fa
Feedback
Ongoing - ဘာသာပြန်သိုင်းဝထ္ထု

Ongoing - ဘာသာပြန်သိုင်းဝထ္ထု

رفتن به کانال در Telegram

Not for Sale

نمایش بیشتر

📈 تحلیل کانال تلگرام Ongoing - ဘာသာပြန်သိုင်းဝထ္ထု

کانال Ongoing - ဘာသာပြန်သိုင်းဝထ္ထု (@ongoingnovel) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 039 مشترک است و جایگاه 3 456 را در دسته کتب و رتبه 10 911 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 039 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 07 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 163 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 35.41% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 14.71% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 3 907 بازدید دریافت می‌کند. در اولین روز معمولاً 1 623 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
Not for Sale

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 08 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته کتب تبدیل کرده‌اند.

11 039
مشترکین
-224 ساعت
+437 روز
+16330 روز
آرشیو پست ها
ယဇ်ပူဇော်ခြင်းဖြင့်နတ်ဘုရားအဖြစ်သို့_Book_1_10.pdf13.35 MB

🤩Bloodless Team ရဲ့ စာစဉ်သစ် ဘာသာပြန်- လေပြေ ရဲ့ 🎉 ယဇ်ပူဇော်ခြင်းဖြင့်နတ်ဘုရားအဖြစ်သို့🎉 👍👍👍👍👍👍👍👍👍👍👍 မူရင်း pag
🤩Bloodless Team ရဲ့ စာစဉ်သစ် ဘာသာပြန်- လေပြေ ရဲ့ 🎉 ယဇ်ပူဇော်ခြင်းဖြင့်နတ်ဘုရားအဖြစ်သို့🎉 👍👍👍👍👍👍👍👍👍👍👍 မူရင်း page ကို Like/ Share များများလေး FB https://www.facebook.com/share/18QEFHwZv5/?mibextid=wwXIfr TG https://t.me/Bloodless1212 Wun Zinn နဲ့ Mmxianxia မှာဖတ်လို့ရတယ်ဗျို့🤗 https://mmxianxia.com/novels/sacrifice-to-become-a-god/ 👏👏👏👏👏👏👏👏👏👏👏 👇👇👇👇👇👇👇👇👇

မျိုးနွယ်စုတို့ရဲ့_မဟာကပ်ဘေး_Book_1_10.pdf7.24 MB

🎉မျိုးနွယ်စုတို့ရဲ့ မဟာကပ်ဘေး 🎉 စုယွီသည် ဖခင်ဖြစ်သူနှင့်အတူ မိဘတစ်ပါးတည်းရှိသော မိသားစုတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူသည် ရိုးရှင်းသော ဘဝလေးကိုသာ ဖြတ်သန်းခဲ့ပြီး ရည်မှန်းချက်ကြီးကြီးမားမား ရှိသူတစ်ယောက် မဟုတ်ပေ။ သူ၏ တစ်ခုတည်းသော ဆန္ဒမှာ သုတေသနတက္ကသိုလ်တစ်ခုသို့ ဝင်ရောက်ကာ သုတေသီတစ်ဦးအဖြစ် အလုပ်လုပ်ရင်း အန္တရာယ်များသော စစ်မြေပြင်နှင့် အဝေးဆုံးတွင် အေးချမ်းစွာ နေထိုင်ရန်သာ ဖြစ်သည်။ သို့သော်လည်း အငြိမ်းစား စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သော သူ၏ဖခင်က စစ်မြေပြင်သို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သော နေ့တစ်နေ့တွင်တော့ သူ၏ အေးချမ်းလှသောဘဝလေး ပြိုလဲသွားခဲ့ရတော့သည်။ ဖခင်ဖြစ်သူအတွက် စိုးရိမ်ပူပန်သွားသော စုယွီသည် စစ်မြေပြင်ရှိ ဖခင်နှင့် သွားရောက်ပူးပေါင်းနိုင်ရန်အတွက် လုံလောက်သော စွမ်းအားများ ရယူနိုင်မည့် ခရီးလမ်းတစ်ခုကို စတင်ခဲ့တော့သည်။ စွမ်းအားတွေကို အမြန်ဆုံးရရှိနိုင်မယ့် နည်းလမ်းက ဘာများဖြစ်မလဲ… စစ်တက္ကသိုလ်ကို ဝင်ရောက်ခြင်းလား… ဒါပေမယ့် တကယ်ပဲ အဲဒီလမ်းက အမြန်ဆုံးပဲလား… မကြာမီမှာပင် စုယွီတစ်ယောက် သုတေသီတစ်ဦး၏ လမ်းစဉ်သည် အပေါ်ယံမြင်ရသကဲ့သို့ မရိုးရှင်းကြောင်း သိရှိလာခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုကိုသာ အဓိကထားသော စစ်တက္ကသိုလ်များနှင့် မတူဘဲ၊ သုတေသနတက္ကသိုလ်များသည် စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုဆိုသည့် ကွဲပြားသော လမ်းစဉ်တစ်ခုကို လျှောက်လှမ်းကြခြင်းဖြစ်သည်။ စုယွီတစ်ယောက် ဘယ်လမ်းစဉ်ကို ရွေးချယ်မလဲ… ထူးခြားသော ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရင်း ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်သို့ တက်လှမ်းလာမည့် စုယွီ၏ စွန့်စားခန်းများတွင် အတူတကွ ပါဝင်လိုက်ကြပါစို့… 👏👏👏👏👏👏👏👏👏👏👏👏 👇👇👇👇👇👇👇👇👇

