cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Min Htet Kyaw Zaw

When u believe something that is not a joke. Absolutely, that is what kind of guy u are!

نمایش بیشتر
پست‌های تبلیغاتی
2 508
مشترکین
+8524 ساعت
+747 روز
+10430 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

“ရထား .. ဇေယျ မျိုးဆွေ တို့အဖွဲ့ ဇေယျ သားသမီးတွေနဲ့ မတွေ့သေးဘူး ရှာပြီး ချိတ်ဆက်လိုက်ပါ့မယ် ရှာပြီး ချိတ်ဆက်လိုက်ပါ့မယ် လောလောဆယ် ခွေးအ အာလူး များနေတယ် RPG တွေပစ်နေတယ်” ရန်သူသည် သူ့ကိုချောင်ပိတ်ရိုက်သလိုဖြစ်သွားသည့် ရဲတပ်ဖွဲ့ကို အစွမ်းကုန် တိုက်စစ် အဟုန်မြှင့်ကာ ထွက်ဖို့ ကြိုးစားလေပြီ။ “ရွှီး .. အုမ်း .. ဂျိမ်း ပတောက် ပတောက် ပတောက် ဖောင်း ဖောင်း ဖောင်း ဒက် ဒက် ဒက် ဒက်” လက်နက်ငယ်နှင့် RPG တွေ ဆူညံပွက်လောရိုက်နေသဖြင့် စိတ်ပူပန်မှု အရှိန် မြင့်တက်သွားသည်။ “ဇေယျ မှ မျိုးဆွေ ဇေယျ ဆီက ထည့်ပေးလိုက်တဲ့ အကြီးသမားတွေ နဲ့ ပြန်ပစ်ပါ ရထားလား ...” ရဲတပ်ဖွဲ့ဝင်တွေဆိုတာ မြို့တွင်း ရာဇဝတ်မှုနိုမ့်နင်းရေးအတွက်သာ အထူးပြု လေ့ကျင့်ထားသဖြင့် သောင်းကျန်းသူနှင့် လက်နက်ကြီး/လက်နက်ငယ် တိုက်ပွဲဝင်ရ သည့် တိုက်ပွဲမှာတော့ အနည်းငယ် အခက်အခဲရှိမည်ဖြစ်သည်။ “ရထား .. မျိုးဆွေနဲ့ ပါလာတဲ့ ဇေယျ သားသမီး အကြီးသမား ၂ ယောက် ထိထားတယ် တက်ဆွဲလို့မရသေးဘူး တက်ဆွဲလို့မရသေးဘူး ....” တစ်ဖက်မှ ပြန်လည်တင်ပြသည့် စကားကြောင့် ဇေယျ ဒေါသထောင်းကနဲ ထွက်သွားသည်။ လက်နက်ကြီးသမားကို ဘယ်လိုများထိပါလိမ့်။ “တောက် ... ဟာကွာ” မိမိ တပ်စိတ်မှာလဲ ၃ ပိုင်းပိုင်းနေပြီဖြစ်သဖြင့် ဇေယျ ဘာလုပ်လို့ လုပ်ရမှန်းကို မသိ။ “ကျား .. ကျား ဟာ .. ဟိုမှာ ဗိုလ်လေး ထွန်းထွန်း တို့အဖွဲ့ ရောက်ပြီ .. ဗိုလ်ကြီး” ကျဉ်းထဲကျပ်ထဲရောက်နေသည့် ဇေရဲ အတွက် အရာခံဗိုလ်ထွန်းထွန်း ၏ တပ်စု ဝင်လာခြင်းကား တကယ်ကို အဖြေတစ်ခုရသွားသလို။ “အတော်ပဲ .. ဟေ့ ဗိုလ်လေး လာလာ .. မြန်မြန်” အရာခံဗိုလ်ထွန်းထွန်း ဦးစီး တပ်စုကို အနားကိုအမြန်ခေါ်ယူလိုက်ပြီး ဇေရဲ စစ်ကူ လိုက်ဖို့ ထပ်ကြံပြန်သည်။ ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။ ဆက်ရန်မျှော် မင်းထက်ကျော်ဇော (စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)
نمایش همه...
