ဒို့ပြည်-Doh Pyay
رفتن به کانال در Telegram
3 034
مشترکین
-224 ساعت
+67 روز
+3830 روز
آرشیو پست ها
3 037
ပြည်မြို့နယ်မှာ ရာအိမ်မှူးသား စစ်မှုထမ်းဖမ်းဆီးခံရ၊ လွတ်ဖို့ အသည်းအသန် ကြိုးစားနေ
ဇူလိုင် ၂၁၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ၊ တဲကြီးကုန်းအုပ်စု၊ ဆင်တဲကျေးရွာ ရာအိမ်မှူး ဦးအေးလွင် ရဲ့ သားအပါ(၂) ဦးဟာ စစ်မှုထမ်းဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ ညနေက ပြည်မြို့ကနေ ပြန်လာတဲ့ အသက် ၃၀ နှစ်ရှိ ကြက်ဖ(ခ) သက်ပိုင်ဖြိုး (ဦးအေးလွင်သား) နဲ့ အခြား တစ်ဦးတို့ကို ဇီးအုပ်၊ နတ်တလင်း သံတံတားကြီးနားမှာ စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။
"ပြည်ကအပြန်အဖမ်းခံရတာ။ အေးလွင်သားနဲ့ နောက်တစ်ယောက်ပါ။ နောက်တစ်ယောက်က ဘယ်ကလဲတော့မသိဘူး။ အေးလွင်ကတော့ သူ့သားလွတ်ဖို့ ထွေအုပ်ကို အသည်းအသန်လိုက်နေတယ်။ အခုထိတော့ မရသေးဘူး" ဒေသခံတစ်ဦးက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02xGnysTjnGmYMCvufpEkhVa6jRXCUjxA2ZZoMfSwxg2qNxATYqqauaJh39raGA6tul
3 037
ပြည်မြို့မှာ (၃) ရက်အတွင်း လူငယ် (၇) ဦး စစ်မှုထမ်းဖမ်းဆီးခံရ
ဇူလိုင် ၂၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ပေါ်ရပ်ကွက်တွေထဲကနေ လူငယ်တွေ ဆက်တိုက်ဆိုသလို စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၁ နာရီခန့်က ပြည်မြို့၊ ပြည်တော်သာရပ်ကွက်ထိပ်၊ အထက(၁) ကျောင်းနားမှာ အေးမင်းနဲ့အဖွဲ့က ဧည့်စာရင်းစစ်အကြောင်းပြပြီး နေအိမ်တွေကိုဝင်ရောက်ကာ လူငယ်(၂) ဦးကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတစ်ဦးက ဒို့ပြည် ကိုပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0wZQMpdxG1mJguSbwX4P437k68yGWoqcBuLGxjyG5HHEKBs2JpCTmYD2VbHk5MWVpl
3 037
+6
အာဇာနည်နေ့ အထိမ်းအမှတ် အညာဒေသမှာလည်း လူထုလှုပ်ရှားမှုတွေ ပြုလုပ် (Photo News)
ဇူလိုင် ၁၉၊ ၂၀၂၆။
ယနေ့ကျရောက်တဲ့ (၇၉) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အညာဒေသတွေဖြစ်တဲ့ ဝက်လက်၊ ဘုတလင်၊ ပေါက်၊ ရွှေဘိုမြို့နယ် တွေမှာ လူထုလှုပ်ရှားမှုတွေကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လှုပ်ရှားမှုတွေအနေနဲ့ ဒေသခံကျောင်းသားပြည်သူတွေ၊ နဲ့ သမဂ္ဂရဲဘော်တွေ ပူးပေါင်းပြီး အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်တာ၊ အာဇာနည်နေ့အခမ်းအနားကို မြို့နယ်ကျောင်းသားများသမဂ္ဂ မှ လွမ်းသူ့ပန်းခွေ ပေးပို့တာ၊ မြို့နယ်သမဂ္ဂ ရဲဘော်တွေက သပိတ်တရားဟောပြောတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် အ ပြည်သူ့အခြေပြုကျောင်းတွေမှာ အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုတဲ့အနေနဲ့ ပန်းချီ ၊ စာစီစာကုံး ပြိုင်ပွဲတွေကိုလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
#ဒို့ပြည်
#ဝက်လက်မြို့နယ် #စစ်ကိုင်းတိုင်း #သမဂ္ဂ #သတင်းနှင့်ပြန်ကြားရေး #ဗကသများအဖွဲ့ချုပ်
