fa
Feedback
NOM

NOM

رفتن به کانال در Telegram

NOM Official Backup Channel - 2

نمایش بیشتر
ميانمار38 251دسته بندی مشخص نشده است
201
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-830 روز
آرشیو پست ها
NOM
201
Repost from News Of Myanmar
🇸🇾 🚨 🇮🇷 "အီရန်ရှိ ကာ့ဒ်လူမျိုးတွေအနေနဲ့ အမေရိကန်နဲ့ မဟာမိတ်မဖွဲ့မိဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ဟာ သ
🇸🇾 🚨 🇮🇷 "အီရန်ရှိ ကာ့ဒ်လူမျိုးတွေအနေနဲ့ အမေရိကန်နဲ့ မဟာမိတ်မဖွဲ့မိဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ဟာ သူတို့ကို နောက်ဆုံးမှာ ပစ်ပယ်သွားမှာဖြစ်လို့ပါလို့ ဆီးရီးယားရှိ ကာ့ဒ်လူမျိုးတွေက ၎င်းတို့ရဲ့အတွေ့အကြုံအရ အီရန်ကာ့ဒ်လူမျိုးတွေကို သတိပေးလိုက်ပါတယ်။" မှတ်ချက်- အမေရိကန်ဟာ အကျိုးစီးပွားမရှိတော့ရင် သို့မဟုတ် အခြေအနေတစ်ခုရောက်ရင် မဟာမိတ်တွေကို လက်လွှတ်စပစ်ခဲ့တတ်တဲ့ ရာဇဝင်ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
🚨 - အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ထုတ်ပြန်ချက် "မိမိတို့နိုင်ငံအတွင်းရှိ အစ္စရေးနှင့် အမေရိကန် သံအမတ်များကို နှင်ထုတ်သည့် မည်သည့် အာရပ် သို့မဟုတ် ဥရောပနိုင်ငံမဆို ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အပြည့်အဝ အခွင့်အာဏာဖြင့် လွတ်လပ်စွာ ဖြတ်သန်းခွင့် ရရှိမည်ဖြစ်သည်။" NOM

NOM
201
Repost from News Of Myanmar
ပါကစ္စတန်နယ်ခြားစောင့်စခန်းများကိုအာဖဂန်နစ္စတန်တာလီဘန်တို့ကပြင်သစ်ထုတ်တင့်ကါးဖျက်ပဲ့ထိန်းဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

NOM
201
Repost from News Of Myanmar
+1
🕌 🇮🇷 - အထွတ်အမြတ်ထားရာ ဂျမ်ကရန် (Jamkaran) ဗလီဝတ်ကျောင်းတော်တွင် အယာတိုလာ ဆယက် မူဂျာတာဘာ ခါမေနီအား ကွမ် (Qom) ပြည်သူများ၏ သမိုင်းဝင် သစ္စာဆိုပွဲ NOM

NOM
201
Repost from News Of Myanmar
+5
အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း အီရန်မြို့ကြီးများတွင် ပြည်သူများသည် အဓိပတိခေါင်းဆောင်သစ် အယာတိုလာ မူဂျာတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) အား သစ္စာခံရန် လမ်းမပေါ်သို့ အလုံးအရင်းနှင့် ထွက်လာကြသည်။ NOM