🤩စာစဉ်အသစ်စက်စက်ထဲကပါ ဘာသာပြန် - ဆရာ Out Ber ရဲ့ စာစဉ်သစ် 🎉မျိုးနွယ်စုတို့ရဲ့ မဟာကပ်ဘေး 🎉 👉ဒီဆရာသမား ဆို စာစဉ် မပြီးမှာ မ
🤩စာစဉ်အသစ်စက်စက်ထဲကပါ ဘာသာပြန် - ဆရာ Out Ber ရဲ့ စာစဉ်သစ် 🎉မျိုးနွယ်စုတို့ရဲ့ မဟာကပ်ဘေး 🎉 👉ဒီဆရာသမား ဆို စာစဉ် မပြီးမှာ မပူရဘူဗျာ 😎 👍👍👍👍👍👍👍👍👍 မူရင်း page ကို Like /Share များများလေး FB https://www.facebook.com/share/1K33sb2dmv/?mibextid=wwXIfr TG https://t.me/outber 👏👏👏👏👏👏👏👏👏👏👏 👇👇👇👇👇👇👇👇

ဝိညာဉ်ဖြင့်နယ်နမိတ်မဲ့_ခရီးနှင်သူ_Book_1_20.pdf32.62 MB

🤩Bloodless Team ရဲ့ စာစဉ်ကောင်း ဘာသာပြန်- တိမ်လွှာ ရဲ့ 🎉ဝိညာဉ်ဖြင့် နယ်နမိတ်မဲ့ ခရီးနှင်သူ🎉 🥇🏅Wun Zinn မှာ စ/ဆုံး ပြီးပါ
🤩Bloodless Team ရဲ့ စာစဉ်ကောင်း ဘာသာပြန်- တိမ်လွှာ ရဲ့ 🎉ဝိညာဉ်ဖြင့် နယ်နမိတ်မဲ့ ခရီးနှင်သူ🎉 🥇🏅Wun Zinn မှာ စ/ဆုံး ပြီးပါပြီး 👍👍👍👍👍👍👍👍👍👍👍 မူရင်း page ကို Like/ Share များများလေး FB https://www.facebook.com/share/18QEFHwZv5/?mibextid=wwXIfr TG https://t.me/Bloodless1212 👏👏👏👏👏👏👏👏👏👏👏 👇👇👇👇👇👇👇👇👇

