NOM
رفتن به کانال در Telegram
201
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-830 روز
آرشیو پست ها
201
Repost from News Of Myanmar
🚨 အမေရိကန် ကြည်းတပ်ဦးစီးချုပ် အပါအဝင် ဗိုလ်ချုပ်ကြီး (၁၂) ဦးထက်မနည်း ရာထူးမှ ထုတ်ပယ်ခံရ
အမေရိကန် စစ်ဝန်ကြီး ပိတ် ဟက်ဆက်သ် (Pete Hegseth) က အမေရိကန် ကြည်းတပ်ဦးစီးချုပ် အပါအဝင် ဗိုလ်ချုပ်ကြီး (၁၂) ဦးထက်မနည်းကို ရာထူးမှ ထုတ်ပယ်လိုက်သည်။
ပုံ- ရာထူးမှ ထုတ်ပယ်ခံရသည့် ဗိုလ်ချုပ်ကြီး အချို့။
NOM
201
Rafale F5 တိုက်လေယာဉ်တွေ အဆင့်မြှင့်တင်ရေးအတွက် ပူးတွဲငွေကြေးထောက်ပံ့မှု မိတ်ဖက်အဖြစ် ပါဝင်မှုကနေ ယူအေအီးက နုတ်ထွက်သွားခဲ့လို့ ပြင်သစ်ဟာ ဒီစီမံကိန်းအတွက် ကုန်ကျစရိတ်အားလုံးကို ကျခံသွားရတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြင်သစ်ရဲ့ ဖိအားတွေအများကြီးရှိနေတဲ့ ကာကွယ်ရေးဘတ်ဂျက်အတွက်ပါ အခက်အခဲတွေ ပိုမိုဖြစ်လာစေတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပူးတွဲလုပ်ဆောင်နေတဲ့ stealth တိုက်ခိုက်ရေးဒရုန်းအတွက် ရန်ပုံငွေထောက်ပံ့မှုအစီအစဉ်မရှိဘဲ လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘူးလို့ ဆိုပါတယ်။
ယူရို ၅ ဘီလျံအထိ ကုန်ကျမယ့် ခန့်မှန်းအစီအစဉ်အတွက် ယူအေအီးက ယူရို ၃.၅ ဘီလျံအထိ ပံ့ပိုးဖို့ တာဝန်ယူခဲ့တာပါ။
News Of Myanmar NOM
201
မတ်လ ၂၃ ရက်နေ့က ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh ဟာ မော်စကိုခရီးစဉ်အတွင်း နူကလီးယားဓါတ်ပေါင်းဖို ၂ ခု ဆောက်လုပ်ဖို့ သဘောတူညီချက်ကို ရုရှားနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဗီယက်နမ်တောင်ပိုင်းက Ninh Thuan ပြည်နယ်နဲ့ တောင်တရုတ်ပင်လယ်ကမ်းရိုးတန်း နေရာနှစ်ခုမှာ တည်ဆောက်သွားမှာဖြစ်ပြီး စွမ်းအင်ရရှိဖို့အတွက်ကိုသာ ရည်ရွယ်တယ်လို့လည်း အတိအလင်းပြောဆိုခဲ့ပါတယ်။
ဒီစီမံကိန်းအတွက် ရုရှားက နည်းပညာပိုင်းအရ အလုံးစုံကူညီပေးသွားမှာဖြစ်ပြီး ကုန်ကျစရတ်နဲ့ သတ်မှတ်ရက်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
News Of Myanmar NOM
201
Repost from News Of Myanmar
+2
🚨 FBI ညွှန်ကြားရေးမှူး၊ ကြည်းတပ်ဝန်ကြီးနှင့် အလုပ်သမားဝန်ကြီး တို့ ရာထူးမှဖယ်ရှားခံရနိုင်ခြေ (သို့မဟုတ်) နုတ်ထွက်သွားနိုင်ခြေရှိသည့် ကိစ္စရပ်များကို အိမ်ဖြူတော်တွင် ဆွေးနွေးလျက်ရှိ
The Atlantic သတင်းဌာန၏ ဖော်ပြချက်အရ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့အတွင်းမှ FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ် (Kash Patel)၊ ကြည်းတပ်ဝန်ကြီး ဒန်နီယယ် ဒရစ်စကိုး (Daniel Driscoll) နှင့် အလုပ်သမားဝန်ကြီး လော်ရီ ရှာဗက်ဇ်-ဒီရေးမား (Lori Chavez-DeRemer) တို့ ရာထူးမှဖယ်ရှားခံရနိုင်ခြေ (သို့မဟုတ်) နုတ်ထွက်သွားနိုင်ခြေရှိသည့် ကိစ္စရပ်များကို အိမ်ဖြူတော်တွင် ဆွေးနွေးလျက်ရှိကြောင်းသိရသည်။
