NOM
رفتن به کانال در Telegram
202
مشترکین
-124 ساعت
+27 روز
-430 روز
آرشیو پست ها
202
ထိုင်ဝမ်အနီးက Yonaguni ကျွန်းပေါ်မှာ ဒုံးကျည်တွေ ဖြန့်ကြက်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တရုတ်က ဂျပန်ကို သတိပေးလိုက်ကာ အရမ်းအန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံပိုင် Global Times ကလည်း ဖော်ပြခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ ဂျပန်က ထိုးစစ်ဆင်လက်နက်တွေ ချထားမှုက ဒေသတွင်းတင်းမာမှုတွေကို တမင်တကာဖန်တီးပြီး စစ်ရေးပဋိပက္ခကို နှိုးဆွပေးနေတယ်လိုပလည်း တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။
ထိုင်ဝမ်အရေးမှာ ပြည်ပက ဝင်ရောက်စွက်ဖက်တာကို တရုတ်က ဘယ်သောအခါမှ ခွင့်ပြုမှာမဟုတ်ဘဲ ဂျပန်ရဲ့ စစ်ရေးဝါဒ ပြန်လည်ရှင်သန်လာတာကိုလည်း ခွင့်မပြုဘူးလို့ သူက ထပ်ပြောခဲ့ပါတယ်။
NOM
202
အမေရိကန်အာကာသတပ်ဖွဲ့ဟာ ဒုံးကျည်ကာကွယ်ရေးပုံစံငယ်တွေ တည်ဆောက်ဖို့အတွက် Golden Dome စာချုပ်ငယ် ၆ ခုအထိ ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ ဒီပုံစံငယ်တွေ တည်ဆောက်ဖို့အတွက် နာမည်ကျော် စစ်ဘက်ဆိုင်ရာကုမ္ပဏီတွေဖြစ်တဲ့ Northrop Grumman, True Anomaly, Lockheed Martin နဲ့ Auduril အပါအဝင် ကုမ္ပဏီအများအပြားနဲ့ လုပ်ဆောင်လိုက်တာပါ။ အနာဂတ်မှာ Golden Dome ပရော့ဂျက်က ဒေါ်လာဘီလီယံပေါင်းစွာအထိ ရှိလာမှာပါ။ ရန်သူ့ဒုံးကျည်တွေကို ခြေရာခံဖျက်ဆီးဖို့ ပင်တဂွန်ရဲ့ ကြိုးပမ်းမှုတွေမှာ သိသာတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး အာကာသအခြေပြု ကြားဖြတ်တိုက်ခိုက်ရေးစနစ်၊ ဆက်စပ်စနစ်နဲ့ ပုံစံငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ စာချုပ်တန်ဖိုးအတိအကျကို မဖော်ပြနိုင်ပေမယ့် တခုကို အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ အထိ ရှိနိုင်မယ်လို့ Reuters က ဆိုပါတယ်။
NOM
202
အမေရိကန်ဆီကနေ ဝယ်ယူထားတဲ့ ဒေါ်လာ ၅ ဘီလျံတန်ဖိုးရှိတဲ့ လက်နက်တွေဟာ ဒီနှစ်ကုန်မှာ ယူကရိန်းဆီ ရောက်ရှိလိမ့်မယ်လို့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့က ယူကရိန်းကို ထောက်ပံ့မှုတွေ လျှော့ချကာ ငြိမ်းချမ်းရေးယူဖို့ တိုက်တွန်းနေချိန်မှာ နေတိုးက စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေမှုကို ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
NOM
202
+1
တောင်အာဖရိက,က သင်းအုပ်ဆရာတဦးဟာ သူခိုးလို့ သံသယရှိသူရဲ့ လက်ကို ဓါးနဲ့ ခုတ်ဖြတ်ခဲ့ပြီး မခိုးယူဖို့ ဆုံးမခဲ့မှုအတွက် ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့နှစ်က Vosman လို့ခေါ်တဲ့ ရွာက ဘုရားကျောင်းဝင်းအတွင်း သူခိုးလို့ လူသိများတဲ့ Mahalangu ဆိုသူကို သားဖြစ်သူ Enock က ဖမ်းဆီးခဲ့ပြီးနောက် ရိုက်နှက်ဆုံးမခဲ့ပါတယ်။ ဒီနောက်မှာ သင်းအုပ်ဆရာက သူ့ရဲ့ ဗင်ကားနဲ့ ရောက်လာပြီး ဇနီးသည်၊ အခြားသော ဘုရားကျောင်းဝန်ထမ်းတွေ အကူအညီနဲ့ သူခိုးဖြစ်သူကို ဘုရားကျောင်းထဲ ခေါ်ဆောင်သွားကာ ထပ်မံရိုက်နှက်ခဲ့ကြပါတယ်။
