The First Jasmine ( နန်းဦးထိုက်သည့် ပန်းစံပယ် )
👇ချန်နယ်အရောင်းအဝယ် ပြုလုပ်ရန်👇 https://t.me/tgchannelbuysellgp Admin - @UrMine2025 ဤ Channelတွင် တင်ထားသော ကြော်ငြာများသည် အခကြေးငွေယူပြီး ကြော်ငြာပေးခြင်းသက်သက်သာ ဖြစ်ပါသည်။
نمایش بیشتر📈 تحلیل کانال تلگرام The First Jasmine ( နန်းဦးထိုက်သည့် ပန်းစံပယ် )
کانال The First Jasmine ( နန်းဦးထိုက်သည့် ပန်းစံပယ် ) (@chineseseries_ongoing) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 21 697 مشترک است و جایگاه 13 835 را در دسته فیلمها و رتبه 6 425 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 21 697 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 21 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -287 و در ۲۴ ساعت گذشته برابر -19 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.31% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 7.95% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 1 370 بازدید دریافت میکند. در اولین روز معمولاً 1 725 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 2 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“👇ချန်နယ်အရောင်းအဝယ် ပြုလုပ်ရန်👇
https://t.me/tgchannelbuysellgp
Admin - @UrMine2025
ဤ Channelတွင် တင်ထားသော ကြော်ငြာများသည် အခကြေးငွေယူပြီး ကြော်ငြာပေးခြင်းသက်သက်သာ ဖြစ်ပါသည်။”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 22 ژوئن, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته فیلمها تبدیل کردهاند.
အားလုံးစောင့်မျှော်နေကြတဲ့ G-Dragon ကိုယ်တိုင်တင်ဆက်မဲ့ "Good Day"ကို တင်ဆက်ပေးချင်ပါတယ်။ အနုပညာနယ်ပယ်အသီးသီးက လူတစ်ဦးချင်းစီတိုင်းနဲ့ ချိတ်ဆက်ပြီး စတင်လိုက်တဲ့ GDရဲ့ ခရီးသစ်တစ်ခုမှာ Kpop အနုပညာရှင်တွေအပြင် GDနဲ့ ရင်းနှီးတဲ့ တခြားအနုပညာမောင်နှမတွေပါ ပါဝင်သွားမှာဖြစ်ပြီးတော့ Trailer စထွက်ကတည်းက အားလုံးကြည့်ချင်နေကြတဲ့ 88z ရဲ့ တွေ့ဆုံမှုကလည်း စောင့်ကြိုနေပါသေးတယ်။ Kpop Icon ဖြစ်တဲ့ G-Dragon နဲ့အတူ နယ်ပယ်အသီးသီးက အနုပညာရှင်တွေရဲ့ တွေ့ဆုံမှုနဲ့ သူတို့ဖန်တီးချပြမဲ့ ဂီတက ဘယ်လိုစိတ်ဝင်စားဖို့ ကောင်းမလဲဆိုတာကို ကြည့်ရှုခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ Main Host အဖြစ် G-Dragon အပြင် လူတိုင်းနဲ့ မစိမ်းတဲ့ နာမည်ကြီး အနုပညာရှင်တွေက Guestအနေနဲ့ ပါဝင်မှာဆိုတော့ လက်မလွှတ်သင့်တဲ့ ရှိုးလေးဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်။#GoodDay #ongoing2025 #koreaseries
