𝙏𝙤 𝘼𝙣𝙮𝙤𝙣𝙚
رفتن به کانال در Telegram
5 035
مشترکین
-324 ساعت
-107 روز
-6930 روز
آرشیو پست ها
5 036
သစ္စာရှိခြင်းနဲ့ မြတ်နိုးခြင်းတွေ ထပ်တူကျလာတဲ့အခါ
တစ်စုံတစ်ယောက်ကို ချစ်နေရခြင်းမှာ
ငြီးငွေ့သွားတယ် ဆိုတာမျိုးတွေ မရှိတော့ဘူး။
💭 || 24.9.2026
5 036
သူမရှိလို့မဖြစ်တာတော့ မဟုတ်ပါဘူး
ဒါပေမဲ့ သူရှိနေရင် ပိုပျော်တယ်။
သူမပါလည်း သွားရမဲ့လမ်းပါပဲ
ဒါပေမဲ့ သူလိုက်လာတဲ့အခါ ပိုလုံခြုံတယ်။
ဒီတိုင်းလည်း ဘဝက ပုံမှန်ပါပဲ
ဒါပေမဲ့ သူရှိရင် သိပ်ကောင်းမှာပဲဆိုပြီး
လိုအပ်နေတဲ့ စိတ်ကလေးတော့ရှိတယ်။
5 036
ကလေးဘ၀မှာ
အော်ဟစ်ငိုယိုခြင်းဟာ
အရာအားလုံးအတွက် အဖြေဖြစ်ပြီး
ကြီးပြင်းလာတဲ့အခါမှာတော့
တိတ်ဆိတ်ခြင်းသည်သာ
အကောင်းဆုံး အဖြေဖြစ်ခဲ့တယ်။
#myatnavarro
5 036
ကိုယ့်နေထိုင်မှုဟာ
အမှားတွေရှိခဲ့ရင်တောင်
တရားခဲ့မယ် ထင်ပါတယ်။
ဘာလို့ဆို
ဆရာလှသန်းပြောဖူးသလိုပဲ
ကိုယ်ဟာ
"ဉာဏ်များမှုနဲ့မနေပဲ
ခံစားမှုနဲ့နေထိုင်ခဲ့"တာကို။
▪️ခင်ငြိမ်း
5 036
နိဗ္ဗာန်မ၀င်မချင်း ဖြစ်ရာဘ၀မှာ ချစ်သူ ခင်သူတွေနဲ့
ဝေးကွာ ဆိတ်သုဉ်းတဲ့အဖြစ်မှ ကင်းရပါလို၏။
▪️တက္ကသိုလ်ဘုန်းနိုင်
5 036
အကောင်းဆုံးဖြစ်အောင်ပဲ
ကျွန်တော်တို့ ကြိုးစားရမယ် ။
ဒါပေမဲ့
အကောင်းဆုံးတွေချည်း ဖြစ်လာလိမ့်မယ်လို့တော့
ကျွန်တော်တို့ အရမ်းကြီး မျှော်လင့်ထားလို့မရဘူး ။
ဘဝဆိုတာ
မရေရာခြင်းတွေထဲမှာ ရှင်သန်နေထိုင်ရတာမို့
လောကဓံ အကောင်း ၊ အဆိုးကိုလည်း
လက်ခံ ၊ ရင်ဆိုင်နိုင်ဖို့ လိုပါတယ် ။
5 036
ချစ်တဲ့စိတ်နဲ့ ကာထားလို့ပါ
မေတ္တာဓာတ်သာ ဖယ်လိုက်ရင် လူဆိုတာ ကိုယ့်ကို ဘယ်လိုလာဆက်ဆံရင် ဘယ်လိုပြန်ပြီး တုံ့ပြန်ရမယ်ဆိုတာ မသိတာမှ မဟုတ်တာ
အချစ်ဆိုတဲ့ ခြုံပုဝါလေးသာ မရှိခဲ့ရင် ကိုယ့်ကို နာကျင်ရအောင် လုပ်ပိုင်ခွင့်တောင် ပေးမိမယ်မထင်ပါဘူး အလျှော့ပေးဖို့လည်း မတွေးသလို နားလည်ပေးမှာလည်း မဟုတ်ဘူး ချစ်ခြင်းမေတ္တာ မပါရင် စေတနာလည်း မရှိဘူး
လူတွေအများကြီးထဲမှာမှ ဒီလူတစ်ယောက်အပေါ် ချစ်တဲ့စိတ်တွေ ယိုဖိတ်မိလို့သာ ကောင်းသောအရာတွေပဲ တုံ့ပြန်မှုပေးခဲ့တာ ချစ်တဲ့စိတ်သာ မရှိတော့ရင် တခြားလူတွေအပေါ် ဆက်ဆံတဲ့ တန်ပြန်မှုမျိုးကိုပဲ ပေးမှာပေါ့
ချစ်ခြင်းမေတ္တာဟာ ရပိုင်ခွင့်မဟုတ်ဘူး အပိုဆုပါ 🩵
