fa
Feedback
BurmaTV Pro

BurmaTV Pro

رفتن به کانال در Telegram

ဘောလုံးပွဲ၊ UFC၊ စနူကာ နှင့် အခြားအားကစားပြိုင်ပွဲ များစွာကို တစ်နေရာတည်းမှာ စုံလင်စွာ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ

نمایش بیشتر

📈 تحلیل کانال تلگرام BurmaTV Pro

کانال BurmaTV Pro (@burmatvpro) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 34 688 مشترک است و جایگاه 1 950 را در دسته ورزش و رتبه 4 211 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 34 688 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -712 و در ۲۴ ساعت گذشته برابر -26 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 17.72% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.09% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 6 152 بازدید دریافت می‌کند. در اولین روز معمولاً 1 419 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 39 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“ဘောလုံးပွဲ၊ UFC၊ စနူကာ နှင့် အခြားအားကစားပြိုင်ပွဲ များစွာကို တစ်နေရာတည်းမှာ စုံလင်စွာ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته ورزش تبدیل کرده‌اند.

34 688
مشترکین
-2624 ساعت
-1997 روز
-71230 روز
آرشیو پست ها
Joshua Van vs Alexandre Pantoja 2 ၂၆ စက္ကန့်နဲ့ မပြီးဆုံးခဲ့တဲ့ ပွဲကို ဒီတစ်ကြိမ်မှာ အပြည့်အဝ မြင်ရမလား? UFC 331 Main Event မှာ လက်ရှိ Flyweight Champion Joshua Van နဲ့ Former Champion Alexandre Pantoja တို့ ပြန်လည်ရင်ဆိုင်ကြမှာပါ။ ဒီ Rematch ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ ပထမပွဲဟာ ၂၆ စက္ကန့်အတွင်းပဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ Pantoja ရဲ့ kick ကို Van က ဖမ်းလိုက်ပြီးနောက် Pantoja မြေပြင်ပေါ်ကျရာကနေ elbow injury ဖြစ်သွားခဲ့တာကြောင့် ပွဲကို ဆက်လက်မတိုက်နိုင်တော့ဘဲ Van ကို TKO (injury) နဲ့ အနိုင်ပေးခဲ့ပါတယ်။ ဒါကြောင့် ပထမပွဲမှာ နှစ်ဖက်စလုံးရဲ့ တကယ့်စွမ်းရည်ကို အပြည့်အဝ မြင်ခွင့်မရခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ၂၆ စက္ကန့်မဟုတ်ဘဲ ၂၅ မိနစ်အထိ တိုက်ပွဲမြင်ရနိုင်မလား ဆိုတာက အဓိကပါ။ Joshua Van — Speed, Volume နဲ့ Pressure Van ရဲ့ အဓိကအားသာချက်က မြန်နှုန်း၊ Boxing Combination နဲ့ High Volume ပါ။ သူဟာ ပြိုင်ဘက်ကို တစ်ချက်တည်းနဲ့ အဆုံးသတ်ဖို့ထက် Combination တွေ ဆက်တိုက်ထုတ်ပြီး Pressure ပေးနိုင်တဲ့ Fighter ဖြစ်ပါတယ်။ အထူးသဖြင့် Tatsuro Taira နဲ့ နောက်ဆုံး Title Fight မှာ Round 5 အထိ pace ကို ထိန်းထားနိုင်ပြီး TKO နဲ့ အနိုင်ရခဲ့တာက Van ရဲ့ late-round ability ကို ပြသခဲ့ပါတယ်။ ဒီပွဲမှာ Van အတွက် အရေးကြီးဆုံးက Distance ပါ။ Pantoja ကို အပြင်မှာထားပြီး Boxing နဲ့ Movement ကို အသုံးချနိုင်ရင် Van ရဲ့ speed နဲ့ volume က ပိုအလုပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Cage နားရောက်သွားပြီး Clinch ဖြစ်လာရင်တော့ ပွဲအခြေအနေ ပြောင်းသွားနိုင်ပါတယ်။ Alexandre Pantoja — Pressure, Grappling နဲ့ Experience Pantoja ကတော့ ဒီ Division ထဲမှာ Championship experience အများကြီးရှိတဲ့ Veteran ဖြစ်ပါတယ်။ သူဟာ Brandon Royval၊ Steve Erceg၊ Kai Asakura နဲ့ Kai Kara-France တို့ကို အနိုင်ယူပြီး Flyweight Championship ကို ၄ ကြိမ်ကာကွယ်ခဲ့သူ ဖြစ်ပါတယ်။ Asakura နဲ့ Kara-France တို့ကိုတော့ Rear-Naked Choke နဲ့ အဆုံးသတ်ထားပါတယ်။ Pantoja ရဲ့ အဓိကလက်နက်က Grappling ပါ။ Van ကို Cage နားရောက်အောင် ဖိအားပေးပြီး Clinch → Takedown → Ground Control ဆိုတဲ့ပုံစံနဲ့ ပွဲကို မြေပြင်ဘက် ဆွဲချနိုင်ရင် Pantoja ရဲ့ Submission threat က အလွန်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒါဆို ဘယ်လိုပွဲဖြစ်လာနိုင်လဲ? Van က Distance ထိန်းနိုင်ရင် Speed၊ Boxing နဲ့ Volume ကြောင့် Striking Fight အဖြစ် ပွဲကို ထိန်းထားနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ Pantoja က Cage နားထိ ဖိအားပေးနိုင်ရင် Clinch နဲ့ Takedown တွေကနေ Van ရဲ့ Striking rhythm ကို ဖျက်ပြီး Ground Game ထဲ ဆွဲချနိုင်ပါတယ်။ ပွဲက ၄၊ ၅ Round အထိ ရောက်သွားရင် Van ရဲ့ Volume နဲ့ Cardio ကို Pantoja ရဲ့ Championship Experience နဲ့ Grappling Efficiency က စမ်းသပ်မယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။ Van အတွက် အကွာအဝေးကို ထိန်းထားနိုင်ခြင်း က အရေးကြီးသလို၊ Pantoja အတွက်တော့ အကွာအဝေးကို ဖျက်ပြီး Clinch/Grappling ထဲ ဆွဲသွားနိုင်ခြင်း က အရေးကြီးပါတယ်။ ပထမပွဲက ၂၆ စက္ကန့်နဲ့ပဲ အဆုံးသတ်ခဲ့တာကြောင့် ဒီ Rematch မှာ အဖြေမရသေးတဲ့ မေးခွန်းတစ်ခု ရှိနေဆဲပါ။ Joshua Van ရဲ့ Speed & Striking က Pantoja ရဲ့ Grappling & Experience ကို ကျော်နိုင်မလား၊ ဒါမှမဟုတ် Pantoja က ပွဲရဲ့နေရာနဲ့ Pace ကို ပြောင်းပြီး Van ရဲ့ Game ကို ဖျက်နိုင်မလား? ဒီတစ်ကြိမ်မှာတော့ Injury မဟုတ်ဘဲ Striking၊ Grappling၊ Cardio နဲ့ Fight IQ က ပွဲရဲ့ဇာတ်သိမ်းကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ Let’s Go, Van! 🔥 #BurmaSports