Mahlangu က သူ့မှာ အပြစ်မရှိဘဲ သူ ဒီအတိုင်း လမ်းလျှောက်သွားတာလို့ ပြောခဲ့ပေမယ့် လက်မခံခဲ့ဘဲ ကြိုးနဲ့တုပ်ကာ သစ်တောထဲခေါ်သွားပြီး လက်ကောက်ဝတ်ကနေ ဓါးနဲ့ခုတ်ခဲ့ပါတယ်။ နောက်ထပ် လက်တဖက်ကိုလည်း သွေးအေးအေးနဲ့ ထပ်မံခုတ်ဖြတ်ခဲ့တာပါ။
အခုအခါမှာ သားဖြစ်သူကို ပြန်ပေးဆွဲမှု၊ လူသတ်မှုကြံရာပါအဖြစ် ထောင်ဒဏ်တသက်တကျွန်း၊ ဇနီးဖြစ်သူကိုလည်း ပြန်ပေးဆွဲမှုအတွက် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
NOM
202
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ရောမမြို့က ပန်းခြံတခုနားမှာ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသား ၃ဦးက စုံတွဲတတွဲရဲ့ ကားကို ဖျက်ဆီးပြီး အမျိုးသမီးကို မုဒိမ်းကျင့်ကာ အမျိုးသားဖြစ်သူကို အတင်းအကျပ်ကြည့်ရှုစေခဲ့တဲ့ အမှုဖြစ်ပွားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် အမျိုးသားကို ကားထဲကနေ ဆွဲထုတ်ခဲ့ပြီး သူနဲ့စေ့စပ်ထားတဲ့ ၁၈ နှစ်အရွယ် မိန်းကလေးကို မလှမ်းမကမ်းနေရာဆီ ခေါ်ဆောင်သွားခဲ့ကာ လိင်ပိုင်းဆိုင်ရာ ကျင့်ကြံခဲ့တာပါ။ အမျိုးသားဖြစ်သူကိုလည်း အော်ဟစ်အကူအညီတောင်းဆိုပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဒီအတိုင်းကြည့်နေခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီနောက်မှာ အဆိုပါစုံတွဲက ရဲစခန်းသွားကာ တိုင်ကြားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ မော်ရိုကိုအမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်ပါဝင်သူတွေရှိနိုင်သေးတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပြီး ဆက်လက်စုံစမ်းနေတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အီတလီမှာ ရွှေ့ပြောင်းနေထိုင်သူတွေက ဒီလိုမျိုး လုပ်ရပ်တွေ မကြာခဏလုပ်ဆောင်နေပြီး တလကို အနည်းဆုံး တကြိမ်နှုန်းဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
NOM
202
Grand Canyon နဲ့ Yosemite အမျိုးသားဥယျာဉ်တွေဆီ သွားရောက်လည်ပတ်မယ့် နိုင်ငံခြားသားခရီးသွားတွေဟာ အပိုကြေးပေးဆောင်ရမယ်လို့ ထရမ့်အစိုးရအဖွဲ့က မနေ့က ပြောဆိုလိုက်ပါတယ်။
လူကြိုက်များတဲ့ နေရာ ၁၁ ခုကို ဝင်ရောက်ကြည့်ရှုမယ့် ခရီးသွားတွေဟာ လက်ရှိပေးဆောင်နေရတဲ့ အခကြေးငွေအပြင် နောက်ထပ် ဒေါ်လာ ၁၀၀ ပေးဆောင်ရမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။
လာမယ့်နှစ်ကစပြီး ခရီးသွားတွေဟာ ဥယျာဉ်တွေဆီ ဝင်ခွင့်အဖြစ် ဒေါ်လာ ၂၅၀ ထက် ပိုပြီးပေးဆောင်ရမှာဖြစ်ကာ ကန်နိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်သူတွေကတော့ ဒေါ်လာ ၈၀ သာ ပေးဆောင်ရမှာပါ။ ဒီလိုလုပ်ဆောင်တာဟာ ကန်မိသားစုတွေကို ဦးစားပေးဖို့ဖြစ်ပြီး နိုင်ငံသားတွေကို သက်သာစေဖို့လည်းဖြစ်တယ်လို့ ဆိုပါတယ်။
