fa
Feedback
NOM

NOM

رفتن به کانال در Telegram

NOM Official Backup Channel - 2

نمایش بیشتر
ميانمار37 771دسته بندی مشخص نشده است
202
مشترکین
-124 ساعت
+27 روز
-430 روز
آرشیو پست ها
NOM
202
Rosneft နဲ့ Lukoil ရေနံကုမ္ပဏီကြီးတွေကို အမေရိကန်က ပိတ်ဆို့မှုတွေလုပ်ခဲ့ပြီးနောက် တရုတ်နဲ့ အိန္ဒိယဟာ ရုရှားရေနံတင်သွင်းမှုကို
Rosneft နဲ့ Lukoil ရေနံကုမ္ပဏီကြီးတွေကို အမေရိကန်က ပိတ်ဆို့မှုတွေလုပ်ခဲ့ပြီးနောက် တရုတ်နဲ့ အိန္ဒိယဟာ ရုရှားရေနံတင်သွင်းမှုကို လျှော့ချလိုက်တယ်လို့ Reuters က ဆိုပါတယ်။ NOM

NOM
202
ဗင်နီဇွဲလားမှာ ခရီးသည်တင်လေယာဉ်တစင်း ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာကြောင့် ခရီးသည် ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး PA-31T Cheyenne မော်ဒယ်လ်အမျိုးအစား လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ဟာ ပျံတက်ခါစမှာပဲ တိမ်းစောင်းသွားခဲ့ပြီး မြေပြင်ပေါ်ကို တောင်ပံနဲ့ ပြုတ်ကျခဲ့ကာ မီးတောက်လောင်ခဲ့ပါတယ်။ မျက်မြင်တွေ့ရှိသူတွေဟာ ထိတ်လန့်တကြား အော်ဟစ်နေခဲ့ကြပါတယ်။ Paramillo လေဆိပ်ကနေ ထွက်ခွာလာခဲ့ပြီးနောက် Paramillo Airfield မှာ ပျက်ကျခဲ့တာပါ။ ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့်လို့ ကနဦး သုံးသပ်မှုတွေ ရှိနေပါတယ်။ NOM

NOM
202
“ယူကရိန်းအတွက်နဲ့တော့ ငါတော့ မသေချင်ဘူး” Republic Day အဖြစ် ဟန်ဂေရီပြည်သူတွေက ချီတက်ခဲ့ရာမှာ ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဆန္ဒကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ဟန်ဂေရီဟာ ဒီပဋိပက္ခမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို ရုရှားနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေကို ပုံမှန်အတိုင်း လုပ်ဆောင်နေတဲ့ ဥရောပနိုင်ငံဖြစ်ပါတယ်။ NOM

NOM
202
ဗင်နီဇွဲလားမှာ တန်ပြန်ပစ်ခတ်ဖို့အတွက် ရုရှားလေယာဉ်ပစ်ဒုံးကျည် ၅၀၀၀ အထိ အသင့်ရှိနေတယ်လို့ မာဒူရိုက ထရမ့်ကို သတိပေးလိုက်ပါတယ်။ NOM

NOM
202
ဘယ်လာရုစ်ကနေ မှောင်ခိုတင်သွင်းလာတဲ့ စီးကရက်တွေကို သယ်ဆောင်လာတဲ့ မိုးပျံပူဖောင်းတွေကြောင့် လစ်သူယေးနီးယားရဲ့ အဓိကလေဆိပ်ဟာ အလုပ
ဘယ်လာရုစ်ကနေ မှောင်ခိုတင်သွင်းလာတဲ့ စီးကရက်တွေကို သယ်ဆောင်လာတဲ့ မိုးပျံပူဖောင်းတွေကြောင့် လစ်သူယေးနီးယားရဲ့ အဓိကလေဆိပ်ဟာ အလုပ်ရှုပ်သွားခဲ့ရပါတယ်။ Vilnius လေဆိပ်မှာ မနေ့ညက ဖြစ်ပွားခဲ့ပြီး ခရီးသည် ၄၀၀၀ နဲ့ လေယာဉ်အစင်း ၃၀ အထိ အကျိုးဆက်ကို ရင်ဆိုင်ခဲ့ရပါတယ်။ အစောပိုင်းမှာ သူလျှိုပူဖောင်းတွေလို့ ထင်မှတ်ခဲ့ပေမယ့် စုံစမ်းမှုတွေလုပ်ခဲ့ပြီးနောက် စီးကရက်တွေ မှောင်ခိုတင်သွင်းတဲ့ ပူဖောင်းတွေဖြစ်ခဲ့ကာ လစ်သူယေးနီးယားရဲ့ နယ်မြေ ၅ ခုထက်မနည်းမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ NOM