#ကျောင်းသား #လူထုလှုပ်ရှားမှု #စာစီစာကုံး #ပန်းချီ #ပြိုင်ပွဲ #သတင်း #dohpyay #news #Myanmar
3 037
+4
အာဇာနည်နေ့ အထိမ်းအမှတ် ဝက်လက်မြို့နယ်မှာ လူထုလှုပ်ရှားမှုတွေ ပြုလုပ် (Photo News)
ဇူလိုင် ၁၉၊ ၂၀၂၆။
စစ်ကိုင်းဖယ်ဒရယ်ယူနစ်၊ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ အမှတ် ၁၊ အမှတ် ၂ ၊ အမှတ် ၃ အခြေစိုက်နယ်မြေတွေမှာ ယနေ့ကျရောက်တဲ့ (၇၉) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လှုပ်ရှားမှုတွေအနေနဲ့ ဒေသခံကျောင်းသားပြည်သူတွေ၊ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သမဂ္ဂရဲဘော်တွေ ပူးပေါင်းပြီး အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်တာ၊ အာဇာနည်နေ့အခမ်းအနားကို မြို့နယ်ကျောင်းသားများသမဂ္ဂ မှ လွမ်းသူ့ပန်းခွေ ပေးပို့တာ၊ မြို့နယ်သမဂ္ဂ ရဲဘော်တွေက သပိတ်တရားဟောပြောတာတွေကို ပြုလုပ်ခဲ့ကြတယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ ဆီက သိရပါတယ်။
ဒါ့အပြင် အခြေစိုက်နယ်မြေတွေက ပြည်သူ့အခြေပြုကျောင်းတွေမှာ အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုတဲ့အနေနဲ့ ပန်းချီ ၊ စာစီစာကုံး ပြိုင်ပွဲတွေကိုလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
#ဒို့ပြည်
3 037
ဆေးဝါးကုသမှုမလုံလောက်လို့ ပေါင်းတည်ထောင်မှ (၇၂) နှစ်အရွယ် နိုင်ကျဉ်းတစ်ဦး သေဆုံး
ဇူလိုင် ၁၉၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ဆေးရုံကြီးမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ ယနေ့ဇူလိုင်လ ၁၉ ရက်နေ့ ညမှာပဲ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
ပေါင်းတည်အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား ဦးထွန်းမြင့် (အသက် ၇၂ နှစ်) ဟာ ဇူလိုင်လ ၁၃ ရက်နေ့က ပေါင်းတည်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
ဦးထွန်းမြင့် ဟာ ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်မှာ အကျဉ်းထောင်အတွင်း မကျန်းမာဘဲသတိလစ်လဲကျခဲ့လို့ ပေါင်းတည်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပြီး၊ ခန္ဓာကိုယ် ညာဘက်တစ်ခြမ်းလုံး လေဖြတ်ကာ ဆီးထဲတွင် သွေးပါသည်အထိ ဝေဒနာပြင်းထန်စွာ ခံစားခဲ့ရပြီးနောက် ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျဆုံး(ကွယ်လွန်) ခဲ့ရခြင်း ဖြစ်တယ်လို့ PPNM ကရေးသားထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02ufs4XfmwkNajqiJLqgbRufEhajSpEAftYeERVXrn28voyNrd93xQXyohUwvqDzefl
3 037
+4
ဒေါ်အောင်ဆန်းစုကြည်ကို တက်ခွင့်မပေးတဲ့ အာဇာနည်နေ့
🟥 အာဏာသိမ်းစစ်အစိုးရ သမ္မတအသစ် နဲ့ ကာချုပ်အသစ်တို့ တက်
ဇူလိုင် ၁၉၊ ၂၀၂၆။
ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့မှာကျေရောက်တဲ့ (၇၉)နှစ်မြောက် အာဇာနည်နေ့မှာလည်း နိုင်ငံတော်ရဲအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့် မပေးခဲ့ပြန်ပါဘူး။
မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ခွင့်ပေးဖို့ သားဖြစ်သူ ကင်အဲရစ်၊ အာဆီယံ အဖွဲ့အစည်းနဲ့ အခြား နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုထားကြပေမဲ့ ယနေ့အာဇာနည်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို လူမြင်ကွင်းမှာ မတွေ့ရပါဘူး။
ယင်းမတိုင်ခင်ရက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့မှာ တက်ရောက်ခွင့်ပေးနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02DD3ksmv5razfnGkcb227Zi8yiWgjNtXk7uPikHtuTbWs4q7kLeJ8E5eir4zxGJ5el
3 037
+9
ဒေါ်အောင်ဆန်းစုကြည်ကို တက်ခွင့်မပေးတဲ့ အာဇာနည်နေ့
🟥 အာဏာသိမ်းစစ်အစိုးရ သမ္မတအသစ် နဲ့ ကာချုပ်အသစ်တို့ တက်
ဇူလိုင် ၁၉၊ ၂၀၂၆။
ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့မှာကျေရောက်တဲ့ (၇၉)နှစ်မြောက် အာဇာနည်နေ့မှာလည်း နိုင်ငံတော်ရဲအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့် မပေးခဲ့ပြန်ပါဘူး။
မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ခွင့်ပေးဖို့ သားဖြစ်သူ ကင်အဲရစ်၊ အာဆီယံ အဖွဲ့အစည်းနဲ့ အခြား နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုထားကြပေမဲ့ ယနေ့အာဇာနည်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို လူမြင်ကွင်းမှာ မတွေ့ရပါဘူး။
ယင်းမတိုင်ခင်ရက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့မှာ တက်ရောက်ခွင့်ပေးနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02DD3ksmv5razfnGkcb227Zi8yiWgjNtXk7uPikHtuTbWs4q7kLeJ8E5eir4zxGJ5el
3 037
+6
နံနက်(၈) နာရီခွဲကျော်ကျော်မှာတော့ နတ်မောက်မြို့ကိုရောက်သည်။ ထနောင်းပင်များနှင့်၊ မန်ကျည်းပင်များ သာမြို့အဝင်မှာယူကလစ်ပင်အနည်းငယ်ကို အပြုံလိုက်စိုက်ထားသေးသည်။ မြို့အဝင်ဆိုင်းဘုတ်မှာပင် ကားပေါ်ပါလာသူများ တက်တက်ကြွကြွဖြင့် ဓါတ်ပုံဆင်းရိုက်ကြသည်။ မြို့အဝင်ဆိုင်းဘုတ်လေးနောက်တွင် အပြာရောင်ကောင်းကင်ကြီးနှင့်တိမ်တို့အဆုပ်လိုက် မြင်းလှည်းအိုလေးတစ်စီးက စည်းချက်မှန်မှန်ဖြင့် ဖြတ်မောင်းသွားသည်။
ဗိုလ်ချုပ်အောင်ဆန်းမွေးရပ်မွေကို ရောက်ခဲ့ပြီ။ မြန်မာနိုင်ငံ၏ တဦးတည်းသော လူသားတစ်ယောက်ကို မွေးဖွားသန့်စင်ပေးလိုက်သည့် မြို့ကလေး နတ်မောက်။ မထင်မရှားအညာမြို့ကလေးက ဗိုလ်အောင်ဆန်းကြောင့်ဂုဏ်ရောင်ပြောင်မြောက်ခဲ့လေသည် မဟုတ်လား။
အပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0edVe9yrPN3EUtHGDoyEnr1vKLo8WMh1yKkg3Ku7ivybxf7bfFztZuDykxQvP6Bj6l
3 037
သဲကုန်းမှာ ပျူစောထီးဆိုသူအမျိုးသားတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး
ဇူလိုင် ၁၈၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်အုပ်စု၊ စျေးကုန်းကျေးရွာမှာ နေထိုင်တဲ့ ပျူစောထီးဆိုသူ သန်းဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က သန်းဦး နေထိုင်ရာ စျေးကုန်းကျေးရွာက နေအိမ်မှာပဲ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုကိုတော့ ဗျူဟာ ၂၁၊ ပြည်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၁) ရဲဘော်တွေက နေအိမ်ထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန် ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02tDmiLNzP4h5ar27NDSrjZEhM6B8MN5P93CmoHbdoToTZ2UEXQ3BfQhnqf9Z3ynYvl
