NOM
رفتن به کانال در Telegram
201
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-830 روز
آرشیو پست ها
201
Repost from News Of Myanmar
ဝါရှင်တန်ဟီလ်တန်ဟိုတယ်တွင် ကျင်းပခဲ့သည့် အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း အမေရိကန်သတင်းထောက်များက တန်ဖိုးကြီးအရက်များကို ခိုးယူနေသည်ကို တွေ့ရှိရစဉ်။
NOM
201
ဗီဒီယို : ပစ်ခတ်သံတွေကြားချိန် အရေးကြီးပုဂ္ဂိုလ်တွေကို စင်ပေါ်ကနေ အမြန်ဆုံးဆွဲထုတ်ပြီး ဘေးကင်းရာဆီ ပို့ဆောင်ပေးနေတာပါ။
အိမ်ဖြူတော်သတင်းထောက်ညစာစားပွဲကို ဝင်ရောက်ပစ်ခတ်ဖို့ ကြိုးစားခဲ့သူဟာ အသက် ၃၁ နှစ်အရွယ် ကျောင်းဆရာတဦးဖြစ်ပြီး ကယ်လီဖိုးနီးယားက ဖြစ်ပါတယ်။
သူဟာ Shotgun နဲ့ handgun တလက်၊ ဓါးအများအပြားအပါအဝင် လက်နက်တွေကို ကိုင်ဆောင်ခဲ့ပြီး စစ်ဆေးရေးဂိတ်ကို ဖြတ်ပြေးချိန်မှာ လျှို့ဝှက်လုံခြုံရေးဝန်ဆောင်မှုတပ်ဖွဲ့တွေက ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တာပါ။
အပြန်အလှန် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့ပြီး အခြေအနေကောင်းမွန်တယ်လို့ ဆိုပါတယ်။ သေနတ်သမားကတော့ ဒဏ်ရာမရရှိခဲ့ပဲ သူတဦးတည်း ဒါကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
+1
အိမ်ဖြူတော်သတင်းထောက်များ ညစာစားပွဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားတဦးရဲ့ ပုံတွေကို ထရမ့်က မျှဝေထားခဲ့တာပါ။
News Of Myanmar NOM
201
အိမ်ဖြူတော်သတင်းထောက်များညစာစားပွဲမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ထရမ့် အမြန်ထွက်ခွာသွားခဲ့တာပါ။ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့လည်း ကိုယ်တိုင်အတည်ပြုခဲ့ပါတယ်။
News Of Myanmar NOM
201
အိမ်ဖြူတော်သတင်းထောက်များညစာစားပွဲမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ နေ့မှာပဲ ချီကာဂိုက ဆေးရုံတခုမှာလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ရဲအရာရှိတဦး သေဆုံးခဲ့ပြီး နောက်တဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်း ၁၀း၅၀ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သံသယရှိသူဟာ Endeavor Health ဆွီဒင်ဆေးရုံမှာ ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ပြီး နောက်ိပုင်းမှာ သူ့ကို ဖမ်းဆီးရမိခဲ့ကာ သေနတ်တလက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဖြစ်ပျက်ခဲ့ပုံကတော့ ဥပဒေစိုးမိုးရေးဌာနရဲ့ ထိန်းသိမ်းခံထားရသူဖြစ်ပြီး သူ့ကို ကုသမှုတွေ ခံယူစေဖို့ ဆေးရုံကို ရဲအစောင့်အရှောက်နဲ့ ခေါ်ဆောင်ခဲ့ရာကနေ ရဲအရာရှိတွေကို ပစ်ခတ်ပြီး ထွက်ပြေးခဲ့တာလို့ သိရပါတယ်။
News Of Myanmar NOM
201
ဧပြီ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ အိမ်ဖြူတော်သတင်းထောက်များ ညစာစားပွဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
