fa
Feedback
Myanmar Education Guide

Myanmar Education Guide

رفتن به کانال در Telegram

Education Guide for Everyone. Join us for the educational updates and news.

نمایش بیشتر

📈 تحلیل کانال تلگرام Myanmar Education Guide

کانال Myanmar Education Guide (@eudcationguide) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 15 708 مشترک است و جایگاه 12 936 را در دسته آموزش و رتبه 8 552 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 15 708 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 12 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 1 685 و در ۲۴ ساعت گذشته برابر 14 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 47.47% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 14.30% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 7 456 بازدید دریافت می‌کند. در اولین روز معمولاً 2 246 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 30 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
Education Guide for Everyone. Join us for the educational updates and news.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 13 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کرده‌اند.

15 708
مشترکین
+1424 ساعت
+1817 روز
+1 68530 روز
آرشیو پست ها
Bi-Weekly Education Bulletin ( Oct 01, 2024 ) https://sh1.sendinblue.com/ad1id6635xpfe.html?t=1727768944528

ဘွဲ့မရသေးသူများ လျှောက်ထားနိုင်တဲ့ ကိုရီးယားနိုင်ငံက KAIST Scholarship =========================== လာမယ့် ၂၀၂၅ ပညာသင်နှစ်အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ KAIST မှာ ဘွဲ့ကြို၊ ဘွဲ့လွန်တက်ရောက်နိုင်ဖို့ ပညာသင်ဆုတွေ စတင်လျှောက်ထားလို့ရနေပါပြီ။ အင်ဂျင်နီယာ၊ နည်းပညာနဲ့ သိပ္ပံဘာသာရပ်တွေကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် ၁၀၀% ပညာသင်စရိတ်အပြည့်အ၀ ရရှိမယ့်အပြင် လစဉ်ထောက်ပံ့ကြေးပါ ပေးအပ်မယ့် KAIST Scholarship အကြောင်း အပြည့်အစုံကို မျှဝေပေးသွားပါမယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-kaist-scholarship.html

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဝင်ခွင့်ရမှတ်အား (၃၄၀) သို့ပြောင်းလဲသတ်မှတ် ================== ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အား လျှောက်ထားသော ပထမနှစ်သင်တန်းသားဦးရေ သတ်မှတ်ချက်အတိုင်း မရရှိသေးသည့်အတွက် ဝင်ခွင့်ရမှတ်လိုအပ်ချက်အား ယခင်ကြေညာခဲ့သော (၃၆၀) မှ ယခု (၃၄၀) သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီး ဒုတိယအကြိမ်ထပ်မံခေါ်ယူလျက်ရှိကြောင်းသိရသည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/yezin-agricultural-university.html

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၏ အောင်စာရင်းနှင့် ကျောင်းဖွင့်မည့်ရက် ==================== သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ဖွင့်လှစ်ထားသည့် သင်တန်းနှစ်များအလိုက် အောင်စာရင်းထုတ်ပြန်မည့်ရက်၊ ကျောင်းအပ်လက်ခံမည့်ရက် (သတင်းပို့ရမည့်ရက်)၊ ကျောင်းစတင်ဖွင့်လှစ်မည့်ရက်များအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/cooperatives-rural-development.html

သွားနှင့် ဆေးတက္ကသိုလ်များ ဝင်ခွင့်အတွက် လူတွေ့စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း ============== ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာတက္ကသိုလ်များသို့ ဦးစားပေးလျှောက်ထားသူများအနက် လူတွေ့နှုတ်မေးစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း၊ ခုံအမှတ်၊ ဖြေဆိုရမည့် ရက်နှင့် နေရာတို့ကို ထုတ်ပြန်ကြေညာထားသည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/medical-universities-66f62cc1b9b2f.html

အိမ်မှာနေရင်း ပိုက်ဆံမကုန်ဘဲ သင်တန်းတွေတက်နိုင်မယ့် UniAthena =================== လုပ်ငန်းခွင်သုံး ပညာရပ်တွေကို လေ့လာချင်သူတွေ၊ ကာလတို သင်တန်းလေးတွေကို အိမ်မှာ အေးဆေးဆေးဆေး တက်ချင်သူတွေ၊ သင်တန်းကို အခမဲ့တက်ပြီး Certificate ပါ အခမဲ့ လိုချင်သူတွေအတွက် အသုံးဝင်မယ့် သင်ကြားရေးဝက်ဘ်ဆိုက်ဒ်တစ်ခုကို မျှဝေပေးလိုက်ပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-uniathena.html

နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်အကြို ပရိုဂရမ်တစ်ခုဖြစ်တဲ့ IB Diploma =================== IBDP သည် အသက် ၁၆ နှစ်မှ ၁၉ နှစ်ကြား ကျောင်းသားများအတွက် ရည်ရွယ်သော (၂) နှစ်တက်ရောက်ရသည့် တက္ကသိုလ်အကြို ပညာရေး ပရိုဂရမ်တစ်ခုဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရှိနိုင်စေရန် လေ့ကျင့်သင်ကြားပေးသော သင်တန်းပါ။ အပြည့်အစုံဖတ်ရန် https://www.edge.com.mm/article/-ib-diploma.html

