fa
Feedback
Poems and quotes ♡

Poems and quotes ♡

رفتن به کانال در Telegram

Welcome To My Channel! Channel date- 6.7.2024 Thanks for your supporting buddies🌷

نمایش بیشتر
332
مشترکین
+124 ساعت
-37 روز
-530 روز
آرشیو پست ها
အချစ်ရေ... ကိုယ်မှ မပိုင်ဆိုင်ရလျှင် ချီးကားပဲ တိုက်တိုက်.. လေပဲ ဖြတ်ဖြတ်... ဝမ်းနည်းပူဆွေး မနေတော့ပါကွယ် ။ -mzp

ရမ္မက် သွေးသားတည်လျက် ၊ ခန္ဓာဆက်တွင် ရမ္မက်တဏှာ ၊ ရှိကြစွာ၏။ ရေငန်တစ်စက် ၊ပမာလျက်မူ ထပ်၍တောင့်တ ၊ လိုချင်ကြ၏။ တဏှာအမှောင် ၊ ဖုံးကာဆောင်လျှင် အရှက်သညှာ ၊ ဂုဏ်သိက္ခာကို ချိုးနှိမ်မေ့ပျောက် ၊ လမ်းမှားရောက်အောင် ပို့၍ဆောင်သည်။ တဏှာရမ္မက်၊ ပျားရည်စက်ကို ဓားသွားပေါ်ထက်၊ရှိပါလျက်မူ ပိုးဖလံမျိုး ၊ မီးကိုတိုး၍ ပူပူလောင်လောင် ၊ သူသယ်ဆောင်၏။ တန်သင့်သည့်ဆေး ၊ လွန်မည့်ဘေးကို အသိအမှတ်၊ သတိကပ်၍ ရမ္မက်တဏှာ၊ ထိုအရာကို ချင့်လေသင့်စေ၊ သုံးဆောင်စေသော်။ အမောင်ကိုးလ် #𝘾𝙤𝙡𝙙

"ကြေကွဲစရာ လေဒီ" အပြုံးတွေဟာ လိမ်ညာမှ လှတယ် ဒါကြောင့် မင်းပြုံးပြလိုက်ပါ လေဒီ။ အမှောင်ထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ဖူးတဲ့ညတွေ ကြိတ်ငိုရလွန်းလို့ နံနက်ခင်းတောင် ခါးသက်နေခဲ့တယ်၊ငြိမ်းချမ်းတယ်ဆိုတဲ့ စကားလုံးတွေအောက်မှာနှလုံးသားတွေ အကြိမ်ကြိမ် ကွဲအက်ခဲ့ရတာမင်းရေတွက်မယ်ဆို ရင်ကွဲသွားလိမ့်မယ်၊အပြုံးတွေဟာ လိမ်ညာမှ လှတယ်ဒါကြောင့် မင်းပြုံးပြလိုက်ပါ လေဒီ။ မျှော်လင့်ချက်ဆိုတာကို ကမ်းခြေမှာ သဲသောင်ပြင်ဆောက်သလိုလှိုင်းတစ်လုံးလာရင်ပဲ ပျောက်ကွယ်သွားရပြန်တယ်၊ ဂုဏ်သိက္ခာကို ဈေးဆတ်ပြီး ရောင်းစားကြတဲ့ မြို့ထဲမှာ လူတွေရဲ့ နှုတ်ဆိတ်မှုကဓားတစ်လက်ထက် ပိုထက်နေတတ်တယ်၊အပြုံးတွေဟာ လိမ်ညာမှ လှတယ်ဒါကြောင့် မင်းပြုံးပြလိုက်ပါ လေဒီ။ ချစ်ခြင်းမေတ္တာတွေက တန်ဖိုးမဲ့ အမှိုက်လို ဖိနပ်အောက်မှာ၊ လှပတဲ့ ကတိတွေက လေထဲမှာ ပြာကျလို့၊အမှန်တရားကို ရင်ဘတ်ထဲ မြှုပ်နှံထားရတဲ့ညတွေမှာငါတို့ မီးထွန်းကြည့်ရုံကလွဲလို့ဘာမှ အပိုမရှိတော့ဘူး၊အပြုံးတွေဟာ လိမ်ညာမှ လှတယ်ဒါကြောင့် မင်းပြုံးပြလိုက်ပါ လေဒီ။ အိမ်ပြန်လမ်းတွေ ပျောက်ရှနေတဲ့ ခရီးသည်အတွက်ကမ္ဘာကြီးက ကျဉ်းမြောင်းလွန်းလှပြီ၊ကဲပါလေ… မနက်ဖြန်ဆိုတာလည်းရောက်လာချင်မှ ရောက်လာတော့မှာ၊အပြုံးတွေဟာ လိမ်ညာမှ လှတယ်ဒါကြောင့် မင်းပြုံးပြလိုက်ပါ လေဒီ။ ။ - ကြိုးတစ်မျှင်

