fa
Feedback
သရဲဝတ္ထုများ စုစည်းမှု

သရဲဝတ္ထုများ စုစည်းမှု

رفتن به کانال در Telegram

ဒိ Channel သည် စာပေ Channel ဖြစ်ပါသည် စာဖက်သူများအဆင်ပြေရန် သရဲဝတ္ထု Fb pageများမှပြန်လည်ကူယူဖော်ပြခြင်းဖစ်ပါသည် https://t.me/+NgHe25itKDZkNjFl

نمایش بیشتر
2 902
مشترکین
اطلاعاتی وجود ندارد24 ساعت
-207 روز
-10730 روز
آرشیو پست ها
◾အောက်လမ်းဘိုးထင် နှင့် ကလေးထိန်း (၁၅၀) ◾အခန်း (၁) ပေပင်ရွာလေးရှိ ရွာသူရွာသားများသည် ရွာအစွန်တွင်နေထိုင်သည့် ဘိုးထင်၏အိမ်ဝိုင်းထဲသို့ ဝင်ချည်ထွက်ချည်ဖြင့်သွားလာနေကြသည်။သူတို့၏လက်ထဲတွင် အုပ်လေးများ၊ပန်းကန်လုံးများကိုင်ထားကြပြီး ဘိုးထင်တို့သုံးယောက်အားကျေးဇူးတင်လွန်းသဖြင့် စားကောင်း သောက်ဖွယ်ရာများလာရောက်ပို့ဆောင်ပေးကြခြင်းဖြစ်သည်။သာအေးနှင့် ပေတူးသည်ကား ရွာသားများယူလာသည့် အစားအသောက်များထည့်လာသော အုပ် အစရှိသည့် ပန်းကန်ခွက်ယောက်များအားဒိုင်ခံလဲလှယ်ပေးနေသည့်အပြင် အစား‌အ‌သောက်လာပို့သူများ တားသည့်ကြားမှ ပန်းကန်ခွက်‌ယောက်များအား ဆေး‌ကြောသန့်စင်‌ပေးလေသည်။ "သာအေး ပေတူး ပန်းကန်မဆေးနဲ့ ရတယ် ရတယ်" "ဘယ်ဟုတ်ပါ့မလဲ ကြီးတော်ရာ တကူးတကလာပို့တာပဲ ပြန်ဆေးပေးရမှာပေါ့" "မင်းတို့ကြိုက်တဲ့အစားအသောက်တွေချည်းပဲချက်ထားတယ်နော် အားရပါးရစားကြ ကြားလား ကြီးတော်မြေးလေးကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ်ကွယ်" "ကျေးဇူးတင်ဖို့မလိုပါဘူးဗျာ ကျုပ်တို့တွေဆိုတာ တရွားတည်းနေကြတဲ့သူတွေ မဟုတ်လား" သာအေးနှင့် ပေတူးတို့သည် အစားအသောက်များလာရောက်ပို့ဆောင်ပေးသူများနှင့် အာလာပသလာပပြောဆိုနေချိန် ဖိုးထွေး၊သာရ၊ပေါက်တူးနှင့် ချိုးသိန်းတို့မှာဖြင့် ထန်းဖြင့်ပြုလုပ်ထားသောပက်လက်ကုလားထိုင်ပေါ်ထိုင်နေသည့် ဘိုးထင်အနီးတွင်ထိုင်ကာ ရွာသားများလာပို့ပေးထားသည့်အစားအသောက်များအားလွေးနေကြသည်။သာအေးနှင့် ပေတူးတို့သည် ရွာမှလူများရှင်းသွားသည့်အချိန်တွင် သူတို့အဖွဲ့အားလှမ်းကြည့်လိုက် ကာ တီးတိုးစကားဆိုလာလေသည် ။ "သာအေး ကိုဖိုးထွေးတို့ကိုခေါ်တာ ငါးပါးများမှောက်ပြီလားမသိပါဘူး" "ဘာဖြစ်လို့လဲ ပေတူးရ" "ဘာဖြစ်ရမှာလဲကွာ မင်း ကြည့်ပါလား ဘိုးထင်စားဖို့ဆိုပြီး စားပွဲနဲ့စားစရာတွေချထားပေးတာမလား ဘိုးထင်ဆိုတဲကောင်က တတို့မှမတို့ရသေးဘူး ဟိုလူတွေကပါးဖြဲနားဖြဲစားနေတာ" "ဟုတ်တယ် ငါတို့ကတော့လာပို့တဲ့သူတွေရဲ့အုပ်လေးတွေ ပန်းကန်လေးတွေ လှယ်ပေး၊ဆေးပေးနဲ့ သူတို့က တော့ဘိုးထင်နားကပ်ပြီးဇိမ်ကျနေတာ တကယ့်လူတွေ" သာအေးနှင့် ပေတူးနည်းတူ ဘိုးထင်သည်လည်း သူ့အနားတွင်ထိုင်ပြီး စားပွဲခုံဝိုင်းကြီး‌ပေါ်မှအမျိုးစုံလှသောစားစရာများအားလွေးနေသူ ဖိုး‌ထွေးတို့လေးယောက်အားသိပ်မကြည်လှပေ။စိတ်ကဝေမကြီးနှိပ်စက်ထား သည့်ဒဏ်ရာများကြောင့် မစားနိုင်မသောက်နိုင်ဖြစ်နေချိန် ဖိုးထွေး၊သာရ၊ပေါက်တူးနှင့် ဂျိုးသိန်းတို့သည် သူ့နံဘေးတွင်ထိုင်ကာ စားစရာများကိုပြပြီး အားရပါးရစား‌သောက်ပြနေခြင်းကြောင့်ပင်ဖြစ်သည်။ "ဘိုးထင် မင်းဒီကြက်ကြော်လေးဝါးကြည့်ပါလား" "ကိုပေါက်တူးကလည်းဗျာ ခင်ဗျားကောင်ဘိုးထင်ကပါးတွေနားတွေယောင်ကိုင်းနေတာ ဘယ်လိုလုပ်စားနိုင်မှာလဲ ဆန်ပြုတ်လေးပဲသောက်ပါစေလား သာရရေ ဘိုးထင်သောက်မဲ့ဆန်ပြုတ်ထဲကကြက်သားဖတ်လေးတွေဖယ်‌ပေးလိုက်ဦးနော် ဝါးမိရင် နာနေမှာစိုးလို့" "အေး ဟုတ်တယ် ဒီကောင်ကိုအစာမာမာကျွေးလို့မရဘူး ဆန်ပြုတ်သီးသန့်လေးပဲကျွေးရမှာ ငါ့ညီသာရ ဖိုးထွေးပြောတဲ့အတိုင်းကိုသေချာလုပ်နော် ကြက်သားတွေကနည်းနည်းမာတယ်ကွ" ဖိုးထွေးနှင့် ပေါက်တူးပြောသည့်အတိုင်းပင် ဆန်ပြုတ်ထဲမှ ကြက်သားဖတ်များကိုရွေးပြီးစားနေသည့် သာရနှင့် ဂျိုးသိန်းတို့ကြောင့် ဘိုးထင်မှ မကျေမနပ်ဖြင့်ကြည့်ကာ "ဟေ့လူနှစ်ယောက် ဆန်ပြုတ်ထဲထည့်ပြုတ်တဲ့ကြက်သားတော့ ကျုပ်စားပါရစေဦးဗျာ ခင်ဗျားတို့တွေ တော်တော်တရားလွန်နေပြီ" "ဟိတ်ကောင်ဘိုးထင် မင်းဆိုတဲ့ကောင်က ငါတို့ကိုမကောင်းမြင်နေတာပဲ မင်းအကို‌တွေက မင်းအကျိုးပျက်စီးမဲ့အလုပ်ကိုလုပ်ပါ့မလားကွာ စဉ်းစား စဉ်းစား" သာရထိုသို့ပြောလိုက်ချိန် ချိုးသိန်းသည်လည်း ဆန်ပြုတ်ထဲမှ ကြက်သားဖတ်ကြီးကြီးတဖတ်အားဇွန်းနဲ့ခပ်ဆယ်လိုက်ရင်း "တွေ့လား ဒီလိုကြက်သားဖတ်ကြီးတွေဆိုသိပ်ကြီးတယ် မင်းလိုလူမမာတယောက်က အခုလိုနည်းနည်းမာတဲ့အစားအစာတွေကိုမစားသင့်ဘူးလေကွာ ဆန်ပြုတ်နဲ့ပဲအသင့်ဆုံး" "ဟေ့လူ တော် တော် ပေး ပေး ကျုပ်ဆန်ပြုတ်" ဘိုးထင်တယောက်မ‌ကျေမနပ်နှင့် ဆန်ပြုတ်ပန်းကန်ကိုယူကာသောက်လိုက်လေသည်။များမကြာ‌သောအချိန်တွင်တော့ သာအေးနှင့် ပေတူးတို့ရောက်ရှိလာပြီး ကျွန်းစားပွဲဝိုင်းကြီးအားကြည့်ကာ စားပွဲဝိုင်းအားတလှည့် ဖိုး ထွေးတို့လေးယောက်အားတလှည့်မယုံကြည်နိုင်ဟန်ဖြင့်ကြည့်နေကြသည်။အကင်းပါးသောပေါက်တူးသည် မျက်နှာပိုးသတ်လိုက်ကာ "ဟေ့ကောင်တွေ မင်းတို့အဲလိုကြီးတော့လာမကြည့်ကြနဲ့လေကွာ ငါတို့က ငါတို့အိမ်မှာလည်းစားနိုင်သောက် ‌နိုင်‌တဲ့ကောင်တွေပါ မင်းတို့ အဲ့လိုမကြည့်နဲ့" "ဟုတ်ပါတယ် ဟုတ်ပါတယ် ခင်ဗျားတို့ကသူဌေးတွေပါ ခင်ဗျားတို့ကို ကျုပ်တို့ ဘာပြောနေလို့လဲ ဒါနဲ့ ဒီနားကကြက်‌ကောင်‌လုံး‌ကြော်လေးဘယ်ရောက်သွားတာလဲ" "အဲ့တာလား အဲ့တာကလေကွာ ဘိုထင်ကိုဖဲ့ဖဲ့ကျွေးရင်းကုန်သွားတာ" ပေါက်တူးထိုသို့ပြောလာသည့်အခါ ဆန်ပြုတ်သောက်နေသည့် ဘိုးထင်တယောက် ပေါက်တူးကိုမျက်လုံးပြူးကြည့်လာပြီး မကျေမနပ်ဖြင့်စကားဆိုလေသည်။ "ဟေ့လူ ခင်ဗျားဘာတွေ‌ပြောနေတာလဲ ခင်ဗျားတို့ပဲစားပစ်တာလေ ဘာလို့ကျုပ်ကိုဖဲ့ကျွေးတယ်ပြောရတာလဲ"

ကြည့်မိလိုက်တော့ ဝေလီဝေလင်းဖြစ်နေပြီဖြစ်တဲ့ အာရုံကျင်းအလင်းရောင်အောက်မှာ သူ့လက်ဆီမှာ စွန်းထင်းနေတဲ့ အစိမ်းရောင် သွေးစ'တို့...။ ဒါက ငထွန်းဆီက အန်ထွ​က်လာတဲ့ သွေးတွေ၊ သူ့လက်ကို စွန်းထင်းခဲ့တာပါ။ အခုနော့ ဒီစွန်းထင်းနေတဲ့ အစိမ်းရောင် သွေးတွေက သူတို့ ကြုံခဲ့ရတဲ့ အဂ္ဂမုခကြီးနဲ့ အဖြစ်အပျက်ဟာ အစစ်အမှန်ဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေဖြစ်ခဲ့ပါပြီ...။ ငထွားအနေနဲ့ကတော့ လက်ရှိအချိန်မှာ...။ ငထွန်းတို့သားအဖအတွက် ဝမ်းမြောက်နေမိရင်းက တစ်ဖက်မှာ ထောင်မှူးကြီးလှဦးနဲ့ ငနက်၊ ညိုကြီးတို့ကို အဖြစ်အပျက်အလုံးစုံကို ရှင်းပြပေးဖို့ကလွဲပြီး အခြားလုပ်ဆောင်စရာ ရှိမနေတော့ပါ...။ ပြီးပါပြီ...။

အလွန်မှကို ကြီးမားလွန်းတဲ့ မြွေနဂါးကြီးနှစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် အသူရာတစ်မျှ နက်ရှိုင်းလှတဲ့ ချောက်နက်ကြီးအတွင်းဆီမှာ ကမ္ဘာပျက်သလိုပဲ ဖြစ်နေရတယ်။ ငထွားတို့လူစုလည်း ဒီတိုက်ပွဲဆီကို ကြားဝင် မပါနိုင်ပါ။ ဒီတော့ ဘေးလွတ်ရာကို ရွှေ့ကြပြီး ကြည့်နေမိကြရုံကလွဲပြီး ဘာမှမလုပ်တတ်ကြပြီ။ တိုက်ပွဲကတော့ အလွန်ကို ပြင်းထန်လွန်းနေပါတယ်။ မြွေနဂါးကြီးနှစ်ကောင် တစ်ကောင်နဲ့တစ်ကောင် ရစ်ပတ်လုံးထွေးပြီး အားပြိုင်ကြတယ်။ မီးတောက်တွေလို အခိုးအငွေ့တွေလို အရာတွေကို မှုတ်ထုတ်ရင်ဆိုင်ကြတယ်။ ပြောရရင် ဒိအခြေအနေမျိုးဟာ ဒဏ္ဍာရီလာမြွေနဂါးကြီးတွေ တိုက်ထိုက်နေကြရာလို ဖြစ်နေပါတယ်။ ငထွားတို့အနေနဲ့လည်း မျက်ဝါးထင်ထင်မို့သာ ယုံကြည်ရတဲ့ သဘောလို ဖြစ်နေရပါတယ်။ " အစ်ကိုထွား...အဲ့ဒါ ကျုပ် ကျုပ် အဖေမဟုတ်လား...'' ငထွန်းက အားတင်းထူထရင်း ငထွားကို မေးတယ်။ " ဟုတ်တယ် အဲ့ဒါ မင်းအဖေ အဂ္ဂမုခကြီးပဲ...'' " ကျုပ်...ကျုပ် အဖေ့ကို သွားကူမယ်...'' ငထွန်းက သွားကူဖို့ ပြင်တယ်။ ဒါပေမယ့် ငထွားက လှမ်းဆွဲလိုက်ပြီး...။ " မင်းကူဖို့ မလိုတော့ဘူး။ မင်းအဖေက တိုက်ပွဲကို နိုင်နေပြီ...'' ဟုတ်ပါတယ်။ တိုက်ပွဲဆီမှာ အဂ္ဂမုခမြွေနဂါးကြီးက တစ်ဖက်က မြွေနဂါးကြီးကို လိမ်ဖျစ်ထားပြီး ပါးစပ်အတွင်းကို အဆိပ်ရည်တွေ မီးတွေ အကြိမ်​ကြိမ်မှုတ်ထုတ်လို့ အသာစီးရနေခဲ့ပါပြီ။ မကြာပါ...။ ကြည့်နေကြတုန်းမှာပဲ အဂ္ဂမုခကြီးရဲ့ ခန္ဓာကိုယ်နဲ့ လိမ်ကျစ်ခံထားရပြီဖြစ်တဲ့ တစ်ဖက်က မြွေနဂါးကြီးဟာ ရှုံးနိမ့်သွားခဲ့ရပါပြီ။ အဂ္ဂမုခကြီးရဲ့ ရစ်ပတ်ထားမှုကနေ နဂါးဆိုးကြီးဟာ ပျော့ခွေလို့ အရုပ်ကြိုးပြတ်ပဲ မြေပြင်ဆီကို ပြုတ်ကျရပါလေတယ်။ ငထွားတို့အတွက်တော့ ဒါက ကံကောင်းတာလား ကံဆိုးတာလားတော့ မသိ။ နဂါးဆိုးကြီးက ဇီဝိန်ချုပ်ပြီး ပြုတ်ကျလာတယ်ဆိုပေမယ့် ဦးခေါင်းကြီးကျလာရာက ငထွားတို့ရှိရာ တည့်တည့်ဆီကို ဖြစ်နေလေတယ်။ " ရှောင်ဟေ့...ရှောင်ကြ...'' ရုန်းရင်းဆန်ခတ် ဟစ်အော်ကြရင်း ရှောင်ကြတိမ်းကြတယ်။ ငထွားက သူ့အနားက ဒဏ်ရာအပြင်းအထန်ရထားတဲ့ ငထွန်းကို ဆွဲကိုင်ပြီး ခုန်ထွက်လိုက်တယ်။ ဒိအချိန်မှာပဲ နဂါးဆိုးကြီးရဲ့ ခေါင်းကြီးက အရှန်ပြင်းစွာနဲ့ မြေပြင်ဆီကို ပြုတ်ကျထိခတ်လာပါပြီ။ " ဝုန်း.......'' ငထွားတို့ နောက်ဆုံးကြားလိုက်ရတဲ့ အသံ...။ ဒိအသံအဆုံးမှာတော့ ငထွား၊ ထောင်မှူးကြီးလှဦး၊ ငနက်နဲ့ ညိုကြီးတို့ဟာ ဘာကိုဘာမှ မသိနိုင်တော့လောက်အောင်ပဲ လွင့်စင်ပေါ့ပါးသွားခဲ့ကြရပါတော့တယ်။ ***** အချိန်ဘယ်လောက်တောင် ​ကြာသွားခဲ့တယ် မသိ။ အသိစိတ်တို့နဲ့ ခန္ဓာပြန်လည်ကပ်ငြိချိန် ငထွား ကောက်ခနဲ ထထိုင်လိုက်မိပါတယ်။ ငထွားနည်းတူပဲ နံဘေးဆီက ထောင်မှူးကြီးလှဦးနဲ့ ညိုကြီးတို့နှစ်ယောက်လည်း တပြိုင်နက်ထဲ ထထိုင်လာကြတယ်။ " ထောင်မှူး၊ ငနက်နဲ့ ညိုကြီးတို့ ဘာမှမဖြစ်ကြဘူး မဟုတ်လား...'' " ကျုပ်တို့ ဘာမှမဖြစ်ဘူး။ ကိုထွားကော...'' " ကျုပ်လည်း ဘာမှမဖြစ်ဘူး...ဟင်...'' ထောင်မှူးကြီးလှဦးကို စကားပြန်ဖြေရင်း ပတ်ဝန်းကျင်ကို သတိထားမိလိုက်တဲ့ ငထွားတစ်ယောက် အလွန်အမင်းပဲ အံ့သြသွားရတယ်။ သူတို့ရောက်နေတဲ့ နေရာက အခုနက အသူရာတစ်မျှ နက်ရှိုင်းလွန်းနေပြီး ကျောက်ဖြစ်နေတဲ့ မြွေကြီးတွေ နဂါးတွေ ရှိနေရာ ချောက်နက်ကြီးထဲမှာ မဟုတ်တော့ဘူး။ သူတို့လက်ရှိ ရောက်နေတဲ့နေရာက ညတုန်းက စခန်းချခဲ့တဲ့ ကျောက်တုံးကြီးအနားမှာ ဖြစ်နေတယ်။ " ဘယ်လိုဖြစ်ပြီး ဒီကို ပြန်ရောက်နေတာလဲ...'' ငထွားရဲ့ ရေရွတ်မှုကြောင့် ကျန်သူတို့လည်း ပတ်ဝန်းကျင်ကို သတိထားမိကုန်ကြတယ်။ အချိန်ကလည်း ဝေလီဝေလင်းတောင် ဖြစ်နေပြီ။ " ဟာ...ဟုတ်သား။ ဘယ်လိုများ ပြန်ရောက်နေတာလဲ...'' " ဟုတ်ပါ့...ထူးဆန်းလိုက်တာ...'' အကုန်လုံးဆီက အာမေဋိတ်သံတွေ စီညံထွက်ပေါ်လာတယ်။ " ငထွန်းကော...'' ငထွားရေရွတ်ရင်း ငထွန်းကို ရှာဖွေလိုက်တယ်။ " ဟုတ်တယ် ငထွန်း ဘယ်ရောက်သွားလဲ...'' ကျန်သူတွေလည်း ငထွန်းကို ရှာဖွေကြတယ်။ ဒါပေမယ့် အနီးအနားမှာ ငထွန်းရဲ့ အရိပ်အယောင် အငွေ့အသက်တောင် ရှိမနေတော့ဘူး။ " ဘယ်လိုဖြစ်တာလဲ...'' " ဟုတ်ပါ့...ဘာကိုမှ နားမလည်နိုင်တော့ဘူး...'' ထောင်မှူးကြီးလှဦးနဲ့ ငနက်တို့က ရေရွတ်ကြတယ်။ ညိုကြီးကတော့ ငထွားကို လှမ်းကြည့်နေတယ်။ ငထွားလည်း အခြေအနေအရပ်ရပ်အတွက်ကို နားလည်မိလိုက်ပါပြီ။ သူတို့ အဂ္ဂမုခကြီးရှိရာ ချောက်ကြီးဆီကို ငထွန်းနဲ့အတူ ဆင်းခဲ့ကြတယ်။ အထဲမှာ နဂါးဆိုးကြီးရဲ့ အန္တရာယ်နဲ့ ကြုံတယ်။ နောက်တော့ အဂ္ဂမုခကြီးက အသက်ပြန်ဝင်လာပြီး ငထွန်းနဲ့ သူတို့ဘက်ကနေ နဂါးဆိုးကြီးကို တိုက်ခိုက်တယ်။ နဂါးဆိုးကြီးကို အနိုင်ယူပြီးနောက်မှာတော့ အဂ္ဂမုခကြီးက သားဖြစ်သူ ငထွန်းကို ခေါ်ထားပြီး သူတို့ကိုတော့ သူ့ရဲ့ ကမ္မဇိဒ္ဓိကို အသုံးချပြီး သူတို့ကို ပြန်ပို့ခဲ့တာပါပဲ။ ငထွား ပြုံးလိုက်မိပါတယ်။ ဘယ်လိုဖြစ်ဖြစ် သူတို့အနေနဲ့ ငထွန်းရဲ့ ကိစ္စကို ဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်သလို ထပ်ဆင့်ကျေနပ်စရာအဖြစ် သားအဖချင်းလည်း ပြန်ဆုံတွေ့စေခဲ့ပြီ မဟုတ်လား။ စဥ်းစားရင်း လက်ဆီက စိုထန်းထန်း အသိကို ငထွားရမိလိုက်တယ်။