NOM
201
Repost from News Of Myanmar
အမေရိကန်အစိုးရဟာ အခုအခါ ပါရှန်ပင်လယ်ကွေ့အတွင်းက အီရန်ရေနံတင်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေပြီ ဖြစ်ပါတယ်။ အာရပ်နိုင်ငံတွေအားလုံးကလည်း ရေနံထုတ်လုပ်မှုကို လျှော့ချလိုက်ကြတာကြောင့် ဥရောပနဲ့ အမေရိကန်တို့ဟာ သူတို့ရဲ့ အရေးပေါ် အရံရေနံ (Emergency Oil Reserves) တွေကို ထုတ်သုံးနေရပါတယ်။ ဒီလို အရေးပေါ်သိုလှောင်ထားတဲ့ အရံရေနံတွေရှိနေတာက အမေရိကန်နဲ့ အစ္စရေးတို့အတွက် အားသာချက်တစ်ခု ဖြစ်စေပါတယ်။ အကြောင်းကတော့ လတ်တလောမှာ ရေနံဈေး အဆမတန် မြင့်တက်လာမှာကို စိုးရိမ်စရာမလိုဘဲ စစ်ပွဲကို အရှိန်မြှင့်ဖို့ အခွင့်အရေး ရသွားတာကြောင့်ပါ။ ဒါပေမဲ့ ရေရှည်မှာတော့ ဒီလုပ်ရပ်ဟာ ဥရောပ၊ အမေရိကန်နဲ့ တစ်ကမ္ဘာလုံးအတွက်ပါ ကြီးမားတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
🚨 ပြင်သစ်သမ္မတမှတဆင့် ထရမ့်က အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေပြီလား ??? 🇫🇷📞🇮🇷 - အရှေ့အလယ်ပိုင်းစစ်ရေး အကျပ်အတည်းမှ ထွက်ပေါက်ရှာရန် ထရမ့်က ပြင်သစ်သမ္မတ မက်ခရွန် ကို အကူအညီတောင်း၊ မက်ခရွန်နှင့် အီရန်သမ္မတတို့ ဖုန်းဖြင့် ဆွေးနွေး အီရန် အင်တဲလ်ဝေါ့ချ် သတင်းဌာန၏ ဖော်ပြချက်အရ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် မတ်လ ၇ ရက်နေ့၌ အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်နှင့် ဖုန်းဖြင့် ဆက်သွယ်ကာ ဒေသတွင်း နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပဋိပက္ခများအကြောင်း ဆွေးနွေးခဲ့ကြသည်။ မက်ခရွန်က စစ်ပွဲကို ဆက်လက်ဆင်နွှဲနေခြင်းသည် မည်သည့်နိုင်ငံအတွက်မျှ အကျိုးကျေးဇူးမရှိဘဲ တင်းမာမှုများကို လျှော့ချရန်သာ ကြိုးပမ်းသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ထို့အပြင် ဒေါ်နယ်ထရမ့်သည် လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းမှ ရုန်းထွက်နိုင်ရန်နှင့် သံတမန်ရေးရာတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် နည်းလမ်းရှာဖွေနေကြောင်းလည်း မက်ခရွန်က ထည့်သွင်းပြောဆိုခဲ့သည်။ ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် အီရန်နိုင်ငံနှင့် ပြည်သူများအတွက် ရေရှည်တည်တံ့သော လုံခြုံရေးကို အီရန်က အလေးထားနေသည်ကို နားလည်ကြောင်း၊ သို့သော် ဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းအချို့မှာ လက်ရှိတွင် လည်ပတ်နိုင်ခြင်း မရှိတော့သည့်အတွက် တိုက်ပွဲများ၏ ပြင်းထန်မှု လျော့ကျသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း မက်ခရွန်က ဆိုသည်။ ပြင်သစ်သမ္မတက ဒေသတွင်း မတည်ငြိမ်မှုများ ပြန့်နှံ့လာနိုင်ခြေနှင့် ၎င်း၏ နောက်ဆက်တွဲ စီးပွားရေး ရိုက်ခတ်မှုများအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပါက ကမ္ဘာ့ဈေးကွက်တွင် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
ကူဝိတ်သဲကန္တာရအတွင်း အမေရိကန် ဒုံးကျည်အသုံးပြုပြီးသား အခွံများ တွေ့ရှိ ကူဝိတ်နိုင်ငံရှိ သဲကန္တာရတစ်ခုအတွင်း အမေရိကန်ထုတ် HIMARS ATACMS M57 မြေပြင်မှ မြေပြင်ပစ် တာဝေးပစ်ဒုံးကျည် အမျိုးအစားကို ပစ်လွှတ်ရာတွင် အသုံးပြုခဲ့သည့် ဒုံးကျည်ခွံအဟောင်းတစ်ခုကို တွေ့ရှိရကြောင်း ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာခဲ့သည်။ ပါရှန်ပင်လယ်ကွေ့နိုင်ငံများသည် အီရန်နိုင်ငံအား တိုက်ခိုက်ရန်အတွက် အမေရိကန်တပ်ဖွဲ့များအား ၎င်းတို့၏ နယ်မြေကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း ယခုထွက်ပေါ်လာသည့် ဗီဒီယိုအရ ထိုကတိကဝတ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ကို တွေ့ရသည်။ ဒုံးကျည်ခွံ တွေ့ရှိရသည့် ပတ်ဝန်းကျင်အနေအထားမှာ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) မှ တရားဝင်ထုတ်ပြန်ထားသည့် ဒုံးကျည်ပစ်လွှတ်မှု ဗီဒီယိုပါ မြင်ကွင်းများနှင့် ကိုက်ညီနေသည်ဟု ဆိုသည်။ NOM

