7 158
مشترکین
-924 ساعت
-447 روز
-22530 روز
آرشیو پست ها
ဘရူနိုရဲ့ ရာသီဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်မှုအမြင် 🗨️
ပြီးခဲ့တဲ့ ရာသီက မှားခဲ့တဲ့ အမှားမျိုးတွေကိုပဲ ထပ်မှားခဲ့တာပါ။ အဝေးကွင်း ပွဲတိုင်းမှာ ပြိုင်ဘက်ကို ဘောလုံး ပိုင်ဆိုင်ခွင့် အလွန်အမင်း ပေးထားခဲ့မိတယ်။ ပထမပိုင်းမိနစ် ၂၀ မှာဆိုရင် ဂိုးသမားက ဘောလုံး ထိတွေ့မှု အများဆုံးသူ ဖြစ်နေခဲ့တာပါ။ ငါတို့ ဒီထက်မက ဖိအားပေး ကစားဖို့၊ ဒီထက် ပိုပြင်းထန်ဖို့ လိုအပ်ခဲ့သလို၊ Set-piecesတွေကနေ အခုလို ဂိုးတွေ မပေးရအောင်လည်း ပြန်ပြင်ဆင်ဖို့ လိုပါသေးတယ်။ ဒီလို အသင်းမျိုးတွေက ဒီလို အခွင့်အရေးမျိုးရဖို့ပဲ စောင့်နေကြတာပါ။ ပွဲမစခင်ကတည်းက သူတို့အတွက် အဓိက အားသာချက်ဖြစ်မယ်ဆိုတာ ငါတို့ သိပြီးသားပါ။ သူတို့ရာသီကြို ပွဲစဉ်တွေတုန်းက ခံစစ် ၄ ယောက်တန်းနဲ့ ကစားခဲ့ပေမဲ့ အခု ငါတို့နဲ့ ပွဲမှာတော့ ဒီလို အခိုက်အတန့်တွေမှာ အရပ်အမောင်း အသာစီးရဖို့ ခံစစ် ၅ ယောက်တန်းနဲ့ ပြောင်းကစားသွားခဲ့တာပါ။ အဆိုးဆုံးနဲ့ အဒေါသထွက်စရာကောင်းတာကတော့ ငါတို့ ပွဲရှုံးနိမ့်ခဲ့တာပါပဲ။
ပရိသတ်တွေရဲ့ စိတ်ပျက်ဒေါသထွက်မှုကို ငါ နားလည်ပါတယ်။
ရာသီသစ်စတင်တိုင်းမှာ အကောင်းဆုံး ယှဉ်ပြိုင်ပြီး ပွဲတိုင်းကို အနိုင်ရကာ အဆုံးထိ တက်လှမ်းချင်ကြတာပါ။ ပြီးခဲ့တဲ့ ရာသီကလိုပဲ ငါတို့ကို ဆက်လက် ယုံကြည်ပေးပြီး ပရိသတ်တွေကို ငါတို့ဘက်မှာ အမြဲ ရှိနေစေချင်ပါတယ်။
ငါတို့ ကိုယ်တိုင်လည်း ဒီထက်မက ပိုကြိုးစားဖို့ လိုအပ်နေတယ်ဆိုတာ သိပါတယ်။
ပရီးမီးယားလိဂ်မှာ ဒီလိုအဝေးကွင်း ပွဲစဉ် သွားကစားရတာ ဘယ်လောက် ခက်ခဲလဲဆိုတာ ငါတို့ သိပါတယ်။
သူတို့ရဲ့ ကစားဟန် အရှိန်အဟုန်နဲ့ ပြင်းထန်မှုတွေကို ငါတို့ဘက်က အမှီလိုက်နိုင်ဖို့ လိုပါတယ်။ ဒီနေ့ပွဲမှာတော့ ပြစ်ဒဏ်ဘော ၂ ကြိမ်ကနေ ဂိုးပေးလိုက်ရတာဟာ ငါတို့ ပွဲရှုံးနိမ့်သွားရတဲ့ အဓိက အကြောင်းရင်း ဖြစ်သွားခဲ့ပါတယ် ။
#MUMS
+1
လာမယ့်ပွဲစဉ်တွေမှာ နောက်ခံလူမာတီနက်စ်ဝင်ရောက်ကစားဖို့ ရှိနေပြီလို့ မိုက်ကယ်ကားရစ်က ပြောကြားလိုက်ပါတယ် ။ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ဒဏ်ရာသက်သာလာမှုက လျင်မြန်နေသလို ၊ အသင်းရဲ့ခံစစ်ပိုင်းအတွက် ရွေးချယ်စရာတစ်ခုတိုးလာခဲ့လို့ ကျေနပ်တယ်လို့ သိရပါတယ် ။
#MUMS
အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူသစ် ဘယ်လီဘာက ကျောနံပတ် 20 ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ် ။