NOM
202
ယူကရိန်းရဲ့ စေခိုင်းမှုကြောင့် Kaliningrad ဒေသက ဘုရားကျောင်းတခုကို အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သံသယရှိသူ ဆယ်ကျော်သက်တဦးကို ရုရှား FSB က ဖမ်းဆီးခဲ့နိုင်ခဲ့ပါတယ်။
NOM
202
ရုရှားဒရုန်းရန်ကြောင့် ယူကရိန်းမြို့တွေမှာ ဒရုန်းတွေ ကာကွယ်နိုင်ဖို့အတွက် ပိုက်ကွန်တွေ ထားရှိပြီး ပြင်ဆင်ထားတာဖြစ်ပါတယ်။
NOM
202
ဂျီဟတ်ဝါဒီတဦးလို့ ယူဆရတဲ့ ဆယ်ကျော်သက်တဦးဟာ မက်ဒရစ်မြို့လမ်းမတခုပေါ်မှာ Allahu Akbar လို့ ကြွေးကြော်ပြိး လူ ၃ ဦးကို ဓါးနဲ့ထိုး တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပါတယ်။
အသက် ၁၈ နှစ်အရွယ် မော်ရိုကို-စပိန်လူမျိုးဖြစ်ပြီး သူဟာ အရာရှိတွေကို တိုက်ခိုက်ဖို့ပါ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရဲတွေက သူ့ကို ပစ်ခတ်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရကာ လက်ရှိမှာ ဆေးရုံပို့ဆောင်ပေးထားပါတယ်။
စနေနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂ လက်မအရှည်ရှိတဲ့ ဓါးနဲ့ တိုက်ခိုက်ခဲ့တာပါ။ အသက် ၄၀ အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ရဲတပ်ဖွဲ့ကတော့ ဒါဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
NOM
202
ထိုင်းနိုင်ငံမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦးကို သေဆုံးသွားပြီလို့ ယုံကြည်ကာ မီးသဂြိုလ်ဖို့ လုပ်ဆောင်နေချိန် ပြန်လည်အသက်ရှင်လာတဲ့ ဖြစ်ရပ်တခုဖြစ်ပွားခဲ့ပါတယ်။
ဘန်ကောက်မြို့စွန်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတခုမှာ ဖြစ်ပွားခဲ့တာပါ။ သူမဟာ ကျန်းမာရေးချို့တဲ့ခဲ့ပြီး ၂ ရက်ကြာ အသက်ရှုရပ်သွားခဲ့တယ်လို့ သူမရဲ့ အစ်ကိုက ပြောဆိုခဲ့ပါတယ်။ ဒီနောက် သူမကို သေဆုံးပြီလို့ထင်မှတ်ကာ ခေါင်းတလားထဲထည့်ပြီး ဘန်ကောက်က ဆေးရုံတခုဆီသွားပြီး ကိုယ်တွင်းအင်္ဂါတွေ လှူချင်ခဲ့တဲ့ သူမရဲ့ ဆန္ဒအတိုင်း အစ်ကိုဖြစ်သူက လုပ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ဆေးရုံက သေဆုံးမှတ်တမ်းမရှိပါက လက်ခံလို့မရဘူးလို့ ပြောဆိုခဲ့လို့ အခမဲ့မီးသဂြိုလ်ပေးကာ ကူညီပေးနေတဲ့ ဘုန်းကြီးကျောင်းဆီ သွားခဲ့တာပါ။ ဒီနောက် သဂြိုလ်ဖို့ စီစဉ်နေချိန် အခေါင်းတွင်းက ထုရိုက်သံတွေကြားရလို့ ဖွင့်ကြည့်ရာမှာ အသက်ပြန်ရှင်လာခဲ့တာကို တွေ့ရှိခဲ့တာပါ။ သူမကို ဆေးရုံဆီ အမြန်ပို့ဆောင်ပေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်က ဆေးကုသစရိတ်ကို တာဝန်ယူပေးသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
NOM
202
