NOM
رفتن به کانال در Telegram
204
مشترکین
+324 ساعت
+37 روز
-430 روز
آرشیو پست ها
204
ဗင်နီဇွဲလားအလှည့်ပြီးသွားတဲ့နောက် အီရန်နဲ့ ဒိန်းမတ်တို့ အလှည့်ကျလာလိမ့်မယ်လို့ The Guardian က ရေးသားလိုက်ပါတယ်။
ဗင်နီဇွဲလားပြီးနောက် အမေရိကန်ရဲ့ နောက်ထပ်ပစ်မှတ်ဟာ အီရန်နဲ့ အမေရိကန်ရဲ့ မဟာမိတ် ဒိန်းမတ်တို့ ဖြစ်လာမယ်လို့ ဆိုထားပါတယ်။ Greenland ဒေသဟာ အမေရိကန်ဗျူဟာသမားတွေရဲ့ အာရုံစိုက်မှုကို အချိန်ကြာမြင့်စွာကတည်းက ဆွဲဆောင်ထားခဲ့တာပါ။ Trump ကလည်း Tehran အပေါ် "ဆန္ဒပြသူတွေကိုကာကွယ်ခြင်း" ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်ခဲ့ပြီး ကိုပင်ဟေဂင်ကိုလည်း ဒိန်းမတ်ပိုင် နယ်မြေကို "လိုအပ်ပါက ဘယ်နည်းနဲ့မဆို ထိန်းချုပ်နိုင်တယ်ဆိုတာ" ကို အမေရိကန်က တိုက်ရိုက် ခြိမ်းခြောက်နေပါတယ်။
NOM
204
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို လေယာဉ်နဲ့ခေါ်ဆောင်ခဲ့ပြီးနောက် အမေရိကန်ကို ရောက်ရှိလာခဲ့တဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
NOM
204
ဗင်နီဇွဲလားရဲ့ နိုင်ငံရေးအနာဂတ်ကို အမေရိကန်က ဆုံးဖြတ်ပေးသွားမှာဖြစ်ပြီး ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေမှာလည်း တိုက်ရိုက်ပါဝင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။
NOM
204
မာဒူရိုကို ပြန်ပေးဆွဲဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်ဟာ တရုတ်နဲ့ ပြသနာမရှိဘူးလို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ကာ ဘေဂျင်းအနေနဲ့ ဗင်နီဇွဲလားဆီကနေ ရေနံ ထပ်မံရရှိနေဦးမယ်လို့လည်း ဆိုပါတယ်။ ဗင်နီဇွဲလားရဲ့ ရေနံစျေးကွက်ကို အမေရိကန်က ထိန်းချုပ်သွားမှာဖြစ်ကာ တရုတ်ကို ဆက်လက်ရောင်းချပေးမယ်လို့ ထရမ့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
NOM
204
အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထောက်လှမ်းရေးအဖွဲ့ဟာ Isfahan မှာ မငြိမ်သက်မှုတွေကို ဦးဆောင်နေတဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
အဆိုပါ အအမျိုးသမီးတွေဟာ မိန်းကလေးတွေနဲ့ ယောကျာ်းလေးတွေ ပါဝင်တဲ့ ၃၀ ဦးအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ဂျာမနီက အေးဂျင့်ထောက်လှမ်းရေးလို့ ယူဆရတဲ့ သူတဦးဆီက ငွေကြေးလက်ခံရရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ရဲတွေရှေ့မှာ စီးကရက်သောက်ပြပြီး မထီမဲ့မြင်ပြုလုပ်ဖို့အတွက် ခိုင်းစေခံခဲ့ရကာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ဖို့ကိုလည်း စီစဉ်ထားပြီး သူတို့ကို ထိမိတာနဲ့ မြေကြီးပေါ်လှဲချကာ ရဲတွေက ငါတို့ကို