photo content
+1

အဲဗာတန်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကတော့ ပရိသတ်တွေအတွက် ဆေး ဆောင်ထားရမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ အဲဗာတန်က ရာသီအစမှာ ပဲလေ့စ်ကို နိုင်၊ ဘုန်းမောက်နဲ့ သရေကျထားပြီး ဂျော်ဒန် ပစ်ခ်ဖို့ဒ်နဲ့ ဘရန့်ဝိတ်တို့ရဲ့ ခံစစ်တံတိုင်းကြီးနောက်မှာ ငြိမ်ငြိမ်လေးနဲ့ အမှတ်စုနေချိန်မှာ၊ ယူနိုက်တက်ကတော့ ပရိသတ်တွေကို မျက်လှည့်ပြနေသလိုပါပဲ။ ရာသီဖွင့်ပွဲမှာ ဟားလ်စီးတီးလို တန်းတက်အသင်းကို ကန့်လန့်ဖြတ် ရှုံးပြပြီးမှ နောက်တစ်ပွဲကျမှ အစ်ဆွစ်ချ်ကို ၅-၂ ဆိုတဲ့ ရလဒ်နဲ့ တွေ့သမျှ ဂိုးပေါက်ထဲ ကန်ထည့်ပြီး ဘရူနို ဖာနန်ဒက်စ်တို့ အစွမ်းပြသွားခဲ့တာပါ။ ယူနိုက်တက်ရဲ့ တိုက်စစ်က ဘယ်အချိန်မဆို ဂိုးပေါက်ဖောက်နိုင်ပေမဲ့ အဲဗာတန်ရဲ့ အိမ်ကွင်းကလည်း သရဲသဘက်လို ခြောက်လှန့်တတ်တဲ့ နေရာမျိုးဖြစ်တာကြောင့် လွယ်တော့လွယ်မှာ မဟုတ်ပါဘူး။ ကိန်းဂဏန်းကြည့်ရင်တော့ တိုက်စစ် အခွင့်အရေး ပိုဖန်တီးနိုင်တဲ့ မန်ယူနိုက်တက်က အနိုင်ရဖို့ ရေပန်းစားနေပေမဲ့၊ ခံစစ်ကို ကွန်ကကစ်ခင်းထားမယ့် အဲဗာတန်ကြောင့် ပွဲက ဂိုးအနည်းငယ် ကွာခြားရလဒ်လောက်နဲ့ပဲ အနိုင်အရှုံး ပေါ်သွားဖို့ ပိုများနေပါတယ်။

