်မှုကို ဖြစ်စေတယ်။ စိတ်အားထက်သန်မှုက လုပ်ဆောင်မှုကို ဖြစ်စေတယ်။ လုပ်ဆောင်မှုက ရလဒ်ကို ဖန်တီးတယ်။ ဒါကြောင့် ကြီးမားတဲ့ အောင်မြင်မှုတိုင်းဟာ ဆန္ဒပြင်းပြမှုကနေ စတင်တယ်။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
234
6
Meditation ကို စိတ်အေးဖို့ပဲ လုပ်တဲ့အရာလို့ ထင်ကြပါတယ်။ ဒါပေမယ့် Meditation ဟာ ကိုယ့်ရဲ့ အတွင်းစွမ်းအားနဲ့ ပြန်လည်ချိတ်ဆက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ အလုပ်၊ ငွေကြေး၊ ပြဿနာ၊ Social Media စတဲ့အရာတွေကြောင့် ဦးနှောက်က အမြဲအလုပ်လုပ်နေပါတယ်။ ဒီလိုအချိန်မှာ ကိုယ်တကယ်လိုချင်တာကို မကြားနိုင်တော့ပါဘူး။ Meditation လုပ်တဲ့အခါ... အသက်ရှူခြင်းကို အာရုံစိုက်ပါ။ အတွေးတွေကို အတင်းမတားပါနဲ့။ လာရင် လာသလို၊ သွားရင် သွားသလို လွှတ်ပေးထားပါ။ ၅ မိနစ်ကနေ စတင်ရင်လည်း လုံလောက်ပါတယ်။ ဥပမာ... Business Owner တစ်ယောက်က ဆုံးဖြတ်ချက်မချနိုင်တဲ့အချိန် Meditation လုပ်ပြီး စိတ်တည်ငြိမ်လာတဲ့အခါ အဖြေကို ပိုရှင်းရှင်းလင်းလင်း မြင်လာနိုင်ပါတယ်။ တိတ်ဆိတ်တဲ့စိတ်က အကြီးမားဆုံးအဖြေတွေကို ကြားနိုင်ပါတယ်။ ကိုယ့်ဘဝကို အခြေအနေတွေက ဆုံးဖြတ်တာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အတွေးတွေက ဆုံးဖြတ်ပါတယ်။ "ငါမလုပ်နိုင်ဘူး" "ငါကံမကောင်းဘူး" "ငါ့မှာ အရင်းအနှီးမရှိဘူး" ဒီလိုအတွေးတွေကို နေ့တိုင်းတွေးနေမယ်ဆိုရင် ဦးနှောက်က အဲဒါကို အမှန်တရားအဖြစ် လက်ခံသွားပါတယ်။ အဲ့ဒီအစား... ငါ သင်ယူနိုင်တယ်။ ငါ တိုးတက်နိုင်တယ်။ အခွင့်အရေးတွေ ရှိသေးတယ်။ လို့ စတင်ပြောင်းတွေးပါ။ ဥပမာ... Interview မဝင်ခင် "ငါ Fail မယ်" လို့တွေးတဲ့သူနဲ့ "ငါ အကောင်းဆုံးကြိုးစားမယ်" လို့တွေးတဲ့သူရဲ့ Performance က မတူပါဘူး။ အတွေးက စကားဖြစ်လာတယ်။ စကားက လုပ်ရပ်ဖြစ်လာတယ်။ လုပ်ရပ်က ဘဝဖြစ်လာတယ်။ ဘဝကို ပြောင်းချင်ရင် အရင်ဆုံး အတွေးကို ပြောင်းပါ။ ဦးနှောက်က အမြဲမှန်နေတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် Fear ကို အခြေခံထားတဲ့ အတွေးတွေက ကိုယ့်ကို ကာကွယ်ဖို့ပဲ ကြိုးစားတာ ဖြစ်ပါတယ်။ ဥပမာ... ဒီ Business မစနဲ့။ လူတွေ ရယ်လိမ့်မယ်။ Fail ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဒီအသံတွေကို အမှန်လို့ ယုံလိုက်ရင် အိပ်မက်တွေက မစဖြစ်တော့ပါဘူး။ အဲ့ဒီအစား ကိုယ့်ဦးနှောက်ကို ပြန်လေ့ကျင့်ရပါတယ်။ ဒီအတွေးက အမှန်လား။ သက်သေရှိလား။ဒါ Fear လား၊ Fact လား။ လို့ ကိုယ့်ကိုယ်ကို မေးပါ။ နေ့တိုင်း Positive Input တွေ ဖတ်ပါ။ Motivational Books တွေဖတ်ပါ။ Gratitude ရေးပါ။ Meditation လုပ်ပါ။ ဒီအရာတွေက ဦးနှောက်ကို အသစ်ပြန် Programming လုပ်ပေးပါတယ်။ ဦးနှောက်ရဲ့ ကျွန်မဖြစ်ပါနဲ့၊ ဦးနှောက်ကို ဦးဆောင်နိုင်သူ ဖြစ်ပါ။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
366
7
بدون متن...