မည်သည့်အချိန်တွင် အပြောင်းအလဲဖြစ်မည်ကို ရှင်းလင်းစွာ မသိရသေးသလို ဒေါ်နယ်ထရမ့်အနေဖြင့်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပေ။
NOM
201
Repost from News Of Myanmar
အမေရိကန်ကြည်းတပ်ဦးစီးချုပ် ရာထူးမှ ဖယ်ရှားခံရမှုနှင့် ပတ်သက်ပြီး အမေရိကန်အဆင့်မြင့်အရာရှိကြီးများက ဒေါသထွက်
နယူးယောက်တိုင်းမ် (NYT) သတင်းစာ၏ ဖော်ပြချက်အရ အမေရိကန်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီ ဂျော့ဂျ် (Randy George) ရာထူးမှ ဖယ်ရှားခံရသည့် သတင်းအပေါ် အမေရိကန်ကြည်းတပ် အဆင့်မြင့်အရာရှိကြီးများက ဒေါသထွက်ခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းများဖြင့် တုံ့ပြန်ခဲ့ကြသည်။
၎င်းတို့က ယခုလုပ်ရပ်သည် အမေရိကန်စစ်ဝန်ကြီး ပိတ် ဟက်ဆက်သ် (Pete Hegseth) ၏ ဖိအားပေးမှုများကို ခံနေရသည့် ကြည်းတပ်အတွက် နောက်ထပ် ရိုက်ခတ်မှုတစ်ခုဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။
ထို့အပြင် အမေရိကန် ကြည်းတပ်ဝန်ကြီး (Secretary of the Army) ဒန်နီယယ် ပီ ဒရစ်စကိုးလ် (Daniel P. Driscoll) သည်လည်း မကြာမီ ရာထူးမှ ဖယ်ရှားခံရနိုင်သည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသည်။
ပုံ- အမေရိကန်ကြည်းတပ်ဦးစီးချုပ် ရန်ဒီ ဂျော့ဂျ်
NOM
201
Repost from News Of Myanmar
ရှေ့နေချုပ်ကို ထရမ့်က ထုတ်ပယ်
အမေရိကန်ရှေ့နေချုပ် ပမ်ဘွန်ဒီကိုသမ္မတထရမ့်က ရာထူးမှဖြုတ်လိုက်ကြောင်း Fox News ကကြေညာလိုက်သည်။
NOM
201
Repost from News Of Myanmar
ဧဝရတ်တောင်တက်လမ်းပြများကငွေကြေးအတွက် နိုင်ငံခြားတောင် တက်သမားများကိုအဆိပ်ခတ်နေ
NOM
ဧဝရက်တောင်တက်လမ်းပြများသည် နှစ်ပေါင်းများစွာကြာ နိုင်ငံခြားသားတောင်တက်သမားများကို အဆိပ်ခတ်ကာ ကယ်ဆယ်ရေးစရိတ်ဖြင့် ငွေရှာခဲ့ကြသည်။
၎င်းမှာ ခရီးသွားအေဂျင်စီများ၊ ရဟတ်ယာဉ်ကုမ္ပဏီများနှင့် ဆေးရုံများပါ၀င်သော လိမ်လည်မှုအစီအစဉ်ကြီးတစ်ခုဖြစ်သည်။
တောင်တက်စဉ်အတွင်း နိုင်ငံခြားသားတောင်တက်သမားများကို ဆိုဒါ သို့မဟုတ် ဆေးဝါးများဖြင့် မူးယစ်စေပြီး အသက်ရှူမဝခြင်း၊ အားနည်းခြင်းနှင့် မူးဝေခြင်းတို့ ဖြစ်ပေါ်စေသည်။ ယင်းလက္ခဏာမှာ အမြင့်ပေများများတက်က ဖြစ်သည့် ရောဂါလက္ခဏာနှင့်ဆင် တူသည်။
ထို့နောက် လမ်းပြများက ဈေးကြီးသော ရဟတ်ယာဉ်ဖြင့် အရေးပေါ်ကယ်ဆယ်ရန် တောင်းဆိုကာ ဆေးရုံများတွင် အတုအယောင်ကုသမှုနှင့် ပမာဏများသော ငွေတောင်းခံလွှာများ ထုတ်ပေးကြသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားသားတောင်တက်သမား ၄,၇၈၂ ဦး ထိခိုက်ခံစားခဲ့ရပြီး စုစုပေါင်းဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၂၀ သန်းခန့်ရှိသည်။