- ငါတို့ ရခဲ့တာ​တွေ - သံပုံး​တွေ တီးခဲ့တဲ့ ငါတို့ အသံဗုံး​တွေသာ ပြန်ရခဲ့၊ စစ်အာဏာရှင်စနစ် အလိုမရှိတဲ့ ငါတို့ စစ်အာဏာရှင်အသစ်​တွေသာ ပြန်ရခဲ့၊ ​ရောဂါကပ်​ဘေးသင့်ခဲ့တဲ့ ငါတို့ အာဏာကပ်​ဘေးပါ သင့်ခဲ့ရ၊ ​ဒေါ်​အောင်ဆန်းစုကြည် အစိုးရကို ​မျှော်ခဲ့တဲ့ ငါတို့ ​ဒေါ်​အောင်ဆန်းစုကြည်ကို မုန်းထားသူ​တွေရဲ့ အစိုးတရပြုလာခြင်းကိုသာ ခံခဲ့ရ၊ လူမျိုးသုဉ်းလုပ်တယ်လို့ နာမည်ဖျက်ခံရတဲ့ ငါတို့ လူမျိုးကြီးဝါဒပါ ကျင့်သုံးတယ်လို့ ထပ်လုပ်တာခံခဲ့ရ၊ ကိုယ့်အမျိုးသားချင်း ကျွန်ပြုတာ ခံလိုက်ရတဲ့ ငါတို့ တပါးအမျိုးသား​တွေရဲ့ ကျွန်ပြုတာ​တွေပါ ခံခဲ့ရ၊ ဒီမိုက​ရေစီ ပြည်သူ့အုပ်ချုပ်​ရေး ငတ်လင့်မိတဲ့ ငါတို့ လက်နက်ကိုင် လူတစု​တွေရဲ့ အုပ်ချုပ်​ရေးသာ ခံခဲ့ရ၊ ဒီမိုက​ရေစီ ပြည်သူ့အုပ်ချုပ်​ရေးသာ ငတ်လင့်မိတဲ့ ငါတို့ ကွန်မြူနစ်​တွေရဲ့ အစိုးတရပြုလိုခြင်း​တွေကိုသာ ခံခဲ့ရ၊ အနာဂတ်ရူပါရုံလှလှ မြင်မက်မိထားတဲ့ ငါတို့ အနိဌာရုံ​ဆိုးတွေနဲ့သာ ကြုံဆုံခဲ့ရ၊ လူထုရဲ့ တိုင်းပြည် ဖြစ်​နေဖို့ ​မျှော်​ခေါ်ထားတဲ့ ငါတို့ လူတစု​တွေရဲ့ တိုင်းပြည်သာ ဖြစ်​နေရတဲ့ အဖြစ်နဲ့သာ ​တွေ့ခဲ့ရ၊ စစ်​ဘေးသင့်ရတဲ့ ငါတို့ ​ရေ​ဘေး ​လေ​ဘေး ငလျင်လှုပ်ခြင်း​ဘေးပါ သင့်ခဲ့ရ။ ငါတို့ တောင်းရမ်းသံ​တွေ မကြားရဘဲ ​နေမဝင်ရတဲ့​ နေ့ မရှိခဲ့ရ၊ ငါတို့ ရာဇဝတ်မှုရဲ့ သား​ကောင်ဖြစ်ရတဲ့သူ​တွေ သတင်း မကြားခဲ့ရတဲ့ ​နေ့ မရှိခဲ့ရ၊ ငါတို့ ကိုယ်တိုင်​တွေလည်း အနည်းဆုံး ခါးပိုက် တကြိမ်​တော့ နှိုက်ခံခဲ့ကြရဖူးကြ၊ ​မော်​တော်ယာဉ်​တွေ မြို့ပြင်အ​ပျော်ခရီးထွက်လို့ ယာဉ်​တွေ ကြပ်​နေခဲ့ရဖူးတဲ့ မြင်ကွင်း​​တွေ နေရာမှာ မော်​တော်ယဉ်​တွေမှာ အလံဖြူ​​တွေ ထောင်ပြီး ​​​ဘေးလွတ်ရာ ပြောင်း​ရွှေ့​နေရတဲ့ မြင်ကွင်း​တွေက အစားထိုး ဝင်​ရောက်လာခဲ့ရ၊ လှည်းတန်းကြီး​တွေနဲ့ ဘုရားဖူးထွက်ခဲ့ကြတဲ့ မြင်ကွင်း​တွေ ​နေရာမှာ လှည်းတန်းကြီးအလိုက်ကို စစ်​ပြေးကြရတဲ့ မြင်ကွင်း​တွေက အစားထိုး ဝင်​ရောက်လာခဲ့ရ၊ ရှစ်နာရီ​လောက်နဲ့ ညကလည်း နက် လျှပ်စစ်မီး​​တွေကလည်း ပြတ်​နေခဲ့​ရတော့ရ။ ငါထင်ပါတယ် ငါတို့ လွဲခဲ့တဲ့ အလွဲတခုဟာ မျိုးဆက်လိုက် အချိန်ကြာခဲ့တာ​တောင် ပြန်​တေ့မဆုံနိုင်​သေး​တော့ပါဘူး ဆိုတာ၊ ဒါက တိုင်းပြည်ပျက်သွား​စေတာထိ​တောင် ဖြစ်သွား​စေနိုင်ပါလိမ့်မယ်လို့ ငါ​တော့ ထင်နေ​မိခဲ့တော့တာ ဆိုတာ။ လင်းထိန် 30/6/25 MON 10 : 43 a.m. #crd_to_owner_with_respect

ထာဝရသိုင်းတာအိုအရှင်_Book_1_13.pdf6.61 MB

🎉ထာဝရသိုင်းတာအိုအရှင်🎉 မူရင်း eng အမည် - Permanent Martial Arts ဘာသာပြန် - အားသစ် ဇာတ်လမ်းအကျဉ်း - မွေးရာပါ မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် အသက်ရှင်ဖို့ သုံးနှစ်သာ ကျန်တော့တဲ့ လင်းဖုန်းဟာ ကံအားလျော်စွာ ထူးဆန်းတဲ့ သတ္တုလုံးနှင့် ပေါင်းစပ်မိပြီး မျိုးရိုးဗီဇပေါင်းစပ်နိုင်စွမ်းကို ရရှိပိုင်ဆိုင်သွားတဲ့အခါ..။ လင်းဖုန်းအနေနဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ပြီး သူ့ရဲ့ရောဂါကို ကုသနိုင်ပါ့မလား။ ....…..……… အလွန်တရာအန္တရာယ်များသော ခေတ်ကာလတစ်ခုတွင် ‌ဖြစ်၏။ ကမ္ဘာပေါ်ရှိ နေထိုင်ရာနယ်မြေ ၉၀ ရာခိုင်နှုန်းကို ပြင်ပနယ်‌မြေမှ ကြောက်မက်ဖွယ်ရာ သားရဲများစွာက သိမ်းပိုက်စိုးမိုးထားကြပြီး လူသားတို့ကမူ သေးငယ်ကျဉ်းမြောင်းသောနယ်မြေလေးအတွင်း၌သာ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ကြရသည်။ ကံကောင်းထောက်မစွာပင် ရှင်သန်ကျန်ရစ်သော လူသားတချို့က မျိုးရိုးဗီဇ သိုင်းပညာများကို နိုးထလာနိုင်စေခဲ့ကြသည်။ မိမိတို့၏ မျိုးရိုးဗီဇကန့်သတ်ချက်များကို ချိုးဖျက်ခြင်းသည်ကား သိုင်းတာအိုကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ပင်တည်း။ မွေးရာပါရောဂါအခံရှိသူ လင်းဖုန်းအဖို့မှာမူ ထိုကဲ့သို့ အကန့်အသတ်များကို ချိုးဖြတ်ကျော်လွန်နိုင်စွမ်း မရှိခဲ့ပေ။ သို့သော်လည်း ထူးခြားဆန်းကြယ်သော ကံကြမ္မာအလှည့်အပြောင်းတစ်ခုကြောင့် လင်းဖုန်းတစ်ယောက် မျိုးရိုးဗီဇများကို ပေါင်းစပ်နိုင်သည့်စွမ်းရည်တစ်ခု အမှတ်မထင်ရရှိခဲ့လေ၏။ [နွားရိုင်းမျိုးရိုးဗီဇ ပေါင်းစပ်မှု အောင်မြင်သည်။ မျိုးရိုးဗီဇခွန်အား တိုးပွားလာပါပြီ။] [ဗီဇပြောင်း မြေနဂါးမျိုးရိုးဗီဇ ပေါင်းစပ်ပြီး။ မြေနဂါးအကြေးခွံစွမ်းရည် ပွင့်သွားပါပြီ] [ဧရာမဂြိုဟ်သားရဲမျိုးရိုးဗီဇ ပေါင်းစပ်ပြီး။ ပြင်ပဟင်းလင်းပြင်တွင် ရှင်သန်နိုင်စွမ်း ပွင့်သွားပါပြီ] ဤသို့ဖြင့် လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်များကို ချိုးဖျက်ပြီး သိုင်းတာအိုကို ကျင့်ကြံကာ စကြဝဠာတစ်ခုလုံးတွင် စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့လေတော့သတည်း။ 👏👏👏👏👏👏👏👏👏 👇👇👇👇👇

👉စာစဉ်အသစ်ထဲကပါ🤩 ဘာသာပြန် - အားသစ် ရဲ့ 🎉ထာဝရသိုင်းတာအိုအရှင်🎉 👍စာစဉ်ကောင်းတခုပါ 👏👏👏👏👏👏👏👏👏👏 မူရင်း page ကို Lik
👉စာစဉ်အသစ်ထဲကပါ🤩 ဘာသာပြန် - အားသစ် ရဲ့ 🎉ထာဝရသိုင်းတာအိုအရှင်🎉 👍စာစဉ်ကောင်းတခုပါ 👏👏👏👏👏👏👏👏👏👏 မူရင်း page ကို Like/ Share များများလေး FB https://www.facebook.com/share/1BKf9dUBw6/?mibextid=wwXIfr TG https://t.me/permanantmartialarts Wun Zinn နဲ့ Mm Xianxia မှာတင်ထားတယ်ဗျို့ 🤩 Mm xianxia link👇👇 https://mmxianxia.com/novels/permanent-martial-arts/ 👍👍👍👍👍👍👍👍👍 👇👇👇👇

အနန္တတန်ခိုးရှင်ကျောင်းသား_Book_1_40.pdf70.91 MB

#လောကတွင်နတ်ဘုရားတို့အမှန်တကယ်တည်ရှိပါသလော ... 🩸( ဆက်ဖတ်ရန် see more ကိုနှိပ်ပါ) ⬇ ဤမေးခွန်းသည် မည်သူတစ်ဦးတစ်ယောက်မျှ ခိုင်လုံသော သက်သေအထောက်အထားဖြင့် တိကျစွာ အဖြေမပေးနိုင်သေးသည့် ပုစ္ဆာတစ်ရပ်ပင်။ ဤပဟေဠိ၏အောက်တွင် လူသားတို့သည် အုပ်စုနှစ်စု ကွဲပြားလျက်ရှိ၏။ တစ်စုက နတ်ဘုရားတို့၏ တည်ရှိမှုကို အကြွင်းမဲ့ ယုံကြည်ကိုးကွယ်ကြသော်လည်း၊ ကျန်တစ်စုကမူ အယူအဆသက်သက်သာဖြစ်သည်ဟု မှတ်ယူကာ လုံးဝ ပယ်ချထားကြသည်။ သို့ရာတွင် တစ္ဆေ၊ သရဲနှင့် နာမ်လောကသားတို့ တကယ်ရှိပါသလောဟု မေးမြန်းလာပါကမူ၊ သိပ္ပံနည်းကျ သက်သေမပြနိုင်သည့်တိုင် လူအများစု တစ်သွေမတိမ်း ယုံကြည်လက်ခံတတ်ကြ၏။ အမှန်စင်စစ် ဤသည်မှာ ယုံကြည်ခြင်း သက်သက်ကြောင့်သာ မဟုတ်ပေ။ လူသားတိုင်း၏ စိတ်နှလုံးအတွင်း၌ နက်ရှိုင်းစွာ ကိန်းအောင်းနေသော အရာတစ်ခုကြောင့် ဖြစ်သည်။ ယင်းကား 'အကြောက်တရား' ပင်။ လူတိုင်းက သရဲတစ္ဆေရှိသည်ဟု ဧကန်မုချ ယုံကြည်နေကြခြင်း မဟုတ်ဘဲ၊ ထိုအရာများကို ကြောက်ရွံ့တတ်သည့် စိတ်အခံကသာ လူသားအားလုံး၏ ရင်ထဲ၌ တူညီစွာ တည်ရှိနေခြင်းဖြစ်၏။ မမြင်ရသော အန္တရာယ်နှင့် အမှောင်ထုအပေါ် ထားရှိသည့် ထိုအကြောက်တရားကပင် သက်သေမရှိသော အရာကို အရှိတရားအဖြစ် ပုံဖော်ပေးနေခြင်း ဖြစ်သည်။ ယခု ညွှန်းဆိုလိုသည့် စာစဉ်တွင်မူ ဇာတ်လမ်းက ထိုနတ်ဘုရားနှင့် သရဲတစ္ဆေများဆီကပင် အစပြုလေ၏။ ဇာတ်လိုက်မှာ ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး တိတိကျကျ ဆိုရလျှင် လောကကြီး၏ အပယ်ခံ၊ မြင်သူတိုင်း သောက်မြင်ကပ်ရလောက်အောင် ကံဆိုးမှုများ စုပြုံနေသည့် အရှင်သခင်ပင်။ သို့သော် လောကကြီးတွင် ဘယ်အရာမှ တသတ်မှတ်တည်း မတည်ရှိနိုင်ချေ။ နတ်ဘုရားသွေးတစ်စက်...။ မှန်ပေသည်။ သွေးတစ်ပုလင်းလုံး မဟုတ်ဘဲ နတ်ဘုရားသွေး တစ်စက်တည်းသာ ဖြစ်၏။ ထိုသွေးတစ်စက်က ကျောင်းသားလေးအား လူ့ပြည်လောက၌ လေလွင့်နေသည့် သရဲတစ္ဆေများကို အစွဲချွတ်ကာ ငရဲသို့ ပြန်လည်ပို့ဆောင်ပေးနိုင်သည့် စွမ်းအားကို ပေးအပ်ခဲ့သည်။ ငရဲမင်းက ဝိညာဉ်လာရောက် နုတ်ယူသွားသည့် သူငယ်ချင်းအတွက် ငရဲပြည်အထိ လိုက်လံကာ ဝိညာဉ်ကို ပြန်လည်ဆွဲထုတ်လာနိုင်သည့်အထိ အစွမ်းထက်စေခဲ့၏။ ထို့အပြင် သိုင်းပညာနှင့် ကျင့်ကြံခြင်း လမ်းစဉ်တွင်လည်း ၂၁ ရာစု ခေတ်သစ်ကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိအောင် တွန်းပို့ပေးခဲ့သည်။ သို့ပေမည့် မိမိရှိနေသော ကမ္ဘာတွင် အရာအားလုံး၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသောအခါ ထိုလူသား ဘာကို ဆက်လက်တွေးတောမည်နည်း။ ရှေးခေတ်ဘုရင်များကဲ့သို့ပင် ... "ဤနိုင်ငံတွင် ငါထိပ်ဆုံးရောက်လျှင် နောက်တစ်နိုင်ငံကို နယ်ချဲ့မည်၊ ဤကမ္ဘာတွင် ငါအစွမ်းအထက်ဆုံး ဖြစ်လျှင် ကမ္ဘာပြင်ပရှိ နယ်မြေသစ်များကို ရှာဖွေမည်" လူသားတို့၏ လောဘနှင့် ဉာဏ်ပညာကား အတားအဆီးမရှိ ကြောက်စရာကောင်းလှ၏။ "တစ်တောင်ထက် တစ်တောင် မြင့်သည်" ဆိုသည့် စကားမှာ လူသားတို့၏ ထိုမရောင့်ရဲနိုင်သော စိတ်အစဉ်ကြောင့် ပေါ်ပေါက်လာခြင်းပင်။ ယခုလည်း ထိုကျောင်းသားလေး မိမိနေထိုင်ရာ ၂၁ ရာစု မြို့ပြကမ္ဘာတွင် အနှိုင်းမဲ့ ဖြစ်သွားသောအခါ .. ကမ္ဘာ့အပြင်ဘက်ရှိ ရှေးဟောင်းကျင့်ကြံခြင်း လောကဆီသို့ ခြေဆန့်တော့သည်။ #ဤစာစဉ်ကား "အနန္တတန်ခိုးရှင်ကျောင်းသား" ဟု အမည်ရပြီး မြို့ပြနောက်ခံနှင့် ရှေးဟောင်းကျင့်ကြံခြင်း လောကတို့ကို အချိုးကျ ပေါင်းစပ်ကာထား၏။ ထိုသို့ ဇာတ်ကွက်ဆန်းများဖြင့် ဖန်တီးထားသောကြောင့်လည်း စာဖတ်သူတို့ အကြိုက်တွေ့စေမည့် လက်မလွတ်သင့်သော စာစဉ်တစ်ခုအဖြစ် ညွှန်းဆိုလိုက်ရခြင်းဖြစ်ပါသည်ရှင်။ #အစမှဖတ်ရန်_link ⬇⬇ https://www.facebook.com/share/p/1CxWoJXB5g/ #Joinထားသင့်သောFb_GroupLink ⬇⬇ https://www.facebook.com/share/p/1A9qbpNHSH/ #Facebookသုံးရခက်ခဲလာချိန်_မဖြစ်မနေJoinထားသင့်သော_TelegramChannel ⬇⬇ https://t.me/martialmaster123 #Vpnမလိုဘဲစာစဉ်ဝယ်ယူရန်_မင်မင်အပြုံးလေး Telegram Acc ⬇⬇ t.me/martialmaster369 : Nan Htet Wai Oo