114👍 76
နေလို မီးလို (အတွဲ-၁) အပိုင်း(၄၈) “ဟေ့ ... မဆွဲနဲ့ မဆွဲနဲ့ အာ ... တပေါ်ကျဲ့ ပြန်ဆုတ် .. ပြန်ဆုတ်” တပ်သားသက်ဇော် မှာ တိုက်ရိုက်ထိမှန်ပြီး ကျဆုံးသွားသည့်ပုံနှယ် မလှုပ် တော့သဖြင့် ဇေရဲ ထားခဲ့စေလိုက်သည်။ တက်ဆွဲသည့် တပ်သားအောင်ကျော် ထိမှန် သွားပေမဲ့ လှုပ်ရှားလို့ရခိုင်းသဖြင့် နောက်ဆုတ်ဖို့ကိုသာ အမိန့်ပေးပြီး နောက်ပြန်ဆုတ် စေသည်။ “မအေဘေး တွေ .. သေစမ်း ရော့ ....” လက်နက်ကြီးရော လက်နက်ငယ်ရော တိုးမပေါက်လောက်အောင် ပစ်ခတ်မှု တွေ လှိမ့်ခံနေရသဖြင့် ဇေရဲ စွန့်စားကာ လက်ပစ်ဗုံး ပင် ဖြုတ်ပြီး ၂ လုံးဆက်တိုက် ပစ်ထုတ်လိုက်သည်။ “အုမ်း .. အုမ်း” လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ရန်သူ့ ဘက်မှ အပစ်ခဏ တန့်သွားသည်။ “ဟေ့ ... တက်ဆွဲ ၊ ဆက်ဆွဲ အောင်ကျော့် ကို တက်ဆွဲ MA-4 နဲ့ ၆၀ သမားတွေ ပစ် ပစ် .. တက်ပစ်” ဖြစ်ပျက်သွားသည့် အခြေအနေကို အခွင့်ကောင်းယူပြီး ဇေရဲ လက်နက်ကြီး အဖွဲ့ကို တက်ပစ်စေသည်။ ထိုစဉ်မှာပင် ဇေရဲ နှင့် တပ်ကြပ်ကြီး/စာရေး စည်သူတို့ အဖွဲ့မှာ ရှေ့ကိုထပ်တိုးသည်။ “ဆရာစည်သူ .. တက်တက် ဟေ့ .. လာလာ မင်းတို့ ၂ ယောက်ပါ လိုက်တက်” ပစ်အားနှင့် ရှေ့ဆက်တိုးသည့် နည်းဗျူဟာ မှာ ကျင့်သုံးနေကျဖြစ်သော်လည်း ခုချိန်ထိ အသုံးတည့်နေသေးသည်။ “ဝှီး .. အုမ်း .. ဂျိမ်း ဖောင်း .. ဂျိမ်း ပတောက် ပတောက် ပတောက် ဒက် ဒက် ဒက် ဒက်” လက်နက်ကြီးသံတွေနှင့် လက်နက်ငယ်သံတွေပြန်လည်ဆူညံပြီး ဇေရဲ တို့ အဖွဲ့ မှာ ရှေ့ကို နည်းနည်းထပ်တိုးခြေကုတ်ယူသည်။ ရန်သူသည် သူတို့ တစ်ဖက်သတ် ပစ်ခတ်ခံနေရမှုကို ပြန်လည်မတွန်းလှန်ပဲ နောက်ကို ဆုတ်ခွာသည့်ပုံရသဖြင့် ဇေရဲ အောင်မြေထပ်ချဲ့သည်။ “တက်တက် ... ဆရာသမားတို့တက် ပစ်တက်တက် ... ပစ်တက်တက် ကျား ... ကျား ဒိုင်း ဒိုင်း ဒိုင်း” သေမှာကိုကြောက်ရွံ့နေသဖြင့် နောက်ဆုတ်သွားသည့် ရန်သူကို ပိုပြီးစိတ် ခြောက်ခြားစေရန် ကျားထိုးသံပေးကာ တက်သည်။ “ကျား ... ကျား တက်ကွာ .. တက်” လုံးဝပစ်ခတ်မှုမခံရတော့သဖြင့် ဇေရဲ အခြေအနေကို တွက်ဆကာ ရှေ့မှ ဦးဆောင်ပြီး လိုက်လံရှင်းလင်းသည်။ ရန်သူသည် နောက်ကို ဆုတ်ခွာသွားချေပြီ။ “ဟေ့ ... ဒီမှာ ၃ လောင်း သေနတ်ကောက် .. သေနတ်ကောက်” မိမိတို့၏ လက်နက်ကြီးနှင့် လက်ပစ်ဗုံး ပစ်ခတ်မှုထဲမှ တစ်ခုခုကား PDF ၃ ဦး ကို ထိမှန်လဲကျသေဆုံးနေတာကိုတွေ့လိုက်ရသည်။ “ဗိုလ်ကြီး..... ဒီမယ် တစ်ယောက် မသေမရှင်ဖြစ်နေတယ်” မှောက်နေသည့် ၃ ဦး၏ သေနတ်တွေကိုကောက်ရင်း စစ်ဆေးသည့်အချိန် တွင် တစ်ဦးမှာ မသေမရှင်ဖြစ်နေသည်ကိုစစ်ဆေးတွေ့ရှိရသည်။ “ဟေ ..... ခဏ ငါလာခဲ့မယ်” လူသားချင်းစာနာသည့် စိတ်နှင့် ဇေရဲ မပစ်ခတ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီး ဒဏ်ရာ ကို ကြည့်လိုက်တော့ ဗုံးစများ အများအပြားဖြစ်နေသဖြင့် အသက်ရှင်ဖို့က မလွယ် တော့။ “ကဲ ... ကိုယ့်လူ စိတ်အေးအေးထား ကျုပ်တို့ သွေးထွက်မလွန်အောင်လုပ်ပေးမယ်” ဇေရဲ အီကွေ့မန့်မှာပါသည့် ဆေးပတ်တီးကိုဖြုတ်ကာ တပည့်ကျော် ကို ပစ်ပေး လိုက်သည်။ “ဟေ့ .. သူ့ကိုစီးထားပေးလိုက်ပါ” တိုက်ပွဲဆိုပေမဲ့ ဝိဝါဒကွဲပြားမှုကြောင့်သာတိုက်ရတာ တစ်ယောက်နှင့်တစ် ယောက် ရန်ညိုးရှိလို့မဟုတ်သဖြင့် ဒီလို ပုံစံမျိုးနှင့် လူတစ်ယောက် ကို ရန်သူဟု သတ် မှတ်ပြီး သတ်ပစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ တပ်မတော်သားဆိုသည်မှာ တစ်ခါ တစ်ရံကျ လူသားဆန်လွန်းကြသည်။ “ပတောက် ပတောက် ပတောက် ဖောင်း ဖောင်း ဖောင်း ဒက် ဒက် ဒက် ဒက်” သူတို့ဝင်လာသည့် ရွာဘက်ခြမ်းဆီမှ သေနတ်သံသဲ့သဲ့ ကြားလိုက်ရသဖြင့် ဇေရဲ ခေါင်းထောင်သွားသည်။ ရန်သူသည် ဒီရွာကို ကျွမ်းကျင်သည်။ ဆုတ်လမ်းထွက်လမ်း တွေသိသည်။ ဒါကြောင့်မို့ ဘယ်ကမဆို ထွက်လို့ရသည်ဆိုတာ ယုံမှားသံသယရှိစရာ မလို။ “ဇေယျ မှ မျိုးဆွေ ဇေယျ မှ မျိုးဆွေ အောင်ခိုင်အောင်နိုင် .... အောင်ခိုင်အောင်နိုင်” အနှီ သေနတ်သံလာရာအရပ်နှင့် အနီးစပ်ဆုံးကား ရဲအုပ်မျိုးဆွေ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် တပ်စုဖြစ်သဖြင့် သူတို့နှင့် အရင်ဆုံးချိတ်ဆက်လိုက်သည်။ “မျိုးဆွေ မှ ဇေယျ မျိုးဆွေ မှ ဇေယျ မျိုးဆွေ တို့ ခုလေးလုံး ရွာထဲဝင်တယ် ကျွံထွက်လာတဲ့ ခွေးအတွေနဲ့ ပွဲကတယ် ကျွံထွက်လာတဲ့ ခွေးအတွေနဲ့ ပွဲကနေတယ် ရထားလား ... ဒါပဲ” ထင်ထားသည့်အတိုင်း တိုက်ပွဲဖြစ်ပွားလေပြီ။ ရန်သူသည် ရဲတပ်ဖွဲ့ဝင်တွေ ဝင်လာသည့်လမ်းကြောင်းနှင့်တည့်တည့်တိုးသွားပြီး ထွက်ပေါက်ပိတ်သွားသည်နှင့် တူသည်။ ဇေယျ မိမိတပ်စုမှ ရှင်းလင်းရေးလုပ်နေသည့် တပ်စိတ်တွေကို သတိရမိ သွားသည်။ “ရထား ... မျိုးဆွေ ဇေယျ ဆီက တပ်စု ၂ စိတ် သားသမီးတွေရှိတယ် သူတို့နဲ့ ချိတ်ဆက်ပါ သူတို့နဲ့ချိတ်ဆက်ပါ” ရဲတပ်ဖွဲ့ဝင်များနှင့် မိမိ တပ်စိတ်တို့ ပူးပေါင်းရေးအတွက် လိုလားသဖြင့် ရဲအုပ် မျိုးဆွေ ကို MAH-2011 VHF မှ စတဆင့် အကြံပြုလိုက်သည်။
نمایش همه...
51👍 31
Photo unavailableShow in Telegram
👍 34 15👏 4
လက်ရှိအခြေအနေတွင် ရန်သူသည် အတော်တော့ အထိနာသွားခဲ့ချေပြီ။ အပိုင်ဟု အထင်နှင့်ဝင်တိုက်သည့် အချိန်မှာ ထင်သလောက်ခရီးမပေါက်သလို အင်အားအများ အပြား လက်လွှတ်ဆုံးရှုံးခဲ့ရမှုကြောင့် ပထွေးနိုင်ငံကြီးထံမှ အကူအညီတွေ ထပ်မံ ရောက်ရှိလာမည်ကိုစောင့်ဆိုင်းလျက်ရှိကြောင်းလဲ သတင်းများအရ သိရှိရသည်။ မြန်မာဆိုသည်မှာ သူတို့ အားကိုးသည့် ပထွေးနိုင်ငံကြီးကိုယ်တိုင် ဆင်ဖြူရှင် မင်းတရားလက်ထတ်မှာ ကျူးကျော်လာသည့်စစ်ကိုလဲ သုံးကြိမ်တိုင်တိုင် အော်ပြေး အောင်စွမ်းဆောင်နိုင်သကဲ့သို့ ၁၉၅၈ ခုနှစ် နိုင်ငံအတွင်းစိမ့်ဝင်မှုကိုလဲ မည်သူ့ အကူအညီ မှမပါပဲ တိုက်ထုတ်နိုင်ခဲ့သည့် ရာဇဝင်သမိုင်းကြောင်းများရှိခဲ့သည်ကို သင်းတို့မေ့နေသည် ထင်သည်။ မြန်လဲမြန်၊ မာလဲမာသလို မိမိနိုင်ငံကိုကျူးကျော်လာလျှင် ခေါင်းငုံ့မခံတတ်သည့် လူမျိုးတွေ၏ အကြောင်းကိုထပ်မံပြသဖို့ အချိန်ကျရောက်နေပြီဟုပြောချင်ပါသည်။ တစ်ဖက်မှတော့ အပိုင်ထင်ပြီး စိန်ခေါ်သွားခဲ့ချေပြီ။ ကျွန်တော်တို့ တပ်မတော်နှင့် မြန်မာ လူမျိုးများအားလုံး တိမ်ပေါ်ထိလိုက်ကြပါစို့ ....... “သင်းနိုင်ငံသား၊ ကျူးကျော်သူများ သံမှုန့်စားတောင် ဒို့ လက်နက်မတုံးပြီ စိန်ခေါ်တိမ်ပေါ်ထိလိုက်ပြီး ချေမှုန်းမည် နိုင်ငံတော်ကြီးအဓွန့်ရှည်ပါစေ ......” မင်းထက်ကျော်ဇော
نمایش همه...