3 037
"ဗိုလ်ချုပ်ကြေးရုပ်တွေ ဖျက်ဆီးနေတဲ့ ငဇင်ကာလို မင်းအောင်လှိုင်" (အတွေးအမြင်)
ဇူလိုင် ၁၈၊ ၂၀၂၆။
ဇူလိုင် ၁၉ အာဇာနည်နေ့နီးလာတာနဲ့အမျှ ဒေသအနှံ့အပြားက ဗိုလ်ချုပ်ရုပ်တုတွေဖျက်ဆီးဖယ်ရှားနေတယ်လို့ နေ့စဥ်သတင်းတွေမှာတွေ့မြင် နေရပါတယ်။
ဗိုလ်ချုပ်သမီးကို မရှုစိမ့်လို့အဖေဖြစ်သူ တပ်မတော်ဖခင်ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို ဖျောက်ချင်နေတာထက်ပိုတဲ့ အချက်အလက်တွေ တွေ့လာရချိန်မှာပိုပြီးရင်နင့်စေတာတော့အမှန်ပင် ဖြစ်ပါတယ်၊
အခုဆိုရင် ၂၀၂၄ ခုနှစ်မှ ယနေ့အထိ ဧရာဝတီတိုင်း၊ ပုသိမ်နဲ့ ကျုံပျော်၊ မအူပင်မန္တလေးတိုင်း သာစည်မြို့ ၊ နေပြည်တော်ပုပ္ဗသီရိမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ပဲခူးတိုင်းထဲက ပဲခူး၊ တောင်ငူ၊ ဇီးကုန်း၊ ရွှေတောင်၊ မကွေးတိုင်းထဲက ကံမ၊ တောင်တွင်းကြီး၊ ရေစကြို၊ မင်းဘူး၊ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာပန်းခြံ နဲ့ ၊ သာကေတမြို့နယ်၊ မြကန်သာပန်းခြံ၊ ဗိုလ်ချုပ်ကြေးရုပ်တွေကို ညအချိန်နဲ့ အာရုံတက်တွေမှာ ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်။
အပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0975YugL2rEoUo1THZJVP7sy5UHXfS5tmwXmfgwSLtNLFuV7rKsxmKdAjrUzEooMsl
3 037
"ပန်းခြံခုံတန်းလျားမှာ ငေးငိုင်" (ကဗျာခံစားမှု)
ဇူလိုင် ၁၇၊ ၂၀၂၆။
ကျနော် စာရေးဖို့စိတ်အားထက်သန်စဥ်ကာလတုန်းက ကျနော့်ကိုအကြံပြုတဲ့စကားတစ်ခုရှိပါတယ်။ အဲဒါကတော့ စာရေးချင်တဲ့သူဟာ စာများများဖတ်ရမယ် ဆိုတာပဲဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့အမှန်တရားတစ်ခုလို့တော့ မသတ်မှတ်လိုပေမယ့် စာရေးသူတစ်ယောက် ကျင့်ဆောင်ရမယ့်လေ့ကျင့်ခန်းတစ်ခု ဆိုတာကတော့သေချာပါတယ်လေ။
ကျနော်ဟာ ဝါသနာအရ စာရေးစာဖတ်လာခဲ့ရင်းက ကြီးကြီးကျယ်ကျယ်ပြောရရင် စာရေးသက်ပင်အတော်ရင့်လာပြီလို့ တွေးရင်းပြုံးမိသေးတယ်။
အခုကာလတွေမှာ ကျနော်စာမရေးဖြစ်ခဲ့၊ စာမရေးနိုင်ခဲ့တာအတော်ကြာပြီလေ။ ဘာဘာညာညာတွေအကြောင်းပြနေမယ့်အစား အတိအကျဖြစ်နေတာကတော့ စာဖတ်အားကျလာခြင်းပဲ ဖြစ်ပါတယ်။
အပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02xmJ73RAZDeGwKAuPgrAH8x1fs3bon448J7MZGDUQgjvcAAd6VtkbCqdKGSEyLHHDl
3 037
+2
စစ်တပ်စစ်ကြောင်း သတ်ဖြတ်မြေမြှပ်ခဲ့တဲ့ ပြည်သူတစ်ဦးကို PDF တွေ တူးဖော် ကောင်းစွာသင်္ဂြိုဟ်ပေး
