4 453
مشترکین
-524 ساعت
-277 روز
-5530 روز
آرشیو پست ها
Repost from N/a
"အတိုက်အခံတွေ များလေလေ၊ မင်းလမ်းကြောင်း မှန်လေလေပဲ"
ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကို လူတွေက လိုက်လံနှောင့်ယှက်၊
ဖျက်ဆီးချင်နေကြပြီဆိုရင် ဒါဟာ
ကိုယ်က သူတို့ မလုပ်နိုင်တဲ့ အပြောင်းအလဲကြီးတစ်ခုကို
ဖန်တီးနေလို့ပဲ ဖြစ်ပါတယ်။
#Kyaw_Khaing_Oo
"မေးခွန်းထုတ်ရဲတဲ့ သတ္တိဟာ ပညာရပ်ရဲ့ အစဖြစ်သည်"
ဆရာပြောသမျှကို ဒီတိုင်း ခေါင်းငြိမ့်လက်ခံတာထက်၊
မေးခွန်းထုတ်ပြီး အဖြေရှာဖို့ ကြိုးစားခြင်းကသာ
သာမန်လူတွေကြားထဲကနေ ထူးချွန်သူတစ်ယောက် ဖြစ်လာစေတာပါ။
#Kyaw_Khaing_Oo
2DAYS RULE
စတင်ချင်တယ့်အရာပဲတစ်ခုအတွက်
မစဘဲနဲ့ဆက်တိုက်ကြာသွားရင် ဘာအကျိုးမှမရှိဘူး။ ၁ရက်စမယ်လို့တွေးရင် ၂ရက်မြောက်နေ့မှာစပါ။
မလုပ်ဖြစ်လိုက်တယ့်အရာပဲအတွက်
အများဆုံး ၂ရက်ပဲဖြစ်ပါစေ၊ ရက်များစွာ ဆက်တိုက်ဖြစ်သွားရင် အစကနေရလဒ်ကိုပြန်စောင့်ရတတ်တယ်။
@THEICONICROU | #MɪʟᴀXNᴏᴠɪᴜs
ငါတို့ဟာ သမိုင်းကြောင်းဆိုင်ရာ
နေ့စွဲတွေ နာမည်တွေပဲ မှတ်မိတာကွ
သင်ခန်းစာ တွေကို မမှတ်မိကြဘူး၊၊
-ရောဘတ်ကီယိုဆာကီ
#Kayron
Repost from Ascend Society
စနစ်ကြီးရဲ့ နောက်ကွယ်က အမှန်တရား
ကျောင်းဆိုတဲ့ အဆောက်အအုံကြီးထဲမှာ နေ့စဉ် ကလေးငယ်တွေ၊ လူငယ်တွေ ဝင်ထွက်နေကြတယ်။ သူတို့ လေ့လာကြတယ်၊ မှတ်သားကြတယ်၊ စာမေးပွဲတွေ ဖြေဆိုကြတယ်။ ဒါပေမဲ့ သူတို့ကို သင်ပေးနေတဲ့ စနစ်ကြီးဟာ ဘာအတွက်လဲဆိုတာ တစ်ခါမှ မမေးဖူးကြဘူး။
စနစ်ကြီးက မေးတယ် – “မင်း ဘာဖြစ်ချင်လဲ။”
ကျောင်းသားက ဖြေတယ် – “ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ…”
စနစ်က ခေါင်းညိတ်တယ်။ ဒါပေမဲ့ ဘယ်တစ်ခါမှ မပြောတဲ့စကားက – “မင်း ချမ်းသာချင်လား။ မင်း လွတ်လပ်ချင်လား။”
ဘာလို့လဲဆိုတော့ ဒီစနစ်ကြီးရဲ့ ရည်ရွယ်ချက်က မင်းကို ချမ်းသာအောင် လုပ်ဖို့ မဟုတ်ဘူး။ မင်းကို နာခံတတ်တဲ့ အလုပ်သမား ဖြစ်အောင် လုပ်ဖို့ပါ။
ဆရာတွေကိုလည်း ငါတို့ အပြစ်မတင်သင့်ဘူး။ သူတို့လည်း ဒီစနစ်ကြီးရဲ့ သားကောင်တွေပါ။ သူတို့ သင်ပေးနေတဲ့ ပညာရပ်တွေက သူတို့ကိုယ်သူတို့ ချမ်းသာအောင် မလုပ်ပေးနိုင်ခဲ့ဘူး။ ဒါကြောင့် သူတို့ သင်ပေးတာက “ဘွဲ့ယူ၊ လစာရှာ” ဆိုတဲ့ အလုပ်သမားစိတ်ဓာတ်ပဲ။
ဒါပေမဲ့ ကျောင်းသားတစ်ယောက် ငွေကြေးပညာကို တကယ်တတ်မြောက်သွားရင်ကော။