🎤အဟမ်း…😎 ဘာသာပြန် အပြုံးလေး ရဲ့ 🎉အနန္တတန်ခိုးရှင်ကျောင်းသား🎉 🤩 ရဲ့ဟိုင် စာစဉ် 📣ဘာသာပြန်စာရေးသူရဲ့pageမှ သွာရောက်အားပေးခ
🎤အဟမ်း…😎 ဘာသာပြန် အပြုံးလေး ရဲ့ 🎉အနန္တတန်ခိုးရှင်ကျောင်းသား🎉 🤩 ရဲ့ဟိုင် စာစဉ် 📣ဘာသာပြန်စာရေးသူရဲ့pageမှ သွာရောက်အားပေးချင်ဖြင့် စာပေလောကကို supporting ပေးကြပါ📣 FB https://www.facebook.com/share/12DTJ6YCMvU/?mibextid=wwXIfr https://www.facebook.com/share/1C4anVRyjv/?mibextid=wwXIfr TG https://t.me/martialmaster123 https://t.me/+fO4nbdpsH30zOTY1 စာစဥ်ဝယ်ဖို့ Telegram Acc Link 👇 https://t.me/MartialMaster369 👏👏👏👏👏👏 မူရင်း page ကို Like/Share များများလေ 👍👍👍👍

