NOM
رفتن به کانال در Telegram
201
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-830 روز
آرشیو پست ها
201
ထရမ့်ဟာ ရွေးကောက်ပွဲလိမ်လည်မှုအကြောင်း ဗီဒီယိုတခုကို Truth Social မှာ တင်ခဲ့ပြီး ဗီဒီယိုရဲ့ အဆုံးသတ်မှာတော့ အိုဘားမားမိသားစုကို မျောက်တွေအဖြစ်နဲ့ ပြသထားခဲ့ပါတယ်။
သမ္မတဟောင်းအိုဘာားမားနဲ့ သူ့ရဲ့ ဇနီးသည်ကို မျောက်တွေအဖြစ် သရုပ်ဖော်ထားတဲ့ ဗီဒီယိုကို နောက်ပိုင်းမှာ ထရမ့်က ပြန်ဖျက်ခဲ့ပါတယ်။ ဗီဒီယိုဟာ သူ့ရဲ့ အကောင့်မှာ ၁၂ နာရီကျော်ကြာ ရှိနေခဲ့ပြီး Like လုပ်သူ ၄၅၀၀ ခန့်နဲ့ repost ၁၅၀၀ အထိ ရရှိခဲ့ပါတယ်။
အိမ်ဖြူတော်ကတော့ အဆိုပါပို့စ်ကို မှားယွင်းစွာ ဖော်ပြခဲ့မိတာလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
News Of Myanmar NOM
201
အီရန်နဲ့ ဘယ်လိုကုန်ပစ္စည်းကိုမဆို ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီး ဖြစ်ဖြစ် ဝယ်ယူတင်သွင်းနေတဲ့ နိုင်ငံတွေကို အခွန်ကောက်ခံမယ့် အမိန့်ကို ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။
ကောက်ခံမယ့်နှုန်းထားကို ဖော်ပြထားခြင်းမရှိပေမယ့် ၂၅%ကို ဥပမာထား ဖော်ပြထားပြီး အိုမန်မှာ အမေရိကန်နဲ့ အီရန်တို့ကြား ဆွေးနွေးပွဲတွေ လုပ်နေချိန်မှာ ဒီအမိန့်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
“အီရန်နဲ့ စီးပွားရေးလုပ်ကိုင်တဲ့ ဘယ်နိုင်ငံမဆို အမေရိကန်နဲ့ လုပ်ဆောင်မယ့် ဘယ်လိုစီးပွားရေးလုပ်ငန်းအတွက် မဆို အခွန် ၂၅% ကောက်ခံရမယ်” အမိန့်မှာ ထည့်သွင်းရေးသားထားပါတယ်။
News Of Myanmar NOM
201
ဖလော်ရီဒါက ကားလမ်းမအလည်တည့်တည့်မှာ ကားတစီးပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷🔫❗️❗️"အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်လိုကျူးကျော်မှုမျိုးကိုမဆို တုန့်ပြန်ဖို့ အမြင့်ဆုံးအဆင့် အသင့်အနေအထားမှာ ရှိနေဆဲဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေချိန်အတွင်းမှာတောင် ကျွန်တော်တို့အနေနဲ့ ဒီအတိုင်း ငြိမ်နေလို့မရဘူးဆိုတာကို တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်"
— အီရန်နိုင်ငံခြားရေးဝန်ကြီး၊ အဘတ်စ် အာရတ်ချီ (Abbas Araqchi)
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷 "အီရန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ကြေညာချက်"