NOM
201
Repost from News Of Myanmar
+1
🚨 အမေရိကန် ဗိုလ်ချုပ်နှစ်ဦးကို ရာထူးမှ ဖယ်ရှား
အမည်မဖော်လိုသူ ကာကွယ်ရေးအရာရှိ နှစ်ဦးကို ကိုးကားပြီး ဝါရှင်တန် ပို့စ် (Washington Post) သတင်းဌာနက ဖော်ပြချက်အရ ယနေ့တွင် အမေရိကန် ကြည်းတပ်ဗိုလ်ချုပ်ကြီး နှစ်ဦး ထပ်မံရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
အဆိုပါ ရာထူးမှ ထုတ်ပယ်ခံရသူများထဲတွင် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ကြည်းတပ်၏ လေ့ကျင့်ရေးနှင့် အသွင်ကူးပြောင်းရေးဌာန (Training and Transformation Command) ကို ဦးစီးနေသည့် ဗိုလ်ချုပ်ကြီး ဒေးဗစ် ဟော့ဒ်နီ (David Hodne) နှင့် ကြည်းတပ်၏ ဘာသာရေး ရေးရာ အကြီးအကဲ (Chief of Chaplains) ဗိုလ်ချုပ် ဝီလျံ ဂရင်း ဂျူနီယာ (William Green Jr.) တို့ ပါဝင်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
NOM
201
Repost from News Of Myanmar
🚨အမေရိကန် ကာကွယ်ရေးဝန်ကြီးဟာ အမေရိကန် ကြည်းတပ်ဦးစီးချုပ် ကို ရာထူးကနေ နုတ်ထွက်ပြီး ချက်ချင်း အနားယူဖို့ တောင်းဆို
စီဘီအက်စ် သတင်းဌာန (CBS News) က ဖော်ပြခဲ့တဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိတ် ဟက်ဂ်ဆက်သ် (Pete Hegseth) ဟာ အမေရိကန် ကြည်းတပ်ဦးစီးချုပ် ရန်ဒီ ဂျော့ဂျ် (Randy George) ကို ရာထူးကနေ နုတ်ထွက်ပြီး ချက်ချင်း အနားယူဖို့ တောင်းဆိုလိုက်ပါတယ်။
ဟက်ဂ်ဆက်သ် (Hegseth) ဟာ ဒေါ်နယ်ထရမ့်ရဲ့ ကာကွယ်ရေးနဲ့ ခေါင်းဆောင်မှုဆိုင်ရာ အမြင်တွေနဲ့ တစ်သားတည်းဖြစ်မယ့်သူ၊ ထရမ့်နဲ့ ဟက်ဂ်ဆက်သ် တို့ရဲ့ လမ်းညွှန်ချက်တွေကို အမေရိကန်ကြည်းတပ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မယ့် ဆက်ခံသူတစ်ဦးကို ရှာဖွေနေတယ်လို့ သိရပါတယ်။
NOM
201
Repost from News Of Myanmar
အီရန်က ဆော်ဒီရှိ အမေရိကန်လေတပ်စခန်းကို တိုက်ခိုက်မှုကြောင့် EC-130H Compass Call လေယာဉ်နှစ်စီး ပျက်စီး
အီရန်နိုင်ငံက ပစ်ခတ်လိုက်သော ပဲ့ထိန်းဒုံးကျည်များကြောင့် ဆော်ဒီအာရေဗျနိုင်ငံတွင် အခြေစိုက်ထားသည့် အမေရိကန်လေတပ်၏ အီလက်ထရွန်နစ်စစ်ဆင်ရေးသုံး EC-130H Compass Call လေယာဉ် လေးစီးအနက် နှစ်စီးမှာ ထိမှန်ပျက်စီးသွားခဲ့သည်။
ယူကရိန်းအခြေစိုက် The Defense Express သတင်းဌာန၏ ဖော်ပြချက်အရ "ဒါဟာ အမေရိကန်လေတပ်အတွက် အလွန်ဆိုးရွားတဲ့ ဆုံးရှုံးမှုဖြစ်တယ်" ဟု ဆိုသည်။
ဤလေယာဉ်များသည် သက်တမ်း ၄၅ နှစ်ခန့်ရှိပြီဖြစ်သော လေယာဉ် ဟောင်းများဖြစ်သော်လည်း ယင်းတို့ကို အစားထိုးမည့် EA-37B Compass Call လေယာဉ်သစ်များမှာ လုံလောက်သော အရေအတွက် အထိ ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။