Saninလုပ်ငန်းစု M&Aအဖွဲ့ဟောင်းမှာ အဓိကကျတဲ့ Yun Ju Noကတော့ ထုတ်ဖော်ပြောပြလို့မရတဲ့ အကြောင်း တရားတွေကြောင့် ဟာဝိုင်အီကို ထွက်လာပြီး တစ်နေ့မှာ ရုတ်တရက်ကြီး အစအ ပျောက်သွားပါတော့တယ် ရာထူးချခံရတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နေပေမဲ့လည်း တကယ့် အမှန်တရားကိုတော့ ဘယ်သူမှမသိခဲ့ရပါဘူး အဲဒီလိုနဲ့ ၃နှစ်အကြာမှာ Sanin လုပ်ငန်းစုက ဝမ် 11ထရီလီယံ အကြွေးတင်ပြီး ဒေဝါလီခံလိုက်ရတဲ့အခါမှာ နောက်ဆုံမျှော်လင့်ချက်အနေနဲ့ Ju No ကို ကိုရီးယားကို ပြန်ခေါ်ခဲ့ပါတယ် Sanin လုပ်ငန်းစုကို ကယ်တင်ဖို့က သူ့အတွက် အဓိကမစ်ရှင်တစ်ခုဖြစ်လာပြီးနောက် ကိုယ်စားလှယ် Song Jae Sik ရဲ့ အထောက်အပံ့နဲ့ M&A team အသစ်တစ်ခုကို ဖွဲ့စည်းပြီး အန္တရာယ်များတဲ့ အကြီးစားညှိနှိုင်းရေးလောကထဲကို ဝင်ရောက်ဖို့အတွက် အတော်ဆုံး စေ့စပ်ညှိနှိုင်းသူတွေကို စုစည်းလိုက်ပါတော့တယ် နောက်ဆုံးအခွင့်အရေးအနေနဲ့ အရဲစွန့်ကြိုးပမ်းပြီး ကုမ္ပဏီကို ပြန်လည်ကယ်တင်သွားနိုင်မလား ညှိနှိုင်းရေးနတ်ဘုရား ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ယူဆောင်ပေးသွားနိုင်မလားဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့အပြင် ညှိုနှိုင်းရေးလောကရဲ့ နည်းပရိယာယ်အဖြာဖြာကိုပါ အသေအချာမြင်တွေ့ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်#TheArtOfNegotiation #ongoing #koreaseries #blackhole
ဒီဇာတ်လမ်းကတော့ အာလူးသုတေသနအဖွဲအစည်းမှာ ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပါ။ Kim Mi Gyeong ဟာ အာလူးသုတေသနအဖွဲအစည်းမှာ ၁၂နှစ်ကြာအတွေ့အကြုံရှိတဲ့ အာလူးသုတေသနပညာရှင်တစ်ယောက်ပါ။ သူက အာလူးနဲ့ပတ်သတ်ရင် ရူးသွပ်ပြီး အာလူးသုတေသနအဖွဲအစည်းမှာ Mi Gyeong လိုခေါ်တဲ့ အာလူးကို လျှိဝှက်ဖန်းတီးမယ့် စီမံကိန်းမှာလည်း ပါဝင်လုပ်ကိုင်နေတဲ့သူပါ။ So Baek Ho ကတော့ နူးညံ့တဲ့အသံပိုင်ရှင်၊ သေစေနိုင်လောက်တဲ့ အပြုံး၊ ချောမောလွန်းတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့လူပါ။ တစ်ရက်မှာ So Baek Ho က အာလူးသုတေသနအဖွဲအစည်းရဲ့ ဒါရိုက်တာအဖြစ်ရောက်လာတဲ့အခါ Kim Mi Gyeong နဲ့တွေ့ပြီး တယူသန်အကျင့်စရိုက်နဲ့ အယူအဆမတူတဲ့ လူနှစ်ယောက် ပြဿနာလေးတွေဖြစ်ကြတယ်။ ဒါပေမယ့်လည်း အချိန်တွေကြာလာချိန်မှာ တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်းချင်း ပိုပိုနားလည်လာပြီး အချစ်စိတ်လေးတွေပေါက်ဖွားလာတော့ မတည့်အတူနေ သူတို ၂ယောက်ရဲ့ရုံးတွင်းအချစ်ဇာတ်လမ်းလေးက တည်ငြိမ်နိုင်ပါ့မလားဆိုတာ ကြည့်လိုက်ရအောင်နော်#ThePotatoLab #koreaseries #blackhole