သူဟာ “လစာ” ဆိုတဲ့ အိပ်မက်ကြီးကို ချိုးဖျက်ပစ်လိမ့်မယ်။ သူသိလာလိမ့်မယ် – ငွေအတွက် အလုပ်လုပ်ရတာဟာ ကြွက်ပြေးစက်ထဲမှာ ပြေးနေရသလိုပဲ။ ဘယ်လောက်ပဲ မြန်မြန် ပြေးပြေး နေရာကနေ မရွေ့ဘူးဆိုတာ။
သူ ကိုယ်ပိုင်စီးပွားရေးတစ်ခု စတည်ထောင်လိမ့်မယ်။ ငွေကို သူ့အတွက် အလုပ်လုပ်ခိုင်းလိမ့်မယ်။ သူအိပ်နေရင်းတောင် ဝင်ငွေတွေ စီးဆင်းလာလိမ့်မယ်။ သူဟာ “အလုပ်သမား” ကနေ “အရင်းရှင်” ဖြစ်လာလိမ့်မယ်။
ဒါပေမဲ့ ဒါက စနစ်ကြီးအတွက် ခြိမ်းခြောက်မှုပါ။ ဘာလို့လဲဆိုတော့ အဲဒီကျောင်းသားဟာ နောက်ထပ် ကျောင်းသားတွေကို သွားပြီး ပြောပြလိမ့်မယ်။
“မင်းတို့ ဒီအလုပ်သမားဘဝအတွက် ပြင်ဆင်နေတာလား။ ဒါမှမဟုတ် မင်းတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင်ထိန်းချုပ်ဖို့ သင်ယူနေတာလား”
ဒါကြောင့် ငွေကြေးပညာကို ကျောင်းသင်ရိုးထဲ ထည့်မထားတာ။ သူတို့ ကြောက်လို့။ သူတို့ ကြောက်တာက မေးခွန်းတွေ ထွက်လာမှာကို။
“ဘာလို့ ဒီစနစ်ကြီး ဒီလိုတည်ဆောက်ထားတာလဲ။”
“ဘာလို့ ချမ်းသာဖို့ လမ်းကြောင်းကို ကျောင်းမှာ မသင်ပေးတာလဲ။”
“ဘာလို့ ကျွန်တော်တို့ကို လစာအတွက် အလုပ်လုပ်ဖို့ပဲ သင်ပေးနေတာလဲ။”
ဒီမေးခွန်းတွေရဲ့ အဖြေက ရိုးရှင်းပါတယ်။ ဒါပေမဲ့ သူတို့ မပြောရဲဘူး။
ဒါကြောင့် မင်းလုပ်ရမှာက ရှင်းပါတယ်။ ကျောင်းစာကို လျစ်လျူမရှုပါနဲ့။ ဘွဲ့ယူပါ။ ဒါပေမဲ့ အဲဒီနဲ့တင် မရပ်ပါနဲ့။ ကိုယ်တိုင်သင်ယူပါ။ ငွေကြေးရဲ့ ဘာသာစကားကို လေ့လာပါ။ စာအုပ်စာပေတွေဖတ်ပါ။ ရင်းနှီးမြှုပ်နှံတတ်အောင် သင်ယူပါ။ ကိုယ်ပိုင်စီးပွားရေးတစ်ခု တည်ဆောက်ပါ။
ဘာလို့လဲဆိုတော့ အဆုံးမှာ မင်းရဲ့ အနာဂတ်ကို စနစ်က ထိန်းချုပ်မှာ မဟုတ်ဘူး။ မင်းရဲ့ ဆရာတွေက ထိန်းချုပ်မှာ မဟုတ်ဘူး။ မင်းရဲ့ လက်ထဲမှာပဲ ရှိတယ်။
ဒါကြောင့် မေးခွန်းထုတ်ပါ။ သင်ယူပါ။ ပြီးရင် ရှေ့ဆက်ပါ။
ချမ်းသာခြင်းက စာမေးပွဲအောင်တဲ့နေရာမှာ မရှိဘူး။ ကိုယ်တိုင် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရှိတယ်။

ဒီနေ့ Poll နဲ့ အချိန်ကုန်ခဲ့ကြတယ်။
ညဖက်ရောက်တော့ ပိုလွမ်းမိကြတယ်။
ဒါပေမဲ့ သူ/သူမ ပြန်မလာတော့ဘူးဆိုတာ သိကြတယ်။
ဒါပေမဲ့ GN ပါ… အိပ်မက်ထဲမှာတော့ သတိရကြပါစေ။
Good Night… 🌙
ချစ်ခင်စွာဖြင့် ကျော်ခိုင်ဦးမှ🤍
- @Kayron28
#Kayron
Repost from Ascend Society
ကိုယ့်ကိုယ်ကိုယ် "Glow Up" ဖို့အတွက် လက်ရှိမှာ ဘယ်အရာကို အဓိက ပြောင်းလဲချင်လဲ?
Repost from Ascend Society
80/20 Rule အရ... သင့်ဘဝရဲ့ စွမ်းအင် ၈၀% ကို ကုန်ဆုံးစေတဲ့ အဓိကအချက်က ဘာဖြစ်မလဲ?