fa
Feedback
STEMSphere - Virtual STEM Exploration Hub

STEMSphere - Virtual STEM Exploration Hub

رفتن به کانال در Telegram

A special space to explore STEM through innovation

نمایش بیشتر
655
مشترکین
+424 ساعت
+617 روز
+13530 روز
آرشیو پست ها
မင်္ဂလာပါ Investor ဦးသိန်းကြွယ်နှင့် ဒေါ်သန်းဌေးတို့ရှင် 💸 ဒီတစ်ခါတော့ “Wallet Quest” ဆိုတဲ့ Game လေးရဲ့ Feeling ကို တူတူခံစားကြရအောင်နော်။ 🥰 ဒီ Game လေးမှာတော့ ကိုယ်က Virtual Money နဲ့ coins တွေကို ဝယ်ပြီး Profit ရအောင် စဉ်းစားပြီး Trade လုပ်ရတာပါ။ Game စတာနဲ့ Dollar 1 သန်းဆိုတဲ့ Cash Amount တစ်ခု ပေးထားမယ် 💵 အဲဒီနဲ့ BTC လို Coin တွေကို ဝယ်လို့ရပြီး Price တက်မလား ကျမလားဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ရမယ်။ ကိုယ်ရတဲ့အမြတ်ရဲ့ 1% ဟာ ကိုယ်ရတဲ့ Point ပဲ ဖြစ်ပါတယ်။ Round ငါးခုပြီးသွားလို့ အရင်း ဒေါ်လာတစ်သန်းသာကျန်ရင် (သို့) အရင်းအောက် လျော့ပြီး ရှုံးရင်တော့ Game Over ပါပဲ။ 💁🏻‍♀️ ဒီဂိမ်းလေးဟာ Crypto လောကကို Stimulate လုပ်ထားတာမို့ လက်တွေ့ Coin တွေ ဝယ်ဖို့ Risk ယူရမှာ ကြောက်သူတွေအတွက် ပွဲမဝင်ခင်ပြင်က ကျင်းပနိုင်မယ့်နေရာလေးပါပဲ။ Crypto အကြောင်း မသိသေးသူတွေအတွက်လည်း ရင်းနှီးကျွမ်းဝင်မှုရှိစေမယ့် ဂိမ်းလေးပါ။ အပျင်းလေးပြေ၊ ငွေကြေးစီမံမှုစွမ်းရည်လည်း တိုးတက်စေတဲ့ ဂိမ်းလေးဖြစ်တာမို့ အခုပဲ ဆော့ကြည့်ကြပါစို့ရှင် 📊 🫵 https://technology.stemspheremm.com/games/wallet-quest #WalletQuest #FacultyofTechnology #STEMSphere