ဒီနောက်မှာ ထရမ့်နဲ့ သူ့ရဲ့ ဇနီးကို လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာဆီ အမြန်ဆုံးကယ်ထုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ကာကွယ်ရေးဝန်ကြီး၊ FBI ညွှန်ကြားရေးမှူးအပါဝင် အစိုးရအဆင့်မြင့်အရာရှိတွေလည်း အခမ်းအနားကနေ အမြန်ထွက်ခွာခဲ့ရကာ လက်ရှိမှာ အားလုံးဘေးကင်းတယ်လို့ ဆိုပါတယ်။
သေနတ်သံ ၇ ချက်၊ ၈ချက်အထိ ကြားခဲ့တယ်လို့ လုံခြုံရေးအရာရှိတဦးက ပြောဆိုခဲ့ပြီး တက်ရောက်သူတွေဟာ စားပွဲခုံအောက် ဝင်ပုန်းနေခဲ့ရပါတယ်။ ဒီနောက် သေနတ်သမားကို ဖမ်းမိခဲ့ပြီလို့ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ရေးသားခဲ့ပါတယ်။
အသေးစိတ်တွေကိုတော့ ထုတ်ဖော်ပြောဆိုမှုမရှိသေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ ထရမ့်က ချီးကျူးခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
အရှေ့အလယ်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကြုံတွေ့နေရသည့် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများကြားတွင် အမေရိကန် ယူအက်(စ်)အက်(စ်)အေဘရာဟမ် လင်ကွန်း USS Abraham Lincoln စစ်ရေယာဉ်ပေါ်၌ ကျွေးမွေးသည့် အစားအသောက် ဝေစုပုံရိပ်များ အွန်လိုင်းပေါ်တွင် ထပ်မံထွက်ပေါ်လာခဲ့သည်။
NOM
201
Repost from News Of Myanmar
+1
🇺🇸 အသားတစ်ဇွန်းစာနဲ့ တိုတီးလား (Tortilla) မုန့်ပြားတစ်ချပ်။
ဒီပုံကို ယူအက်(စ်)အက်(စ်) ထရီပိုလီ USS Tripoli စစ်ရေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် မရိန်းတပ်သားတစ်ဦးက ဝေမျှခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ USA Today သတင်းဌာနက ဖော်ပြခဲ့တာပါ။
ဒုတိယပုံကတော့ ယူအက်(စ်)အက်(စ်) အေဘရာဟမ် လင်ကွန်း USS Abraham Lincoln စစ်ရေယာဉ်ပေါ်က ညစာဖြစ်ပြီး သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ မိသားစုဝင်တွေဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံအနီး တိုးချဲ့ချထားတဲ့ စစ်ဆင်ရေးကာလအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အရည်အသွေးညံ့ဖျင်းတဲ့ အစားအသောက်တွေနဲ့ ပမာဏနည်းပါးတဲ့ ရိက္ခာတွေကြောင့် အခက်အခဲကြုံနေရကြောင်း သတင်းပို့ထားကြပါတယ်။
စစ်ဆင်ရေးကာလ ကြာမြင့်လာတာနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ အခက်အခဲရှိနေတာကြောင့် တပ်ဖွဲ့ဝင်တွေဟာ ပင်လယ်ပြင်အတွင်း ကန့်သတ်ချက်ရှိတဲ့ ပြန်လည်ဖြည့်တင်းမှုတွေအပေါ်မှာပဲ မှီခိုနေရပြီး ရိက္ခာခွဲတမ်း လျှော့ချရတာနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။
မိသားစုဝင်တွေက အထောက်အပံ့ပစ္စည်းတွေ ပေးပို့ဖို့ ကြိုးစားခဲ့ကြပေမဲ့ အများစုမှာ လိုရာခရီးကို မရောက်ရှိကြပါဘူး။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့ လေကြောင်းပိုင်နက် ပိတ်ဆို့မှုတွေနဲ့ အခြားသော ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲတွေကြောင့် အမေရိကန်စာတိုက်လုပ်ငန်းနဲ့ စစ်ဘက်စာတိုက်လုပ်ငန်း အေဂျင်စီတို့ဟာ ဧပြီလအစောပိုင်းကတည်းက ပစ္စည်းပေးပို့မှုတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။