ထင်မှတ်မထားတဲ့အတွက် ငထွန်း မရှောင်နိုင်ပါ။ အမြှီးရိုက်ချက်ကြောင့် ငထွားတို့ဘက်ကို လွင့်စင်ပြုတ်ကျလာလေတယ်။ " င..ငထွန်း....'' ငထွား အချိန်မီ ပြေးထွက်ပြီး ဖမ်းဖို့ ကြိုးစားလိုက်ပါတယ်။ ဖမ်းမိလိုက်ပေမယ့် အရှိန်က ပြင်းလွန်းတော့ ငထွန်းနဲ့အတူ ငထွားပါ လုံးထွေးရောပါသွားရတယ်။ " ဝုန်း...'' ကျောက်သားစိုင်တို့နဲ့ ထိခိုက်မိကြရတာမို့ ငထွားကော ငထွန်းပါ အကျ မသက်သာလှ။ နှစ်ယောက်သား ပြန်ထဖို့တောင် မကြိုးစားနိုင်သေးခင်မှာပဲ...။ " ဂရား.....'' ရန်သူ ဒါမှမဟုတ် အစာရှိမှန်း သိလေတော့ သတ္တဝါကြီးက ပြန်လှည့်လာတယ်။ " ကိုထွား...'' ငနက်၊ ညိုကြီးနဲ့ ထောင်မှူးကြီးလှဦးတို့လည်း မနေနိုင်။ အတင်းကာရော ပြေးထွက်လာကြပြီး ငထွားနဲ့ ငထွန်းကို ဆွဲထုတ်ဖို့ ကြိုးစားကြတယ်။ ငနက်...။ ငနက်က အရေးကြုံလာချိန် ကြောက်စိတ်လွန်သွားတာလား၊ ကြောက်စိတ်မဲ့သွားတာလား မသိ။ ကျောက်ခဲကြီးတစ်လုံးကို ကောက်ကိုင်ကာ ငထွားတို့အနားကနေ တစ်ဖက်ခြမ်းကို ပြေးထွက်ပြီး တစ်ဖန်ပြန်လှည့်လာတဲ့ သတ္တဝါကြီးကို ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်တယ်။ " ငနက်...​ရင်မဆိုင်နဲ့ ရှောင်...ရှောင်...'' ထောင်မှူးကြီးလှဦးက ဟစ်အော်သတိပေးပေမယ့် ငနက် တုတ်တုတ်မလှုပ်။ မျက်ဝန်းတွေက သတ္တဝါကြီးကိုသာ မမှိတ်မသုန်ကြည့်ရင်း လက်က ကျောက်ခဲနဲ့ ပေါက်ဖို့ ဟန်​ပြင်ထားတယ်။ သတ္တဝါကြီးက အနားကို အတော်လေး နီးလာပြီ။ ငနက်က ကျောက်ခဲနဲ့ လှမ်းပေါက်ချိန်မှာ အစာအဖြစ်နဲ့ ထိုးဟပ်လာတယ်။ ညိုကြီးက ငနက်ဆီကို ပြေးဝင်တွန်းထုတ်ပြီး သူပါ လှိမ့်ထွက်လို့သာ ပွတ်သီကာလေး လွတ်သွားခဲ့တာပါ။ " ငနက်...မင်းဘာလုပ်တာလဲ...'' ညိုကြီး ဂရုဏာဒေါသနဲ့ ငေါက်ငမ်းလိုက်တယ်။ " ငါ အဲ့ဒီ့လိုမှ မလုပ်ရင် အားလုံးကို စားတော့မှာကွ...'' ငနက်ပြောတာ ဟုတ်ပါတယ်။ ငနက်က သတ္တဝါကြီးကို အာရုံ လွှဲလိုက်နိုင်လို့သာ လမ်းကြောင်းပြောင်းပြီး တစ်ဖွဲ့လုံး အစားမခံရတာ ဖြစ်ပါတယ်။ ငထွားက ငထွန်းလောက် အထိမနာတော့ ပြန်ထပြီး ငထွန်းကို ထူမလိုက်တယ်။ လောလောဆယ်တော့ သတ္တဝါကြီးကို ရင်ဆိုင်ယှဥ်တိုင်ဖို့က ဘယ်လိုမှ မလွယ်။ ဒီအခြေအနေအရ ငထွန်းလည်း ဒီမှာနေဖို့ရာက မဖြစ်နိုင်။ ဒါကြောင့်...။ " ငထွန်း...ငါတို့ ဒီနေရာကနေ ပြန်ထွက်မှ ဖြစ်မယ်။ မင်းလည်း ဒိမှာနေဖို့ မဖြစ်နိုင်လောက်ဘူး...'' " ဟင့်အင်း...မရဘူး။ ကျုပ် ဒီမှာပဲ နေမယ်...'' ငထွန်းက လက်မခံ၊ တစ်သက်တာလုံး အဖေဆိုတဲ့ အရိပ်အငွေ့ကို ငတ်မွတ်ခဲ့တဲ့ ငထွန်းအနေနဲ့ အဖေ့အငွေ့အသက်တွေကို ရရှိနေပြီဖြစ်တဲ့ အခုလို အခြေအနေကနေ ပြန်ထွက်ဖို့ရာ မတွေးနိုင်တော့ဘူး။ သတ္တဝါကြီးက နောက်တစ်ကျော့ ပြန်လှည့်လာပြန်တယ်။ ဒိတစ်ခါတော့ ညိုကြီးကေ ငနက်ကောက တဟေးဟေးအော်ရင်း ထွက်ပြီး ဟန်ပြကာ ငထွားတို့အန္တရာယ်ကင်းဖို့အတွက် လမ်းကြောင်းပြောင်းပေးကြတယ်။ သတ္တဝါကြီးက ထိုးဟပ်လာချိန်မှာ နှစ်ယောက်စလုံး ခုန်ထွက် ရှောင်တိမ်းကြတယ်။ " ငထွန်း...မင်းပြန်လိုက်ခဲ့ပါကွာ...'' ထောင်မှူးကြီးလှဦးကပါ ငထွန်းအတွက် ဝင်ပြောလိုက်တယ်။ ငထွန်းက ခါးခါးသီးသီးနဲ့ ခေါင်းကို ခါရမ်းလိုက်ပြီး...။ " မလိုက်တော့ဘူး။ ကျုပ်ကို ဒိမှာနေခွင့်ပေးကြပါဗျာ...အွတ်....'' ပြောရင်း ငထွန်းပါးစပ်ဆီကနေ အနီကောင်မဟုတ်တဲ့ သွေးစိမ်းစိမ်းတို့ အံထွက်ကျလာတယ်။ " ငထွန်း မင်း အဆင်ပြေရဲ့လား...'' " ပြေတယ်။ ကျုပ် အဆင်ပြေတယ်။ ဒီကောင်ကြီးကို ကျုပ် အာရုံလွှဲပေးထားမယ်။ ခင်ဗျားတို့က လာလမ်းကို ပြန်ပြေးကြတော့...'' ငထွန်းက ဘယ်လိုပြောပြော ရမှာမဟုတ်ဘူးဆိုတာကို ငထွားတို့ နားလည်လိုက်ကြလေပြီ။ " ကောင်းပြီလေ။ မင်း အသက်ရှင်နိုင်အောင် ကြိုးစားပါ...'' ငထွားတို့လည်း ပြန်ထွက်ဖို့အတွက်ကို ဆုံးဖြတ်လိုက်ကြတယ်။ ငထွန်းက ငထွားဆီကနေ ဖယ်ခွာပြီး သတ္တဝါကြီးကို ရင်ဆိုင်အာရုံလွှဲဖို့ အပြင်ထွက်လေတယ်။ ဒါပေမယ့် အပြင်ကို မရောက်ခင် နေုက်တစ်​ကြိမ် သွေးစိမ်းတွေ အန်ကျလာပြီး ငထွန်းလဲကျသွားရတယ်။ သူအန်လိုက်တဲ့ သွေးစိမ်းတွေကတော့ သူ့အဖေ အဂ္ဂမုခကြီးရဲ့ အမြီးဆီကို သွားစင်မိလေတယ်။ ဒိအခိုက်အတန့်မှာပဲ မြေပြင်ကြီးက နောက်တစ်​ကြိမ် သိမ့်သိမ့်တုန်လာခဲ့တယ်။ ဒီတစ်​ကြိမ်လှုပ်ခတ်မှုက ငထွားတို့တောင် မတ်မတ်မရနိုင်လို့ ထိုင်ချရတဲ့အထိကို ပြင်းထန်ပါတယ်။ " ဖျစ်...ဖျစ်...ဗျစ်....'' တုန်ဟည်းမှုအကြားက အသံဗလံတစ်ချို့...။ မကြာလိုက်ပါ။ သိမ့်သိမ့်တုန်လှုပ်ရင်း ပြိုကျလုမတတ်ဖြစ်နေတဲ့ ကမ်းပါးကြီးဆီကနေ ဝုန်းခနဲ အလွန်ကို ကြီးမားလွန်းတဲ့ အနက်ရောင် မြွေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြန်ပါတယ်။ မြွေကြီးရဲ့ အသွင်အပြင်က မည်းနက်လွန်းနေပြီး တစ်ဖက်က သတ္တဝါကြီးနဲ့ကို ထပ်တူနီးနီးလောက် ရှိလေတယ်။ ခန္ဓာကိုယ်ဆီမှာက သာမန်မြွေလို မဟုတ်ဘဲ ကျောက်သားပက်ကြောင်းတွေထဲက အငွေ့တထောင်းထောင်းထနေပြီး ေချော်ရည်ပူလို နီကျင်ကျင် အရာတွေ ထွက်နေပါတယ်။ ငထွားက ဒီမြွေကြီးကို မှတ်မိလိုက်ပါတယ်။ " ဒါ...ဒါက အဂ္ဂမုခပဲ...'' ငထွား ရေရွတ်မှုအဆုံးမှာပဲ အဂ္ဂမုခမြွေနဂါးကြီးဟာ တစ်ဖက်ကနေ ပြန်လှည့်ဝင်လာတဲ့ သတ္တဝါကြီးဆီကို ပြေးဝင်ပြီး လုံးထွေးတိုက်ခိုက်ပါတော့တယ်...။ ****

ဝမ်းနည်းစိတ်ဖြစ်လာမိတိုင်း အခြားကလေးတွေ ဖခင်နဲ့ ပျော်မြူးနေတာမြင်မိတိုင်း သူလည်းပဲ အဲ့ဒီ့ကလေးတွေလိုမျိုး ငါ့မှာသာ အဖေရှိရင် ဘယ်လိုပုံစံလဲဆိုပြီး မြင်ဖူးချင်မိခဲ့တဲ့ အဖေ....။ တစ်စုံတစ်ခု ဖြစ်လေတိုင်း၊ အထူးသဖြင့် မိခင်ဖြစ်သူ နိုင်ထက်စီးနင်း ရိုက်ပုတ်ခံရလေတိုင်း သူ မုန်းတီးမိခဲ့တဲ့ အဖေ။ နောက်ဆုံး မိခင်ဖြစ်သူ သေဆုံးကာနီးမှ သိခွင့်ရခဲ့တဲ့ လူသားမဟုတ်မှန်းသိခဲ့ရတဲ့ အဖေဖြစ်သူရဲ့ အကြောင်း...။ သူအားလုံးကို သိရှိပြီး နားလည်မိခဲ့ချိန်မှာတော့ အဖေဖြစ်သူကို သူအလွန်အမင်း တွေ့ချင်မိခဲ့တယ်။ ဒီအချိန်မှာ မိခင်ဖြစ်သူကလည်း အနားကနေ အပြီးတိုင်ထွက်ခွာသွားခဲ့ပြီလေ။ လောကမှာ သူတစ်ယောက်ပဲ ကျန်ရစ်ခဲ့ရတယ်။ အမေဆိုတာ ပြန်မလာနိုင်တော့ဘူး သိပြီးတဲ့နောက်မှာ သူ့စိတ်ထဲ အမြဲလိုလို အဖေကို မြင်တွေ့လိုတဲ့ စိတ်က ကိန်းအောင်းနေမိခဲ့တယ်။ အခုတော့ သူ့အဖေကို မြင်ရလေပြီ။ အဖေက သက်ရှိထက်ရှား လှုပ်ရှားသွားလာနေတဲ့ အခြေအနေမဟုတ်ပေမယ့် သူ တောင့်တ မျှော်လင့်နေခဲ့ရတဲ့ အဖေပဲ မဟုတ်လား။ ငထွန်း အနားကိုလှမ်းသွားရင်း မျက်ဝန်းက မျက်ရည်စတို့ စီးကျလာရတယ်။ ဝမ်းနည်းဝမ်းသာစိတ်တို့ ရောပြွန်းပြီး အဖေဖြစ်သူရဲ့ အနားမှာ ဒူးထောက်ထိုင်ချရင်း လက်အုပ်ချီလို့ ဝပ်တွားကန်တော့်လိုက်မိတယ်။ " အဖေ...ကျုပ် အဖေ့ကို အမြဲလို ပစ်မှားစော်ကားမိခဲ့ပါတယ်။ အဲ့ဒါတွေအတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါဗျာ...'' ငထွန်းဆီက ရေရွတ်တောင်းပန်တဲ့ စကား...။ ဒီအခြေအနေက စိတ်ခိုင်လွန်းတဲ့ ငထွားက လွဲပြီး ကျန်သူသုံးယောက်ကို မျက်ရည်လည်စေတယ်။ ငနက်ဆိုရင် နှပ်ချေးတရှုတ်ရှုတ်နဲ့ကို ဖြစ်နေပြီ...။ ငထွားကတော့ ငထွန်းတို့ကိုလည်း အာရုံထားရင်း ပတ်ဝန်းကျင်ကိုလည်း မျက်ခြည်မပြတ် အကဲခတ်ရင်း ရှိနေတယ်။ ရုတ်တရက် ကမ်းပါးယံစောင်းဆီက အမှုန်အမွှားလေးတွေ ခပ်ပါးပါး ကျဆင်းလာတာကို ငထွား မြင်မိလိုက်တယ်။ မြေပြင် တုန်ဟည်းမှု၊ ဒီအနောက်မှာက ဆက်လာနိုင်မယ့် အန္တရာယ်...။ ငထွား တစ်ခဏအတွင်း တွက်ချက်တွေးတောလိုက်ချိန်မှာပဲ တဝုန်းဝုန်းအသံတွေနဲ့ ​သူတို့ရပ်နေရာ နေရာကြီးက သိမ့်သိမ့်တုန်လာခဲ့တယ်။ " င...ငလျင် လှုပ်တယ်ဟေ့...'' ငနက်ရဲ့ ထအော်သံ...။ " မဟုတ်ဘူး။ အဲ့ဒါ...အန္တရာယ်ကောင် လာတာပဲ။ လွတ်ရာကို ​ရှောင်ကြတော့...'' ဟစ်အော် အသိပေးလိုက်တဲ့ ငထွားရဲ့ စကားတောင် မဆုံးသေးဘူး။ ချောင်းကြီးရဲ့ တစ်ဖက်ထိပ်ဆီကနေ လှူပ်ရှားတိုးခါရင်း သတ္တဝါကြီးတစ်ကောင်ရဲ့ ဦးခေါင်းကြီးက ထွက်ပေါ်လာတယ်။ " ဘုရား...ဘာကောင်ကြီးလဲ...'' " န...နဂါးကြီးဟ...'' ထောင်မှူးကြီးလှဦးတို့ ရေရွတ်ဟစ်အော်ကြတယ်။ ထွက်လာတဲ့ သတ္တဝါကြီးရဲ့ ဦးခေါင်းအဝန်းအဝိုင်းက လှည်းဘီးပမာဏလောက် ရှိလိမ့်မယ်။ အရင်က ဇော်ဂျီဖန်ဆင်းတဲ့ အညိုရောင်နဂါးကို ငထွားတို့ ကြုံဆုံဖူးပါတယ်။ အဲ့ဒီ့တုန်းက အခုလောက်ကြီး ကြီးမားလွန်းတာ မဟုတ်ဘူး။ " ရှောင်...ရှောင်ကြတော့...'' သတ္တဝါကြီးက ကမူးရှူးထိုးနဲ့ အနီးကို ရောက်ရှိလာချိန်မှာ ငထွားက သတိပေးဟစ်အော်တယ်။ အကုန်လုံး နံဘေးဘက်တွေကို ခုန်ထွက်ရှောင်တိမ်းလိုက်ကြရပြီးချိန်မှာပဲ သတ္တဝါကြီးက လက်မတင်ကလေး သူတို့အနားကနေ ဖြတ်သန်းသွားခဲ့ပါတယ်။ ကိုယ်လုံးကြီးက ကြီးမားလွန်းသလို ရှည်လျားမှုကလည်း နည်းနည်းနောနောမဟုတ်။ အတော်နဲ့ မဆုံးနိုင်။ ဥပမာပြရရင် ရထားကြီးတစ်စင်နီးနီးကို ရှိတယ်လို့ ဆိုရလိမ့်မယ်။ " ကိုထွား...အန္တရာယ်ဆိုတာ ဒါကြီးလားဗျ...'' ငနက်တို့ ကြောက်လန့်သေးထွက်ရင်း သွေးရူးသွေးတန်းနဲ့ ငထွားကို လှမ်းအော်တယ်။ " သာက မျက်စိမမြင်ဘူး။ အသံမထွက်စေနဲ့...'' " အု...'' ထောင်မှူးကြီးလှဦးတို့ ကိုယ့်ပါးစပ်ကိုယ် လက်နဲ့ ပြန်ပိတ်လိုက်ကြရတယ်။ သတ္တဝါကြီးက ခပ်ဝေးဝေးကနေ ပြန်လှည့်လာတယ်။ ငထွန်း...။ ငထွားက ငထွန်းကို သတိရသွားတယ်။ လှည့်ကြည့်ရှာဖွေတော့ ငထွန်းက နေရာမှာ ရှိမနေတော့ဘူး။ " ငထွန်းကော...'' ငထွား လှည့်ပတ်လို့ ရှာဖွေပေမယ့် ငထွန်းကို မတွေ့ရတော့ဘူး။ " သူ့ကို စားများသွားပြီလား...'' ငနက်က ထအော်တယ်။ " မဟုတ်ဘူး...'' " အနားနီးနေပြီ အသံတိတ်ကြတော့...'' ထောင်မှူးကြီးလှဦးက ပြောတော့ အကုန်လုံး ပါးစပ်တွေကို ပြန်ပိတ်လိုက်မိကြတယ်။ မျက်ဝန်းတွေကတော့ ငထွန်းကို ရှာဖွေကြတယ်။ သတ္တဝါကြီးက ငထွားတို့အနားကနေ နောက်ကြောင်းပြန် ဖြတ်သွားချိန်မှာတော့...။ " ကျား.......''ဆိုပြီး သံရှည်ဆွဲလို့ မာန်ဖီဟစ်အော်သံနဲ့အတူ ငထွန်းတစ်ယောက် အပေါ်ကနေ သတ္တဝါကြီးရဲ့ ကျောပြင်ဆီကို ခုန်ချလာပါတယ်။ " ငထွန်း....'' ငထွား ဟစ်အော်ရင်း လှမ်းလို့ သတိပေးမယ် ကြံရွယ်လိုက်ချိန် ငထွန်းရဲ့ အသွင်အပြင်ကြောင့် အလွန်ပဲ အံ့သြသွားရတယ်။ ငထွန်းရယ်လေ...။ တစ်ကိုယ်လုံး စိမ်းဖန့်တဲ့ ကိုယ်ရောင်ကိုယ်သွေးဖြစ်နေပြီး အကြေးကွက်တွေကလည်း ထနေပြန်သေးတယ်။ မျက်ဝန်းတွေကတော့ အရင်ကထက်ကို ပိုသာလို့ နီကျင်ရဲတောက်နေပြီး အလွန်ကို ရန်လိုပြင်းပြနေဟန်ရှိတယ်။ ကြည့်နေတုန်းမှာပဲ ငထွန်းက ရွေ့လျားနေတဲ့ သတ္တဝါကြီးရဲ့ ကျောပြင်အတိုင်း ခုန်လွှားလို့ ဥိးခေါင်းကြီးဘက်ကို ပြေးသွားတယ်။ " ဖြောင်း....'' ရုတ်တရက် သတ္တဝါကြီးက လူးလှိမ့်လိုက်ရင်း ထပ်ဆင့်လာတဲ့ ​အမြီးရိုက်...။