NOM
201
Repost from News Of Myanmar
🚨 - "အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား တိုက်ခိုက်ခြင်း သို့မဟုတ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းများ ရှိလာနိုင်သည့်အပေါ် စိုးရိမ်မှုများကြောင့် ၎င်း၏နေအိမ်တွင် လုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြသည်။" NOM

NOM
201
လောင်စာဆီစျေးနှုန်းမြင့်တက်ပြီးနောက် ဗီယက်နမ်မှာ ရထားစီးသူ ပိုမိုများပြားလာ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်ခဲ့ပြီးနောက် ဗီယက်
လောင်စာဆီစျေးနှုန်းမြင့်တက်ပြီးနောက် ဗီယက်နမ်မှာ ရထားစီးသူ ပိုမိုများပြားလာ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်ခဲ့ပြီးနောက် ဗီယက်နမ်မှာ ရထားစီးနင်းသူတွေ တိုးပွားလာတယ်လို့ Vietnam’s Railway Transport Joint Stock Company က ပြောဆိုခဲ့ပါတယ်။ ရထားစီးခရီးသည်ဟာ ၁၀% ကနေ ၁၅% အထိ တိုးမြင့်လာခဲ့လို့လည်း ဝန်ဆောင်မှုတွေ တည်ငြိမ်မှုရှိဖို့နဲ့ လုံခြုံစိတ်ချရမှုရှိအောင် သေချာပြင်ဆင်ပေးနေတယ်လို့လည်း ဆိုပါတယ်။ ဗီယက်နမ်မှာ ဒီဇယ်ဆီစျေးနှုန်းဟာ တလီတာကို ဒေါင် ၃ သောင်းအထိ မြင့်တက်ခဲ့ကာ ကန်ဒေါ်လာ ၁.၂၁ ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ အပတ်အတွင်းကထက် ၃၁.၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ News Of Myanmar NOM

NOM
201
ကမ္ဘာ့လောင်စာဆီစျေးနှုန်း မြင့်တက်လာတာကြောင့် ဒေသတွင်း လောင်စာဆီစျေးနှုန်းတွေကို ကန့်သတ်ဖို့၊ ဓါတ်ငွေ့စျေးနှုန်းတွေမြင့်တက်မှ
ကမ္ဘာ့လောင်စာဆီစျေးနှုန်း မြင့်တက်လာတာကြောင့် ဒေသတွင်း လောင်စာဆီစျေးနှုန်းတွေကို ကန့်သတ်ဖို့၊ ဓါတ်ငွေ့စျေးနှုန်းတွေမြင့်တက်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်မှု စျေးကွက်အတွင်း မတည်ငြိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကြိုတင်အစီအမံတွေကို မြန်မြန်ပြုလုပ်ဖို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဂျေးက ဒီနေ့မှာ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ News Of Myanmar NOM