NOM
201
Repost from News Of Myanmar
အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများသည် အီရန်၏ တိုက်ခိုက်မှုများကြောင့် လူသိရှင်ကြား ထုတ်ပြန်ထားသည်ထက် 'ပိုမိုကြီးမားသော ပျက်စီးဆုံးရှုံးမှုများ' ကြုံတွေ့ခဲ့ရကြောင်း CBS သတင်းဌာန၏ အစီရင်ခံစာတစ်ခုက အတည်ပြုခဲ့သည်။
အမေရိကန်အခြေစိုက်စခန်းအများစုမှာ ပျက်စီးသွားပြီဟု ဆိုကြပြီး ယင်းတို့ကို ပြန်လည်ပြုပြင်ရန်အတွက် ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျနိုင်ဖွယ်ရှိသည်။
အထူးသဖြင့် အီရန်လေတပ်မှာ ‘လုံးဝချေမှုန်းခံလိုက်ရပြီ’ ဟု ထရမ့်၏ ပြောကြားချက်များ ရှိနေသော်လည်း အမေရိကန်အခြေစိုက် စခန်းများသည် အီရန်၏ F-5 တိုက် လေယာဉ်များဖြင့်ပင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ယခုဖြစ်ရပ်သည် စစ်ပွဲအတွင်း အီရန်လေတပ်က အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် တတိယမြောက် အတည်ပြုချက်ဖြစ်သည်။
ယခင်က အီရန် Su-24 လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံတွင် အမေရိကန်စစ်သည် ၆ ဦး သေဆုံးခဲ့ပြီး ယင်းလေယာဉ် များသည် ကာတာနိုင်ငံ၊ ဒိုဟာကမ်းခြေသို့ ချဉ်းကပ်လာချိန်တွင်မှ ပစ်ချခံခဲ့ရခြင်းဖြစ်သည်။
NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ Abbas Araqchi သည် အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းမရှိဘဲ ပါကစ္စတန်နိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
NOM
201
+1
ဧပြီ ၈ ရက်နေ့က တောင်ကိုရီးယားမှာ တိရစ္ဆာန်ရုံကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဝံပုလွေတကောင်ကြောင့် အသည်းအသန်လိုက်လံဖမ်းဆီးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ (ပုံအကြည်က Al နဲ့ ဖန်တီးထားတဲ့ ပုံဖြစ်ပါတယ်)
အခုအခါမှာ တောင်ကိုရီးယားအမျိုးသားတဦးက Al နည်းပညာနဲ့ ဖန်တီးထားတဲ့ ပုံတွေကို မျှဝေခဲ့လို့ ရဲတပ်ဖွဲ့က သူ့ကို လှည့်စားဖော်ပြမှု၊ ကြောက်ရွံ့ထိတ်လန့်စေမှုတွေနဲ့ ဖမ်းဆီးလိုက်ပါတယ်။
တကယ်လွတ်မြောက်ခဲ့တဲ့ ဝံပုလွေကို ၉ ရက်အကြာမှာ ပြန်ဖမ်းမိခဲ့တာပါ။ ဒါပေမယ့်လည်း ဖမ်းမိပြီးနောက် ဒီအမျိုးသားက ဝံပုလွေလွတ်မြောက်နေသယောင်ယောင် အားလုံးကို ထင်မှတ်စေမယ့် ပုံတွေကို ဖြန့်ဝေခဲ့တာပါ။ ဒါကြောင့် အစိုးရကို အနှောင့်အယှက်ဖြစ်စေမှုနဲ့ပါ စုံစမ်းစစ်ဆေးနေပြီး ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဝမ် ၁၀သန်းအထိ ပေးဆောင်ကျခံရဖွယ် ရှိနေပါတယ်။
News Of Myanmar NOM
201
+3
ဘရာဇီးလ်နိုင်ငံမှာ အမျိုးသမီးတဦးဟာ သူမရဲ့ ခွေးလေးက ကိုကင်းတွေကို မျိုချပြီး ဆေးကွဲနေခဲ့လို့ တိရစ္ဆာန်ဆေးကုခန်းကို သွားပြရာကနေ ဖမ်းဆီးခံလိုက်ရပါတယ်။
