fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

Create with OMERA

Create with OMERA

رفتن به کانال در Telegram

Create smarter with AI DM @pyaesone_8989

نمایش بیشتر

📈 تحلیل کانال تلگرام Create with OMERA

کانال Create with OMERA (@glowandcode_51) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 23 415 مشترک است و جایگاه 1 281 را در دسته هنر و طراحی و رتبه 6 063 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 23 415 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 31 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -321 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 13.73% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.39% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 3 215 بازدید دریافت می‌کند. در اولین روز معمولاً 1 028 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 6 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“Create smarter with AI DM @pyaesone_8989”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 01 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته هنر و طراحی تبدیل کرده‌اند.

23 415
مشترکین
-924 ساعت
-1027 روز
-32130 روز
آرشیو پست ها
ကျန်တော်ရဲ့ခု Davinci Resolve Live Course ကဒီ တသုတ် နောက်ဆုံးပါဗျ အဲထဲမှာ Davinci Resolve Basic to ကျန်တော်ရဲ့ အပေါက Video editing တပုဒ်လုံးဘယ်လိုကိုင်လဲအထိ အကုန်ပြပေးမှာပါဗျ Live Course က ဒီတသုတ်နောက်ဆုံးမလို့ လူမပြည့်ခင်လာ join မို့အကြံပေးချင်ပါတယ်ဗျ Course အကြောင်းအသေးစိတ်ကို ကျန်တော် OMERA ရဲ့ DM @Pyaesone_8989 ကိုလာမေးလို့ရပါတယ်ဗျ 😍

http://youtube.com/post/Ugkxo-oSLtXHo-CZdzBrIO0jAStLiwQDBSYz?si=2t5ipvwr3ou5Qe4X နစ်ပတ်အားထုတ်ရကြိုးလေးနပ်အောင် like share လဲမရဘူးဗျာ ညှိညင်ကြတာလား 😍

ဒါလေးကတော့ ကျန်တော်ရဲ့ နစ်ပတ်ကြိုးစားအားထုတ်မှုလေးပါဗျ Video ထဲမှာ ခပ်ကြမ်းကြမ်းစကားတွေသုံးတာတွေလဲရှိတယ်ဆိုတော့ ..... မြန်မာခ
ဒါလေးကတော့ ကျန်တော်ရဲ့ နစ်ပတ်ကြိုးစားအားထုတ်မှုလေးပါဗျ Video ထဲမှာ ခပ်ကြမ်းကြမ်းစကားတွေသုံးတာတွေလဲရှိတယ်ဆိုတော့ ..... မြန်မာချိန်ည 10:00 ကျရင် YouTube မှာတင်မှာပါဗျ ဘာကြောင့် content creators တွေကသူခိုးတွေလဲဆိုတာသိချင်ရင် .. ကိုယ်ကိုတိုင်ကော Content creation ဘယ်လိုစလုပ်ရမလဲဆိုတာသိချင်ရင်တော့ ဒီ video ထဲမှာ အဲအကြောင်းအရာနဲ့ပတ်သတ်တာတွေအကုန်ပါပါတယ်ဗျ ဒီ Video လုပ်ရတာကလဲ Blaze နဲ့ကြားထဲမှာဖြစ်သွားတဲ့အကြောင်းကော Tiktok မှာ (သူများဟာ copy တာမရှက်ဘူးလား )ဆိုတဲ့ Comment တွေ သူများ‌ကြိုးစားပြီးလုပ်ထားတဲ့ Content ရဲ့အောက်တွေမှာလိုက်မန့်နေကျတာခနခနတွေ့တာတွေရယ်ကြောင့် အဓိကလုပ်လိုက်တာပါဗျ 🙏

အထူးလျော့ဈေး Gift ပိတ်ပါပြီခင်ဗျာ 🤗🤗🤗 ဒါကြောင့် Ko Nyein Htet Lin Attitudes နဲ့ Collect လုပ်ထားတဲ့ Video ကိုပဲစောင့်မျှော်ရင်း အားပေးကြပါလို့ သတင်းကောင်းပါး တိုက်တွန်းလိုပါတယ်ခင်ဗျာ 🎉🎉🎉🎉🎉

ဒီနေည 9 နာရီ အထူးလျော့ဈေး Gift ပိတ်ပါမယ်ခင်ဗျာ 📢📢📢📢 ဒါပေမယ့် လာမပြောကြတာတွေ ထပ်ရှိသေးတာမို့ ဦးသူစနစ်နဲ့ပဲ အထူးလျော့ဈေး Gift ကို ပိုင်ဆိုင်ခွင့်ပေးပါမယ် 💛💛💛💛 ဒါကြောင့် အမြန်ဆုံးလာရောက် ဆက်သွယ်ပေးပါ ညီကိုတို့မှာ ဒီနေ့ည (9) နာရီမထိုးခင်အထိ အခွင့်အရေးရှိပါတယ် နောက်ပြီး ကျွန်တော့်အနေနဲ့လည်း ဒီအခွင့်အရေးကို လက်မလွတ်စေချင်ပါဘူး ဘာကြောင့်လဲဆိုတော့ လာမယ့်တောက်လျှောက် ဈေးတက်မှာဖြစ်သလို နာမည်ရှိပြီးသား Influencer တော်တော်များများနဲ့ Affiliate လုပ်ဖို့လည်း အစီစဉ်များစွာရှိနေတာမို့ ✅✅✅✅ အစောပိုင်းကာလဖြစ်တုန်း ✅ လျော့ဈေးရှိနေတုန်း ✅ အခွင့်အရေးကျန်နေတုန်း ✅ အမြန်လာရောက် ဆက်သွယ်ပေးကြပါလို့ နိူးဆော်ချင်ပါတယ်ခင်ဗျာ ဆက်သွယ်ရန် - @Sanminyaungchyi