photo content

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ လန်ဒန်ဒါဘီဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကြည့်ရမယ့် အမ်းမရိတ်စ်က ပွဲကြီးပွဲကောင်းတစ်ပွဲ ရောက်ရှိလို့ လာခဲ့ပါပြီ။ နှစ်သင်းစလုံးက နှစ်ပွဲကစား၊ ခြောက်မှတ်အပြည့်နဲ့ ရာသီကို ဖန်စီကျကျ စတင်ထားကြပေမဲ့ ကစားဟန်ကတော့ ဆိုင်ရာဆိုင်ရာ ကွဲထွက်နေပါတယ်။ အာတီတာရဲ့ အာဆင်နယ်ကတော့ ခံစစ်ကို သံကွန်ရက်ကာထားသလို ပေးဂိုး လုံးဝမရှိသေးဘဲ သွင်းဂိုးနဲ့အတူ ငြိမ်ငြိမ်လေးနဲ့ အမှတ်စုနေချိန်မှာ၊ ဇာဘီ အလွန်ဆိုရဲ့ ချဲလ်ဆီးကတော့ ဂိုးများတဲ့ စတိုင်နဲ့ နှစ်ပွဲမှာ ၇ ဂိုးအထိ သွင်းပြီး ၅ ဂိုးတောင် ပြန်ပေးထားရလို့ ရိုလာကိုစတာစီးရသလို ကစားပြနေတာပါ။ အလွန်ဆိုရဲ့ ၃-၄-၂-၁ စနစ်က တိုက်စစ်ဖွင့်ရင် ကြောက်စရာကောင်းလှပေမဲ့၊ နောက်တံခါး မလုံတာကိုတော့ ခံစစ်ကျစ်လစ်လွန်းတဲ့ အာဆင်နယ်က ချောင်းကြည့်ပြီး သွားရည်ယိုနေမှာ သေချာပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု သမိုင်းမှာရော၊ အမ်းမရိတ်စ်ရဲ့ ပရိသတ်အော်သံအောက်မှာပါ အာဆင်နယ်က စိတ်ဓာတ်ရေးရာ အစစအရာရာ အသာစီးရထားတာကြောင့် ချဲလ်ဆီးရဲ့ ပေါက်ကွဲလွယ်တဲ့ ခံစစ်ကို ဒုက္ခပေးပြီး အိမ်ရှင်တို့ဘက်ကပဲ အနိုင်ကို ငြိမ့်ငြိမ့်လေး အရယူသွားဖို့ ကြံနေပါတယ်။ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးနှစ်သင်းတွေ့တဲ့ပွဲမှ ကြည့်မကောင်းရင် ဘယ်ပွဲကြည့်ကောင်းဦးမှာလဲ။ ပြောလို့သာပြောတာ အခုမှ တကယ့်အရည်အသွေးအမှန်တွေကို စစ်ထုတ်မယ့်ပွဲ။ ဆင်လားကျားလား သဲကွဲတော့မှာ။

