fa
Feedback
NOM

NOM

رفتن به کانال در Telegram

NOM Official Backup Channel - 2

نمایش بیشتر
ميانمار37 771دسته بندی مشخص نشده است
202
مشترکین
-124 ساعت
+27 روز
-430 روز
آرشیو پست ها
NOM
202
ထရမ့်အစိုးရအဖွဲ့ဟာ ကန်တပ်ဖွဲ့ဝင်တွေရဲ့ လစာကို ဒီနေ့ ပေးချေသွားမယ်လို့ အိမ်ဖြူတော်အရာရှိတဦးကို ကိုးကားပြီး NBC က ဖော်ပြခဲ့ပါတယ
ထရမ့်အစိုးရအဖွဲ့ဟာ ကန်တပ်ဖွဲ့ဝင်တွေရဲ့ လစာကို ဒီနေ့ ပေးချေသွားမယ်လို့ အိမ်ဖြူတော်အရာရှိတဦးကို ကိုးကားပြီး NBC က ဖော်ပြခဲ့ပါတယ်။ အိမ်ဖြူတော်သတင်းရင်းမြစ်တွေအရ လစာငွေတွေကို နောက်ဆုံးအချိန်မှာ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ NOM

NOM
202
ဟန်ဂေရီမှာ ပူတင်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို အမေရိကန်ဘက်က ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ရုရှားဘက်က ယူကရိန်းနဲ့ပတ်သက်ပြီး တောင်းဆိ
ဟန်ဂေရီမှာ ပူတင်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို အမေရိကန်ဘက်က ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ရုရှားဘက်က ယူကရိန်းနဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေကို ပေးပို့ခဲ့ပြီးနောက် တွေ့ဆုံမှုကို ဖျက်သိမ်းဖို့အတွက် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ ရုရှားဘက်က နယ်မြေအလိုက် လိုက်လျောမှုတွေ ပေးဖို့၊ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အင်အားကို လျှော့ချဖို့နဲ့ နေတိုးအဖွဲ့ထဲ ဘယ်သောအခါမှ မဝင်ရောက်ဖို့ဆိုတဲ့အာမခံချက်တွေ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီနောက်မှာ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ ဖုန်းနဲ့ ပြောဆိုခဲ့ပြီး တင်းမာမှုတွေရှိခဲ့ကာ ကန်နိုင်ငံခြားရေးဝန်ကြီးရူဘီယိုက ရုရှားဟာ ညှိနှိုင်းဖို့ ဆန္ဒမရှိဘူးလို့ ထရမ့်ကို ပြောဆိုခဲ့ကြောင်းလည်း Financial Times က ဖော်ပြခဲ့ပါတယ်။ NOM

NOM
202
အမေရိကန်အနေနဲ့ နူကလီးယားလက်နက်စမ်းသပ်မှုတွေကို အခါအားလျော်စွာ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဒုသမ္မတ JD Vance က အိမ်ဖြူတော်မှာ သတင
အမေရိကန်အနေနဲ့ နူကလီးယားလက်နက်စမ်းသပ်မှုတွေကို အခါအားလျော်စွာ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ဒုသမ္မတ JD Vance က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ “ကျနော်တို့ရဲ့ နူကလီးယားလက်နက်တိုက်က အမှန်တကယ် ကောင်းမွန်စွာလည်ပတ်နေတယ်ဆိုတာ သေချာစေဖို့ဆိုရင် စမ်းသပ်ဖို့က တစိတ်တပိုင်းပါဝင်ပါတယ်” လို့ JD Vance က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ NOM

