384
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-130 روز
آرشیو پست ها
📣 AI ကို မေးခွန်းမေးရုံပဲ သုံးနေသေးလား? လုပ်ငန်းထဲက နေ့စဉ်အလုပ်တွေကို ကိုယ်စားလုပ်ပေးနိုင်မယ့် AI Agents တွေနဲ့ မိတ်ဆက်ဖို့ အချိန်ရောက်ပါပြီ။
ရန်ကုန်က SME လုပ်ငန်းရှင်တွေအတွက် အခမဲ့ Agentic AI Yangon In-person Training ကို 3ZERO House Myanmar မှာ အောက်တိုဘာလကုန် စနေနေ့ (၃၁) ရက်နေ့မှာ ထပ်မံကျင်းပသွားမှာပါ။
ဒီသင်တန်းကိုတော့ ရန်ကုန်မြို့က အသေးစားနဲ့အလတ်စားလုပ်ငန်းတွေအတွက် 3ZERO House Myanmar နဲ့ SME Hub Asia Myanmar တို့က ယူဆောင်လာပေးတာဖြစ်ပါတယ်။
ထပ်ခါထပ်ခါ လုပ်နေရတဲ့ အလုပ်တွေ၊ Customer Service၊ Content Planning၊ Market Research တွေမှာ အချိန်ကုန်သက်သာပြီး စရိတ်လျှော့ချနိုင်အောင် AI Agents တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ရင်း သင်ယူသွားနိုင်မှာပါ။
🎯 သင်တန်းပြီးရင် ဘာတွေ လုပ်နိုင်သွားမလဲ?
🔹 Agentic AI ဆိုတာ ဘာလဲ၊ ပုံမှန် AI အသုံးပြုပုံနဲ့ ဘာကွာလဲဆိုတာ ရှင်းရှင်းလင်းလင်း နားလည်သွားမယ်
🔹 ကိုယ့်လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ AI Agents တွေကို စဉ်းစားရွေးချယ်ပြီး အသုံးချတတ်သွားမယ်
🔹 ထပ်ခါထပ်ခါလုပ်နေရတဲ့ နေ့စဉ်အလုပ်တွေကို AI နဲ့ အလိုအလျောက် လုပ်ဆောင်စေတတ်သွားမယ်
🔹 Customer Service၊ Content Planning၊ Research နဲ့ Report ပြုစုခြင်းတွေမှာ AI ရဲ့အကူအညီကို ယူတတ်သွားမယ်
🔹 Market Research နဲ့ ပြိုင်ဘက်လုပ်ငန်းတွေကို AI နဲ့ လေ့လာဆန်းစစ်တတ်သွားမယ်
🔹 အချိန်နဲ့ ကုန်ကျစရိတ်ကို ထိရောက်စွာ စီမံနိုင်မယ့် AI Workflow တွေကို ချမှတ်နိုင်သွားမယ်
🔹 အချက်အလက်မှန်ကန်မှု၊ ကိုယ်ရေးကိုယ်တာအချက်အလက်နဲ့ လုပ်ငန်းအချက်အလက်လုံခြုံရေးကို ဂရုစိုက်ပြီး AI သုံးတတ်သွားမယ်
🛠 လက်တွေ့အသုံးပြုမယ့် AI Tools
Manus AI
Google Gemini (Gems)
👨🏫 သင်ကြားပေးမယ့်သူ
ကိုရဲမြင့်စိုး — Hornbill Information Technology (HiT Myanmar) နှင့် Ziigwat Business တို့၏ Founder၊ Senior Software Engineer နှင့် Technical Educator တစ်ဦးဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်ပညာရေးနဲ့ နည်းပညာသင်တန်းများမှာ အတွေ့အကြုံရင့်ကျက်တဲ့ Practical AI & Digital Skills Trainer တစ်ဦးလည်း ဖြစ်ပါတယ်။
📌 Training Details
📅 နေ့ရက် - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့၊ စနေနေ့
⏰ အချိန် - နံနက် ၁၀:၀၀ မှ နေ့လည် ၁:၀၀ အထိ
📍 နေရာ - 3ZeroHouse Myanmar (အမှတ် (၁၆၇)၊ ၄၇ လမ်း (အထက်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့)
👥 လူဦးရေ - ၃၀ ဦးအထိသာ
💰 သင်တန်းကြေး - အခမဲ့
🧑🏫 ပုံစံ - In-person Training
⏳ နေရာအကန့်အသတ်ရှိတာကြောင့် စိတ်ဝင်စားတယ်ဆိုရင် အခုပဲ Register လုပ်ထားလိုက်ပါနော်။
