ကဗျာရွက်လှေ
رفتن به کانال در Telegram
📈 تحلیل کانال تلگرام ကဗျာရွက်လှေ
کانال ကဗျာရွက်လှေ (@khattarmarn) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 32 328 مشترک است و جایگاه 908 را در دسته کتب و رتبه 4 467 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 32 328 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 28 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 12 134 و در ۲۴ ساعت گذشته برابر 139 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 8.93% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً N/A% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 0 بازدید دریافت میکند. در اولین روز معمولاً 0 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 0 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“#MDL97”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 29 ژوئیه, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته کتب تبدیل کردهاند.
32 328
مشترکین
+13924 ساعت
+2 8957 روز
+12 13430 روز
آرشیو پست ها
32 328
မင်းကိုအစကနေ ပြန်သိကျွမ်းချင်တယ် ပြီးရင်ချစ်တယ်လို့ မပြောတော့ဘူး.. အမှတ်တမဲ့ - Doublej
32 328
တောင်းရမ်းပြီးပဲ ယူယူ ခိုးပြီးပဲ ယူယူ ခန္ဓာကိုယ်နဲ့ နှလုံးသားကို ရင်းကာ… မိဘအိမ်ကို စွန့်ခွာပြီး မင်းဘဝထဲကို ရောက်လာတဲ့ ဇနီးမယားကို တန်ဖိုးထားပါ...🖤
32 328
တစ်ယောက်ယောက်ကို ဆွဲထားရတာ အရမ်းအောက်ကျနောက်ကျနိုင်မှန်းတော့ ကျွန်တော်တို့လည်း သိပါတယ်။ ဒါပေမယ့်လည်း အချစ်ဆုံးတစ်ယောက်ဖြစ်နေခဲ့တော့ ကျွန်တော်တို့ဟာ ကိုယ့်သိက္ခာလည်း ကိုယ်မငဲ့နိုင်ခဲ့ကြဘူး။ -မိုးနေ့
32 328
ကိုယ်မရှိပဲ မင်းဖြစ်ပါ့မလား လို့တွေးခဲ့ဖူးတယ် တကယ်တမ်း မင်းမရှိဘဲ ဖြစ်အောင်နေထိုင်နေရသူဟာ ကိုယ်ဖြစ်ခဲ့တယ် ။
32 328
"ချစ်သူ"
ဖြောင့်ဖြူးစေချင်တယ် ၊
ဆူးညောင့်ခလုတ်ကင်းဝေပါစေ ၊
ဘုရားတရားမရှိတဲ့ကောင်လဲ
ဘုရားရောက်တိုင်းမင်းနေ့နံထောင့်မှာ
ကုသိုလ်တွေအပူတပြင်းယူလို့ ။
သူငယ်ချင်းတွေကမင်းအတွက်ရော
ဟိတ်ကောင်လို့မေးတော့
မင်းပျော်ပါစေလို့
ငါထပ်ဆုတောင်းမိပြန်တယ် ။
အရာရာအလဲလဲအကွဲကွဲနဲ့ကောင်ပါ ၊
အိမ်ကအမေပြီးရင်
အချစ်ဆုံးမိန်းမဟာမင်းပါလို့
ငါပြောတော့ မင်းပြုံးရဲ့ရဲ့အကြည့်တွေနဲ့
ငါ့ကိုကြည့်တယ် ။
ကံမကောင်းတဲ့ဒီကောင်လဲ
မင်းနဲ့မလွဲဖို့ 11:11ရောက်တိုင်း
အပြေးဆုတောင်းတတ်နေပါပြီ ၊
ကံကိုယုံတာလူညံတွေရဲ့အလုပ်ဆိုရင်
မင်းနဲ့မြဲဖို့ရောက်လေရာရာ
ဆုတောင်းတတ်နေတဲ့ငါလဲလူညံဖြစ်နေပြီ ။
ချစ်သူမင်းကရိုးသားတဲ့သူဆိုရင်တောင်
ငါဟာမင်းကို
ငါ့နှလုံးသားတစ်ခုလုံးလိုလိုလားလား
ပေးလိုက်မဲ့လူမိုက်လိုကောင် ။
တိုးတိုးလေးရေရွတ်မိတိုင်း
အချစ်ရေ
မင်းဘေးကင်းပါစေ ၊
ငါ့ကိုယ်ငါထက်ပိုချစ်တဲ့ငါလဲ
အချစ်ရေ ငါဟာအရှုံးအနိုင်မသိပါ ။
_အန်ယာ
32 328
ကဲ နောက်ဆုံးတော့ ဒီ ch ကို ရောင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ
ဂိုမဲ နားစိုက်
https://t.me/kabyrorkabr
ဒီ ch ကိုပဲ တစ်ဦးတည်း ဆက် run သွားပါတော့မယ်ဗျ adm တွေကိုလည်း တောင်းပန်ပါတယ်
#owner
32 328
Repost from N/a
ဘာရယ် မဟုတ်ပဲ
မင်းနဲ့ ...