👍 133 41🔥 4
စိန်ခေါ်လို့တိမ်ပေါ်တက်ခဲ့တယ် ပြည်နယ်တွေစုစည်းထားသည့် ပြည်ထောင်စု သည် နိုင်ငံ အင်အားရှိသည့် အချိန်တွေမှာ ကိစ္စမရှိပေမဲ့ ပြည်သူများ စည်းလုံးမှု မရှိသည့်အချိန်၊ တိုင်းပြည်မျက်နှာကို မကြည့်စော နိုင်ငံရေးသမားများ အားကောင်းနေချိန် တွေမှာတော့ အဆိုပါ စုစည်းထားသော အင်အားမှာ အလွယ်တကူ ပြိုကွဲ ထွက်သွားနိုင်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းနှင့်ပြည်နယ် ၁၄ ခု နှင့် စုစည်းထားပြီး မတူ ကွဲပြားသည့် တိုင်းရင်းသားများပေါင်းစည်းနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ရာနဲ့ချီ ကြာမြင့် ခဲ့ပြီဖြစ်ပါသည်။ အရှေ့တောင်အာရှ၏ ပထဝီနိုင်ငံရေးအရ အရေးပါသော နိုင်ငံဖြစ်သလို ဘေးဘီ မှာလဲ အင်အားကြီးနိုင်ငံများနှင့် ဝန်းရံလျက်ရှိသောကြောင့် အစဉ်တစိုက် သတိထား ခဲ့ကြ ရသည်။ အနောက်နိုင်ငံကြီးအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့အနေဖြင့် ၎င်းတို့၏ အာဏာ သက်ရောက်စေရန်အတွက် သွတ်သွင်းရန်လည်း နည်းမျိုးစုံကြိုးစားခဲ့ကြသည်။ သို့သော် နိုင်ငံတော်၏ ပင်မဒေါက်တိုင်ကြီးများဖြစ်သည့် ဘုရားသားတော်(ရဟန်း) များနှင့် တပ်မတော်သား များ တွဲလက်ညီပြီး သံဃာနှင့်တပ် အဖွဲ့အစည်းနှစ်ခုလုံး၏ အင်အားတောင့်တင်းမှုတို့ကြောင့် ယင်းတို့ထင်သလောက်ခရီးမပေါက်ခဲ့ပေ။ အပိုဆာဒါးတွေခဏခဏပြောနေလျှင် ဆောင်းပါး ၏ လိုရင်းကို မရောက်နိုင် အောင် နိဒါန်းပျိုးရမည်ဖြစ်သဖြင့် တိုတိုနှင့် လိုရင်းကိုပြောရမည်ဆိုလျှင် နိုင်ငံတော် ကာကွယ်ရေးအင်အားဖြစ်သည့် မြန်မာ့ တပ်မတော် မှာ ထိုသို့ အင်အားနည်းပါးသည့် အခြေအနေတွေကို လွတ်လပ်ရေးရပြီး နောက်ပိုင်း ခဏခဏကျော်ဖြတ်ခဲ့ရသည်။ ၁၉၄၈၊ ၁၉၆၂ ခုနှစ်များသည် တပ်မတော်အတွက် နိုင်ငံတော်ကြီး မပြိုကွဲ သွားစေ ရန်အတွက် ကျဉ်းထဲကျပ်ထဲမှသည် ရုန်းကုန်ပြီး ကျားကန်ခဲ့ပြီးပါပြီ။ ဟော .. အခုလဲ လာပြန်ပါပြီ ၂၀၂၁ မဲမသာမာမှုမှစ ပြည်ထောင်စု ပြိုကွဲမည့် အရိပ်အယောင်များ သန်းသထက်သန်းလာခဲ့သည်။ ၁၀၂၇ ကျူးကျော်စစ် ပထမအကြိမ်တွင် ရန်သူသည် သူ၏ ပထွေးနိုင်ငံကြီး အားကိုးဖြင့် နည်းပညာပိုင်းဆိုင်ရာ သာလွန်မှု၊ ကိုယ်အာဏာရရှိရေးသာကြည့်သည့် နိုင်ငံရေးသမားများထံမှ ရရှိသည့် လူငယ်များ၏ အင်အားပိုင်းဆိုင်ရာ သာလွန်မှု များဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ မြို့များကို ဝင်ရောက်တိုက်ခိုက်သည်။ တပ်မတော်သည် တစ်နိုင်ငံလုံး အင်အားဖြန့်ပြီး ကာကွယ်နေရသဖြင့် အင်အား ပြည့် ခုခံစစ်မလုပ်နိုင်ခဲ့။ နောက်ထပ်တစ်ချက်အနေဖြင့် တပ်မတော်သားများမှာ လေကြောင်းတိုက်ခိုက်မှုကို ပထမဆုံးအကြိမ်ခံခဲ့ရသဖြင့် Suprise