ဟာ ခေါင်းတွေနောက်လိုက်တာကွာ အမြင်အာရုံတွေကလဲ ဝေဝါးနေတာပဲ။ ဟင် ဘာလဲ ကိုယ်အသက်ရှိနေသေးတာလား။ ငိုနေရင်း အသက်ရှူကျပ်ပြီး သေသွားပြီထင်ခဲ့တာလေ။ ဟင် ဘာလဲ ကိုယ်အသက်ရှူနေသေးတာပဲ။ အခုချိန်ထိကို အသက်ရှင်‌နေသေးတာပဲ။ မွန်းကြပ်လိုက်တာကွာ လွတ်လွတ်လပ်လပ် သေသွားခွင့်မရနိုင်သေးဘူးလား။ -ဟန်အတ္တငယ် #Yifi

စကားလုံးတွေ မလိုပါဘူး အကြည့်တစ်ချက်နဲ့ တိတ်တဆိတ်။ နားလည်ပေးတဲ့ စိတ်ကလေးရှိရင် ကမ္ဘာကြီးက အေးချမ်းလို့။ - ကြိုးတစ်မျှင်
စကားလုံးတွေ မလိုပါဘူး အကြည့်တစ်ချက်နဲ့ တိတ်တဆိတ်။ နားလည်ပေးတဲ့ စိတ်ကလေးရှိရင် ကမ္ဘာကြီးက အေးချမ်းလို့။ - ကြိုးတစ်မျှင်

ကိုယ့်ကို ထားခဲ့နိုင်သူရဲ့ရင်ထဲမှာလည်း အဲ့ဒီလိုထားခဲ့ချင်တဲ့ အကြောင်းတစ်ခုခုတော့ရှိနေမှာပဲ ကျွန်တော် သူ့ကို ခွင့်လွှတ်တယ် ။ -နွေသစ်ငြိမ်း

နေ့ရက်တွေ ကုန်လည်း အမှောင်ထဲမှာ မငိုပါနဲ့။ မနက်ဖြန်ရဲ့ နေဝန်းက မင်းအတွက် လင်းပဦးမှာပဲ။ # UPyay

နောက်ဆို ... ကျွန်တော်တို့ တွေ့ဖြစ်ချင်မှတွေ့ဖြစ်ကြတော့မှာ ကျေးဇူးပြုပြီး ကျွန်တော်မှာတာတွေနားထောင်ပါ ... ကျွန်တော်တို့က ဘဝကို တစ်ကပြန်စရမှာ မဟုတ်ဘူး ... ပြန်စဖို့ တစ်ကိုတောင် အသည်းအသန်လိုက်ရှာရဦးမှာ ။  -ချောနကျယ်

ဦးစားပေးခံရချင်ရုံပါပဲ အနိုင်လိုချင်စိတ်နည်းနည်းလေးမှမရှိပါဘူး။N -ဟန်အတ္တငယ် #Yifi

"ဓားထိုး ခံမလား... အစားထိုး ခံမလား..."တဲ့...၊ မေးခွန်းလေးက လွယ်ကူလွန်းလို့ ငါ့မှာ... လေး၊ငါး၊ဆယ် နှစ် အချိန်ယူခဲ့ရ.. ။ -တုတ်ကြီး

Repost from Poetry" and pfp
မွေးနေ့တဲ့ ကျွန်တော့်အတွက်တော့ သေဖို့ တစ်နှစ်တိုးလာတာပါပဲ လိုချင်တပ်မက်မှုတွေဟာလည်း ‌တစ်ဖြည်းဖြည်းမှေးမှိန်လာတယ် လောဘလည်း မကြီးဖြစ်တော့သလို အရင်လို မိသားစုအပေါ် စောဒကလည်း မတက်ဖြစ်တော့ဘူး ပျော်ရာမှာမနေပဲ တော်ရာမှာ နေတတ်သွားလို့ထင်ပါတယ် -ခတ္တာမာန် 17th HBD to me