တုတ်ပီးဓားပီး ငထွား (ထောင်တွင်းဝတ္ထုများ စာမူအမှတ် ၁၈) ၁၈။​ အဂ္ဂမုခ ရှာပုံတော် (အပိုင်း ၄ သိမ်း) နောင်ရိုး(ဆေး) ****** ကျောက်တံခါးကြီးအတိုင်း ငထွားတို့လေးယောက် အထဲကို ဝင်ခဲ့ကြတယ်။ အလင်းရောင် ဘယ်ဆီက ထွက်နေမှန်းမသိပါဘဲ အတွင်းဘက်မှာ လင်းဖြာနေတယ်။ ဂူပေါက်သဏ္ဍာန် အတွင်းဘက်မှာ ရှိနေတဲ့ ကျောက်လှေကားထစ်တွေအတိုင်း ငထွားတို့ အောက်ဘက်ဆီကို ဆင်းခဲ့ကြတယ်။ " ကိုထွား...ဒီနေရာကြီးက ကြောက်စရာကြီးဗျာ။ ထူးလည်းထူးဆန်းတယ်ဗျ။ အခု ဘယ်ကိုများ သွားနေတာလဲဗျာ...'' ငနက်က စိုးရိမ်စိတ် များနေတဲ့ အသွင်နဲ့ မေးမြန်းတယ်။ " အဂ္ဂမုခ ချောက်နက်ကြီးထဲကိုလို့ပဲ ပြောရမယ်ထင်တယ် ငနက်။ ကြောက်စိတ်တော့ မထားစမ်းပါနဲ့။ ကြောက်ပါများရင် သတိကွယ်တတ်တယ်...'' " စိတ်ကို တင်းတော့ တင်းထားပါတယ် ကိုထွားရယ်။ ဒါနဲ့လေ ကိုထွားက ဒီလမ်းကြောင်းကို ဘယ်လို သိတာလဲ...'' " ငါ အဲ့ဒီ့ကို ရောက်သွားခဲ့သေးတယ် ငနက်ရ...'' " ဟင်...အခုနက ကျုပ်တို့နဲ့အတူတူ ရှိနေတာ မဟုတ်ဘူးလား...'' " ဟာ...မဟုတ်ဘူးလေ။ ငါ စိတ်နယ်လွန်ပြီး ရောက်သွားတဲ့ သဘောဟ...'' " ဪ...'' ငနက် ထပ်မမေးတော့ဘူး။ ငထွားက အရှေ့က သွားနေတဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး အနောက်က ထောင်မှူးကြီးလှဦးတို့ကို လှည့်ကြည့်လေတယ်။ " ကျုပ် တစ်ခု ပြောမယ်ဗျာ။ ကျုပ်တို့ အဲ့ဒီ့ကိုရောက်တဲ့အခါ ဘယ်သူကမှ သတိပေါ့ဆလို​ြ မရဘူး။ အထူးသဖြင့် ငနက်။ မင်းက လက်လွတ်စပယ်အမြဲလုပ်တယ်။ မင်း သတိထားရမယ်...'' " ဘာဖြစ်လို့လဲ ကိုထွား...'' " သိပ်ကို အန္တရာယ်များတဲ့ အရာရှိနေလို့ပေါ့ကွ...'' ငနက် ငြိမ်သွားတယ်။ ငထွားက ငထွန်းကို ကြည့်လိုက်ပြီး...။ " ငထွန်း...'' " ဗျာ...'' " မင်းရဲ့ အဖေကိုလည်း ငါ မြင်ထားတယ်။ ဒါပေမယ့် သူက လူသားနဲ့ ပက်သက်မိတာကြောင့် အပြစ်ပေးခံရပြီး ကျောက်ရုပ်အဖြစ်ကို အသွင်ပြောင်းနေတယ်...'' " ဟုတ်လား...'' ဖခင်ဖြစ်သူကို သူ့တစ်သက်တာ မမြင်ရခြင်းရဲ့ အကြောင်းအရင်းကို ငထွန်းသိလိုက်ရပြီဖြစ်တယ်။ " မင်းသိအောင် ကြိုတင်ပြောပြထားတာ။ ဟိုရောက်ရင် ငါတို့ သူ့ကို အရင်ဆုံး ရှာကြရလိမ့်မယ်...'' " ဟုတ်ကဲ့...'' " ကဲ...ဆက်သွားကြစို့...'' ငထွား အရှေ့ကနေ ဆက်ဝင်လာခဲ့တယ်။ အောက်ကို အတော်လေး စိုက်ဆင်းသွားပြီးနောက်မှာတော့ ပြင်ပဘက်က လေတိုးသံလိုလို တရွှီရွှီ အသံတွေကို ကြားလာရတယ်။ " နီးနေပြီ။ ဟိုရောက်ရင် ခြေလှုပ်လက်လှုပ်ကအစ သတိထားကြဗျာ...'' ငထွားက ဘယ်အရာ ဘယ်လိုသတ္တဝါရယ်လို့ တမင်မပြောထားဖြစ်ဘူး။ ပြောလိုက်ရင် စိုးရိမ်စိတ်တွေ များကုန်လိမ့်မယ်။ ဒီအခါ ထင်မှတ်မထားပါဘဲ လွဲချော်မှုတွေရှိလာနိုင်တယ်လေ။ လေတိုးသံတွေက ပိုမိုပြီး ကျယ်ကျယ်လောင်လောင်ကြားလာရတယ်။ ထွက်ပေါက်တစ်ခုကို မြင်ကြရပြီ။ ငထွားလည်း ကျန်သူတွေကို တစ်ခဏ ရပ်နေစေပြီး ထွက်ပေါက်အနားကို ချဥ်းကပ်လို့ တစ်ဖက်ကို ကြည့်ရှုလိုက်တယ်။ သူ့အခုနက မြင်မိထားတဲ့ ချောက်ကြီးဆီကို ရောက်ရှိပါပြီ။ ​ခြေဟန်လက်ဟန်နဲ့ ငထွားက လှမ်းခေါ်လိုက်တော့ အားလုံး ရောက်လာကြတယ်။ ချောက်ကြီးအထဲကို ဝင်လာခဲ့ကြတယ်။ လူသူအရောက်အပေါက်လုံးဝ ရှိမနေတဲ့ ချောက်နက်ကြီးဆိုတော့ သစ်ပင်နဲ့ နွယ်ပင်တို့က ကြီးမားတုတ်ခိုင်ပြီး ထွားကျိုင်းလွန်းလှနေတယ်။ ရေညှိဖပ်တွေ ကပ်နေတဲ့ ချောက်ကမ်းပါးယံက ကျောက်သားစိုင်တွေကလည်း မည်းနက်လို့နေလေတယ်။ ငထွားက ဦးဆောင်ပြီး ငထွန်းရဲ့ အဖေ၊ အဂ္ဂမုခကို တွေ့ခဲ့ရာဆီ ဦးတည်လို့ လှမ်းလာနေတယ်။ ​ ငထွန်းကတော့ ချောက်ကြီးထဲကို ရောက်ပြီဆိုကတည်းက သူအမြဲလိုလို ရနေတဲ့ ရနံ့ပြင်းပြင်းဟာ ဒီကနေ ရရှိနေတယ်ဆိုတာ သိမိလိုက်ရပြီဖြစ်ပါတယ်။ ဒီလိုဖြင့် သူငယ်စဥ်တုန်းက ရရှိနေဖူးတဲ့ အခုလို ရနံ့ကကော...။ အများကြီးတွေးဖို့ မလိုပါ။ သူ့ရဲ့ ဖြစ်တည်မှုအစကနေ အခုအချိန်အထိက စိတ်နယ်လွန်ရာ ထူးဆန်းရာတွေနဲ့ ပြည့်နှက်နေခဲ့တယ် မဟုတ်လား။ ဒီတော့ ရိုးရှင်းစွာနဲ့ တွေးရင်ကိုပဲ သူ့ရဲ့အဖေဖြစ်သူဟာ ဝိဥာဥ်အဖြစ်နဲ့ သူ့ဆီကို မကြာခဏ ရောက်လာတတ်ပြီး ဒီလိုရောက်လာတိုင်းမှာလည်း သူက အဖေဖြစ်သူဆီ ရနံ့ကို ရရှိနေတာပဲ ဖြစ်ပါတယ်။ လေးယောက်သားအသံတိတ်နဲ့ တိုးဝင်လာကြရင်း ကျောက်ဖြစ်နေတဲ့ နဂါးတွေ မြွေတွေကို မြင်တော့ ထောင်မှူးကြီးလှဦးတို့ ငနက်တို့က အလွန်အမင်းကို အံ့သြဘနန်းဖြစ်နေကြတယ်။ ငထွားကတော့ သူတို့လောက် ထူးထူးခြားခြား အံ့သြမနေပါ။ အန္တရာယ်ကို သိမိထားသူဖြစ်တဲ့အတွက် လာရင်းကိစ္စရဲ့ အဓိကအကြောင်းဖြစ်တဲ့ အဂ္ဂမုခကြီးကို ရှာဖွေဖို့ကိုသာ ငထွား စိုင်းပြင်းနေခဲ့ပါတယ်။ သိပ်ပြီး မကြာလို​က်ပါ။ အဂ္ဂမုခကြီး ကျောက်ဖြစ်သွားတဲ့နေရာဆီကို ငထွားတို့ ရောက်ရှိလာကြပါပြီ။ အနက်ရောင် ကျောက်အမြီးကို ငထွားရှာဖွေကြည့်လိုက်တယ်။ မြင်ထားပြီးသားမို့ သိပ်ပြီး မရှာလိုက်ရ။ " ငထွန်း...ဟိုက အနက်ရောင် ကျောက်အမြီးကြီး ထ့်က်နေတဲ့ဟာက မင်းအဖေပဲ...'' ငထွား ညွှန်ပြရာကို ငထွန်းလှမ်းကြည့်လိုက်တယ်။ သူ့ဘဝမှာ လူချမ်းသာကြီးက မင်းက ငါ့သားမဟုတ်ဘူးလို့ ပြောလေတိုင်း အဖေအရင်းအချာက ဘယ်သူလဲဆိုပြီး အမြဲလို တောင့်တမိနေခဲ့ရတဲ့ အဖေ...။

ငထွားကြည့်နေတုန်းမှာပဲ လူငယ်က အဲ့ဒီ့နေရာဆီကို ရောက်ရှိသွားခဲ့ပြီး လူသားအသွင်ကနေ အလွန်ကြီးမားတဲ့ အနက်ရောင်မြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲရောက်ရှိသွားလေတယ်။ လူအဖြစ်ကနေ အနက်ရောင်မြွေကြီး အဖြစ်ကို ပြောင်းလဲပြီးတဲ့နောက်မှာတော့ အဲ့ဒီ့မြွေကြီးဟာ ကျောက်ဖြစ်နေတဲ့ မြွေကြီးတွေအကြားဆီကို တိုးလို့ ဝင်ရောက်သွားပါတယ်။ ဒီလို ဝင်ရောက်နေရင်းက မြွေကြီးရဲ့ အမြီးဖျားကနေစတင်ကာ တဖြေးဖြေးနဲ့ ကျောက်သားအသွင် စတင်ပြောင်းလဲလာလေတယ်။ နောက်တော့ တဖြေးဖြေးနဲ့ တစ်ကိုယ်လုံးဟာ ကျောက်သားအသွင်ဖြစ်သွားခဲ့လေပြီး ငြိမ်သက်သွားခဲ့ပါတယ်။ မြင်ကွင်းတွေလည်း ဒီနေရာမှာတင် ရပ်တန့်သွားခဲ့တယ်။ " အဲ့ဒီ့အထဲက မြွေအဖြစ်ပြောင်းပြီး ကျောက်သားထု ဖြစ်သွားရတဲ့သူက ဟိုကောင်လေးရဲ့ ဖခင်ပဲ။ အဲ့ဒီ့နေရာက အပြစ်ဒဏ်ဖောက်ဖျက်သူတို့ကို စီရင်တဲ့နေရာ။ ဒီအဂ္ဂမုခနဂါးက လူသားနဲ့ စပ်ယှက်သွားခဲ့တယ်။ ဒီအပြစ်အတွက် သူ အခုလို စီရင်ခံလိုက်ရတယ်...'' " ဒါဆို ငါတို့ ကောင်လေးကို ဘယ်လိုလုပ်ရတော့မလဲ။ သူက လူသားတွေကြားထဲမှာလည်း နေဖို့ရာ အဆင်မပြေနိုင်ဘူး...'' " ရတယ်...။ သူ့ကို လိုက်ပို့ပေးလိုက်ပါ။ အဲ့ဒီ့နေရာမှာ သူနေထိုင်ပြီး ရှင်သန်နိုင်တယ်။ ခဏကြာရင် ဝင်ပေါက်တစ်ခုကို တွေ့ရလိမ့်မယ်။ မင်းတို့ သတိထားရမယ့်အရာ တစ်ခုတော့ ရှိတယ်...'' " ပြောပါ...'' " မင်းတို့ အဲ့ဒီ့ကို ရောက်တဲ့အခါ ကျောက်ဖြစ်ရာကနေ ပြန်လည်ပြီး လွတ်မြောက်နေတဲ့ နဂါးဆိုးတစ်ကောင်ရှိနေတယ်။ မင်းတို့ အဲ့ဒီ့နဂါးဆိုးနဲ့ ရင်ဆိုင်ရဖို့က မလွဲမသွေရှိနေတယ်...'' " နဂါးဆိုးဟုတ်လား...'' " ဟုတ်တယ်။ သူက မျက်လုံးတော့ မမြင်ဘူး။ ဒါပေမယ့် အကြားအာရုံသိပ်ကောင်းတယ်။ ရန်လိုမှုကလည်း အထွဋ်အထိပ်မှာ ရှိနေတယ်...'' ငထွားက ထူးခြားမှုတစ်ခုကို တွေးမိသွားတယ်။ " ကျောက်ဖြစ်ရာကနေ အဲ့ဒီ့ နဂါးဆိုးက လွတ်လာတယ်ဆိုတော့ အပြစ်ဒဏ်ခံရတဲ့အနေနဲ့ ကျောက်ဖြစ်ရာကနေပြီး ​ပြန်လည်လွတ်မြောက်ခွင့်ဆိုမျိုး ရှိနေတာလား...'' " လွတ်မြောက်ခွင့်ကတော့ ရှိမနေပါဘူး။ ဒါပေမယ့်လည်း နည်းနာရှိရင်တော့ လွတ်ခွင့် ရှိနိုင်ပါတယ်...'' ငထွား သိချင်တာတစ်ချို့အတွက်ကို ရေရေရာရာ တိတိကျကျသိခွင့်ရလိုက်ပြီ။ အသံဗလံတွေ တိတ်သွားတယ်။ ခဏကြာတော့ ငထွားရဲ့ စိတ်အာရုံက အသိစိတ်ဆီကို ပြန်လည်ချဥ်းကပ်ရောက်ရှိလာလေတယ်။ ငထွား မျက်လုံးတွေ ဖွင့်ဖွင့်ချင်းမှာပဲ ငထွန်းဘက်က ချောင်းဆိုးသံကို ကြားလိုက်လေတယ်။ ငထွား အိပ်နေရာကနေ ထလိုက်ပြီး ခဏအကြာမှာ ငထွန်းလည်း လှဲအိပ်နေရာကနေ ထလာခဲ့တယ်။ ကျန်တဲ့ ထောင်မှူးကြီးလှဦး၊ ညိုကြီးနဲ့ ငနက်တို့လည်း ထလာကြပါတယ်။ " ဘယ်လိုဖြစ်ကြတာလဲ။ အိပ်မပျော်ကြဘူးလား...'' အကုန်လုံးက တစ်ပြိုင်နက်ထဲ ထလာကြတာဆိုတော့ ငထွား အံ့အားသင့်ပြီး မေးကြည့်မိတယ်။ " အိပ်ပျော်သွားတယ်ဗျ။ အခုနေမှ ဘာကြောင့်မှန်းမသိ ဖျတ်ခနဲ လန့်နိုးလာတာ...'' " ကျုပ်လည်း တူတူပဲ ကိုထွား။ အိပ်နေရာကနေ ဖျတ်ခနဲ နိုးလာတာ...'' " အတူတူပဲ...'' ထောင်မှူးကြီးလှဦးနဲ့ ငနက်၊ ညိုကြီးတို့က တထေရာထဲ နိုးလာရတဲ့ ပုံစံဖြစ်နေတယ်။ ငထွန်းကတော့ သူတို့ကို စကားမပြော၊ အမှောင်ထုထဲမှာ ဟိုဒီကြည့်ရင်း တစ်စုံတစ်ခုကို ရှာဖွေနေသလို ရှိတယ်။ ဒါကို ငထွားက သတိထားမိလိုက်တာမို့...။ " ငထွန်း ဘာဖြစ်လို့လဲ...'' " ကျုပ်ကို တစ်ယောက်ယောက် ခေါ်နေသလိုပဲ အစ်ကို။ ပြီးတော့ ကျုပ်နဲ့ သိပ်ကို ယဥ်ပါးလွန်းနေတဲ့ အနံ့တစ်မျိုးရနေမိတယ်...'' " ဟေ...'' " ခေါ်သံကတော့ ထင်ထင်ရှားရှားကြီးဗျာ။ အနံ့ကတော့ စိမ်းရွှေရွှေနဲ့။ ဒီအနံ့မျိုးကို ငယ်ငယ်ကတည်းကနေ မကြာခဏ ကျုပ်ရဖူးတယ်။ ဒါကြောင့် ကျုပ်အတွက် ဒီအနံ့က ရင်းနီးလွန်းနေရသလိုပဲ...'' ငထွန်းစကားအဆုံးမှာ ငထွားရဲ့ အတွေးထဲ အကြောင်းတစ်ချို့က ဖျတ်ခနဲ ပေါ်လာတယ်။ အတွေးတွေကို ငထွား ဆက်စပ်ပြီး တွေးလိုက်ပါတယ်။ ပထမဆုံး တွေးမိတာက သူ့ကို လာပြောသူ အသံရှင်ရဲ့ ခဏကြာရင် ဝင်ပေါက်ပွင့်လိမ့်မယ်ဆိုတဲ့ စကားပဲ...။ ငထွန်းက ထူးခြားတဲ့ ခေါ်သံကို ကြားမိပြီး အနံ့တစ်မျိုးကိုလည်း ရရှိနေတယ်။ ထောင်မှူးကြီးလှဦးနဲ့ ​ညိုကြီးတို့နှစ်ယောက်က အိပ်ပျော်နေရင်းကနေ အကြောင်းမရှိပါပဲ ဖျတ်ခနဲ ပြိုင်တူနိုးလာကြတယ်။ ဒါက ဝင်ပေါက်ပွင့်လာခြင်းကလွဲပြီး တစ်ခြားမဖြစ်နိုင်တော့ဘူး။ " အဂ္ဂမုခဆီကို သွားရမယ့် တံခါးက ပွင့်နေပြီ။ အကုန်လုံး ထကြတော့...'' ငထွားက ပြောလိုက်တယ်။ သူကိုယ်တိုင်လည်း ထလိုက်ပြီး အထုပ်အပိုးတွေ ပြင်ဆင်တော့ ကျန်သူတွေလည်း လိုက်လံပြင်ဆင်ကြတော့တာပေါ့။ " ကိုထွား...ဘယ်ကို သွားရမှာလဲ...'' " အဂ္ဂမုခရှိတဲ့နေရာကို ကျုပ်သိပြီ ထောင်မှူး။ ကျုပ်အနောက်သာ လိုက်ခဲ့ကြတော့...'' ငထွားက ပြောပြောဆိုဆိုပဲ အရှေ့ကနေ ကျောက်တုံးရှိရာဆီကို သွားလိုက်လေတယ်။ ကျောက်တုံးတစ်ဖက်ကို ပတ်ဝင်လိုက်ကြချိန်မှာတော့ အဖြူရောင်အလင်းတွေ ဖြာထွက်နေတဲ့ ကျောက်တံခါးပေါက်တစ်ခု ရှိနေတာကို တွေ့လိုက်ကြရပါတော့တယ်။ ဆက်ရန်...။