NOM
202
အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တဦးနဲ့ ၃ ကြိမ်တိုင်တိုင် ပျော်ပါးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဗြိတိန်မင်းသား အန်ဒရူးရဲ့ မင်းသားဘွ
အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တဦးနဲ့ ၃ ကြိမ်တိုင်တိုင် ပျော်ပါးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဗြိတိန်မင်းသား အန်ဒရူးရဲ့ မင်းသားဘွဲ့ကို ရုတ်သိမ်းလိုက်ကာ ဝင်ဆာရဲတိုက်ကနေလည်း ထွက်ခွာရမယ်လို့ ဘက်ကင်ဟမ်နန်းတော်က ကြေညာလိုက်ပါတယ်။ အခုအခါမှာ သူ့ကို အင်ဒရူးမောင့်ဘက်တန်ဝင်ဆာအဖြစ်နဲ့သာ အသိအမှတ်ပြုတော့မှာဖြစ်ပြီး တရားဝင်အကြောင်းကြားစာလည်း ပေးပို့ထားပြီးဖြစ်ပါတယ်။ သူဟာ ဘုရင်ပိုင်ဆိုင်တဲ့ နေရာတခုမှာ သွားရောက်နေထိုင်မယ်လို့လည်း သိရပါတယ်။ အမေရိကန်ဘဏ္ဍာရေးလုပ်ငန်းရှင် ဂျက်ဖရီအက်ပ်စတိန်းနဲ့ ပေါင်းဖက်ကာ အင်ဒရူးမင်းသားက အသက်မပြည့်သေးတဲ့ ဗာဂျီးနီးယားဂျူဖရေးကို လိင်ဆက်ဆံခဲ့တယ်လို့ ကာယကံရှင်မိန်းကလေးကိုယ်တိုင်က အမေရိကန်တရားရုံးမှာ တိုင်ကြားခဲ့ပါတယ်။ ဂျူဖရေးကို ငွေကြေးအများအပြားပေးကာ အမှုရုပ်သိမ်းဖို့ အင်ဒရူးက လုပ်ခဲ့ပြီး သူ အမှားမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီနောက်မှာ ဂျူဖရေးက ကိုယ့်ကိုကိုယ်သတ်သေခဲ့ပြီး သူရေးသားခဲ့တဲ့စာအုပ်အတွင်း အင်ဒရူးမင်းသားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းခဲ့ကာ ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ချားလ်စ်ဘုရင်ကြီးက ညီတော်အင်ဒရူးကို အရေးယူဖို့ ဆုံးဖြတ်လိုက်ရတာလည်းဖြစ်ပါတယ်။ NOM

NOM
202
ဥရောပမိတ်ဖက်တွေအနေနဲ့ ရန်ပုံငွေလမ်းကြောင်း ရှာဖွေပေးနိုင်ခြင်းမရှိဘူးဆိုရင် ယူကရိန်းဟာ လာမယ့်နှစ် ဖေဖော်ဝါရီလကို ရောက်ချိန် င
ဥရောပမိတ်ဖက်တွေအနေနဲ့ ရန်ပုံငွေလမ်းကြောင်း ရှာဖွေပေးနိုင်ခြင်းမရှိဘူးဆိုရင် ယူကရိန်းဟာ လာမယ့်နှစ် ဖေဖော်ဝါရီလကို ရောက်ချိန် ငွေကြေးသုံးစွဲမှု ပြုလုပ်နိုင်တော့မှာမဟုတ်ဘူးလို့ The Economist က ဆိုပါတယ်။ “ကိယက်ဗ်က ကြီးမားတဲ့ ငွေကြေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်၊ တခုခုမပြောင်းလဲဘူးဆိုရင် ဖေဖော်ဝါရီလကုန်မှာ ငွေကြေးပြတ်လပ်သွားပါလိမ့်မယ်၊ ဒီချောက်ကမ်းပါးစွန်းက မြန်မြန်ဆန်ဆန်ပဲ နီးကပ်လာနေပါပြီ” လို့ သတင်းစာက ရေးသားခဲ့ပါတယ်။ NOM