NOM
202
တရုတ်နိုင်ငံ၊ ရှန်ကျန်းမှာ မောင်းသူမဲ့ ပို့ဆောင်ရေး ဗင်ကား အစီး ၁၀၀၀၀ အထိ လည်ပတ်နေပြီဖြစ်ကာ ၁၀ နှစ်အတွင်း အစီးရေ ၁၀ သန်းအထိ တိုးချဲ့သွားဖို့ စီစဉ်နေပါတယ်။ စျေးပေါပေါနဲ့ ထုတ်လုပ်နိုင်ပြီး ၅၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်တယ်လို့လည်း ဆိုပါတယ်။ မကြာခင် ဒီလို ဗင်ကားတွေကို တကမ္ဘာလုံးမှာ မြင်တွေ့လာရဖို့လည်း ရှိနေပြီဖြစ်ပါတယ်။ NOM

NOM
202
ဥရောပ သူလျှိုအေဂျင်စီတွေဟာ နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်လာကြပြိးနောက် အမေရိကန်နဲ့ အချို့သောအချက်အလက်တွေ
ဥရောပ သူလျှိုအေဂျင်စီတွေဟာ နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်လာကြပြိးနောက် အမေရိကန်နဲ့ အချို့သောအချက်အလက်တွေ မျှဝေမှုကို ကန့်သတ်လာကြတယ်လို့ Politico က ဖော်ပြခဲ့ပါတယ်။ NOM

NOM
202
အမေရိကန်အစိုးရ shutdown လုပ်နေချိန်အတွင်း ဂျာမနီဟာ သူတို့နိုင်ငံတွင်းမှာ တပ်စွဲထားတဲ့ ကန်စစ်သားတွေအတွက် လစာပေးချေဖို့ အသင့်ဖြ
အမေရိကန်အစိုးရ shutdown လုပ်နေချိန်အတွင်း ဂျာမနီဟာ သူတို့နိုင်ငံတွင်းမှာ တပ်စွဲထားတဲ့ ကန်စစ်သားတွေအတွက် လစာပေးချေဖို့ အသင့်ဖြစ်နေတယ်လို့ AFP က ဆိုပါတယ်။ ကန်စစ်တပ်အခြေစိုက်စခန်းတွေက ဒေသတွင်းဝန်ထမ်း ၁၁၀၀၀ ခန့်ကို လစာတွေ ပေးချေသွားမှာဖြစ်ပါတယ်။ ဒါဟာ ဂျာမန်ဥပဒေတွေကို ချိုးဖောက်မှုဖြစ်လာမှာဆိုပေမယ့် ဒီအတွက် ဖြေရှင်းချက်လုပ်သွားဖို့လည်း ပြင်ဆင်နေပါတယ်။ NOM

NOM
202
ယူကရိန်းအတွက် သံချပ်ကာယာဉ် ၂၅ စီး ထောက်ပံ့ပေးမယ့် အစီအစဉ်ကို ကနေဒါက ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီး McGuinty က
ယူကရိန်းအတွက် သံချပ်ကာယာဉ် ၂၅ စီး ထောက်ပံ့ပေးမယ့် အစီအစဉ်ကို ကနေဒါက ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီး McGuinty က စာချုပ်ကို ဖျက်သိမ်းရတဲ့ အကြောင်းရင်းကို ပြောဆိုဖို့ ငြင်းဆန်ခဲ့ပြီး အဆိုပါစာချုပ်တန်ဖိုးဟာ ဒေါ်လာသန်း ၂၅၀ အထိ တန်ကြေးရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ Photo : RT NOM