ဒီကြားထဲ ကျန်တော်ပျောက်နေတာ 2ပတ်ရှိပြီဗျ YouTube video နဲ့ Video editing ကို Focus လုပ်ပြီတော့ ဒီတခါလံုး၀ရှယ် Video လေးကျုံးန
ဒီကြားထဲ ကျန်တော်ပျောက်နေတာ 2ပတ်ရှိပြီဗျ YouTube video နဲ့ Video editing ကို Focus လုပ်ပြီတော့ ဒီတခါလံုး၀ရှယ် Video လေးကျုံးနေလို့ပါဗျ Content creator နောက်ကွယ်ကအမှန်တရားဆိုတာထက် Content creator တိုင်းလုပ်နေကျတဲ့အကြောင်းအရာကို ဒီ video ထဲမှာဆွေးနွေးကြမယ် ဒီ video ကိုကြည့်ပြီးရင် ကြည့်တဲ့သူတိုင်းရဲ့ content creation နဲ့ပတ်သတ်ပြီးတွေးခေါနေတဲ့ အတွေး‌အခေါတွေ အကုန်ပြောင်းလဲကုန်လိမ့်မယ် ပြောရမယ်ဆို အဲ video ကြည့်ပြီးရင် content creation မှာလိုအပ်တဲ့ video editing, Thumbnail , script, Research ဘယ်ဟာဘဲလုပ်လုပ် ကိုယ့်အတွက်အရင်ကထက် အဆပေါင်းများစွာလွယ်ကူသွားလိမ့်မယ်

အဖြေမှန်ထားတဲ့သူတွေအနေနဲ့ မနက်ဖြန်နောက်ဆုံး လာဆက်သွယ်ပေးပါခင်ဗျာ 📢📢📢📢📢 တကယ်လို့ ကိုယ်ကမ Join ဖြစ်လို့ Cancel မယ်ဆိုရင်လည်း Cancel ကြောင်းလာပြောပေးပါ ဘာလို့လဲဆိုတော့ အဖြေမမှန်ပေမယ့် တခြား Join ချင်တဲ့သူတွေ အများကြီးရှိနေတာမို့ပါ။ ဒါကြောင့် Cancel ကြောင်း (သို့) Join ဖြစ်ကြောင်းကိုတော့ ဒီ‌နေ့နောက်ဆုံးထား လာပြောပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ ဆက်သွယ်ချင်သူများအနေနဲ့ @Sanminyaungchyi ဖော်ပြပါ Acc ကို လာရောက်ဆက်သွယ်နိုင်ပါတယ်

အဖြေမှန်တဲ့လူ 40 ကျော်ထဲမှာ တချို့လာမဆက်သွယ်သေးတဲ့ လူတွေရှိနေသေးတာမို့ 10 ရက်နေ့မတိုင်ခင် အမှီလာရောက်ဆက်သွယ်ပေးပါလို့ တစ်ချက် Remind လုပ်ချင်ပါတယ်ခင်ဗျာ။ 🤗🤗 နောက်ပြီး အဖြေမမှန်လို့ Join ခွင့်မရဘူးဆိုပြီး စိတ်မကောင်းဖြစ်နေတဲ့ ညီကိုတွေအတွက်လည်း သတင်းကောင်းလေးတစ်ခုရှိပါတယ်။ ဘာသတင်းကောင်းလဲဆိုရင်တော့ (၁၀) ယောက်စာ Gift ရဦးမယ်ဆိုတဲ့ သတင်းကောင်းပဲဖြစ်ပါတယ်ဗျာ့။ 🎉🎉🎉🎉🎉 ဘာလို့လဲဆိုတော့ အခုလက်ရှိအထိအဖြေမှန်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မ Join သွားတဲ့လူ (၁၀) ယောက်ရှိပါတယ်။ သို့သော်ကိုယ်တိုင်မ Join နိုင်ပေမယ့် သူတို့ရထားတဲ့ Special Discount Gift ကို လိုအပ်တဲ့သူတွေကို ပြန်ပေးလိုက်ပါဆိုပြီးလည်း Gift ပြန်ပေးထားခဲ့ပါတယ်ခင်ဗျာ။ ဒါကြောင့် ညီကိုတို့အနေနဲ့ အဲ့ဒီလူ (၁၀) ယောက်စာ အထူးလျော့ဈေး Gift ကြီးကို ခံစားခွင့်ရဦးပါဦးမယ်။ ဒါပေမယ့် ဦးသူပေးစနစ်နဲ့သွားမှာမို့ နှောင့်နှေးမနေဘဲ အမြန်ဆုံးနည်းနဲ့သာလှမ်းခဲ့ပေးပါလို့ အကြံပြုချင်ပါတယ်။ Gift ကိုတော့ @Jack9682 ဆီမှာ လာရောက်ထုတ်ယူနိုင်ပါတယ်ခင်ဗျာ

အဖြေမှန်တဲ့လူတွေအနေနဲ့ 10 ရက်နေ့ နောက်ဆုံးထား လာပြောပေးပါခင်ဗျာ။ နောက်ပြီး အဖြေမှန်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မ Join သွားတဲ့လူတွေလည်းရှိတာမို့ လိုအပ်တဲ့သူတွေအနေနဲ့ @Jack9682 ကိုလာပြီး မေးမြန်းစုံစမ်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုပါတယ်ခင်ဗျာ 🥰🥰🥰🥰

ဖော်ပြပါပုံတွေထဲကလူတွေကတော့ အဖြေမှန်သွားတဲ့ လူတွေပဲဖြစ်ပါတယ်ခင်ဗျာ 😍😍😍 ဟုတ်ပါတယ်ဗျာ့ ကျွန်တော်တို့နဲ့ Collect လုပ်သွားမယ့်
+5
ဖော်ပြပါပုံတွေထဲကလူတွေကတော့ အဖြေမှန်သွားတဲ့ လူတွေပဲဖြစ်ပါတယ်ခင်ဗျာ 😍😍😍 ဟုတ်ပါတယ်ဗျာ့ ကျွန်တော်တို့နဲ့ Collect လုပ်သွားမယ့် Influencer ကတော့ 3. Ko Nyein Htet Lin Attitudes ပဲဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့် အဖြေမှန်တဲ့သူအားလုံးဟာ ကျွန်တော်တို့ရဲ့ All In One Course ကြီးကို အထူးလျော့ဈေးနဲ့ Join ခွင့်ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အဖြေမှန်သူအားလုံး ကိုယ့်နာမည်ပါမပါ၀င်စစ်ပြီး @Jack9682 ‌ဖော်ပြပါ Telegram မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ အားလုံးပဲ Congratulations ပါ 🫴🫴🫴🫴🫴