NOM
202
ပြီးခဲ့တဲ့ ၂ လအတွင်း ယူကရိန်းကနေ ထွက်ပြေးခဲ့တဲ့ စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်ပြီးသူ အမျိုးသားပေါင်းဟာ ၁ သိန်းနီးပါးအထိ ရှိတယ်
ပြီးခဲ့တဲ့ ၂ လအတွင်း ယူကရိန်းကနေ ထွက်ပြေးခဲ့တဲ့ စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်ပြီးသူ အမျိုးသားပေါင်းဟာ ၁ သိန်းနီးပါးအထိ ရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လက စတင်ကာ အသက် ၁၈ နှစ်ကနေ ၂၂ နှစ်အတွင်း အမျိုးသားပေါင်း ၉၉၀၀၀ အထိ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့တယ်လို့ ပိုလန်နယ်ခြားစောင့်တပ်ကလည်း ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ယူကရိန်းရှေ့တန်းမှာ နိုင်ငံခြားဘာသာစကားနဲ့ ပြောဆိုမှုတွေကို အဆက်မပြတ်ကြားနေရပြီး ကိယက်ဗ်နဲ့အတူ တိုက်ခိုက်ပေးနေသူတွေဟာ ချေမှုန
ယူကရိန်းရှေ့တန်းမှာ နိုင်ငံခြားဘာသာစကားနဲ့ ပြောဆိုမှုတွေကို အဆက်မပြတ်ကြားနေရပြီး ကိယက်ဗ်နဲ့အတူ တိုက်ခိုက်ပေးနေသူတွေဟာ ချေမှုန်းခံရမယ်လို့ ပူတင်က သတိပေးလိုက်ပါတယ်။ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာ အသံတွေကို ကြားနေရပြီး ဒါဟာ ယူကရိန်းအတွက် နေတိုးက ဝင်ရောက်တိုက်ခိုက်ပေးနေခြင်းမရှိဘူးလို့ ငြင်းဆိုနေတာတွေ မှားယွင်းနေတယ်ဆိုတာကို သက်သေပြနေတယ်လို့ ကရင်မ်လင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
“တရုတ်ဟာ ဘယ်နိုင်ငံကိုမှ စိန်ခေါ်ဖို့အတွက် ကြိုးပမ်းမှာမဟုတ်ဘူး” လို့ ထရမ့်နဲ့ တွေ့ဆုံပွဲမှာ ရှီကျင့်ဖျင်က ပြောဆိုခဲ့တယ်လို့
“တရုတ်ဟာ ဘယ်နိုင်ငံကိုမှ စိန်ခေါ်ဖို့အတွက် ကြိုးပမ်းမှာမဟုတ်ဘူး” လို့ ထရမ့်နဲ့ တွေ့ဆုံပွဲမှာ ရှီကျင့်ဖျင်က ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ NOM

NOM
202
စစ်မြေပုံတွေဘေးမှာ သူ့ရဲ့ခွေးဘီလူးတကောင်နဲ့အတူ ထိုင်နေတဲ့ပုံကို အွန်လိုင်းပေါ်တင်ခဲ့တဲ့ ယူကရိန်းဗိုလ်မှူးတဦးဟာ တပ်ဖွဲ့တွေရဲ့
စစ်မြေပုံတွေဘေးမှာ သူ့ရဲ့ခွေးဘီလူးတကောင်နဲ့အတူ ထိုင်နေတဲ့ပုံကို အွန်လိုင်းပေါ်တင်ခဲ့တဲ့ ယူကရိန်းဗိုလ်မှူးတဦးဟာ တပ်ဖွဲ့တွေရဲ့ တည်နေရာအချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ပေါက်ကြားလို့မရနိုင်တဲ့ စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်တွေကို မြင်တွေ့နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိခဲ့ပြီးနောက် သူက ဓါတ်ပုံကို ပြန်လည်ဖယ်ရှားခဲ့ပါတယ်။ ဒီပုံမှာ ပါဝင်နေတဲ့ စစ်ရေးအချက်အလက်တွေဟာ ယူကရိန်းရဲ့ ကာကွယ်ရေးအစီအမံ၊ စစ်ဆင်ရေးတွေကို ဖော်ပြထားတာတွေနဲ့ ကိုက်ညီပုံရတယ်လို့ မှတ်ချက်တွေလည်း ရှိခဲ့ပါတယ်။ “ရန်သူကို ကူညီနေတာ” လို့လည်း အပြစ်တင်ခံခဲ့ရပြီး အဆင့်မြင့်အရာရှိတဦးအနေနဲ့ လုပ်သင့်၊မလုပ်သင့်ဆိုတာကို ဝေဖန်ပိုင်းခြားမှု မလုပ်နိုင်ဘူးလားလို့လည်း မေးခွန်းထုတ်ခံနေရပါတယ်။ NOM

NOM
202
ရုရှားအတွက် စပိုင်လုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲခံရမှုနဲ့အတူ ဗြိတိန်နိုင်ငံသားတဦးကို ယူကရိန်းက ဖမ်းဆီးလိုက်ပါတယ်။ အမည်မဖော်ပြထားတဲ့
ရုရှားအတွက် စပိုင်လုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲခံရမှုနဲ့အတူ ဗြိတိန်နိုင်ငံသားတဦးကို ယူကရိန်းက ဖမ်းဆီးလိုက်ပါတယ်။ အမည်မဖော်ပြထားတဲ့ ဒီအမျိုးသားဟာ စစ်ဘက်သင်တန်းဆရာတဦးအဖြစ် တာဝန်ယူခဲ့ပြီး ရုရှားထောက်လှမ်းရေးဆီ သတင်းအချက်အလက်တွေ ပေးပို့ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။ သူဟာ ၂၀၂၄ အတွင်းက ယူကရိန်းကို ရောက်ရှိလာခဲ့ပြီး သင်ကြားရေးတွေ ပို့ချခဲ့တာဖြစ်ပြီး အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရဖွယ်ရှိနေပါတယ်။ NOM