ဒုံးကျည်များသည် ပရင်စ် ဆူလ်တန် Prince Sultan လေတပ်စခန်းကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုတွင် KC-135 ဆီဖြည့်လေယာဉ်တစ်စီး၊ E-3G Sentry AWACS (အဝေးကြည့်ကင်းထောက်လေယာဉ်) တစ်စီးနှင့် အလွန်တန်ဖိုးကြီးသော AN/TPY-2 ရေဒါတစ်ခုတို့လည်း ပျက်စီးခဲ့ရသည်။
NOM
201
Repost from News Of Myanmar
လက်နက်စွဲကိုင် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် အီရန်နိုင်ငံသား ၇ သန်းကျော်ရှိဟု လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် ပြောကြား
"ကျွန်တော်တို့ရဲ့ မိခင်နိုင်ငံကို ကာကွယ်ဖို့ အချိန်တန်ပြီဆိုရင် ကျွန်တော်တို့အားလုံးဟာ စစ်သားတွေ ဖြစ်လာကြမှာပါ။"
"မင်းတို့က (အမေရိကန်-အစ္စရေး) ငါတို့ရဲ့ အိမ်ကို လာကျူးကျော်မယ်ဆိုရင်... မိသားစုဝင် အားလုံး နဲ့ ရင်ဆိုင်ရလိမ့်မယ်။"
NOM
201
အိန္ဒိယမှာ Yashoda and Krishna' လို့ နာမည်ပေးထားတဲ့ ဆီဆေးပန်းချီကားတချပ်ကို ဒေါ်လာ ၁၇.၉ သန်းနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ မွမ်ဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ ရောင်းချနိုင်ခဲ့တာဖြစ်ပြီး ၁၉ ရာစုနှစ်က ပန်းချီပညာရှင် Raja Ravi Varma ရဲ့ ပန်းချီကားဖြစ်ပြီး ခေတ်သစ်အိန္ဒိယအနုပညာလောကမှာ စျေးအကြီးဆုံး ရောင်းချရမှုလည်း ဖြစ်လာခဲ့ပါတယ်။
မနေ့က ရောင်းချခဲ့တာဖြစ်ပြီး ခန့်မှန်းစျေးနှုန်း ဒေါ်လာ ၈.၆ သန်းကနေ ဒေါ်လာ ၁၂.၉ သန်းအထိ ရရှိခဲ့တာပါ။ ကမ္ဘာပေါ်မှာလည်း အိန္ဒိယပညာရှင်တဦးရဲ့ အမြင့်ဆုံးတန်ဖိုးလက်ရာဖြစ်လာတယ်လို့ လေလံအိမ် Saffronart က ဆိုပါတယ်။
ဒီပန်းချီကားကို စက်မှုလုပ်ငန်းရှင်နဲ့ ကာကွယ်ဆေးလုပ်ငန်းရှင် ဆိုင်းရပ်စ်ပူနာဝါလာဆိုသူက ၀ယ်ယူခဲ့ပြီး အများပြည်သူကြည့်ရှုနိုင်အောင်လည်း သူ စီစဉ်ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အီရန်စစ်တပ် - "သင်တို့မသိနိုင်သော နေရာများတွင် ထုတ်လုပ်မှုများ လုပ်ဆောင်နေသည်"
"ကျွန်ုပ်တို့၏ ကျယ်ပြန့်လှသော မဟာဗျူဟာမြောက် စွမ်းဆောင်ရည်များကို သင်တို့ ဘာမျှမသိရှိပါ" ဟု တက်စ်နင်းသတင်းဌာနက ဖော်ပြသော ထုတ်ပြန်ချက်တစ်ခုတွင် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
"ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် ဒုံးကျည်ထုတ်လုပ်ရေးစင်တာများ၊ အဝေးပစ် တိုက်ခိုက်ရေးနှင့် ပစ်မှတ်တိကျ ဒရုန်းများ၊ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးနှင့် အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များအပြင် အထူးပစ္စည်းကိရိယာများကိုပါ သင်တို့ ဖျက်ဆီးနိုင်ခဲ့ပြီဟု မျှော်လင့်မထားကြပါနှင့်။" ဟု ၎င်းက ဆိုသည်။
"ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုများသည် သင်တို့ လုံးဝမသိနိုင်သည့်အပြင် မည်သည့်အခါမျှလည်း လက်လှမ်းမမီနိုင်သော နေရာများတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ " ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့ပြီး ယခုအချိန်အထိ ပစ်မှတ်ထားခံရသော စင်တာများသည် "အရေးမပါသော နေရာများ" သာဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူက "ပိုမိုပြင်းထန်ပြီး ကျယ်ပြန့်ကာ ဖျက်ဆီးအားကောင်းသော လုပ်ဆောင်ချက်များ" ရှိလာမည်ဟုလည်း သတိပေးခဲ့ပြီး သင်တို့ "အပြီးသတ် အရှုံးပေးသည့်တိုင်အောင်" စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဟု ကတိပြုခဲ့သည်။
NOM
201
Repost from News Of Myanmar
+8
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံတွင် ငတ်မွတ်ခေါင်းပါးမှုဖြစ်ပွားစေရန် ရည်ရွယ်၍ အီရန်၏ မွေးမြူရေးကဏ္ဍကို တိုက်ခိုက် ဖျက်ဆီးနေ
အမေရိကန်နှင့် အစ္စရေးအစိုးရတို့သည် အီရန်နိုင်ငံအနောက်မြောက်ပိုင်း တာဘရစ်ဇ် (Tabriz) မြို့အနီးရှိ မွေးမြူရေးခြံတစ်ခုကို တိုက်ခိုက်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်တွင် ပိတ်မိနေသော တိရစ္ဆာန်များကို ကယ်ထုတ်ရန် ကြိုးပမ်းနေကြသည်။
အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအတွင်းရှိ မွေးမြူရေးခြံအများအပြားကို တိုက်ခိုက်ခဲ့ကြသည်။
မွေးမြူရေးကဏ္ဍကို ဖျက်ဆီးခြင်းသည် အစားအစာ ပြတ်လပ်မှုနှင့် ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပေါ်စေရန် ဖန်တီးခြင်းဖြစ်ပြီးအခြေခံစားနပ်ရိက္ခာ မလုံလောက်မှုကြောင့် အရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်ရစေရန် သို့မဟုတ် လက်နက်ချလာစေရန် ဖိအားပေးခြင်း ဖြစ်သည် — ဤသည်မှာ ငတ်မွတ်ခေါင်းပါးမှုကို လက်နက်သဖွယ် အသုံးပြုခြင်းပင် ဖြစ်သည်။
NOM
201
ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရတဲ့အထိ အင်အားပြင်းထန်ခဲ့တဲ့ ငလျင်ကြောင့် အင်ဒိုနီးရှားမှာ လူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဆူနာမီသတိပေးချက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
အင်အား ၇.၈ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်နဲ့ အဆောက်အဦ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ Molucca ပင်လယ်ကို ဗဟိုပြုကာ အနက် ၃၅ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ၁၀ စက္ကန့်ကနေ စက္ကန့် ၂၀ လောက် ကြာမြင့်ခဲ့ပြီး ကမ်းရိုးတန်းမြို့တွေဖြစ်တဲ့ Bitung ၊ Ternate တို့မှာ ခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အီရန်ကို ကျောက်ခေတ်ရောက်အောင် လုပ်ပစ်မည်ဟု ထရန့် ကြိမ်းဝါး
