731
مشترکین
اطلاعاتی وجود ندارد24 ساعت
+1167 روز
+11630 روز
آرشیو پست ها
Sustainable Living ဆိုတာ ကမ္ဘာကြီးကိုရေရှည် တည်မြဲအောင် လူသားတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်ကြမလဲဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီး ကျန်းမာအောင်စောင့်ရှောက်ဖို့ ကျွန်ုပ်တို့အားလုံးမှာတာဝန်ရှိပြီး နည်းလမ်းကောင်းလေးတွေကိုလည်း မျှဝေလိုက်ရပါတယ်။
(၁) ရေချိုးခန်းနဲ့ ဘေစင်တွေမှာ Low-Flow Fixtures လိုမျိုး ရေသုံးစွဲမှုကို ထိန်းသိမ်းပေးနိုင်တဲ့ ရေပန့်ခေါင်းလေးတွေကို တပ်ဆင်ပြီးလည်း မလိုအပ်ဘဲ ရေအပိုသုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
(၂) LED မီးလုံးလေးတွေက သာမာန် မီးလုံးတွေထက် လျှပ်စစ်ကုန်ကျမှုသက်သာတာကြောင့် ရိုးရိုးမီးလုံးအစား LED bulbs လေးတွေ ပြောင်းလဲတပ်ဆင်နိုင်ပါတယ် ။
(၃) သဘာဝနေရောင်ခြည် ဆိုလာစွမ်းအင် အသုံးပြု ခြင်းက မီတာဘေကုန်ကျမှုလည်း သက်သာ ၊ လျှပ်စစ်စွမ်းအင်လည်း ချွေတာနိုင်တဲ့အပြင် မိမိနေထိုင်ရာ ပတ်ဝန်းကျင် အတွက် ကာဗွန်ထုတ်လုပ်မှုကိုပါ လျော့ချပေးနိုင်တာဖြစ်လို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အကုန်အကျသက်သာစေတဲ့ နည်းလမ်းလေးတစ်ခုပါပဲ ။
(၄) နွေရာသီလို ပူပြင်းတဲ့ အချိန်မှာ နေအိမ်ရဲ့ ပြတင်းပေါက်တွေကို (UV)နေကာကပ်ခြင်း က ပြင်ပကအပူဒဏ်ကို ကာကွယ်နိုင်ပြီး သဘာဝအအေးဓာတ်ကို ထိန်းပေးထားနိုင်ပါတယ်။ ဒီလိုနည်းဖြင့် Aircon သုံးစွဲမှုလျှော့ချနိုင်တာက စွမ်းအင်အသုံးပြုမှုကို သက်သာစေရုံသာမက ကောင်းမွန်တဲ့ နေထိုင်မှုမျိုးလည်းဖြစ်ပါတယ်။
မိမိနဲ့ မိသားစု ရေရှည်ကျန်းမာရေး အတွက်အကျိုးရှိပြီး ပိုမိုသန့်ရှင်းတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ Estella နဲ့အတူ Eco-friendly lifestyle လေးတွေ ကျင့်သုံး နေထိုင်ကြရအောင်။
အိုအေစစ်လေးကို အတူတူဖန်တီးကြမယ်💦
နေထိုင်တဲ့ ရပ်ဝန်းလေးကို Sustainable Environment လေးဖြစ်အောင် ဖန်တီးဖို့အတွက် ကိစ္စသေးသေးလေးတွေကနေ စတင်ပြောင်းလဲနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကိုမျှဝေလိုက်ပါတယ်။
🌳 အသုံးအဆောင်လေးတွေကို recycle လုပ်ပြီး ပြန်လည်အသုံးပြုခြင်းက အမှိုက်များကို လျော့ကျစေပြီး ငွေကုန်ကြေးကျလည်း သက်သာစေမှာပါ။
🌳 မနက်ခင်းလေးမှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်ပြီး စိမ်းလန်းတဲ့ အပင်လေးတွေကို ကြည့်ရှုနိုင်ဖို့ ကိုယ့်ရဲ့အိမ်လေးမှာ နှစ်သက်ရာ သစ်ပင်လေးတွေကို စိုက်ပျိုးပြီး လှပတဲ့နေရာလေးတွေလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။