တစ်လတာ စနေနေ့တိုင်းဆုံကြရမယ့် “သစ်ရိပ်ဝါးရိပ် စကားဝိုင်း”ရဲ့ Agenda လေးကို ပြောပြပေးပါရစေ။ ဒီ စကားဝိုင်း‌လေးကို May လ 9,16,23,30 ဆိုပြီး စနေနေ့တိုင်း တစ်ပတ်ကို တစ်ကြိမ်နဲ့ လေးကြိမ်ပြုလုပ်သွားမှာဖြစ်ပြီးတော့ အချိန်ကတော့ ညနေ 7:30 ကနေ ည 9:00 အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အစီအစဉ်အသေးစိတ်‌ဆိုရင်တော့ 🌳 May 9, 2026 နေ့မှာ ထူးထူးခြားခြား Screen Time တစ်ချိန်နဲ့ ‌အဲ့ဒီပြသတဲ့ video မှာပါတဲ့အကြောင်းတွေကို ဆွေးနွေးရင်း အဖြေရှာကြမှာဖြစ်ပါတယ်။ ပြီးရင်တော့ အားလုံးနဲ့ ကျွမ်းဝင်နေတဲ့ Online Platform တစ်ခုကနေ ဂိမ်းအတူဆော့မှာဖြစ်ပြီးတော့ ပထမအပတ်လေးကိုအဆုံးသတ်မှာဖြစ်ပါတယ်။ 🌳 ဒုတိယအပတ်ဖြစ်တဲ့ May 16, 2026 မှာတော့ ဝင်ဝင်ချင်း ဦးနှောက်လေ့ကျင့်ခန်းလေးအတူလုပ်ပြီးမှ Gp အလိုက် အာလူးဖုတ်ကြမှာဖြစ်ပါတယ်။ ဒီရက်မှာထူးခြားတာကတော့ တစ်ရက်တည်း ဦးနှောက်လေ့ကျင့်ခန်း နှစ်ခါလုပ်ရမယ့်ရက်မို့ လုံးဝကို Energy အပြည့်ဖြည့်ထားရမယ့် ရက်ဖြစ်ပါတယ်။ ဦးနှောက်လေ့ကျင့်ခန်း နောက်တစ်ခုကိုသိချင်ရင်တော့ လာ join ဖို့လိုမယ်နော်။ 🌳 May 23 မှာတော့ ကိုယ့်ကိုကိုယ် မေးလေ့မရှိတဲ့/ ဆန်းစစ်စရာ မေးခွန်းတစ်ခုနဲ့ စတင်မှာဖြစ်ပြီးတော့ ကိုယ်တွေ SLC Advocates ရဲ့ Founder ကိုယ်တိုင် Environmental and Sustainable နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ပြီးရင်တော့ Discuss လုပ်စရာရှိတာ လုပ်ပြီးတော့ တတိယအပတ်အတွက် ပြီးမြောက်သွားမှာဖြစ်ပါတယ်။ 🌳 နောက်ဆုံးအပတ်ဖြစ်တဲ့ May 30 မှာဆိုရင်တော့ Screen Time အရင်လာမှာဖြစ်ပြီးတော့ ပြီးတာနဲ့ ထုံးစံအတိုင်း အာလူးဖုတ်ကြမှာပဲဖြစ်ပါတယ်။ ‌‌နောက်ပြီးတော့ ကလေးဘဝထဲက ဘယ်လိုဆော့ဆော့မနိုင်တဲ့ Game တစ်ခုကို အဖွဲ့လိုက်အတူဆော့ကြပြီးတော့ Gp အလိုက်ဆိုရင်ရော ဘယ်သူနိုင်မလဲ သိချင်ပါသေးတယ်ရှင်။ ဒါဆို ကိုယ့်ပတ်ဝန်းကျင်မှာ ပြဿနာလို့ ကိုယ်ထင်မထားတဲ့ ပြဿနာတွေကို အတူဖြေရှင်းရင်း အတူအာလူးဖုတ်ရင်း နားရည်လည်းဝ…ပညာလည်းရလို့ SLC Advocates ရဲ့ အခုလေးရက်တာကို မဖြစ်မနေ ဂျွိုင်းလိုက်ဖို့ Recommend ပေးပါရစေနော်။ 🙌 ပါဝင်မယ့် လူအရေအတွက်ကို ကန့်သတ်ထားတာကြောင့် စိတ်ဝင်စားသူများအနေနဲ့ အခုအောက်မှာပြထားတဲ့ Register Form ကို တစ်ခါတည်းဖြည့်ထားလိုက်ဖို့ တိုက်တွန်းပါစေရှင်။ Register Here! https://forms.gle/PPUgWd3mzA67jfct9 Date - Every Saturday (May 9th, 16th, 23rd, 30th) Time - 7:30-9:00 PM Platform - ZOOM Linkedln📍 https://www.linkedin.com/company/slc-advocate #SLCAdvocates #ActForEarth #ActForCommunity #SaturdayTalk

🕵🏻‍♀️ "Data Detective Game" 🕵🏻‍♂️ ဦးစံရှား ဝင်စားတဲ့ စုံထောက်လေးတွေ ရှိကြရဲ့လားရှင် 🔍 ဒီတစ်ခါတော့ “Data Detective” ဆိုတဲ့ Game လေးကနေ ကိုယ့်ရဲ့စုံထောက်နိုင်စွမ်းကို စမ်းသပ်ကြမယ်နော်။ ဒီ game လေးရဲ့ သဘောတရားကို ရှင်းပြရရင် itemsလေးတွေထဲကနေ မတူတဲ့တစ်ခု (odd one) ကို ရှာရတာပါ။ ရုတ်တရက် ကြည့်လိုက်ရင် အကုန်တူတူလိုထင်ပေမဲ့ သေချာကြည့်လိုက်ရင် “‌ဪ ဒီတစ်ခုက မတူဘူးပဲ!” ဆိုပြီး သိလာမယ် 💡 Round တွေ တက်လာလေ၊ စုံထောက်ရတာ ပိုခက်လေမို့၊ ကိုယ်မှန်တဲ့အချိန်မှာတော့ “ငါဟာ စုံထောက်ကြီးပဲ” ဆိုတဲ့ Feeling ကို ရရှိသွားမှာ အသေအချာပါပဲ 🌞🌺 💥 ပေါ့ပေါ့ပါးပါးနဲ့ Fun ဖြစ်ချင်ရင် ဒီ game လေးက perfect choice လေးတစ်ခုပါပဲရှင်။ https://technology.stemspheremm.com/games/data-detective 🌦 #DataDetective #FacultyofTechnology #STEMSphere