"လာမယ့် နှစ်ပတ်ကနေ သုံးပတ်အတွင်းမှာ သူတို့ကို ကျနော်တို့ အပြင်းထန်ဆုံး တိုက်ခိုက်သွားမှာပါ။ သူတို့နဲ့ ထိုက်တန်တဲ့ ကျောက်ခေတ်ဆီရောက်အောင် သူတို့ကို ပြန်ပို့ပစ်ပါ့မယ်။" — အီရန်နိုင်ငံအပေါ် ထရန့်၏ ပြောကြားချက်။
NOM
201
ဧ၀ရက်တောင်လမ်းပြတွေဟာ အာမခံကြေး ဒေါ်လာ သန်း ၂၀ နီးပါးကို လိမ်လည်မှုလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံနေရပြီး အခုအခါမှာ နီပေါရဲတပ်ဖွဲ့က ဆက်စပ်ပတ်သက်နေတဲ့ တောင်တက်အေဂျင်စီ၊ ဆေးရုံအမှုဆောင်တွေအပါအဝင် လူပေါင်း ၃၂ ဦးကို ဖမ်းဆီးကာ တရားစွဲဆိုထားပါတယ်။
တောင်တက်လမ်းပြတွေဟာ ခရီးသွားတွေရဲ့ အစားအစာထဲကို မုန့်ဖုတ်ဆိုဒါထည့်ကာ အဆိပ်ခတ်ပြီး ဖျားနာအောင် ဒါမှမဟုတ် အစာအဆိပ်သင့်အောင် လုပ်ဆောင်ပြီး စျေးကြီးတဲ့ အရေးပေါ်ရဟတ်ယာဉ်နဲ့ ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ ဖိအားပေးခဲ့ကြပါတယ်။ အဲဒီနောက် ခရီးသည်တွေကို ဆေးဘက်ဆိုင်ရာနဲ့ လေယာဉ်လက်မှတ်အတုတွေ လုပ်ပေးကာ နိုင်ငံတကာခရီးသွားအာမခံကုမ္ပဏီတွေဆီကနေ အာမခံကြေးတွေ ထုတ်ယူခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ရရှိလာတဲ့ တရားမဝင်အမြတ်အစွန်းတွေကို တောင်တက်လမ်းပြတွေ၊ ရဟတ်ယာဉ်ကုမ္ပဏီတွေနဲ့ တောင်တက်အေဂျင်စီ၊ ဆေးရုံတွေက ခွဲဝေယူခဲ့ကြပါတယ်။ ကုမ္ပဏီ ၃ ခုဟာ လိမ်လည်မှုပေါင်း ၃၀၀ ကျော် လုပ်ခဲ့ပြီး ဒေါ်လာသန်း ၂၀ ကျော်အထိ ရရှိခဲ့တယ်လို့လည်း အာဏာပိုင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
News Of Myanmar NOM
201
အီရန်နဲ့ အမေရိကန်-အစ္စရေးစစ်ပွဲကို အဆုံးသတ်ဖို့နဲ့ လောင်စာဆီသင်္ဘောတွေ ဖြတ်သန်းသွားလာဖို့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်လှစ်ရေးကိစ္စကို အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်နဲ့ ပြင်သစ်တို့ မနေ့က သဘောတူညီခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် Sanae Takaichi က ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
ခွင့်ပြုစာရင်း (Whitelist) ဝင်ဖုန်းများအတွက် IMEI Code တစ်ခုခုသည် Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် မလိုအပ်ပါကြောင်း နှင့် Paid ဖြစ်စေရန် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် အသိပေးကြေညာခြင်း။
၁။ အများပြည်သူတို့ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို အခွန်ပေးဆောင်ရန်မလိုဘဲ CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) တွင် ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိုဘိုင်းလက်ကိုင်ဖုန်း (Handset) ၏ SIM Slot အားလုံးတွင် SIM Card (MPT ၊ ATOM ၊ U9 ၊ Mytel) များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် အသိပေးကြေညာထားရှိပြီးဖြစ်ပါ သည်။