(SME Hub Asia Myanmar မှ ကျင်းပပြုလုပ်သော AI သင်တန်းများသို့ မတက်ရောက်ဖူးသေးသော MSME လုပ်ငန်းများကို ဦးစားပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။)
🔗 Register Now: https://docs.google.com/forms/d/e/1FAIpQLSduUHSrMNHCdnKmsMzBIw-b2ZCCrJlRugEANRO4gYzRDRWryQ/viewform?usp=dialog
ဤသင်တန်းကို AIM ASEAN Program ရဲ့ အစိတ်အပိုင်းအနေနဲ့ ပို့ချခြင်းဖြစ်ပါတယ်။
AIM ASEAN Programအကြောင်း: AIM ASEAN Program ကို ASEAN Foundation က ဦးဆောင်ပြီး AVPN နဲ့ ပူးပေါင်းကာ AI Opportunity Fund: Asia-Pacific ရဲ့ အစိတ်အပိုင်းအဖြစ် Google.org နှင့် Asian Development Bank (ADB) တို့၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
#3ZeroHouseMyanmr #AIMASEAN #AIforMSMEs #SMEHubAsiaMyanmar

🏡 Resilience Starts at Home: Building a Safer Tomorrow, Together
သဘာဝဘေးအန္တရာယ်များသည် မည်သည့်အချိန်တွင်မဆို ကြုံတွေ့လာနိုင်ပါသည်။ ထိုအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားခြင်း၊ မိမိနှင့် မိသားစု၏ ဘေးကင်းလုံခြုံရေးကို ဂရုစိုက်ခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လိုအပ်ပါသည်။
ထို့ကြောင့် Simple Solutions for Change မှ Disaster Risk Reduction Awareness & Mental Health First Aid Workshop ကို “Resilience Starts at Home” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် အောက်ပါအကြောင်းအရာများကို လေ့လာဆွေးနွေးသွားမည်ဖြစ်ပါသည်။
🔹 Disaster Risk Reduction Awareness — သဘာဝဘေးအန္တရာယ်များကို နားလည်ခြင်း၊ အိမ်တွင်းဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ လက်တွေ့လုပ်ဆောင်နိုင်သည့် နည်းလမ်းများ။
🔹 Mental Health First Aid — ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို နားလည်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲကြုံတွေ့နေရသူများကို အခြေခံအားဖြင့် မည်သို့ကူညီပံ့ပိုးနိုင်သည်ကို လေ့လာခြင်း။
👥 Workshop Facilitators
🔸 Ma Shwe Mar — Founder, Simple Solutions for Change (SSFC)
🔸 Ma Myat Noe Pwint — Co-Founder & Chief Training Officer, Avanty Myanmar
🤝 With the Support of Our Partners
ဤအစီအစဉ် အောင်မြင်စွာ ကျင်းပနိုင်ရန် ပူးပေါင်းကူညီပေးပါသော 3ZERO House Myanmar နှင့် KFC by Yoma F&B တို့အား အထူးကျေးဇူးတင်ရှိပါသည်။
📅 နေ့ရက် — ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် (အင်္ဂါနေ့)
⏰ အချိန် — နံနက် ၉:၀၀ မှ မွန်းတည့် ၁၂:၀၀ နာရီအထိ
📍 နေရာ — 3ZERO House Myanmar၊ အမှတ် (၁၆၇)၊ ၄၇ လမ်း (အထက်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
