7 074
مشترکین
-924 ساعت
-437 روز
-19930 روز
آرشیو پست ها
နောက်ပိုင်းနှစ်တွေထဲမာ မန်ယူအသင်းရဲ့ အကောင်းဆုံးနှစ်က တကယ်ကို ရွေးချယ်ရခက်ပါတယ် ။ အစကောင်းသလိုဖြစ်ပီး နောက်ပိုင်းအဖျားရှူးသွားတာမျိုးတွေ ၊ ဖိုင်နယ်ကျမှ မြင်းကောင်းခွာလိပ်ဖြစ်ရတာမျိုးတွေဘဲ ရှိခဲ့ရတာဖြစ်ပါတယ် ။ စီးတီးကို FA Cup Final မာအနိုင်ရခဲ့တဲ့ နှစ်ကိုဘဲ အကောင်းဆုံးလို့ သတ်မှတ်ချင်ပါတယ် ။ ဖြတ်သန်းလာတဲ့တလျှောက် အဲ့ဒီနှစ်မာ ခြေတက်နေတဲ့ ဖောရက်စ် ၊ လီဗာပူးလ် တို့ကို အနိုင်ကစားပီး ဖိုင်နယ်မာ underdog လို့ အများစုသတ်မှတ်ကြတဲ့ ကိုယ်ဒေအသင်းက ချန်ပီယံအဖြစ် ရေပန်းအစားဆုံး စီးတီးကို အနိုင်ကစားကာ ချန်ပီယံအဖြစ် ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့တာဖြစ်ပါတယ် ။ ဖိုင်နယ်မာ ဒုတိယလူဆိုတဲ့အရာက ယူနိုက်တက်လို အသင်းမျိုးနဲ့ မအပ်စပ်တဲ့ အရာတခုသာ ဖြစ်ပါတယ် ။
ညီကိုတို့ရော ဘယ်နှစ်က အကောင်းဆုံးနှစ်လို့ ထင်ကြလဲ 🤔
#MUMS
ဂျူဗင်တပ်က ဆန်ချိုအတွက် မန်ယူအသင်းဖက်ကို ပြောင်းရွေ့ကြေး ပေါင် 10 သန်း + အပိုဆုကြေး 5 သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ် ။ မန်ယူဖက်ကတော့ အခုထိ အကြောင်းတစုံတရာ ပြန်ပြောခဲ့ခြင်း မရှိသေးပါဘူး ။
#MUMS
ကစားသမားဘဝ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အီလန်ဂါအတွက် တကယ်ကို ဂုဏ်ယူမိပါတယ် ။ အသင်းအတွက်လည်း အကျိုးအမြတ်ရှာပေးနိုင်ခဲ့သလို ၊ ကိုယ်တိုင်လည်း ချန်ပီယံလိဂ်မာ ကစားရတော့မာ ဖြစ်ပါတယ် ။ အသင်းရဲ့ အကယ်ဒမီကနေ ကစားသမားဘဝ တဆင့်ချင်း တက်လှမ်းလာနိုင်တဲ့ အီလန်ဂါအတွက် ငှက်ကြားတို့ဆီမာ ခြေစွမ်းပြနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။
#MUMS
ဘာကာအသင်းရဲ့ အဝယ်တော်စာရင်းမာ မားကပ်ရက်ဖို့စ်က ထိပ်ဆုံးကပါနေပေမဲ့ ဘာကာဖက်က ရက်ဖို့စ်အတွက် ခေါ်ယူဖို့ ငွေကြေးအခက်အခဲ ဖြစ်နေဆတယ်လို့ သိရပါတယ် ။ ဘာကာအသင်းဖက်က မန်ယူအသင်းတောင်းဆိုတဲ့ ပေါက်သန်း 40 ကို မတတ်နိုင်တဲ့ အနေထားမာ ရှိနေပါတယ် ။
#MUMS
မန်ယူအသင်းအနေနဲ့ အယ်ဗာရိုကာဗာရက်စိကို ရီးရဲလ်အသင်းဖက်ကို ရောင်းချခဲ့ခြင်းကြောင့် ပြောင်းရွေ့ကြေး တစိတ်တပိုင်းအနေနဲ့ ပေါင် 7.6 သန်း ရရှိမာဖြစ်ပါတယ် ။
#MUMS
ဒီအတွဲအဖက်က လက်ရှိနောက်ပိုင်း အကောင်းဆုံး trio ဖြစ်တယ်လို့ လက်ခံနိုင်ကြလား ?