photo content

အီတီဟတ်မှာ ယှဉ်ပြိုင်ကစားကြမယ့် မန်ချက်စတာစီးတီးနဲ့ တန်းတက် ကိုဗင်ထရီစတီးတို့ရဲ့ ပွဲစဉ် (၃) ကတော့ ဆင်နဲ့ ဆိတ် ယှဉ်ပြိုင်ရသလို အဆင့်ချင်း ကွာခြားလွန်းလှတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ စီးတီးကတော့ ရာသီအစ ပထမနှစ်ပွဲမှာတင် ဘုန်းမောက်နဲ့ ပဲလေ့စ်တို့ရဲ့ ခံစစ်ကို ပျော်ပျော်ကြီး မွှေနှောက်ပြီး ၆ ဂိုးအထိ သွင်းယူကာ ထိန်းချုပ်ကစားပြနေခဲ့တာပါ။ တဖက်က တန်းတက် ကိုဗင်ထရီကတော့ ပရီးမီးယားလိဂ် အတွေ့အကြုံသစ် အောက်မှာတင် အသက်ရှူမှားနေပြီး၊ အာဆင်နယ်နဲ့ ဟားလ်စီးတီးတို့ကို တစ်ဂိုးမှ မသွင်းနိုင်ဘဲ ၄ ဂိုးအထိ ပေးလိုက်ရလို့ ခံစစ်ကော တိုက်စစ်ပါ လမ်းပျောက်နေဆဲ ဖြစ်ပါတယ်။ စီးတီးအနေနဲ့ အရှေ့မှာ ပေါ်တိုနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပွဲကျပ် ရှိနေတာကြောင့် နည်းပြအနေနဲ့ အာလင်း ဟာလန်း၊ ဒွန်နာရူမာတို့လို အဓိက ကစားသမားအချို့ကို အနားပေးချင် ပေးပါလိမ့်မယ်။ ဒါပေမဲ့ လူစာရင်း ဘယ်လိုပဲ လှည့်သုံးသုံး၊ ဂိုးပေါက် ပျောက်နေတဲ့ ကိုဗင်ထရီနဲ့တော့ အဆင့်ချင်း တခြားစီပါပဲ။ အိမ်ကွင်း အသာစီးရမှုအရ စီးတီးတို့ ဂိုးပြတ်သွင်းပြီး အနိုင်သုံးမှတ်ကို အလွယ်တကူ သိမ်းပိုက်သွားဦးမှာ သေချာသလောက် ရှိနေပါတယ်။

photo content

ဒီနေ့ The City Ground မှာ ယှဉ်ပြိုင်ကြမယ့် နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ပွဲစဉ်ကတော့ "ဘယ်သူက ပိုပြီး ဒုက္ခရောက်နေသလဲ" ဆိုတာကို အပြိုင်အဆိုင် သက်သေပြကြရမယ့် ပွဲစဉ်တစ်ပုဒ် ဖြစ်ပါတယ်။ နွေရာသီတုန်းက ပေါင်သန်းရာနဲ့ချီ သုံးစွဲပြီး ကစားသမားသစ်တွေ ရာနဲ့ချီ စုဆောင်းခဲ့ကြပေမဲ့ ကွင်းထဲမှာတော့ ပထမဆုံးနိုင်ပွဲဆိုတဲ့ အိမ်မက်ကို အသည်းအသန် ရှာဖွေနေရတုန်းပါ။ စပါးတို့ရဲ့ ရာသီအစကတော့ ပရိသတ်တွေကို အသည်းခွဲရာမှာ ဆရာကျလွန်းလှပြီး နှစ်ပွဲဆက် ရှုံး၊ ဂိုးလည်း မသွင်းနိုင်ဘဲ ဇယားအောက်ဆုံးမှာ ငုတ်တုတ်ထိုင်နေရတဲ့ အထိ စံချိန်တင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါတယ်။ ဖောရက်စ်ကတော့ အနည်းဆုံးတော့ လီဗာပူးလ်ကို သရေကစားထားလို့ ခင်းကျင်းပြစရာ အမှတ်ကလေး တစ်မှတ်ရှိနေသလို၊ စပါးနဲ့ နောက်ဆုံးတွေ့ထားတဲ့ လေးကြိမ်စလုံး နိုင်ထားတဲ့ သမိုင်းကြောင်းနဲ့ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ရဲ့ ထက်မြက်မှုကို ကိုင်စွဲပြီး ကြိမ်းဝါးနေပါတယ်။ နှစ်သင်းလုံးရဲ့ ခံစစ်ကလည်း ဂိုးမပေးရအောင် မထိန်းနိုင်ဘဲ လာသမျှ ဂိုးကို ကြိုဆိုပါ၏ ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတာကြောင့် ဒီပွဲမှာ နှစ်ဘက်စလုံး ဂိုးတွေ သွင်းကြဦးမှာ သေချာသလောက်ပါပဲ။ စပါးအသင်း ပေးထားတဲ့ ဈေးကွက်ကြေးအရ အနည်းငယ် သာနေတယ်ဆိုပေမဲ့ The City Ground ကွင်းရဲ့ အိမ်ကွင်း အငွေ့အသက်နဲ့ စပါးတို့ရဲ့ လက်ရှိ ယိမ်းယိုင်နေတဲ့ စိတ်ဓာတ်ပိုင်းကို ကြည့်ရင်တော့ ဖောရက်စ်တို့ကပဲ သရေ သို့မဟုတ် စပါးကို ဒုက္ခထပ်ပေးသွားဖို့ ပိုများနေပါတယ်။ စိတ်ရင်းကတော့ ဒီဇာဘီရဲ့စပါးကိုအနိုင်ရစေချင်နေပါပြီ။

photo content

ထွေထွေထူးထူး စဉ်းစားမနေပါဘူး။ လီဗာပူးလ်ကလဲ နိုင်ဖို့လိုကိုလိုအပ်နေတယ်။ အစ်ဆွစ်ခ်ျကလဲ ဇရှိသလို အိမ်ကွင်းဖြစ်တယ်။ အပြန်အလှန် ၄
ထွေထွေထူးထူး စဉ်းစားမနေပါဘူး။ လီဗာပူးလ်ကလဲ နိုင်ဖို့လိုကိုလိုအပ်နေတယ်။ အစ်ဆွစ်ခ်ျကလဲ ဇရှိသလို အိမ်ကွင်းဖြစ်တယ်။ အပြန်အလှန် ၄ ဂိုးသွင်းမှာနဲ့ လီဗာပူးလ် ၂ ဂိုးပြတ် တစ်ခုခုတော့ ဆုံးဖြတ်ရမယ်။ ဒီည မြန်မာချိန် ၁ နာရီခွဲ။

မြင်တွေ့ရဖွယ်ရှိပြီး၊ ရေရှည် တည်ငြိမ်တဲ့ အောင်မြင်မှုတွေ ယူဆောင်လာပေးနိုင်မလား ဆိုတာကတော့ နည်းပြ အီရာအိုလာ ကွင်းလယ်နဲ့ ခံစစ်ကြားက ဟာကွက်ကို ဘယ်လို နည်းဗျူဟာပြောင်းလဲမှုတွေနဲ့ ထိန်းကျောင်းသွားမလဲ ဆိုတာအပေါ်မှာပဲ လုံးဝ မူတည်နေတော့မှာ ဖြစ်ပါတယ်။