275
8
ကြင်နာမှုက အကြီးမားဆုံး ဆွဲဆောင်မှုတစ်ခုပါ။ အသေးစားကူညီမှု၊ ကျေးဇူးတင်စကား၊ အပြုံးတစ်ပွင့်ကတောင် လူတစ်ယောက်ရဲ့နေ့ကို ပြောင်းလ
ကြင်နာမှုက အကြီးမားဆုံး ဆွဲဆောင်မှုတစ်ခုပါ။ အသေးစားကူညီမှု၊ ကျေးဇူးတင်စကား၊ အပြုံးတစ်ပွင့်ကတောင် လူတစ်ယောက်ရဲ့နေ့ကို ပြောင်းလဲနိုင်ပါတယ်။ အဲဒီလို အပြုအမူတွေက ယုံကြည်မှုနဲ့ ခင်မင်မှုကို တဖြည်းဖြည်း တည်ဆောက်ပေးပါတယ်။ ကြင်နာမှုက လူတိုင်းနားလည်တဲ့ ဘာသာစကားပါ။ ကိုယ်အကြောင်းပဲ ပြောနေတဲ့သူထက် တစ်ဖက်လူကို စိတ်ဝင်စားတဲ့သူကို လူတွေ ပိုနှစ်သက်ကြပါတယ်။ မေးခွန်းမေးပါ။ နားထောင်ပါ။ သူတို့ရဲ့ အမြင်ကို လေးစားပါ။ ဒါက Rapport တည်ဆောက်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ စိတ်ဝင်စားခံချင်ရင် အရင်ဆုံး တစ်ဖက်လူကို စိတ်ဝင်စားပါ။ ယုံကြည်မှုဆိုတာ စကားလုံးနဲ့တင် မရပါဘူး။ ကတိတည်တာ၊ အချိန်မှန်တာ၊ အပြုအမူတည်ငြိမ်တာတွေက ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။ Perfect ဖြစ်ဖို့ မလိုပါဘူး။ သဘာဝကျကျ၊ ရိုးသားစွာ ဆက်ဆံတာက လူတွေကို ပိုယုံကြည်စေပါတယ်။ အတုအယောင်ပုံစံတွေက အချိန်ကြာလာရင် ဖော်ထုတ်ခံရတတ်ပါတယ်။ ရိုးသားမှုကသာ အလှဆုံး ဆွဲဆောင်မှုပါ။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
316
9
Marketing ဆိုတာ ရောင်းဖို့၊ ကြော်ငြာဖို့၊ Customer တွေ များလာအောင်လုပ်ဖို့လို့ပဲ ထင်ကြပါတယ်။ Marketing ရဲ့ အဓိပ္ပာယ်က "အပြောင
Marketing ဆိုတာ ရောင်းဖို့၊ ကြော်ငြာဖို့၊ Customer တွေ များလာအောင်လုပ်ဖို့လို့ပဲ ထင်ကြပါတယ်။ Marketing ရဲ့ အဓိပ္ပာယ်က "အပြောင်းအလဲတစ်ခုကို ဖြစ်စေခြင်း" ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Product၊ Service၊ Content ဒါမှမဟုတ် Idea ကြောင့် လူတစ်ယောက်ရဲ့ အတွေး၊ အပြုအမူ၊ သဘောထား၊ ဘဝက နည်းနည်းလေးပဲဖြစ်ဖြစ် ပိုကောင်းလာတယ်ဆိုရင် အဲဒါက Marketing အောင်မြင်တာပါ။ ဥပမာ...