ဖြစ်ခဲ့ရသည်။ အနှစ်ချုပ်သော် တပ်မတော် ရင်း/ဖွဲ့များသည် နယ်မြေအချို့မှသည် ခေတ္တ လက်လွှတ်ပြီး လားရှိုးမြို့ကိုဆုတ်ခွာခဲ့ကြရသည်။ တပ်မတော် ကို ချစ်ခင်သူများ၊ တပ်မတော် ကို ထောက်ခံသူများပင် ထိုစဉ်က အားမလိုအားမရဖြစ်ခဲ့ကြရသည်။ “ဟိုလိုလုပ်ပါလား” “ဒီလိုလုပ်ပါလား” နှင့် ဝေဖန်ခဲ့ ကြသည်။ သို့သော် တကယ်တမ်းမြေပြင်မှာ ကြုံတွေ့နေသည့် အခက်အခဲအချို့ ရှိသဖြင့် တပ်မတော်သည် ပြည်သူလူထု၏ အားမလိုအားမရဖြစ်မှုကို ဘာမှပြန်မတုံ့ပြန်နိုင်ခဲ့။ သို့သော် တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ပြည်သူ့ လွတ်မြောက်ရေး၊ လွတ်လပ်ရေးထိန်းသိမ်းရေး တိုက်ပွဲများကြားက ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်သဖြင့် အမြဲတမ်း သင်ခန်းစာဖော်ထုတ်ပြီး ပြင်ဆင်ကြသည်။ Drone တိုက်စစ်၏ သဘောသဘာဝ နှင့် နည်းပညာ လိုအပ်သည်များကို အချိန်မှီ ဆောင်ရွက်ခဲ့ ကြသည်။ တချိန်တည်းမှာပင် နစက မှ ထုတ်ပြန်လိုက်သည့် “ပြည်သူ့စစ်မှုထမ်း” ဉပဒေ အရရော မိမိသဘောနှင့်တပ်မတော်တွင်းဝင်လာသည့် “တန်းပြည့်စစ်မှုထမ်း” အင်အား ရော ကြောင့် အင်အားဖြည့်တင်းရေးပိုင်းမှာလဲ အချိန်တိုအတွင်း ပြင်ဆင်နိုင်ခဲ့သည်။ ကျူးကျော်သူ ရန်သူများသည် လက်ရှိအချိန်ထိ နောက်ခံ ပထွေးနိုင်ငံ အားကိုး ရှိနေသေးပြီး တပ်မတော်ကို ခေတ္တ အနိုင်ရလိုက်သည့် အောင်ပွဲများကြောင့် နောက်ထပ် သွေးတိုးစမ်းကာ ၁၀၂၇ ဒုတိယလှိုင်းဟုခေါ်သော တိုက်စစ်ကို မကြာသေးမှီက စတင် တိုက်ကွက်ဖော်ပြန်သည်။ ဒီတစ်ခါမှာတော့ တပ်မတော်သည် တပ်မတော်ဖြစ်သည်ဆိုသည့် အကြောင်းကို ပြသနိုင်ခဲ့ချေပြီ။ လားရှိုး ကိုမတိုက်ခင် ရန်သူသည် နောင်ချို၊ ကျောက်မဲ နှင့် မတ္တရာ မြို့ များကို တိုက်သည်။ နောင်ချို့ မှာ တပ်ရင်းအချို့ ဆုတ်ခွာခဲ့ရပေမဲ့ လက်ကျန် တပ်ရင်း ၁ ရင်း အကျအဆုံးများစွာဖြင့်တိုက်ရသည်။ ကျောက်မဲမှာလဲ ရန်သူ ထင်သလောက် ခရီးမပေါက်။ မတ္တရာ တိုက်ပွဲမှာလဲ ရန်သူသည် အပြီးတိုင် သိမ်းပိုက်နိုင်ခြင်းမရှိ။ ရန်သူသည် မိမိတို့ ၏ ထောက်ပို့ လမ်းကြောင်းများကို ပိုင်းဖြတ်နိုင်ရန် တိုက်စစ် ဆင်ခဲ့သော်လည်း အချည်းနှီးဖြစ်နေသောကြောင့် ဟိုင်ဂင်သဘောတူညီချက်ကို ပြောင် ပြောင်တင်းတင်းချိုးဖောက်ကာ လားရှိုးကိုတိုက်ပြန်သည်။ လားရှိုးကို လူအင်အား အလုံးအရင်း၊ Drone ပေါချင်းသောချင်းနှင့် တိုက်ခိုက်ခဲ့သော်လည်း ၅၀၇ တပ်ရင်းကို တစ်ရက်ပြည့်အောင်တောင်မထိန်းနိုင်ခဲ့ပဲ လန်ကျခဲ့သည်။ မနေ့က ၅၀၇ တပ်ရင်းကို နိုင်ငံတော်အလံ ပြန်လွှင့်တင်နိုင်ခြင်းဖြင့် မြန်မာ့တပ်မတော်၏ အောင်ပွဲတွေကို ရမခ မှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
نمایش همه...