'ဘာကိုလာ ဘာတွေယူလာမှာလဲ' [Dr.No] ၂၀၂၆ ခုနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပေမယ့် အန်ဖီးလ်ရဲ့ ညချမ်းတွေဆီကို လေညှင်းအသစ် တိုးဝှေ့ တိုက်ခတ်လာခဲ့ပါပြီ။ အဲဒါကတော့ ပရိသတ်တွေကြားမှာ စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့အတူ ရောက်ရှိလာခဲ့တဲ့ ပြင်သစ်ပါရမီရှင်လေး ဘရက်ဒ်လေ ဘာကိုလာ ရဲ့ အပြောင်းအရွှေ့ပါပဲ။ PSG အသင်းကနေ ပြောင်းရွှေ့ကြေး အခြေခံ ပေါင် ၁၀၆ သန်းအပြင် အပိုဆောင်းကြေး ၁၇ သန်း၊ စုစုပေါင်း ပေါင်း ၁၂၄ သန်းအထိ ရောက်ရှိသွားနိုင်တဲ့ ဒီအပြောင်းအရွှေ့ဟာ အလက်ဇန်ဒါ အိဆက် ရဲ့ ၁၂၅ သန်းနောက်ပိုင်း လီဗာပူးလ် သမိုင်းမှာ ဒုတိယ အကုန်ကြေး အမြင့်ဆုံး ခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ မိုဆာလာ ထွက်ခွာသွားပြီးနောက်ပိုင်း လစ်ဟာသွားတဲ့ တိုက်စစ်ပိုင်း ကွက်လပ်ကို ဖြည့်ဆည်းဖို့နဲ့ တောင်ပံတိုက်စစ်ကို ပြန်လည် သက်ဝင်လှုပ်ရှားလာစေဖို့အတွက် ဒီလို ဆန်းသစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ရဲရဲဝံ့ဝံ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ဘာကိုလာဟာ PSG နာမည်ကြီး တိုက်စစ်မှာ ချန်ပီယံလိဂ် ၂ ကြိမ် ဆက်တိုက် ရယူရာမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သလို၊ ပြင်သစ်အသင်းအတွက်လည်း ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ပရိသတ်တွေ မေးစရာရှိလာတာက “ဘာကိုလာ အန်ဖီးလ်ကို ဘာတွေ ယူဆောင်လာပေးမှာလဲ” ဆိုတာပါပဲ။ ဒေတာအချက်အလက်တွေအရ ဘာကိုလာဟာ ညာခြေသုံး ဘယ်တောင်ပံ တိုက်စစ်မှူး (Inverted Winger) တစ်ဦးဖြစ်ပြီး၊ တစ်ဦးချင်း (Dribbling )ဆွဲထွက်နိုင်စွမ်းနဲ့ ဧရိယာ အတွင်းသို့ ချိုးဝင်ကာ ဂိုးကန်သွင်းနိုင်စွမ်း (Ball Carrying & Shooting) တို့မှာ ဥရောပ ထိပ်တန်း အဆင့် ၈ နဲ့ ၁၁ အတွင်းမှာ ရပ်တည်နေသူဖြစ်ပါတယ်။ PSG မှာ စုစုပေါင်း ၃၇ ဂိုးအထိ သွင်းယူပေးထားခဲ့တဲ့ သူ့ရဲ့ Dribbling နဲ့ ဂိုးသွင်းစွမ်းရည်ဟာ အီရာအိုလာ ရဲ့ vertical တိုက်ရိုက် တိုက်စစ်ကစားဟန် (Vertical & Direct Football) နဲ့ ကောင်းစွာ ကိုက်ညီနေပါတယ်။ အထူးသဖြင့် ရှေ့ဘက်မှာ အိဆက် လို တိုက်စစ်မှူးနဲ့ တွဲဖက်လိုက်တဲ့အခါ ပြိုင်ဘက် ခံစစ်ကြောင်းတွေကို ယိမ်းယိုင်သွားစေပြီး ဆာလာ မရှိတော့တဲ့နောက် ဆုံးရှုံးသွားခဲ့ရတဲ့ တိုက်စစ် ရလဒ်ထုတ်ပေးနိုင်စွမ်း (End-Product) ကို ပြန်လည် ရရှိစေမှာ သေချာပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအရွှေ့ရဲ့ နောက်ကွယ်မှာ ပရိသတ်တွေအတွက် စိုးရိမ်စရာ ဟာကွက်ကြီးတစ်ခုကလည်း မီးမောင်းထိုးပြလျက် ရှိနေပါတယ်။ လီဗာပူးလ်ဟာ အိဆက်၊ အက်ကီတီကေး၊ ဗစ်ဇ်၊ မူညော့စ် နဲ့ အခု ဘာကိုလာ အထိ တိုက်စစ် ကစားသမား ၄ ဦးကို စံချိန်တင် ငွေကြေး ပုံအော သုံးစွဲခဲ့ပေမဲ့ ကွင်းလယ်ခံစစ်နဲ့ ခံစစ်ပိုင်း လိုအပ်ချက်တွေကိုတော့ လုံးဝ လျစ်လျူရှုထားခဲ့တာပါ။ ဒီနွေရာသီမှာ ခံစစ်အတွက် ဘာစီလိုနာက အာရူဂျို ကို ခဏတာ ချေးငှားခဲ့ရုံကလွဲရင် ရေရှည် ဖြေရှင်းချက် မရှိခဲ့သလို၊ ကွင်းလယ်ခံစစ်မှာ အားဖြည့်မှု လုံးဝ မလုပ်ခဲ့ဘဲ ကာတစ် ဂျုန်းစ် နဲ့ ဘာဂျက်တစ် တို့ကိုပါ စွန့်လွှတ်လိုက်တာကြောင့် အသင်းရဲ့ ကွင်းလယ်ခံ အင်အားဟာ ပိုလို့တောင် အားနည်းသွားခဲ့ရပါတယ်။ အိဆက်နဲ့ ဗစ်ဇ် တို့ မျှော်လင့်သလောက် ရလဒ် မပြနိုင်သေးချိန်မှာ တိုက်စစ်ကိုပဲ ဆက်လက် ငွေကြေး ပုံအောနေခြင်းဟာ အန္တရာယ်များတဲ့ ဗျူဟာတစ်ခု ဖြစ်လာနိုင်ပါတယ်။ အီရာအိုလာရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ပွဲစဉ်တစ်လျှောက် High Pressing System ဟာ ကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြေးလွှားနိုင်စွမ်းကို အလွန်အမင်း တောင်းဆိုတဲ့ ကစားဟန်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ ဆက်တိုက် ရောက်ရှိလာတဲ့အခါ ကွင်းလယ်မှာ ဂရာဗင်ဘတ်ချ်၊ ဆိုဘို နဲ့ မက်အယ်လစ်စတာ တို့သုံးဦးတည်းကိုပဲ အလွန်အကျွံ အားပြုနေရတာကြောင့် ကစားသမားတွေ ပင်ပန်းနွမ်းနယ်မှု (Fatigue) နဲ့ ရာသီအလယ်ပိုင်းမှာ လျော့ကျသွားနိုင်ပါတယ်။ ပရီးမီးယားလိဂ် စတင်ချိန် နယူးကာဆယ်၊ ဖော်ရက်စ် တို့နဲ့ ပွဲတွေမှာ ၂-ဂိုးစီ သရေကျခဲ့ရတာကို ကြည့်ရင် တန်ပြန်တိုက်စစ် ခံရချိန်မှာ ကွင်းလယ်ခံစစ် ဟာကွက်တွေ ပွင့်ထွက်သွားတာကို မီးမောင်းထိုးပြနေပါတယ်။ တိုက်စစ်ဖွင့်ကစားမှ ခံစစ်သက်သာမယ်ဆိုတဲ့ သီအိုရီဟာ ဘောလုံးထိန်းချုပ်ကစားတဲ့ စနစ်တွေမှာ အလုပ်ဖြစ်နိုင်ပေမယ့် အီရာအိုလာရဲ့ တိုက်စစ်စနစ်မှာတော့ ဘောလုံးဆုံးရှုံးသွားတာနဲ့ ကွင်းလယ်နဲ့ ခံစစ်ကြားမှာ ကြီးမားတဲ့ အလွတ်နေရာတွေ ပွင့်ကျန်ခဲ့လေ့ ရှိပါတယ်။ ဘာကိုလာဟာ တိုက်စစ်ပိုင်းမှာ အန္တရာယ်ကြီးပေမဲ့ ခံစစ်ကူပါဝင်မှု နည်းတဲ့ တောင်ပံကစားသမား ဖြစ်တာကြောင့် ဒီခံစစ် ဟာကွက်ကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဘာကိုလာကို ခေါ်ယူလိုက်ခြင်းဟာ လီဗာပူးလ် တိုက်စစ်အတွက်တော့ ရင်ခုန်စရာကောင်းတဲ့ အနာဂတ် အဆင့်မြှင့်တင်မှုတစ်ရပ် ဖြစ်ပြီး ကစားသမားတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်အရ ကြည့်ရင် အလွန် လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းတစ်ဖွဲ့လုံးရဲ့ ဟန်ချက်ညီမှုဘက်က ကြည့်မယ်ဆိုရင်တော့ ဒီအပြောင်းအရွှေ့ဟာ ကလပ်ရဲ့ အားနည်းချက်ကို ဖုံးကွယ်မပေးနိုင်သေးပါဘူး။ ကွင်းလယ်ခံစစ် အခြေခံ အုတ်မြစ် မခိုင်မာသေးသရွေ့ ဘာကိုလာရဲ့ အစွမ်းပြမှုတွေဟာ သီးခြား ပေါ်ထွက်လာတဲ့ တစ်ကိုယ်တော် ထူးချွန်မှုအဖြစ်ပဲ