တိုက်ခိုက်နေတယ်လို့ အော်ဟစ်ရမယ်ဆိုပြီး ညွှန်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဂျာမနီက အေးဂျင့်ဆိုသူနဲ့ အဆက်အသွယ်ရှိတဲ့ အဓိကပုဂ္ဂိုလ်တဦးဖြစ်ပြီး အဆိုပါလူက ငွေကြေးပေးချေကာ အခြားသူတွေဆီကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ သူတို့ဟာ စုစုပေါင်း Tomans ငွေကြေး ၅ သန်းအထိ ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာအားဖြင့် ၃၉ ဒေါ်လာရှိပါတယ်။
NOM
204
“အမေရိကန်အနေနဲ့ လက်တင်အမေရိကမှာ ဒီမိုကရေစီကို အာရုံစိုက်ရမှာမဟုတ်ပါဘူး” - အငြိမ်းစား အမေရိကန်ဗိုလ်ချုပ် Laura Richardson ရဲ့ အရင်တုန်းက ပြောဆိုခဲ့မှု
“အမေရိကန်အနေနဲ့ လက်တင်အမေရိကမှာ ဒီမိုကရေစီကို အာရုံစိုက်ရမှာမဟုတ်ဘဲ ရေနံ၊ လီသီယမ်၊ ရွှေနဲ့ ရှားပါးသတ္ထုတွေကို ထိန်းချုပ်ရမှာပါ၊ ဗင်နီဇွဲလားမှာ အကြီးမားဆုံး ရေနံသိုက်နဲ့ မဟာဗျူဟာကျတဲ့ အရင်းအမြစ်တွေ အများကြီးရှိပါတယ်၊ ဗင်နီဇွဲလားရဲ့ အဓိက စွမ်းအင်တင်ပို့မှုက တရုတ်ကိုပါ၊ အခုတော့ ရပ်တန့်ရပါလိမ့်မယ်၊ Somaliland နဲ့ တောင်ယီမင်တို့ကို ဩဇာခံနိုင်ငံသစ်တွေအဖြစ်နဲ့ ဖန်တီးပြီး ပင်လယ်နီကတဆင့် တရုတ်ကို တင်ပို့မှု၊ တင်သွင်းမှုတွေကို ပိတ်ဆို့ဖန်တီးရပါမယ်”
NOM
204
“ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နီကာရာဂွာတို့က ရုရှားနဲ့ ဆက်ဆံရေးရှိတယ်၊ ဒီဒေသတွေက ဘာကြောင့် အရေးကြီးတာလဲဆိုရင် ကြွယ်၀တဲ့ အရင်းအမြစ်တွေနဲ့ ရှားပါးဒြပ်စင်တွေကြောင့်ပါ။
ဒီနေ့ခေတ် နည်းပညာအတွက် လိုအပ်တဲ့ lithium triangle ရှိနေတယ်။ ကမ္ဘာ့ lithium ရဲ့ ၆၀% က အဲဒီမှာ ရှိတာပါ၊ အာဂျင်တီးနား၊ ဘိုလီဗီးယား၊ ချီလီတို့မှာပါ။ အကြီးမားဆုံး ရေနံသိုက်တွေရှိတယ်၊ Guyana မှာဆိုရင် လွန်ခဲ့တဲ့ တနှစ်ကျော်က ရှာတွေ့ခဲ့တဲ့ white sweet ရေနံစိမ်းတွေ ရှိပါတယ်၊ ဗင်နီဇွဲလားဆိုရင် ရေနံ၊ ကြေးနီနဲ့ ရွှေတို့လို အရင်းအမြစ်တွေရှိတယ်၊ ကမ္ဘာကြီးရဲ့ lungs (အဆုတ်) လို့ တင်စားခံထားရတဲ့ အမေဇုန်လည်း အဲဒီဒေသမှာပါ။
ကမ္ဘာ့ရေချို ၃၀% က လက်တင်အမေရိကမှာပါ၊ ဒါက စာရင်းဇယားထဲတွေမှာပဲ ရှိနေတာမျိုး မဟုတ်ဘဲ ကျွန်မတို့မှာ လုပ်စရာတွေ အများကြီးရှိပါတယ်၊ ဒီဒေသက အရမ်းအရေးကြီးပါတယ်၊ အမျိုးသားလုံခြုံရေးနဲ့ အများကြီးသက်ဆိုင်ပြီး ကျွန်မတို့ရဲ့ ကစားပွဲကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။”
NOM
204
ဗင်နီဇွဲလားဟာ ကမ္ဘာ့အကြီးမားဆုံး အရန်ရေနံသိုက်တွေ ပိုင်ဆိုင်ထားပြီး အမေရိကန်ထက် ၅ ဆအထိ ပိုမိုများပြားပါတယ်။ ဒါပေမယ့် ၂၀၂၃ မှာ အမေရိကန်က ရေနံစိမ်း ဒေါ်လာ ၁၂၅ ဘီလျံအထိ တင်ပို့ခဲ့ပြီး
ပိတ်ဆို့မှုခံထားရတဲ့ ဗင်နီဇွဲလားထက် အများကြီးပိုများခဲ့ပါတယ်။