တက်ညီလက်ညီရှိပြီး ဗာဟီရလည်း ထွေထူးကြီးမလိုအပ်တော့ တစ်ခဏအတွင်းမှာပဲ စီစဥ်ပြီးစီးပါတယ်။ နေရာထိုင်ခင်းပြင်ဆင်ပြီးတော့ ညိုကြီးနဲ့ ငနက်က ထမင်းချက်ကြတယ်။ ငထွန်းက လိုအပ်တာတွေကို ဝိုင်းကူပေးရင်း ရှိနေတယ်။ ငထွားနဲ့ ထောင်မှူးကြီးလှဦးတို့ကတော့ အောက်ဘက်နားက စမ်းချောင်းဆီမှာ ရေချိုးဆင်းသွားကြလေတယ်။ ငနက်က အခုထိ တစ်ယောက်မှ သူ့ကို စကားမပြောကြတော့ နေရထိုင်ရခက်နေတဲ့ အသွင်ရှိတယ်။ နောက်ဆုံးတော့ အဲ့ဒီ့လိုကြီး မနေနိုင်တဲ့အဆုံး စိတ်ကိုတင်းပြီး ညိုကြီးအနားကို ချဥ်းကပ်ကာ...။ " ညို...ညိုကြီး...'' ညိုကြီးက ပြန်မထူးပါ။ ဘဆတ်ဆတ် အကြည့်တစ်ချက်နဲ့သာ ပြန်ကြည့်ပါတယ်။ ငနက်က မျက်နှာငယ်လေးနဲ့ ဆက်ပြောတယ်။ " မင်းလည်းပဲ ငါ့ကို စိတ်ဆိုးနေတုန်းပဲလား ညိုကြီး...'' ညိုကြီးက ငနက်ကို စေ့စေ့ဆိုင်ဆိုင် တစ်ချက်ကြည့်တယ်။ ပြီးတော့ လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်ရင်းက...။ " မင်းကို ဘာမှမဖြစ်ပါဘူး ငနက်။ စိတ်မဆိုးစရာအကြောင်းလည်း မရှိဘူး။ ဒါပေမယ့် ကိုယ့်လုပ်ရပ်ကိုတော့ ဘယ်အတိုင်းအတာအထိ ဖြစ်သွားသလဲဆိုတာ မင်းတွေးပေါ့...'' " အင်းပါ ညိုကြီးရယ်။ ငါလည်း အစက ငြင်းပါသေးတယ်။ နောက်တော့ မရမကတိုက်တွန်းတာနဲ့ ငါလည်း...'' " မင်းပြောပြောနေတဲ့ သူရဲကောင်းတွေဆိုတာ အဓိကအားဖြင့် စိတ်ဓာတ်ခိုင်မှုက သူတကာထက် ပိုကြတယ် ငနက်...'' " မင်း ငါ့ကို ဆူပါကွာ...'' " ငါ မဆူပါဘူး။ ပြီးတော့ ငါက ဘာမှမဖြစ်ဘူး။ မင်း ကိုထွားနဲ့ ထောင်မှူးကိုတော့ တောင်းပန်သင့်တယ် ငနက်...'' " ငါ တောင်းပန်ပါ့မယ် ညိုကြီးရာ။ ငါ့လုပ်ရပ်အတွက် ငါလည်း နောင်တရမိပါတယ်...'' ငထွားနဲ့ ထောင်မှူးကြီးလှဦးတို့ အောက်ဘက်ကနေ တက်လာတာကို ညိုကြီး လှမ်းမြင်လိုက်လေတယ်။ " ဟိုမှာ...ထောင်မှူးတို့ လာပြီ။ မင်း တောင်းပန်လိုက် ငနက်...'' " အေးပါ...။ ငါ အခုပဲ သွားတောင်းပန်လိုက်မယ်...'' ငနက်လည်း ထောင်မှူးကြီးလှဦးနဲ့ ငထွားတို့ဆီကို ယို့ယို့ကလေး ပြေးသွားတယ်။ " ထောင်မှူး...ဟို...မနေ့က ကိစ္စအတွက် ကျုပ် တောင်း တောင်းပန်ပါတယ်ဗျာ။ ကျုပ်ကို ခွင့်လွှတ်ပါ...'' ငနက်က ပြောပြီးတာနဲ့ ငထွားကိုလည်း တစ်ဆက်ထဲ ကြည့်ပြီး...။ " ကို...ကိုထွား။ ကိုထွားကိုလည်း ကျုပ် တောင်းပန်ပါတယ်နော်။ ကျုပ်ကို ခွင့်လွှတ်ပါဗျာ...'' ငနက်က ထောင်မှူးကြီးလှဦးနဲ့ ငထွားတို့ကို တောင်းပန်နေတာမြင်တော့ ငထွန်းက ညိုကြီးအနားကို ရောက်လာပြီး...။ " သူက ဘာဖြစ်တာလဲ ကိုညို...'' " မနေ့က ပိန်းတောဝမှာ ထန်းရည်သောက်ပြီး ပြဿနာရှာလို့လေ...'' " ဪ...'' ငထွန်းက ငနက်နဲ့ ငထွားတို့ရဲ့ မြင်ကွင်းကို ခပ်ငေးငေး လှမ်းကြည့်နေလေတယ်။ ထောင်မှူးကြီးလှဦးက ငနက်ကို တစ်ချက်ကြည့်ပြီး...။ " အေးပါ...စိတ်ကတော့ တိုရတယ် ငနက်။ နောက်တစ်ခါတော့ ထပ်မဖြစ်စေနဲ့ကွာ...'' " ဟုတ်ကဲ့ပါ ထောင်မှူးရယ်...'' ထောင်မှူးကြီးလှဦး အနားကနေ လှမ်းထွက်သွားတယ်။ ငနက်က ကျန်ရစ်ခဲ့တဲ့ ငထွားဆီကနေ ခွင့်လွှတ်နိုင်မလားဆိုတဲ့ အကြည့်လေးနဲ့ ကြည့်နေလေတယ်။ " နောက်တစ်ခါမဖြစ်စေနဲ့...'' ငထွားက ခပ်ပြတ်ပြတ်သာ ပြောပြီး အနားကနေ လှမ်းထွက်သွားခဲ့လေတယ်။ ဘယ်လိုဖြစ်ဖြစ်ပါ။ ထောင်မှူးကြီးလှဦးကော ငထွားကောက အကြီးပီပီ ငနက်ကို ခွင့်လွှတ်ခဲ့ကြပါတယ်။ *** ညပိုင်းအချိန်က လောကတစ်ခွင်ကို အမှောင်အတိနဲ့ ရှိနေစေတယ်။ ငထွားတို့လူစုဟာ ငထွန်းနဲ့အတူ ကျောက်တုံးကြီးနံဘေးမှာပဲ အိပ်စက်ရင်းနဲ့ ရှိနေကြလေရဲ့။ " ငထွား......'' ရုတ်တရက် နားထဲကို တိုးဝင်လာတဲ့ ခေါ်သံ...။ ငထွားအာရုံစိုက်မိလိုက်တုန်းမှာပဲ နောက်ထပ်စကားသံက ထွက်ပေါ်လာတယ်။ " ဒီမြင်ကွင်းကို အသေအချာကြည့်...'' မှုန်ရီမှိုင်းနေတဲ့ မြင်ကွင်းဆီမှာ ပုံရိပ်တစ်ချို့ ထင်ဟပ်ရောက်ရှိလာတယ်။ လူငယ်တစ်ယောက်၊ မိန်းမငယ်တစ်ယောက်နဲ့ ကြည်နူးပျော်ရွှင်နေတဲ့ မြင်ကွင်း...။ ဒီမြင်ကွင်းကို ကြည့်နေရင်းနဲ့ မိန်းမပျိုနဲ့ ကြည်နူးနေတဲ့ လူငယ်ဟာ ဆတ်ခနဲ တုန်ရီသွားတယ်။ ပြီးတော့ ရင်ဘတ်ဆီက တစ်စုံတစ်ရာကို အပြင်းအထန် ခံစားနေရဟန်နဲ့ လက်နဲ့ ဖိကိုင်လို့ ယိမ်းယိုင်သွားတယ်။ မိန်းမငယ်က လှမ်းလို့ ဖေးကိုင်ပြီး ထိန်းပေးတော့ လူငယ်က မိန်းမငယ်ကို အနားအကပ်မခံတော့ဘူး။ လူငယ်က မိန်းမငယ်ကို တစ်စုံတစ်ခုသော စကားတွေကို ပြောဆိုနေတဲ့ဟန်ရှိတယ်။ ငထွားအနေနဲ့တော့ ပါးစပ်လှုပ်ရှားနေတာပဲ မြင်ရပြီး အသံကို မကြားရဘူး။ ခဏကြာတော့ လူငယ်ဟာ မိန်းမငယ်ကို နှုတ်ဆက်ပြီး ကျောက်တုံးကြီးရဲ့ အနောက်ဘက်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ မိန်းမငယ်ကတော့ လူငယ်ကို မြင်ကွင်းက ကွယ်တဲ့အထိ ကြည့်နေရင်းက ရင်ကွဲနာကျဟန်နဲ့ ယိမ်းယိုင်လို့ လဲကျသွားပါတော့တယ်။ မြင်ကွင်းက နောက်တစ်ခုဆီကို ပြောင်းလဲသွားတယ်။ လူငယ်က အသူရာတစ်မျှ နက်ရှိုင်းလွန်းတဲ့ ချောက်နက်ကြီးထဲမှာ ဒယီးဒယိုင်နဲ့ လှမ်းသွားနေတယ်။ သူဦးတည်နေတဲ့ နေရာကို ငထွား မြင်မိတော့ အလွန်အမင်းပဲ အံ့သြသွားရပါတယ်။ ကျောက်တုံးကြီးတွေ။ ပြီးတော့ ကျောက်အဖြစ်ကို ပြောင်းလဲရောက်ရှိနေတဲ့ မြွေကြီးတွေ၊ တစ်ချို့ကျောက်ဖြစ်နေတဲ့ မြွေကြီးတွေဆိုရင် အကောင်အထည်က အလွန်အမင်းကို ကြီးမားလွန်းလှတယ်။

" ဘယ်ခေါင့်ကို သောက်ဂလုစိုက်ရမှာလဲ...'' " အင်...'' အသံသေးအသံကြောင်ဆိုပေမယ့် မူမမှန် မူးနေတဲ့အသံဆိုတာ ထောင်မှူးကြီးလှဦးသိလိုက်ပါပြီ။ ညိုကြီးကို လှည့်ကြည့်တော့ မျက်နှာငယ်လေးနဲ့ ရယ်ပြလာတယ်။ ထောင်မှူးကြီးလှဦးရဲ့ ပတ်ချာလည်မှာ မသူဇာက စလို့ မြပွင့်တို့အဖေအမေအဆုံး မျက်နှာငယ်လေးတွေနဲ့ ရယ်ပြနေကြတယ်။ အခြေအနေအရပ်ရပ်ကို ထောင်မှူးကြီးလှဦး နားလည်လိုက်ပါပြီ။ ငနက်ကို ဒေါသလည်း ဖြစ်မိရတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ သူကသာ တစ်စုံတစ်ခု လုပ်လိုက်ပါရင် ငနက်အတွက် အနာဂါတ်ရေးရာက ကောင်းလာတော့မယ် မထင်။ " ကျုပ်...ကျုပ် မသူဇာဆီလာတာ...'' စကားကို လှီးလွှဲလို့ ပြောလိုက်တယ်။ အကုန်လုံးက ဘာပြန်ပြောရမယ် မသိကြသေးချိန် ညိုကြီးက...။ " ဪ...ဟုတ်...ဟုတ်ကဲ့ ထောင်မှူး။ ဟို...မ...မသူဇာ ထောင်မှူးက စကားပြောချင်လို့တဲ့ဗျ။ အဲ့...အဲ့ဒါ လိုက်သွားပေးဦး...'' အခြေအနေရဲ့ ဟန်ချက်က ညိုကြီးက ဝင်ထိန်းလိုက်တော့ အဆင်ပြေသွားတယ်။ ညိုကြီးထပ်ပြီး မေးဆတ်ပြတော့ မသူဇာက အရိပ်အခြည်ကို သိပြီး ထောင်မှူးကြီးလှဦးရဲ့ လက်ကို ဆွဲလို့ အိမ်အောက်ကို ဆင်းပါကော...။ ညိုကြီးတို့လည်း အခုမှပဲ သက်ပြင်းကိုယ်စီချမိကြရတယ်။ မြပွင့်ဆို ငနက်တစ်ခုခုဖြစ်မှာစိုးပြီး မျက်ရည်လေးတွေတောင် လည်လို့...။ " အဲ့ဒီ့အစ်ကိုမြကြီးဟာလေ။ သူများတကာကို ဖျက်လိုဖျက်ဆီးနဲ့ တကယ်ပါပဲ...'' တကယ်တမ်းတော့ မြပွင့်အစ်ကို မြကြီးဆိုတာက အမြဲတမ်း ထန်းရည်နဲ့ လူ ဒွန်တွဲနေရမှာ ကျေနပ်တဲ့သူပါ။ ဒါကို မောင်ငနက်တို့က မသိ။ ယောက်ဖတော်ဆီက အမှတ်လိုချင်ဇောနဲ့ ဘုမသိဘမသိ ကိုယ်ရည်ကိုယ်သွေးအကောင်းပြမိလိုက်တာ။ ညိုကြီးသာ အတင်းဝင်ဆွဲလာပြီး အဖာအထေးမလုပ်ပေးနိုင်ရင်တော့ ဒင်းကတော့ မလွယ်...။ " ဟူး.....'' ညိုကြီး သက်မောတစ်ခုကို မှုတ်ထုတ်လိုက်ပါတယ်။ ငနက်ကတော့ ဒါကို မသိ၊ သူ့ကို ချစ်နေဆဲ ခင်တွယ်နေဆဲဖြစ်တဲ့ ချစ်သူရဲ့ မိသားစုအလယ်မှာ ထန်းရည်မူးရင်း ကျွဲခိုးဖော်ရင်းနဲ့ ရှိနေရင်းပေါ့...။ **** ကိစ္စဝိစ္စတွေ ပြီးစီးခဲ့ပြီမို့ နောက်တစ်နေ့မနက်အစောမှာတော့...။ ထောင်မှူးကြီးလှဦး ဦးစီးတဲ့ ငထွားတို့အဖွဲ့ ငထွန်းကို ပုန်းအောင်းနေစေခဲ့တဲ့ နေရာဆီက ခေါ်ဆောင်ကာ အဂ္ဂမုခ အရှာအဖွေခရီးကို စတင်ကြပါတယ်။ ပထမဆုံး သူတို့တစ်တွေ ပိန်းတောဝကနေ ထွက်ပြီးတာနဲ့ ငထွန်းရဲ့ ရွာဖြစ်တဲ့ သက်ကယ်ချောင်းကို သွားကြတယ်။ အဲ့ဒီ့ကသူတွေက ငထွန်း ဖြစ်ပျက်ခဲ့တာတွေအားလုံးကို ဘာမှသိကြသေးအတွက် ပုံမှန်အတိုင်းပဲ ရွာထဲကို ဝင်ခဲ့ကြတယ်။ ငထွန်းတို့ သားအမိနေထိုင်ခဲ့တယ်ဆိုတဲ့ တင်းကုတ်ကလေးဆီကို ရောက်ရှိလာကြတယ်။ အရှေ့မှာ အိမ်ကြီးအိမ်ကောင်းကြီးတစ်လုံး ရှိနေပေမယ့် အနောက်က တင်းကုတ်ကလေးကတော့ ခေါင်မှာ အပေါက်အပြဲတို့နဲ့ ယိုင်တိယိုင်နဲ့...။ " ငထွန်း...ငါတို့ အချိန်သိပ်မရဘူးနော်...'' ငထွားက ပြောလိုက်တော့ ငထွန်းက နားလည်ကြောင်း ခေါင်းညိတ်ပြတယ်။ ပြီးတော့ တင်းကုတ်ကလေးဆီကို ဝင်ရောက်သွားလေတယ်။ ငထွားတို့က အပြင်ကနေ ရပ်စောင့်နေကြတယ်။ အထဲမှာ ငထွန်းတစ်ယောက် ငိုကြွေးနေမယ်ဆိုတာ သူတို့ သိမိနေကြတယ်။ ကိုယ်ချင်းစာစိတ်တွေလည်း ဖြစ်မိနေကြတယ်။ အချိန်အနည်းငယ်ကြာပြီးတော့ ငထွန်းတစ်ယောက် မျက်ရည်စတွေကို သုတ်ရင်း အထဲကနေ ထွက်လာခဲ့ပါတယ်။ လက်ထဲမှာ ထဘီခေါက်ကလေးတစ်ခုကို ပိုက်ထွေးလာခဲ့တယ်။ ကျန်တဲ့အရာ ဘာမှမပါပါ။ ငထွားတို့အနားရောက်ချိန် ငထွန်းက တင်းကုတ်ကလေးကို တစ်ချက်လှည့်ကြည့်တယ်။ မျက်ဝန်းဆီမှာ ကြေကွဲမှု အငွေ့အသက်တွေက အများအပြား ရောပြွန်းလို့ပါပဲ။ " သွားကြရအောင်...'' ငထွန်း လှည့်ထွက်ရင်း ပြောလိုက်တဲ့စကားပါ။ သူ့အနေနဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချခဲ့တဲ့ဟန်ရှိပါတယ်။ နောက်ကြောင်းကို တစ်ချက်မှ ငထွန်းပြန်မကြည့်ခဲ့ပါဘူး။ ငထွားတို့လည်း ငထွန်းနဲ့အတူ သ​က်ကယ်ချောင်းရွာကနေ ထွက်ခဲ့ပြီး ကွင်းချောင်းဒေသနဲ့ အပြိုင်ရှိနေတဲ့ တစ်ဖက်ခြမ်းက ရိုးမတောင်ကြောကြီးဆီကို တက်ရောက်ခဲ့ကြပါတော့တယ်။ ** ခရီးလမ်းတစ်လျှောက်လုံးမှာ ငထွားသည်လည်းကောင်း၊ ထောင်မှူးကြီးလှဦးသည်လည်းကောင်း၊ ညိုကြီးသည်လည်းကောင်း ငနက်ကို စကားမပြောကြပါ။ ငနက်ကလည်း သူ့အပြစ်သူ သိတာကြောင့် အနောက်ဆုံးကနေ ခပ်ကုတ်ကုတ်ကလေးသာ လိုက်ပါလာခဲ့ပါတယ်။ " အရှေ့နားဆိုရင်တော့ ရောက်ပါပြီ...'' ငထွန်းက ပြောတယ်။ အခု သွားနေတာက သူ့ရဲ့ ဘူမိနက်သန် နေရာကလေးဆီကိုဖြစ်ပါတယ်။ ဒီနေရာကလေးက သူ့ရဲ့ အသက်စတင်မှု ဘဝစတင်မှုတို့ အစပျိုးခဲ့ရာနေရာကလေးက ယခုခရီးမှာ အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ ငထွန်းက ယုံကြည်နေပါတယ်။ ညနေစောင်းမှာတော့ ငထွန်းရဲ့ ဘူမိနက်သန်နေရာ ကျောက်တုံးကလေးဆီကို ရောက်ခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာပဲ ငထွန်းတင်မက ငထွားတို့ပါ ကျောက်တုံးကြီးနဲ့ ပက်သက်လို့ ထူးဆန်းရာ ထူးဆန်းကြောင်းကို ရှာဖွေကြပါတယ်။ တစ်စုံတစ်ရာ ထူးခြားမှုအဖြစ် မတွေ့ရှိခဲ့ကြဘူး။ ငထွန်းက မျက်နှာငယ်လေးနဲ့ ဖြစ်နေတယ်။ " ဒီညတော့ ဒီနားပဲ နားကြတာပေါ့ဗျာ...'' ထောင်မှူးကြီးလှဦးက ဆုံးဖြတ်ချက်ပေးတယ်။ ငထွားကတော့ ဘာမှဝင်မပြောဘူး။ အကုန်လုံး ညအတွက် နေရာထိုင်ခင်းကို ပြင်ဆင်ကြတယ်။