ဇူလိုင် ၁၇၊ ၂၀၂၆။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝါးရင်းချိုင်ရွာသားတစ်ဦးကို စစ်ကြောင်းထိုးဝင်ရောက် အထိုင်ချသွားတဲ့ စစ်တပ်စစ်ကြောင်းက ညှဥ်းပမ်းနှိပ်စက် သတ်ဖြတ်ပြီးနောက် မြေမြှပ်ထားခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ယနေ့ဇူလိုင်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်၊ ကိုင်းတောမ၊ အိုင်းမရွာ တွေကတဆင့် ဝါးရင်းချိုင်ရွာကို ရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းက ဇူလိုင်လ ၁၅ ရက်နေ့မှာ ဒေသခံရွာသား ကိုဖိုးပိန်(အရှေ့ကုန်း) အသက် (၃၁) ကို ညှဉ်းပမ်းနှ်ိပ်စက်ပြီး သတ်ဖြတ်ကာ နေရာမှာပင် မြှပ်နှံခဲ့တာလို့ ဆိုပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0da1RLB1yAxfbaaLjkL2iEjEy4sfAme9x9rUZd4JkvAGMKPEV39HLxLHqJycSsoRpl
3 037
ပြည် မိုးမေတ္တာအတွင်းရေးမှူး ပိုင်ဆိုင်မှု သိန်း ၉၀၀၀ ကျော်တန် အိမ်ခြံမြေတွေကို ခရိုင်တရားရုံးနဲ့ ရိုးမဘဏ်က လေလံတင်ရောင်းချမှု မတရားလုပ်ရပ်ဖြစ်ပြီး အကျုံးမဝင်ဘူးလို့ နစ်နာသူဆို
ဇူလိုင် ၁၆၊ ၂၀၂၆။
အာဏာသိမ်းမှုအပြီး စစ်တပ်က လိုက်လံဖမ်းဆီးလို့ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်) အတွင်းရေးမှူး ဦးညီညီအောင် ရဲ့ ပိုင်ဆိုင်မှုတွေကို ရိုးမဘဏ်က မတန်တဆစျေးလျော့ကာ လေလံတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်။
ပြည်မြို့ ရိုးမဘဏ်မှာ စီးပွားရေးအတွက် ချေးငွေအပေါင်အဖြစ် အပ်နှံထားတဲ့ ဦးညီညီအောင်ရဲ့ ပြည်မြို့တွင်းရှိ နေအိမ်နဲ့ ဂိုထောင်တွဲလျက် ၁ လုံး နဲ့ ပြည်မြို့ နဝဒေး စက်မှုဇုန် စက်ရုံ ၁ လုံး (စုစုပေါင်း ကာလပေါက်စျေး သိန်း ၉၀၀၀ ကျော်) တို့ကို ပြည်ခရိုင် တရားရုံးနဲ ရိုးမဘဏ် တို့က ပူးပေါင်းပြီး သိန်း ၂၄၅၀ ကျပ်နဲ့ လေလံတင်ရောင်းချခဲ့တာလို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02h9BHcBDB28Na7KU12fi2KRaGGuAXNmZ82qGCGhcnTvmR16ecY6Pr8rM99rAoyGyZl
3 037
ပြည်ခရိုင်မှာ စစ်တပ်ထောင်ခဲ့တဲ့ မြေမြှပ်မှိုင်းတွေနဲ့ လက်ကျန်ဗုံးသီးတွေကို ပကဖ ရှင်းလင်းပေး
ဇူလိုင် ၁၄၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် မြို့နယ်တွေမှာ ရွာတွေကိုစစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် စစ်တပ်က မြေမြှုပ်နင်းမိုင်းတွေကို ထောင်သွားတယ်လို့ ပြည်ခရိုင်ပကဖ ဆီက သိရပါတယ်။
၂၀၂၆ ခုနှစ်ကစပြီး ပြည်ခရိုင်ထဲက မြို့နယ်တိုင်းလိုလိုမှာ စစ်ကြောင်းထိုး၊ ကင်းပုန်းဝပ်ပြီးပြန်သွားတဲ့နောက် ကျေးရွာဝန်းကျင်နဲ့ ကျေးရွာချင်းဆက်လမ်း၊ အများပြညသူသုံးလမ်းတွေမှာ နင်းမိုင်းတွေကို ထောင်သွားခဲ့ကြတာလို့ ဆိုပါတယ်။
"သူတို့ကင်းပုန်းလာဝပ်ပြီးပြန်သွားချိန်တွေ၊ စစ်ကြောင်းထိုးပြီးပြန်ထွက်ချိန်တွေမှာ မိုင်းတွေထောင်ခဲ့လေ့ရှိတယ်။ တိုက်ပွဲဖြစ်ပြီးမပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ပစ္စည်းတွေပါ။" လို့ ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်ဇာနည်သွေး က ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည်မှာ ဒို့ပြည်ကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0ziex84vNwYuUMwSj1c56QFadZtGZZEDXssNmGa6hwJhm4ZUpubUkwAWYK8Fwz9cil