မြတ်စွာဘုရား ဉာဏ်အလင်း ရပြီးချိန်မှာ ပဉ္စဝဂ္ဂီတို့က အနီးမှာ ရှိမနေခဲ့ဘူး။ အနီးဆုံးက အဇပါလညောင်ပင်နားမှာ နေကြတဲ့ ဗြာဟ္မဏအိုကြီးတွေ ဖြစ်တယ်။ သူတို့ကို ဘုရားရှင်က တရားဟောဖို့ ကြိုးစားခဲ့ဖူးတယ်ဆိုတဲ့ လက္ခဏာတွေ တွေ့ရတယ်။ === ဘုရားရှင် ဉာဏ်အလင်း ရပြီးချိန်မှာ တပါးသူကို ဟောနိုင်ဖို့ တရား (၄) ပုဒ် အနည်းဆုံး ရှိတယ်။ (၁) ပဋိစ္စသမုပ္ပါဒ်တရား (ဝိနည်းပိဋက၊ မဟာဝါပါဠိ၊ မဟာခန္ဓက။ ဗောဓိကထာ။) (၂) သတိပဋ္ဌာန်တရား။ (သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ သတိပဋ္ဌာနသံယုတ်၊ ဗြဟ္မသုတ္တံ။) (၃) ဝေဒယိတ (ခံစားမှု) တရား။ (သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ ဝိဟာရဝဂ်၊ ပထမဝိဟာရသုတ္တံ၊ ဒုတိယဝိဟာရသုတ္တံ) (၄) ဣန္ဒြေငါးပါး ကျင့်စဉ်တရား (သံယုတ္တနိကာယ်, မဟာဝဂ္ဂသံယုတ်, ဣန္ဒြိယသံယုတ်, သူကရခတဝဂ်, သဟမ္ပတိဗြဟ္မသုတ္တံ။) ဉာဏ်အလင်းရပြီ။ တရား (၄) ပုဒ် အနည်းဆုံး ရှိပြီ။ ဘာလုပ်ခဲ့သလဲ? "တရားဟောခဲ့တယ်"လို့ ယူဆရပါတယ်။ ဘယ်သူတွေကိုလဲ? အခုနက အဇပါလဗြာဟ္မဏကြီးတွေကို။ ဘာဖြစ်ခဲ့သလဲ? ကျရှံးခဲ့တယ်။ ဝိနည်းပိဋက၊ မဟာဝါပါဠိ၊ မဟာခန္ဓကမှာ (၁) ဗောဓိကထာ - ဉာဏ်အလင်းရခြင်းကို ဦးစွာ ဆိုတယ်။ (၂) အဇပါလကထာ - ရန်တွေ့ခံရခြင်း-ကို ဒုတိယဆိုပါတယ်။ တရားဟောဖို့ ကြိုးစားကြည့်တဲ့အခါ ရန်တွေ့ခံလိုက်ရတာ။ ဘာလို့ ရန်တွေ့ခံရသလဲ? ဘုရားရှင်က ဗြာဟ္မဏတို့ကို အရွယ်မရောက်သေးဘူး, မရင့်ကျက်သေးဘူးလို့ ဓမ္မအားဖြင့် သတ်မှတ်ချင်တယ်။ ဗြာဟ္မဏတွေကလည်း သွားကျိုးပါးကျိုးလို့ ဗေဒကျမ်းတွေကို ပီသအောင် မရွတ်နိုင်တဲ့အခါ အပင့်အဖိတ်စာရင်းမှ အပယ်ခံထားရတယ်။ စိတ်အားငယ်နေတဲ့အချိန် ဘုရားရှင်က ဓမ္မအားဖြင့် ငယ်ရွယ်သူလို့ သတ်မှတ်လိုက်တဲ့အခါ စိတ်နာပြီး ဝိုင်းဝန်း ရန်တွေ့ကြတယ်။ (အင်္ဂုတ္တရနိကာယ်, စတုက္ကနိပါတ်၊ ပထမဥရုဝေလ, ဒုတိယဥရုဝေလသုတ္တံ) ဟုင်္ဟုင်္က-ဆိုတဲ့ ပုဏ္ဏားဟာ "ငါတို့က ဗြာဟ္မဏအစစ် မဟုတ်ဘူးဆိုရင် ဘယ်သူကမှ ဗြာဟ္မဏလဲ? ပြောစမ်း"ဆိုပြီး တရှူးရှူးနဲ့ ရန်တွေ့ခဲ့သေးတယ်။ (ဝိနည်းပိဋက၊ မဟာဝါပါဠိ၊ အဇပါလကထာ။) === (၃) မုစလိန္ဒကထာ - တရားဟောဖို့ ကြိုးစားရာကနေ နည်းနည်းလေး နောက်ပြန်ဆုတ်တယ်။ မိုးတစိမ့်စိမ့် ရွာနေတဲ့ ကာလအတွင်း မုစလိန္ဒာအိုင်ဘေးမှာ အေးအေးဆေးဆေး နေတယ်။ လောကမှာ ချမ်းသာမရှားကြောင်းကို (၇) မျိုးခွဲပြီး သရုပ်ထုတ်တယ်။ တစ်ပါးတည်း ချမ်းသာကို ခံစားပြီး နေတယ်။ (၄) ရာဇာယတနကထာ - မိုးတိတ်ချိန်မှာ လင်းလွန်းပင်ဘေးကို ရွှေ့တယ်။ လှည်းကုန်သည်ခေါင်းဆောင်နှစ်ဦး ရောက်လာပြီး မုန့်ဆွမ်း လှူသွားတယ်။ ကုန်သည်နှစ်ဦးကို တရားဟောခဲ့တယ်လို့ ယူဆရပေမယ့် ကုန်သည်တွေက နားလည်ခဲ့တယ်လို့ မယူဆနိုင်ဘူး။ (၅) ဗြဟ္မယာစနကထာ - "တရားဟောသင့်သလား? မဟောသင့်ဘူးလား?"