NOM
202
ဂါဇာမှာ ပစ္စည်းခိုးယူသူလို့ သံသယရှိတဲ့ ပါလက်စတိုင်းတဦးကို ဟားမတ်စ်တို့က ခြေထောက်ကို သံတုတ်နဲ့ ရိုက်ပြီး ချိုးခဲ့တဲ့ ရုပ်သံဖိုင်က ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဌာနကလည်း ဒါကို ဖော်ပြခဲ့ပြီး ပြန်လည်ထိန်းချုပ်ထူထောင်ရေးလုပ်ဖို့ ကြိုးပမ်းနေချိန်မှာ ပါလက်စတိုင်းအရပ်သားတွေကို ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်နေတယ်လို့ ဆိုခဲ့ပါတယ်။ NOM

NOM
202
လစ်ဗျားအာဏာရှင် ကဒါဖီဆီကနေ ငွေကြေးလက်ခံရယူပြီး ၂၀၀၇ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက်
လစ်ဗျားအာဏာရှင် ကဒါဖီဆီကနေ ငွေကြေးလက်ခံရယူပြီး ၂၀၀၇ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက် ပြင်သစ်သမ္မတဟောင်း ဆာကော်ဇီဟာ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံလိုက်ရပြီဖြစ်ပါတယ်။ မနေ့က သူ့ကို La Sante အကျဉ်းထောင်ဆီ ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကာ ကားပေါ်မတက်ခင်မှာ ဇနီးသည်ကို Kiss ပေးခဲ့ပြီး သူ့ကိုထောက်ခံသူတွေကို လက်ဝှေ့ယမ်းပြနှုတ်ဆက်သွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံးပြင်သစ်သမ္မတအဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ Personal မိုဘိုင်းလ်ဖုန်းလည်း အသုံးပြုခွင့်ရမှာမဟုတ်ဘူးလို့သိရကာ အသက် ၇၂ နှစ်အရွယ် သမ္မတဟောင်းဟာ အကျဉ်းထောင်အတွင်း ၅ နှစ်တိတိ အချိန်ကုန်ဆုံးရတော့မှာလည်း ဖြစ်ပါတယ်။ NOM

NOM
202
ယူရေနီယမ် ထောက်ပံ့ရေးကွင်းဆက်တွေကို ရုရှားက ချုပ်ကိုင်ထိန်းချုပ်မှုကို တန်ပြန်ဖို့ ကြိုးစားတဲ့အနေနဲ့ အမေရိကန်ဟာ နူကလီးယားစွမ်
ယူရေနီယမ် ထောက်ပံ့ရေးကွင်းဆက်တွေကို ရုရှားက ချုပ်ကိုင်ထိန်းချုပ်မှုကို တန်ပြန်ဖို့ ကြိုးစားတဲ့အနေနဲ့ အမေရိကန်ဟာ နူကလီးယားစွမ်းအင်ကုမ္ပဏီတွေကို လက်နက်ထုတ်လုပ်နိုင်ဖို့ အဆင့်မီတဲ့ ပလူတိုနီယမ်တွေ အသုံးပြုခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ စွမ်းအင်ဌာနရဲ့ အဆိုအရ နူကလီးယားစွမ်းအင်အုပ်စုတွေဟာ စစ်အေးခေတ် ထိပ်ဖူးတွေကနေ ပလူတိုနီယမ် ၁၉ တန်အထိ ရှာဖွေနိုင်တယ်လို့ သိရပါတယ်။ NOM

NOM
202
ဩစတြေးလျမှာ မြေရှားသတ္ထုတူးဖော်ဖို့အတွက် အမေရိကန်နဲ့ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။ မနေ့က အိမ်ဖြူတော်မှာ ထရမ့်န
ဩစတြေးလျမှာ မြေရှားသတ္ထုတူးဖော်ဖို့အတွက် အမေရိကန်နဲ့ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။ မနေ့က အိမ်ဖြူတော်မှာ ထရမ့်နဲ့ ဩစတြေးလျဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကာ သဘောတူညီချက်တချို့ရခဲ့ပြီး လက်မှတ်ရေးထိုးခဲ့တာပါ။ တရုတ်က ထိန်းချုပ်ထားတဲ့ ကမ္ဘာ့မြေရှားစျေးကွက်ကို တုံ့ပြန်ဖို့ အမေရိကန်ဘက်က ကြိုးစားမှုလို့ အကဲခတ်တွေက ရှုမြင်ထားပါတယ်။ စာချုပ်တန်ဖိုးဟာ ဒေါ်လာ ၈.၅ ဘီလျံအထိရှိမယ်လို့ ခန့်မှန်းရပြီး အမေရိကန်ကလည်း နူစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေ ပြန်လည်ရောင်းချပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရပါတယ်။ NOM

