fa
Feedback
𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

رفتن به کانال در Telegram

ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာ​​လေးမှာ နောက်တစ်ခါလောက်​​​ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling

نمایش بیشتر
236
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-630 عوز
آرشیو پست ها
အချစ်ရေ.. မင်း‌ပျော်ရွှင်နေတဲ့အခါ သူ့နားနေပြီးပျော်နေပါ။ မင်းစိတ်ပင်ပန်းလာရတဲ့အခါ ငါ့ရင်ခွင်ထဲလာငိုပစ်ပေါ့ကွာ။ - လိပ်ပြာ
အချစ်ရေ.. မင်း‌ပျော်ရွှင်နေတဲ့အခါ သူ့နားနေပြီးပျော်နေပါ။ မင်းစိတ်ပင်ပန်းလာရတဲ့အခါ ငါ့ရင်ခွင်ထဲလာငိုပစ်ပေါ့ကွာ။ - လိပ်ပြာ

ကဗျာဆရာ ကဗျာဆရာ၊စာရေးတာသည် ဥစ္စာမမက်၊ဉာဏ်များထက်အောင် သူဆက်ရေးကာ၊လူငယ်ဟာလည်း ကဗျာစာကြောင့်၊လမ်းမှန်ဖြောင့်လို့ ရောင့်ရဲတတ်လေ။ ငါဆရာဟု၊‌မောင်းတိုင်းထုလို့ အတုယူလျှင်၊လမ်းဘေးတွင်သာ ‌အရင်‌တောင်းစား၊အာဏာအားလျှော့ အမှားပြင်ပေး၊လေ‌သံအေးနှင့် ဖာထေးအမှား၊ဆရာကားမှာ အားထားဖွယ်ဖြစ်၏။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌လင်္ကာ ၁၆.၅.၂၀၂၅

တတ်နိုင်တဲ့ဘောင်ထဲက ကိုယ်ဟာမင်းအတွက် အဆုံးထိတည်ရှိပေးခဲ့ပါတယ်။ ဒါပေမယ့် မင်းမမြင်ခဲ့တာတော့ ကိုယ်လည်းဘာမှမတတ်နိုင်ခဲ့ဘူး။ အချစ
တတ်နိုင်တဲ့ဘောင်ထဲက ကိုယ်ဟာမင်းအတွက် အဆုံးထိတည်ရှိပေးခဲ့ပါတယ်။ ဒါပေမယ့် မင်းမမြင်ခဲ့တာတော့ ကိုယ်လည်းဘာမှမတတ်နိုင်ခဲ့ဘူး။ အချစ်ရယ် တစ်ချက်လေးတောင် လှည့်မကြည့်ပါ့လားကွာမင်းဟာလုပ်ရက်တယ်။ - လိပ်ပြာ

ဒီနိုင်ငံမှာ ထောက်ပြပြောဆို စိတ်မှာတို မလိုအပ်တာ ကျင့်ဝတ်ပါ။ အမှားဝေဖန် ပြင်အမှန် မတန်တာဟာ စေတနာ။ မေတ္တာစိတ်ဖြင့် ကောင်းစေလင့် မတင့်တယ်မှာ ကရုဏာ။ စိတ်ကိုမယုံ ဒုက္ခကြုံ မလုံလောက်ကာ ချေးဥစ္စာ။ ထိုသို့ခေတ်တွင် ငါ့အသွင် နာကျင်စိတ်ဖြာ လူညံ့ငါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

‌မသေချာသောမျှော်လင့်ခြင်း မသေချာခြင်းများစွာနဲ့ မျှော်လင့်ရင်းပဲ အဖေ့တာဝန်ဟာ ကျွန်တော့်ကျောပေါ်ရောက်လာတယ်။ ပြိုတော့မယ့်မိုးလိ
‌မသေချာသောမျှော်လင့်ခြင်း မသေချာခြင်းများစွာနဲ့ မျှော်လင့်ရင်းပဲ အဖေ့တာဝန်ဟာ ကျွန်တော့်ကျောပေါ်ရောက်လာတယ်။ ပြိုတော့မယ့်မိုးလို စိုစိုစွတ်စွတ်မျက်ဝန်းတွေနဲ့ အဖေကျွန်တော့်ကိုကြည့်တဲ့အခါ ကျွန်တော့်စိတ်တွေယိုင်လဲရပါတယ်။ မုန်တိုင်းပြီးရင်တော့ လေပြေ‌လာမှာပါပဲ အဖေ။ ကျွန်တော်တို့ဒီမုန်တိုင်းအတွင်းတော့ ကြံ့ကြံ့ခံရင်ဆိုင်ကြရအုံးမှာပေါ့။ - လိပ်ပြာ