💻 တက်ရောက်နိုင်သည့်ပုံစံ — လူကိုယ်တိုင်နှင့် အွန်လိုင်း
ဤဆွေးနွေးပွဲတွင် ပါဝင်လေ့လာလိုသူများအနေဖြင့် အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
🔗 စာရင်းပေးသွင်းရန်
[https://docs.google.com/forms/d/e/1FAIpQLScHCl-j2KLyZMMe5gKgL2BsjPlzWA6a4q-cLTqatSzgEJcPcA/viewform?usp=sharing&ouid=115517141010079157654]
ပိုမိုဘေးကင်းပြီး ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သော လူမှုအသိုင်းအဝိုင်းတစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုကို မိမိအိမ်မှ စတင်ကြပါစို့။
#SSFC #3ZEROHouseMyanmar #ResilienceStartsAtHome #DisasterRiskReduction #MentalHealthFirstAid #CommunityResilience
🌸 𝐑𝐞𝐛𝐮𝐢𝐥𝐝 𝐇𝐞𝐫 𝐏𝐫𝐨𝐠𝐫𝐚𝐦: 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐔𝐩𝐝𝐚𝐭𝐞 ✨
RebuildHer Program ကို စိတ်ပါဝင်စားစွာ လျှောက်ထားပေးခဲ့ကြသော အမျိုးသမီးလုပ်ငန်းရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 💜
လက်ခံရရှိထားသော လျှောက်လွှာများကို အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ Top 35 Screening Process အဖြစ် စိစစ်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
📞 Top 35 Finalists ရွေးချယ်မှုနှင့် Interview အစီအစဉ်
Screening Process ပြီးဆုံးပါက ရွေးချယ်ခံရသော Top 35 Finalists များကို ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသွားမှာဖြစ်ပြီး၊ Interview များကို အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
🎉 နောက်ဆုံးရွေးချယ်မှု ကြေညာခြင်း
အောက်တိုဘာလ ၂၃ ရက်နေ့မှာတော့ RebuildHer Program နဲ့ အသင့်တော်ဆုံးဖြစ်တဲ့ Top 30 Final Businesses များကို နောက်ဆုံးရွေးချယ်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 🌸✨
လျှောက်ထားပေးခဲ့ကြတဲ့ အမျိုးသမီးလုပ်ငန်းရှင်များအားလုံးအနေနဲ့ ဖုန်းခေါ်ဆိုမှုများနှင့် အကြောင်းကြားစာများကို စောင့်မျှော်ပေးကြပါဦးနော်။ 💌
RebuildHer Program မှတစ်ဆင့် အမျိုးသမီးလုပ်ငန်းရှင်များရဲ့ စီးပွားရေးလုပ်ငန်းများ ပိုမိုခိုင်မာတိုးတက်လာဖို့ မျှော်လင့်လျက်ရှိပါတယ်။ 💜🌱
🌸 𝐑𝐞𝐛𝐮𝐢𝐥𝐝 𝐇𝐞𝐫 𝐏𝐫𝐨𝐠𝐫𝐚𝐦: 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐔𝐩𝐝𝐚𝐭𝐞 ✨
We would like to extend our heartfelt thanks to all the women entrepreneurs who have shown interest in and applied for the RebuildHer Program. 💜
The applications received will undergo the Top 35 Screening Process from October 12 to 20.
📞 Top 35 Finalists Selection & Interview Process
Following the screening process, the selected Top 35 Finalists will be contacted by phone. Interviews will be conducted from October 21 to 22.