NOM
202
ကြိုတင်သတင်းတွေ ခန့်မှန်းခဲ့သလိုမျိုးပဲ ဂျပန်မျာ လွှတ်တော်နှစ်ရပ်စလုံးရဲ့ ထောက်ခံမှုနဲ့အတူ ဆာနေးတာာကိုင်ချီက ပထမဆုံးအမျိုးသမီ
ကြိုတင်သတင်းတွေ ခန့်မှန်းခဲ့သလိုမျိုးပဲ ဂျပန်မျာ လွှတ်တော်နှစ်ရပ်စလုံးရဲ့ ထောက်ခံမှုနဲ့အတူ ဆာနေးတာာကိုင်ချီက ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြိ။ အသက် ၆၄ နှစ်အရွယ် တာကိုင်ချီကို ရွေးချယ်ခဲ့ပြီးနောက် လက်ရှိဝန်ကြီးချုပ်နဲ့ အာဏာရ လစ်ဘရယ်ပါတီရဲ့ အကြီးအကဲဖြစ်သူ အီရှီဘီက ရာထူးနှစ်ခုစလုံးကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ မနက်ဖြန်မှာ သူမက ဂျပန်ဘုရင်ရဲ့ တရားဝင်အသိအမှတ်ပြုမှုကို ခံယူပြီးနောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ဖွယ်ရှိနေပါတယ်။ NOM

NOM
202
အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းနေတဲ့ အီရန်မှာ ဘာသာရေးခေါင်းဆောင်အယာတိုလာရဲ့ အကြံပေးပုဂ
အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းနေတဲ့ အီရန်မှာ ဘာသာရေးခေါင်းဆောင်အယာတိုလာရဲ့ အကြံပေးပုဂ္ဂိုလ်က သူ့သမီးမင်္ဂလာဆောင်မှာ သတို့သမီးဝတ်စုံကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မြင်စေအောင် ဝတ်ဆင်ဖို့အတွက် ခွင့်ပြုခဲ့တဲ့အပေါ် အီရန်ပြည်သူတွေက ဒေါသထွက်နေကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်မှာ အီရန်ထိပ်တန်းခေါင်းဆောင်နဲ့ Expediency Council အဖွဲ့ဝင်တဦးဟာ သမီးဖြစ်သူ Fatemeh ကို တီဟီရန်က ဇိမ်ခံဟိုတယ်ဖြစ်တဲ့ Espinas Palce ဟိုတယ်က မင်္ဂလာခန်းမထဲ ခေါ်ဆောင်ခဲ့တာကို မြင်တွေ့ရပါတယ်။ သတို့သမီးဟာ လည်ပင်းအောက်ပိုင်းမှာ လည်ပင်းကြိုးမပါတဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး အနောက်တိုင်းပုံစံမင်္ဂလာပွဲဖြစ်ခဲ့ကာ ဒီအပေါ်မှာ တစုံတရာအရေးယူတာမျိုး မရှိတာကို ဝေဖန်နေကြပါတယ်။ အီရန်အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ခွဲခြားဆက်ဆံမှုနဲ့ အခွင့်အရေးရရှိမှု ကွာဟနေတာကို ပြသနေတာလို့ ဆိုခဲ့ပါတယ်။ NOM

NOM
202
ရုရှားဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဗြိတိန်မှာ နေထိုင်နိုင်စေဖို့ ကူညီပေးနေကြောင်း ဘူလ်ဂေးရီးယားက စွပ်စွဲလိုက်ပါတယ်။ လန်ဒန်မ
ရုရှားဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဗြိတိန်မှာ နေထိုင်နိုင်စေဖို့ ကူညီပေးနေကြောင်း ဘူလ်ဂေးရီးယားက စွပ်စွဲလိုက်ပါတယ်။ လန်ဒန်မှာ ဘူလ်ဂေးရီးယားနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဖို့ စီစဉ်နေတဲ့ အချိန်မှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ NOM