ဆိုတာကို ပြန်လည်သုံးသပ်ရတဲ့ သဘော ဖြစ်လာတယ်။ "ဟောသင့်တယ်၊ သို့သော်- တွေ့ကရာလူကို ဟောတာထက် ရွေးချယ်ပြီး ဟောတာမျိုးက ပိုသင့်တယ်" ဒီကနေ အာဠာရရသ့က ပထမဦးစားပေး ဖြစ်လာတယ်။ မရှိတော့တဲ့အခါ ဥဒကရသေ့ကို ဒုတိယဦးစားပေး ရွေးချယ်လိုက်တယ်။ သူလည်း မရှိတော့ဘူး။ ဒိလိုနဲ့ ပဉ္စဝဂ္ဂီတို့ကလည်း တတိယဦးစားပေး ဖြစ်လာတယ်။ === ဓမ္စစက္က (ဓမ္မစကြာ) တရားဟောတဲ့အခါ တရားရဲ့ ရလာဒ်အဖြစ် "သိဖို့" "ဉာဏ်အလင်းရသူ တစ်ဦးအနည်းဆုံး ထွက်လာဖို့"ဟာ အရေးကြီးတယ်။ ဓမ္မစကြာတရားနဲ့ အရှင်ကောဏ္ဍညဟာ ဉာဏ်အလင်းရတယ်လို့ ဆိုတယ်။ အရှင်ကောဏ္ဏညဟာ ဉာဏ်အလင်းရသွားပြီ။ သိသွားပြီ-ဆိုတဲ့အခါ ဘုရားရှင်က ဝမ်းသာသွားတယ်။ "အညာသိ ဝတ ဘော ကောဏ္ဍညော- ကောဏ္ဍညဟာ ဉာဏ်အလင်းရသွားပါပကော" "အညာသိ ဝတ ဘော ကောဏ္ဍညော- ကောဏ္ဍညဟာ ဉာဏ်အလင်းရသွားပါပကော" === ဘုရားရှင်ကို "အောင်မြင်တယ်"လို့ ချီးကျူးကြတယ်။ အခက်အခဲ မရှိဖူးဘူးဆိုတဲ့ သဘောမျိုးနဲ့ ဂုဏ်ပြုကြတယ်။ အချီးကျူးလွန်သွားတဲ့အခါ ကုသိုလ်ရ/မရ မသိပေမယ့် သဘာဝကို လွန်သွားတယ်။ တိုက်တိုင်းနိုင် စစ်သူကြီးလိုလို အဖွဲ့ခံရပြီး "ကိုယ်တို့နဲ့ လူသားချင်းတူတဲ့ ဂုဏ်ယူထိုက်သော သူတော်စင်တစ်ဦး"ဆိုတဲ့ ဖွဲ့နွဲ့ခြင်းမျိုးဟာ ငရဲကြီးစရာ ဖြစ်သွားတယ်။ ဘုရားရှင်လည်း ဘုရားဖြစ်ပြီးပေမယ့် တရားဟောဖို့ ကြိုးစားတော်မူခဲ့ရပါသေးတယ်။ တရားဟောဖို့ ကြိုးစားရင်း အခက်အခဲတချို့လည်း ရှိဖူးပါတယ်။ တရားဟောဖို့ ကြိုးစားတော်မူခဲ့တာဟာ "အပူဇော်ခံရဖို့" မဟုတ်ခဲ့ပါ။ "ဓမ္မကျင့်သုံးသူ များပြားဖို့သာ" ကြိုးစားတော်မူခဲ့တာ ဖြစ်ပါတယ်။ တရားဟောတာဟာ ကိုယ်ကျိုးရှာတာ မဟုတ်။ အများအကျိုးပြုတာ, လောကသားတို့အတွက်သာ။ နတ်ဘုရားအဖြစ် မြှောက်ပင့်ခြင်းခံရသည့်တိုင် လူသားမျိုးနွယ်ဖြစ်တဲ့အတွက် လူသားပီပီသသ တပင်တပန်း ကြိုးစားတော်မူခဲ့ရသေးတယ်ဆိုတာကို ထည့်ပြီး ချီးကျူးချင်တာပါ။ === ရုပ်ဆင်းတုအဖြစ် အပူဇော်ခံနေရပေမယ့် ဘုရားရှင်က ရုပ်ဆင်းတု ဖြစ်ချင်ခဲ့တာ ဟုတ်မထင်ပါ။ ကိုယ်တော်ကို အတုယူ, ကိုယ့်အားကို ကိုယ်ကိုးပြိး ဓမ္မကျင့်သုံးသူ များပြား လောကနဲ့ လောကသားတို့ရဲ့ ထွန်းကားမှုကို လိုလားတော်မူခဲ့တာ။ ကိုယ်တို့က ပူဇော်, ဆုတောင်းရုံနဲ့ ရပ်မနေဘဲ ကြိုးစားကျင့်သုံးပြီး လောကအကျိုးကို လူသားပီသ ဆောင်ရွက်သင့်ကြပေတာ-ပေါ့။ #crd_to_owner_with_respect