ဟယ်လို 👋 ဒီတစ်ခါတော့ “Qubit Maze” ဆိုတဲ့ Game လေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Game လေးကိုမြင်လိုက်တာနဲ့ သာမန်ဝင်္ကပါဂိမ်း တစ်ခုလို့ ထင်နိုင်ပေမဲ့ တကယ်ဆော့ကြည့်လိုက်ရင် နည်းနည်းစဉ်းစားရတဲ့ puzzle vibe လေး ပါနေပါတယ်။ Game စတာနဲ့ “Go” ဆိုတဲ့နေရာကနေ ကိုယ်ရဲ့ character ကို စတင်လှုပ်ရှားရပါတယ်။ အောက်မှာရှိတဲ့ Arrow Button လေးတွေကို အသုံးပြုပြီး လမ်းကြောင်းထဲမှာ တစ်ဆင့်ချင်းရွှေ့သွားရတာပါ။ အဓိကပန်းတိုင် ကတော့ Maze (ဝင်္ကပါ) ထဲမှာရှိတဲ့ Qubits တွေကို စုပြီး နောက်ဆုံး target ကို ရောက်အောင်လုပ်ရတာပါ။ ဒါပေမဲ့ လမ်းတွေက တန်းတန်းမရှိဘဲ ချိုးကွေ့နေတဲ့အတွက် တစ်ခါတစ်ရံ လမ်းမှားဝင်မိနိုင်ပါတယ်။ Move ကလည်း ကန့်သတ်ထားတာဖြစ်လို့ စဉ်းစားပြီးရွှေ့ရပါတယ်။ Heart (❤️) တွေကလည်း အရေးကြီးတဲ့အခွင့်အရေးတွေဖြစ်လို့ မဆုံးအောင် သတိထားဖို့လိုပါတယ်။ ဒီ Game ရဲ့ အရသာကတော့ လမ်းရှာရင်း “ဟုတ်ပြီ!” ဆိုပြီး ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ feeling ပဲဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် သွားလို့ရတဲ့အခါ Achievement လေးတစ်ခုလို ခံစားရစေပါတယ်။ ပထမကြည့်တော့ နည်းနည်းခက်သလိုထင်ရပေမယ့် စမ်းကြည့်လိုက်တာနဲ့ logic လေးတွေ နားလည်လာပြီး ပိုပြီးစိတ်ဝင်စားလာမယ်ဆိုတာ သေချာပါတယ် ✨ ဒါကြောင့် ကိုယ့် IQ မြင့်မားစေချင်သူတွေအတွက်၊ အတွေးအတောဝါသနာပါသူတွေအတွက်၊ ဝင်္ကပါကို နှစ်သက်သူတွေအတွက် အနည်းဆုံး ဆယ်ကြိမ်မက ဆော့ကြည့်သင့်တဲ့ Game တစ်ခုပါရှင် 🏃🏻‍♀️🏃🏻‍♀️🏃🏻‍♀️ 🦋 https://technology.stemspheremm.com/games/qubit-maze 🦟 #QubitMaze #FacultyofTechnology #STEMSphere