တုတ်ပီးဓားပီး ငထွား (ထောင်တွင်းဝတ္ထုများ စာမူအမှတ် ၁၈) ၁၈။​ အဂ္ဂမုခ ရှာပုံတော် (အပိုင်း ၃) နောင်ရိုး(ဆေး) ****** " ငနက်...ပြန်ကြရအောင်။ ထ...'' ညိုကြီးက ငနက်ကို ဆွဲထူလိုက်တယ်။ " ငါ့လို သူရဲခေါင်းကို ဆွဲထူတာ ဘယ်ခေါင်လဲကွ...'' ငနက်အသံက နဂိုကမှ အသံသေးအကြောင်ပါဆို မူးနေတော့က နားထဲကို ပုရစ်ကပ်အော်လိုက်သလိုပဲ သာလို့ဆိုးရပြီ။ " ငနက်...အော်မနေနဲ့။ ငါ ညိုကြီ...'' " ဪ...ညို ညိုချီး...'' " နင်မေတဲ့။ ညိုကြီးလုပ်စမ်းပါကွ။ ဘယ့်နှယ့်လဲ ညိုချီးရမှာတုန်း...'' " အေး...ငါ မူးဟူးနေလို့ကွာ။ ဟို...ဟို ကိုထဝါးကော...'' " မင်း ပထွေးက မင်းကို စိတ်ဆိုးပြီး ပြန်သွားပြီကွ...'' " ဟေ...ဟုတ်လား။ ဒါဖြင့် ငါတို့ ဆက်တောက်ကြရအောင်ခွာ။ လာ...မင်းလည်းတောက်...'' ညိုကြီးလက်ကနေ ရုန်းပြီး ငနက် ပြန်ထိုင်ချတယ်။ " ငနက်...ကိုထွား မင်းကို စိတ်ဆိုးသွားတာနော်...'' " ဆိုးပါစေခွာ။ စောက်ဂရုစိုက်မနေဘူး...'' " ဟာ...'' ငနက်တို့ တစ်သက်နဲ့တစ်ကိုယ် အခုလို မပြောဖူးတော့ ညိုကြီး စိတ်ထဲ ဆတ်ခနဲ ဖြစ်သွားရတယ်။ ငနက်က ထပြောတယ်။ " ဒီမှာ...ငါက တူလို့ကို သင်ခန်းစာတွေ ပေးနေတာ။ သူရဲခေါင်းဆိုတာ ဘယ်လိုနေ ဘယ်လိုထိုင်...'' " ဖုံး....'' ငနက်စကားတောင် မဆုံးသေးဘူး။ ညိုကြီးက ငနက်မျက်နှာကို ပစ်ထိုးချလိုက်တယ်။ ငနက်တစ်ယောက် မူးနေတဲ့အရှိန်နဲ့ဆိုတော့ ဖင်ထိုင်ရက် လဲကျပြီး ပိုးလို့ပက်လက် ဖြစ်ပါကော...။ " ဟာ...ဟေ့လူ မင်းဘာလုပ်တာလဲ...'' ညိုကြီးလုပ်ရပ်ကြောင့် ငနက်နဲ့ အတူသောက်နေကြတဲ့ မြကြီးတို့က ထရှဲကုန်ကြပြီ။ " ဟေ့ကောင်တွေ မင်းတို့က မသောက်မစားတတ်တဲ့ ငါ့သူငယ်ချင်းကို ထန်းရည်တိုက််ပြီး ဖျက်ဆီးတဲ့ကောင်တွေ။ လာစမ်းကွာ လာ လာကြ...'' ညိုကြီးက မကျေနပ်ချက်ကို ဒဲ့တိုးပဲ ထုတ်ဖော်ပြောပြီး လက်ခမောင်းခတ်လို့ မြကြီးတို့ကို စိန်ခေါ်တယ်။ ညိုကြီးကို ကြည့်ပြီး မြကြီးတို့ဘက်က ဘယ်သူကမှ တက်မလာကြဘူး။ " တောက်...'' ညိုကြီး တောက်တစ်ချက်ကို ပြင်းပြင်းခေါက်လိုက်တယ်။ ပြီတော့ ငနက်ရှိရာကို သွားပြီး ဆွဲထူကာ ပခုံးထက်​ဆီ ထမ်းမလိုက်လေတယ်။ " မကျေနပ်တဲ့ကောင် အချိန်မရွေးလာရှင်းနိုင်တယ်ကွာ...'' ညိုကြီးက တစ်ခွန်းထပ်ရှဲလိုက်ပြီးနောက် ငနက်ကို ထမ်းပြီး ထန်းတောထဲက ထွက်ခဲ့လိုက်တယ်။ ငနက်ကတော့ ညိုကြီးပခုံးပေါ်မှာ မူးတာကော အထိုးခံရတာကော ရောပြွန်းလို့ အိပ်တစ်ဝက် မေ့တစ်ဝက်နဲ့...။ ***** ကိစ္စတွေက လူသတ်မှုအထိကို ဖြစ်ပျက်ခဲ့တယ်ဆိုပေမယ့် ထောင်မှူးကြီးလှဦးကိုယ်တိုင် ဦးဆောင်ဖြေရှင်းရာမှာ အဖုအထစ်မရှိဘဲ အတင်ပြေချောမွေ့ခဲ့ပါတယ်။ ပုလိပ်တွေက မနက်ခင်းမှာ ရောက်လာကြပြီး စစ်ဆေးစရာရှိတာကို စစ်ဆေးတယ်။ နေမွန်းလွဲလောက်ကျတော့ အလောင်းတွေကို သင်္ဂြိုဟ်ခိုင်းခဲ့ပြီး ပြန်သွားကြပါတယ်။ ဒီတော့မှ ထောင်မှူးကြီးလှဦးလည်း သက်ပြင်းချနိုင်ပြီး နောက်ထပ်စီစဥ်ရမယ့် ကိစ္စကို စီစဥ်ရပြန်ပါတယ်။ အခြားမဟုတ်ပါဘူး။ မသူဇာနဲ့ သူကြီးဦးစောတို့လင်မယား ​ပြန်ကြမယ့် အရေးအတွက်ပါ။ ထောင်မှူးကြီးလှဦးတို့က ပိန်းတောဝကနေပဲ ငထွန်းကို လိုက်ပို့ဖို့အတွက် တန်းထွက်ကြမှာဖြစ်သလို သူကြီးဦးစောတို့နဲ့ မသူဇာတို့ကလည်း ဒိုးပေါက်ကို ပြန်ကြပါလိမ့်မယ်။ ဒီအတွက် ထောင်မှူးကြီးလှဦးက သူကြီးဦးစောကို ကွင်းချောင်းစခန်းဆီပေးပေးဖို့ စာတစ်စောင် ရေးပေးပြီး မသူဇာရှိရာ မြပွင့်တို့အိမ်ဆီကို နှုတ်ဆက်ဖို့အတွက် ထွက်လာခဲ့ပါတယ်။ မြပွင့်တို့အိမ်ကို ရောက်တော့ ညိုကြီးကို မထင်မှတ်ဘဲ တွေ့ရလေတယ်။ " ညိုကြီး...ဘယ်ကဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ။ ကိုထွားက ငနက်ကို မင်းခေါ်လာမယ်လို့ ပြောတယ်။ အခု ငနက်ကကော...'' " ငနက် ရှိတယ် ထောင်မှူး။ ဟို...ဟို နေမကောင်းဖြစ်နေလို့ ဆေးတိုက်ပြီး သိပ်ထားတယ်...'' " ဟေ...ငနက်က နေမကောင်းဖြစ်နေတာလား။ မနက်ကတင် အကောင်းကြီးမဟုတ်ဘူးလား...'' " ဟုတ်တယ် ထောင်မှူး။ အခုမှ ကောက်ကာငင်ကာ ထဖြစ်တာ...'' ညိုကြီးက ငနက်ထန်းရည်မူးနေတာကို ထောင်မှူးကြီးလှဦးမသိရအောင် လိမ်လည်လို့ ဖုံးကွယ်ပေးလိုက်တယ်။ " ငှက်ဖျားတွေဘာတွေများလား...'' " မသိပါဘူး ထောင်မှူးရယ်...'' " စိတ်ပူမိတယ်ဗျာ။ ကျုပ် ကြည့်ချင်တယ်...'' ထောင်မှူးကြီးလှဦးက ပြောပြောဆိုဆိုပဲ ငနက်ရှိနေတဲ့ မြပွင့်တို့ အိမ်ပေါ်ကို တက်ဖို့လုပ်တယ်။ ညိုကြီးခမျာ ဘာလုပ်ရမယ် မသိတတ်၊ တားမြစ်ဖို့လည်း မစွမ်းသာဘူး မဟုတ်လား။ " လာပြီဟေ့...လာပြီ...'' အိမ်ပေါ်ကို အသံပေးလို့ ဟစ်အော်တော့ မြပွင့်တို့တစ်သိုက် အလုပ်ရှုပ်ရပြီ။ ငနက်ကို စောင်တွေ ဝိုင်းခြုံပေးကြတယ်။ မသူဇာကလည်း ကူညီပေးတယ်။ အားလုံးက ဖရိုဖရဲနဲ့ ရယ်ချင်စရာတော့ အကောင်းသား။ ထောင်မှူးကြီးလှဦးအိမ်ပေါ်ကို ရောက်တော့ ငနက်ကို စောင်ပုံကြီးထဲမှာ တွေ့ရတယ်။ " အဟီး....'' မြပွင့်က မနေတတ် မထိုင်တတ်နဲ့ ထောင်မှူးကြီးလှဦးကို မြင်မြင်ချင်းမှာ ရယ်ပြတယ်။ ဒါက မူမမှန်ဘူးလို့ ထောင်မှူးကြီးလှဦး တွေးမိချိန်မှာပဲ မသူဇာက အနားကို ရောက်လာပြီး...။ " အစ်...အစ်ကို အဟီး...'' ဟော...။ မသူဇာကပါ မူမမှန်ပဲ ရယ်ပြနေပါလားလို့ ထောင်မှူးကြီးလှဦး တွေးမိပြန်ကော...။ ဒီအခိုက် ငနက်ဆီက...။

ငထွား စိတ်ကို လျှော့လိုက်တယ်။ ပြီးတော့ ညိုကြီးကို စေ့စေ့ဆိုင်ဆိုင် ကြည့်လိုက်ပြီး...။ " အေးကွာ ညိုကြီး။ မင်းပဲ အရ ပြန်ခေါ်ခဲ့လိုက်တော့ကွာ...'' " ဟုတ်ကဲ့ ကိုထွား...'' ငထွား လှည့်ထွက်သွားတယ်။ ဒိအခါ ညိုကြီးလည်း ငနက်တို့ ဝိုင်းဆီကို လှမ်းဝင်ပြီး ငနက်ကို ပြန်ခေါ်ရတော့တာပေါ့...။ ဆက်ရန်...။

ငနက်တို့ ငချစ်ကို ချော်လဲရောထိုင်ဖို့ လုပ်ရပါပြီ။ ဒီလိုလု​ပ်ဖို့အတွက်ကို မျက်နှာကို အရင်ဆုံး ခပ်တည်တည်ဖြစ်အောင် ပြင်ဆင်လိုက်တယ်။ ပြီပါမှ...။ " မင်းကလည်းကွာ ငါက ညတုန်းက အဟဲ...အချစ်ကလေးပွင့်ဆီ သွားထားသေးတယ်ကွ...'' " ဘာ...ညကြီးသန်းခေါင်ကို။ ဘာသွားလုပ်တာလဲ...'' ဖြေရှင်းကာမှ အမှုက ပိုကြီးပြီ။ ငချစ်စကားက ငနက်ကို ပြာပြာသလဲဖြစ်သွားရပြန်စေကာ...။ " အဲ့ဒီ့လိုတော့ မဟုတ်ဘူးလေကွာ။ ဟို...အပြန်ညဥ့်နက်တာ။ ဟိုကွာ...ဦးကြီးတို့နဲ့ စကားပြောနေရင်း ညဥ့်နက်သွားတာကို ပြောတာကွ...'' " ဒါဆိုလည်း အစောကတည်းက အဲ့ဒီ့လိုပါလို့ ပြောလေဗျာ...'' " အခုပြောနေပြီပဲကွာ မင်းကလည်း။ ကဲ...ကဲ...ငါ အိပ်ရေးပျက်လို့ ခဏမှေးဦးမယ်။ အိပ်ချင်လို့ ဟိုအလောင်းတွေမျက်နှာတောင် မြင်နေမှာစိုးလို့ မကြည့်ခဲ့ပါဘူးဆို ဒီရှင်မေးလွန်းနဲ့က လာကြုံနေရသေးတယ်...'' ငနက်က အငေါ်တူးလို့ ပြောဆိုရင်း မရမ်းပင်ကြီးအောက်မှာ လှဲအိပ်ချလိုက်ပါတယ်။ ပြီးတော့ ငချစ်ကို ကြည့်ပြီး...။ " မင်းကော အိပ်ဦးမလား...ငချစ်...'' " မအိပ်ပါဘူး ဘာကိစ္စ အိပ်ရမှာတုန်း...'' " မအိပ်ရင်လည်း ပြန်တော့ကွာ။ ငါတော့ အိပ်ချင်လှပြီ...'' ငနက်နဲ့ စကားရည်လုသလို ဖြစ်နေရတာမို့ ငချစ်က လာရင်းကိစ္စကိုတောင် မေ့မလိုဖြစ်နေရတယ်။ အခုမှပဲ လာရင်းကို သတိရမိလေပြီး...။ " ကိုနက်...'' " ဟာ...မင်း မပြန်သေးဘူးလား...'' " မဟုတ်ဘူးဗျ။ ကျုပ်လာတာ ခင်ဗျားကို ခေါ်ခိုင်းလိုက်လို့ဗျ...'' " ဘယ်သူခေါ်ခိုင်းတာလဲ ထောင်မှူးကြီးလား။ ငါ့ကို မတွေ့​ဘူးလို့သာ ပြောပေးကွာ...'' ငနက်က သူထင်ရာကို စွတ်ရွတ်ပြောပြီး တစ်ဖက်ကို စောင်းလှည့်သွားတယ်။ " ဟာ...ကိုနက်။ ခင်ဗျားကို ခေါ်ခိုင်းတာ ထောင်မှူးမဟုတ်ဘူးဗျ။ ဟို...မြ မြပွင့်...'' " ဘာ...မြပွင့်က ငါ့ကို ခေါ်ခိုင်းတာလား...'' မြပွင့်အသံကြားတော့ ငနက်တို့ ကောက်ခနဲကို ထထိုင်ပြီး မေးတယ်။ " မဟုတ်ဘူးဗျ။ သူ့ အစ်ကို မြကြီးခေါ်ခိုင်းတာ...'' " ကိုမြကြီးက ဘာတဲ့လဲ...'' " ခင်ဗျားနဲ့အတူ ထွက်ပြေးတဲ့အနောက်ကို လိုက်မလို့တဲ့ဗျာ...'' " ဟာ...ဘယ်လိုများ လိုက်ရမှာလဲ။ ဒါက အစီအစဥ်ကြီးလေကွာ။ မင်း မပြောပြလိုက်ဘူးလားဟ...'' " ဟာ...အစီအစဥ်က ပေါက်ကြားလို့မှ မရတာကို။ ကဲဗျာ...ကျုပ်ကြာနေပြီ။ ခင်ဗျား လာမယ်ဆိုရင်လည်း လာခဲ့လိုက်တော့...'' ငချစ်တို့ ပြန်ထွက်သွားပါတယ်။ ငနက်ကတော့ မရမ်းပင်ကြီးအောက်မှာ ငုတ်တုတ်ကြီး ကျန်ခဲ့လေတယ်။ ငနက်အတွက် အတွေးတွေကတော့ ရှုပ်ထွေးနေရတယ်။ တစ်ဖက်က အိပ်စက်လိုမှု၊ တစ်ဖက်က ချစ်ရသူရဲ့အစ်ကို ယောက်ဖတော်။ ဘယ်ဟာကို ငနက်ရွေးရမလဲ ထိုင်ပြီးစဥ်းစားနေတယ်။ ခဏကြာတော့ ငနက်ခေါင်းထဲ လက်ခနဲ တစ်ထျက်ဖြစ်သွားတယ်။ မြကြီးဆီကို သွားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါက သူ့အတွ​က်အခွင့်အရေးပဲလေ၊ ဟုတ်တယ်မဟုတ်လား...။ ** မိုးကား စင်စင်လင်းချေပြီ။ ကိစ္စဝိစ္စများက ထောင်မှူးကြီးလှဦးတို့စီစဥ်ထားသလိုပဲ ဘာကိုမှ အလွဲအချော်မရှိခဲ့ဘူး။ အားလုံးက အဆင်ချောချောနဲ့ပဲ ပြီးစီးသွားခဲ့တယ်။ အဲ...။ မပြီးသေးတာက တစ်ခုတော့ ရှိသေးတယ်။ အဲ့ဒါကတော့ ငနက်...။ ငနက်တစ်ယောက် သူ့ယောက်ဖမြကြီးတို့ကို စုဖွဲ့ပြီး ငထွန်းနောက်ကို လိုက်ဖမ်းကြတာ အခုထိကို ပြန်ပေါ်မလာကြသေးဘူး။ ရွာထဲမှာတော့ မနက်ခင်းတစ်ဖြတ် ငထွန်းထွက်ပြေးတယ်ဆိုတဲ့ကိစ္စက လှုပ်လှုပ်ခတ်ခတ်ဖြစ်ပြီးသွားခဲ့ပြီ။ တစ်ချို့ဆိုရင် ထောင်မှူးကြီးလှဦးတို့ရဲ့ ဖြေရှင်းပြောပြမှုကြောင့် စိတ်အေးလက်အေးနဲ့ လယ်ယာလုပ်ငန်းခွင်တွေဆီတောင် ဆင်းကုန်ကြပြီ။ ငနက်တို့ကတော့ အခုထိ ပြန်မရောက်သေးဘူး။ ဆွမ်းခံဝင်ချိန်အထိ ထောင်မှူးကြီးလှဦး စောင့်ကြည့်တယ်။ ဒါလည်း ပြန်မလာဘူး။ ဒီတော့က ငနက်တို့ကို လိုက်ရှာဖို့ရာ ဖြစ်လာရပြီ။ " ကိုထွားရေ ငနက်တော့ ဘာတွေရှုပ်ထွေးဦးမလဲ မသိဘူး။ သူက ပြေးမယ့်အထဲတော့ ပါမှာမဟုတ်ဘူး။ ရှုပ်မယ့်အထဲပဲပါမှာ။ တစ်ခုခု လုပ်စမ်းပါဦးဗျာ...'' " ကျုပ်နဲ့ ညိုကြီး လိုက်ရှာလိုက်ပါ့မယ် ထောင်မှူး...'' " ကျုပ်လည်း လိုက်မယ်ဗျာ...'' " ဟာ...ထောင်မှူးက လိုက်လို့မရသေးဘူးလေ။ တော်ကြာ ပုလိပ်တွေရောက်လာရင် ဖြေရှင်းရခက်နေလိမ့်မယ်...'' ငထွားပြောတာက အကျိုးအကြောင်း ဆီလျော်လှတယ်။ " အင်းဗျာ...ဒါဖြင့်လည်း အမြန်ဆုံး တွေ့အောင်သာ ပြန်ရှာပေးခဲ့ဗျာ...'' " ဟုတ်ကဲ့ ထောင်မှူး...'' ငထွားနဲ့ ညိုကြီးတို့ ငနက်ကို ရွာလုံးပတ်ပြီး ရှာပုံတော်ဖွင့်ကြရတယ်။ ဒါပေမယ့်လည်း ကြာကြာ မရှာလိုက်ရပါဘူး။ ငနက်တို့ ထန်းတောထဲမှာဆိုတဲ့ သတင်းကို ရမိတာမို့ ခပ်သုတ်သုတ်ပဲ ထန်းတောဆီကို လိုက်ကြရတယ်။ ငထွားတို့ ထန်းတောကို ရောက်တော့ ငနက်က အတော့်ကို ရီဝေဝေဖြစ်နေပြီ။ " ဟာ...ကိုထဝါး...'' ငထွားကို တွေ့တွေ့ချင်း ငနက်တို့ နှုတ်ဆက်တာတောင် အသံထွက်က မပီတော့ဘူး။ ငနက်အခြေအနေကြောင့် ငထွားက စိတ်တိုသွားရပြီး မျက်စိမျက်နှာလည်း ပျက်သွားရတယ်။ ဒါကို ညိုကြီးက ရိပ်မိလိုက်ပြီး ငထွားတစ်ခုခုလုပ်လိုက်မှာကို စိုးရိမ်တဲ့အတွက် ကြားက ဝင်ပြီး...။ " ကိုထွား...စိတ်လျော့ဗျာ။ သူများအရပ်ကြီးမှာဆိုတော့ တစ်ခုခုဆို မျက်နှာပျက်စရာတွေဖြစ်မယ်။ ဒီကောင့်ကို ကျုပ်ထိန်းလိုက်မယ်...'' " ကျစ်....''