#MUMS
+1
🚨 ပေါပေါ့ဂ်ဘာက Cheshire ရှိ သူရဲ့ ဇိမ်ခံစံအိမ်ကြီးကို ရောင်းမထွက်လို့ ဈေးတွေ တော်တော်လေး လျှော့ကာ အရောင်းစာရင်းတင်လိုက်ပြီလည်းဖြစ်ပါတယ် ။ အရင်က ပေါင် ၃.၉၅ သန်းတန်ကြေးရှိ အဆိုပါစံအိမ်တော်ကို အခု ပေါင် ၃.၅ သန်းအထိ ဈေးလျော့လိုက်တာဖြစ်ပါတယ် ။
အဆိုပါစံအိမ်ကြီးက အိပ်ခန်း ၅ ခန်း၊ အထဲမှာ အိမ်တွင်းဘောလုံးကွင်း၊ ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ Gym နဲ့ Treatment Room ပါ အစုံအလင် စတဲ့ ဇိမ်ခံပစ္စည်းများလည်း ပါဝင်တာလည်းဖြစ်ပါတယ် ။
#MUMS
အစ်ဝှခ်ျနဲ့ပွဲစဉ်မှာရော ဒီကစားသမားတွေနဲ့ ပွဲထွက်လာမယ်ဆိုရင် ဘယ်လိုရလဒ်ထွက်ပေါ်လာနိုင်ဦးမလဲ 🤔
#MUMS
မန်ယူအသင်းက ဒီအပတ်မှာဘဲ ဘယ်လီဘာရဲ့ အပြောင်းအရွေ့ကို အပြီးသတ်မှာဖြစ်သလို ၊ လိုအပ်နေတဲ့ ဘယ်နောက်ခံနေရာအတွက် ဘယ်လ်ဒီရဲ့ အပြောင်းအရွေ့အတွက်လည်း ဘာကာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ် ။
#MUMS
၁၉၉၉ ခုနှစ် - မန်ချက်စတာယူနိုက်တက်ဟာ ရာသီဖွင့်ပွဲစဉ်မှာ ရှက်ဖီးယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ ရာသီကုန်မှာတော့ လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ် - ရာသီဖွင့်ပွဲမှာ အက်စတွန်ဗီလာအသင်းကို ၃ ဂိုး - ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမဲ့ ရာသီအကုန်မှာ လိဂ်ချန်ပီယံဆုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။
၂၀၁၂-၁၃ ရာသီ - အဲဗာတန်အသင်းကို ၁ ဂိုး - ၀ ဂိုးနဲ့ ရှုံးပြီး စတင်ခဲ့ရပေမဲ့ မန်ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလားကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ နောက်ဆုံးရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုလည်း ဖြစ်ပါတယ်။
#MUMS
အယ်လ်ချီအသင်းနဲ့ကစားမယ့် လာလီဂါအဖွင့်ပွဲစဉ်အတွက် ဘယ်လ်ဒီကအဆင်သင့်ဖြစ်နေပေမဲ့ နည်းပြဟန်ဆီဖလစ်က ချန်လှပ်ထားခဲ့တယ်လို့ သိရပါတယ် ။ အဆိုပါသတင်းကြောင့် မန်ယူအသင်းဆီကို ပြောင်းရွေ့ဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့ပါတယ် ။
#MUMS
ဂိုးသွင်းတာကို တားမှာစိုးလို့ ကိုယ့်အသင်းဖော်ကို ပြန်ဆွဲထားရတဲ့ ဂေါင်းကြီး 🤣
#MUMS
ရာသီအစဂိုးပြတ်တီးမှာဆို အခုတော့စားစရာပါမရှိတော့ဘူး 😭
#MUMS