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ (Abbas Araqchi) က အမေရိကန်နှင့် ဆွေးနွေးမှုများသည် ကောင်းမွန်သော်လည်း ယခင်က အမေရိကန်၏ သစ္စာဖောက်ဖျက်မှုများကြောင့် အမေရိကန်အပေါ် "ကြီးမားသော ယုံကြည်မှု ကင်းမဲ့မှု" များ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာရတ်ချီ၏ ပြောကြားချက်အရ အကယ်၍ လက်ရှိချဉ်းကပ်ပုံအတိုင်း ဆက်လက်သွားမည်ဆိုပါက အနာဂတ်တွင် ပြုလုပ်မည့် အစည်းအဝေးတစ်ခု၌ အီရန်နှင့် အမေရိကန်တို့သည် ဆွေးနွေးပွဲဆိုင်ရာ မူဘောင် တစ်ခုကို သဘောတူညီနိုင်ဖွယ်ရှိကြောင်း သိရသည်။
အခြားလေ့လာစောင့်ကြည့်သူများ သုံးသပ်ထားသကဲ့သို့ပင် ယခုအဆင့်သည် ဆွေးနွေးပွဲများအတွက် ထပ်မံဆွေးနွေးခြင်း သာဖြစ် သည်။
အဓိကကျသော အကြောင်းအရာအချက်အလက်များကိုမူ ယခုအချိန်အထိ ဆွေးနွေးခြင်း မရှိသေးကြောင်း Araqchi က အတည်ပြုပြောကြားခဲ့သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷🇺🇸"အီရန်နှင့် အမေရိကန်တို့ သံတမန်ရေးရာနည်းလမ်းဖြင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်သဘောတူ"
အီရန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် သံတမန်ရေးရာနည်းလမ်းဖြင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
မကြာမီတွင် အစည်းအဝေးသစ်တစ်ခု ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။
လတ်တလောတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များသည် ၎င်းတို့၏ နိုင်ငံအသီးသီးသို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷🇺🇸🇴🇲"အိုမန်နိုင်ငံတွင် ပြုလုပ်လျက်ရှိသည့် အမေရိကန်/ အီရန်/ အိုမန် ဆွေးနွေးပွဲများပြီးဆုံး"
လတ်တလောတွင် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီဖြစ်ကာ ဆွေးနွေးပွဲအသစ်များ ပြုလုပ်ရန် အစီအစဉ်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။
ကိုယ်စားလှယ်အဖွဲ့များသည် ယနေ့ညတွင် ၎င်းတို့၏ တည်းခိုရာနေရာများသို့ အသီးသီးပြန်ကြရန် ဆုံးဖြတ်ခဲ့ကြပြီး တတိယအကြိမ်မြောက် အပြန်အလှန်ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်ပါ။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီ (Araqchi) သည် ယနေ့ည (သို့မဟုတ်) မနက်ဖြန်တွင် တီဟီရန်မြို့သို့ ပြန်လာဖွယ်ရှိပါသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇵🇰 💣 ပါကစ္စတန်နိုင်ငံ၊ မြို့တော် အစ္စလာမာဘတ်ရှိ ရှီးဟိုက်ဗလီတစ်ခုအား အမျိုးသမီးအသေခံဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူ ၃၁ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
ရုရှား ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီးဗ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခံရမှုကြောင့် မော်စကိုတွင် ဆေးရုံတင်ထားရ
ရုရှားဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီးဗ် (Lt. Gen. Vladimir Alekseev) ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတစ်ခုဖြစ် ပွားခဲ့ပြီး လက်ရှိတွင် ၎င်းမှာ မော်စကိုမြို့၌ ဆေးရုံတက်ရောက်ကုသနေရသည်။