photo content

'ငွေပင်ပေါက်တဲ့လိဂ်' (Aကေဇင်) ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ်တွေဟာ စုစုပေါင်း ပေါင် ၃.၆ ဘီလီယံအထိ စံချိန်တင် အကုန်ကျခံခဲ့ကြပါတယ်။ ဒါပေမဲ့ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အဲဒီငွေတွေထဲက ပေါင် ၁.၇ ဘီလီယံ (၅၀ ရာခိုင်နှုန်းနီးပါး) ဟာ ဥရောပကလပ်တွေဆီ ရောက်မသွားပဲ ပရီးမီးယားလိဂ် အချင်းချင်းကြားမှာတင် လှည့်ပတ်စီးဆင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်တွင်းကစားသမားတွေကိုပဲ ဈေးကြီးပေး ခေါ်ယူလာကြတာဟာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အရင်က ပြည်ပလိဂ်တွေကနေ ပေါင်သန်းပေါင်းများစွာနဲ့ ခေါ်ခဲ့တဲ့ ကစားသမားတွေ အဆင်မပြေဖြစ်ခဲ့ကြတာကြောင့် ကလပ်အသင်းကြီးတွေကြားထဲမှာ Premier League Proven (ပရီးမီးယားလိဂ်မှာ သက်သေပြပြီးသား) ဆိုတဲ့ ဆောင်ပုဒ်ဟာ ခေတ်စားလာခဲ့ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးရောက်ဖို့ ဖိအားများတဲ့ မန်ယူနဲ့ စပါးတို့လို အသင်းတွေဆိုရင် ယခုနွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမား အများစုကို ပရီးမီးယားလိဂ် ကလပ်တွေဆီကပဲ အပြိုင်အဆိုင် ဝယ်ယူခဲ့ကြတာတွေ့ရပါတယ်။ ဒါကြောင့်လည်း အန်ဇို ဖာနန်ဒက်စ်၊ အိလိယော့ အန်ဒါဆန်၊ ဘရူနို ဂွီမာရက်စ်၊ မော်ဂန် ရော်ဂျာစ် စတဲ့ ကွင်းလယ်နဲ့ တိုက်စစ် ကစားသမားတွေရဲ့ အပြောင်းအရွှေ့ကြေးတွေဟာ ပေါင် သန်း ၇၀ ကနေ သန်း ၁၂၀ အထိ အလွန်အမင်း မိုးပျံသွားခဲ့ပါတယ်။ ကစားသမားတစ်ယောက်ရဲ့ တကယ့်တန်ကြေးထက် အင်္ဂလန်ပြည်တွင်း အချင်းချင်း ရောင်းဝယ်ကြတဲ့အခါ ကြက်ဈေး၊ ငှက်ဈေးလို ဖြစ်သွားတာတွေကိုလည်း စိစစ်သူတွေ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီအခြေအနေဟာ ဥရောပ ဘောလုံးလောကတစ်ခုလုံးကိုလည်း ရိုက်ခတ်မှုကြီးမားစေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ရုပ်သံမူပိုင်ခွင့် ဝင်ငွေတွေဟာ စပိန်၊ အီတလီ၊ ဂျာမနီနဲ့ ပြင်သစ် လိဂ်တွေကို အဝေးကြီး ပစ်ထားခဲ့တာကြောင့် အင်္ဂလန်ကလပ်တွေရဲ့ ကြွယ်ဝမှုဟာ အခြားဥရောပ ကလပ်တွေ ယှဉ်နိုင်တဲ့ ပမာဏ မဟုတ်တော့ပါဘူး။ အကျိုးဆက်ကတော့ ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ လုပ်ခလစာနဲ့ ပြောင်းရွှေ့ကြေးကို ဥရောပကလပ်တွေ မတတ်နိုင်တော့ဘဲ၊ အင်္ဂလန်ကလပ်တွေဟာ သူတို့ငွေကို ပြည်တွင်းမှာတင် အချင်းချင်း ပြန်လည်လှည့်ပတ် သုံးစွဲတဲ့ စီးပွားရေးစနစ်တစ်ခုကို ဖန်တီးလိုက်သလို ဖြစ်သွားတာပါ။ ဒီလိုနဲ့ ပရီးမီးယားလိဂ်ဟာ တခြားဥရောပ လိဂ်တွေကို ငွေကြေးအရ ပိုပြီး အလှမ်းဝေးသွားစေခဲ့ပါတယ်။ အမည်ခံ စူပါလိဂ် မဟုတ်ပေမဲ့လည်း အင်္ဂလန်မြေပေါ်မှာတင် တကယ့် စူပါလိဂ်တစ်ခု အလိုအလျောက် ဖြစ်တည်လာနေပြီလို့ ဆိုရမှာပါ။ တိုက်စစ်နဲ့ ဖန်တီးရှင်တွေအတွက် ပေါင်သန်းပေါင်းများစွာ ပေးချေနေကြပြီး ခံစစ်ပိုင်း ညီမျှမှုကို မေ့လျော့နေတတ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့လို အသင်းတွေရဲ့ သုံးစွဲမှုတွေဟာလည်း လာမည့်ရာသီမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ သေချာတာတော့ အခြားလိဂ်များထက်ထူးပြီး ပရီးမီးယားလိဂ်မှာ ငွေပင်တွေပေါက်နေတာပဲ ဖြစ်ပါတယ်။ Ref: Adam Crafton

photo content

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက အောက်ပါ Telegram မှတစ်ဆင့် ဆက်သွယ်သွယ်ပေးပါခင်ဗျာ။ 👉 http://t.me/burmatvprov2

အူနိုင်းအမ်မရီ နဲ့ အာဆင်နယ် ကြားက ခက်ထန်မှုတွေက ဒီည ဗီလာပါ့ခ်မှာ ထပ်မံအသက်ဝင်ပါမယ်။ လက်ရှိ ရလဒ်ပိုင်းရော၊ အင်အားခြင်းမှာပါ ကွ
အူနိုင်းအမ်မရီ နဲ့ အာဆင်နယ် ကြားက ခက်ထန်မှုတွေက ဒီည ဗီလာပါ့ခ်မှာ ထပ်မံအသက်ဝင်ပါမယ်။ လက်ရှိ ရလဒ်ပိုင်းရော၊ အင်အားခြင်းမှာပါ ကွာဟတယ်ဆိုပေမယ့် အစဉ်အလာအတိုင်း မြိုင်မြိုင်ဆိုင်ဆိုင်ရှိလာနိုင်ပါတယ်။ အူနိုင်း နဲ့ အာတီတာ နည်းဗျူဟာရဲ့တန်ဖိုးကို ဒီည ၁:၃၀ မှာ အဖြေရှာကြပါလိမ့်မယ်။

photo content
+1

မန်ယူချက်စတာယူနိုက်တက် Vs အစ်စ်ဝှစ်ချ် 📺🍿 မြန်မာစံတော်ချိန် - ည ၁၀နာရီ Photo - Official #BurmaSports