👍 62 17
00:49
Video unavailableShow in Telegram
IMG_8676.MP44.09 MB
44👍 16
ရန်သူသည် တရုတ်စက်လက်ဟု ယူဆရသည့် စက်သေနတ်ဖြင့် ထပ်မံ ပစ်ခတ် သဖြင့် သူတို့အားလုံး အကာအကွယ် အမြန်ယူကြရတော့သည်။ “နေရာယူ .. နေရာယူ” မှန်းသမ်း ရမ်းသမ်း ပစ်နေခြင်းလား (ဒါမှမဟုတ်) ချိန်ပစ်တာကိုမကျွမ်းကျင်လို့ မထိတာလားတော့မသိ။ တစ်ဖက်မှ ပစ်ခတ်သည့် စက်သေနတ်ကျည်များကား ဇေရဲ တို့ကို တည့်တည့်မထိမှန်။ မြေကြီးကိုထောက်သည်ကထောက်၊ ကျော်သည်ကကျော် နှင့် “ပတောက် ပတောက် ပတောက် ဖောင်း ဖောင်း ဖောင်း ရွှီး .. အုမ်း .. ဂျိမ်း” ပစ်အားဖြင့် စစ်ကစားတာကား ဒီတစ်ခေါက် မှာ ရန်သူဖြစ်သွားသည်။ ဇေရဲ တို့မှာ ရန်သူ့ ပစ်ခတ်မှုနှုန်းအောက်တွင် လူးလိမ့်နေအောင်ခံနေရသည်။ “ဟေ့ ... MA-4 ပစ်ကွာ ပစ် မင်း မှောက်လျက်နှင့် တစ်လုံးပစ်” အိမ်အောက်တွင် အကာအကွယ်ယူနေရသည်မို့ ဇေရဲ တို့အတွက် ကျည်ကွယ် မျက်ကွယ်ကား အရမ်းကြီးမကောင်း။ ဒါကြောင့် စစ်သည်တွေမှာ ကျားသစ်ချောင်း မှောက်လျက်အနေအထားနှင့်ဖြစ်နေကြသည်။ “ဟုတ် .. ဗိုလ်ကြီး ခဏလေး ... ကျွန်တော် ရှေ့တက်ခဲ့မယ်” အမိန့်ကိုနာခံသည့် စစ်သားကောင်းတွေပီပီ MA-4 စစ်သည် မှာ ရှေ့ကို ထိုးတက်လာသည်။ “ပတောက် ပတောက် ပတောက် အား ....” MA-4 စစ်သည် သက်ဇော် ရန်သူ ပစ်ခတ်လိုက်သော ကျည်ဆန် ထိမှန်ပြီး လဲကျသည်။ “ဟာ .. သက်ဇော် အာ ကွာ ....” သူ့ကိုထိမှန်သည်ကို မြင်ပြီး သူ့နောက်မှ စစ်သည် တပ်သားအောင်ကျော် တက်ဆွဲသည်။ “ပတောက် ပတောက် ပတောက် ဖောင်း ဖောင်း ဖောင်း” ရန်သူ့ပစ်ခတ်မှုကား ခုမှပဲ တိကျနေတာလား ဘာလားမသိ။ တက်ဆွဲသည့် တပ်သားအောင်ကျော် ပါထပ်မှန်ထိမှန်သည်။ ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။ ဆက်ရန်မျှော် မင်းထက်ကျော်ဇော (စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)
نمایش همه...
👍 144 37
နေလို မီးလို (အတွဲ-၁) အပိုင်း(၄၇) ဆရာသမားကား ပြေးတာတောင် ရိုးရိုးမပြေး။ အော်ပြီးပြေးသဖြင့် ဇေရဲ ဒေါသ ထွက်ကာ ပစ်မိန့်စပေးသည်။ “ဟေ့ .. ပစ် ပစ် မအေဘေး .... ဖောင်း .. ပတောက် ပတောက် ဒိုင်း ဒိုင်း ဒိုင်း” မူလပထမ မှန်းဆထားသည့် အခြေအနေအတိုင်းမဖြစ်ဘဲ ရုတ်တရက်ကြီး ပြောင်းလဲသွားသဖြင့် ဖြစ်လာသည့် နှင့်အညီ လိုက်လျောညီထွေကဖို့ ဆောင်ရွက် ရတော့သည်။ ထိန်းသိမ်းထားသည်ကို ထွက်ပြေးသည့် သကောင့်သားလဲ ဇေရဲ လက်ချက်နှင့် ထိမှန်လဲကျသွားသည်။ “ဖောင်း ဖောင်း ဖောင်း ပတောက် ပတောက် ပတောက် ဟေ့ .. ပစ်ကွာ ပစ် ခုလက်နက်ငယ်ပစ်နေတဲ့နေရာကို” ရန်သူ ကား လက်နက်ငယ်တွေချည်းကိုင်ဆောင်သူမို့ ဇေရဲ တို့နှင့် ပစ်ခတ်မှု တွင် လက်နက်ငယ်အားကြီးစိုးထားနိုင်သည်။ ဒါကြောင့် ဒီလိုဖြစ်နေတာကို ပြောင်းပြန်လှန် နိုင်ဖို့ ၆၀ သမားနှင့် MA-4 သမားတို့ကို အနှီနေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခိုင်း သည်။ “ဝှီး ... အုမ်း .. ဂျိမ်း အုမ်း .. ဂျိမ်း ... ဖောင်း ပတောက် ပတောက် ပတောက် ဒက် ဒက် ဒက် ဒက် ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း” ပစ်အားနှင့် ခုနိုမ်လိုက်သည့် ဇေရဲ တို့ ဆောင်ရွက်ချက်ကြောင့်ထင်သည်။ တစ်ဖက်မှ လက်နက်ငယ်ပစ်ခတ်မှု ငြိမ်ကျသွားသည်။ “ဆရာကြီးစည်သူ အဲ့ကောင်တွေ အခြေအနေ” မျက်မြင်လှမ်းကြည့်လို့မရသဖြင့် ဇေရဲ Drone အကူအညီကိုတောင်းသည်။ “ဟုတ် .. ဗိုလ်ကြီး ဒီကောင်တွေ ဟိုးနောက်က