သေနတ်သမားတစ်ဦးသည် လူနေအဆောက်အအုံတစ်ခုအတွင်း၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်လှစ်ထားပြီး သံသယရှိသူအား လိုက်လံရှာဖွေလျက်ရှိသည်။
News Of Myanmar NOM
201
အစ္စလာမာဘတ်မြို့မှာရှိတဲ့ ရှီးအိုက်ဗလီတခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ မြို့တော်မှာ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်နေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူအများအပြားသေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒဏ်ရာရသူ အများအပြားကို ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
News Of Myanmar NOM
201
ပြင်သစ်နိုင်ငံမှာ လူမှုမီဒီယာပလက်ဖောင်းအားလုံးအတွက် မျက်နှာ Scan ဖတ်တာ ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ အသက်အရွယ်အတည်ပြုတာမျိုး လုပ်ဆောင်ဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။ သမ္မတ မာခရွန်က အတည်ပြုခဲ့တာဖြစ်ပြီး “ဒါက ညစ်ညမ်းဝက်ဘ်ဆိုက်တွေမှာ ကျနော်တို့ လုပ်ခဲ့သလိုမျိုးပါပဲ” လို့ ပြောဆိုခဲ့ကာ “လူတိုင်းကို စစ်ဆေးသွားမှာဖြစ်တယ်” လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷🇺🇸🇴🇲အိုမန်နိုင်ငံရှိ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် နီးစပ်သည့် အီရန်သတင်းမြစ်တစ်ခုက ပြောကြားရာတွင် လက်ရှိအခြေအနေမှာ 'သံသယဖြစ်ဖွယ်' ရှိနေကြောင်းသိရသည်။
အီရန်ဘက်က အမေရိကန်အပေါ် အလွန်အမင်း မယုံကြည်သလို အမေရိကန်ဘက်က အမှန်တကယ် သဘောတူညီမှုရယူလိုခြင်း ရှိ၊ မရှိ ဆိုသည်ကိုလည်း အီရန်တို့က အသေအချာ မသိရသေးပေ။
News Of Myanmar NOM
201
ဟန်ဂေရီမှာ ဝန်ကြီးချုပ်အဖြစ် Orban ကို ပြန်လည်ရွေးကောက်တင်မြှောက်ဖို့အတွက် ထရမ့်က ထောက်ခံလိုက်ကာ ဂုဏ်ပြုစကားဆိုလိုက်ပါတယ်။ “စစ်မှန်တဲ့ မိတ်ဆွေ၊ တိုက်ခိုက်ရေးသမား၊ အနိုင်ရသူ” လို့ ထရမ့်က ဖော်ကျူးခဲ့ပါတယ်။ Orban ဟာ အီးယူက ယူကရိန်းကို ထောက်ပံ့နေမှုတွေကို အစဉ်တစိုက် ဆန့်ကျင်နေခဲ့သူလည်း ဖြစ်ပါတယ်။ ဟန်ဂေရီမှာ လာမယ့် ဧပြီလအတွင်း ရွေးကောက်ပွဲ ကျင်းပမှာလည်း ဖြစ်ပါတယ်။
News Of Myanmar NOM
201
ပြည်ပနိုင်ငံတွေကနေ အခွန်ကို တိုးမြှင့်ကောက်ခံနေချိန်မှာ ဒေါ်နယ်ထရမ့်က အမေရိကန်မှာ ဆေးဝါးစျေးနှုန်းတွေက ၆၀၀% အထိ ကျဆင်းနေပြီလို့ ပြောဆိုလိုက်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🗣 "ကျွန်တော် ကောင်းကင်ဘုံကို ရောက်သင့်ပါတယ်လို့ ထရမ့်ပြော"