မိုက်ကယ်ကားရစ် 🗣️ ကျွန်တော်တို့မှာ အခွင့်အရေးတွေ၊ အသာစီးရတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမဲ့ အဲဒီအခွင့်အရေးတွေကို အပိုင်အသုံးချဖို့ ဒါမှမဟုတ် ဆက်လက်ဖိအားပေးဖို့ လိုအပ်တဲ့ စိတ်အားထက်သန်မှု နည်းပါးခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ရလဒ်က ကျွန်တော်တို့ကို တော်တော်လေး ထိခိုက်စေခဲ့ပြီး ကျွန်တော်တို့အတွက် လုံးဝ မကောင်းတဲ့ ရလဒ်တစ်ခုပါပဲ။
#MUMS
🚨🚨| စံချိန်သစ် မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လိဂ်ထိပ်တန်းရာသီဖွင့်ပွဲစဉ်မှာ တန်းတက်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။
🤯❌
🚨 - မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲစဉ် (၂) ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်း မရှိပါဘူး ။🔴
▪️ ၂၀၂၅/၂၆ - မန်ယူ [၀ - ၁] အာဆင်နယ် ❌
▪️ ၂၀၂၆/၂၇ - ဟားလ်စီးတီး [၂ - ၀] မန်ယူ ❌
ယူနိုက်တက်အတွက်တော့ ရာသီနှစ်ခုဆက်တိုက် စိတ်ပျက်စရာကောင်းတဲ့ စတင်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်။
#MUMS
ဒီခြေစွမ်းနဲ့ ချန်ပီယံလိဂ်သွားကန်ပြီး သောက်ရှက်မခွဲကြပါနဲ့ကွာ :)
#MUMS
ဒီလူစာရင်း ၊ ဒီအနေထားနဲ့ လုံလောက်မှုမရှိသေးဘူးဆိုတာ အသင်းရဲ့ အပြောင်းအရွေ့တာဝန်ရှိသူတွေလာကြည့်တဲ့အချိန်မှာ မိုက်ကယ်ကားရစ်တို့ ပြသလိုက်ပါပြီ ။ တကယ်လည်း လုံလောက်မှုမရှိသလို ၊ ပေါ့ပျက်ပျက်နဲ့ ဆော့ချင်သလို ဆော့တာကို ကြည့်လိုက်ရတာ အတော်လေးဆိုးရွားပါတယ် ။ ဒီခြေစွမ်းအတိုင်းဆိုရင် လာမယ့်ပွဲစဉ်တွေ ရင်လေးစရာပါဘဲ ။
#MUMS
ပထမပိုင်းရဲ့ ချွင်းချက်မရှိ အဆဲခံရဆုံးကစားသမားလေးမောင်ဒေါကု 🫡
#MUMS
Repost from Myanmar Football Network 2
အင်္ဂလန်ပရီးမီးယားလိဂ်
ဟူးလ်စီးတီး Vs မန်ယူပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ ✌🏻
‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏
❗️Main Channel Link 👇🏻
https://t.me/mfn2026
❗️ Live Channel Link 👇🏻
https://t.me/+OmSyYuuZOTMzMzBl
https://t.me/+5VlJTcd9MuQ5OTA1
ရာသီသစ်ကိုနိုင်ပွဲနဲ့ စဖွင့်မယ့် ပွဲထွက်လူစာရင်း 🥳
#MUMS
ဟူးလ်စီးတီးနဲ့ ပွဲစဉ်အတွက် အသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်း 👀
#MUMS
ဟူးလ်စီးတီးနဲ့ နောက်ဆုံးကစားခဲ့စဉ်က အခုမန်ယူနည်းပြ မိုက်ကယ်ကားရစ်က ကစားသမားအဖြစ် ရှိနေခဲ့ပြီး အဆိုပါပွဲစဉ်က သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ အခုနည်းပြအဖြစ် ယှဉ်ပြိုင်ရမယ့် မိုက်ကယ်ကားရစ် ဒီတစ်ခါ နိုင်ပွဲရယူသွားနိုင်မလား ?