3 037
ပြည်မြို့ စုက္ခရုမှာ လူငယ်လင်မယားကို ညအချိန်အိမ်ပေါ်တက် စစ်မှုထမ်းဝင်ဆွဲ
🟥 ရာအိမ်မှူးက လက်ညှိုးထိုးပြပြီး ပျူစောထီးတွေက ဝင်ဖမ်းတာလို့ဆို
ဇူလိုင် ၁၄၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ရွှေတံခါးနယ်မြေ၊ စုက္ခရုဆည်မြောင်းနယ်မြေမှာ ရှိတဲ့ လူငယ်လင်မယားကို အုပ်ချုပ်ရေးမှူး၊ ပျူစောထီး(ပလကဖ) အဖွဲ့တွေက စစ်မှုထမ်းဝင်ဖမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်က ပွင့်လှသိမ်ကုန်းကနေ စုက္ခရုအနီးမှာ အိမ်ငှားလာနေတဲ့ လူငယ်လင်မယားနေအိမ်ကို စစ်မှုထမ်းဖို့ ဧည့်စာရင်းအကြောင်းပြ မှတ်ပုံတင်တောင်းကာ ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဒေသခံက ပြောပါတယ်။
"နေရာက ရာအိမ်မှူးနိုင်ကြီး(ခ) ကိုနိုင် အပိုင်ထဲမှာ နိုင်ကြီးက လူငယ်လင်မယားအိမ်ကို လက်ညှိုးထိုးပြပြီး ထွက်သွားတာ ကျန်တဲ့ မျက်နှာဖုံံးစွပ်တွေက ဝင်ဖမ်းတာပါ။ ဖမ်းတဲ့ အဖွဲ့ထဲမှာ သခေါကျော်ကြီး ၊ ရာအိမ်မှူးဇော်မျိုး၊ ကင်းကောင် တို့ကို သိတယ် ကျန်တာကတော့ မျက်နှာဖုံးစွပ်ထားလို့ မသိဘူး" လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံက ဒို့ပြည်ကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02QqdrR1SFWphipsez6XBvUh7haG7ZvRYz7mScmvq7jQHgLKXitZ83EEDJ46iCef33l
3 037
ပေါက်ခေါင်း၊ ချင်းလည်တပ်ဂိတ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရလို့ (၂) ဦးသေဆုံး
🟥 ထိခိုက်ဒဏ်ရာရသူတွေရှိသလို ဘားတိုက်မီးလောင်ပျက်စီး
ဇူလိုင် ၁၄၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ချင်းလည်စစ်တပ်အထိုင်ဂိတ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၄ နာရီခန့်က ရှော့တိုက်ဒုံးကျည် (၄) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အစိုးရလက်အောက်ခံ တပ်ဘက်မှ (၂) ဦး ထက်မကသေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒါဏ်ရာရကာ ဘားတိုက်တဲ(၁)လုံးလည်းမီးလောင်ပျက်စီးသွားတယ်လို့ ပြည်ခရိုင် ပကဖ က သတင်းထုတ်ပြန်ပါတယ်။
" ရန်သူ ကင်းပုန်း ၄ နေရာကြားကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ပြည်မြို့ပေါ်ကို သယ်သွားတယ်လို့ သိရပါတယ်။" လို့ ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် ဇာနည်သွေး က ဒို့ပြည် သတင်းဌာနကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02sNBqvxW6YjsPaKFNWExBAjGThjvPkNQxEQpF7CvJMi6hDfh7iZQyjShu4BSVVXinl
3 037
သဲကုန်းမြို့နယ်က ရွာတွေကို တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်
🟥 စစ်ကြောင်းထိုးဖို့ ရှိတယ်လို့ ဆို
ဇူလိုင် ၁၄၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယနေ့ ဇူလိုင် ၁၄ ရက်နေ့ နေ့လည် ၁ နာရီခန့်က ၈၁ မမ တွေနဲ့ ထုနေတာဖြစ်ပြီး ဆည်ကြီးကျိုး၊ ဘိုကုန်း ရွာစပ်တွေကို ထိမှန်ပေါက်ကွဲတာတွေရှိတယ်လို့ ဆိုပါတယ်။