🌳 Estella Eco-friendly Townhouse မှာဆိုရင်လည်း အိမ်ရာအတွင်းမှာ Solar energy ပါဝင်ပြီး၊ လောင်စာ စွမ်းအင်လျှော့ချနိုင်ဖို့ Star Bike လေးတွေလည်း စီစဉ်ပေးထားတော့ အနာဂတ်အတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။
Estella မှာအိမ်လေးဝယ်ယူလိုက်တာက အိမ်လေးတစ်လုံးကိုပဲ ပိုင်ဆိုင်လိုက်တာမဟုတ်ဘဲ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်လေးမှာ sustainable lifestyle တစ်ခုကိုပါပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
🌳 သဘာဝတရားကို ချစ်မြတ်နိုးသူတိုင်း Estella မှာ ပတ်ဝန်းကျင်ကောင်းလေး တစ်ခု အတူတူဖန်တီးလိုက်ဖို့ ဖိတ်ခေါ်ပါတယ်။
ကိုယ့်ရဲ့အိမ်လေးကို ကိုယ့်စိတ်ကြိုက် ဖန်တီးပြင်ဆင်လိုက်ရတဲ့ ခံစားချက်က ဘာနဲ့မှ မတူတဲ့ ပျော်ရွှင်မှုမျိုးပါ။
ကိုယ့်စိတ်ကူးထဲက အတိုင်း ပြင်ဆင်နိုင်ဖို့အတွက် sustainable ways နဲ့ ညီညွတ်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေလိုက်ရပါတယ်။
1. ပထမဆုံးအနေနဲ့ ပြတင်းပေါက်တွေကို သဘာဝအလင်းရောင် ရရှိအောင် လေဝင်လေထွက်ကောင်း အောင် အပိတ်တပ်ဆင်တာတွေ မပြုလုပ်တာက သဘာဝ တရားရဲ့ အလှ ကို အနီးစပ်ဆုံး ခံစားနိုင်မှာပါ။
2.မိသားစုနည်းရင် အိပ်ခန်းနည်းနည်းနဲ့ Space room များများထားနိုင်ပြီး အခန်းဖွဲ့နိုင်သလို မိသားစုများရင် အခန်းတွေကို flexible သုံးလို့ရမယ့်Multi-Purpose Rooms လိုမျိူး အခန်းမျိုးတွေ ဖွဲ့စည်းခြင်း ဖြင့်လည်း ကိုယ့်စိတ်ကြိုက် ဖန်တီး နိုင်မှာပါ။ ။ (ဥပမာ- ဧည့်ခန်းအဖြစ်လည်း သုံးလို့ရသလို မိသားစုတွေ Gathering လုပ်တဲ့နေရာ၊ ကစားတဲ့ နေရာအဖြစ်လည်းသုံးလို့ရမည့် adaptable အခန်းမျိုးကိုဆိုလိုပါတယ်)
3. ဧည့်ခန်းမှာဆိုရင် DIY ပစ္စည်းလေးတွေကို ကိုယ်တိုင်ဖန်တီး အလှဆင်ထားနိုင်ပြီး သန့်ရှင်းတဲ့ Oxygen ရရှိအောင် Indoor plants လေးတွေစိုက်ခြင်းအားဖြင့် အမြင်လည်း လှကာ စိတ်ကိုလည်း အေးချမ်းစေပါတယ်။
4. နေရာကျယ်ကျယ် ယူတတ်တဲ့ စားပွဲ၊ ခုံ၊ ကုလားထိုင်တွေအစား အချိန်မရွေးခေါက်ပြီးသိမ်းထားလို့ရမယ့် စားပွဲ၊ ထိုင်ခုံ လေးတွေကို အသုံးပြုနိုင်ပါတယ်။ ဒီလို ဖန်တီးခြင်းအား ဖြင့် ကိုယ့်အိမ်ရဲ့ Living Space ကို ပိုမိုကျယ်ဝန်းစေပြီး၊ အိမ်တွင်း workout လုပ်ဖို့ အတွက် လည်း နေရာ ပိုထွက်လာစေ မှာပါ။