🎉 Announcement of the Final Selection
On October 23, we will officially announce the Top 30 Final Businesses that best align with the objectives of the RebuildHer Program. 🌸✨
We kindly ask all applicants to stay tuned and keep an eye out for phone calls and notifications regarding the selection process. 💌
Through the RebuildHer Program, we look forward to supporting women entrepreneurs in strengthening their businesses and creating opportunities for sustainable growth. 💜🌱
#RebuildHer #ApplicationUpdate #WomenEntrepreneurs #WomenInBusiness
🚨 RebuildHer Program လျှောက်ထားရန် ဒီနေ့နောက်ဆုံးရက်ဖြစ်ပါတယ်! 🌸
အမျိုးသမီးလုပ်ငန်းရှင်တို့အတွက် 💜
မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ပိုမိုခိုင်မာတိုးတက်အောင် တည်ဆောက်ဖို့ အခွင့်အရေးတစ်ခုဖြစ်လို့ လက်မလွတ်မခံလိုက်နဲ့တော့နော်။
RebuildHer Program မှာ ပါဝင်လျှောက်ထားနိုင်ဖို့ ယနေ့၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၁:၅၉ နာရီ အထိသာ အချိန်ရှိပါတော့တယ်။
👩💼 ဒီ ပရိုဂရမ်ကို ဘယ်သူတွေ လျှောက်ထားနိုင်သလဲ။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြအနီးဝန်းကျင်ဒေသများမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့—
🌱 အမျိုးသမီးဦးဆောင်သော စီးပွားရေးလုပ်ငန်းများ
🌱 အမျိုးသမီးများ တွဲဖက်ဦးဆောင်သော စီးပွားရေးလုပ်ငန်းများ လျှောက်ထားနိုင်ပါတယ်။
🎯 RebuildHer Program မှာ ဘာတွေ ရရှိနိုင်မလဲ။
မိမိလုပ်ငန်းရဲ့ လိုအပ်ချက်များအပေါ် မူတည်ပြီး—
🔹 လက်တွေ့အသုံးချနိုင်သော စီးပွားရေးသင်တန်းများ
🔹 တစ်ဦးချင်း အကြံပေးလမ်းညွှန်မှုများ (1-on-1 Mentorship)
🔹 ငွေကြေးထောက်ပံ့မှုများ (Financial Grants)
🔹 ဈေးကွက်နဲ့ ငွေကြေးဝန်ဆောင်မှုများ ချိတ်ဆက်ခွင့်
🔹 မိမိလုပ်ငန်းကို မိတ်ဆက်ပြသနိုင်မဲ့ Showcase Event များ
ရရှိနိုင်မဲ့ အခွင့်အလမ်းများမှတစ်ဆင့် မိမိလုပ်ငန်းကို ပိုမိုခိုင်မာတိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
📌 လျှောက်လွှာနောက်ဆုံးရက် — ယနေ့၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်၊ ည ၁၁:၅၉ နာရီ
🔗 ယခုပဲ လျှောက်ထားလိုက်ပါ။
https://forms.gle/d5KkFSSrUTbucCB49
📞 လျှောက်လွှာဖြည့်ရန် အကူအညီလိုအပ်ပါက
မစုမြတ်ကျော် — 09 978447481 | suumyat962@gmail.com
ကိုလှမြင့်ဦး — 099700 57974
မခင်ဆွေဝင်း — khinswe.win@acted.org တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
💜 အချိန်မနှောင်းခင် ယနေ့ပဲ လျှောက်ထားလိုက်တော့နော်…..
မိမိရဲ့ စီးပွားရေးလုပ်ငန်းကို ပိုမိုခိုင်မာတိုးတက်အောင် တည်ဆောက်ဖို့အတွက် RebuildHer Program နဲ့အတူ နောက်တစ်ဆင့်ကို လှမ်းလိုက်ပါ။
RebuildHer: အမျိုးသမီးစီးပွားရေးလုပ်ငန်း ဖော်ဆောင်ရာလမ်း
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုမိုစနစ်ကျခိုင်မာအောင် တည်ဆောက်ဖို့ ပြင်ဆင်နေသူ အမျိုးသမီးတို့အတွက် အခွင့်အလမ်း
RebuildHer Program က အကြောင်းအမျိုးမျိုးကြောင့်နေရပ်စွန့်ခွာလာရသူတွေ၊ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူတွေ၊ မိသားစုပြုစုစောင့်ရှောက်နေရသူ အမျိုးသမီးတွေ နဲ့ လုပ်ငန်းခွင် ရပ်နားထားရသူအမျိုးသမီးများအတွက် ဝင်ငွေရှာဖွေနိုင်ရန်နဲ့ ကိုယ်ပိုင်ရပ်တည်နိုင်ရန် စွမ်းဆောင်ရည်မြင့်တင်ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။