ဥရောပမှာ ဂျာမန်စစ်တပ်ကို အတောင့်တင်းဆုံးစစ်တပ်ဖြစ်လာအောင် ပြန်လည်တည်ဆောက်ဖို့အတွက် ဂျာမနီက ပြင်ဆင်နေပါတယ်။ ဂျာမနီဟာ စစ်သားအရေအတွက်ကို မြှင့်တင်ဖို့အတွက် ကြိုးစားနေပြီး အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းဖို့ကိုလည်း ဥပဒေထုတ်ပြန်ကာ လုပ်ဆောင်နေတာပါ။
စာရင်းသွင်းသူတွေကို လစဉ် စတင်လစာငွေ ယူရို ၂၆၀၀ နဲ့ အပိုဆုကြေးတွေ ပေးမှာဖြစ်ပြီး စေတနာ့ဝန်ထမ်း စာရင်းသွင်းမှုကိုလည်း ခံစားခွင့်တွေ ပေးအပ်သွားဖို့ရှိနေပါတယ်။ ကာကွယ်ရေးအသုံးစရိတ်တွေကိုလည်း တိုးမြှင့်မှာဖြစ်ကာ ဥရောပရဲ့ စစ်ဘက်ဆိုင်ရာကဏ္ဍမှာ အကြီးမားဆုံးတပ်ဖွဲ့ဖြစ်လာဖို့ကို အထူးတလည်အာရုံစိုက်လာပြီဖြစ်ပါတယ်။
NOM
202
ရုရှား-ယူကရိန်း လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ဖို့ ဂျီနီဗာမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးနေချိန်အတွင်း (ဒေါသတကြီးဖြင့်) ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအတွင်းရေးမှူး Umerov ချိုးဖျက်ခဲ့တဲ့ ဘောပင်ဖြစ်ပါတယ်။
NOM
202
ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ပြောဆိုခဲ့မှုတွေဟာ မျဉ်းနီကို ကျော်ဖြတ်ခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုလိုက်ပါတယ်။ တရုတ်အနေနဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ပြု ပြောဆိုတာတွေကို အပြည့်အ၀ပြန်တုံ့ပြန်မယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။ နှစ်နိုင်ငံကြားမှာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ဆက်တိုက်မြင့်တက်နေကာ ပြေလည်မှုမရသေးဘဲ ရှိနေပါတယ်။
NOM
202
တက္ကဆက်ပြည်နယ်က အသက် ၂၀ အရွယ်နဲ့ ၂၁နှစ်အရွယ် အမျိုးသားနှစ်ဦးဟာ အိမ်ခြေယာမဲ့တွေကို စည်းရုံးကာ အဖွဲ့တခုဖွဲ့စည်းပြီး ဟေတီကမ်းလွန်က Gonave ကျွန်းကို စီးနင်းဖို့ ကြံစည်ခဲ့မှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။ သူတို့ဟာ အဆိုပါကျွန်းဆီ လိင်ကျွန်တွေကို ခေါ်ဆောင်ပြီး သူတို့စိတ်ကူးယဉ်ထားတဲ့ လိင်ပိုင်းဆိုင်ရာလုပ်ရပ်တွေကို လုပ်ဆောင်ဖို့အထိ တွေးတောခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။
အဆိုပါကျွန်းပေါ်က အမျိုးသားအားလုံးကို သတ်ပစ်ပြီး အမျိုးသမီးနဲ့ ကလေးတွေအားလုံးကို လိင်ကျွန်တွေအဖြစ် ခိုင်းစေပြောင်းလဲဖို့လည်း ရည်ရွယ်ထားတယ်လို့ စွဲချက်တင်မှုမှာ ပါဝင်ပါတယ်။ ထင်းလှေတစင်းနဲ့ လက်နက်တွေကို ဝယ်ယူကာ ကြေးစားတပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ဖို့ အိမ်ခြေယာမဲ့တွေကို စုဆောင်းဖို့ပါ အားထုတ်ခဲ့တာပါ။
အဆိုပါကျွန်းမှာ လူပေါင်း ၁ သိန်းဝန်းကျင်နေထိုင်ပြီး ဒေသခံတွေဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အလွန်အမင်းဆင်းရဲတယ်လို့လည်း သိရပါတယ်။ အဆိုပါကျွန်းကို လှေနဲ့သာ သွားရောက်နိုင်တယ်လို့လည်း သိရပြီး စွပ်စွဲခံရသူနှစ်ဦးရဲ့ ရှေ့နေတွေကတော့ သူတို့အမှုသည်တွေဟာ အမှားမလုပ်ထားသေးဘူးလို့ တုံ့ပြန်ထားပါတယ်။