NOM
202
နေတိုးမဟာမိတ်အဖွဲ့အတွင်းက အရှေ့ဘက်ခြမ်းနိုင်ငံအချို့မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို လျှော့ချမယ်လို့ အမေရိကန်ဘက်က
နေတိုးမဟာမိတ်အဖွဲ့အတွင်းက အရှေ့ဘက်ခြမ်းနိုင်ငံအချို့မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို လျှော့ချမယ်လို့ အမေရိကန်ဘက်က အသိပေးလာခဲ့တယ်လို့ ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ပြောဆိုလိုက်ပါတယ်။ တပ်ဖွဲ့တွေ လျှော့ချတာသာဖြစ်ပြီး ရုပ်သိမ်းတာမျိုးတော့မဟုတ်ဘူးလို့်လည်း သတင်းထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့မှာ တပ်ဖွဲ့ဝင် ၁၀၀၀ ခန့် ကျန်ရှိမှာဖြစ်ပြီး အလှည့်ကျတပ်စွဲမှုကတော့ အဆုံးသတ်သွားလိမ့်မယ်လို့လည်း သိရပါတယ်။ NOM

NOM
202
တောင်ကိုရီးယားဆီ ထရမ့် မသွားခင် နာရီပိုင်းအလိုမှာ မြောက်ကိုရီးယားက အနောက်ဘက်ရေပြင်ကနေ ပင်လယ်အတွင်း မြေပြင်က ပစ်လွှတ်တဲ့ ခရုဇ်
တောင်ကိုရီးယားဆီ ထရမ့် မသွားခင် နာရီပိုင်းအလိုမှာ မြောက်ကိုရီးယားက အနောက်ဘက်ရေပြင်ကနေ ပင်လယ်အတွင်း မြေပြင်က ပစ်လွှတ်တဲ့ ခရုဇ်ဒုံးကျည်အများအပြားကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒုံးကျည်တွေဟာ ပစ်မှတ်တွေကို မထိမှန်ခင် နှစ်နာရီကျော်ကြာ ပျံသန်းခဲ့တယ်လို့လည်း KCNA က ဖော်ပြခဲ့ပြီး ဒါဟာ အမေရိကန်အထိ ပစ်လွှတ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်တွေ ပိုင်ဆိုင်ထားတယ်လို့ ပြောဆိုထားမှုကို သက်သေပြရင်း ခြိမ်းခြောက်မှုလုပ်ခဲ့တာလို့ လေ့လာသူတွေက ယူဆနေပါတယ်။ NOM

NOM
202
မဟာဗျူဟာကျတဲ့ Pokrovsk မြို့ကို ရုရှားတပ်ဖွဲ့တွေက ခြေကုပ်ယူသွားနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက ဝန်ခံလိုက်ပါတယ်။ တပ်
မဟာဗျူဟာကျတဲ့ Pokrovsk မြို့ကို ရုရှားတပ်ဖွဲ့တွေက ခြေကုပ်ယူသွားနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက ဝန်ခံလိုက်ပါတယ်။ တပ်သားဦးရေ ၈ ဆ ၁ ဆအထိ ကွာဟလွန်းကာ အဲဒီပမာဏကို ယူကရိန်းက လိုက်မမီနိုင်ဘူးလို့လည်း သူက ဆိုခဲ့ပါတယ်။ ရုရှားဟာ အဆိုပါမြို့ကို ၂ နှစ်ကြာ ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် အရှေ့ဘက်စစ်မျက်နှာဆီကို ထောက်ပံ့ရေးနဲ့ သယ်ပို့အတွက် အင်အားဖြည့်တင်းပေးနိုင်မှာဖြစ်သလို Donetsk ဒေသတခုလုံးကို သိမ်းပိုက်နိုင်ဖို့ပါ အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ NOM