ယခုပရိုဂရမ်မှာတော့ ရန်ကုန်မြို့ပြရဲ့ အနီးဝန်းကျင်တွေမှာ နေထိုင်ကြတဲ့အမျိုးသမီးများဦးဆောင်နေတဲ့စီးပွားရေးလုပ်ငန်းများအတွက် လက်တွေ့အသုံးချနိုင်သော အသိပညာ၊ ကျွမ်းကျင်မှုအတွက် လိုအပ်သော သင်တန်းများ၊ လက်တွေ့ အကောင်အထည်ဖော်ရန် ကျွမ်းကျင်သူများရဲ့ အကြံဉာဏ်ပံ့ပိုးမှုများ၊ ငွေကြေးထောက်ပံ့ခြင်းနှင့် ဈေးကွက်အခွင့်အလမ်းများပါဝင်သော စီးပွားရေးမြှင့်တင်ရေးအစီအစဉ်တစ်ခု ဖြစ်ပါတယ်၊
📌 လျှောက်လွှာနောက်ဆုံးရက် — ၁၁ အောက်တိုဘာ ၂၀၂၆၊ ည ၁၁:၅၉ နာရီ (မနက်ဖန်)
🔗 လျှောက်ထားရန် လင့်ခ် : https://forms.gle/d5KkFSSrUTbucCB49
📞လျှောက်လွှာဖြည့်ရာမှာ အကူအညီလိုအပ်ပါက
မစုမြတ်ကျော် - 09 978447481, suumyat962@gmail.com
ကိုလှမြင့်ဦး - ဖုန်းနံပါတ်: 099700 57974
မခင်ဆွေဝင်း - khinswe.win@acted.org ,သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်၊
ယခု RebuildHer ပရိုဂရမ်ကို ကနေဒါနိုင်ငံ၏ ဒေသခံအဖွဲ့အစည်းများအတွက် ရန်ပုံငွေ (Canada Fund for Local Initiatives – CFLI) နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန ရဲ့ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားတာဖြစ်ပါတယ်။
မိမိလုပ်ငန်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ဖို့အတွက် အမျိုးသမီးလုပ်ငန်းရှင်များအနေဖြင့် RebuildHer Program တွင် ပါဝင်လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
🌸 ONLY 3 DAYS LEFT TO APPLY!
Women entrepreneurs, there are only 3 days left to apply for the RebuildHer Program, which aims to help women-led businesses strengthen their foundations and achieve further growth.
🎯 About the RebuildHer Program
RebuildHer is designed to support women entrepreneurs in rebuilding their businesses despite challenges and difficulties, strengthening their business management skills and entrepreneurial capacity, and developing sustainable businesses for long-term growth.
👩💼 Who Can Apply?
Women entrepreneurs operating businesses in selected peri-urban communities in the Yangon Region, as well as women co-led businesses, are invited to apply, subject to the program’s eligibility criteria.
🌱 What Support Can You Receive?
Based on the specific needs of your business, the program offers opportunities to access:
🔹 Practical Business Trainings – Hands-on business training to strengthen your business skills.
🔹 1-on-1 Mentorship – Personalized guidance and advice to help address your business challenges.
🔹 Financial Grants – Financial support to help your business grow.
🔹 Market & Finance Linkages – Connections to potential markets and financial services.
🔹 Showcase Events – Opportunities to showcase your business achievements and growth.
📌 Application Deadline: 11 October 2026, at 11:59 PM
🔗 Apply Now: https://forms.gle/d5KkFSSrUTbucCB49
📞 Need Help with Your Application?
If you need assistance completing the application form, please contact:
Ma Suu Myat Kyaw – 09 978447481 | suumyat962@gmail.com
Ko Hla Myint Oo – 099700 57974
Ma Khin Swe Win – khinswe.win@acted.org
✨ Women entrepreneurs are warmly encouraged to apply for the RebuildHer Program and take the next step toward strengthening and growing their businesses.