၂။ 1SIM + eSIM ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း (Handset) နှင့် SIM1, SIM2 + eSIM ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းလက်ကိုင်ဖုန်း(Handset)များရှိ SIM Slot များတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မတိုင်မီ အနည်းဆုံး SIM Card တစ်ခု ထည့်သွင်းအသုံးပြုထားပြီးဖြစ်ပါက ၎င်း Handset များသည် ခွင့်ပြုစာရင်း (Whitelist) တွင် စာရင်းထည့်သွင်းပြီး ဖြစ်ပါသည်။
၃။ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းတွင် အဆိုပါခွင့်ပြုစာရင်း (Whitelist) ဝင် Handset များ၏ ကျန် SIM Slot များ၌ Physical SIM Card (သို့မဟုတ်) eSIM ထပ်မံထည့်သွင်း အသုံးပြုပါက IMEI Code သည် Unpaid အဖြစ် ဖော်ပြနေမည်ဖြစ်ပြီး အခွန်ပေးဆောင်ရန် တောင်းဆိုသည့်အချက်အလက်များ ဖော်ပြမည်ဖြစ်သော်လည်း ၎င်း Handset များအတွက် အခွန်ပေးဆောင်ရန် လိုအပ်မည်မဟုတ်ပါ။
၄။ ထိုသို့ ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများတွင် IMEI Code တစ်ခုသည် Paid ဖြစ်နေသော်လည်းအခြား IMEI Code တစ်ခုသည် Unpaid ဖြစ်နေခြင်း (သို့မဟုတ်) eSIM ထည့်သွင်းအသုံးပြုချိန် IMEI Code သည် Unpaid ဖြစ်နေခြင်းတို့အတွက် CEIR စနစ်၏ အင်တာနက်စာမျက်နှာဖြစ်သော https://ceir.gov.mm တွင် Check Status ကိုနှိပ်၍ အဆင့်ဆင့်ဝင်ရောက်ပြီး အဆိုပါ Unpaid ဖြစ်နေသည့် IMEI Code နှင့် လိုအပ်သည့်အချက်အလက်များ ထည့်သွင်းပေးပို့ပါက CEIR စနစ်မှ ယင်း IMEI Code အား Paid အဖြစ် အလိုအလျောက်သတ်မှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၅။ အသေးစိတ်သိရှိလိုပါက CEIR Call Center ၁၅၇၇ နှင့် ၁၇၅၅ သို့လည်းကောင်း၊ တွေ့ဆုံမေးမြန်းလိုပါက CEIR စနစ်ပိုင်းဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ (CEIR One Stop Service - OSS) (အကောက်ခွန် ဦးစီးဌာန၊ အမှတ် ၁၃၂၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့) နှင့် (အလယ်အလတ်အခွန်ထမ်း များဆိုင်ရာအခွန်ရုံး - ၅၊ လမ်း ၆၀၊ ၁၀၁ (A) လမ်းနှင့် ၁၀၂ လမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်၊ မန္တလေးမြို့) တို့သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ် ပါသည်။
CEIR နှင့် EIR စနစ် စီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့
NOM
201
Repost from News Of Myanmar
+4
ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယားရှိ အမေရိကန်စစ်တပ် အသုံးပြုနေသော စက်ပစ္စည်းသိုလှောင်ရုံများ၊ ပြုပြင်ထိန်းသိမ်းရေး အဆောက်အအုံများနှင့် တပ်ဖြန့်ထားသည့် နေရာများ ပျက်စီးသွားကြောင်း ဂြိုဟ်တုဓာတ်ပုံအသစ်များက ဖော်ပြနေသည်။
NOM
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