၃ လသားအရွယ် ပြင်သစ်ခွေးပေါက်လေးဟာ ကိုကင်းတွေမျိုချပြီးနောက် မူးယစ်တဲ့ လက္ခဏာတွေ ပြသခဲ့လို့ ဆရာဝန်ဆီ အမြန်သွားပြခဲ့တာပါ။ စစ်ဆေးမှုအရ သူ့ဝမ်းဗိုက်ထဲမှာ အရာ၀တ္ထုတွေ မြင်တွေ့ခဲ့ရပြီးနောက် ခွဲစိတ်ဖယ်ရှားခဲ့ပြီး အလေးချိန် ၁၂ ဂရမ်ရှိတယ်လို့ ဆိုပါတယ်။
ဒီနောက်မှာ ကိုကင်းတွေဖြစ်နေလို့ ဆေးခန်းဝန်ထမ်းတွေက ရဲတွေကို အကြောင်းကြားခဲ့ပြီး ပိုင်ရှင်ကို ဖမ်းဆီးခဲ့တာပါ။ သူမ ပိုင်ဆိုင်တဲ့ ကိုကင်းတွေလို့လည်း ဝန်ခံခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပေမယ့် လျှပ်စစ်ခြေကျင်းဝတ်စောင့်ကြည့်ကိရိယာတပ်ဆင်ပေးထားဖို့ တရားရုံးက အမိန့်ပေးခဲ့ပါတယ်။
News Of Myanmar NOM
201
အီရန်ရေနံကို ဒေါ်လာဘီလီယံပေါင်းများစွာနဲ့ ဝယ်ယူခဲ့တဲ့ တရုတ်ရေနံချက်စက်ရုံတခုကို အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး Hengli Pegtrochemical ရေနံချက်စက်ရုံကို အမေရိကန် ဘဏ္ဍာရေးဌာနက ပစ်မှတ်ထားခဲ့ပြီး တရုတ်ကတော့ တရားမဝင် တဖက်သတ်ပိတ်ဆို့မှုတွေကို ဆန့်ကျင်တယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။
News Of Myanmar NOM
201
ဒရုန်းနဲ့ ချစ်ပ်တွေ ပြုလုပ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ရှားပါးဒြပ်စင် အပါအဝင် အရပ်ဘက်နဲ့ စစ်ဘက်နှစ်မျိုးလုံးမှာ အသုံးချနိုင်တဲ့ ကုန်ပစ္စည်းတွေ၊ ဆော့ဖ်ဝဲလ် ဒါမှမဟုတ် နည်းပညာတွေကို ထိုင်ဝမ်ဆီ ရောင်းချခဲ့တဲ့ ဥရောပအဖွဲ့အစည်း ၇ ခုကို တရုတ်က dual-use items တွေ တင်ပို့မှု ပိတ်ပင်လိုက်ပါတယ်။
ဂျာမန်ကာကွယ်ရေး အီလက်ထရွန်းနစ်ကုမ္ပဏီ Hensoldt AG နဲ့ ဘယ်လ်ဂျီယံအခြေစိုက် ကာကွယ်ရေးနဲ့ လက်နက်ထောက်ပံ့ရေးကုမ္ပဏီ FN Browning အပါအဝင် ၇ ခုဖြစ်ပြီး ဒီအဖွဲ့အစည်းတွေဟာ ထိုင်ဝမ်ဆီ လက်နက်ရောင်းချမှုမှာ ပါဝင်ခဲ့တာ ဒါမှမဟုတ် ပူးပေါင်းကြံစည်ခဲ့တယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဌာနက ကြေညာချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။
News Of Myanmar NOM
201
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး အလောင်းအစားလုပ်ခဲ့တဲ့ ကန်အထူးတပ်ဖွဲ့ဝင်တဦးဟာ ဖမ်းဆီးခံလိုက်ရပါတယ်။ အများပြည်သူကို သတင်းမထုတ်ပြန်ခင်မှာပဲ သူက Crypto ငွေကြေးစနစ်နဲ့ အလုပ်လုပ်နေတဲ့ ဝက်ဘ်ဆိုက်မှာ သူရရှိထားတဲ့ လျှို့ဝှက်သတင်းအချက်အလက်ကို အသုံးပြုပြီး မာဒူရို ဖမ်းဆီးခံရမယ်လို့ လောင်းကြေးတင်ခဲ့တာပါ။ ဒီအတွက် သူ့ကို ဖမ်းဆီးခဲ့ပြီးနောက် ကန်တရားရေးဝန်ကြီးဌာနက တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
News Of Myanmar NOM
201
ဆီးကျိတ်ကင်ဆာကို လျှို့ဝှက်ကုသမှုခံယူခဲ့ပြီး စစ်ပွဲကြောင့် သတင်းမပေါက်ကြားအောင် ထိန်းသိမ်းခဲ့တယ်လို့ နေတန်ယာဟုက ပြောဆိုလိုက်ပါတယ်။
“ဝါဒဖြန့်ချိရေးအတွက်” အချက်လက်တွေ မပေးချင်တာကြောင့်လို့လည်း ပြောခဲ့ကာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာက ကောင်းမွန်နေတယ်လို့လည်းဆိုပါတယ်။
News Of Myanmar NOM
201