ဒီနေ့ည 8 နာရီမှာ အဖြေတဲ့မှန်သူအားလုံးကို Post တင်ပေးသွားပါမယ်။ အခုလည်း အဖြေမှန်တဲ့သူတွေထဲက အချို့ကိုဆက်သွယ် ပေးထားပါတယ်ခင်ဗျာ။ 🥰🥰🥰

Collect လုပ်မယ့် Influencer ကို ဒီနေ့ကြေငြာပေးဖို့လုပ်ထားပေးမယ့် ကျွန်တော့်ကို ခဏခဏဈေးမတက်နိုင်လို့ သင်တန်းကြေးမနိုင်လို့ဆိုပြီး လာပြောတဲ့သူတွေအတွက် အခွင့်ရေးတစ်ခု လုပ်ပေးချင်ပါတယ်ဗျာ့။ ဘာအခွင့်ရေးလဲဆိုရင်တော့ မကြာခင်မှာကျွန်တော်တို့နဲ့ Collect လုပ်သွားမယ့် Influencer ကိုခန့်မှန်းပြီး အထူးလျော့ဈေး 💛 ရယူခွင့်ပဲဖြစ်ပါတယ်။ အဖြေမှန်တဲ့သူအားလုံးကို အထူလျော့ဈေးနဲ့အတူ All In One Course ကြီးကို Join ခွင့်ပေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင်အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့အတွက် Clue တွေကိုလည်း ‌အောက်မှာဖော်ပြပေးသွားပါ့မယ်။ 1. Pika Sharing 💛 2. Conner viv 💛 3. Nyein Htet Lin - Attitudes 💛 4. The La Pyae 💛 ဘယ်သူလို့ထင်ပါသလဲ ? Comment မှာ ဖြေပေးထားလို့ရပါတယ်။ အဖြေမှန်တဲ့သူအားလုံးကို May လ 6 ရက်နေ့မှာ ကြေငြာပေးသွားပါ့မယ်ခင်ဗျာ။

Davinci Resolve ဆိုတာဘာလဲ ? တကယ်တော့ Davinci Resolve ဆိုတာ Video Editing, Color correction / grading Audio post-production) နဲ့ Visual effects တွေအတွက် အသုံးပြုတဲ့ Professional Software တစ်ခုဖြစ်တယ်ဗျာ့။ ကျွန်တော်ကတော့ အစုံသုပ် Software လို့လည်းခေါ်တယ်။ ဘာလို့လဲဆိုတော့ ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ တီဗီရှိုးတွေမှာတောင် အသုံးပြုကြတဲ့အထိ အရည်အသွေးမြင့်မားတဲ့ Software တစ်ခုဖြစ်လို့ပဲ။ ဆက်လက်ပြီး သူ့ရဲ့အားသားချက် အားနည်းချက်တွေကို အနည်းငယ်တီးခေါက်ကြည့်သွားမယ်။ အားသာချက်များ - (၁) - Color Correction and Grading Davinci Resolve ရဲ့ အဓိကအားသာချက်တစ်ခုကတော့ Color Grading ပိုင်းမှာ အင်မတန်အားကောင်းတယ်ဆိုတာပဲ။ အရောင်တွေကို တိကျသေချာစွာ ထိန်းချုပ်နိုင်တဲ့အတွက် ရုပ်ရှင်အရည်အသွေးမီတဲ့ Output တွေကိုရရှိစေနိုင်တယ်။ နောက်ပြီး Nodes စနစ်ကို အသုံးပြုထားတာကြောင့် ရှုပ်ထွေးတဲ့ Color Grading လုပ်ငန်းစဉ်တွေကိုလည်း စနစ်တကျ လုပ်ဆောင်နိုင်တယ်။ (၂) - All-in-One Software ဗီဒီယိုတည်းဖြတ်ခြင်းကနေစလို့ အရောင်ညှိခြင်း၊ အသံတည်းဖြတ်ခြင်းနဲ့ Visual effects တွေအထိ တစ်နေရာတည်းမှာ အားလုံးလုပ်ဆောင်နိုင်တဲ့အတွက် လုပ်ငန်းစဉ်ကိုလည်း ပိုမိုမြန်ဆန်ပြီး ထိရောက်စေနိုင်တယ်ဗျာ့။ တခြားဆော့ဖ်ဝဲလ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်စရာမလိုတဲ့အတွက် အချိန်ကုန်လည်းသက်သာစေတယ်။ (၃) - Free Version Davinci Resolve မှာ အခမဲ့အသုံးပြုနိုင်တဲ့ ဗားရှင်းလည်းရှိနေတယ်ဗျာ့။ ဒါ့အပြင် Professional အဆင့် လုပ်ဆောင်ချက်တော်တော်များများကိုပါ အခမဲ့ဗားရှင်းမှာအသုံးပြုနိုင်တာကြောင့် စတင်လေ့လာလိုသူတွေအတွက် အင်မတန်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲဖြစ်ပါလိမ့်မယ်။ (၄) - Professional အထိသွားလို့ရခြင်း Davinci Resolve မှာဆိုရင် တည်းဖြတ်ခြင်းအတွက် အဆင့်မြင့် Tools တွေ Multi-Cam Editing, HDR Support Stereoscopic 3D tools တွေအပြင် Fusion လိုမျိုးအဆင့်မြင့် ,Visual effects နဲ့ Motion Graphics Tools တွေအထိ ထည့်သွင်းပေးထားတယ်ဗျာ့။ နောက်ပြီး Fairlight ဆိုတဲ့ Professional Audio Post-Production Tools တွေလည်း ပါဝင်တာကြောင့် အသံပိုင်းဆိုင်ရာ လုပ်ငန်းတွေကိုလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။ (၅) - Cross-Platform အသုံးပြုနိုင်ခြင်း ဒါတွေအပြင် Windows, macOS နဲ့ Linux တို့မှာပါအသုံးပြုနိုင်တာကြောင့် ဘယ် Operating System ကို အသုံးပြုနေပါစေအဆင်ပြေပါတယ်။ အားနည်းချက်များ - Davinci Resolve ရဲ့ အားနည်းချက်ဆိုလို့ တစ်ခုတည်းပဲရှိတယ်ဗျာ့။ အဲ့တာကတော့ Self Learning နဲ့ သင်ယူဖို့ခက်ခဲခြင်းဆိုတာပဲ။ ဒါပေမယ့် ဒီကိစ္စအတွက်နဲ့ Professional Software တစ်ခုကို တက်မြောက်နိုင်မယ့်အခွင့်အရေးကို လက်လွတ်မခံပါနဲ့ဗျာ့။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် လက်တွေ့ Step By Step သင်ပေးပြီး Zoom နဲ့ပါ Train ပေးမယ့် Davinci Resolve အတန်းလေးရှိနေလို့ပါပဲ။ ကျွန်တော့်အတန်းထဲမှာဆိုရင် ‌Ai နဲ့ photo Generate ဘယ်လိုလုပ်လဲ ? 🤔 ‌Photo Background ဘယ်လိုဖျက်လဲ ? 🤔 Photo ထဲက Character ဘယ်လိုဖျက်လဲ ? 🤔 ‌Photo ရဲ့ size ချဲ့ပြီး 1:1 Photo size ဘယ်လိုကြီးရလဲ ? ဆိုတဲ့ အကြောင်းအရာတွေအပါအ၀င် 3d Process တစ်ခုလုံးကိုပါ ပြသပေးသွားဦးမှာပါ။ ဒါ့အပြင် Basic Level ပိုင်ရင် DaVinci Resolved Fusion page အဓိကထားပြီတော့သွားမှာမလို့ DaVinci Resolved ရဲ့ Fusion tap ကို အေးဆေးနိုင်သွားတဲ့အထိဖြစ်အောင် သေချာ Train ပေးဦးမှာပါဗျာ့။ 📱 TikTok video တွေအတွက် 3D model တွေကို Texture လုပ်စရာမလိုပဲ အလွယ်ကူဆုံးပုံတစ်ပုံထည့်သလို ထည့်လိုက်တာနဲ့ရတဲ့ 3d model သုံးနည်းတွေ ✅ ‌ ပြီးတော့ Edit လုပ်တဲ့အချိန် အမေးအဖြေတွေ၊ လိုအပ်တာတွေကို Ai နဲ့ ဘယ်လိုအကူညီယူပြီးတော့ လုပ်လဲဆိုတာတွေ ✅ Ai + Editing တွဲသုံးနည်းစသည်ဖြင့် လိုအပ်တာမှန်သမျှ အကုန်ပါပါမယ်ဗျာ့။ ✅ ‌နောက်ဆုံးတစ်ခုကတော့ ကျွန်တော်လေ့လာခဲ့တဲ့နေရာလေးပေါ့။ ကျွန်တော်ဘယ်နေရာကနေ ဒီ DaVinci ကိုလေ့လာခဲ့တာလဲဆိုတဲ့ အကြောင်းအရာတွေ Brother တို့ တခြားနေရာက Creative အသစ်တွေ ဘယ်လိုရှာလုပ်ရမလဲဆိုတာတွေအပြင် DaVinci ထဲမှာ 3d editing နဲ့ ပတ်သက်တဲ့မရှင်းတဲ့အရာတွေ အကုန်လုံးကိုလည်း ကျွန်တော်နဲ့တိုက််ရိုက် စိတ်တိုင်းကျလာမေးလို့ရပါဦးမယ်ဗျာ့။ ဒီအတန်းပြီးတာနဲ့ ခဏခဏလာမေးကြတဲ့ Omera လို Edit ရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အဖြေ အပြင် လက်တွေ့ပါလုပ်နိုင်သွားစေရမယ်လို့လည်း အာမခံပါတယ်ခင်ဗျာ။ ဒါပေမယ့် တစ်ခုရှိတာက အတက်သင်ဖြစ်တာကြောင့် လူအကန့်သတ်နဲ့ပဲခေါ်မှာဖြစ်တယ်ဗျာ့။ ဒါကြောင့် အခု Betch အတွက် (10 ယောက်) တိတိပဲခေါ်ပါမယ်။ သင်တန်းကြေးနဲ့ နောက်ထပ်သိလိုတာမှန်သမျှကို အသေးစိတ်နားလည်ချင်သူများအနေနဲ့ ကတော့ ဖော်ပြပါ @Jack9682 @Pyaesone_8989 Telegram တွေမှာ လာရောက်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုပါတယ်။