YUFL မှ ဖွင့်လှစ်မည့် Online နှင့် Face to Face ဘာသာစကားသင်တန်းများ ================ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ကိုယ်တိုင်သွား၍တက်ရောက်နိုင်သော ဘာသာစကားသင်တန်းများကို (၂၈-၉-၂၀၂၄) ရက်နေ့မှစ၍လည်းကောင်း၊ Online သင်တန်းများကို (၂၇-၉-၂၀၂၄) ရက်နေ့မှစ၍လည်းကောင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်လှစ်မည့် သင်တန်းများမှာ - - Diploma in English For Communication Skills (Online နှင့် Face to Face) - တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ရုရှား (Online) - တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မြန်မာ (Face to Face) - Diploma in China Studies (Face to Face) အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/yufl-online-face-to-face.html

IT စိတ်ဝင်စားတဲ့ G-12 အောင်ထားသူများ MIIT ကို လျှောက်ထားနိုင်ပြီ ==================== ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) တွင် ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို အောက်တိုဘာလ (၂၂) ရက်နေ့၊ နောက်ဆုံးထား လျှောက်ထားရမည်။ သင်တန်းကာလမှာ (၅) နှစ်ဖြစ်ပြီး Computer Science and Engineering (CSE) နှင့် Electronics and Communications Engineering (ECE) ဘွဲ့ကြိုသင်တန်းများကို တက်ရောက်ရမည်ဖြစ်သည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/it-g-12-miit.html

မြန်မာမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်မယ့် Polytechnic University (၈) ခု =============== စနစ်သစ် (၁၂) တန်း ဖြေဆိုအောင်မြင်ပြီးထားသူများ နောက်ထပ်ရွေးချယ်လျှောက်ထားလိုရမယ့် လူသိနည်းနေသေးတဲ့ Polytechnic University အကြောင်း မျှဝေပေးချင်ပါတယ်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်မှာရှိတဲ့ Polytechnic University ကို လာမယ့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နိုဝင်ဘာလမှာ နေပြည်တော် အပါအဝင် ဗန်းမော်၊ လားရှိး၊ ကျိုင်းတုံ၊ ပင်လုံ၊ မအူပင်၊ ထားဝယ်၊ မြိတ် စတဲ့ မြို (၈) မြိုမှာ စတင် ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-polytechnic-universities.html

Canva နဲ့ Google Classroom ကို ရုံးချိန်လွတ် အခမဲ့ လေ့လာနိုင်ပြီ ==================== သင်ကြားရေးနယ်ပယ်က ဆရာ/ဆရာမတွေအတွက် Canva နဲ့ Google Classroom ကို သေချာသုံးတတ်စေဖို့ ရည်ရွယ်ဲပြီး “Modern Teaching Tools : Canva and Google Classroom” Training ကို အခမဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ ဆရာ/ဆရာမ မဟုတ်ပေမဲ့ Canva သုံးပြီး Graphic Design တွေ၊ Presentation Slide တွေ ဖန်တီးတတ်ချင်တဲ့သူတွေလည်း အခမဲ့ စာရင်းပေးလျှောက်ထားလို့ရပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/canva-google-classroom.html

Harvard မှာ MBA တက်ရင်း အလုပ်သင်အခွင့်အရေးပါရမယ့် ပညာသင်ဆု ================== Harvard တက္ကသိုလ်မှာ MBA ပရိုဂရမ်ကို (၂) နှစ် သင်ယူနိုင်ရုံမကပဲ ကျောင်းတက်နေစဥ်ကာလအတွင်း Monaco မှာရှိတဲ့ Boustany Foundation မှာ အလုပ်သင် အတွေ့အကြုံကို (၂) လတာ သင်ယူရရှိမှာပဲ ဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/harvard-mba.html

စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဖွင့်လှစ်မည့် မဟာပညာရေးဘွဲ့ (MEd) သင်တန်း ================ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မဟာပညာရေးဘွဲ့ (MEd) သင်တန်းကို အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များအလိုက် သတ်မှတ်ဦးရေအတိုင်း ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။ (က) ပညာရေးသဘောတရားနှင့်ပညာရေးစီမံခန့်ခွဲမှု (ခ) ပညာရေးစိတ်ပညာ (ဂ) သင်ရိုးညွှန်းတမ်းနှင့်သင်ပြနည်း (ဃ) ကာယပညာနှင့်ကျောင်းကျန်းမာရေး အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-med.html

𝗕𝗶-𝗪𝗲𝗲𝗸𝗹𝘆 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗕𝘂𝗹𝗹𝗲𝘁𝗶𝗻 ( 𝗦𝗲𝗽 𝟭𝟳, 𝟮𝟬𝟮𝟰 ) https://sh1.sendinblue.com/acgfui635xpfe.html