NOM
201
ညစ်ညမ်းဝက်ဘ်ဆိုက်တွေဟာ အသုံးပြုသူတွေကို ပိတ်ဆို့မှုတွေ လုပ်လာတာကြောင့် ဩစတြေးလျမှာ VPN တွေကို download လုပ်မှု မြင့်တက်လာတယ်လ
ညစ်ညမ်းဝက်ဘ်ဆိုက်တွေဟာ အသုံးပြုသူတွေကို ပိတ်ဆို့မှုတွေ လုပ်လာတာကြောင့် ဩစတြေးလျမှာ VPN တွေကို download လုပ်မှု မြင့်တက်လာတယ်လို့ သိရပါတယ်။ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ရာမှာ အသက်အရွယ်အတည်ပြုချက် လိုအပ်လာတာကြောင့်ဖြစ်ပြီး ဝင်ရောက်လိုသူတွေက VPN အသုံးပြုပြီး ကျော်ဖြတ်ဝင်ရောက်ဖို့အတွက် ကြိုးစားလာတာပါ။ iPhone မှာ အသုံးပြုလို့ရတဲ့ VPN App တွေကို download လုပ်မှုတွေကြောင့် Super Unlimited Proxy ၊ Proton နဲ့ Nord တို့လို့ app တွေကို အသုံးပြုမှုက တော်တော်လေး မြင့်မားလာတယ်လို့ ဆိုပါတယ်။ News Of Myanmar NOM

NOM
201
ကမ္ဘာ့လောင်စာဆီစျေးနှုန်းတွေ စံချိန်တင်မြင့်တက်လာပြီးနောက် ဖိလစ်ပိုင်က အစိုးရအရာရှိတွေကို အဲကွန်းနဲ့ ခရီးသွားလာမှုကို ကန့်သတ်
ကမ္ဘာ့လောင်စာဆီစျေးနှုန်းတွေ စံချိန်တင်မြင့်တက်လာပြီးနောက် ဖိလစ်ပိုင်က အစိုးရအရာရှိတွေကို အဲကွန်းနဲ့ ခရီးသွားလာမှုကို ကန့်သတ်လိုက်ပါတယ်။ အဲကွန်းအသုံးပြုမှုနဲ့ ခရီးသွားလာမှုကို လျှော့ချခိုင်းလိုက်ပြီး အမျိုးသားအစိုးရအေဂျင်စီတွေ၊ ပြည်နယ်တက္ကသိုလ်တွေနဲ့ ကောလိပ်တွေ၊ ဒေသဆိုင်ရာအစိုးရဌာနခွဲအားလုံးကို လောင်စာဆီသုံးစွဲမှု အနည်းဆုံး ၁၀% လျှော့ချဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲကွန်းတွေကိုလည်း ၂၄ ဒီဂရီအောက် မထားဖို့အတွက် ပြောဆိုခဲ့ပြီး ဒီထက်ပိုပြီး အကျပ်အတည်းဆိုးရွားလာပါက တပတ်ကို ၄ ရက်သာ အလုပ်လုပ်ဖို့အတွက်လည်း စဉ်းစားနိုင်တယ်လို့ သမ္မတအိမ်တော်ပြောရေးဆိုခွင့်ရှိသူတဦးက ပြောဆိုခဲ့ကြောင်း The Guardian က ဖော်ပြခဲ့ပါတယ်။ ဓါတ်ပုံ- သောကြာနေ့က မနီလာမြို့မှာ အစ္စရေးနဲ့ အမေရိကန်ကို ဆန့်ကျင်ဆန္ဒပြပွဲ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🌟 - ဗြိတိန်နိုင်ငံ၏ ဓာတ်ငွေ့သိုလှောင်မှုပမာဏသည် နှစ်ရက်စာသာ ကျန်ရှိတော့ကြောင်း Daily Mail သတင်းဌာန ဖော်ပြ ဗြိတိန်နိုင်ငံ၏ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး ကွန်ရက်လုပ်ငန်း လုပ်ကိုင်သူ၏ ပြောကြားချက်ကို ကိုးကား၍ Daily Mail သတင်းစာက ဖော်ပြရာတွင် 👇 လက်ရှိ ဗြိတိန်နိုင်ငံ၏ သိုလှောင်ရုံများ၌ ကျန်ရှိသော ဓာတ်ငွေ့ပမာဏသည် နှစ်ရက်စာ သုံးစွဲရန်အတွက်သာ လုံလောက်တော့ကြောင်း သိရသည်။ သတင်းစာ၏ အဆိုအရ ဗြိတိန်၏ ဓာတ်ငွေ့သိုလှောင်ထားနိုင်မှု ပမာဏသည် ၂၀၂၅ ခုနှစ်တွင် ၁၈,၀၀၀ ဂစ်ဂါဝပ်နာရီ (GWh) ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၆,၇၀၀ ဂစ်ဂါဝပ်နာရီ အထိ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း ဖော်ပြထားသည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိုလှောင်မှုပမာဏသည် ထက်ဝက်ကျော် (၆၀% ခန့်) လျော့ကျသွားပြီး စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း တွေ့ရသည်။ NOM