ဧပြီ ၂၃ ရက်နေ့က လူဝီစီးယားနား စျေးဝယ်စင်တာတခုအတွင်းက စားသောက်ဆိုင်တခုမှာ သေနတ်ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတွေနဲ့ မျက်မြင်သက်သေတွေက ပြောဆိုခဲ့ပါတယ်။
လူအုပ်စုနှစ်ခုကြား ထိပ်တိုက်ရင်ဆိုင်ခဲ့တာဖြစ်ပြီး ရန်ပွဲတခုဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် ၅ ဦးကို ဖမ်းဆီးထားပြီး နောက်ထပ်ဖြစ်ပွားတာမျိုး မရှိတော့ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖော်ပြချက်အရ ပစ်ခတ်မှုအတွင်း Ascension Episcopal School က အထက်တန်းကျောင်းသူ ၃ ဦးဟာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
News Of Myanmar NOM
201
အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး crypto လိမ်လည်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကမ္ဘောဒီးယားလွှတ်တော်အမတ်အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်း ၂၈ ခုကို ဒဏ်ခတ်ပိတ်ဆို့လိုက်တယ်လို့ အမေရိကန်က ကြေညာလိုက်ပါတယ်။
ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဌဖြစ်သလို ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဟွန်ဆန်နဲ့ မဟာမိတ်ဖြစ်သူ ချမ်းသာကြွယ်၀တဲ့ လွှတ်တော်အမတ် ကွတ်အန်ဟာ ဒေါ်လာသန်းပေါင်းများစွာ ကန်နိုင်ငံသားတွေဆီကနေ လိမလလည်ခိုးယူခဲ့တယ်လို့လည်း ဆိုပါတယ်။
ကွတ်အန်က သူ့ရဲ့ နိုင်ငံရေးအဆက်အသွယ်တွေကို အသုံးပြုပြီး လိမ်လည်မှုစင်တာတွေ၊ အော်ပရေတာအမျိုးမျိုးရဲ့ ကွန်ရက်ကို ကာကွယ်ခဲ့ပြီး ကန်နိုင်ငံသားတွေကို ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုပုံစံတွေ လွှဲပြောင်းဖို့ ဆွဲဆောင်ကာ ခိုးယူခဲ့တယ်လို့ ကန်ဘဏ္ဍာရေးဌာနက စွပ်စွဲခဲ့ပါတယ်။
News Of Myanmar NOM
201
တူမန်မြစ်ကို ဖြတ်ပြီး မြောက်ကိုရီးယားနဲ့ ရုရှားကို ဆက်သွယ်ပေးဖို့ ဆောက်လုပ်ထားတဲ့ လမ်းတံတားတစင်းကို အမြန်ဆုံးဖွင့်လှစ်နိုင်တော့မယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ ဒီစီမံကိန်းကို အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတခုအဖြစ် သတ်မှတ်ထားပြီး ရုရှားရဲ့ အဝေးပြေးလမ်းမကြီးစနစ်နဲ့ ချိတ်ဆက်ထားကာ မီတာ ၈၅၀ ရှည်လျားတဲ့ တံတားဖြစ်ပါတယ်။
ဖွင့်ပွဲကျင်းပမယ့်ရက်ကို မသတ်မှတ်သေးဘဲ မကြာမီလို့သာ ပြောဆိုခဲ့တာပါ။ ပြုံယမ်းက ရုရှားသံရုံးကတော့ တံတားဟာ ဇွန်လ ၁၉ ရက်နေ့မှာ အလုံးစုံပြီးစီးမယ်လို့ ပြောဆိုထားပါတယ်။
News Of Myanmar NOM
201
ဖင်လန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဂီတဖျော်ဖြေပွဲတခုမှာ ဒေါ်လာ ၁.၃ သန်း တန်ဖိုးရှိတဲ့ တယောဟာ conductor တဦးဖြစ်တဲ့ Matthew Halls ရဲ့ လက်နဲ့ ထိမိပြီးတော့ ပြုတ်ကျသွားခဲ့ပါတယ်။ အဆိုပါတယောကို ၁၈ ရာစုတုန်းက အီတလီပညာရှင်တဦးက ဖန်တီးထားခဲ့တာပါ။ ကံကောင်းတာကတော့ တယောဟာ အက်ကွဲတာ၊ ခြစ်ရာလေးတွေတောင်မဖြစ်ခဲ့တာပါပဲ။
News Of Myanmar NOM
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
