Mmsub Movie
رفتن به کانال در Telegram
نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
9 862
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
اطلاعاتی وجود ندارد30 روز
آرشیو پست ها
9 862
Badland Hunters (2024)
အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။
ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။
Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့
နေချင်စဖွယ်ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။
Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ
သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။
Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံတွေ
လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့
ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို ....
ဇာတ်ကားတွေတင်ပေးတဲ့
မင်မင်အားရှိအောင်
❤❤❤လေးတွေ နှိပ်ပြီး
အားပေးကြပါဦးနော်
9 862
Sinkhole (2021)
ဇာတ်လမ်းကတော့ ကားနာမည် “Sinkhole” ဆိုတဲ့အတိုင်း
တိုက်ကြီးတစ်ခုလုံးမြေပြိုသွားပြီး မြေတွင်းကြီးထဲကျသွားတာ
ဘယ်လိုဆက်အသက်ရှင်ကြမလဲ ဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို ရိုက်ကူးပြသထားတာပါ.
ပတ်ဒုံဝန်း ဆိုတဲ့ ရုံးအလုပ်သမားတစ်ဦးက ၁၁နှစ်အကြာ ပိုက်ဆံစုဆောင်းပြီးမှာတော့
ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူး။
အိမ်ကမြေပြိုသွားတော့တာပါပဲ.
သူနဲ့အိမ်နီးနားချင်းတွေဖြစ်တဲ့သူတွေနဲ့လည်း စစချင်းမတည့်ရာကနေ
အသက်အန္တရာယ်ကြုံလာကြတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ…..
သည်းထိတ်စရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးကို
ဟာသလေးတွေ တစ်ဖြတ်တစ်ဖြတ် ထည့်သွင်းထားတာဖြစ်လို့
ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းပါတယ်။
#crd
ဇာတ်ကားတွေတင်ပေးတဲ့
မင်မင်အားရှိအောင်
❤❤❤လေးတွေ နှိပ်ပြီး
အားပေးကြပါဦးနော်
9 862
Revolver (2005)
Revolver (2005)
*
ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီး
Action၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့်
ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ...။
တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့
ဆိုကြပါသတဲ့...။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ...။
မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသား
ဂျေဆင် စတက်သန်ပါ...။
ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင်
အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ
၇ နှစ်လောက်အောင်းလိုက်ရပါတယ်...။
ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာ
ဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်...။
တစ်ယောက်က စစ်တုရင်ဆရာကြီး...နောက်တစ်ယောက်က အယုံသွင်း
လှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး...။
ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့်
သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာ
ကုန်ဆုံးပြီး....
ဇာတ်ကားတွေတင်ပေးတဲ့
မင်မင်အားရှိအောင်
❤❤❤လေးတွေ နှိပ်ပြီး
အားပေးကြပါဦးနော်
9 862
KKN, Curse of the Dancing Village (2022)
ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :’P
ဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက်
ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။
အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာ
ဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ရောက်လာကြပါတယ်။
အဲဒီရွာလေးမှာ ထူးထူးခြားခြား တားမြစ်ထားတာကတော့ ရွာနဲ့ တောအုပ်ကို ခြားထားတဲ့ နတ်ကွန်းကို ကျော်ပြီး တောအုပ်ထဲ မသွားမိဖို့ပါပဲ။
ဇာတ်ကားတွေတင်ပေးတဲ့
မင်မင်အားရှိအောင်
❤❤❤လေးတွေ နှိပ်ပြီး
အားပေးကြပါဦးနော်
9 862
Night of Hell (2023)
===============
ငရဲညဆိုတဲ့အင်ဒိုနီးရှားhorror ကားကောင်းလေးကို
တင်ဆက်ပေးပါရစေ..
အင်ဒိုနီးရှားနိုင်ငံ Winongoရွာလေးဟာ ငရဲည ၃ ညတာကို
နှစ်စဥ်ဖြတ်သန်းရပါတယ်..