#MUMS
🚨 ပရီးမီးယားလိဂ်ဆီကို ၉ နှစ်ကြာမှပြန်လည်ရောက်ရှိလာခဲ့ပြီး ပထမဆုံးပွဲစဉ်မှာပဲ မန်ယူနဲ့ ရင်ဆိုင်ရမယ့် ဟားလ်စီးတီးရဲ့ အခြေအနေအပေါ် Sergej ရဲ့ ပြောကြားချက် 🗣️
🎙️ သတင်းထောက် Sergej ရေ ဟားလ်စီးတီးကတော့ ပရီးမီးယားလိဂ်ဆီ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီပေါ့။ ဒါပေမဲ့ ပထမဆုံးပွဲစဉ်မှာတင် မန်ယူနဲ့ တွေ့ဆုံနေပါတယ် ။ ဒီအပေါ် ဘယ်လိုခံစားရလဲ ။
🗣️ Sergej မန်ယူဆိုတာ ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းတွေထဲက တစ်သင်း ဖြစ်တာကြောင့် ၉ နှစ်ကြာမှ ပြန်ရောက်လာတဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံးပွဲစဉ်မှာ သူတို့နဲ့ ရင်ဆိုင်ရတာဟာ တကယ့်ကို အထူးခြားဆုံးပါပဲ။ ပရီးမီးယားလိဂ် ကြိုဆိုပွဲအဖြစ် ဒီထက်ကြီးမားတဲ့ ပွဲစဉ်မျိုးကို တောင်းဆိုလို့တောင် ရနိုင်တော့မှာ မဟုတ်ပါဘူး။ မိုက်ကယ်ကားရစ် တည်ဆောက်ထားတဲ့ အသင်းကို ကြည့်လိုက်ရင် ဘရူနို ၊ ဖာနန်ဒက်စ်၊ ကူညာ၊ အမ်ဘူမို၊ အာမက်၊ အခုဆို တိုင်လီမန်းစ်နဲ့ ဆန်းတို့စ်တို့နဲ့အတူ တကယ့်ကို အရည်အသွေးမြင့် ကစားသမားတွေ ပြည့်နှက်နေတာပါ။ အကယ်၍ ကားလို့စ် ဘယ်လီဘာပါ ပေါင်းစပ်လိုက်မယ်ဆိုရင် သူတို့အသင်းရဲ့ အကန့်အသတ်က ဘယ်အထိရှိမလဲဆိုတာ မှန်းဆလို့တောင် ရမှာမဟုတ်တော့ပါဘူး။ သူတို့က တကယ့်ကို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အသင်းတစ်သင်းကို တည်ဆောက်နေတာပါ ။ အသင်းရဲ့ ဂိုးသမားဆိုရင်လည်း တစ်ရာသီတည်းနဲ့ တကယ့်ကို ကြီးမားတဲ့ သက်ရောက်မှုတစ်ခု ပေးနိုင်ခဲ့တယ်။ ဒါဟာ သူတို့ရဲ့ ကစားသမားသစ် ခေါ်ယူစုဆောင်းမှု ဘယ်လောက်တောင် အဆင့်မြင့်သလဲဆိုတာကို ပြသနေတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အိုးထရက်ဖို့စ်ကို သွားတဲ့အခါ ရိုးရိုး ပရီးမီးယားလိဂ် အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာပါလားလို့ ဘယ်တော့မှ တွေးထားမှာ မဟုတ်ပါဘူး။ ဘယ်လိုအသင်းနဲ့ ရင်ဆိုင်ရမှာလဲဆိုတာ ကျွန်တော်တို့ အပြည့်အဝ သိထားပါတယ်။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ အကြောက်တရားနဲ့ သွားကြမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိဂ်ကို ပြန်လာဖို့ ကျွန်တော်တို့ ၉ နှစ်တောင် စောင့်ဆိုင်းခဲ့ရတာပါ။ အသင်းကြီးတွေကို ငေးမောအားကျနေဖို့တစ်ခုတည်းနဲ့တင် တိုက်ပွဲဝင်ပြီး ပြန်တက်လာခဲ့ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သွားရောက်ယှဉ်ပြိုင်မယ် ။ ပွဲတိုင်းအတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမယ် ။ မန်ယူအသင်းကိုလည်း ငါတို့နဲ့ တွေ့ဆုံတဲ့ ပွဲစဉ်မှာ ရုန်းကန်ရအောင် ပြုလုပ်သွားပါမယ်။
အကယ်၍ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရင်တောင် အသင်းကြီးတစ်သင်းကို ရှုံးတာပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အရှုံးကို ကြိုတင်လက်ခံထားတဲ့ စိတ်ဓာတ်မျိုးနဲ့တော့ အိုးထရက်ဖို့စ် ကို ဘယ်တော့မှ သွားမှာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာတဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံးပွဲစဉ်ဟာ ကျွန်တော်တို့ ပေးဆပ်နိုင်သမျှ အရာအားလုံးနဲ့ ထိုက်တန်မှု ရှိရပါမယ် ။
#MUMS