" အချစ်ကိုတွေ့ရှိခြင်း " - အချစ်ဟာ နတ်သမီးတစ်ယောက်ရဲ့ မှော်တုတ်တံလေး... အရာရာကို ပြောင်းလဲစေခဲ့ပေါ့...။ ။ - လောင်ချိတ်✍

မတူဘူး အမိ မတူဘူး။ အမိက သူဒေါသထွက်တာကို ကြောက်တာ။ ကိုယ်က သူဒေါသထွက်မှာကိုကြောက်တာ။ -ဟန်အတ္တငယ် #Yifi

မင်းရဲ့ အပြုံးလေးတစ်ခုအောက်မှာ ငါ့ကမ္ဘာလေး ရပ်တန့်သွားခဲ့တယ်။ စကားလုံးတွေနဲ့ မဖော်ပြနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့...မင်းကို အမြဲတမ်း လိုအပ်နေမိတယ်။ # UPyay

"လမင်းထံသို့ တိုးတိုးသက်ပြင်း" ညဉ့်နက်သန်းခေါင် လရောင်အောက်မှာမင်းရဲ့ ပုံရိပ်လေးကို ယောင်ယမ်းလို့ တမ်းတမိတယ်။ ဝေးကွာနေရတဲ့ မိုင်ပေါင်းများစွာကိုကျော်ဖြတ်ပြီး ကိုယ့်ရဲ့ လွမ်းချင်းတွေက... မင်းရှိရာဆီကိုပဲ တိုက်ခတ်လို့။ အနားမှာ မရှိပေမဲ့ ရင်ထဲမှာ အနီးဆုံးမို့မင်းရဲ့ အငွေ့အသက်တွေက ညတိုင်းမှာ လွှမ်းမိုးဆဲ၊ အိပ်မက်လှလှလေးတွေ မက်တိုင်းလည်းမင်းရဲ့ လက်ကလေးကို ဆုပ်ကိုင်ထားချင်မိပါရဲ့ကွယ်။ #UPyay

အချစ်ဆိုတာ မျက်မှန်အောက်က မျက်ဝန်းနက်လေးတွေလား။ ရယ်လိုက်ရင်ပေါ်တာတဲ့ သွားတက်လေးလား။ ဟင့်အင်း တစ်ခုမှမဟုတ်ဘူး။ သူပျော်နေတာလေးကိုကြည့်ပြီး ကိုယ်ပါလိုက်ပြုံးမိတာမျိုးက အချစ်။ ကိုယ့်ဘက်မှ ဘာမှမမျှော်လင့်ဘဲ ချစ်ရသူလေးကို ‌အဆင်ပြေနေစေချင်‌တာကမှ အချစ်။ -ဟန်အတ္တငယ် #Yifi

မင်းရှိတဲ့နေရာလေးက ကိုယ့်ကမ္ဘာလေး ဖြစ်နေတယ် လွမ်းတယ်ဆိုတဲ့စကားထက် မင်းအနားမှာပဲ အမြဲရှိနေချင်မိတယ်။ #UPyay

ဒီလိုပါပဲ ကျောင်းသားဘဝဆိုတာ စာလုပ်မယ်ဆိုပြီး animeလိုက် ၊ ဂိမ်းဆော့လိုက်ပါပဲ:) #owner

" အလှဆုံး မြင်ကွင်း " - ချစ်သူရည်းစားတွေ အတွက်   အလှဆုံး အချိန်ဟာ ဘယ်အချိန်လဲ မပြောတတ်ပေမယ့် ကျနော်တို့လို လူပျိုလူလွတ်တွေတွက် အလှဆုံး အချိန်ကတော့ ချစ်သူရည်းစားတွေ ပြဿနာတက်ပြီး ပြတ်တော့မယ် တကဲကဲ မြင်ကွင်းပါပဲ...။ - လောင်ချိတ်

နေ့ရက်တိုင်းမှာ မင်းကိုလွမ်းတယ် ညဘက်တွေမှာတော့ မင်းကို အိမ်မက်မက်ရင်း လမင်းကိုတောင် မင်းရဲ့ အပြုံးတွေနဲ့ပဲ နှိုင်းယှဉ်မိတယ်။ # UPyay