" ထမင်းထုပ်နဲ့ ထမင်းခြောက်ထုပ်။ မင်း စောင့်ရမယ့်နေရာမှာ ဒီကအခြေအနေအရ ကြာရင်ကြာမှာမို့ အဲ့ဒါကို စားပြီး စောင့်နေချေ...'' " ဪ...'' " ကဲ...သွားတော့...'' " ဟုတ်ကဲ့...'' အထုပ်ကလေးကို ကိုင်ပြီး ငထွန်းတစ်ယောက် အနားကနေ ပြေးထွက်သွားလေတယ်။ ငထွန်းကို မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ ငထွားက ခဏစောင့်ကြည့်တယ်။ နောက်တော့ သူကြီးအိမ်ဆီကို ပြန်ထွက်လာခဲ့လိုက်တယ်။ အိမ်ဆီကိုရောက်တော့ အောက်မှာ အသင့်စောင့်နေကြတဲ့ ထောင်မှူးကြီးလှဦးနဲ့ သူကြီးတို့က စောင့်ကြိုနေပြီး...။ " သွားပြီလား ကိုထွား...'' " သွားပြီ...ထောင်မှူး...'' " ဒါဆိုရင်တော့ ကိစ္စတစ်ခု ပြီးစီးသွားပါပြီ...'' ဖိစီးနေတဲ့ စိတ်တို့ကို ဖိဖော့ရာရောက်စေမယ့် စကားကို ထောင်မှူးကြီးလှဦးက ဆိုလိုက်တယ်။ " သူသွားပြီဆိုတော့ စလိုက်ရတော့မလား ဆထာင်မှူး...'' သူကြီးဦးဖေငယ်က မေးလေတယ်။ " အင်း...စလိုက်တော့ သူကြီး...'' သူကြီးဦးဖေငယ် အိမ်ပေါ်ကို ပြန်တက်သွားလေတယ်။ " ကဲ...ကျုပ်တို့လည်း သဏ္ဍာန်လုပ် သရုပ်တူကြစို့လား...'' အစီအစဥ်အတိုင်းပဲ သဏ္ဍာန်လုပ် သရုပ်တူစေတယ်။ ငထွားနဲ့ ညိုကြီးက ငထွန်းအနောက်ကို လိုက်ကြသလိုမျိုး သရုပ်ယူကြရတယ်။ ဒီနေရာမှာ ငထွားက မုသားအဓိဌာန်ကြောင့် လိမ်ညာစကားပြောဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့် စကားပြောရည်လည်ဖို့အတွက် ညိုကြီးနဲ့ တွဲဖက်ပေးလိုက်တယ်။ ငနက်ကိုတော့ သိတဲ့အတိုင်းပဲ၊ ငထွားတို့နဲ့အတူထည့်ပေးလိုက်ရင် ကပေါက်ကရှာတွေ ဖြစ်ပေါ်လာမှာ စိုးရတယ်။ ဒါကြောင့် ကျန်ရစ်ခဲ့စေရတယ်။ " ဒူ......ဒူ.....ဒူ.........'' သူကြီးဦးဖေငယ်က ဝရံတာမှာ ချိတ်ထားတဲ့ ဆင့်ခေါ်မောင်းကြီးကို အဆက်မပြတ် ထုလိုက်လေတယ်။ မနက်ခင်း အာရုံကျင်း၊ ဝေလီဝေလင်းအချိန်မှာ သူကြီးအိမ်က မောင်းသံကြီးက ပိန်းတောဝတစ်ရွာလုံးကို လွှမ်းခြုံသွားလေတယ်။ မကြာပါဘူး။ ရွာထဲက လူတွေ သူကြီးအိမ်ဆီကို စုရုံးစုရုံးနဲ့ ရောက်လာကြပါကော...။ ဒီအချိန်မှာတော့ ထောင်မှူးကြီးလှဦးတို့လူစုက ထိပ်တုံးထားတဲ့တင်းကုတ်ဆီမှာ ရောက်နေကြပြီ။ " သူကြီး...စောစောစီးစီး ဘာဖြစ်တာလဲ...'' ရောက်လာကြတဲ့ ရွာသားတွေက မေးမြန်းကြတယ်။ ဒီအခါ သူကြီးဦးဖေငယ်ကလည်း မင်သေသေနဲ့ပဲ...။ " ဟိုကောင် ထွက်ပြေးသွားလို့ကွ။ သူ့လူနှစ်ယောက်ကိုလည်း ကိုက်သတ်သွားတယ်...'' " ဟာ...'' သူကြီးကို ဘယ်သူကမှ ထပ်ပြီး မမေးတော့ဘူး။ ထပ်တုံးထားရာ တင်းကုတ်ဘက်ကိုသာ ကသောကမြောနဲ့ ပြေးကြည့်ကုန်ကြတယ်။ " ဟာ......'' သေနေကြတဲ့ တောက်စိန်တို့ ညီအစ်ကိုရဲ့ အလောင်းတွေကို မြင်တော့ ရွာသားတွေ ကိုယ်ရှိန်တန့်ကြလေတယ်။ " ဘယ်လိုဖြစ်ရတာလဲ ဘချစ်...'' ထိပ်တုံးစောင့်တဲ့ သူကြီးတပည့်တစ်ယောက်ကို မေးမြန်းကြတယ်။ " ဒီမနက်ကြီးမှာ ဝုန်းခနဲ အသံတွေကြားရပြီး ထွက်ပြေးတာပဲဗျ။ သူ့လူနှစ်ယောက်ကိုတော့ ဘယ်အချိန်ကတည်းက သတ်ထားတယ် မသိပါဘူးဗျာ...'' " မလိုက်ကြဘူးလားကွာ...'' " ကိုထွားနဲ့ ကိုညိုတို့ လိုက်နေကြတယ်ဗျ...'' " ဒါဆို ကိုနက် ကျန်ဦးမှာပေါ့...'' " အင်း သူတော့ လိုက်မသွားဘူး...'' " ဒါဖြင့် သူဘယ်မှာလဲ...'' ရွာသား​တွေက မဆီမဆိုင် ငနက်ကို တကူးတက မေးကြတယ်။ ထောင်မှူးကြီးလှဦးတောင် ရွာသားတွေက ငနက်ကို ဘာကြောင့်မေးကြသလဲဆိုတာ ရုတ်တရက် နားမလည်နိုင်ဘူး ဖြစ်သွားရတယ်။ ဒီအတွက်ကို မေးမလို့ ကြံတုန်းရှိသေးတယ်။ ငချစ်က...။ " ခင်ဗျားတို့က ကိုနက်ကို မေးပြီး ဘာလုပ်မလို့တုန်းဗျ...'' "သူ့ကို ဦးဆောင်ခိုင်းပြီး ငါတို့နောက်တစ်ဖွဲ့ လိုက်ကြမယ်လေကွာ...'' " ဪ...အဲ့ဒီ့လိုလား...'' ပြောသူက မြပွင့်ရဲ့ အစ်ကို မြကြီး...။ ငချစ်က ထောင်မှူးကြီးလှဦးဘက်ကို မသိမသာ မေးလှမ်းငေါ့ပြတယ်။ ထောင်မှူးကြီးလှဦးကလည်း ခေါင်းကို ညိတ်ပြလိုက်လေတော့ ငချစ်က...။ " အဲ့ဒါဆို ခဏနေဦး။ ကျုပ် ကိုနက်ကို လိုက်ရှာလိုက်ဦးမယ်...'' " အေး...မြန်မြန်သွား။ မဟုတ်ရင် လိုက်ဖို့ကို နောက်ကျနေလိမ့်မယ်...'' " အင်းပါဗျာ...'' ငချစ်လည်း ထောင်မှူးကြီးလှဦးအနားကို ဟန်မပျက်လှမ်းသွားလိုက်ပြီး ငနက်ကို မေးမြန်းသလိုလိုနဲ့ တီးတိုးပြောတယ်။ " ထောင်မှူးကြီး အစိအစဥ်ထဲ မပါဘူး။ ဘယ်လိုလုပ်ရမလဲ...'' " ငနက်ကို ရှာသာရှာပေးလိုက်ကွာ။ ကျန်တာကို မီးစင်ကြည့်ကလို့ ငါက ပြောတယ်လို့ ပြောလိုက်...'' " ဟုတ်ကဲ့ ထောင်မှူး...'' ငချစ်လည်း တင်းကုတ်ကို ပတ်လို့ ငနက်ကို ရှာဖွေရလေတယ်။ အမှန်တော့ ဒီအချိန်မှာ ငနက်က တင်းကုတ်နံဘေးဘက် ခပ်လှမ်းလှမ်းက မရမ်းပင်အောက်ဆီမှာ ဝါးခြမ်းတစ်ခုနဲ့ ဟိုထောက်ဒီထောက် ဟိုလှန်ဒီလှန်လုပ်ရင်း ရှိနေလေတယ်။ ငချစ်က ငနက်အနားကို လှမ်းသွားလိုက်ပြီး...။ " ကိုနက်...'' " ဟ...အမလေး...ပလုတ်တုတ်...'' ငနက်က သူ့အတွေးနဲ့သူ...။ ငချစ်က အနားကပ်မှ ခေါ်လိုက်တော့ လန့်ဖျပ်ပြီး ထအော်တယ်။ ပြီးကာမှ ငချစ်မှန်းသိပြီး တရှူးရှူးဖြစ်ကာ...။ " နင်မေလွှား ငချစ်ရာ။ မင်းနဲ့လည်း လန့်သွားတာပဲ...'' " လန့်ရအောင် ကိုနက်က ဘာလုပ်နေတာမို့လို့တုန်းဗျ...'' " ငါ အိပ်မလို့ကွ...အဲ...'' ငနက်ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားတယ်။ " ဟာ...ဘယ်လိုကြီးတုန်းဗျ။ အိပ်မလို့ဆိုပဲ သူများတွေ အလုပ်များနေတာကို...''

စကားမဆုံးခင် ငထွန်းက ဖြတ်ပြောတယ်။ ထောင်မှူးကြီးလှဦးက ခေါင်းကို ညိတ်လိုက်ပြီး...။ " ဟုတ်တယ်။ မင်းအတွက်ကော မင်းအနီးဝန်းကျင်က လူတွေအတွက်ကော ဘယ်သူ့အတွက်မှ မကောင်းတဲ့အရာဖြစ်နေလို့...'' " မင်းသွားလိုတယ်ဆိုရင် မင်းအဖေရှိတဲ့အရပ်အထိ ငါတို့ လိုက်ပို့ပေးနိုင်တယ်...'' ငထွားကလည်း ဝင်ပြောလိုက်ပါတယ်။ ငထွန်းက ငထွားနဲ့ ထောင်မှူးကြီးလှဦးတို့ရဲ့ မျက်နှာကို အားကိုးတကြီး မျက်ဝန်းမျိုးနဲ့ တစ်လှည့်စီ ကြည့်လေတယ်။ " ခင်ဗျားတို့ စကားကို ကျုပ် လိုက်နာနိုင်ပါတယ်။ ဒါပေမယ့်...'' " အင်း...'' ငထွန်းက စကားကို ဆက်မပြော။ တစ်ခဏ တန့်ထားတယ်။ ထောင်မှူးကြီးလှဦးက အင်းထောက်ပေးပါမှ...။ " ကျုပ်...အဲ့ဒီ့ကို မသွားခင် ကျုပ်တို့အိမ်ကလေးဆီကိုတော့ ခဏဝင်ချင်သေးတယ်...'' " ကောင်းပြီလေ။ အဲ့ဒါလည်း ငါတို့စီစဥ်ပေးမယ်။ အချိန်ကတော့ အကြာကြီးမရဘူးပေါ့...'' " ရတယ် ကျုပ် အတွက် တစ်ခဏဆိုရင် လုံလောက်ပါတယ်...'' " အေးလေ...ဒါဖြင့် ငါတို့ သဘောတူညီလိုက်ကြတာပေါ့...'' " အင်းပါ...'' ထောင်မှူးကြီးလှဦး ပြုံးလိုက်မိပါတယ်။ သူ့အနေနဲ့ အားလုံးအထဲမှာ ပညာတတ်ခေါင်းဆောင်တစ်ယောက်ပီပီ ငထွန်းလိုလူက ဘယ်နေရာကိုရောက်ရောက် နှစ်ဦးနှစ်ဖက် အကျိုးယုတ်စေမယ့်အရေးသာရှိတယ်။ ဒီအတွက်ကြောင့်လည်း ငထွန်းကို လွတ်မြောက်အောင် စီစဥ်ပေးပြီး သူတို့ကိုယ်တိုင် စိတ်ချရတဲ့ နေရာအထိ လိုက်ပါပို့ဆောင်ပေးဖို့ တွေးတောမိလိုက်တယ်။ သူက ဒါကို စေ့စပ်ပြီး တွေးမိနိုင်ခဲ့တယ်။ အခုတော့ ဒီအတွေးက ငထွန်းဘက်ကလည်း လက်ခံပြီဆိုတော့ အကောင်အထည်ပေါ်လာခဲ့ပြီလို့ ပြောလို့ရပြီ။ " ဟိုဘက်ကိုကော ဘယ်လိုလုပ်မလဲ ထောင်မှူး...'' " ပုလိပ်ဘက်ကိုလား ကိုထွား...'' " ဟုတ်တယ်...'' " ကျုပ်တော့ ဒီလို တွေးထားတယ် ကိုထွား။ ကျော်စိန်နဲ့ တောက်စိန်တို့ကို ငထွန်းက သတ်ပြီး ဖောက်ထွက်ပြေးတယ်ဆိုပြီး ဂါတ်ကို သတင်းပို့မယ်ဗျာ...'' " အဲ့ဒီ့အတိုင်းဆို လွယ်ပါ့မလား။ အလောင်းကို စစ်ဆေးတာတွေဘာတွေလုပ်လာမယ်။ အချိန်အပိုင်းအခြား ဆက်စပ်မှုတွေကို စစ်ဆေးရင်...'' " ဟုတ်တယ် ဒါကတော့ ရှိတယ်။ ဒါပေမယ့်ဗျာ ကျုပ်တို့ဘက်က ဖောက်ထွက်ပြေးတဲ့ မြေပြင်လက္ခဏာမျိုး ဖန်တီးထားရင်တော့ အဆင်ပြေနိုင်မယ် ထင်ပါတယ်...'' " ဘယ်လိုမျိုးကို ပြောချင်တာလဲ ထောင်မှူး...'' ငထွားက နားမလည်မိတာမို့ မျက်မှောင်ကြုတ်ပြီး မေးမိတယ်။ ဒိအခိုက်မှာပဲ သူတို့အနားဆီကို ညိုကြီးက ရောက်လာပြီး...။ " အရင်ဆုံး ထိပ်တုံးကို ပြိုပျက်နေတဲ့အသွင် ခင်းကျင်းမယ်။ ပြီးရင် ဟိုနှစ်ယောက်ကို ငထွန်းလက်နဲ့ပဲ တစ်နေရာစီ ဖြန့်ထားလိုက်စေမယ်။ ပြီးရင်တော့ ကျန်တဲ့အသေးအဖွဲ သဲလွန်စလေးတွေကို ဖျောက်လိုက်ရင် ရပါပြီ...'' ပုလိပ်ဖြစ်တဲ့ ညိုကြီး...။ ပုလိပ်ကို ပြန်ပြီး မျက်စိလှည့်ဖို့အတွက် အကွက်အကွင်းကို ကောင်းကောင်းကြီးဆင်ပေးနေတယ်။ ငနက်လည်း ညိုကြီးနဲ့အတူ ပါလာပေမယ့် ဘာမှတော့ ဝင်မပြောဘူး။ ပြုံးစိစိနဲ့ ရှိနေလေတယ်။ ငထွားထင်မိတာတော့ သူတို့နှစ်ယောက်လည်း သူကြီးတို့ဆီကနေ အကျိုးအကြောင်း ဂဃနဏကို သိလာကြပုံပဲ။ " ဒါဖြင့် အချိန်ကွာဟချက်ကိုကော...'' " ဒါကတော့ ရှင်းပါတယ်။ သတင်းပို့ခိုင်းတဲ့သူက လမ်းမှာ အခက်အခဲကြုံလို့ပေါ့...'' " နည်းနည်းတော့ လွဲချော်မှု ရှိနေသေးတယ်နော် ညိုကြီး။ ငါက ဘာကြောင့် ဒီလောက်အထိ အသေးစိတ်တွေးနေမိတာလဲဆိုတော့က တစ်ခုခုဆို အဓိက သက်ရောက်ခံရမှာ ထောင်မှူးနဲ့ ဒီက သူကြီးတွေ ဖြစ်နေတာမို့လို့...'' ငထွားဘက်က သူထားရှိတဲ့ စေတနာကို ပြောပြတယ်။ ညိုကြီးက ခပ်ဖွဖွ ပြုံးလိုက်ပြီး...။ " ကျုပ်ကို ယုံပါ ကိုထွား။ အဲ့ဒီ့ကောင်တွေက ကိုထွားတွေးသလောက် အလုပ်လုပ်တဲ့ကောင်တွေ မဟုတ်ပါဘူးဗျာ...'' အတွင်းသိ အဆင်းသိက ညိုကြီးဆိုတော့ ငထွားလည်း ဘာမှထပ်မပြောတော့ဘူး။ ဒီတော့ အစီအစဥ်က ညိုကြီးပြောသလိုပဲ အတည်ဖြစ်သွားရပြီပေါ့...။ ဒီကိစ္စအတွက်ကိုတော့ သူတို့အဖွဲ့နဲ့ သူကြီးနှစ်ယောက်နဲ့ တပည့်တစ်ချို့ရယ်က လွဲပြီး အခြား ဘယ်သူကမှ မသိစေဖို့အတွက် အထူးတလည်မှာကြားထားရတာပေါ့လေ...။ ***** နောက်တစ်နေ့မနက် ငေလီဝေလင်းအချိန်မှာတော့....။ " ဝုန်း.....'' ငထွားရဲ့ အားပြင်းပြင်းနဲ့ ဆောင့်ဆွဲဖွင့်လိုက်မှုကြောင့် ပျဥ်းကတိုးအနှစ်သား ထိပ်တုံးကြီးက သော့ပေါက်နဲ့ ပတ္တာတွေ ပြုတ်ထွက်ပြီး ပွင့်သွားခဲ့တယ်။ " ခင်ဗျား တော်တော် အားသန်တာပဲ...'' ငထွန်းက အံ့သြဘနန်းဖြစ်ပြီး ပြောတော့ ငထွားက ခပ်ဖွဖွပြုံးလိုက်ပြီး...။ " ငါ အားသန်တာကို မင်းကို ထိုးတဲ့ညက မသိမိဘူးလား...'' ဒီတစ်ခါတော့ ငထွန်း ပြုံးသွားတယ်။ " အဲ့ဒီ့တုန်းက ဒေါသထွက်နေတဲ့ အချိန်ဆိုတော့ စိတ်နဲ့ကိုယ်နဲ့က မကပ်ဘူးလေ...'' " ကောင်းပါတယ်...'' ငထွန်းက သူ့ကို ပြောထားသလိုပဲ ကျော်စိန်နဲ့ တောက်စိန်တို့ရဲ့ အလောင်းတွေကို တစ်ယောက်ချင်းဆီ မ' ပြီး ခပ်လှမ်းလှမ်းမှာ သွားချထားတယ်။ " မင်းကို ပြောထားတဲ့နေရာကို အရောက်သွားပြီး စောင့်နေလိုက်။ ရော့...'' ငထွားက ပြောပြီး လက်ထဲက အထုပ်ငယ်ကို ငထွန်းဆီ ပစ်ပေးလိုက်တယ်။ ငထွန်းက အထုပ်ကို စေ့စေ့စပ်စပ်ကြည့်တယ်။ " ဘာတွေလဲ...''