NOM
202
အသက် ၅၅ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသမီးတဦးဟာ သံလွင်သီးခူးနေစဉ် မျက်နှာဖုံးစွပ်ထားတဲ့ ဂျူး အခြေချနေထိုင်သူတဦးက ဝင်ရောက်ရိုက်န
အသက် ၅၅ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသမီးတဦးဟာ သံလွင်သီးခူးနေစဉ် မျက်နှာဖုံးစွပ်ထားတဲ့ ဂျူး အခြေချနေထိုင်သူတဦးက ဝင်ရောက်ရိုက်နှက်တာကို ခံခဲ့ရလို့ ဆေးရုံပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။ သိမ်းပိုက်ခံထားရတဲ့ West Bank က ပါလက်စတိုင်းကျေးရွာတခုမှာ တနင်္ဂနွေနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။ အမေရိကန်သတင်းထောက် Jasper Nathaniel က ဗီဒီယိုရိုက်ကူးနိုင်ခဲ့ပြီး မြေပြင်ပေါ် လဲကျသွားတဲ့ အမျိုးသမီးကို တုတ်နဲ့ ရိုက်နှက်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒီနောက်မှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိလာခဲ့ပြီး လူစုခွဲခဲ့ကာ ဒီလိုမျိုး အကြမ်းဖက်မှုပုံစံမှန်သမျှကို ပြင်းထန်စွာရှုတ်ချတယ်လို့ အစ္စရေးက BBC ကို ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
ဂျာမနီဟာ Lockheed Martin ဆီကနေ နောက်ထပ် F-35 တိုက်လေယာဉ် ၁၅ စင်းကို ယူရို ၂.၅ ဘီလျံနဲ့ ဝယ်ယူဖို့ စီစဉ်ထားပါတယ်။ မှာယူထားပြီးတ
ဂျာမနီဟာ Lockheed Martin ဆီကနေ နောက်ထပ် F-35 တိုက်လေယာဉ် ၁၅ စင်းကို ယူရို ၂.၅ ဘီလျံနဲ့ ဝယ်ယူဖို့ စီစဉ်ထားပါတယ်။ မှာယူထားပြီးတဲ့ ၃၅ စင်းအပြင် ထပ်တိုးဝယ်ယူမှာဖြစ်ပြီး တာဝန်ထမ်းဆောင်နေတဲ့ သက်တမ်းရင့် Tornado တိုက်လေယာဉ် ၈၅ စင်းနေရာမှာ အစားထိုးဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ NOM

NOM
202
ဇီလင်စကီးနဲ့ တွေ့ဆုံခဲ့ပြီးနောက် ထရမ့်ရဲ့ ယူကရိန်းအပေါ် ရပ်တည်ချက်ပြောင်းလဲလာမှုအတွက် ဥရောပသားတွေရဲ့ မျှော်လင့်ချက်ဟာ ပျက်စီး
ဇီလင်စကီးနဲ့ တွေ့ဆုံခဲ့ပြီးနောက် ထရမ့်ရဲ့ ယူကရိန်းအပေါ် ရပ်တည်ချက်ပြောင်းလဲလာမှုအတွက် ဥရောပသားတွေရဲ့ မျှော်လင့်ချက်ဟာ ပျက်စီးသွားခဲ့ရတယ်လို့ Financial Times က ရေးသားခဲ့ပါတယ်။ ထရမ့်ဆီကနေ ယူကရိန်းကို ထောက်ခံတဲ့ ဗျူဟာအပြောင်းအလဲတွေကို မျှော်လင့်ခြင်းက ဥရောပအတွက် လက်တွေ့မကျတော့ဘဲ ကိယက်ဗ်အတွက် သံတမန်ရေးကိစ္စတွေမှာတောင် အောင်မြင်မှုရဖို့ အရမ်းခက်ခဲသွားပြီလို့ အကြီးတန်းဥရောပအရာရှိတဥိးက ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
အမေရိကန်ဟာ အီရန်ရဲ့ နူကလီးယားအစီအစဥ်ကို မဖျက်ဆီးနိုင်ခဲ့ဘူးလို့ အီရန်ခေါင်းဆောင် အလီခါမေလီက အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ “ကေ
အမေရိကန်ဟာ အီရန်ရဲ့ နူကလီးယားအစီအစဥ်ကို မဖျက်ဆီးနိုင်ခဲ့ဘူးလို့ အီရန်ခေါင်းဆောင် အလီခါမေလီက အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ “ကောင်းပါတယ်၊ အိပ်မက်ဆက်မက်နေလိုက်ပါ” လို့ သူက ထရမ့်ကို ရည်ရွယ်ပြီး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ NOM