NOM
202
တောင်ကိုရီးယားကို ထရမ့်ရဲ့ Air Force One ရောက်ရှိလာချိန်မှာ တောင်ကိုရီးယားဖိုက်တာဂျက်တွေက ဘေးကနေ ခြံရံပြီးတော့ လိုက်ပါစောင့်ရှောက်ပေးခဲ့တဲ့ ပုံဖြစ်ပါတယ်။ ဂျပန်ကို သွားရောက်ခဲ့ပြီးနောက် ထရမ့်က တောင်ကိုရီးယားကို ထပ်မံခရီးနှင်ခဲ့တာဖြစ်ပါတယ်။ NOM

NOM
202
ဂျပန်ကို ရောက်နေချိန်အတွင်း USS George Washington သင်္ဘောဆိုက်ကပ်ထားရာဆီ သွားခဲ့တဲ့ ထရမ့်ဟာ ကန်စစ်သားတွေကို သူ့ရဲ့ အကနဲ့ ဖျော်ဖြေသွားခဲ့တာဖြစ်ပါတယ်။ NOM

NOM
202
စစ်မှုထမ်းဖို့ တိမ်းရှောင်သူတွေနဲ့ နိုင်ငံတွင်းက ထွက်ခွာသူတွေများပြားလာတာကြောင့် ယူကရိန်းစစ်တပ်ဟာ လူအင်အားအကျပ်အတည်းနဲ့ ရင်ဆိ
စစ်မှုထမ်းဖို့ တိမ်းရှောင်သူတွေနဲ့ နိုင်ငံတွင်းက ထွက်ခွာသူတွေများပြားလာတာကြောင့် ယူကရိန်းစစ်တပ်ဟာ လူအင်အားအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ RFE က ဖော်ပြခဲ့ပါတယ်။ ရိုမေးနီးယားနယ်စပ်ကတဆင့် ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ယူကရိန်းအမျိုးသားတွေဟာ တရားမဝင်ထွက်ခွာနိုင်ဖို့ရာ မှောင်ခိုသမားတွေကို ငွေပေးချေနေရပါတယ်။ ဒေသတွင်း ကင်းလှည့်မှုတွေကို ဒရုန်းတွေအသုံးပြုကာ တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ NOM

NOM
202
အမေရိကန်စစ်သင်္ဘောတွေကို ဝင်ရောက်ခွင့်ပြုခဲ့တဲ့ ထရီနီဒတ်နဲ့တိုဘာဂိုအပေါ် ဓါတ်ငွေ့ထောက်ပံ့ပေးနေမှုကို ဗင်နီဇွဲလားက ရပ်ဆိုင်းလိ
အမေရိကန်စစ်သင်္ဘောတွေကို ဝင်ရောက်ခွင့်ပြုခဲ့တဲ့ ထရီနီဒတ်နဲ့တိုဘာဂိုအပေါ် ဓါတ်ငွေ့ထောက်ပံ့ပေးနေမှုကို ဗင်နီဇွဲလားက ရပ်ဆိုင်းလိုက်ပါတယ်။ ချက်ချင်းပဲ ရပ်ဆိုင်းဖို့အတွက် သမ္မတ မာဒူရိုက ညွှန်ကြားခဲ့ပြီး စာချုပ်တွေကိုပါ ဖျက်သိမ်းပစ်တဲ့အထိ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ NOM

NOM
202
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို F-35 တိုက်လေယာဉ်တွေအတွက် ဒုံးကျည်တွေ ပထမအသုတ်အဖြစ် ပေးပို့သွားမယ်လို့ ဒေါ်နယ်ထရမ့်က ဒ
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို F-35 တိုက်လေယာဉ်တွေအတွက် ဒုံးကျည်တွေ ပထမအသုတ်အဖြစ် ပေးပို့သွားမယ်လို့ ဒေါ်နယ်ထရမ့်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။ ယိုကိုဆူကာမှာရှိတဲ့ အမေရိကန်ရဲ့ နူစွမ်းအင်သုံး USS George Washington စစ်သင်္ဘောဆီ သွားရောက်လည်ပတ်စဉ်အတွင်း သူက ပြောဆိုခဲ့တာပါ။ ဒုံးကျည်တွေဟာ ဒီအပတ်အတွင်း ရောက်ရှိမှာဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်ထက် ပိုမိုစောစီးစွာ‌ ရောက်ရှိလာတာဖြစ်တယ်လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။ ဂျပန်ကိုရောက်နေချိန်အတွင်း ထရမ့်ဟာ ဂျပန်ဝန်ကြီးချုပ်သစ်နဲ့ တွေ့ဆုံခဲ့ပြီး မြေရှားသတ္ထုတူးဖော်ရေးအပါအဝင် စီးပွားရေးစာချုပ်တွေလည်း ချုပ်ဆိုခဲ့ပါတယ်။ NOM