ဝါရှင်တန်ဒီစီမှာ ဒီနေ့ကျင်းပတဲ့ အမျိုးသားဝတ်ပြုဆုတောင်းပွဲ (National Prayer Breakfast) အတောအတွင်း ဒေါ်နယ်ထရမ့်က ဘာသာရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အဲဒီမှာ သူက ပြီးခဲ့တဲ့လတွေတုန်းက (အထူးသဖြင့် ၂၀၂၅ အောက် တိုဘာလမှာ) သူ့ကိုယ်သူ "ကောင်းကင်ဘုံကို ရောက်ချင်မှရောက်မယ်" လို့ အရွှန်းဖောက်ခဲ့တာဟာ "နောက်ပြောင်ကျီစယ်ခဲ့တာ သက်သက်ပါ" လို့ ဆိုပါတယ်။
👼 ဒီနေ့မှာတော့ သူက အဲဒီသဘောထားကို ပြန်ပြင်လိုက်ပြီး သူဟာ ကောင်းကင်ဘုံကို တက်လှမ်းဖို့ အရည်အချင်းပြည့်မီကြောင်း အခုလို အာမခံပြောကြားခဲ့ပါတယ် -
"ကျွန်တော် တကယ်ပဲ (ကောင်းကင်ဘုံကို) ရောက်သင့်တယ်လို့ ထင်ပါတယ်။ ဆိုလိုတာက ကျွန် တော်ဟာ အပြစ်ကင်းစင်တဲ့ ကိုယ် စားလှယ်လောင်း တစ်ယောက် တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန် တော်ဟာ အပြစ်ကင်းစင်တဲ့ လူသားတွေအတွက်တော့ ကောင်းမှုကိစ္စတွေကို အများကြီး လုပ်ဆောင် ပေးခဲ့တာလေ။"
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷❗️ အီရန်-အမေရိကန် ဆွေးနွေးပွဲမစတင်မီ အီရန်က နောက်ဆုံးပေါ် ခိုရမ်ရှာ-၄ (Khorramshahr-4) ပဲ့ထိန်းဒုံးကျည်များကို စစ်ဆင်ရေးတာဝန်များတွင် စတင်အသုံးပြုရန် ဖြန့်ကြက်ထား
အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် အီရန်-အမေရိကန် ဆွေးနွေးပွဲမစတင်မီ ၎င်းတို့၏ နောက်ဆုံးပေါ် တာဝေးပစ် ခိုရမ်ရှာ-၄ (Khorramshahr-4) ပဲ့ထိန်းဒုံးကျည်များကို စစ်ဆင်ရေးတာဝန်များတွင် စတင်အသုံးပြုရန် ဖြန့်ကြက်ထားကြောင်းသိရသည်။
အဆိုပါ ခိုရမ်ရှာ-၄ ပဲ့ထိန်းဒုံးကျည်များသည် ကီလိုမီတာ ၂,၀၀၀ (မိုင်ပေါင်း ၁,၂၀၀) အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး ကီလိုဂရမ် ၁,၅၀၀ (ပေါင် ၃,၃၀၀) အလေးချိန် ရှိသော ပေါက်ကွဲစေတတ်သည့် ထိပ်ဖူးကို သယ်ဆောင်နိုင်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷 🇺🇸🚨အိုမန်နိုင်ငံ၊ မတ်စကတ်မြို့တော်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ သောကြာနေ့၌ ကျင်းပမည့် အီရန်-အမေရိကန်ဆွေးနွေးပွဲ မစတင်မီ၌ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသားများကို အီရန်နိုင်ငံမှ ချက်ချင်းထွက်ခွာသွားရန် အကြံပြုတိုက်တွန်းချက်ထုတ်ပြန်ခဲ့သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
ရန်ပုံငွေ အကျပ်အတည်းကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီ ရပ်ဆိုင်းလုနီးပါးဖြစ်နေ
🚨အကြီးအကဲ ဖော်လ်ကာ တာ့ခ် (Volker Turk) က ရန်ပုံငွေအကျပ်အတည်းကြောင့် ရုံးလုပ်ငန်းများမှာ 'ရှင်သန်နိုင်ရေးအတွက် ရုန်းကန်နေရသည့်အခြေအနေ' (Survival Mode) သို့ ရောက်ရှိနေကြောင်း သတိပေးနှိုးဆော်လိုက်သည်။