စာဖတ်ချင်လာအောင် လှုံ့ဆော်ပေးတဲ့ Book Page၊ ငွေ​ကြေး ​စီမံခန့်ခွဲတတ်လာစေတဲ့ Financial Content ၊ ကျန်းမာရေးကို ပိုဂရုစိုက်လာစေတဲ့ Video ဒါတွေဟာ အကုန်လုံး Marketing ဖြစ်ပါတယ်။ Marketing က "ငါဘာရမလဲ" မဟုတ်ဘဲ... "သူ့ဘဝ ဘာပို ကောင်းလာမလဲ" ဆိုတဲ့ မေးခွန်းကို အရင်ဖြေရပါတယ်။ Marketing အစစ်က ရောင်းခြင်း မဟုတ်ဘဲ လူတွေရဲ့ဘဝကို ပိုကောင်းလာစေတဲ့ အပြောင်းအလဲတစ်ခု ဖန်တီးခြင်းဖြစ်တယ်။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
360
10
အလုပ်မှာ Boss နဲ့ ပြောရတာပဲဖြစ်ဖြစ်၊ မိသားစုအတွင်း အငြင်းပွားတာပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေး၊ သူငယ်ချင်း၊ Customer နဲ့ပဲဖြစ်ဖြစ်... အခြေခံ Principle က မပြောင်းပါဘူး။ လူတိုင်းက လေးစားခံချင်တယ်။ နားလည်ခံချင်တယ်။ ကိုယ့်အမြင်ကို ပြောခွင့်ရချင်တယ်။ ဒီလိုခံစားချက်တွေက အခြေအနေတိုင်းမှာ တူညီပါတယ်။ ဒါကြောင့် "ဒီ Case ကတော့ မတူဘူး" လို့ မတွေးဘဲ Principle ကို ယုံကြည်ပြီး အသုံးချသင့်ပါတယ်။ Principle က မပြောင်းဘူး။ Situation ပဲ ပြောင်းတယ်။ ခက်ခဲတဲ့ Conversation တွေမှာ လူတွေက အထူးနည်းလမ်းတွေ လိုတယ်လို့ ထင်ကြတယ်။ တကယ်တော့... လိုအပ်တာက နားထောင်နိုင်မှု မေးခွန်းမေးနိုင်မှု လေးစားမှု အမှန်တရားကို ပြောနိုင်မှု ဒီ Skill လေးခုပဲ ဖြစ်ပါတယ်။ Skill အသစ်မလိုပါဘူး။ Skill အဟောင်းကို ပိုကောင်းအောင် သုံးဖို့ပဲ လိုပါတယ်။ အငြင်းပွားတဲ့အချိန်မှာ လူအများစုက "ငါနိုင်ရမယ်" ဆိုတာကိုပဲ စဉ်းစားတတ်ပါတယ်။ ဒါပေမယ့်... တကယ်လိုချင်တာက Relationship ကောင်းဖို့လား ပြဿနာဖြေရှင်းဖို့လား Ego အနိုင်ယူဖို့လား ကိုယ့်ကိုယ်ကို မေးကြည့်သင့်ပါတယ်။ နိုင်သွားပြီး Relationship ပျက်သွားရင် မအောင်မြင်ပါဘူး။ ( စကားကို လိုရင်းရောက်အောင် ထိထိရောက်ရောက် ပြောတတ်ဖို့ " Crucial Conversations " စာအုပ်ကနေ ​လေ့လာပါ) 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
376
11
بدون متن...