" ငါ့ကိုကြည့်နေကြတယ် " စိုစွတ်နေတဲ့ ပထမဝါဆိုဟာငါ့ကိုကြည့်နေတယ်။ ဝင်းဝါနေတဲ့ သရက်သီးတွေကငါ့ကိုကြည့်နေတယ်။ ကျောက်လမ်းပေါ်က ဗွက်
" ငါ့ကိုကြည့်နေကြတယ် " စိုစွတ်နေတဲ့ ပထမဝါဆိုဟာငါ့ကိုကြည့်နေတယ်။ ဝင်းဝါနေတဲ့ သရက်သီးတွေကငါ့ကိုကြည့်နေတယ်။ ကျောက်လမ်းပေါ်က ဗွက်တွေကငါ့ကိုကြည့်နေတယ်။ အဖေပေးတဲ့ ထီးစုတ်လေးကငါ့ကိုကြည့်နေတယ်။ အမေချုပ်ပေးတဲ့ မိုးကာအင်္ကျီလေးကငါ့ကိုကြည့်နေတယ်။ မိုးတွင်းကြီးစီးတတ်တဲ့ Converse အမဲလေးကငါ့ကိုကြည့်နေတယ်။ ဝင်းမြင့်ရဲ့ ကဗျာစာအုပ်တွေကငါ့ကိုကြည့်နေတယ်။ သူလည်းငါ့ကိုကြည့်နေတယ်။ ကြည့်နေတယ်။ ကြည့်နေတယ်။ ပထမဝါဆိုမှာ ငါ့ကိုကြည့်နေကြတယ်။ - လိပ်ပြာ

နိုင်ငံ့လူငယ် တို့တိုင်းပြည်တွင် လူငယ်လျှင် အထင်သေးကာ ဖိနှိပ်တာ။ တို့နိုင်ငံ၌ လူတစ်သိုက် သိမ်းပိုက်လို့လာ သူ့အာဏာ။ တို့မြန်မာ၏ ပြည်သူထိ အသိနည်းကာ လောဘဖြာ။ အထက်ကလူ ကြံစည်သူ အနူလက်မှာ ဆင်တန်ဆာ။ ဤသို့ပျက်စီး နိုင်ငံကြီး အသီးညံ့ဟာ မျိုးဆက်ပါ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

ပြုံးပြပါအချစ်ရယ် မင်းပြုံးနေမှဒီလူကမငိုမိမှာ။ - လိပ်ပြာ
ပြုံးပြပါအချစ်ရယ် မင်းပြုံးနေမှဒီလူကမငိုမိမှာ။ - လိပ်ပြာ

လေသံပဲကြားရကြားရ ခြေသံပဲကြားရကြားရ မမခင် ရဲ့နာမည်လေးပဲ ရေရွတ်နေမိတယ်။ မမခင် က ဆေးလိပ်လျော့သောက်ဖို့ပြောတယ် ကျွန်တော်လည်းလျော့သောက်တယ် ဦးနှောက်မရှိတဲ့ တဏှာရူးတွေကတော့ ဆေးလိပ်ကိုဖြတ်တယ် ကွာပါတယ် မမခင် ခြားပါတယ် မမခင် မမခင် သာနေမင်းကြီးဆိုရင် ကျွန်တော်ကနေကြာပန်းလေးပါ မမခင် သာလမင်းလေးဆိုရင် ကျွန်တော်ကကြယ်ကလေးပါ "ရွှေနဲ့မြ" မဖြစ်နိုင်ရင်တောင် "ငပိနဲ့လောက်" တော့ ဖြစ်ချင်ပါတယ် မမခင်။ -လင်းသစ်

မမခင်ကိုရဖို့အတွက် ဘယ်သူ‌‌တွေနဲ့ရင်ဆိုင်ရမလဲ နေကြာဖြူလား‌ ကျော်ကြီးလား လင်းအလင်္ကာလား ကျွန်တော်မမှု ဂရုမပြု မမခင်ကိုရဖို့အတွက် ဘာတွေကိုဖြတ်ကျော်ရမလဲ တောင်ပေါ်ကနေ တောင်အောက်ထိ ပြေးဆင်းရမလား ရေအောက်နက်ခြေထိ ငုပ်ဆင်းသွားရမလား ကျွန်တော်မမှု ဂရုမပြု လူတွေက လေကိုလိုတယ် ကျွန်တော်လည်း လေကိုလိုတယ် ဒါပေမဲ့ မမခင်ကို လေထက်ပိုလိုတယ် မမခင်ကိုရဖို့ဆိုရင် ဘာကိုမှမမှု ဘာကိုမှဂရုမပြု။ -လင်းသစ် -မမခင်ကိုရဖို့ဆိုရင်