စကားတွေ အများကြီးပြောချင်နေတဲ့
အချိန်တွေဆိုပြီး ကိုယ့်မှာ ရှိတယ် ...
အဲ့ဒီရက်တွေမှာလေ
တခြား ဘယ်အရာကိုမှ
မလုပ်ပဲ
မင်းအနားမှာပဲ
မင်းနဲ့ ...
တီးတိုး စကားပြောချင်နေမိတာ ...
၀မ်းနည်းအားငယ်လွယ်တယ်လို့
ဆိုရမလား ...
မင်းကို လိုတယ်လို့ ပြောရမလား ...
ဒါပေမယ့်
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
အဲ့လိုအချိန်တွေဆို
မင်းက မအားတာ များတယ် ။
-ကျေးကို
Join pls - @kabyrorkabr
32 328
ကြောက်တယ်
ကျွန်တော်လူတွေကို
သိပ်ကြောက်တယ် မမ။ကောင်းတာ
ပြောတော့လည်း ဒီလူတွေ၊
ဆိုးတာပြောတော့လည်း ဒီလူတွေ...။
အို...သိပ်ကြောက်ဖို့ကောင်းတာပဲ။
ကံကံ၏အကျိုးကို စိတ်ထဲမှာ
ကမ္ဗည်းထိုးလို့ အကောင်းမြင်စိတ်ကို
ပါးစပ်က တဖွဖွရွတ်တယ်။
သတ္တဝါတွေ
နာရ ကျင်ရ သေရတာလည်းဒုက္ခ၊
သတ္တဝါတွေ အိမ်မဲ့ အိုးမဲ့ စားရမဲ့
သောက်ရမဲ့ဖြစ်ရတာလည်း ဒုက္ခ၊
လူတချို့ စိတ်မချမ်းမသာဖြစ်ပြီး
ဝမ်းနည်းနေရချိန် သဒ္ဒါတရားမရှိတဲ့
ပစ္စည်းတွေနဲ့ ပျော်နေရတော့
သုခဖြစ်သွားပြန်ရောလား...မမရေ။
ကိုယ့်အရေး ကိုယ်ထင်
ကိုယ့်အတွေး ကိုယ်ကြင်ပြီး
တစ်ကိုယ်တည်း ကျင်လည်နေရင်
ကိုယ့်သွေး ကိုယ်မြင်ရချိန်
ကိုယ်ငေးရမှာ ငရဲကိုပဲ။
ကြောက်တယ်...မမ
ကံငါးပါးလုံး ချိုးဖောက်တာကို
ထမင်းစား ရေသောက်လိုလုပ်နေတဲ့
လူတွေ...လူရောဟုတ်ကြရဲ့လား။
ကျွန်တော်မသိဘူး။
ကြောက်တယ်...မမ
သွေးမြင်ရင် ကြောက်တတ်တဲ့
လူတွေလည်း ဒီခေတ်ကြီးမှာ သူတို့
ကြောက်တဲ့အရာ ရှိပါသေးရဲ့လားမမ။
လူတချို့ကရော သွေးသံရဲရဲနဲ့
အလောင်းတွေကို
ကြည့်ကောင်းတယ်လို့များ
ထင်ကြတာလား။ကျွန်တော်မသိဘူး။
ကြောက်တယ်...မမ
၂၁ရာစုရဲ့ ရက်စက်မှုတွေအထဲ
ကိုယ့်လောက်မတော်ရင် နှိမ်လိုက်ရမှ
ကျေနပ်တဲ့လူတချို့ဟာ ဘယ်လိုများ
နိုင်ငံကို မြှင့်တင်ကြမလဲ။
ကိုယ်ကောင်းစားဖို့အတွက်ကျ
စကားကို နားဝင်ချိုအောင်
ပြောတတ်နေတာ ဘာလို့လဲ။
ကျွန်တော်မသိတော့ပါ။
အောက်ခြေလူတန်းစား
အလယ်အလတ်တန်းစား
အထက်တန်းစား
မာယာများလွန်းတဲ့ လူတွေအားလုံးကို