Hello Everyone ကျွန်တော်တို့ All In One Course လေးနဲ့ Collect လုပ်မယ့် Influencer ကို မနက်ဖြန်မှာပဲ ကြေငြာပေးသွားပါ့မယ်ခင်ဗျာ။ ဒါနဲ့ Brother တို့ရော ဘယ်သူလို့ထင်ပါသလဲ ? Comment မှာ ခန့်မှန်းပေးခဲ့ကြပါဦးဗျာ့။ Clue တစ်ခုပေးရမယ်ဆိုရင် Collect လုပ်မယ့် Influencer ဟာ Personal Development နယ်ပယ်မှာ နာမည်ရှိထားပြီးသားသူ ဖြစ်တယ်ဆိုတာပါပဲ။ ဘယ်သူဖြစ်မလဲ ? 🥳🥳🥳

Video Editing နဲ့ အနာဂတ် Opportunity ဒီနေ့ခေတ်မှာ Video Editing ဆိုတာ တော်တော်လေးကို ခေတ်စားလာတဲ့အလုပ်တစ်ခု ဖြစ်လာပြီဗျာ့။ ဘယ်သွားသွား ကြည့်လိုက်တိုင်း ဗီဒီယိုတွေချည်းပဲ။ ကြော်ငြာတွေကအစ သတင်းတွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေနောက်ပြီး ကိုယ့်ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာတင်တဲ့ ဗီဒီယိုလေးတွေအထိ အကုန်လုံးမှာ Video Editing ပါနေတယ်။ ဆိုတော့ ဒီအလုပ်က ဘယ်တော့မှ ရပ်သွားမယ့်ပုံလည်းမရှိဘူး။ အနာဂတ်မှာ ပိုပြီးတောင် အရေးပါလာနိုင်တယ်လို့ မြင်မိတယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် လူတွေက စာဖတ်တာထက် ဗီဒီယိုကြည့်ရတာကို ပိုပြီး နှစ်သက်လာကြတယ်။ တစ်ခုခုကို လေ့လာချင်ရင်တောင် YouTube မှာ ဗီဒီယိုနဲ့ ရှာကြည့်လိုက်တာ ပိုမြန်တယ်လေ။ ကုမ္ပဏီတွေ လုပ်ငန်းတွေအတွက်ဆိုရင်လည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို ဗီဒီယိုနဲ့ ကြော်ငြာတာက ပိုပြီး လူစိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တယ်။ ဒါ့အပြင် အခုခေတ်စားနေတဲ့ Content Creator တွေအတွက်ဆိုရင်လည်း Video Editing က မရှိမဖြစ် အရေးပါတဲ့ အရာတစ်ခုပဲ။ သူတို့ရဲ့ ဗီဒီယိုတွေကို ပိုပြီး ကြည့်လို့ကောင်းအောင် စိတ်ဝင်စားဖို့ကောင်းအောင် လုပ်နိုင်မှ ပရိသတ်တွေက ဆက်ပြီး အားပေးမှာကိုး။ ဆိုတော့ဆက်လက်ပြီး အနာဂတ်မှာ Video Editing နဲ့ ပတ်သက်ပြီး ဘယ်လို အခွင့်အလမ်းတွေ ရှိလာနိုင်လဲ စဉ်းစားကြည့်ရအောင်။ (၁) - Content Creator အသစ်တွေ အများကြီး ပေါ်လာနိုင်တယ် အခုဆိုရင်လူတိုင်းက ကိုယ်ပိုင် Channel လေးတွေလုပ်ပြီး ဗီဒီယိုတွေ တင်နေကြပြီ။ နောင်ဆိုရင် ဒါက ပိုပြီး များလာနိုင်တယ်။ အဲ့ဒီအခါမှာ သူတို့ရဲ့ ဗီဒီယိုတွေကို တည်းဖြတ်ပေးမယ့် Video Editor တွေရဲ့ လိုအပ်ချက်ကလည်း မြင့်တက်လာမှာပဲ။ (၂) - ကုမ္ပဏီတွေရဲ့ Marketing မှာ ဗီဒီယိုက ပိုအရေးပါလာမယ် အရင်တုန်းကစာနဲ့ ကြော်ငြာတာတွေပဲ ရှိခဲ့ပေမယ့် အခုနောက်ပိုင်း ဗီဒီယိုနဲ့ ကြော်ငြာတာက ပိုပြီး ထိရောက်မှုရှိတာကို တွေ့လာရတယ်။ နောင်ဆိုရင်လည်း ကုမ္ပဏီတိုင်းလိုလိုက သူတို့ရဲ့ Marketing Strategy မှာ ဗီဒီယိုကို အဓိကထားလာနိုင်တယ်။ အဲ့ဒီအခါမှာ အရည်အချင်းရှိတဲ့ Video Editor တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ပေါ်လာနိုင်ပါတယ်။ (၃) - နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လုပ်ငန်းနယ်ပယ်က ပိုကျယ်လာမယ် အခုဆိုရင် AI (Artificial Intelligence) လိုမျိုး နည်းပညာတွေက Video Editing မှာလည်း ဝင်ရောက်လာနေပြီ။ ဒါပေမဲ့ လူ့ရဲ့ ဖန်တီးမှုနဲ့ အနုပညာ မြောက်တဲ့ Editing မျိုးကိုတော့ AI က အစားထိုးဖို့ ခက်ဦးမယ်လို့ ထင်မိတယ်။ နောင်ဆိုရင် ဒီနည်းပညာတွေနဲ့ပေါင်းစပ်ပြီး ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင်တဲ့သူတွေအတွက် အခွင့်အလမ်းတွေ အများကြီး ရှိလာနိုင်တယ်။ ဥပမာ - 3D Animation တို့ VR (Virtual Reality) AR (Augmented Reality) တို့လို နည်းပညာတွေကလည်း ဗီဒီယိုနဲ့ ပေါင်းစပ်လာတဲ့အခါ Video Editor တွေအတွက် လုပ်စရာတွေ ပိုများလာလိမ့်မယ်။ (၄) - Freelance အလုပ်တွေ ပိုခေတ်စားလာနိုင်တယ် အခုနောက်ပိုင်း လူတော်တော်များများက လွတ်လွတ်လပ်လပ် ကိုယ်ပိုင်အချိန်နဲ့ အလုပ်လုပ်ချင်ကြတယ်။ ဒါနဲ့ပတ်သက်လို့ Video Editing က အိမ်မှာနေပြီးလည်းလုပ်လို့ရတဲ့ အလုပ်တစ်ခုဆိုတော့ Freelance Video Editor တွေရဲ့ လိုအပ်ချက်ကလည်း မြင့်တက်လာနိုင်တယ်။ နိုင်ငံတကာက ကုမ္ပဏီတွေနဲ့လည်း အွန်လိုင်းကနေ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ပိုများလာနိုင်တယ်။ ဒါကြောင့် Video Editing ကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဒီအလုပ်ဟာ အနာဂတ်မှာ တကယ်ကို အလားအလာကောင်းတဲ့ အလုပ်တစ်ခုလို့ ပြောလို့ရတယ်။ ကိုယ်က ဒီ Skill ကို တကယ် တတ်မြောက်အောင် လေ့လာထားမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေက အများကြီး ရှိနေမှာပဲ။ ဒါပေမဲ့ တစ်ခုတော့ ပြောချင်တယ် ဘယ်အလုပ်မှာမဆို ပြိုင်ဆိုင်မှုဆိုတာ ရှိတတ်တယ်။ Video Editing လည်း ထိုနည်းလည်းကောင်းပဲ။ ကိုယ့်ရဲ့ Skill ကို အမြဲတမ်း မြှင့်တင်နေဖို့ နောက်ဆုံးပေါ် နည်းပညာတွေ Trend တွေကို လေ့လာနေဖို့တော့ လိုမယ်ဗျာ့။ ပြီးတော့ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းရယ် အိုင်ဒီယာကောင်းတွေရယ်ကလည်း အရမ်း အရေးကြီးတယ်။ ဆိုတော့ Video Editing ကို စိတ်ဝင်စားရင် အခုကစပြီး လေ့လာလိုက်ပါလို့ပဲတိုက်တွန်းချင်တယ်။ ဒီလိုပြောတော့ မေးစရာတစ်ခုရှိလာမယ်ထင်တယ်။ ဘယ်လိုလေ့လာရမှာလဲ ? အဲ့အတွက်တော့မပူပါနဲ့ ဘာလို့လဲဆိုတော့ လက်ရှိ Clients တွေ အကြိုက်ဆုံးလို့ပြောလို့ရတဲ့ 3D Editing 💛 Documentary Editing 💛 Motion Graphic💛 Typography Editing 💛 တွေအပြင် Social Media Run နည်းတွေ 💛 Boost Service ပြန်ပေးနည်းတွေကိုပါ 💛 တစ်နေရာတည်းမှာ အစုံသင်ယူနိုင်မယ့် ကျွန်တော်တို့ရဲ့ ALL IN ONE Course လေးရှိနေလို့ပဲ။ ဒါကြောင့် လူအရမ်းပိမလာခင် Join ချင်တယ်ဆိုရင်တော့ ဖော်ပြပါ @Jack9682 @Pyaesone_8989 Telegram တွေမှာ လာရောက်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုပါတယ်။