5. လျှပ်စစ်စွမ်းအင် ချွေတာဖို့အတွက်လည်း LED မီးလုံးလေး တွေ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ အလင်းစုတဲ့မီးလုံးမျိုးထက် အလင်းနေရာပြန့်တဲ့ မီးလုံးမျိုးတပ်ဆင်တာက မီးလုံးအရေတွက်နည်းနည်းနဲ့ ကိုယ့်အိမ်နေရာအနှံ့ လင်းစေမှာဖြစ်ပါတယ်။
6. အိမ်တွင်းပရိဘောဂအသုံးအဆောင် အသေးစားလေးတွေကို ပြုပြင်ပြောင်းလဲ ဖို့ လွယ်တဲ့ ဝါး၊ သစ်သားတို့လို Furniture လေးတွေ ကို အိမ်တွင်းအလှဆင် အသုံးပြုခြင်းဖြင့် Eco friendly living ကို ခံစားနိုင်ပါတယ်။
7. အိပ်ယာခင်း၊ လိုက်ကာ၊ ကူရှင် တို့မှာ cotton (သို့မဟုတ်) လီနင်လို natural fibers အသားမျိုးတွေ အသုံးပြုတာက ကျန်းမာရေးညီညွတ်သလို လျှော်ရဖွတ်ရလည်း သက်သာစေပါတယ် ။
Sustainable ways လေးတွေကျင့်သုံးခြင်းကလည်း ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေပြီး အပိုကုန်ကျစရိတ်ကို သက်သာစေကာ ကျန်းမာရေးနဲ့လည်း ညီညွတ်စေမှာပဲ ဖြစ်ပါတယ်။
မိမိတို့ရဲ့ အိမ်လေးကို eco-friendly နည်းလမ်းတွေနဲ့အညီ အလှဆုံး Decorationလုပ်ရင်း ပျော်ရွှင်တဲ့ကမ္ဘာလေး ပိုင်ဆိုင်နိုင်ကြပါစေ 🏡🌟
#Estella #Handover #YomaLand #StarCity #EcoFriendlyLiving #Sustainability
ပန်းချီဆိုတာ နှလုံးသားကစီးဆင်းလာတဲ့ အနုပညာလက်ရာပါ…
StarCity အိမ်ရာရဲ့ ပထမဆုံး ပန်းချီပြပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့၊ The Oval မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
နိုင်ငံကျော်ပန်းချီဆရာကြီးများရဲ့ အနုပညာလက်ရာများစွာကို ပြသသွားမှာဖြစ်လို့ လာရောက်လေ့လာပြီး ခံစားကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Date: 30th November, 1st December 2024
Time: 10 am – 5 pm
Venue: The Oval (Near Galaxy T4)
ပန်းချီအနုပညာချစ်မြတ်နိုးသူအချင်းချင်း အနုပညာခံစားမှုကိုလေးစားသောအားဖြင့် ပြခန်းအတွင်း စကားကျယ်လောင်စွာပြောဆိုခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Estella Community မှ ကြိုဆိုပါတယ် ✨🏡
Estella အိမ်ရာတစ်ခုလုံးမှာ စိမ်းစိုလှပတဲ့ အပင်ငယ်လေးတွေ ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်လည်း ပါဝင်တာကြောင့် သဘာဝနဲ့လိုက်လျောညီထွေတဲ့ လူနေမှုဘဝကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာလည်း စိတ်ချမ်းသာကြည်နူးစရာများနဲ့ ပြည့်နှက်နေမှာ အသေအချာပါပဲ။
🏡 ရေရှည်တည်တံ့တဲ့ သင့်ရဲ့ အနာဂတ်ကို Estella မှာ စတင်လိုက်ပါ !