Media Partnership Announcement ကဲ STEMSphere ရဲ့ Learner လေးတွေ Speaker ပြောတာကိုပဲ နားထောင်ရတဲ့ Webinar တွေကို ကျော်လွန်ပြီး ကိုယ့်အတွေးတွေ၊ ကိုယ့်အမြင်တွေကို အမြင်ချင်းတူတဲ့သူတွေနဲ့ ဖလှယ်လို့ရစေဖို့ အစီအစဥ်လေးတစ်ခုရှိတယ်ဆို စိတ်ဝင်စားကြမလားနော်? ဒါဆိုရင်တော့ SLC Advocates က စကားဝိုင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “သစ်ရိပ်ဝါးရိပ်စကားဝိုင်း” လို့အမည်ရတဲ့ စကားဝိုင်းလေးမှာဆိုရင် Guest Speaker မရှိဘူး။ လာတဲ့သူတိုင်းဟာ Guest တွေလိုပဲ ကိုယ်တိုင်အာလူးဖုတ်ကြရမှာဖြစ်ပါတယ်။ 🙌 Documentary တွေကြည့်မယ်...ပေးထားတဲ့ Topics တွေကို လူငယ်တွေအချင်းချင်း ပြောကြဆိုကြ ငြင်းကြ ခုန်ကြ လုပ်မယ်… Brainstorming အတူလုပ်ကြမယ်…နောက်ဆုံးအပိတ်မှာ Memory Recall နဲ့ ဘာတွေရခဲ့လဲ ပေါ့ပေါ့ပါးပါးပြောရင်း မိတ်ဖွဲ့ကြပါမယ်။ 📅 တစ်လမှာ လေးရက်၊ စနေနေ့တိုင်းမှာ အတူဆွေနွေးကြဖို့ SLC ရဲ့ Saturday Talk ကအဆင်သင့်ရှိနေမှာဖြစ်ပြီး Environmental ပိုင်းအပြင် Social ပိုင်းကိုပါ ကိုယ်အားသန်ရာ Topic အလိုက် ဝင်ရောက်ဆွေးနွေးနိုင်မှာလည်းဖြစ်ပါတယ်။ ပုံမှန်ထက် ကွဲထွက်နေစေဖို့အတွက် ရည်ရွယ်ပြီး မြန်မာလိုပဲဝိုင်းဖွဲ့စကားပြောကြမယ့် စကားဝိုင်းလေးဖြစ်တာမလို့ ဒီစကားဝိုင်းလေးမှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ ပြုလုပ်သွားမယ့်ရက်အတိအကျလေးကတော့ Date - Every Saturday (May 9th, 16th, 23rd, 30th) Time - 7:30-9:00 PM Platform - ZOOM Form Here 📍 https://forms.gle/PPUgWd3mzA67jfct9 📍SLC ရဲ့ Facebook Page မှာလည်း အစီအစဉ်အသေးစိတ်ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။ စိတ်ဝင်စားတယ်ဆို Register လုပ်ပြီး စောင့်မျှော်နေဖို့ တိုက်တွန်းပါရစေရှင်။ #MediaPartnership #SLCAdvocates #STEMSphere

Morning ပါရှင့် 🌅 “API Architect” ဆိုတဲ့ Game လေးကို တူတူဆော့ကြည့်ကြရအောင်။ ဒီ Game လေးက Programming နဲ့ ဆက်နွှယ်တဲ့ Game တစ်ခုဖြစ်ပြီး API တွေကို စနစ်တကျ တည်ဆောက်ပေးရတဲ့ပုံစံပါ။ အထဲဝင်လိုက်တာနဲ့ Challenge တွေ ပေးထားပြီး ကိုယ်က API endpoint တွေကို မှန်ကန်အောင်ရွေးပြီး စီစဉ်ပေးရပါတယ်။ ဥပမာအနေနဲ့ GET, POST, PATCH လို method တွေကို သင့်တော်တဲ့ path တွေနဲ့ တွဲပြီး ထည့်ပေးရတာမျိုးတွေ ပါဝင်ပါတယ်။ အဲ့ဒါတွေမှန်မှန်လုပ်နိုင်ရင် score တက်လာမယ်ဆိုတဲ့ system ပါပါတယ် 🫣 ပထမမြင်တဲ့အခါ နည်းနည်းရှုပ်သလိုခံစားရနိုင်ပေမယ့် တကယ်တော့ စမ်းကြည့်လိုက်ရင် အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ တဖြည်းဖြည်းနဲ့ Logic ကို ပိုနားလည်လာလေ၊ ပိုပျော်ဖို့ကောင်းလာလေပါပဲ 🙊🙊🙊 ဒီ Game လေးက Programming မသိသေးတဲ့သူတွေအတွက်လည်း Programming ကို စိတ်ဝင်စားလာအောင်လည်း ကူညီပေးပါသေးတယ်ရှင်။ 👩‍💻 ဒါ့ကြောင့် Learner လေးတို့အနေနဲ့ ဆော့ကြည့်သင့်ပါတယ်။ ဆော့ကြည့်ရင်းနဲ့ “API ဆိုတာဘာလဲ” ဆိုတာကို နားလည်လာနိုင်မယ့် Game တစ်ခုပဲ ဖြစ်ပါတယ်နော်။ 💚 ဆော့ကစားရန် Link=> https://technology.stemspheremm.com/games/api-architect #APIArchitect #FacultyofTechnology #STEMSphere