ဂျာမေလ်ရဲ့ Zero To Hero ဇာတ်လမ်း အိန္ဒိယနိုင်ငံရဲ့ ကျပ်တည်းတဲ့ မြို့ငယ်လေးတစ်ခုမှာပဲ ဂျာမေလ်ဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှာ မွေးဖွားခဲ့တယ်။ ငယ်စဉ်ကတည်းက ပညာသင်ကြားဖို့ အခွင့်အရေးနည်းပါးခဲ့ပြီး မိသားစုရဲ့ ဝမ်းရေးအတွက် အမျိုးမျိုးရုန်းကန်ခဲ့ရတယ်။ ဘယ်လောက်ထိလဲဆိုရင် အသက် ၁၀ နှစ်အရွယ်မှာပဲ မိသားစုကိုထောက်ပံ့ဖို့အတွက် အလုပ်စလုပ်ခဲ့ရပြီး သူ့ရဲ့ကလေးဘဝဟာ ပျော်ရွှင်မှုတွေနဲ့ ဝေးကွာခဲ့ရတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ရုပ်ရှင်ရုံဟောင်းတစ်ခုမှာ ပိုစတာကပ်တဲ့အလုပ်ကို သူရခဲ့တယ်ဗျာ့။ ရုပ်ရှင်ကားကြီးတွေရဲ့ လှပတဲ့မြင်ကွင်းတွေ ဇာတ်လမ်းတွေကိုသူငေးကြည့်ရင်း တစ်ချိန်မှာ ကိုယ်တိုင်လည်း ဒီလိုဖန်တီးနိုင်ရင် ဘယ်လောက် ကောင်းမလဲဆိုတဲ့ အတွေးတွေ ဝင်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး ရုပ်ရှင်နဲ့ ဗီဒီယိုတွေအပေါ်မှာ သူအထူးစိတ်ဝင်စားလာခဲ့တာပါ။ သို့သော် အင်တာနက်ဆိုတာတောင် ကောင်းကောင်းမရှိသေးတဲ့ ခေတ်ကာလမှာ ဂျာမေလ်တစ်ယောက် ဗီဒီယို Editing အကြောင်းကို လေ့လာဖို့ခက်ခဲခဲ့ပါတယ် ဒါပေမဲ့ သူ့ရဲ့ဇွဲလုံ့လက သူ့ကို လမ်းကြောင်းတစ်ခုဆီ ပို့ဆောင်ပေးခဲ့တယ်ဗျာ့။ ဒီလိုနဲ့မြို့ထဲက စာကြည့်တိုက်ငယ်လေးမှာ ဗီဒီယိုရိုက်ကူးခြင်းနဲ့ တည်းဖြတ်ခြင်းဆိုင်ရာ စာအုပ်ဟောင်းလေးတစ်အုပ်ကို သူတွေ့ခဲ့ပါတယ်။ အဲ့ဒီစုတ်ပြတ်နေတဲ့ စာအုပ်လေးကို သူအကြိမ်ကြိမ်အခါခါ ဖတ်ရှုလေ့လာခဲ့ပြီး အခြေခံသဘောတရားတွေကို မှတ်သားခဲ့တယ်။ ဒီလိုနဲ့နောက်ပိုင်းမှာတော့ မြို့မှာဖွင့်လှစ်ထားတဲ့ ကွန်ပျူတာသင်တန်း ကျောင်းလေးတစ်ခုမှာ အချိန်ပိုင်းစာသင်ကြားပေးတဲ့ အလုပ်တစ်ခုကို သူရခဲ့တယ်။ လခအနည်းငယ်ရပေမယ့် ကွန်ပျူတာကိုအသုံးပြုခွင့်ရတဲ့အတွက် သူ ပျော်ရွှင်ခဲ့ရတယ်။ အဲဒီမှာပဲ သူဟာ အခြေခံ Video Editing ဆော့ဖ်ဝဲလ်တွေကို စမ်းသပ်အသုံးပြုခွင့်ရခဲ့ပြီး သူ့ရဲ့လေ့လာသင်ယူမှုတွေကို ပိုမိုအားကောင်းလာစေခဲ့တယ်။ ဒီကတစ်ဆင့် သူ့ရဲ့အရည်အချင်းကို ယုံကြည်လာတဲ့အခါမှာတော့ အသေးစားပွဲလမ်းသဘင်တွေ မင်္ဂလာဆောင်တွေကို အခကြေးငွေအနည်းငယ်နဲ့ ဗီဒီယိုမှတ်တမ်းတင်တဲ့အလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တော့တယ်။ သူ့ရဲ့တည်းဖြတ်မှုတွေဟာ ရိုးရှင်းပေမယ့်စိတ်ဝင်စားဖို့ ကောင်းတာကြောင့် တဖြည်းဖြည်း လူသိများလာခဲ့တယ်။ ထိုသို့ဤသို့နဲ့ပဲ ပါးစပ်ရာဇဝင်နဲ့အတူ သူ့ရဲ့နာမည်ဟာ မြို့ငယ်လေးတစ်ခုလုံး ပျံ့နှံ့သွားခဲ့တော့တယ်။ ဒါ့အပြင် မမျှော်လင့်ဘဲ တစ်နေ့မှာတော့ ဒေသခံရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုက သူ့ကို ဗီဒီယိုတည်းဖြတ်တဲ့ အလုပ်အတွက် ကမ်းလှမ်းခဲ့ပါတယ်။ ဒါဟာ ဂျာမေလ်ရဲ့ဘဝမှာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုပါပဲ။ သူဟာ ပရော်ဖက်ရှင်နယ်ပီသစွာ ဗီဒီယိုတည်းဖြတ်ခြင်းကို လေ့လာခွင့်ရခဲ့ပြီး နာမည်ကြီး ဒါရိုက်တာတွေ အနုပညာရှင်တွေနဲ့ လက်တွဲလုပ်ကိုင်ခွင့်လည်း ရရှိခဲ့ပါတယ်။ ဒီလိုနဲ့နှစ်အနည်းငယ်အတွင်းမှာပဲ ဂျာမေလ်ဟာ အိန္ဒိယရုပ်ရှင်လောကရဲ့ ထိပ်တန်း ဗီဒီယိုတည်းဖြတ်သူ တစ်ဦးဖြစ်လာခဲ့ပါတော့တယ်။ သူ့ရဲ့လက်ရာမြောက်တဲ့ တည်းဖြတ်မှုတွေကြောင့် ရုပ်ရှင်ကားကြီးတွေ အများအပြား အောင်မြင်ခဲ့ပြီး သူကိုယ်တိုင်လည်း ဆုတွေများစွာ ရရှိခဲ့ပါတယ်။ ဟုတ်ပါတယ် ဆင်းရဲနွမ်းပါးတဲ့ ဘဝကနေစတင်ခဲ့တဲ့ ဂျာမေလ်ဟာ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အရည်အချင်းတွေကြောင့် ယခုအခါမှာတော့ Millionaire တစ်ဦးအဖြစ် ရပ်တည်နေနိုင်ခဲ့ပါပြီ။ အဲ့တော့ မိတ်ဆွေတို့ကရောဘာလုပ်မှာလဲ ? အချိန်မရှိလို့ ငွေမရှိလို့၊ ဖုန်းမကောင်းလို့စသည်ဖြင့် အကြောင်းပြချက်တွေပေးနေဦးမှာလား ? ကိုယ်တိုင် ဟိုရှာဒီရှာမလုပ်ရဘဲ တစ်ခါတည်း Pro Level အထိသင်ပေးနိုင်တဲ့ အတန်းကိုငွေလေးသိန်းဂဏန်း ပေးတတ်ရမှာကိုနှမျောနေတုန်းလား ? ဂျာမေလ်ဟာ ခူးပေးမယ့်သူမရှိဘူး သူတိုင်ရှာစားခဲ့ရတယ် ဒါပေမယ့် Millionaire အထိဖြစ်အောင်သူသွားနိုင်ခဲ့တယ်။ မိတ်ဆွေမှာက ခူးပေးမယ့်သူရှိတယ် သင်ပေးမယ့်သူရှိတယ် ဒါတောင် ခရီးမရောက်ရင် ကိုယ့်မှာပဲအပြစ်ရှိသွားပါလိမ့်မယ်။ ဒါနဲ့စကားမစပ် Editing All In One Course လေးအကြောင်း အသေးစိတ်သိလိုတာများရှိရင် @Jack9682 @Pyaesone_8989 ဖော်ပြပါ Telegram တွေမှာ လာရောက်မေးမြန်းနိုင်ပါတယ်။