ဘီလီယံနာကြီးဖြစ်ပေမယ့်_Book_1_20.pdf22.01 MB

စာစဉ် အသစ်ထဲကပါ🤗 ဘာသာပြန် - Pandora ရဲ့ 🎉ဘီလီယံနာကြီးဖြစ်ပေမယ့်အငှါးကားမောင်းရတာပိုသဘောကျတယ်🎉 မူရင်း page ကို Like/Share မ
စာစဉ် အသစ်ထဲကပါ🤗 ဘာသာပြန် - Pandora ရဲ့ 🎉ဘီလီယံနာကြီးဖြစ်ပေမယ့်အငှါးကားမောင်းရတာပိုသဘောကျတယ်🎉 မူရင်း page ကို Like/Share များများလေ 👍👍👍👍👍👍👍👍👍👍 FB https://www.facebook.com/share/14gBPYa2PhB/?mibextid=wwXIfr Wunzin နဲ့ Mmxianxia မှာ ဖတ်လို့ရတယ်ဗျို့ https://mmxianxia.com/novels/starting-as-the-president-of-a-billionaire-group/ 👏👏👏👏👏👏👏👏👏👏👏

ပြန်မယ့်နေ့ရောက်တဲ့အခါ လေကြောင်းလိုင်းက Passport , OWIC, Work Pass နဲ့ အဲဒီအလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ပထွက်ခွာခွင့်စာကို အရင်စစ်ပါတယ်။ အဲဒါရမှ အပေါ်ထပ်ကို ဆက်တက်ခွင့်ရပါတယ်။ အရေးကြီးတာ မှာချင်တာက မြန်မာပြည်က ပြန်ထွက်ရင် လေဆိပ်ကို မှတ်ပုံတင်၊ ဒါမှမဟုတ် အခု အသစ်ထုတ်တဲ့ Smart card ယူလာခဲ့ကြဖို့ပါ။ ပြန်အထွက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သတင်းပို့ရပါတယ်။ သူတို့က မှတ်ပုံတင်စစ်ပါတယ်။ ပြီးမှ အလုပ်သမား ဝန်ကြီးဌာန ကောင်တာမှာ တစ်ခါ သတင်းပို့ရပါတယ်။ အဲဒီမှာ ပြည်ပထွက်ခွာစာရွက်ကို ကြည့်ပြီး မှန်မမှန်စစ်ပါတယ်။ ဝင်ငွေရဲ့ ၂၅% ကို ဘယ်သူ့ဆီလွှဲမလဲ ဆိုတာကို စာရင်းယူပါတယ်။ လစာ ထပ်မေးပါတယ်။ ပြီးမှ လဝက ကို ဖြတ်ရပါတယ်။ အဲဒီလောက်ဆို ပြည်ပ ခွင့်ပြန်တွေအတွက် သိသင့်တာတွေ စုံလောက်ပြီထင်ပါတယ်။ သေချာတာကတော့ လက်ရှိအချိန်အထိ ညွှန်ကြားချက် ထပ်မလာသေးလို့ ဒီစာရွက်စာတမ်းကိစ္စတွေက အတည်ပါ။ ကိုယ့်ဘက်ကသာ စာရွက်တွေစုံအောင်တင်နိုင်ရင် ပြည်ပထွက်ခွာ ခွင့်ပြုစာက မြန်တယ်လို့ ဆိုနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေ ချောမွေ့ကြပါစေ။။ ဆူးသစ် ၀၀:၁၄ နာရီ (စင်ကာပူစံတော်ချိန်) ၂၇.၀၆.၂၀၂၆