💵ယခုနှစ် အသုံးစရိတ်များအတွက် ဒေါ်လာသန်း ၄၀၀ ကူညီထောက်ပံ့ပေးရန် တောင်းဆိုထားသည်။
News Of Myanmar NOM
201
Repost from News Of Myanmar
💰📉ဘစ်ကွိုင် (Bitcoin) ဈေးနှုန်းကျဆင်းမှုက အခြားသော ပိုင်ဆိုင်မှုတန်ဖိုးများကိုပါ ဆွဲချသွားနိုင်သည့် အန္တရာယ်ရှိနေသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့တွင် BTC ဈေးနှုန်းသည် ဒေါ်လာ ၆၇,၀၀၀ အောက်သို့ ထိုးဆင်းသွားခဲ့ပြီး ခရစ်ပတိုဈေးကွက်အတွင်း စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။
သို့သော်လည်း အခြေအနေများမှာ ယခုထက်ပို၍ ဆိုးရွားလာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သတိပေးထားကြသည်။
🚨Michael Burry ၏ သတိပေးချက်: "Big Short" ရုပ်ရှင်ဖြင့် လူသိများသည့် နာမည်ကျော် ရင်းနှီးမြှုပ်နှံသူ Michael Burry က ဘစ်ကွိုင်၏ "စိတ်ပျက်စရာကောင်းသော" ဈေးကျဆင်းမှုသည် ဘဏ္ဍာရေးဈေးကွက်တစ်ခုလုံးကိုပါ ရိုက်ခတ်စေမည့် "အပြန်အလှန် ဆက်နွှယ်နေသော ပျက်စီးမှုသံသရာ" ကို ဖြစ်ပေါ်စေနိုင်ကြောင်း ယခင်ကတည်းက သတိပေးခဲ့ဖူးသည်။
📌ခန့်မှန်းချက်အရ: Burry ၏ အဆိုအရ ဘစ်ကွိုင်သည် ငွေကြေးတန်ဖိုးကျဆင်းမှု သို့မဟုတ် ပထဝီနိုင်ငံရေးအန္တရာယ်များအတွက် ယုံကြည်စိတ်ချရသည့် အကာအကွယ် တစ်ခု မဟုတ်ဘဲ ခန့်မှန်းတွက်ချက် ကစားသည့် သဘောသက်သက် သာ ဖြစ်နေကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
🪙🪙ရွှေနှင့် ငွေ: မကြာသေးမီက ဈေးနှုန်းအနည်းငယ်ကျဆင်းပြီးနောက် ပြန်လည်မြင့်တက်လာသည့် ရွှေနှင့် ငွေ တို့နှင့်မတူဘဲ ထိပ်တန်းခရစ်ပတိုဖြစ်သော ဘစ်ကွိုင်မှာမူ အရေးကြီးသော အထောက်အပံ့အဆင့်အတော်များများကို ချိုးဖျက်ပြီး ဆက်တိုက်ကျဆင်းနေခြင်းဖြစ်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇧🇷🤝🇵🇸 ဘရာဇီးသမ္မတ လူဝစ် အီနာစီယို လူလာ ဒါ ဆေးလ်ဗား (Luiz Inácio Lula da Silva) သည် ဘရာဇီးနိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်သစ် မာဝမ် ဂျီဘရီလ် (Marwan Jibril) အား မြို့တော် ဘရာစီးလီးယားတွင် ကျင်းပသည့် သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား၌ လက်ခံတွေ့ဆုံခဲ့သည်။
အထိမ်းအမှတ် အမူအရာတစ်ခုအနေဖြင့် သမ္မတ လူလာသည် ပါလက်စတိုင်းတို့၏ မည်သူမည်ဝါဖြစ်မှုနှင့် ခုခံတွန်းလှန်မှုဆိုင်ရာ အထင်ကရသင်္ကေတဖြစ်သော ပါလက်စတိုင်းပုဝါ (Keffiyeh) ကို လက်ခံရယူကာ ဝတ်ဆင်ခဲ့သည်။
ဤလုပ်ရပ်သည် ပါလက်စတိုင်းတို့၏ ရပိုင်ခွင့်များအပေါ် ဘရာဇီးနိုင်ငံ၏ ထောက်ခံအားပေးမှုကို ထပ်လောင်းအတည်ပြုလိုက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြသည်။
News Of Myanmar NOM
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