စာတတ်၍ပညာမတတ်သူများ ခေတ်ပညာတတ် ပိုက်ဆံမက် ရမ္မက်စိတ်များ သူ့ရံထား။ ပိုက်‌ဆံမဝင် ဂုဏ်မတင် သူထင်တာမှား ဝိုင်းကာတား။ တို့နိုင်ငံ၏ တစ်ချို့ရှိ အသိမဲ့ကာ ပညာပါး။ အသုံးမကျ သူ့ဘဝ သူမှပြစ်တင် နိုင်ငံကား။ တို့များမှာတော့ ခေါင်းကိုမော့ ရင်ကော့ဝင့်ကြွား မြန်မာ့သား။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-သံပေါက်

အချစ်တွေစစ်ဖို့ထက် မင်းငါ့ကိုချစ်ဖို့အရေးကြီးတယ်။ - လိပ်ပြာ
အချစ်တွေစစ်ဖို့ထက် မင်းငါ့ကိုချစ်ဖို့အရေးကြီးတယ်။ - လိပ်ပြာ

သူမရှိရင် ကျွန်တော်ဘယ်လိုနေရမလဲ ဆိုတာထက် ကျွန်တော်မရှိလည်း သူပျော်ပျော်နေနိုင်ဖို့က အရေးကြီးပါတယ်။ -လင်းသစ်

အချစ်မှာ နီးချင်းဝေးချင်း ပိုင်ဆိုင်ချင်းရယူချင်းနှင့်မဆိုင် အဝေးက ငေးကာကြည့်နေရလည်း ဒါဟာအချစ်ပါပဲ။ - လိပ်ပြာ
အချစ်မှာ နီးချင်းဝေးချင်း ပိုင်ဆိုင်ချင်းရယူချင်းနှင့်မဆိုင် အဝေးက ငေးကာကြည့်နေရလည်း ဒါဟာအချစ်ပါပဲ။ - လိပ်ပြာ

ခင် က ဘယ်နေရာကကြည့်ကြည့် ကြောင်ပေါက်လေး တစ်ကောင်ထက် ချစ်ဖို့ကောင်းတယ် မဟုတ်ဘူး ကျွန်တော့်အတွက်တော့ ခင် ကချစ်စရာကောင်းတာထက် ပိုပြီးချစ်စရာကောင်းတယ်။ -လင်းသစ်

အာဆင်နယ်လို ၁၁ ယောက်ရှိတာတောင် ဒုတိယ ရခဲ့သေးတာပဲ ကျွန်တော့်လို ကျွန်တော်တစ်ယောက်ထဲပဲ ရှိတဲ့ ကောင်က ဒုတိယ ရတာမဆန်းပါဘူး။ -လင်းသစ်

သတ်မှတ်ချက် အချစ်တစ်ခုကို ဘယ်လိုသတ်မှတ်မလဲ အကွာအဝေးနဲ့လားမေတ္တာနဲ့လား အကွာအဝေးနဲ့ဆိုကျွန်တော်ရှုံးပါတယ် မေတ္တာနဲ့ဆိုရင်ကျွန်တ
သတ်မှတ်ချက် အချစ်တစ်ခုကို ဘယ်လိုသတ်မှတ်မလဲ အကွာအဝေးနဲ့လားမေတ္တာနဲ့လား အကွာအဝေးနဲ့ဆိုကျွန်တော်ရှုံးပါတယ် မေတ္တာနဲ့ဆိုရင်ကျွန်တော်ဟာပထမပါ။ - လိပ်ပြာ

ကျွန်တော်တို့ဘဝတွေမှာ အခုထက်စောပြီး တွေ့သင့်တဲ့ သူတွေ ရှိခဲ့တယ် နောက်ကျပြီး တွေ့သင့်တဲ့ သူတွေလည်း ရှိခဲ့တယ် ။ ပြီးတော့ ဘယ်တော့မှ မတွေ့ခဲ့သင့်တဲ့သူတွေလည်း တကယ်ပဲရှိခဲ့ပါတယ်။ -မိုးနေ့

အချစ်ရူးပေါ့ကွယ် မင်းကိုချစ်လို့ရူးတဲ့အရူးပေါ့။ - လိပ်ပြာ
အချစ်ရူးပေါ့ကွယ် မင်းကိုချစ်လို့ရူးတဲ့အရူးပေါ့။ - လိပ်ပြာ