တုတ်ပီးဓားပီး ငထွား (ထောင်တွင်းဝတ္ထုများ စာမူအမှတ် ၁၈) ၁၈။​ အဂ္ဂမုခ ရှာပုံတော် (အပိုင်း ၂) နောင်ရိုး(ဆေး) ****** ညနေပိုင်းမှာ ငထွန်းတစ်​ယောက် ဒေါသတွေပြေပြီး ပုံမှန်အခြေအနေကို ရောက်ရှိခဲ့တယ်။ ဒီအခါ ထောင်မှူးကြီးလှဦးတို့က သူတို့သိလိုတဲ့ ကိစ္စကို မေးမြန်းဖို့ စီစဥ်ထားရာအတိုင်း လုပ်ဆောင်ကြတယ်။ အစီအစဥ်အရ ထိပ်တုံးဆီက ကျော်စိန်တို့ ညီအစ်ကိုရဲ့ အလောင်းကို ဆွဲထုတ်ကြတယ်။ ဒီလိုဆွဲထုတ်ပြီးတဲ့အခါမှ ငထွားနဲ့ ထောင်မှူးကြီးလှဦးက ကျန်ရစ်ပြီး ငထွန်းကို ချော့မော့လို့ မေးမြန်းကြပါတယ်။ ငထွားက ပထမတော့ မလှုပ်မယှက်၊ မတုန့်မပြန်။ နောက်တော့မှ မုသားအဓိဌာန်နဲ့ စိတ်ကို ဖတ်ကြည့်လိုက်တဲ့ ငထွားကြောင့် ဘယ်အရာကို အချက်အဖြစ် အသုံးပြုပြီး မေးရမလဲဆိုတာ သိသွားရတယ်။ ငထွန်းရဲ့ အမေအကြောင်း...။ ဒီအကြောင်းကို အချက်အဖြစ် အသုံးပြုပြီး မေးမြန်းရာကနေ သူတို့သိချင်ရာ အကြောင်းအရာ အလုံးစုံကို သိကြရပါပြီ။ ဒီအကြောင်းအရာတွေအထဲမှာတော့ အရှေ့မှာ သိကြပြီးဖြစ်တဲ့ ငထွန်းရဲ့ အကြောင်းတွေအပြင် သူ့အဖေဖြစ်သူ အဂ္ဂမုခနဂါးမင်းအကြောင်းကိုပါ သိရှိကြရလေတယ်။ အဂ္ဂမုခတဲ့...။ ငထွားတို့အတွက်တော့ ဆန်းသစ်ရာ ဝေါဟာရတစ်ခုပဲ။ ဒါပေမယ့် ငထွန်းဆီမှာ ရှိနေတဲ့ အဆိပ်ပိုင်ဆိုင်မှုတွေ၊ ဒေါသထွက်လေတိုင်း နဂါးတစ်ကောင် မြွေတစ်ကောင်လို အသွင်အပြင် အနည်းငယ်ပြောင်းလဲသွားတတ်တာတွေက ဒီအဂ္ဂမုခဆီကနေ အမွေဆက်ခံရရှိခဲ့တယ်ဆိုတာက သေချာလွန်းမက သေချာလွန်းတယ်။ " ငထွန်း...မင်းအဖေဆီကို မင်းသွားမလား...'' ငထွားဆီ ထင်မှတ်မထားတဲ့ မေးခွန်းကြောင့် ရုတ်တရက်တော့ ငထွန်းခမျာ ကြောင်အမ်းအမ်းလေး ဖြစ်သွားရတယ်။ " ဟုတ်တယ် ငထွန်း။ မင်းအဖေဆီကို သွားချင်တယ်ဆိုရင်...'' ထောင်မှူးကြီးလှဦးက စကားကို မဆက်သေးဘဲ သက်ပြင်းကို အရင်ချလိုက်တယ်။ ပြီးပါမှ... " ဖြစ်နိုင်မယ်ဆိုရင်တော့ မင်းရဲ့ အခုပုံစံနဲ့က လူတွေကြားထဲမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး...'' " ဗျာ...'' " ငါ ဘာကို ပြောချင်တာလဲဆိုတာ မင်းနားလည်ရခက်သွားတယ် ထင်တယ်...'' " ဟုတ်...ဟုတ်တယ်...'' " ငါ မင်းနားလည်အောင် ပြောပြပါ့မယ်...'' " အင်း...'' " ဒီလို ငထွန်း။ မင်းရဲ့ အခုလို ပုံစံဆိုတာက ဒေါသထွက်ရင် ပြောင်းလဲသွားတဲ့ မင်းရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောချင်တာ။ မင်းက ထူးထူးဆန်းဆန်းပဲ အဆိပ်ရှိနေတဲ့ လူတစ်ယောက်ဖြစ်နေတယ်။ မင်းဒေါသထွက်ရင် မင်းရဲ့ မျက်နှာ ပုံစံက ပြောင်းလဲသွားတတ်တယ်။ စိတ်လည်း ပြောင်းလဲသွားတယ်...'' " ကျုပ်က အဲ့ဒီ့လို ဖြစ်သွားတတ်တာလား...'' " မင်း ပြောင်းလဲသွားတာကို မင်းကိုယ်တိုင် မသိမိဘူးလား...'' " ဟင့်အင်း...။ အဲ့ဒီ့အချိန်မှာ ကျုပ်စိတ်ထဲ အဲ့ဒီ့ဒေါသဖြစ်နေမိတဲ့အရာက လွဲပြီး ဘာကိုမှ သိမိမနေတော့ဘူး...'' ထောင်မှူးကြီးလှဦးနဲ့ ငထွားတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြတယ်။ ငထွားက...။ " မင်း ပြောင်းလဲသွားတယ် ငထွန်း။ ဒီတော့ကွာ ငါတို့ဆိုလိုချင်မိတာက အခုဆို အဲ့ဒီ့အဆိပ်ကို အသုံးပြုပြီးတော့ မင်းက လူတွေသတ်ဖြတ်ထားတယ်...'' ငထွန်းက သူ့အပြစ်သူ သိတဲ့အတွက် ခေါင်းကို ငုံ့သွားတယ်။ ငထွားက ဆက်ပြောတယ်။ " ဒါက မင်းအနေနဲ့ လူတွေအကြားမှာ နေဖို့အတွက် မသင့်လျော်ဆုံး အဓိကအချက်ပဲ။ ဪ...ဒီလိုပြောလို့ မင်းကို နေလို့မရဘူးလို့ ငါက မုန်းတီးပြီး ပြောနေတာ မဟုတ်ဘူးနော်...'' " ကျုပ် နားလည်ပါတယ်...'' ငထွန်းက ခေါင်းကို ညင်သာစွာ ညိတ်ရင်း အသံတိုးတိမ်ပြီး ပြောတယ်။ " မင်းရဲ့ ဒေါသနဲ့ မင်းရဲ့ စိတ်သဏ္ဍာန်ကြီးစိုးမှုတွေက မင်းအဖေဆီကနေ ပါရှိနေတာ ဖြစ်လိမ့်မယ်။ အဲ့ဒီ့တော့ တစ်စုံတစ်ယောက်က မင်းကို မခံမရပ်နိုင်အောင် ထိပါးနစ်နာစေလာရင် မင်းက ဒေါသထွက်မယ်။ အဲ့ဒီ့အခါကျ အမှားတွေ လုပ်မိမယ်...'' " ဟုတ်ကဲ့...'' " လူဆိုတာက အမျိုးမျိုးကွ။ လိုတဲ့အခါတစ်မျိုး၊ အလိုတဲ့အခါ တစ်မျိုး။ တစ်ချို့သော လူတွေကျတော့ သူတစ်ပါးကို ပုတ်ခတ်နင်းချရမှ နေပျော်တဲ့သူတွေ ရှိတယ်။ အဲ့ဒီ့တော့ကွာ ငါတို့က မင်းကို ကောင်းဖို့အတွက် ပြောနေတယ်ဆိုတာ မင်းကို သိစေချင်တယ်...'' " ကျုပ် ခင်ဗျားတို့ ပြောတာအားလုံးကို နားလည်နေပါတယ်...'' ထောင်မှူးကြီးလှဦးကလည်း ပြောတယ်။ " ငထွန်း...မင်း​က ဓားပြမှုနဲ့ လူသတ်မှုတွေ ကျူးလွန်ထားတယ်။ ဒါတွေအတွက် မနက်ဖြန်ဆိုရင် မင်းကို မြို့ဂါတ်က ပုလိပ်တွေက လာခေါ်ကြလိမ့်မယ်...'' " ဒါကိုလည်း ဟိုလူယုတ်မာကျော်စိန် ပြောလို့ ငါသိပြီးပါပြီ...'' " အေး...ဟုတ်တယ်။ အဲ့ဒီ့တော့ကွာ ငါဆက်ပြောမယ်...'' " ဟုတ်ကဲ့...'' " မင်းကို ပုလိပ်က ခေါ်သွားမယ်။ ဟိုရောက်ရင် မင်းကို စွဲချက်တင်ပြီး ထောင်ကို ပို့မယ်။ အဲ့ဒီ့ကျရင် လူတွေက ဆိုးပေ့ဆိုတဲ့ လူတွေချည်းပဲ။ မင်းအတွက် မင်းရဲ့ ဒေါသကို ထိန်းနိုင်ပါမှ အဆင်ပြေမှာ။ သူတို့ကတော့ အမျိုးမျိုး ထိပါးကရိကြမှာပဲ။ မင်းအဆင်ပြေနိုင်ပါ့မလား...'' ငထွန်း ခေါင်းကို ရမ်းခါလိုက်တယ်။ " ဒီတော့ကွာ။ မင်းက လွတ်မြောက်ချင်တယ်ဆိုရင် ငါတို့က ကူညီပေးလို့ရတာတွေရှိတယ်။ ဒါပေမယ့် မင်းဘက်က တစ်ခုတော့ လိုက်နာရလိမ့်မယ်...'' " ကျုပ် လူတွေကြားထဲမှာ မနေဖို့လား...''

" ဒီလိုဖြင့် သူ့ကို ကျုပ်တို့ တိုက်ရိုက်စကားပြောကြည့်ကြည့်ပြီး အဖြေတစ်ခု ရှာကြတာပေါ့...'' ငထွားရဲ့စကား...။ " အင်း...ကျုပ်ကတော့ ဒီလိုပဲ ဆုံးဖြတ်မိပြီ။ သူကြီးတို့ကော...'' " ကျုပ်ကတော့ ထွေထူးပြီး ပြောစရာ မရှိပါဘူး...'' သူကြီးဦးစောရဲ့ စကားပါ။ သူကြီးဦးဖေငယ်ကတော့...။ " ကျုပ်ကတော့ သူအရင်လို ပြန်လုပ်ရင်ဆိုတဲ့ စိုးရိမ်စိတ်ကလေးတော့ ရှိနေတယ်ဗျာ။ ဒါပေမယ့် ကိုယ့်ထက်ကိ တတ်သိနားလည်တဲ့ ထောင်မှူးတို့ ဆရာလေးငထွားတို့လို လူတွေက စီစဥ်တာဆိုတော့လည်း...'' ထောင်မှူးကြီးလှဦးက ပြုံးလိုက်တယ်။ " အဆင်ပြေသွားမှာပါ...သူကြီး...'' " ဟုတ်ကဲ့ပါဗျာ...'' ငထွန်းနဲ့ ပက်သက်တဲ့ တိုင်ပင်မှုကတော့ ဒီတင် အဖြေတစ်ခု ထွက်ရှိခဲ့ပါပြီ။ ဆက်ရန်...။

တကယ်လုပ်ခဲ့တယ် မလုပ်ခဲ့ဘူးဆိုတာကတော့ ငထွားရောက်ချိန်မှာ ကျော်စိန်က ငထွန်းလက်ချက်နဲ့ သေလုမျောပါးဖြစ်နေခဲ့ပြီမို့ စိတ်ဖတ်လို့ မရခဲ့တာကြောင့် မသိနိုင်ခဲ့ဘူး။ တောက်စိန်ကျန်ရင်လည်း တောက်စိန်ကို မေးမြန်းလို့ ရနိုင်ဦးမယ်။ အခုတော့ သူ့အစ်ကိုကို ကယ်တင်လိုတဲ့ တောက်စိန်လည်း ငထွန်းကြောင့် တစ်ခါထဲ သေပွဲဝင်သွားရလေတယ်။ ဒီတော့က ကျော်စိန်ပြောတဲ့ ကိစ္စဟာ အမှန်အကန်ဟုတ်တယ်၊ မဟုတ်ဆိုတာက ဘယ်သူသိနိုင်ပါတော့မလဲ။ သေချာတာကတော့ ကျော်စိန်က နှုတ်ကြောင့်သေသူ တစ်ယောက် ဖြစ်ခဲ့ရတယ်။ တောက်စိန်ကတော့ မဆိုင်ပဲ ကြားဝင်သေဆုံးပေးရသူပေါ့။ သူလည်းပဲ ပြောရမယ်ဆို အပေါင်းကြောင့် ပျက်ရတယ်ဆိုတဲ့ သဘောပါပဲ။ ကျော်စိန်မကောင်းတော့ တောက်စိန်လည်း သေရလေပေါ့။ ငထွန်းအနေနဲ့ ဒီလောက်အထိ မလုပ်သင့်ဘူးဆိုတာ ပြောနိုင်ပေမယ့် သူတို့အကြောင်းက သူတို့သာ အသိဆုံးမဟုတ်လား။ ပြီးတော့ သားယောကျ်ားလေးအတော်များများက အမေကို ထိပါးလာရင် သည်းမခံနို​င်ကြဘူးလေ။ ဒါကို ငထွားက ငထွန်းကို စိတ်ဖတ်မှုကနေ သိမိလိုက်တယ်။ အတွင်းရေးကျကျအထိတော့ သူလည်း မသိနိုင်ပါဘူး။ ဒီတော့ သူသိထားတဲ့အတိုင်း၊ သိထားသလောက်ကို ပြန်ပြောပြတယ်။ ငထွားလည်း ပြောလို့ပြီးကော သူကြီးဦးဖေငယ်က...။ " ဒါဖြင့် ဒီကောင်လေးက သနားစရာလေးပေါ့...'' " ကျုပ်ကတော့ အဲ့ဒီ့လောက်အထိကြီး ယူဆဖို့ကျတော့ မဖြစ်နိုင်ဘူးထင်တယ်...'' သူကြီးဦးစောက ဝင်ပြောတယ်။ ငထွားက ပြောတယ်။ " ကျုပ်ကတော့ မြင်ထားမိသလောက် ပြောပြရုံပါပဲ။ အခုနက အခြေအနေမှာ ထွက်ပြေးဖို့ ကြိုးစားတာ မဟုတ်တဲ့သူ့ကို ဘာမှမလုပ်ချင်မိဘူးဗျာ။ သူတို့ဆိုတာက ဒီဖြစ်စဥ်တွေ မတိုင်ခင်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျုပ်တို့ မသိနိုင်ကြဘူး။ ဒီတော့ အချင်းချင်းသတ်ဖြတ်တာက သူတို့ခံစားချက်ရှိကြတဲ့အတိုင်း သူတို့တရားသူတို့ စီရင်ကြတာပါပဲ...'' " ကိုထွားက အဲ့ဒီ့လို ယူဆတာလား...'' ထောင်မှူးကြီးလှဦးက ဝင်ပြောလေတယ်။ " အင်း...ထောင်မှူး...'' " ကျုပ်ကတော့ တစ်ခြားတစ်မျိုး တွေးနေမိတယ်...'' " ဘယ်လိုမျိုးလဲ ပြောပါ ထောင်မှူး...'' သူကြီးဦးစောက ဝင်မေးတယ်။ ထောင်မှူးကြီးလှဦးက ချက်ချင်းမပြော၊ ပြောဖို့ခက်လဲနေတဲ့ အခြေအနေ ရှိတယ်။ " ပြောပြပါ ထောင်မှူးရဲ့...'' သူကြီးဦးဖေငယ်ကပါ ဝင်မေးလာတယ်။ " ကျုပ် ပြောရခက်နေလို့ပါ သူကြီးရာ။ ပြီးတော့ တစ်ယောက်ယောက်ကလည်း တစ်မျိုးမြင်သွားရင်.မကောင်းဘူးဗျ...'' " အို...မဟုတ်တာပဲ ထောင်မှူးရာ။ ပြောမှာသာ ပြောပြ။ ဒီမှာ ကိုယ့်လူတွေချည်းပဲ ရှိတယ်...'' " ဟုတ်တယ် ထောင်မှူး။ ပြောစရာရှိတာကိုသာ ပြောပြ...'' သူကြီးတွေရဲ့ စကားကြောင့် ထောင်မှူးကြီးလှဦးက သူတွေးမိတာကို ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ " ကျုပ်က ဒီလိုတွေးမိသွားတယ်ဗျ။ တွေးမိတယ်ဆိုတာ ကိုထွားပြောပြတဲ့ ဒီကောင်လေးရဲ့ ကိစ္စတွေနဲ့ မသက်ဆိုင်ဘူးနော်။ ကျုပ် တွေးမိတာက သပ်သပ်...'' " ဟုတ်ကဲ့...'' " ဒီကောင်လေးကို ပုလိပ်လက်အပ်ရင်လည်း အခန့်မသင့်ရင် အခုလိုပဲ ထပ်ဖြစ်လာနိုင်တယ်လို့ တွေးမိလို့ဗျာ။ ပြီးတော့ သူပုံစံကြည့်ရတာလည်း သာမန်မဟုတ်ဘူးဆိုတာ သိသာလွန်းနေတယ် မဟုတ်လား...'' ငထွားက ခေါင်းကို ညိတ်လိုက်တယ်။ " ကျုပ်တော့ သူ့ဆီက မကောင်းတဲ့ အငွေ့အသက်ရယ်လို့တော့ မတွေ့မိဘူး...'' " အင်း...ကိုထွား...'' " ဒါပေမယ့် သူ့ပုံစံကတော့ ထူးဆန်းတယ်။ မြွေတစ်ကောင်လို အဆိပ်ပြင်း ရှိတယ်။ ပြီးတော့ ဒေါသထွက်တဲ့အခါ မျက်ဝန်းက နီရဲလာပြီး မျက်နှာမှာ အကြေးကွက်တွေ ထလာတယ်...'' " သူ့ကို ကိုထွား ဘယ်လိုမြင်မိလဲ...'' " သူက နဂါးတစ်ကောင်လိုလို ဘာလိုလို ဖြစ်နေတာလို့ ထင်မိတာပဲ ထောင်မှူး...'' " နဂါးတစ်ကောင်တဲ့လား...'' အကုန်လုံးဆီက အံ့သြဘနန်းနဲ့ လိုက်ပါ ရေရွတ်သံတွေ ထွက်ပေါ်လာခဲ့တယ်။ " ကျုပ်တို့ သူ့ကို လွှတ်ပေးလိုက်ကြမလား...'' ထောင်မှူးကြီးလှဦးက ဘယ်အရာကိုမှ ချင့်ချိန်မနေတော့ဘဲ ပြောလိုတဲ့ စကားကို ရဲတင်းစွာနဲ့ပဲ ပြောလိုက်လေတယ်။ အကုန်လုံးဆီက တုန့်ပြန်သံ ထွက်ပေါ်မလာပါ။ ဘာပြောရမယ်မှန်း မသိကြတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒိအခြေအနေကနေ ပထမဆုံး စကားစပြောလာသူကတော့ ငထွားပါ။ ငထွားက ထောင်မှူးကြီးလှဦးကို ကြည့်ပြီး...။ " ထောင်မှူး ဘယ်လိုတွေးမိလို့လဲ...'' " ဒီလို ကိုထွား။ အခုနက ကျုပ်ပြောခဲ့တဲ့ စကားအတိုင်းဆက်မယ်ဆိုရင် ဒီကောင်လေးက ပုလိပ်လက်ကို ထည့်လိုက်မယ်ဆိုရင်လည်း နောက်နောင် ဒီလိုအဖြစ်မျိုးတွေက ထပ်ဖြစ်နေဦးမှာပဲ။ ပုလိပ်ဆီက ထွက်ပြေးလိုလို့ လမ်းခုလတ်မှာ ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် ဂါတ်တဲအချုပ်ခန်းထဲရောက်ရင် တစ်ခြားအချုပ်သားတို့နဲ့ ဖြစ်ရင် ဖြစ်မယ်။ နောက်ဆုံးဗျာ...ထောင်ကို ရောက်လာပြီထား။ သူ့ထက်ငါ သူတစ်လူ ငါတစ်ဇော်လုပ်နေကြတဲ့ အကြားမှာ ထပ်ပြီး ဖြစ်လာဦးမှာပဲ...'' " ဒါလည်း ဟုတ်တာပဲ...'' သူကြီးဦးစောက ခေါင်းကိုညိတ်လို့ ဝင်ပြောလေတယ်။ " ဒါပေမယ့် တစ်ခုတော့ ရှိတယ်နော် ထောင်မှူး။ သူ့ကို လွှတ်ပေးပြီးလို့ သူက အခုလိုမျိုးတွေပဲ ဆက်လုပ်နေဦးမယ်ဆိုရင်ကော...'' သူကြီးဦးဖေငယ်က ဝင်ပြောတယ်။ ဒီအခါ ထောင်မှူးကြီးလှဦးက...။ " အကြောင်းသိရင် အကျိုးရှိတာကို ကြံဆောင်လို့ ရမှာပါ သူကြီးရယ်...''