ကျွန်တော်တို့အတန်းမှာ အသစ် Layer အနေနဲ့ ဖြည့်ပေးသွားမယ့် Lesson တွေကို တစ်ချက်ပြောပြချင်ပါတယ်။ 1. Account & page basic lesson များ 2. TikTok basic settings lesson များ 3.Account ဖျက်နည်းအမျိုးမျိုး ( Account ဖျက် Service ကြေးတစ်သိန်းခွဲရရှိ) 4. Boost lesson look like audience 5. Boost lesson basic 6. Page hack recovery lesson (service ကြေးနှစ်သိန်းရ) 7. Payout restricted ဖြေရှင်းနည်းများ (Service ကြေးတစ်သိန်းရ) 8. Page Unpublishedဖြေရှင်းနည်း (Service ကြေးတစ်သိန်းရ) 9. Has been lock ဖြည်နည်း (Service ကြေးငါးသောင်းရ) 10. FACEBOOK သုံးသူတိုင်း Service ပေးသူတိုင်း Page run သူတိုင်း သိကိုသိရမယ့် Facebook account & page Policy အကြောင်း အသေးစိတ်။ 11. Facebook agent နဲ့ Live chat ထိုင်နည်းသင်ခန်းစာ။ ဖော်ပြသင်ခန်းစာတွေဟာ Social Media Platform တွေဖြစ်တဲ့ Facebook, TikTok နဲ့ပတ်သက်လို့ သိနားလည်လိုသူတွေ တစ်ဖန်ပြန်ပြီး Service ပြန်ပေးချင်သူတွေအတွက် လက်တွေ့ Step by Step လေ့လာနိုင်တဲ့ အဖိုးတန် Lesson တွေပဲဖြစ်ပါတယ်။ ဒီ Lesson တွေကိုလေ့လာပြီး ကျွမ်းကျင်သွားပြီဆိုတာနဲ့ ဆိုင်ရာနယ်ပယ်မှာပြန်ရပ်တည်လို့သလို ကိုယ့် Personal ACC တွေကိုလည်း ဘယ်သူ့မှငှားစရာမလိုဘဲ ကောင်းကောင်းမွန်မွန် Run နိုင်မှာပဲဖြစ်ပါတယ်။ ဆိုတော့ Video Editing Social Media မှာအထာကျကျ Run နည်း Graph Design ဆွဲနည်းတွေအပြင် Clients တွေအကြိုက်ဆုံးလို့ ပြောနိုင်တဲ့ 3D Editing Documentary Editing Motion Graphic Typography Editing တွေကိုပါ တစ်နေရာတည်းမှာအစုံသင်ယူနိုင်မယ့် ကျွန်တော်တို့ရဲ့ ALL IN ONE Course လေးကို လူပိမလာခင် Join ချင်တယ်ဆိုရင်တော့ ဖော်ပြပါ @Jack9682 @Pyaesone_8989 Telegram တွေမှာ လာရောက်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုပါတယ်။