325
12
ရင်းနှီးမြှုပ်နှံမှုမှာ အကြီးဆုံးရန်သူက ဈေးကွက် မဟုတ်ဘူး။ ကိုယ့်စိတ်ခံစားချက်ပဲ။ လူတွေက Fear နဲ့ ရောင်းတယ်။ Greed နဲ့ ဝယ်တယ်။
ရင်းနှီးမြှုပ်နှံမှုမှာ အကြီးဆုံးရန်သူက ဈေးကွက် မဟုတ်ဘူး။ ကိုယ့်စိတ်ခံစားချက်ပဲ။ လူတွေက Fear နဲ့ ရောင်းတယ်။ Greed နဲ့ ဝယ်တယ်။ အောင်မြင်တဲ့ Investor ကတော့ စိတ်ခံစားချက်နောက် မလိုက်ဘူး။ Business ကို နားလည်တယ်။ Value ကို ဝယ်တယ်။ အချိန်ကို မိတ်ဆွေဖြစ်အောင် လုပ်တယ်။ Stock ရွေးနည်းထက် Investor တစ်ယောက်ရဲ့ Mindset ကို တည်ဆောက်ချင်ရင် ဒီစာအုပ်ကို ဖတ်ရုံပဲ။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
424
13
ဒီခေတ်မှာ အရှားပါးဆုံး Skill က Talent မဟုတ်ဘူး။ Focus ပဲ။ Notification တစ်ခု။ Message တစ်ခု။ Social Media တစ်ခု။ ဒီအရာတွေက မိ
ဒီခေတ်မှာ အရှားပါးဆုံး Skill က Talent မဟုတ်ဘူး။ Focus ပဲ။ Notification တစ်ခု။ Message တစ်ခု။ Social Media တစ်ခု။ ဒီအရာတွေက မိတ်ဆွေတို့ရဲ့ အာရုံကို စုစည်းမရအောင် နေ့တိုင်း အပိုင်းပိုင်း ခွဲပစ်နေနိုင်တယ်။ အသုံးဝင်တဲ့ အိုင်ဒီယာတွေ အကျိုးရှိတဲ့ ရလာဒ်တွေက အနှောင့်အယှက်မရှိတဲ့ အာရုံစူးစိုက်မှုထဲကပဲ ထွက်ပေါ်လေ့ရှိတယ်။ ဒီစာအုပ်မှာ အဓိက ပြောပြတာက အလုပ်များဖို့ မလိုဘူး။ အရေးကြီးတဲ့အလုပ်ကို နက်နက်ရှိုင်းရှိုင်း အာရုံစိုက်ပြီး ထိထိရောက်ရောက် လုပ်တတ်ဖို့ပဲလိုတယ်။ မင်း ဘယ်အရာတွေကို အာရုံစိုက်ထားလဲ အဒါ ... မင်းရဲ့ ဖြစ်လာမယ့် အနာဂတ်ပဲ ။ ကိုယ့်ရဲ့ အာရုံ ကိုယ့်ရဲ့ အချိန်တွေကို အသုံးမဝင်တဲ့အရာတွေမှာ ဖြုန်းနေတာကို ရပ်လိုက်ပါတော့။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
418
14
- ငွေမရှိရင် အခက်အခဲရှိတယ်။ - Relationship မကောင်းရင် အထီးကျန်ရတယ်။ - ရင်းနှီးမြှုပ်နှံမှုပညာ မရှိရင် အသက်ကြီးတဲ့ထိ ပင်ပင်ပန်
- ငွေမရှိရင် အခက်အခဲရှိတယ်။ - Relationship မကောင်းရင် အထီးကျန်ရတယ်။ - ရင်းနှီးမြှုပ်နှံမှုပညာ မရှိရင်  အသက်ကြီးတဲ့ထိ ပင်ပင်ပန်းပန်း လုပ်နေရမယ်။ - Focus မရှိရင် အရည်အချင်းရှိလည်း အောင်မြင်ဖို့ခက်တယ်။ ဒါကြောင့်... 📘 Financial Freedom က ငွေကြေးလွတ်လပ်မှုကို တည်ဆောက်ပေးတယ်။ 🤍 Why Men Love Bitches က ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို တည်ဆောက်ပေးတယ်။ 📕 The Intelligent Investor ကတော့ Wealth Mindset ကို တည်ဆောက်ပေးမှာ ဖြစ်ပြီးတော့ ။ 💛 Deep Work က အောင်မြင်မှုရဲ့ အခြေခံဖြစ်တဲ့ Focus ကို တည်ဆောက်ပေးနိုင်ပါတယ်။ စာအုပ်လေး  ၄ အုပ်ပဲ ဆိုပေမဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲပေးနိုင်တဲ့ Skill ၄ ခုကို ရရှိပါလိမ့်မယ်။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