NOM
202
အဇာဘိုင်ဂျန်မှာ သတို့သမီးတဦးဟာ မင်္ဂလာဝတ်စုံက ပေါ်လွင်လွန်းတယ်လို့ သတို့သားရဲ့ မိဘတွေဆီက‌ ဝေဖန်ပြစ်တင်မှုတွေကို ခံခဲ့ရပြီးနော
+2
အဇာဘိုင်ဂျန်မှာ သတို့သမီးတဦးဟာ မင်္ဂလာဝတ်စုံက ပေါ်လွင်လွန်းတယ်လို့ သတို့သားရဲ့ မိဘတွေဆီက‌ ဝေဖန်ပြစ်တင်မှုတွေကို ခံခဲ့ရပြီးနောက် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် Lyaman Mammadli ဟာ မင်္ဂလာပွဲမှာ ပခုံးတွေကို မဖုံးထားတဲ့ ဝတ်စုံကြောင့် အဝတ်ဗလာနဲ့ ရှိခဲ့တယ်လို့ ပြောဆိုခံခဲ့ရပြီးနောက် မိဘတွေရဲ့ နေအိမ်အတွင်းက ဥယျာဉ်ထဲမှာ သတ်သေသွားခဲ့တာပါ။ အစောပိုင်းမှာတော့ အသက် ၃၃ နှစ်အရွယ် သတို့သားဖြစ်သူနဲ့ လက်ထပ်ရတာကြောင့် သက်ကြီးအမျိုးသားကို ယူလိုက်ရတယ်ဆိုတဲ့ စိတ်ဖိအားတွေကြောင့် သတ်သေတာလို့ ပြောဆိုမှုတွေရှိခဲ့တာကိုလည်း မိဘတွေက ငြင်းဆန်ခဲ့ပါတယ်။ မင်္ဂလာပွဲအပြီး သတို့သားရဲ့ မိဘတွေက သူမရဲ့ မိဘနေအိမ်ကိုရောက်လာပြီး အပြစ်တင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ရှက်စရာကောင်းလွန်းတဲ့ ဒီလိုဝတ်စုံကို ဘာလို့ ဝတ်ခွင့်ပြုတာလဲလို့ အပြောအဆိုခံခဲ့ရတယ်လို့လည်း မိဘဖြစ်သူတွေက ဖွင့်ဟခဲ့ပါတယ်။ အဇာဘိုင်ဂျန်ဟာ မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံဖြစ်ပါတယ်။ NOM

NOM
202
နူကလီးယားစွမ်းအင်သုံး ဒုံးကျည်တွေ စမ်းသပ်မယ့်အစား ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ထရမ့်က ပူတင်ကို ပြောဆိုလိုက်ကာ ရုရှားကမ
နူကလီးယားစွမ်းအင်သုံး ဒုံးကျည်တွေ စမ်းသပ်မယ့်အစား ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ထရမ့်က ပူတင်ကို ပြောဆိုလိုက်ကာ ရုရှားကမ်းရိုးတန်းမှာ ကမ္ဘာ့အကောင်းဆုံး နူကလီးယား ရေငုပ်သင်္ဘော ရှိနေတယ်လို့လည်း သတိပေးလိုက်ပါတယ်။ တနင်္ဂနွေနေ့က ရုရှားဟာ ရပ်တန့်မရနိုင်တဲ့ နူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးကျည်ကို မိုင် ၈၇၀၀ အထိ ပျံသန်းစေကာ အောင်မြင်စမ်းသပ်နိုင်တယ်လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထရမ့်ကို အင်တာဗျူးလုပ်ခဲ့ရာမှာ သူက အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။ “ကျနော်တို့ဆီမှာ ကမ္ဘာ့အကောင်းဆုံး နူကလီးယားရေငုပ်သင်္ဘောတစင်းရှိတာကို သူတို့သိပါတယ်၊ ဒါကြောင့် ကျနော်တို့ရဲ့ ဒုံးကျည်တွေကတော့ မိုင် ၈၀၀၀ အထိ သွားနေစရာမလိုပါဘူး” လို့ ထရမ့်က ပြောဆိုသွားခဲ့ပါတယ်။ NOM