#MUMS
လာမယ့်ရာသီအတွက် နောက်ခံလူဒါးလော့စ်က ကျောနံပတ် 20 အစား နံပတ် 2 ကို ပြောင်းလဲဝတ်ဆင်သွားဖို့ အသင်းထံ အကြောင်းကြားထားတယ်လို့ သိရပါတယ် ။ အရင်ကျောနံပတ် 2 ပိုင်ရှင်က လင်ဒီလော့စ်ဖြစ်ပီး ယခုအခါ အသင်းကနေ ထွက်ခွာသွားလို့ လစ်လပ်နေတာဖြစ်ပါတယ် ။
#MUMS
မန်ယူအသင်းရဲ့ လောလောဆယ် အသေချာဆုံး Line up က ဒါဘဲဖြစ်ပါတယ် ။ နောက်ဆုံးထံကုန် 1 ယောက် သို့ 2 ယောက်က အလွန်ဆုံး ဖြစ်နိုင်ပီး ရာသီကြိုခြေစမ်းပွဲတွေကို ဒီလူစာရင်းနဲ့ အဓိကထား ယှဉ်ပြိုင်သွားဖို့ ရှိပါတယ် ။
#MUMS
ဘတ်ဂျက်အများကြီး မသုံးချင်တဲ့ ကိုယ်တွေအသင်းအတွက် လက်ရှိမာ အလွတ်နဲ့ ခေါ်ယူလို့ရမယ့် ကစားသမားသုံးယောက် 👀
ဘယ်သူ့ကို ခေါ်စေချင်ကြလဲ ညီကိုတို့ 🤔
#MUMS
ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်တဲ့ လာမယ့်ရာသီ ဖြစ်နိုင်ဖွယ်လူစာရင်း 👀
အမ်ဘီမို ၊ အိုဆီမန် ၊ အီတကီ တို့ မေ့လိုက်လို့ ရပါပီဗျာ 🥺
#MUMS
မာတီနက်စ် 🗣️ လာမယ့်ရာသီအတွက် အခုထဲက အဆင်သင့်ဖြစ်နေပါပီ ။ ရာသီကြိုပြင်ဆင်မှုကတော့ အားရစရာကောင်းနေပီး အသင်းအတွက် အမြန်ဆုံးကစားပေးချင်နေပါပီ ။
#MUMS
အိုနာနာရဲ့ ပြောင်းရွေ့ကြေးကို အသင်းဖက်က ပေါင်သန်း 30 ဈေးသတ်မှတ်ထားပေမဲ့ ဘယ်အသင်းကမှ စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရပါတယ် ။ အိုနာနာက လာမယ့်ရာသီ အသင်းမာ ဆက်ရှိဖို့ များနေခဲ့တယ်လို့ သိရပါတယ် ။
#MUMS
+4
ရာသီကြိုခြေစမ်းပွဲအတွက် ကာရင်တတန်ကို ပြန်ရောက်လာကြပြီဖြစ်တဲ့ သရဲနီတပ်သားများ 🔥🤩
#MUMS
မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေက အမှန်တကယ် ဗစ်တာအိုဆီမန်ကို ခေါ်ယူချင်နေပေမဲ့ ကစားသမားဖက်က လုပ်ခလစာလျှော့ယူသွားဖို့ မရှိဘူးလို့ အကြောင်းပြန်ထားတာကြောင့် တခြားသောပစ်မှတ်တွေကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေခဲ့ရတာဖြစ်ပါတယ် ။
#MUMS
ဒီနာတယ်လီ 🗣️ ဒီတရက် ၊ နှစ်ရက်အတွင်း မန်ယူနဲ့ရော ၊ ဆန်ချိုနဲ့ပါ အပြောင်းအရွေ့အတွက် အလုံးစုံသဘောတူညီမှု ရတော့မာပါ ။ မကြာခင် ဆန်ချိုက ငါတို့အသင်းရဲ့ ကစားသမားဖြစ်လာဖို့ သေချာနေပါပီ ။
#MUMS
ညီလေးအနေနဲ့ အရင်မန်ယူအကျီဟောင်းဝတ်ပီး ကိုယ်တွေအသင်းဆီကို လာချင်လို့ ဉာဏ်ဆင်နေပေမဲ့ ညီလေးကို ကိုယ်တွေအသင်းက ခေါ်မယ်ထင်ရင် လုံးဝမှားသွားမယ်နော် 😛
#MUMS
တိုက်စစ်ပိုင်းအားနည်းတဲ့ ပြသာနာအတွက် ရေတိုဖြေရှင်းဖို့ အဲဗာတန်အသင်းတိုက်စစ်မှူး ကယ်ဗင်လီဝင်ကို ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ် ။ စာချုပ်သက်တမ်း ကုန်ဆုံးပီး အလွတ်နဲ့ ခေါ်ယူရမာဖြစ်လို့ အသင်းဖက်ကအတော်လေး စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ် ။
#MUMS