"ရည်ရွယ်ချက်ရှိရှိကို ပြည်သူတွေနေတဲ့ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ထုနေပါတယ်။ ရွာနှုတ်ခမ်းစပ်တွေကို ကျတာ" လို့ ဒေသခံတဦးက ဒို့ပြည် ကို ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid02pxQ7Nn5g59CwZyuDppiVPP98XWz5ANf58VsSUPCsmVqRkkBSx9kMwgdkckgizJpCl
3 037
ပဲခူးစက်မှုဇုန် တိရစ္ဆာန်အစာစက်ရုံလုပ်ငန်းခွင်မှာ အလုပ်သမား ၃ ဦး သေဆုံး
ဇူလိုင် ၁၄၊ ၂၀၂၆။
ပဲခူးမြို့၊ စက်မှုဇုန်(၂) မှာရှိတဲ့ Zhengbang Myanmar (ကျန်းပန်း မြန်မာ) တိရစ္ဆာန် အစာချက်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား (၃) ဦးဟာ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့တယ်လို့ စစ်အစိုးရ ပဲခူးသတင်းစဉ်က သတင်းထုတ်ပြန်ပါတယ်။
ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်က စက်ရုံအတွင်း ငါးဆီဖြန်းလုပ်ငန်း ဆောင်ရွက်နေချိန် သံလှောင်ကန်အတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"အလုပ်သမားအချင်းချင်း ဝိုင်းပြီး ဆွဲတင်ဆယ်ကတည်းက သုံးယောက်လုံးက သေနေပါပြီ။ ဘာလို့ဖြစ်သွားတယ်ဆိုတာတော့ မသိပါဘူး" လို့ မြို့ခံတဦးက ပြောပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0ppD78oNjspuvHezKXA52XvRy2XMhP9APxhi7fZ8M5RFrWzyxmvtQqMhRMUxkr49sl
3 037
+3
လက်ပံတန်းဒေသတွင်း လမ်းတံတားတွေကို ပကဖအဖွဲ့ ပူးပေါင်းပြင်ဆင် (Photo News)
ဇူလိုင် ၁၄၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေသတွင်းလူမှုကူညီရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။
မြို့နယ်အတွင်းမှာရှိတဲ့ မိုးကာလ ပြည်သူတွေ သွားလာဖို့ခက်ခဲတဲ့ လမ်း၊ တံတားတွေကို ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းပြုပြင်တာတွေကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
#ဒို့ပြည်
#လက်ပံတန်း #သာယာဝတီခရိုင် #ပကဖ #လမ်းတံတား #ဒေသခံ #ပြည်သူလူထု #ကူညီကယ်ဆယ်ရေး #သတင်း #Dohpyay #Bago #Myanmar #News
3 037
လောင်းကစားဝိုင်းအများအပြားကို မဖမ်းဘဲ သက်ကြီးအမျိုးသမီးတွေအပျော်ဆော့တဲ့ ဘင်ဂိုဝိုင်းကို အဖမ်းပြ
ဇူလိုင် ၁၃၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှာ နေအိမ်ထဲ အပျော်တမ်းဆော့နေတဲ့ ဘင်ဂိုဝိုင်းကို စစ်အစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မိုးညိုမြို့နယ်၊ မိုးသစ္စာကျေးရွာရှိ ဦးသန်းဦး(၅၁ နှစ်) ရဲ့ နေအိမ်မှာ ဘင်ဂိုကစားနေကြတဲ့ ဒေါ်နု (၆၁ နှစ်)၊ ဒေါ်ရင်စန်း (၅၇ နှစ်)၊ ဒေါ်တင်မိုးခိုင် (၅၁ နှစ်)၊ မကြည်ကြည်ဝင်း (၄၀ နှစ်)၊ မလှလှဦး (၄၀ နှစ်)၊ မငုဝါ (၃၆ နှစ်) နဲ့ မအေးအေးအောင် (၃၁ နှစ်) တို့ကို ရဲတပ်ဖွဲ့က သက်သေတွေနဲ့ ဖမ်းဆီးခဲ့တာလို့ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာပဲ စစ်တပ်ထောက်ခံချန်နယ်တွေက ထုတ်ပြန်ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်နှိပ်ပါ- https://www.facebook.com/DohPyayNews/posts/pfbid0s2y62WZvb4319oPutGtCaSrSDWfrEJmpMQmTSRMJ88qGaXM7LGGwj4k8HfsJGXPJl