ဟယ်လို👋 ဒီနေ့တော့"Password Hero" ဆိုတဲ့ Gameလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်ရှင်💗 ဒီ Game လေးက social media app တွေဖြစ်တဲ့ Telegram, Pinterest တို့လို Account တွေအတွက် Password တစ်ခုကို ကိုယ်တိုင်ဖန်တီးပေးရတဲ့ Game တစ်ခုပါ။ အရင်ဆုံး game ကို ဝင်လိုက်တာနဲ့ ကိုယ်ရေးမယ့် Password ရဲ့ Strength ကို ပြပေးတဲ့ System ပါပါတယ်။ ကိုယ်ထည့်တဲ့ Password အပေါ်မူတည်ပြီး “Very Weak”, “Strong” စသဖြင့် ပြောင်းလဲပြသပေးပါတယ်။ Game ကတော့ ကိုယ်ရေးတဲ့ password ကို ပိုမိုလုံခြုံအောင် ပြင်ဆင်သွားရတဲ့ပုံစံပါ။ ဥပမာ— •အနည်းဆုံး 8 characters ထည့်ရမယ် •Capital letters (A-Z) ပါရမယ် •နံပါတ်တွေ ပါရမယ် •Special characters (!@#) ပါရမယ် ဒီလို requirement တွေ ပြည့်စုံလာတာနဲ့အမျှ Password Strength က တဖြည်းဖြည်းတိုးလာပါတယ်။👏 ဒါ့အပြင် Password ကို Unique ဖြစ်အောင်၊ Repeat မဖြစ်အောင်လည်း စဉ်းစားရတာကြောင့် စိတ်ဝင်စားဖို့ကောင်းပါတယ်။🫶 ဒီ Game လေးက ပျော်စရာလည်းကောင်းပြီး တကယ်အသုံးဝင်တဲ့ skill တစ်ခုဖြစ်တဲ့ “Strong Password ဖန်တီးနည်း” ကိုလည်း လေ့လာနိုင်ပါတယ်။ ဒါကြောင့် ဆိုက်ဘာလုံခြုံရေးကို စိတ်ဝင်စားတဲ့သူတွေအတွက် စမ်းကြည့်သင့်တဲ့ game တစ်ခုပါ နော်👍 ဆော့ကစားရန် Link => https://technology.stemspheremm.com/games/password-hero #PasswordHero #FacultyofTechnology #STEMSphere