ပညာရှင်ဆန်ဆန်ခိုးကြမယ် "Steal Like an Artist စာအုပ်ထဲမှာ Austin Kleon ကအနုပညာဆိုတာ ခိုးယူခြင်းနဲ့ ပတ်သက်တယ်လို့ ရဲရဲတင်းတင်း ပြောထားတယ်။ ဒါပေမဲ့ သူဆိုလိုတာက ပုံတူကူးချတာမျိုး မဟုတ်ဘူး။ သူပြောချင်တာက ကိုယ့်ရဲ့စိတ်ကို လှုံ့ဆော်နိုင်တဲ့ အရာတွေကို လေ့လာပါ၊ စုပ်ယူပါ ပြီးတော့ ကိုယ်ပိုင်ဟန်နဲ့ ပြန်လည်ဖန်တီးဆိုတာပါပဲ။ တကယ်တော့ Video Editing နယ်ပယ်မှာလည်း ဒီသဘောတရားက အလွန်အရေးပါတယ်ဗျာ့။ ဘာကြောင့် Reference ယူသင့်သလဲ ? ဗီဒီယိုတည်းဖြတ်သူ တစ်ယောက်အနေနဲ့ အမြဲတမ်း လတ်ဆတ်ပြီး ဆန်းသစ်တဲ့ Content တွေကို ဖန်တီးနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ တစ်ခါတလေမှာ စိတ်ကူးတွေ ခေါင်းထဲမှာ တဝဲလည်လည် ဖြစ်နေတတ်တယ်။ အဲဒီလိုအချိန်မျိုးမှာ တခြားသူတွေရဲ့ အလုပ်တွေကို လေ့လာတာဟာ အလွန်အသုံးဝင်တယ်ဗျာ့။ အကျိုးတွေကတော့ - (၁) - စိတ်ကူးသစ်တွေ ရရှိခြင်း တခြားသူတွေ ဘယ်လို Editing Style တွေသုံးထားလဲ ဘယ်လို Transition တွေထည့်ထားလဲ ဘယ်လို Color Grading လုပ်ထားလဲ ဆိုတာကို ကြည့်ခြင်းအားဖြင့် ကိုယ့်ရဲ့ စိတ်ကူးတွေကို လှုံ့ဆော်နိုင်တယ်။ (၂) - နည်းပညာအသစ်တွေ လေ့လာခြင်း ခေတ်ပေါ် Editing Software တွေမှာ Feature အသစ်တွေ အများကြီး ရှိတယ်။ တခြားသူတွေ အဲဒီ Feature တွေကို ဘယ်လို အသုံးချထားလဲဆိုတာကို လေ့လာခြင်းအားဖြင့် ကိုယ်လည်း နည်းပညာအသစ်တွေကို တတ်မြောက်လာနိုင်တယ်။ (၃) - ကိုယ့်ရဲ့အားနည်းချက်တွေကို သိရှိခြင်း တခြားသူတွေရဲ့ အားသာချက်တွေကို မြင်တွေ့ခြင်းအားဖြင့် ကိုယ်ရဲ့ အားနည်းချက်တွေကို သိလာပြီး တိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါဆို မှန်ကန်တဲ့နည်းလမ်းနဲ့ ဘယ်လို "ခိုး" ယူမလဲ ? "ခိုးယူတယ်" ဆိုတဲ့ စကားလုံးက နားထောင်ရတာ နည်းနည်းကြမ်းပေမဲ့ Austin Kleon ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့ လေးစားမှုရှိရှိနဲ့ လေ့လာသင်ယူဖို့ဖြစ်တယ်ဗျာ့။ အဲ့ဒီအတွက် - (၁) - အများအပြား လေ့လာပါ တစ်ယောက်တည်းရဲ့ အလုပ်ကိုပဲ အာရုံမစိုက်ပါနဲ့။ မတူညီတဲ့ တည်းဖြတ်သူတွေရဲ့ အလုပ်တွေကို အများကြီး လေ့လာပါ။ (၂) -ဘာကို ကြိုက်လဲ၊ ဘာကို မကြိုက်လဲ မှတ်သားပါ ကိုယ်ကြိုက်တဲ့ Editing Style တွေ Transition တွေ၊ Music Choices တွေကို မှတ်သားထားပါ။ ဘာကြောင့် ကြိုက်လဲဆိုတာကိုလည်း သေချာစဉ်းစားပါ။ မကြိုက်တဲ့အရာတွေကိုလည်း မှတ်သားထားပါ။ (၃) - ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်ကို ဖန်တီးပါ ကိုယ်လေ့လာထားတဲ့ အရာတွေကို ပေါင်းစပ်ပြီး ကိုယ်ပိုင်ဟန်ကို ဖန်တီးပါ။ တခြားသူတွေရဲ့ ပုံတူကို ကူးချတာမျိုး မလုပ်ပါနဲ့။ (၄) - Credit ပေးပါ (လိုအပ်ရင်) တကယ်လို့ခင်ဗျားက တခြားသူရဲ့ အလုပ်ကနေ တိုက်ရိုက် Inspiration ရခဲ့တယ်ဆိုရင် ဖြစ်နိုင်ရင် Credit ပေး။ ဒါဟာ လေးစားမှုပြသရာ ရောက်တယ်။ အနှစ်ချုပ်ရရင် ဗီဒီယိုတည်းဖြတ်တဲ့ လုပ်ငန်းမှာ တခြားသူတွေဆီက Reference ယူတာဟာ လုံးဝ မမှားဘူး။ တကယ်တော့ ဒါဟာ တိုးတက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲ။ အရေးကြီးတာက ဘယ်လို "ခိုး"ယူလဲဆိုတာပဲ။ ဒါကြောင့် လေးစားမှုရှိရှိ လေ့လာပါ သင်ယူပါ၊ ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အနုပညာလက်ရာကို ဖန်တီးပါ။ အဲဒါမှသာခင်ဗျားဟာ တကယ့် အနုပညာရှင်တစ်ယောက်လို "ခိုး"ယူရာ ရောက်မှာဖြစ်တယ်။ #Sanminyaungchyi