G-12 စာမေးပွဲဖြေဆိုခွင့် လျှောက်ထားရန် လိုအပ်ချက်များ ================= ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတင်သွင်းသူများအနေဖြင့် ဖြေဆိုမည့် ကာယကံရှင်ကိုယ်တိုင် အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ရမည်ဖြစ်ပြီး ပတ်စ်ပို့ဓာတ်ပုံ(၃) ပုံ၊ လျှောက်ထားသူနှင့် မိဘနှစ်ပါး၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်များ၊ စနစ်ဟောင်းအတွက် Grade 9 အောင်မြင်ခဲ့သော ခုံအမှတ်၊ ခုနှစ်၊ ကျောင်း၊ စနစ်သစ်အတွက် ... အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/2025-matriculation-examination.html

ပြည်ပမှာ ဘွဲ့ကြိုသင်တန်း မတက်ခင် လျှောက်သင့်တဲ့ Pre-college Training ==================== နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာတော်သင်မသွားခင် အခြေခိုင်အောင် လိုအပ်တဲ့ Skills ၊ Knowledge နဲ့ IELTS တို့ကို ပြင်ဆင်သင်ကြားပေးမယ့် Pre-college Program ပညာသင်ဆုအစီအစဉ်ကို မျှဝေပေးချင်ပါတယ်။ အွန်လိုင်းကနေတဆင့် Lincoln ပညာတော်သင်ကျောင်းသားဟောင်းများကိုယ်တိုင် ဦးဆောင်သင်ကြားပေးမှာဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-pre-college-program.html

PMI မှ အခမဲ့ ဖွင့်လှစ်မယ့် HR နှင့် Business Management သင်တန်း ===================== Professional Management Institute မှ လုပ်ငန်းခွင်အသုံးချပညာရပ်တွေဖြစ်တဲ့ HR Management နှင့် Business Management ဒီပလိုမာသင်တန်းတို့ကို သင်တန်းကြေးအခမဲ့နဲ့ ဖွင့်လှစ်မှာဖြစ်ပါတယ်။ အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် အင်တာနက်လိုင်းကောင်းပြီး ဖုန်းလေးတစ်လုံးရှိရုံနဲ့ ဘယ်နေရာဒေသကမဆို တက်ရောက်နိုင်ပါပြီ။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/pmi-hr-business-management.html

မေပယ်ရွက်တို့ လွှမ်းခြုံရာ ကနေဒါမှာ ဘွဲ့ကြိုပညာသင်ဆု လျှောက်မယ် =================== Lester B. Pearson ပညာသင်ဆုဆိုတာ (၁၂) တန်းအောင်ပြီး ဘွဲ့ကြိုသင်တန်းတက်မယ့် နိုင်ငံတကာက ကျောင်းသားတွေအတွက် ကနေဒါနိုင်ငံရဲ့ နံပါတ် (၁) အဆင့်မှာရှိတဲ့ University of Toronto မှာ (၄) နှစ်တာ ပညာသင်ကြားဖို့အတွက် အပြည့်အ၀ ထောက်ပံ့ပေးမယ့် ပညာသင်ဆုဖြစ်ပါတယ်။ Host Country - Canada Host University - University of Toronto Program - Undergraduate Duration - 4 years Rewards - Tuition I Books I Incidental Fees I Residence support အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/lester-b-pearson.html

အမေရိကန် ထိပ်တန်းတက္ကသိုလ် (၅) ခုရဲ့ အခမဲ့ အင်္ဂလိပ်စာအတန်းများ ================ အင်္ဂလိပ်ဘာသာစကားကို Academic English ရော Business English ပါ လေ့လာချင်တဲ့သူတွေအတွက် အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် (၅) ခုဖြစ်တဲ့ University of Pennsylvania ၊ University of Pittsburgh ၊ University of California ၊ Georgia Institute of Technology နှင့် Rice University တို့မှ အခမဲ့ သင်ကြားပို့ချထားတဲ့ အွန်လိုင်းသင်တန်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/free-english-courses.html

စာရေးသားရာမှာ အသုံးဝင်သည့် AI Writing Tools (၅) ခု ================== တီထွင်ဖန်တီးမှုဆိုင်ရာ အိုင်ဒီယာများ စဉ်းစားသည့်အခါ၊ မတူညီသည့် အကြောင်းအရာများ ဖန်းတီးရသည့်အခါ၊ အရေးအသားပိုင်းမှာ အမှားနည်းပြီး တိကျလိုသည့်အခါ AI Tools များကို အသုံးပြုစေခိုင်းနိုင်သည်ဆိုလျှင် သင်လုပ်ရမည့်တာဝန်ကို လွယ်ကူစေပြီး အချိန်မြန်မြန် ပြီးမြောက်စေပါသည်။ သို့ဖြစ်ပါ၍ အသုံးပြုရသည်မှာ လွယ်ကူပြီး အသုံးဝင်သည့် AI Writing Tools (၅) ခုကို မျှဝေပေးသွားပါမည်။ အပြည့်အစုံဖတ်ရန် >> https://www.edge.com.mm/article/-ai-writing-tools.html