360
15
ငွေကြောင့် စိတ်မပူရတော့ဘူးဆိုတာ ထားစရာမရှိအောင် ပေါသီသွားတာမဟုတ်ဘူး။ ကိုယ့်အနာဂတ်အတွက် ငွေ ဘယ်လောက်လိုသလဲဆိုတာကို သိထားတာ ၊ မ
ငွေကြောင့် စိတ်မပူရတော့ဘူးဆိုတာ ထားစရာမရှိအောင် ပေါသီသွားတာမဟုတ်ဘူး။ ကိုယ့်အနာဂတ်အတွက် ငွေ ဘယ်လောက်လိုသလဲဆိုတာကို သိထားတာ ၊ မသိရင် ပန်းတိုင်မရှိတဲ့ ခရီးလို ဖြစ်ပါတယ်။ တချို့အတွက် Debt Free ဖြစ်တာက Freedom ဖြစ်နိုင်တယ်။ တချို့အတွက် Passive Income ရတာက Freedom ဖြစ်နိုင်တယ်။ အရေးကြီးတာက ကိုယ့်ရဲ့ Number ကို သိထားဖို့ပါပဲ။ ပန်းတိုင်ကို တိုင်းတာနိုင်ရင် ရောက်ဖို့ ပိုလွယ်တယ်။ Financial Freedom ဆိုတာ အလုပ်မလုပ်တော့တာ မဟုတ်ပါဘူး။ လုပ်ချင်လို့လုပ်တာ၊ မလုပ်ချင်ရင် မလုပ်လို့ ရတာမျိုး ဖြစ်ပါတယ်။ ပိုက်ဆံက ဘဝရဲ့ အဓိကရည်ရွယ်ချက် မဟုတ်ဘဲ ကိုယ်လိုချင်တဲ့ဘဝကို ဖန်တီးပေးတဲ့ ကိရိယာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ဘဝကို တည်ဆောက်ပါ။ ငွေကို ဘဝအတွက်သုံး၊ ဘဝကို ငွေအတွက် အလုံးစုံ သုံးမပစ်နဲ့။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
354
16
တစ်ဖက်လူ ပြောတာကိုပဲ နားမထောင်ပါနဲ့။ သူလုပ်တာကိုလည်း ကြည့်ပါ။ တော်တော်များများက စကားလုံးလှလှလေးတွေကြောင့် ဆုံးဖြတ်ချက်မှားတတ်ကြတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ စိတ်ရင်းကို သိချင်ရင် စကားထက် အပြုအမူကို ပိုကြည့်သင့်တယ်။ ကတိတွေအများကြီးပေးပေမယ့် အကောင်အထည်မဖော်တဲ့သူနဲ့၊ စကားနည်းပေမယ့် အမြဲလုပ်ပြတဲ့သူ ဘယ်သူကို ပိုယုံကြည်မလဲ? ဒီနေ့ကစပြီး လူတွေကို သူတို့ပြောတာနဲ့ မတိုင်းတာဘဲ၊ သူတို့ထပ်ခါတလဲလဲ လုပ်နေတဲ့ အပြုအမူနဲ့ တိုင်းတာကြည့်ပါ။ ယုံကြည်မှုဆိုတာ နားနဲ့ကြားတဲ့စကားနဲ့  တည်ဆောက်တာ မဟုတ်ဘူး။ မျက်စိနဲ့ မြင်ရတဲ့ အပြုအမူတွေက​နေ တည်ဆောက်ရပါတယ်။ တစ်ဖက်လူကို အနိုင်ယူဖို့ မကြိုးစားပါနဲ့။ ကိုယ့်တန်ဖိုးကိုပဲ ထိန်းထားပါ။ တချို့လူတွေက သဘောကျခံရဖို့ အရမ်းကြိုးစားတတ်ကြတယ်။ အမြဲအားပေး၊ အမြဲလိုက်လျော၊ အမြဲအဆင်ပြေအောင်လုပ်ပေးရင် ကိုယ့်ကို ပိုတန်ဖိုးထားမယ်လို့ ထင်ကြတယ်။ ဒါပေမယ့် တန်ဖိုးဆိုတာ ပေးဆပ်တိုင်းလည်း မတက်ဘူး။ ကိုယ့်ရဲ့စံနှုန်း၊ အချိန်နဲ့ ကိုယ့်ကိုယ်ကို လေးစားတဲ့ပုံစံကပဲ တန်ဖိုးကို ဖန်တီးပေးတာပါ။ လူတိုင်းကို ကျေနပ်အောင်နေမယ့်အစား ကိုယ့်အတွက်မှန်တဲ့အရာကို ရွေးချယ်ပါ။ ကိုယ့်ကိုယ်ကို လေးစားတဲ့သူကို အခြားသူတွေကလည်း လေးစားလာကြပါလိမ့်မယ်။ တကယ်တော့ နေရာတကာ ကိုယ့်တန်ဖိုးကို သက်သေပြစရာမလိုပါဘူး။ ဒါပေမဲ့ ထိန်းသိမ်းဖို့တော့ လိုတယ်။ တော်ရုံလူ ခူးဖို့မလွယ်တဲ့ အဖိုးတန်ပန်းကလေး ဖြစ်အောင်နေပါ။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
353
17
بدون متن...