လျှပ်တပြက်အတွင်းမှာပဲ ငထွန်းက တောက်စိန်ရဲ့ လည်မျိုဆီကို ကိုက်ချလိုက်တယ်။ " ဟာ...ငထွန်း...'' ထောင်မှူးကြီးလှဦးလည်း မနေသာတော့ဘူး။ အနားမှာရှိတဲ့ တုတ်ကြီးတစ်ချောင်းကို ဆွဲယူပြီး တောက်စိန်ရဲ့ လည်မျိုကို ခဲမိထားပြီဖြစ်တဲ့ ငထွန်းကို ဖြတ်ရိုက်ချလိုက်တယ်။ " ဒုတ်......'' ထောင်မှူးကြီးလှဦးရဲ့ ရိုက်ချက်က ငထွန်းရဲ့ ခေါင်းကို ထိသွားတယ်။ ဘာမှတော့ မဖြစ်ဘူး။ ထောင်မှူးကြီးလှဦးက ထပ်ရိုက်ဖို့ ရွယ်လေချိန် တောက်စိန်ကို လွှတ်ပြီး ငထွန်းလှည့်ကြည့်လာတယ်။ ငထွန်းအကြည့်ကြောင့် ရိုက်အံ့ဆဲဆဲ ထောင်မှူးကြီးလှဦး တန့်သွားရတယ်။ " ဝုန်း....'' ထောင်မှူးကြီးလှဦးကို ရန်လိုဇောနဲ့ ဝုန်းခနဲ ငထွန်းထ'ခုန်လိုက်တာပါ။ ထိတ်တုံးကြီးကိုသာ အောက်က သံငုတ်မရိုက်ထားရင် ကြွတက်လာပြီး ထောင်မှူးကြီးလှဦးဆီကို ရောက်လာမှာက အသေအချာပဲ။ အခုတောင်မှ ထိပ်တုံးကြီးကော အတူခတ်ခံထားရပြီး အဆိပ်တက်လို့ သေလုမျောပါးဖြစ်နေကြပြီဖြစ်တဲ့ ကျော်စိန်တို့ ညီအစ်ကိုပါ ကြွခနဲ ဖြစ်သွားသေးတယ်။ ထောင်မှူးကြီးလှဦးတို့လည်း ငထွန်းကို ကြည့်ပြီး အလန့်တကြားနဲ့ အနောက်ကို ရှဲမိကုန်ကြရတယ်။ ဒီအခိုက် သူတို့ရဲ့ အနောက်ကနေ ဟစ်အော်သံက ထွက်ပေါ်လာတယ်။ " ဟေ့ကောင်...ငထွန်း။ မင်း ငြိမ်နေလိုက်စမ်း...'' ငထွားရောက်လာပြီ။ ငထွားရောက်လာတဲ့အတွက် အကုန်လုံး အားရှိကုန်ကြရတယ်။ " ကိုထွား...ဒီကောင်ထသောင်းကျန်းနေလို့ဗျာ။ ဟိုနှစ်ကောင်လည်း သေကုန်ပြီ။ တစ်ခုခု လုပ်ဦး...'' ထောင်မှူးကြီးလှဦးက ပြောတယ်။ ငထွန်းက ငထွားကိုကော ထောင်မှူးကြီးလှဦးကိုပါ စားမတတ်ဝါစမတတ် အကြည့်တွေနဲ့ ကြည့်တယ်။ ငထွား ငထွန်းကို ပြန်လည်ပြီး စိုက်​ကြည့်လိုက်မိတယ်။ ဒါက သူ အသုံးမပြုတာ ကြာပြီဖြစ်တဲ့ မုသားအဓိဌာန်ကို အသုံးပြုလိုက်တာပါ။ ဒီအတွက်ကြောင့် ငထွန်းစိတ်ထဲက ဖြစ်ပျက်နေတာတွေကို ငထွား မြင်မိသွားခဲ့ရပြီ။ ရင်ထဲ ဆို့နင့်သွားရတယ်။ ငထွန်းကတော့ ဒါကို မသိ၊ ဒေါသူပုန်ထနေတာမို့ အတင်းကာရော ရုန်းရင်းကန်ရင်း ရှိနေလေတယ်။ ငထွားက ငထွန်းကို ခတ်ထားတဲ့ ထိပ်တုံးကို ကြည့်လိုက်တယ်။ ပျဥ်းကတိုးအနှစ်နဲ့ ထွင်းထားတဲ့ ထိပ်တုံးက ခိုင်ခံ့မှုကောင်းမွန်လွန်းနေဆဲပါပဲ။ ငထွား သက်ပြင်းကို မသိမသာ ချလိုက်ပါတယ်။ " သူ့ကို ဒီအတိုင်းထားလိုက်ပါ။ ခဏနေရင် စိတ်ပြေသွားပါလိမ့်မယ်...'' " ဟာ...ကိုထွား။ ဖြစ်ပါ့မလားဗျ။ ဒီကောင်က ရုန်းကန်ပြီး ကျုပ်တို့ကိုတောင် တိုက်ခိုက်ဖို့ လုပ်တာ...'' သူကြီးဦးစောက ဝင်ပြောလာတယ်။ " ရပါတယ် သူကြီး။ စိတ်မပူပါနဲ့။ ဒီလို ဘာကြောင့်ဖြစ်တယ်ဆိုတာ သူကြီးတို့ မသိသေးလို့ပါ။ သူ့ကို ဒီအတိုင်း ခဏထားပေးလိုက်ရင် အဆင်ပြေပါတယ်...'' ထောင်မှူးကြီးလှဦးက ငထွား အခုလိုပြောလာခြင်းမှာ အကြောင်းတစ်ခု ရှိနေတယ်ဆိုတာ ရိပ်မိလေတယ်။ " ကဲ...ဒါဖြင့်လည်း သူ့ကို ဒီအတိုင်းထားလိုက်တာပေါ့။ ဟိုနှစ်ယောက်ရဲ့ အလောင်းကိုတော့ သူစိတ်ပြေမှပဲ ဆွဲထုတ်ကြမယ်...'' " ဟုတ်ကဲ့ ထောင်မှူး...'' " ထောင်မှူးတို့ သွားနှင့်ဗျာ။ ကျုပ် ခဏလေးနေပြီး လိုက်လာမယ်...'' ငထွားက ပြောလိုက်တယ်။ ထောင်မှူးကြီးလှဦးက...။ " ဟုတ်ကဲ့ပါ ကိုထွား။ ဂရုစိုက်ပါ...'' ထောင်မှူးကြီးလှဦးက အကုန်လုံးကို ခေါ်ပြီး ထွက်သွားကြတယ်။ ငထွားတစ်ယောက်ထဲ ငထွန်းအနားမှာ ရပ်ကျန်ခဲ့တယ်။ ငထွားက ငထွန်းအနားဆီကို လှမ်းသွားလိုက်တော့ ရန်မူမယ် အထင်နဲ့ ရုန်းရုန်းကန်ကန် ထလုပ်တယ်။ " ငထွန်း...မင်းအကြောင်းတွေကိုကော မင်းခံစားနေရတာတွေကိုကော ငါက အားလုံးသိပြီးပြီ။ ဒါကြောင့် မင်းကို ငါ ရန်မပြုဘူး ဟုတ်ပြီလား။မင်းအမေကို စော်ကားတဲ့နှစ်ယောက်ကိုလည်း မင်းစိတ်ကြိုက်လုပ်ပြီးပြီဆိုတော့ စိတ်ကို လျှော့ကွာ...'' ငထွားက ပြောပြီး ငထွန်းရဲ့ ပခုံးဆီကို လက်နဲ့ပုတ်လို့ နှစ်သိမ့်လိုက်တယ်။ ငထွန်းက ဒေါသမပြေသေးပါ။ မျက်နှာမှာ အကြေးခွံတွေထနေပြီး မျက်ဝန်းတွေက ရဲရဲနီနေဆဲပါပဲ။ ဒါပေမယ့် ငထွန်းက ငထွားပြောတာကို နားလည်တဲ့အလား ရှိနေတယ်။ ရန်လည်း မမူလာသလို ကျောက်ရုပ်လေးအတိုင်းပါပဲ...။ ငထွားက ငထွန်းကို နှစ်သိမ့်ပြီးတာနဲ့ ထားရစ်ခဲ့လိုက်ပြီး သူကြီးအိမ်ဘက်ကို ပြန်လာခဲ့လိုက်တယ်။ ဟိုရောက်ရင် ထောင်မှူးကြီးလှဦးတို့ကို ငထွန်းနဲ့ ပက်သက်တဲ့ အကျိုးအကြောင်းကို ပြောပြရဦးမယ် မဟုတ်ပါလား...။ ***** ငထွားပြောပြတဲ့ အကြောင်းအရာတွေကို ထောင်မှူးကြီးလှဦးတို့အဖွဲ့ စိတ်ဝင်တစားနဲ့ နားထောင်နေကြတယ်။ ငထွားက ငထွန်းဆီကနေ သူမြင်မိထားသလောက်ကို အလုံးစုံ ပြောပြနေတာ ဖြစ်တယ်။ ငထွားမြင်မိခဲ့တာတွေကတော့...။ ငထွန်းနဲ့ တောက်စိန်၊ ကျော်စိန်တို့ ပက်သက်မှုအကြောင်း၊ ပြီးတော့ ငထွန်းရဲ့ သိမ်ငယ်ကျိုးပြတ်နေတဲ့ စိတ်နဲ့ အခုနက ကျော်စိန်တို့နှစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်အမှန်ကိုလည်း မြင်မိထားတဲ့ အတိုင်းပြောပြနေဖြစ်တယ်။ ဒီရဲ့ ဖြစ်စဥ်အမှန်ကတော့ ကျော်စိန်က ငထွန်းကို ထိပ်တုံးကနေ လွတ်မြောက်အောင်လုပ်ဖို့ ဖိအားပေးပြောဆိုတယ်။ ငထွန်းက တုံတိဘာဝေနေတော့ ကျော်စိန်က တစ်ချိန်က သူဟာ ငထွန်းရဲ့ မိခင်ဖြစ်သူအပေါ် ဗလက္ကာရပြုဖူးကြောင်း၊ ဒါကြောင့် သူ့ကို အဖေအဖြစ် သတ်မှတ်လို့ရကြောင်းကို စကားနာထိုး ပြောကြားတယ်။

" ကိုဖေငယ်ရယ်။ သူတို့သုံးယောက်ကိုက အားပေးလည်း ပေးချင်စရာပဲကိုး။ ဒါတောင် ကျုပ်ရွာဘက်က ကိစ္စတွေကို သူတို့ရှင်းလင်းပေးတာတွေ ခင်ဗျားတို့ မကြုံဖူးကြသေးလို့...'' " ကျားဘစိန်တို့ ညီအစ်ကိုကိစ္စတုန်းကတော့ ကြားမိတယ်ဗျ။ တကယ့်ကို ပွဲကြီးပွဲကောင်းလို့ ဆိုကြတယ်...'' " ဟုတ်ပါ့ဗျာ။ ဟိုကလည်း ကာယသိဒ္ဓိအင်းအိုင်တွေနဲ့ ညီအစ်ကို။ ဒီဘက်ကလည်း သူတို့နည်းတူပဲဆိုတော့...'' " ကြောင်ဘတိုးကို ကားစင်တင်ကြတုန်းကလည်း ကျုပ်လာခဲ့ဖို့ရာဗျာ။ ဒီမှာလည်း နာရေးကိစ္စက ရှိနေတော့ ရောက်မလာဖြစ်လိုက်ဘူး...'' " အမလေး ကိုဖေငယ်ရေ။ အဲ့ဒီ့တုန်းကတော့ ခင်ဗျားတို့ ရောက်မလာတာ ကံကောင်းတယ်။ ဘာကြောင့်ဆို သူ့အစ်ကို ကျားဘစိန်ကြီး ရောက်လာပြီး ပွဲကြမ်းတာကိုး...'' " ဒါလည်း ကြားမိပါတယ်ဗျာ...'' သူကြီးနှစ်ယောက် ငထွားတို့အကြောင်းကို လေပေးလူယူဖြောင့်နေတဲ့အတွက် ထောင်မှူးကြီးလှဦးက နားထောင်သမားသပ်သပ်ဖြစ်သွားတယ်။ မျက်နှာကြီးကတော့ ကျေနပ်ပီတိတွေနဲ့ ပြုံးနေတာပေါ့။ အခု သူကြီးနှစ်ယောက် အပြန်အလှန်ကောင်းကြောင်းကောင်းရာတွေကို ပြောဆိုနေကြတဲ့ ငထွားတို့လူစုဆိုတာက သူ့အတွက်တော့ ညီရင်းအစ်ကိုတွေထက်တောင် ပိုတဲ့ သူတွေမဟုတ်လား။ " အသူရာကိစ္စတုန်းကလည်း ဆရာလေးငထွားက တကယ့်ကို ချီးကျူးဖို့ ကောင်းခဲ့တယ်ဆိုတာ ကြားမိတယ်...'' " ဒီတုန်းကလည်း ဟုတ်ပါ့ဗျာ။ ကျုပ်တို့ဆို မျက်ဝါးထင်ထင်ကြီး ကြည့်ရတာ။ ဟို​ကောင်ကြီးက ကြမ်းလွန်းတော့ ဝင်ပြီးလည်း မကူရဲဘူး။ အဲ...ဒါပေမယ့်ဗျ။ ငနက်နဲ့ ညိုကြီးတို့ကတော့ ဝင်ကူရဲတယ်နော့်။ တကယ့်ကို ရဲရဲရင့်ရင့် ဝင်ကူပေးကြတာ...'' " ကျုပ်ဖြင့်ဗျာ သူတို့အကြောင်းတွေ ပြောရရင်ကို ထမင်းဟင်းတောင် မေ့တဲ့အထိ ဖြစ်နေရပြီ...'' " အဟား...ကိုဖေငယ် တကယ်ပြောတတ်တယ်ဗျာ...'' " ဟာ...ပြောတတ်တာ မဟုတ်ဘူး ကိုစောရဲ့။ ဖြစ်နိုင်ရင်လေ ဆရာလေးငထွားကို ကျုပ်ရွာသူနဲ့တောင် အိမ်ထောင်ရက်သားချပေးပြီး ဒီမှ အပြီးအပိုင် ခေါ်ထားလိုက်ချင်သေးတယ်...'' " ဟာ...အဲ့ဒီ့လိုတော့ မလုပ်နဲ့နော့်။ ကိုထွားမှာက မိသားစု ရှိတယ်ဗျ...'' " ဟုတ်လား...'' သူကြီးဦးဖေငယ် အံ့သြသွားမိရတယ်။ ပြီးတော့ ဆက်ပြောတယ်။ " ကျုပ်ဖြင့်တော့ မသိပေါင်ဗျာ။ ဆရာလေးကိုထွားကို လူလွတ်ထင်လို့ စကားကမ်းလှမ်းမိပါကော...'' " ကိုထွားက အိမ်ထောင်ရှိ သမီးလေးတစ်ယောက် ရှိပါတယ်ဗျာ။ အဲ...ကိုဖေငယ် လိုချင်ရင်တော့ ညိုကြီးရှိတယ်။ သူကတော့ လူလွတ်ဗျ...'' " သူဆိုလည်း ကောင်းတာပဲလေ။ ကျုပ်တကယ်ပြောမယ် သိလား။ အခု လူလွတ်ဖြစ်တဲ့ ဆရာလေးညိုကြီးကသာ သူ့စိတ်ကြိုက် လက်ညှိုးထိုးပါလေ့စေ။ ကျန်တာက ကျုပ်တာဝန်သာ ထားဗျို့။ ရဲသုံးဖော်အထဲက ရဲနှစ်ဖော်က ကျုပ်ရွာသားဖြစ်ရင်ကို ကျေနပ်လှပြီ...'' သူကြီးဦးဖေငယ်ရဲ့ စကားအဆုံး ရယ်မိလိုက်ကြတယ်။ ထောင်မှူးကြီးလှဦးကတော့ တွေးမိတယ်။ ဒီစကားတွေကို ညိုကြီးသာ ကြားမိရင် ဘယ်လိုများ ဆုံးဖြတ်လေမလဲ၊ စိတ်ဝင်စားစရာကတော့ အကောင်းသားလို့ တွေးမိတယ်။ ပြီးတော့ တစ်ဆက်ထဲ ဆက်ပြီးတွေးမိတာက အများကောင်းကျိုးကို ဆောင်ပေးနေတဲ့ ဒီသုံးယောက်ကို လွတ်လွတ်လပ်လပ်နေစေဖို့၊ ဒီအတွက်ကတော့ သူ့အနေနဲ့ စိတ်ထဲက လုပ်လို့ရနိုင်မယ့် နည်းလမ်းကို ရှာဖွေရင်း အစီအစဥ်ဆွဲဖြစ်နေတုန်းပါ။ " ကိုစောလည်း ကြိုးစားပေးဗျာ...'' " အိုဗျာ...ကျုပ်ကလည်း ဖိတ်ချင်းဖိတ် ကိုယ့်ရွာကို ဖိတ်ချင်တာဗျ...'' သူကြီးနှစ်ယောက် အရွှန်းဖောက်ကြရင်း ရယ်မောလိုက်ကြတယ်။ ဒီအခိုက်...။ " ဟာ.....ငထွန်း ဟေ့ကောင်။ ဘာလုပ်တာလဲ အ...အား....'' " ငထွန်း...မ...မလုပ်နဲ့... '' အိမ်အနောက်ဘက် တင်းကုတ်ထဲ ထိပ်တုံးခတ်ထားရာ ငထွန်းတို့ဆီက ရုန်းရင်းဆန်ခတ်အသံတွေ...။ " သူကြီးရေ...ဒီမှာ သတ်ကုန်ပြီဗျ။ လာ...လာကြပါဦး...'' " ဆွဲကြပါဟ...'' " မဆွဲရဲဘူးလေကွာ...'' ဆူညံသံတွေကလည်း တစ်ဆက်ထဲပဲ ထွက်ပေါ်လာပါကော...။ " သူကြီးရေ...ဘာဖြစ်သလဲ မသိဘူးဗျ။ လာ...မြန်မြန်သွားကြည့်ကြရအောင်...'' ထောင်မှူးကြီးလှဦးက ပြောပြီး တင်းကုတ်ဘက်ကို ပြေးထွက်တော့ သူကြီးနှစ်ယောက်လည်း အနောက်ကနေ လိုက်ပါကြတယ်။ တင်းကုတ်ဘက်ကို ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ကျော်စိန်ကို ငထွန်းက ထိပ်တုံးခတ်ရက်သားက ပေါင်ကို ကုန်းကိုက်ပြီး ခဲထားလေတယ်။ ကျော်စိန်ကတော့ ငထွန်းရဲ့ ကိုက်ခဲမှုကြောင့် အဆိပ်တက်နေပြီး မချိမတဆန့်ညည်းညူရင်း ဆန့်ဆန့်ကြီးတောင် ဖြစ်ဖြစ်နေပြီ။ အနားက စောင့်ကြပ်သူတွေကလည်း ငထွန်းအကြောင်းကို သိကြတော့ ဝင်မဆွဲရဲကြဘူး။ ဒီအတိုင်း ရပ်ကြည့်ရင်း ဟစ်အော်ရင်းသာ ရှိနေကြတယ်။ တောက်စိန်ကတော့ သူ့အစ်ကို လွတ်လိုလွတ်ငြား ငထွန်းကို ခေါင်းနဲ့ တိမ်းတိမ်းပြီး တိုက်နေတယ်။ လက်တွေက ကြိုးတုပ်ထားတာဆိုတော့ လုပ်လို့ မရဘူးလေ။ " ငထွန်း...မလုပ်နဲ့...'' ထောင်မှူးကြီးလှဦးလှမ်းအော်တယ်။ " ဟာ....'' သူကြီးနှစ်ယောက်ကလည်း အဖြစ်အပျက်ကို မြင်မိပြီး အလန့်တကြားနဲ့ အာမေဋိတ်တွေကို ပြုကြတယ်။ " ငထွန်း...ခွေးမသား။ အဲ့ဒါ မင်းအစ်ကိုလေ...'' တောက်စိန်က ဆဲရေးရင်း ခေါင်နဲ့ ထပ်တိုက်တယ်။ မအေကို ထိတော့ ငထွန်းက ကျော်စိန်ကို လွှတ်ပြီး တောက်စိန်ကို စိမ်းစိမ်းကြီးကြည့်လာတယ်။ ဘုရား...ဘုရား မျက်ဝန်းတွေက ရဲရဲတောက်လို့ပါလား။