sakura 🌸
5 036
ဟိုဟာလေး ဝယ်ပေးပါအုံး ဒီဟာလေး
လိုချင်လို့ပါဆိုတဲ့ မိန်းမတွေကျ ယောက်ျားတွေက
သည်း"လှုပ်ချစ်ကြတယ်နော်
ချစ်ခြင်းမေတ္တာကလွဲ ဘာမှမလိုချင်တဲ့
ဂရုစိုက်ပေးဖို့ကလွဲ ဘာမှမတောင်းဆိုတတ်တဲ့
မိန်းကလေးတွေကျ လူပါးပဲဝခံရတယ်
5 036
ကျောထောက်နောက်ခံ ဆိုတာ
မရှိသူအမြင်မှာ ပိုလှတဲ့
ပန်းချီကားတစ်ချပ်ပဲ
ကိုယ့်ခြေပေါ် ကိုယ်ရပ်တယ် ဆိုပေမဲ့
တစ်ခါတစ်ခါ
လေနှင်ရာ လွင့် ဖို့ လေလာရာကို
ဆန်တက်နေသလို ဖြစ်နေတတ်တယ်
ဒါကြောင့် မင်းအများကြီး
မငေးမိဖို့ လိုတယ်။
5 036
ကျွန်တော် ကြွားခဲ့ဖူးတယ်
"ငါ့မှာ အချစ်ဆုံး သူငယ်ချင်းတွေရှိတယ်" လို့
ကျွန်တော့်ကို ပြန်မေးတယ်
"မင်းကဘယ်သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလဲ" တဲ့
ကျွန်တော် ဆွံ့အ သွားခဲ့တယ်။
5 036
ကိုယ့်ကို ထိခိုက်နာကျင်စေတယ်ဆိုရင်
အဲ့ဒီ့ပြတင်းပေါက်ကို ပိတ်ပစ်ရဲရမယ်၊
ရှုမျှော်ခင်းလေး ဘယ်လောက်လှလှပေါ့။
လူတွေကိုလည်း ဒီလိုပဲ။
5 036
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင်
ပြေးလိုက်မရှာဖြစ်တော့ဘူး။
ကိုယ့်ကိုချစ်တဲ့သူက
ကိုယ့်ဆီကိုတည့်တည့်လာမှာပဲ။
💭 || 25.7.2026
5 036
တစ်ယောက်နဲ့တစ်ယောက် စိတ်ချမ်းသာအောင်
ထားနိုင်ခြင်းကို အချစ်ဟု ခေါ်သည် ။
💭 || 22.7.2026
5 036
ငယ်ငယ်တုန်းက မိဘတွေ ဘာလို့
မနက်စောစောထတယ် ဆိုတာ မသိပေမယ့်
ကြီးလာတော့ နားလည်လာတယ်၊
သူတို့ကို နှိုးထစေတာက နာရီမဟုတ်ဘဲ
အသက်ရှင်ရမဲ့ အရေးကြီးမှုနဲ့ တာဝန်တွေပါ။
💭 || 18.7.2026
5 036
ကိုယ့်ဆီ နောက်ကျမှ ဝင်လာခဲ့သော်လည်း
ကိုယ့်ကိုယ်ကိုယ် ကံအကောင်းဆုံးလူလို့
တွေးထင်မိစေတဲ့အပြင်
ချစ်ခြင်းမေတ္တာဆိုတာ ဒါပဲ ဆိုပြီး
သိမ်သိမ်မွေ့မွေ့သင်ပြပေးနေတဲ့ မင်းကို
ငါ တကယ်ကျေးဇူးတင်ပါတယ် ။
လင်းမာအို
💭 || 18.7.2026
5 036
အချစ်ကြီးပါ ၊ အတ္တမကြီးပါနဲ့ ။
ငှက်သံကိုကြားချင်ရင် သစ်ပင်စိုက်ပါ
လှောင်အိမ်မဝယ်ပါနဲ့ ။
မေတ္တာနဲ့ချည်တဲ့ကြိုးက မြဲတယ်တဲ့ ။
💭 || 12.7.2026
5 036
ရှင်းပြနေရလောက်အောင်
ကိုယ့်နေထိုင်မှု မရှုပ်ထွေးတဲ့အတွက်
ဘယ်အရာကိုမှ ရှင်းပြဖို့ စိတ်မပါဘူး
ကိုယ့်ကို ဘယ်အတိုင်းအတာအထိ
နားလည်ကြလဲ
အဲအတိုင်းပဲ ပြန်ဆက်ဆံပေးမယ်
ဒါ ကိုယ့်လူမှုရေးပဲ ။
• အလ်နီလွန်း •