NOM
202
ရေကြီးမှုတွေဖြစ်ပွားနေတဲ့ ဗီယက်နမ်မှာ Srepok မြစ်အတွင်း မျောပါနေတဲ့ အမျိုးသားတဦးကို ဒရုန်းနဲ့တဆင့် ကယ်ဆယ်ပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်ပါ။ အသက်ကယ်ဘောကွင်းကို ဒရုန်းမှာ ချိတ်ပေးခဲ့ပြီး အသက် ၄၉ နှစ်အရွယ် အမျိုးသားဆီ ပို့ဆောင်ပေးခဲ့ကာ ဘောကွင်းပေါ် တွယ်ဖက်ပြီးနောက် ဒရုန်းက ဘေးလွတ်ရာဆီ ပြန်ဆွဲခေါ်ပေးခဲ့တာလည်းဖြစ်ပါတယ်။
NOM
202
ဝါရှင်တန်ဒီစီမှာ နိုဝင်ဘာလ ၂၂ ရက်နေ့က ဒေါ်နယ်ထရမ့်ကို ဖယ်ရှားကာ တရားစွဲအပြစ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတခုကို ပြုလုပ်ခဲ့ပါတယ်။ အခြေခံလူတန်းစားအဖွဲ့ ဖယ်ရှားရေး ညွှန်ပေါင်းအဖွဲ့က ဦးဆောင်ခဲ့ကာ လွှတ်တော်အမတ်တဦးဖြစ်သူ အယ်ဂရင်းက မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အာဏာရှိသူတွေက အစိုးရကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ အနာဂတ်မှာ ဖြစ်မလာအောင် ဥပမာတခုအနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
NOM
202
တိုက်တန်းနစ်သင်္ဘောာကနေ ပြန်လည်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို ပေါင် ၁.၇ သန်းနဲ့ ဗြိတိန်က လေလံပွဲမှာ ရောင်းချနိုင်ခဲ့ပါတယ်။
ရွှေအိတ်ဆောင်နာရီတလုံးပါဝင်ပြီး အဆိုပါနာရီဟာ သင်္ဘောနစ်မြုပ်ခဲ့တဲ့ မနက် ၂း၂၀ နာရီ တိတိမှာ ရပ်တန့်ခဲ့ပါတယ်။
တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားထဲမှာ လှေနစ်မြုပ်နေစဉ် Isidor နဲ့ Straus တို့ ဖက်ထားချိန် မြင်တွေ့ရတဲ့ နာရီလည်း ဖြစ်ပါတယ်။
NOM
202
ယူကရိန်းကာကွယ်ရေးဝန်ကြီးဟောင်း Umerov ကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီ NABU က ပြောဆိုလိုက်ပါတယ်။
NOM
202
ကာရစ်ဘီယံဒေသမှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုတိုးပွားလာတာကြောင့် ဗင်နီဇွဲလားဟာ အရပ်ဘက်လေကြောင်းအတွက် သတိပေးချက် ထုတ်ပြန်လိုက်ပြီး မနေ့က လေကြောင်းလိုင်း ၆ ခု ထက်မနည်းဟာ ဗင်နီဇွဲလားဆီ ပျံသန်းမှုတွေကို ဖျက်သိမ်းလိုက်ပါတယ်။ ဘရာဇီးလ်၊ စပိန်၊ ကိုလံဘီယာ၊ ပေါ်တူဂီ၊ ချီလီနဲ့ ထရီနီဒက်တိုဘာဂိုတို့က လေကြောင်းလိုင်းတွေဖြစ်တယ်လို့လည်း ဗင်နီဇွဲလားလေကြောင်းလိုင်းများအသင်းက ကြေညာခဲ့ပါတယ်။
NOM
202
ဗဟိုဘဏ်အရာရှိတွေအဖြစ် ဟန်ဆောင်ကာ ငွေသယ်လာတဲ့ကားကို လုယက်မှုမှာ ပါဝင်ခဲ့သူ ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ ရူပီး သန်း ၇၀ လုယက်ခံခဲ့ရပြီး ၃ ရက်အကြာမှာပဲ ရူပီး ၅၇.၆ သန်းနဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ ငွေတွေ ပြန်ရဖို့အတွက်လည်း လုပ်ဆောင်နေတယ်လို့ Bengaluru ရဲမင်းကြီး Seemant Kumar Singh က သတင်းထောက်တွေကို ပြောဆိုခဲ့ပြီး ကျန်ရှိနေတဲ့ တရားခံ ၂ဦး ဒါမှမဟုတ် ၃ ဦးကိုလည်း ရှာဖွေနေတယ်လို့ ဆိုပါတယ်။
NOM