[English Content Below]
🌸 ပါဝင်လျှောက်ထားဖို့ ၃ ရက်ပဲကျန်တော့တယ်နော်………
စီးပွားရေးလုပ်ငန်းများ စနစ်တကျတည်ဆောက်နိုင်ဖို့နဲ့ ပိုမိုတိုးတက်အောင် ဆောင်ရွက်ဖို့ အမျိုးသမီးလုပ်ငန်းရှင်များအတွက် RebuildHer Program မှာ ပါဝင်လျှောက်ထားရန် ၃ ရက်သာလိုပါတော့တယ်။
🎯RebuildHer Program က အခက်အခဲများနဲ့ စိန်ခေါ်မှုများကြားမှ စီးပွားရေးလုပ်ငန်းများကို ထူထောင်ရန်၊ လုပ်ငန်းစီမံခန့်ခွဲမှု၊ စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ရန်နဲ့ ရေရှည်တည်တံ့သော လုပ်ငန်းများအဖြစ် ဆက်လက်ဖွံ့ဖြိုးလာစေရန် အမျိုးသမီးလုပ်ငန်းရှင်များကို ပံ့ပိုးကူညီပေးသွားမယ့် ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။
👩💼 ဘယ်သူတွေ လျှောက်ထားနိုင်မှာလဲ။
ရန်ကုန်တိုင်းဒေသကြီးအနီးရှိ ဒေသများမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးလုပ်ငန်းရှင်များ ၊ အမျိုးသမီးတွဲဖက်ဦးဆောင်သော စီးပွားရေးလုပ်ငန်းများလျှောက်ထားနိုင်မှာဖြစ်ပါတယ်။
ဒီပရိုဂရမ်ကနေ မိမိလုပ်ငန်းရဲ့ လိုအပ်ချက်များအပေါ်မူတည်ပြီး 𝗣𝗿𝗮𝗰𝘁𝗶𝗰𝗮𝗹 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴𝘀 စီးပွားရေးသင်တန်းများ၊ 𝟭-𝗼𝗻-𝟭 𝗠𝗲𝗻𝘁𝗼𝗿𝘀𝗵𝗶𝗽 သီးသန့်အကြံပေးလမ်းညွှန်မှုများ၊ 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗚𝗿𝗮𝗻𝘁𝘀 ငွေကြေးအထောက်အပံ့များနဲ့ 𝗠𝗮𝗿𝗸𝗲𝘁 & 𝗙𝗶𝗻𝗮𝗻𝗰𝗲 𝗟𝗶𝗻𝗸𝗮𝗴𝗲𝘀 ဈေးကွက်ချိတ်ဆက်မှုများအပြင် လုပ်ငန်းအောင်မြင်မှုကို ပြသနိုင်မယ့် 𝗦𝗵𝗼𝘄𝗰𝗮𝘀𝗲 𝗘𝘃𝗲𝗻𝘁 များကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။
📌 လျှောက်လွှာနောက်ဆုံးလက်ခံမည့်ရက် — ၁၁ အောက်တိုဘာ ၂၀၂၆၊ ည ၁၁:၅၉ နာရီ
🔗 လျှောက်ထားရန် လင့်ခ် : https://forms.gle/d5KkFSSrUTbucCB49
📞လျှောက်လွှာဖြည့်ရာမှာ အကူအညီလိုအပ်ပါက
မစုမြတ်ကျော် - 09 978447481, suumyat962@gmail.com
ကိုလှမြင့်ဦး - ဖုန်းနံပါတ်: 099700 57974
မခင်ဆွေဝင်း - khinswe.win@acted.org ,သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်၊
မိမိလုပ်ငန်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ဖို့အတွက် အမျိုးသမီးလုပ်ငန်းရှင်များအနေဖြင့် RebuildHer Program တွင် ပါဝင်လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
[English Content Below]
⏳ ONLY 5 DAYS LEFT! ⏰
🌸 ရန်ကုန်မြို့ပတ်ဝန်းကျင်ရှိ အမျိုးသမီးလုပ်ငန်းရှင်များအတွက် “RebuildHer” လုပ်ငန်းမြှင့်တင်ရေး အစီအစဉ် လျှောက်ထားရန် (၅) ရက်သာ ကျန်ပါတော့တယ်!
အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာရသူတွေ၊ အလုပ်အကိုင်ရှာဖွေနေသူတွေ၊ မိသားစုပြုစုစောင့်ရှောက်နေရသူတွေနဲ့ လုပ်ငန်းခွင်ရပ်နားထားရတဲ့ အမျိုးသမီးများ ဦးဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုမိုခိုင်မာအားကောင်းလာစေပြီး ကိုယ်ပိုင်ရပ်တည်မဲ့ အခွင့်အရေးတစ်ခုဖြစ်တာကြောင့် အခုပဲ လျှောက်ထားလိုက်တော့နော် 🚀
ဒီပရိုဂရမ်ကနေ မိမိလုပ်ငန်းရဲ့ လိုအပ်ချက်များအပေါ်မူတည်ပြီး 𝗣𝗿𝗮𝗰𝘁𝗶𝗰𝗮𝗹 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴𝘀 စီးပွားရေးသင်တန်းများ၊ 𝟭-𝗼𝗻-𝟭 𝗠𝗲𝗻𝘁𝗼𝗿𝘀𝗵𝗶𝗽 သီးသန့်အကြံပေးလမ်းညွှန်မှုများ၊ 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗚𝗿𝗮𝗻𝘁𝘀 ငွေကြေးအထောက်အပံ့များနဲ့ 𝗠𝗮𝗿𝗸𝗲𝘁 & 𝗙𝗶𝗻𝗮𝗻𝗰𝗲 𝗟𝗶𝗻𝗸𝗮𝗴𝗲𝘀 ဈေးကွက်ချိတ်ဆက်မှုများအပြင် လုပ်ငန်းအောင်မြင်မှုကို ပြသနိုင်မယ့် 𝗦𝗵𝗼𝘄𝗰𝗮𝘀𝗲 𝗘𝘃𝗲𝗻𝘁 များကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။
📌 လျှောက်လွှာနောက်ဆုံးရက် — ၁၁ အောက်တိုဘာ ၂၀၂၆၊ ည ၁၁:၅၉ နာရီ
🔗 လျှောက်ထားရန် လင့်ခ် : https://forms.gle/d5KkFSSrUTbucCB49
📞လျှောက်လွှာဖြည့်ရာမှာ အကူအညီလိုအပ်ပါက
ကိုလှမြင့်ဦး - ဖုန်းနံပါတ်: 099700 57974
မခင်ဆွေဝင်း - khinswe.win@acted.org ,
မစုမြတ်ကျော် - suumyat962@gmail.com သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်၊
🌿 သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို နောက်တစ်ဆင့်တိုးတက်ဖို့ အခုပဲ လျှောက်လွှာဖြည့်လိုက်တော့နော်! 💚🚀
[English Content]
ONLY 5 DAYS LEFT! ⏰
🌸 Women entrepreneurs around Yangon — there are only 5 days left to apply for the RebuildHer Business Development Program.
RebuildHer is an opportunity to help strengthen women-led businesses, including those run by women who have been displaced for various reasons, are currently seeking employment, have family caregiving responsibilities, or have had to pause their careers. It is an opportunity to build a stronger and more independent future — so don’t wait, apply now! 🚀
Through this program, participants will have access to:
🔹 Practical Business Trainings tailored to their business needs
🔹 1-on-1 Mentorship and personalized business guidance
🔹 Financial Grants to support business growth
🔹 Market & Finance Linkages to connect with markets and financial opportunities
🔹 Showcase Events to present and celebrate their business achievements
📌 Application Deadline — 11 October 2026, 11:59 PM
🔗 Apply here: https://forms.gle/d5KkFSSrUTbucCB49
📞 Need help with your application? Please contact:
Ko Hla Myint Oo – 099700 57974
Ma Khin Swe Win – khinswe.win@acted.org
Ma Su Myat Kyaw – suumyat962@gmail.com
🌿 Take the next step toward growing your business. Apply for RebuildHer today! 💚🚀
📣 RebuildHer Information Session – ပြန်လည်ကြည့်ရှုနိုင်ပါပြီ