ဟယ်လို 👋 ဒီနေ့တော့ “Chatbot Trainer” ဆိုတဲ့ Game လေးကို မိတ်ဆက်ပေးချင်ပါတယ်ရှင်💕 ဒီ Game လေးက Website ထဲမှာပါတဲ့ Feature တစ်ခုဖြစ်ပြီး သုံးရတာလည်း လွယ်ကူပြီး စိတ်ဝင်စားဖို့ကောင်းပါတယ် 🥰 အရင်ဆုံး Website Link ထဲကို ဝင်ပြီး “Chatbot Trainer” ဆိုတဲ့အပိုင်းကို နှိပ်လိုက်ရပါတယ်။ အဲ့ဒီနောက် “Start Game” ဆိုတာကို နှိပ်လိုက်တာနဲ့ game စတင်နိုင်ပါတယ်။ Game စတာနဲ့ “Send Question to AI” ဆိုတဲ့ Button ကို နှိပ်လိုက်ရင် AI က အလိုအလျောက် မေးခွန်းတစ်ခု ထုတ်ပေးလာပါတယ်။ ဥပမာ “How can I learn English language?” လိုမျိုးပေါ့။ အဲ့ဒီမေးခွန်းအတွက် AI က သူ့ဘာသာသူ အဖြေတစ်ခု ပြန်ဖြေပေးလာပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ ကိုယ်က player အနေနဲ့ အဲ့ဒီအဖြေကို ဖတ်ပြီး စဉ်းစားရပါတယ်။🫶 ပြီးရင် အဲ့ဒီအဖြေဟာ မှန်ကန်ပြီး ကောင်းတဲ့အဖြေလား၊ မကောင်းတဲ့အဖြေလားဆိုတာကို “Good Response” ဒါမှမဟုတ် “Bad Response” ဆိုပြီး ရွေးပေးရပါတယ်။ ကိုယ်ရွေးတာမှန်တယ်ဆိုရင် pointရပြီး score တက်လာမယ်၊ မှားရင်တော့ point မရဘူးပေါ့။ ဒီလိုနဲ့ မေးခွန်းတစ်ခုပြီးတစ်ခု ဆက်ပြီး ဆုံးဖြတ်ပေးနေရတဲ့ game ပုံစံပါ 🙂‍↔️ ဒီ game လေးက ပျော်စရာလည်းကောင်းပြီး AI chatbot တွေရဲ့ အဖြေတွေကို ဘယ်လိုသုံးသပ်ရမလဲဆိုတာကိုလည်း လေ့လာနိုင်ပါတယ်။ 👏 ကိုယ်တိုင် AI trainer တစ်ယောက်လို ခံစားရမယ့် Experience လည်းရပါတယ်။ ဒါကြောင့် Tech နဲ့ AI ကို စိတ်ဝင်စားတဲ့သူတွေ အတွက် စမ်းကြည့်သင့်တဲ့ game တစ်ခုပါနော် 👊 ဆော့ကစားရန်လင့်ခ်>>https://technology.stemspheremm.com/games/chatbot-trainer #ChatbotTrainer #FacultyofTechnology #STEMSphere

မင်္ဂလာပါရှင့် ယနေ့ကျရောက်သော ကမ္ဘာ့အလုပ်သမားများနေ့ကို ဂုဏ်ပြု၍ STEMSphere က Faculty of Technology Website လေးကို Launch လုပ
မင်္ဂလာပါရှင့် ယနေ့ကျရောက်သော ကမ္ဘာ့အလုပ်သမားများနေ့ကို ဂုဏ်ပြု၍ STEMSphere က Faculty of Technology Website လေးကို Launch လုပ်လိုက်ပါတယ် ☘️ အဆိုပါ Website မှာ ဂိမ်းပေါင်း ၁၆ ခုပါဝင်ပြီး တစ်ဦးချင်း သော်လည်းကောင်း၊ Device တစ်ခုတည်းနဲ့ Role Play သော်လည်းကောင်း၊ Device မတူဘဲ Game Code နဲ့ လေးယောက်ထိ သော်လည်းကောင်း ဆော့ကစားနိုင်ပြီး Leaderboard မှာလည်း ကိုယ့်ရမှတ်အလိုက် ဂုဏ်ပြုထားမယ့်အပြင် Achievement Badge တွေလည်း ချီးမြှင့်ပေးဦးမှာပါ 🏆 ကျွန်မတို့ဘက်က အကောင်းဆိုး ကြိုးစားဖန်တီးထားတာမို့ Learner လေးတို့ သဘောကျမယ်လို့ မျှော်လင့်မိပါတယ်ရှင် 🫶🫶🫶 ဆော့ကစားရန် => https://stemspheremm.com/technology 🎯 #WorldLaborDay #OfficialWebsiteLaunch #FacultyofTechnology #STEMSphere

Happy Labor Day! ယနေ့ကျရောက်သော အလုပ်သမားနေ့မှာ ကမ္ဘာတစ်ဝှမ်းက မတူညီသောနယ်ပယ်အသီးသီးက အလုပ်သမားတိုင်းရဲ့ ကြိုးပမ်းအားထုတ်မှု၊
Happy Labor Day! ယနေ့ကျရောက်သော အလုပ်သမားနေ့မှာ ကမ္ဘာတစ်ဝှမ်းက မတူညီသောနယ်ပယ်အသီးသီးက အလုပ်သမားတိုင်းရဲ့ ကြိုးပမ်းအားထုတ်မှု၊ ဆောင်ရွက်မှု၊ ဖန်တီးမှုများကို ကျွန်မတို့ STEMSphere က လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်ရှင်။ 💼 Respect to all workers around the world. You build the future with your hard work! 👏🏻 #LaborDay #May1 #STEMSphere