NOM
204
၁၉၉၀ တုန်းက ဒီလိုနေ့မျိုးမှာပဲ ပနားမားသမ္မတ Manuel Noriega ဟာ အမေရိကန်တပ်ဖွဲ့တွေဆီ ဖမ်းဆီးခံခဲ့ရပါတယ်။
သူဟာ ဗင်နီဇွဲလားသမ္မတ မာဒူရိုလိုပဲ မူးယစ်ဆေးဝါးရောင်းဝယ်မှု စွဲချက်တွေကို ရင်ဆိုင်ခဲ့ရတာပါ။
နောက်ပိုင်းမှာ သူ့ကို ထောင်ဒဏ် နှစ် ၄၀ အထိ ချမှတ်ခံခဲ့ရပါတယ်။
NOM
204
အမှန်တကယ်အားဖြင့် ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာမဟုတ်ဘဲ အမေရိကန်နဲ့ နောက်ကွယ်တွင် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ကာ တိုင်းပြည်တွင်းက ထွက်ခွာပေးခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တခုက Sky News ကို ပြောဆိုခဲ့ပါတယ်။
NOM
204
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါပြီ။
“အမေရိကန်ဟာ ဗင်နီဇွဲလားကို ကြီးမားတဲ့တိုက်ခိုက်မှုတခု အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီး သူတို့ရဲ့ ခေါင်းဆောင် မာဒူရိုနဲ့ ဇနီးဖြစ်သူတို့ကို ဖမ်းမိခဲ့ကာ တိုင်းပြည်တွင်းကနေ လေကြောင်းဖြင့်သယ်ထုတ်သွားပြီဖြစ်ပါတယ်၊ ဒီစစ်ဆင်ရေးကို အမေရိကန်ဥပဒေစိုးမိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ၊ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဖော်ပြသွားမယ်၊ ဒီနေ့ နံနက်ပိုင်း ၁၁ နာရီမှာ Mar-a-Lago မှာ သတင်းစာရှင်းလင်းပွဲတခု လုပ်ဆောင်ဖို့ရှိပြီး ဒီကိစ္စအပေါ် အာရုံစိုက်ပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်” လို့ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
NOM
204
ဗင်နီဇွဲလားကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ အနိုင်ရနိုင်ခြေက သိသိသာသာကျဆင်းသွားခဲ့ပါတယ်။
ထရမ့်အတွက် အကြီးမားဆုံး အမှားတခုကတော့ အထူးသဖြင့် စီးပွားရေးအရ အတွင်းပိုင်းမှာ အခြေအနေတွေ အရမ်းဆိုးရွားနေပြီး သူ ထင်သလို ဖြစ်မလာခဲ့တဲ့နောက်မှာ ဗင်နီဇွဲလားကို ဗုံးကြဲဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ယူဆစရာ ရှိပါတယ်။
NOM
204
အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံအရင်းအမြစ်တွေကို အကြောင်းပြချက်များစွာအတွက် လိုအပ်နေခဲ့ပေမယ့် အရေးအကြီးဆုံးအချက်က အီရန်ကို ဆင်နွှဲမယ့် စစ်ပွဲအတွက် ရည်ရွယ်တယ်လို့ သတင်းအချက်အလက် သိရှိထားသူက Resistance Trench ကို ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလားရဲ့ ရေနံအရင်းအမြစ်တွေကို အမေရိကန်က ထိန်းချုပ်ဖို့ ကြိုးစားတာဟာ အီရန်နဲ့ စစ်ပွဲဖြစ်ပွားရင် ရေနံစျေးနှုန်းကို ထိန်းချုပ်ဖို့၊ ဟော်မုဇ်ရေလက်ကြား ပိတ်သွားခဲ့မယ်ဆို သက်ရောက်မှုကို လျှော့ချဖို့ ရည်ရွယ်ထားပါတယ်။