NOM
201
Repost from News Of Myanmar
🇮🇷- "အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) သည် အီရန် အဓိပတိခေါင်းဆောင်အသစ် အယာတိုလာ ဆယက်ဒ် မွတ်ဂျ်တာဘာ ခါမေနီ၏ မြတ်
🇮🇷- "အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) သည် အီရန် အဓိပတိခေါင်းဆောင်အသစ် အယာတိုလာ ဆယက်ဒ် မွတ်ဂျ်တာဘာ ခါမေနီ၏ မြတ်လှစွာသော အမိန့်တော်များကို အကြွင်းမဲ့ နာခံရန်နှင့် ကိုယ်ကျိုးစွန့် အနစ်နာခံရန် အသင့်ရှိကြောင်း ကြေညာ" အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ပြန်သည့် ကြေညာချက်တွင် - ၎င်းတို့သည် နိုင်ငံတော်ခေါင်းဆောင်မှု၏ စွမ်းအားရှိသော လက်ရုံးနှင့် စစ်သည်တော်များ ဖြစ်သည်နှင့်အညီ ပညာရှင်များကောင်စီ (Assembly of Experts) ၏ ဂုဏ်သရေရှိသော ရွေးချယ်တင်မြှောက်မှုကို ထောက်ခံအားပေးကြောင်း ဖော်ပြထားသည်။ ထို့အပြင် အီရန်​၏ အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ ဆယက်ဒ် မွတ်ဂျ်တာဘာ ခါမေနီ ၏ မြတ်လှစွာသော အမိန့်တော်များကို အကြွင်းမဲ့ နာခံရန်နှင့် ကိုယ်ကျိုးစွန့် အနစ်နာခံရန် အသင့်ရှိကြောင်း၊ အစ္စလာမ်မစ် တော်လှန်ရေး၏ တန်ဖိုးများကို ထိန်းသိမ်းရန်နှင့် တော်လှန်ရေး အာဇာနည် ခေါင်းဆောင်ကြီးများဖြစ်ကြသော အီမာမ် ခိုမိန်းနီ နှင့် အီမာမ် ခါမေနီ တို့၏ အဖိုးမဖြတ်နိုင်သော အမွေအနှစ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
🇮🇷- "အီရန်လက်နက်ကိုင်တပ်ဖွဲ့များက အီရန်အဓိပတိခေါင်းဆောင်သစ်အားသစ္စာခံ" အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ကျွမ်းကျင်သူများကောင်
+1
🇮🇷- "အီရန်လက်နက်ကိုင်တပ်ဖွဲ့များက အီရန်အဓိပတိခေါင်းဆောင်သစ်အားသစ္စာခံ" အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ကျွမ်းကျင်သူများကောင်စီ (Assembly of Experts) မှ ရွေးချယ်တင်မြှောက်လိုက်သော အဓိပတိခေါင်းဆောင်သစ် အယာတိုလာ ဆယက် မော့ဂျ်တာဘာ ခါမေနီ (Ayatollah Seyyed Mojtaba Khamenei) အား သစ္စာခံမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ၎င်းတို့က ခေါင်းဆောင်သစ်၏ အမိန့်တော်များကို အပြည့်အဝနာခံသွားမည်ဖြစ်ပြီး အီရန်နိုင်ငံနှင့် အစ္စလာမ္မစ်သမ္မတနိုင်ငံတော်၏ အကျိုးစီးပွားများကို "နောက်ဆုံးထွက်သက်နှင့် နောက်ဆုံးသွေးတစ်စက်အထိ" ကာကွယ်စောင့်ရှောက်သွားမည်ဟု ဆိုသည်။ ထို့အပြင် လက်နက်ကိုင်တပ်ဖွဲ့များသည် အီရန်၏ ရန်သူများကို ယခင်ကထက်ပို၍ ပြင်းထန်စွာ တုံ့ပြန်တိုက်ခိုက်ရန် အသင့်ရှိနေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ NOM