RebuildHer Program နှင့် ပတ်သက်သော ပရိုဂရမ် သတင်းအချက်အလက်များ၊ ပါဝင်သွားမည့် အခွင့်အလမ်းများနှင့် လုပ်ငန်းအစီအစဉ်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို မျှဝေထားသည့် Information Session ကို ပြန်လည်ကြည့်ရှုနိုင်ပါပြီ။
🎥 Session Recording မှတစ်ဆင့် RebuildHer Program အကြောင်း ပိုမိုလေ့လာနိုင်ပါတယ်။
Information Session Recording Link : https://youtu.be/4zcQuc_O_f8?si=vWJcDNpqJmxB5a4k
ရန်ကုန်မြို့ပတ်ဝန်းကျင်ရှိ အမျိုးသမီးများ ဦးဆောင်သော စီးပွားရေးလုပ်ငန်းကို ပိုမိုစနစ်တကျခိုင်မာအောင် တည်ဆောက်ဖို့
လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည့် လုပ်ငန်းမြှင့်တင်ရေး အစီအစဉ်တစ်ခု ဖြစ်ပါတယ်။
ယခု Program လျှောက်ထားရန် link: https://forms.gle/d5KkFSSrUTbucCB49
လျှောက်လွှာနောက်ဆုံးလက်ခံမည့် ကာလ: ၁၁ အောက်တိုဘာ ၂၀၂၆၊ ည ၁၁:၅၉ နာရီ
ယခု RebuildHer ပရိုဂရမ်ကို ကနေဒါနိုင်ငံ၏ ဒေသခံအဖွဲ့အစည်းများအတွက် ရန်ပုံငွေ (Canada Fund for Local Initiatives – CFLI) နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန ရဲ့ ပံ့ပိုးကူညီမှုဖြင့် Acted မှ အကောင်အထည်ဖော်ဆောင်ရွက်ပြီး 3ZERO House Myanmar မှ အစီအစဉ်ဖြစ်မြောက်ရန် ပံ့ပိုးကူညီဆောင်ရွက်ထားပါတယ်။
အမျိူးသမီးများကမိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို ပိုမိုစနစ်တကျ ဖော်ဆောင်ကာ တည်ငြိမ်သော ဝင်ငွေ၊ ပိုမိုခိုင်မာသော လုပ်ငန်းနှင့်
ရေရှည်တည်တံ့သော စီးပွားရေးအနာဂတ်တစ်ခုကို အတူတကွ ပုံဖော်နိုင်ကြပါစို့နော်။
⏰ Reminder: RebuildHer Information Sharing Session
မနက်ဖြန်မှာကျင်းပပြုလုပ်ပေးသွားမဲ့ RebuildHer Information Sharing Session သို့ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် 🌱
RebuildHer Program တွင် ပါဝင်လိုသော အမျိုးသမီးလုပ်ငန်းရှင်များအနေဖြင့် Session တွင် —
🔹 RebuildHer Program အကြောင်း
🔹 ရရှိနိုင်မည့် ပံ့ပိုးမှုများနှင့် အခွင့်အလမ်းများ
🔹 လျှောက်ထားနိုင်သူများအတွက် သတ်မှတ်ချက်များ
🔹 လျှောက်လွှာဖြည့်သွင်းပုံနှင့် လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များ
🔹 လျှောက်လွှာနှင့်ပတ်သက်သော မေးမြန်းချက်များ ကို သိရှိနိုင်မည်ဖြစ်ပါတယ်။
📌 Session Details
📅 Date: အင်္ဂါနေ့၊ ၂၉ စက်တင်ဘာ ၂၀၂၆
⏰ Time: မနက် ၁၀:၀၀ – မွန်းတည့် ၁၂:၀၀ (MMT)
🖥 Platform: Zoom
🔗 Join Zoom Meeting:
https://us06web.zoom.us/j/89580703322?pwd=nPu9zIem83rWTbDcuV9wMLtY1Qurq3.1
Meeting ID: 895 8070 3322
Passcode: 854607
📅 RebuildHer လျှောက်လွှာနောက်ဆုံးလျှောက်ထားနိုင်မည့် နေ့ရက်: ၁၁ အောက်တိုဘာ ၂၀၂၆၊ ည ၁၁:၅၉ နာရီ (မြန်မာစံတော်ချိန်)
🔗 လျှောက်လွှာ လျှောက်ထားရန်: https://forms.gle/d5KkFSSrUTbucCB49
💡 RebuildHer Program တွင် ပါဝင်ရန် စိတ်ဝင်စားပါတယ်ဆိုရင် Zoom မှ Information Sharing Session ကို တက်ရောက်ပြီး Program အကြောင်းနှင့် လျှောက်ထားခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို သိရှိနိုင်မှာဖြစ်ပါတယ်။
🌸 သင့်လုပ်ငန်းကို ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့သော လုပ်ငန်းတစ်ခုအဖြစ် တည်ဆောက်နိုင်ရန် RebuildHer Program မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်! 🌱