အိမ်နောက်ကို ရွေ့သွားပြီ ကျွန်တော့် Drone လဲမရတော့ဘူး ပြန်ဆင်းမှရတော့မယ်” တပ်ကြပ်ကြီး/စာရေး စည်သူ ၏ ပြန်လည်တင်ပြသံအဆုံး ဇေရဲ သက်ပြင်းရှည် မှုတ်ထုတ်ရင်း ဆက်လုပ်စေသည်။ “ဟာ .. ဟုတ်ဟုတ် ဒါဆို ပြန်ဆင်းတော့ ဟေ့ ... ပစ်ကွာ ထပ်ပစ် နောက်ကို နည်းနည်း ထပ်ဆုတ်ပြီး တစ်ယောက်ကို ၁ လုံးထပ်ပစ်” နောက်သို့ ဆုတ်ခွာသွားသော ရန်သူကို နောက်တစ်ခေါက် ရှေ့ဆက်တိုး မလာစေရန် ရည်ရွယ်ပြီး ပစ်ခတ်စေပြန်သည်။ “ဟုတ် .. ဗိုလ်ကြီး ရွှီး .. အုမ်း .. ဂျိမ်း ဝှီး .. အုမ်း .. ဂျိမ်း ဖောင်း .. ဂျိမ်း ... ဂျိမ်း” အမိန့်ပေးသူနှင့် အမိန့်နာခံသူတို့အကြား ဟာကွက်မရှိ ကြာမြင့်ချိန်မရှိ အချိတ် အဆက်မိမိ ဆောင်ရွက်ခြင်းဖြင့် ရန်သူ့ တိုက်စစ်ဦးကို စကျိုးစေသည်။ “ဇေယျ မှ ထွန်းထွန်း ဇေယျ မှ ထွန်းထွန်း ထွန်းထွန်း တို့ အောင်ခိုင်အောင်နိုင်” ရန်သူ သည် စစ်နံနှစ်ဖက်ညှပ်နေပြီမို့ အရာခံဗိုလ်ထွန်းထွန်း တို့ကို ခံတိုက် တော့ မှာမဟုတ်လို့တော့ သုံးသပ်ထားမိသည်။ “ရထား .. ဗေဒါကမာ ထွန်းထွန်းတို့ဆီက ခွေးအ စဆုတ်ပြီ ခွေးအ စဆုတ်ပြီ ဇေယျ တို့ဘက်ကို သွားတယ် ရထားဖြစ်လား ....” ဂိတ်မှာ ရန်သူ စတင်ဆုတ်ခွာနေပြီဆိုတာ သတင်းပို့သဖြင့် ဇေယျ ရဲ့ သုံးသပ် ချက်အတိုင်းတော့ ဖြစ်လာချေပြီ။ ဘာဆက်လုပ်ရမလဲဆိုတာကား သူ့ ရဲ့ ဆုံးဖြတ်ချက် ပဲရှိတော့သည်။ “ရထား ... ထွန်းထွန်း ဂိတ်ကို တက်နေရာယူ ရှင်းလင်းပြီး ရွာထဲ အဲ့လမ်းအတိုင်းဝင်ခဲ့” တဆက်တည်းမှာပင် ဇေရဲ ရွာ၏ xx ဘက်တွင်ထားခဲ့သည့် ရဲအုပ်မျိုးဆွေ တို့ အဖွဲ့ကိုလည်း ရွာထဲကို ဝင်လာရန်အမိန့်ထပ်ပေးသည်။ “ဇေယျ မှ မျိုးဆွေ ဇေယျ မှ မျိုးဆွေ မျိုးဆွေ တို့အဖွဲ့ .. ခုလေးလုံးပဲ လက်ရှိအုတ်ခဲပုံထားတဲ့နေရာက လမ်းကြောင်းအတိုင်း ရွာထဲဝင်မယ် .. ရွာထဲဝင်မယ် ရထားဖြစ်လား ....” တပ်စုတွေအားလုံး ရွာမှာ ပြန်လည်ပေါင်းစည်း ဖို့ ညွှန်ကြားပြီးပြီဖြစ်သဖြင့် ဇေရဲ တို့ လက်ရှိရောက်နေသည့်နေရာမှ ရန်သူတွေကို အပြီးသတ် ချေမှုန်းဖို့သာ စီမံရတော့ သည်။ “ဟေ့ ... လာလာ ဆရာကြီးစည်သူ ... တက်မယ် ကျွန်တော့်နောက်လိုက်ခဲ့” ပြောလဲပြော ကိုယ်တိုင်လဲ ရှေ့မှ ပြေးတက်သဖြင့် တပ်ကြပ်ကြီး/စာရေး စည်သူ တို့မှာ ပြေးလိုက်ကြရတော့သည်။ ရန်သူ့ ကို ကြိုတင်ထောက်လှမ်းရန် Drone ကလဲ သုံးမရတော့သဖြင့် လူကိုယ်တိုင် ထွက်ရှင်းခြင်းသာ ရှိတော့သည်။ “ဗိုလ်ကြီး .. အရမ်းအရဲမကိုးပါနဲ့ ခဏစောင့် ... ကျွန်တော်တို့ကို ဟေ့ .. တပည့်ကျော်တွေ မင်းတို့ဗိုလ်ကြီးနား ကပ်ထား” တပ်စုတပ်ကြပ်ကြီးပီပီ သူ့အထက်အရာရှိကို စိတ်ပူရှာသည်။ “ပတောက် ပတောက် ပတောက် ဖောင်း . ဖောင်း .. ဖောင်း ရွှီး ... အုမ်း” အပြေးတက်နှင့်လိုက်သွားသည့် ဇေရဲ တို့အဖွဲ့ ရန်သူ၏ လက်နက်ငယ်နှင့် RPG များဖြင့် ပစ်ခတ်ခြင်းမှ သီသီလေးလွတ်သွားသည်။ ဂိတ်မှ ဆုတ်ခွာသော ရန်သူနှင့် အသုဘ အိမ်မှာ ရှိသည့် ရန်သူတို့ ပူးပေါင်းမိသွားပြီး ရွာတွင်းထဲ ပြန်ဝင်လာချိန်တွင် ဇေရဲ တို့ လူစုကို မြင်ပြီး ပစ်ခတ်ခြင်းဖြစ်သည်။ ကံကောင်းပြီး ခြေတစ်လှမ်း နောက်ကျ နေလို့သာ အားလုံး ထိမှန်ကျဆုံးခြင်းမရှိခဲ့။ “ဟာ .. RPG တွေ ဟေ့ .. နေရာယူ နေရာယူ” လက်လုပ်သေနတ်နှင့် KA တို့သာ ကိုင်တွယ်သည်ဟု အများအားဖြင့် သတ်မှတ် သော ရန်သူ့ထံမှ RPG ပစ်ခတ်ခြင်းကို ကြုံလိုက်ရချိန်မှာတော့ အံ့အားသင့်သွားမိသည်။ “ဒက် ဒက် ဒက် ဒက်”
نمایش همه...