အဲညတွေဆိုရွာသူရွာသားတွေဟာ အပြင်မထွက်ရဲကြဘဲ
အိမ်မှာပဲနေပြီး ကုရ်အာန်ကျမ်းကိုသာရွတ်ကြပါတယ်
ငရဲညမှာသရဲတစ္ဆေတွေထကြွသောင်းကျန်းပြီး
လူတွေကိုဝင်ပူးကာသတ်တာဖြတ်တာတွေ ဖြစ်တာကြောင့်
အဲ ၃ ညတာက ကျိန်စာသင့်နေတဲ့ရွာလေးအတွက်တော့
တကယ့်ကိုငရဲပါပဲ ဒီကျိန်စာဆိုးလိုမျိုးငရဲညတွေဟာ
ရွာလေးအပေါ်ကို ဘယ်ကနေအစပြုပြီး ဘာတွေဆက်ဖြစ်မလဲ
ဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ပါ...
ဇာတ်ကားတွေတင်ပေးတဲ့
မင်မင်အားရှိအောင်
❤❤❤လေးတွေ နှိပ်ပြီး
အားပေးကြပါဦးနော်
9 862
Jungle Chase 2024
နယ်စပ်မြို့တစ်ခုက ဂိုဒေါင်အပျက်တစ်ခုမှာ စိတ်လှုပ်ရှားစရာ
ဖမ်းဆီးမှု အစီအစဉ်ကြီးတစ်ခု စတင်နေပါတယ်။
အထူးရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ယွမ်ဟိုင်ယန်ဟာ
အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ချန်စန်းဖူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
နောက်မှာတော့ ယွမ်ဟိုင်ယန်ကို စခန်းမှူးလျိုချန်ကျွင်းက
ချန်စန်းဖူအဖြစ် ဟန်ဆောင်ပြီး ပြည်ပမှ ငွေအတုရိုက်နှိပ်ထုတ်ဝေသူတွေနဲ့
ဆက်သွယ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယွမ်ဟိုင်ယန်က
သူလျှိုလှုပ်ရှားမှု လုပ်နေစဉ် ယောက္ခမလောင်းဖြစ်သူ
ရွှဲယုံနဲ့အတူ ခရီးသွားဘတ်စ်ကား တစ်စီးတည်းမှာ လိုက်ပါလာခဲ့ပါတယ်။
ဒုစရိုက်သမားတွေဟာ ခရီးသည်အပြည့်နဲ့ ဘတ်စ်ကားကို
သစ်တောထဲကို ပြန်ပေးဆွဲပြီး မောင်းခိုင်းခဲ့ပါတယ်။
အချင်းချင်း အမြင်မကြည်နေတဲ့ ယောက္ခမလောင်းနဲ့
သမက်လောင်းတို့နှစ်ယောက် အတူတူ တိုက်ပွဲဝင်ခဲ့ရပါတယ်။
ဇာတ်ကားတွေတင်ပေးတဲ့
မင်မင်အားရှိအောင်
❤❤❤လေးတွေ နှိပ်ပြီး
အားပေးကြပါဦးနော်
9 862
War (2007)
ကဲဒီတစ်ခါတော့ ပရိတ်သတ် အကြိုက် ဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း အကြမ်းအရမ်း အလန်းတွေကြီးပဲမို့ လက်မလွတ်သင့်တာတော့
အမှန်ပါဗျ ပြီးတော့ IMDb rating ကလည်း 6.3 ထိရရှိထားတာမို့ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော်ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျက်လီဟာ ကြေးစားလူသတ်သမားရော့အဖြစ်သရုပ်ဆောင်ထားပြီး ဂျေဆန်စတန်ရဲ့သူငယ်ချင်းမိသားစုကို လုပ်ကြံသတ်ဖြတ်သွားရာမှ ဂျေဆန်စတန်က လိုက်လံ လက်စားချေတာကို အလန်းစားအသတ်အပုတ်တွေနဲ့ ရိုက်ပြထားတာကြောင့်ပရိသတ်သတ်ကြီးအနေနဲ့ကတော့ မထတမ်းကြည့်ရှူကြမယ့်ဇာတ်ကားကောင်းတစ်ကားလို့ပဲ ပြောလိုက်ပါရစေတော့ ဗျာဘာသာပြန်သူကတော့ Nge Hein Jr ဖြစ်ပါတယ်ဗျ
ဇာတ်ကားတွေတင်ပေးတဲ့
မင်မင်အားရှိအောင်
❤❤❤လေးတွေ နှိပ်ပြီး
အားပေးကြပါဦးနော်