#Estella #Handover #YomaLand #StarCity #EcoFriendlyLiving #Sustainability
Estella ရဲ့နောက်ကွယ်က ပဲ့ကိုင်ရှင်များနှင့် တွေ့ဆုံခြင်း
Estella အတွက် နောက်ကွယ်ကနေအသေးစိတ် ကြိုးပမ်းပုံဖော်နေကြတဲ့ Estella team ရဲ့ ပီတိစကားသံတချို့ကို မျှဝေပေးလိုက်ရပါတယ်
#Estella #Handover #YomaLand #StarCity #EcoFriendlyLiving #Sustainability
သဘာဝတရားနဲ့ ညီညွတ်မျှတစွာနေထိုင်ခြင်းက ရှားပါးအဖိုးတန်တဲ့ နေထိုင်မှုမျိုး ပဲဖြစ်ပါတယ်။
🌳 အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်လေးမှာ ကိုယ်ပိုင်အားလပ်ချိန်တွေကို စာဖတ်ရင်းပဲ ဖြစ်ဖြစ်၊ ချစ်ရတဲ့ မိသားစုနဲ့ စကားစမြည်ပြောရင်းပဲ ဖြစ်ဖြစ်၊ စိတ်ချမ်းမြေ့စရာကောင်းတဲ့ သဘာဝရပ်ဝန်းတစ်ခုကို Estella က ယူဆောင်လာပေးပါပြီ ။
🍃Nature နဲ့ အနီးကပ်ဆုံး ရှိနေဖို့ StarCity အိမ်ရာတစ်ခုလုံးမှာ သစ်ပင်ပန်းမန်များစိုက်ပျိုးထားပြီး အပင်များမှ ရရှိတဲ့ Oxygen ထုတ်လွှတ်မှုက လေထုကိုသန့်စင်စေတာကြောင့် သန့်ရှင်းလတ်ဆတ်တဲ့ လေထုကိုရှုရှိက်ရင်း ကျန်းမာ ပျော်ရွှင်တဲ့ Lifestyle တည်ဆောက်ဖို့ အကောင်းဆုံးနေရာပါပဲ ။
Estella အကြောင်းအသေးစိတ်လေးကို 09 777 22 33 55/ 66 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#Estella #Handover #YomaLand #StarCity #EcoFriendlyLiving #Sustainability
ပန်းချီဆိုတာ နှလုံးသားကစီးဆင်းလာတဲ့ အနုပညာလက်ရာပါ…
StarCity အိမ်ရာရဲ့ ပထမဆုံး ပန်းချီပြပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့၊ The Oval မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
နိုင်ငံကျော်ပန်းချီဆရာကြီးများရဲ့ အနုပညာလက်ရာများစွာကို ပြသသွားမှာဖြစ်လို့ လာရောက်လေ့လာပြီး ခံစားကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Date: 30th November, 1st December 2024
Time: 10 am – 5 pm
Venue: The Oval (Near Galaxy T4)
ပန်းချီအနုပညာချစ်မြတ်နိုးသူအချင်းချင်း အနုပညာခံစားမှုကိုလေးစားသောအားဖြင့် ပြခန်းအတွင်း စကားကျယ်လောင်စွာပြောဆိုခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်ပြီလား......
December Dreams at City Loft West အရောင်းပြပွဲကြီးကို လာမယ့် နိုဝင်ဘာလ (၃၀)ရက်နဲ့ ဒီဇင်ဘာလ (၁)ရက်နေ့များမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
လှိုင်သာယာ စက်မှုစီးပွားမြို့တော်မှာ အချက်အချာကျစွာတည်ရှိပြီး အခန်းအမျိုးအစားအနေနဲ့လည်း Studio, One Bedroom, Two Bedroom, Three Bedroom ဆိုပြီး စုံစုံလင်လင်ရှိတာဖြစ်လို့ စိတ်တိုင်းကျ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ချစ်ရတဲ့ မိသားစုနဲ့အတူ နေထိုင်းရင် ပြီးပြည့်စုံတဲ့ လူနေမှုဘဝ အိပ်မက်လေးကို ပုံဖော်ချင်တယ်ဆိုရင်တော့ December Dreams at City Loft West အရောင်းပြပွဲကြီးကို လာရောက်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။
City Loft West အိမ်ရာအကြောင်း အသေးစိတ်ကိုလည်း ဒီ link လေးထဲမှာ ကြည့်ရှုနိုင်ပါတယ်။
https://yomaland.com/city-loft-west/city-loft-west/
Date: 30th Nov - 1st Dec, 2024
Time: 9:00 AM to 5:00 PM
Venue: City Loft West Sales Gallery
အသေးစိတ်လေးသိချင်တယ်ဆိုရင် 09 777 22 33 77 ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
Estella Townhouses မှာ လာရောက်နေထိုင်တော့မယ့် သူတစ်ဦးရဲ့ရင်တွင်းစကားသံအချို့ကို မျှဝေလိုက်ရပါတယ်။
https://youtube.com/shorts/djK4T0eN50k?si=ybexQBYnPofpfQD5
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