259
18
အနာဂတ်မှာ အောင်မြင်သူတွေဟာ ခက်ခဲတဲ့ Skill အသစ်တွေကို မြန်မြန် သင်ယူနိုင်သူတွေ ဖြစ်ပါလိမ့်မယ်။ AI, Data Analysis, Programming,
အနာဂတ်မှာ အောင်မြင်သူတွေဟာ ခက်ခဲတဲ့ Skill အသစ်တွေကို မြန်မြန် သင်ယူနိုင်သူတွေ ဖြစ်ပါလိမ့်မယ်။ AI, Data Analysis, Programming, Marketing, Design စတဲ့ Skill တွေဟာ အမြဲပြောင်းလဲနေပါတယ်။ သင်ယူတာ ရပ်သွားရင် နောက်ကျသွားနိုင်ပါတယ်။ ခက်ခဲတဲ့ Skill တစ်ခုကို သင်ယူချင်ရင် အာရုံစူးစိုက်မှု မရှိဘဲ မဖြစ်နိုင်ပါဘူး။ တစ်နာရီလုံး Notification ကြည့်နေပြီး စာဖတ်တာထက်၊ အနှောင့်ယှက် မရှိဘဲ မိနစ် ၉၀ ဖတ်တာက ပိုထိရောက်ပါတယ်။ Deep Focus က Learning ကို အရှိန်မြှင့်ပေးနိုင်ပါတယ်။ Notification တစ်ခုပဲ တက်လာရင်တောင်မှ အရှိန်ရနေတဲ့ အာရုံက ပျက်သွားနိုင်ပါတယ်။ Facebook, TikTok, Email, Messenger စတဲ့အရာတွေက Focus ကို အပိုင်းပိုင်း ခွဲပစ်နိုင်ပါတယ်။ Deep Thinking လုပ်ဖို့ဆိုရင် အနှောင့်အယှက်မရှိတဲ့ အချိန်လိုပါတယ်။ Focus ကို ကာကွယ်တာဟာ Productivity ကို ကာကွယ်တာပါပဲ။ အကောင်းဆုံး Result တွေက Multitasking ကနေ မလာပါဘူး။ Quality မြင့်တဲ့ Output တွေဟာ Long, Uninterrupted Focus ကနေ ထွက်လာတာပါ။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
341
19
အမြတ်ကြီး​ကြီး ရချင်တဲ့စိတ်က လူတွေကို အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်တွေဆီ ခေါ်သွားတတ်ပါတယ်။ စာရေးသူကတော့ "လုံလောက်တဲ့ အမြတ်" ဟာ
အမြတ်ကြီး​ကြီး ရချင်တဲ့စိတ်က လူတွေကို အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်တွေဆီ ခေါ်သွားတတ်ပါတယ်။ စာရေးသူကတော့ "လုံလောက်တဲ့ အမြတ်" ဟာ "မသေချာတဲ့ အမြတ်ကြီး" ထက်တော့ အမြဲကောင်းတယ်လို့ ဆိုပါတယ်။ ဥပမာ နှစ်တိုင်း 10% ဝင်ငွေကို အေးအေးဆေးဆေး ရရှိနိုင်တာက၊ တစ်ခါတည်း 100% ရဖို့ အန္တရာယ်ကြီးကြီး ယူတာထက် ရေရှည်မှာ ပိုကောင်းပါတယ်ပေါ့လေ။ Compound Growth (အတိုးပေါ်အတိုး) က အချိန်ကြာလာတာနဲ့အမျှ သေးငယ်တဲ့ အမြတ်တွေကိုတောင်မှ အံ့ဩစရာကောင်းတဲ့ ချမ်းသာမှုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ တကယ့်ချမ်းသာသူတွေဟာ အမြန်ချမ်းသာဖို့ မကြိုးစားကြပါဘူး။ သူတို့က ရေရှည်တည်တံ့တဲ့ တိုးတက်မှုကို ရွေးချယ်ကြပါတယ်။ တည်ငြိမ်တဲ့ အမြတ်က အန္တရာယ်ကြီးတဲ့ အမြတ်ထက် အမြဲတမ်းသာတယ်။ 📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
398
20
📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
📚ဘာသာပြန်စာအုပ်အားလုံးကို B & W Reading Club ထဲမှာ ဖတ်လို့ရနေပါပြီ။
464