NOM
201
Repost from News Of Myanmar
+2
အီရန်နိုင်ငံက အစ္စရေးနိုင်ငံ၊ တဲလ်အဗီးဗ် မြို့အား ကလပ်စတာဒုံးကျည်များဖြင့်ပစ်ခတ်။ NOM

NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေဟာ ဆယက် မော့ဂျ်တာဘာ ခါမေနီ (Seyyed Mojtaba Khamenei) ရဲ့ ခန့်အပ်မှုကို က
+4
အီရန်နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေဟာ ဆယက် မော့ဂျ်တာဘာ ခါမေနီ (Seyyed Mojtaba Khamenei) ရဲ့ ခန့်အပ်မှုကို ကြိုဆိုဂုဏ်ပြုနေကြပါတယ်။ ပြည်သူတွေဟာ အခုလို ကြွေးကြော်နေကြပါတယ် - "ကျွန်ုပ်တို့ သွေးကြောထဲက သွေးတွေဟာ ကျွန်ုပ်တို့ ခေါင်းဆောင်အတွက် ပေးဆပ်တဲ့ လက်ဆောင်မွန်ပါပဲ။" "ကျွန်ုပ်တို့ဟာ ဖခင်ဖြစ်သူအတွက် လက်စားချေမယ့်သူတွေပါ။ သားဖြစ်သူရဲ့ အမိန့်တော်တွေကို နာခံသွားပါမယ်။" "ဘုရားသခင်ဟာ အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။ (Allahu Akbar)" NOM

NOM
201
Repost from News Of Myanmar
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ရှန်ဒီရာဗီ (Shenderavi) ဒေသ (အီရန်-အီရတ် နယ်စပ်တောင်တန်းများ) ရှိ ထောက်လှမ်းရေး ရေဒါစနစ်တစ်ခုကို ဒရုန်းဖြင့် ဖျက်ဆီးခဲ့သည့် ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။ NOM

NOM
201
Repost from News Of Myanmar
🚨 📈 🤬 ရေနံစိမ်းစျေးနှုန်း တစ်စည်လျှင် ၁၁၀ ဒေါ်လာအထိ မြင့်တက်လာခြင်းနဲ့ ထရမ့်ရဲ့တုံ့ပြန်မှု 🛢ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းဟာ တ
+1
🚨 📈 🤬 ရေနံစိမ်းစျေးနှုန်း တစ်စည်လျှင် ၁၁၀ ဒေါ်လာအထိ မြင့်တက်လာခြင်းနဲ့ ထရမ့်ရဲ့တုံ့ပြန်မှု 🛢ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းဟာ တစ်စည်ကို ၁၁၀ ဒေါ်လာ အထိ စံချိန်တင် မြင့်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး ဘုရင်ကြီး ဒေါ်နယ်ထရမ့် က အခုလို တုံ့ပြန်ပြောကြားခဲ့ပါတယ် 👇 "ရေနံစျေးနှုန်းတွေ ခေတ္တခဏ မြင့်တက်လာတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို အမြစ်ပြတ် ချေမှုန်းပြီးသွားရင်တော့ စျေးနှုန်းတွေဟာ အလျင်အမြန် ပြန်ကျသွားမှာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဒီလောက် (စျေးတက်တာမျိုး) ကတော့ ပေးဆပ်ရကျိုးနပ်တဲ့ အင်မတန်နည်းပါးတဲ့ တန်ဖိုးတစ်ခုပါပဲ။" NOM