👍 60 10
Photo unavailableShow in Telegram
👍 36 10
စစ်ကြောရေးလုပ်သူကလုပ်နေချိန်တွင် ဇေရဲ ကတော့ ပစ်ကူအမြန်ဆုံး ပေးနိုင် ရေးသာ ဦးစားပေးသည်။ “ဟုတ် .... ဝှီး .. အုမ်း .. ဂျိမ်း ဖောင်း .. ဂျိမ်း” ၆၀ သမား နှင့် MA-4 သမားတွေကတော့ ပြတ်သည်။ ပစ်ဆိုသည့် အမိန့် ရသည် နှင့် ပစ်သည်။ ဘာကိုမျှ မတွေး။ “ဗိုလ်ကြီး .. စပျံပြီ” စစ်သည် တစ်ဦးနှင့် အရပ်သားကို လွှဲခဲ့ပေးပြီးသကာလ တပ်ကြပ်ကြီး/စာရေး စည်သူ Drone ကို စလွှတ်ပြန်သည်။ “Battery နည်းနေပြီ .. ဗိုလ်ကြီး ဒီတစ်ခေါက်ပျံပြီးရင် ထပ်ပျံမရတော့ဘူး အားသွင်းမှရတော့မယ်” Drone နှင့်ပတ်သတ်သည့် ကန့်သတ်ချက်တစ်ခုရှိလာသဖြင့် ဇေရဲ တိုက်ပွဲ ကို အမြန်ဆုံး အဆုံးသတ်ဖို့လိုသည်လို့ သိလိုက်ရသည်။ “ဒီမှာ .. ဗိုလ်ကြီး ခုနက အိမ် ရန်သူ ရှိတယ် ဟာ .. ဒီဘက်လာနေပြီ” Drone ပျံတက်သွားသည့် အချိန်နှင့် ရန်သူ ဇေရဲ တို့ဘက်ကို နောက်ကြောင်း ပြန်လှည့်လာသည့်အချိန် ကွက်တိကျသွားသဖြင့် ကံကောင်းသွားသည်။ ဇေရဲ လက်နက်ကြီးသမားတွေကို အမြန် နေရာယူခိုင်းလိုက်ရသည်။ “ဟေ့ .. ၆၀ နဲ့ MA-4 သမား နေရာယူ နေရာယူ လုပ် .. ဆရာကြီးစည်သူ အကာအကွယ်ယူပြီး ခင်ဗျား Drone အဲ့ကောင်တွေနောက် လိုက်ကြည့်” ဇေရဲ ကိုယ်တိုင်လဲ လက်နက်ငယ် အသင့်အနေအထားနှင့်အတူ အကာအကွယ် ယူရင်း ရန်သူ လာရာဆီသို့ ထိုးချိန်လိုက်သည်။ တပ်ကြပ်ကြီး/စာရေး စည်သူ ကိုလဲ နေရာယူခိုင်းလိုက်သည်။ “ဟေ့ .. သေနတ်သမားတစ်ယောက် ဒီကိုလာ ....” လက်နက်ကြီးသမားတွေနှင့် ခုခံလို့မရသဖြင့် ဇေရဲ စုရုံးမှပါလာသည့် စစ်သည် ၂ ဦး ထဲမှ ၁ ဦး ကို အနားခေါ်လိုက်သည်။ “လာ .. ဒီနားကစောင့်” နေရာအမြန်ယူနေစဉ် တပ်ကြပ်ကြီး/စာရေးစည်သူ မှာလဲ ရန်သူ့ လှုပ်ရှားမှု တွေကို သေချာစွာ လိုက်လံကြည့်ရှုပြီး စဉ်ဆက်မပြတ် သတင်းပို့သည်။ “ဗိုလ်ကြီး .. ရောက်တော့မယ် ကျွန်တော်တို့ရဲ့ xxx ဒီဂရီမှာ ၆ ယောက်လာနေပြီ” ကြိုတင် သတင်းရရှိမှုကား ဇေရဲ တို့အတွက် တအားပင်။ “ဟေ့ .. ဟိုးနေရာကိုချိန်ထား” အားလုံးမှာ ငြိမ်သက်ရင်း ရန်သူ အလာကို စောင့်ဆိုင်းလိုက်သည်။ အသက်ရှုသံ တွေ ရပ်တန့်ပြီး အတတ်နိုင်ဆုံး စိတ်ငြိမ်စွာနှင့် သေနတ်မောင်းခလုတ်ကို ဖြုတ်ဖို့ အသင့်ပြင်ထားလိုက်သည်။ “ဟေ့ .. ဟေ့ ဟာ .. ဟိုကောင်” ရန်သူ သတ်ကွင်းထဲဝင်လာသည့်အချိန်တွင် စောစောက လက်မြှောက်ပြီး မှောက်ခိုင်းထားသည့် အမျိုးသား က ထပြေးသည်။ “ဒီမှာ စကစ တွေရှိတယ် မလာနဲ့ .. မလာနဲ့” ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။ ဆက်ရန်မျှော် မင်းထက်ကျော်ဇော (စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)
نمایش همه...
👍 144 39
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.