ဗင်နီဇွဲလားကို တိုက်ခိုက်ပြီးရင် အမေရိကန်နဲ့ အစ္စရေးဟာ အီရန်ရဲ့ ရေနံစက်ရုံတွေအပြင် နူကလီးယားနဲ့ ဒုံးကျည်စခန်းတွေကို လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်တဲ့ စစ်ပွဲအတွက် ပြန်လည်ဦးတည်လာမယ်လို့ဆိုပါတယ်။ အီရန်အပေါ် တိုက်ခိုက်မှုကို ၂၀၂၇ မတိုင်ခင်မှာ အပြီးသတ်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
ဗင်နီဇွဲလားကို တိုက်ခိုက်ပြီးပါက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို အမှန်တကယ်ပဲ တိုက်ခိုက်မှု လုပ်တော့မှာလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ ဗင်နီဇွဲလားကို တိုက်ခိုက်မှုမစတင်ခင် ထရမ့်က အီရန်ဆန္ဒပြမှုတွေအတွင်း ပြည်သူတွေကို သတ်ဖြတ်မယ်ဆိုရင် ကြားဝင်စွက်ဖက်မယ်လို့ ပေါ်တင်ပြောဆိုခဲ့ပါတယ်။
NOM
204
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဗင်နီဇွဲလားကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို အရေးတကြီးတုံ့ပြန်မှုတခုလုပ်ဖို့ ကျူးဘားသမ္မတက တောင်းဆိုလိုက်ပါတယ်။
တူရကီသမ္မတအာဒိုဂန်ရဲ့ အကြံပေးဖြစ်သူကလည်း တူရကီက ဗင်နီဇွဲလားနဲ့အတူ ရှိတယ်လို့ ရေးသားပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မကြာခင်မှာ ကြေညာချက်တစောင် ထုတ်ပြန်မယ်လို့ ပြောဆိုထားပါတယ်။
NOM
204
ဗင်နီဇွဲလားကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့အပေါ် တူရကီသမ္မတ အာဒိုဂန်ရဲ့ အကြံပေးဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
“အမေရိကန်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုပါ၊ အရှေ့အလယ်ပိုင်းက သွေးဆာနေတဲ့ အစ္စရေးနဲ့အတူ ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သူတို့ရဲ့ ရက်စက်မှုကို ဆက်လုပ်ဆောင်နေတာပါ၊ ဗင်နီဇွဲလားပြည်သူတွေနဲ့အတူ သမ္မတမာဒူရိုကို ထောက်ခံပါတယ်၊ ဒီ ရက်စက်ကြမ်းကြုတ်မှုအတွက် အပြစ်မပေးဘဲ မနေသင့်ပါဘူး” လို့ X မှာ Cemil Ertem က ရေးသားခဲ့ပါတယ်။
NOM
204
"ငြိမ်းချမ်းရေးသမ္မတအဖြစ် ထရမ့်ကို သမိုင်းက မှတ်မိနေပါလိမ့်မယ်"
ဒီဇင်ဘာလအစောပိုင်းတုန်းက ကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ပြောခဲ့တာပါ။
လက်ရှိမှာတော့ ထရမ့်ဟာ ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်ကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။
NOM
204
ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် အမေရိကန်က ကြားဝင်စွက်ဖက်ရလိမ့်မယ်လို့ ထရမ့်က ပြောဆိုခဲ့ပြီးနောက် အီရန်ခေါင်းဆောင်တွေက အပြင်းအထန်ဝေဖန်လိုက်ကာ ဝါရှင်တန်က ဝင်ရောက်စွက်ဖက်မယ်ဆိုရင် အီရန်ဘက်ကလည်း ဒေသတွင်းက အမေရိကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထားနိုင်တယ်လို့ ပြန်လည်ခြိမ်းခြောက်လိုက်ပါတယ်။