ကျွန်တော် ကြောက်တတ်လာပါပြီ မမ။
ဒီမှာပဲရပ်လိုက်ပါတော့မယ် မမရယ်။
ကျွန်တော့်ကဗျာတွေဆို အပြစ်တင်
ပုတ်ခတ်နေကျ မမစကားတွေကိုလည်း
ကျွန်တော်ကြောက်ပါတယ်...။
-အံ့လွန်းပျို
32 328
ကံကြမ္မာကြောင့်ပဲဖြစ်ဖြစ်
သံသရာကြောင့်ပဲဖြစ်ဖြစ်
ငါတို့မနီးစပ်ခဲ့ရင် ကောင်းမယ်။
-အံ့လွန်းပျို
32 328
ကမ္ဘာကြီးဘာဖြစ်ဖြစ် ကိုယ်စိတ်မဝင်စားဘူး။
ကိုယ့်မြတ်နိုးရသူလေး အစစအရာရာအဆင်ပြေနေရင်ရပြီ။
-ဟန်အတ္တငယ်
#Yifi
32 328
ငါတို့အာသာမပြေတဲ့
လိုနေတာအများကြီးနဲ့
သစ်လွင်ပြီး မရှိတဲ့အရာ
အခုငါ ရေးနေတဲ့ကဗျာက ရှာနေပေါ့။
ရေးပြီး၊ ပုံနှိပ်ပြီးတဲ့အခါ မတွေ့ရင်
နောက်ထပ်ငါ့ကဗျာတစ်ပုဒ်ကို
သင်ထပ်ဖတ်ချင် လိမ့်မယ်ထင်တယ်။
-အောင်ချိမ့်
32 328
Repost from Poems and quotes ♡
"မိုးစက်တွေထဲကမင်း"
အပြင်မှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေပြီပေါ့...။
ရေစိုနေတဲ့ သစ်ရွက်စိမ်းစိမ်းလေးတွေက တုန်ရီနေသလိုမျိုး
မင်းကို လွမ်းရတဲ့ ကိုယ့်ရင်ခုန်သံတွေဟာလည်းအေးမြတဲ့
မိုးရေစက်တွေကြားမှာ ပဲ့တင်ထပ်နေမိတယ်။
ပြတင်းပေါက်မှန်သားပေါ်မှာ စီးကျနေတဲ့ မိုးရေစက်လေးတွေကိုကိုယ့်လက်ချောင်းလေးတွေနဲ့ အသာအယာ တို့ထိကြည့်မိတိုင်းအဝေးမှာရှိနေမယ့် မင်းရဲ့ အေးစက်နေတဲ့ လက်ဖျားလေးတွေကိုနွေးထွေးအောင် ဆုပ်ကိုင်ပေးချင်တဲ့စိတ်က တားမရဆီးမရပဲ။
လေပြင်းတွေ တိုက်ခတ်လာတိုင်း...ကိုယ့်ပုခုံးကို မှီတွယ်ပြီး ချမ်းတတ်တဲ့ မင်းကိုရင်ခွင်ထဲမှာ လုံခြုံအောင် ပွေ့ဖက်ထားချင်မိတာ...ဒါဟာ အတ္တမဟုတ်တဲ့ အချစ်စစ်ရဲ့ ဆန္ဒတစ်ခုပါပဲ။
မိုးတိတ်သွားရင်တောင်မှ...ဒီမြေပြင်ပေါ်မှာ ကျန်ရစ်ခဲ့တဲ့ မြေနံ့သင်းသင်းလေးလိုမျိုးကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေက မင်းရဲ့ ပတ်ဝန်းကျင်မှာအမြဲတမ်း ရစ်ဝဲနေပါလိမ့်မယ်။
ဘယ်လို ရာသီတွေပဲ ပြောင်းလဲပါစေကွယ်...ကိုယ့်ရဲ့ ကမ္ဘာငယ်လေးထဲမှာတော့မင်းကသာ ထာဝရ တောက်ပနေမယ့် တစ်ဦးတည်းသော နေမင်းကြီးပေါ့။
- ကြိုးတစ်မျှင်