အီရန်ပြည်တွင်းရေးကို အမေရိကန်ဝင်ရောက်စွက်ဖက်မယ့်အပေါ်မှာလည်း ပြင်းပြင်းထန်ထန် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး ဒေသတခုလုံးမှာ တိုက်ခိုက်မှုတွေနဲ့ အမေရိကန်အကျိုးစီးပွား ပျက်စီးတာတွေဖြစ်လာလိမ့်မယ်လို့ အီရန်အမျိုးသားလုံခြုံရေးအကြီးအကဲ အလီလာရီဂျာနီက X မှာ ရေးသားခဲ့ပါတယ်။
အီရန်ခေါင်းဆောင် အလီခါမေနီရဲ့ အနီးကပ်အကြံပေးတဦးဖြစ်တဲ့ အလီရှမ်ခါနီကလည်း အီရန်အမျိုးသားလုံခြုံရေးက red line ဖြစ်နေပြီလို့ ကြေညာခဲ့ပါတယ်။ အီရန်ကို ဝင်ရောက်စွက်ဖက်မှုအတိုင်းကလည်း ဝမ်းနည်းဖွယ်ရာတုံ့ပြန်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။
NOM
204
လူပေါင်း အယောက် ၄၀ အထိ သေဆုံးခဲ့ကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ဆွစ်ဇာလန် ဘားတခု မီးလောင်ရတဲ့ အကြောင်းရင်းဟာ ရှန်ပိန်ပုလင်းထိပ်တွေမှာ တပ်ဆင်ထားတဲ့ မီးရှူးမီးပန်းတွေကြောင့် ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
ရှန်ပိန်ပုလင်းကိုင်ဆောင်ထားသူတွေက လက်မြှောက်ချိန်မှာ မျက်နှာကျက်နဲ့ အရမ်းနီးကပ်နေခဲ့ပြီး အဲဒီကတဆင့် လောင်ကျွမ်းမှုဖြစ်နိုင်တယ်လို့ Valais ပြည်နယ်ရှေ့နေချုပ် Beatrice Pilloud က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီး ပုလင်းကိုင်ဆောင်ခဲ့သူတွေ အသက်ရှင်သန်နေသေးတယ်ဆိုရင် အမှုဖွင့်ကာ တရားစွဲမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
NOM
204
Neyshabur က နေအိမ်တလုံးကို အီရန်လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ကာ အမျိုးသမီးတဦးကို ဖမ်းဆီးခဲ့ပါတယ်။ လာမယ့်ရက်တွေအတွင်း အီရန်မှာ အကြမ်းဖက်အဓိကရုဏ်းတွေ ဖြစ်ပွားလာဖို့အတွက် မော့ဆက်ရဲ့ လမ်းညွှန်မှုကို ရရှိထားတဲ့ အမျိုးသမီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
NOM
204
မငြိမ်သက်မှုတွေ ဖြစ်ပွားနေတဲ့ အီရန်မှာ မော့ဆက်အေးဂျင့်တွေ လှုပ်ရှားနေတယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo က X မှာ ရေးသားခဲ့ပါတယ်။
အီရန်မြို့ပေါင်းများစွာမှာ ဆန္ဒပြမှုတွေ ပြင်းထန်နေပြီး Basij တပ်ဖွဲ့တွေ ဖိအားပေးခံနေရချိန်မှာ မော့ဆက်အေးဂျင့်တွေက လက်တွေ့ကျကျ လှုပ်ရှားနေတယ်လို့ သူက ဆိုပါတယ်။
“လမ်းမတွေပေါ်က အီရန်နိုင်ငံသားတိုင်း ပျော်ရွှင်စရာနှစ်သစ်ပါဗျာ၊ သူတို့ဘေးမှာ လမ်းလျှောက်နေကြတဲ့ မော့ဆက်အေးဂျင့်တိုင်းလည်း ပျော်ရွှင်ပါစေ”လို့ Pompeo က ရေးသားခဲ့တာ ဖြစ်ပါတယ်။
NOM