ဒီတစ်ခေါက်မှာတော့ လျှို့ဝှက်နက်နဲတဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေကို ခန့်မှန်းကြည့်ရှုရတာမှ ကြိုက်နှစ်သက်သူတို့အတွက် Thriller, Mystery, Crime, Political ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်... မင်းသားချော Park Hyung Sik နဲ့ ဝါရင့်မင်းသားကြီး Huh Joon Ho တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်... ဇာတ်လမ်းအကျဉ်း Seo Dong Juဟာ Daesan လုပ်ငန်းစုမှ ဥက္ကဌအတွင်းရေးမှူးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ... Daesan ရဲ့အကျိုးအမြတ်အတွက်သာဆို သေဆိုသေ ရှင်ဆိုရှင် သစ္စာစောင့်သိတတ်သူအဖြစ် နာမည်ကြီးပေမဲ့လည်း တစ်ဖက်မှာတော့ ပြင်းထန်တဲ့ရည်ရွယ်ချက်နဲ့ အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို ဖုံးကွယ်ရင်း အချိန်ကျတဲ့အခါ Daesanကို ဝါးမျိုပစ်ဖို့အတွက် ပုန်းလျှိုးကွယ်လျှိုးစောင့်ဆိုင်းနေသူလည်းဖြစ်ပါတယ်...Yeom Jang Seon (Huh Joon Ho) ကတော့ ဥပဒေတက္ကသိုလ်ပါမောက္ခဖြစ်ပြီး အမျိုးသားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်ပါတယ်... တောင်ကိုရီးယားရဲ့ နိုင်ငံရေးလောကမှာ ဩဇာအလွှမ်းမိုးနိုင်ဆုံးလူဖြစ်ပြီး လူတကာကို ရုပ်သေးရုပ်လို ခြယ်လှယ်ထိန်းချုပ်နိုင်လောက်တဲ့အထိ ငွေကြေးဩဇာအပြည့်နဲ့ အင်အားကြီးလှပါတယ်ဆိုတဲ့လူတစ်ယောက်ဆိုလည်း မမှားပါဘူး...တစ်ရက်မှာတော့ လူတစ်ယောက်ကို သတ်လိုက်ရာက ဘာမှန်းမသိလိုက်ဘဲ နိုင်ငံရေးရန်ပုံငွေထဲကနေ ဝမ် ၂ ထရီလီယံကို hack ခံရပြီး ဆုံးရှုံလိုက်ရတဲ့အခါ... အသတ်ခံရတဲ့သူနဲ့ ဒီကိစ္စတွေဟာ ဘယ်လိုပတ်သက်နေမလဲ... ငွေတွေကို Hack သွားတဲ့လူကရော ဘယ်သူဖြစ်မလဲ... Seo Dong Ju ကရော ဘယ်လိုအကြောင်းကြောင့် လက်စားချေဖို့ ကြိုးစားနေတာလဲ... အင်အားကြီးမားတဲ့လူနဲ့ ရည်မှန်းချက်ပြင်းထန်သူတို့ကြား နောက်ဆုံးမှာ ဘယ်သူက အနိုင်ရရှိသွားမလဲဆိုတာကို နိုင်ငံရေးလှည့်ကွက်တွေ လက်စားချေမှုတွေ အကွက်ချစီစဉ်မှုတွေ စသဖြင့် လျှို့ဝှက်နက်နဲမှုတွေနဲ့ ဦးနှောက်ကို အလုပ်ပေးရင်း အတူနစ်မြောကြည့်ရှုသွားနိုင်မဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်...#BuriedHearts #koreaseries #blackhole
ဒီဇာတ်လမ်းကတော့ အာလူးသုတေသနအဖွဲအစည်းမှာ ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပါ။ Kim Mi Gyeong ဟာ အာလူးသုတေသနအဖွဲအစည်းမှာ ၁၂နှစ်ကြာအတွေ့အကြုံရှိတဲ့ အာလူးသုတေသနပညာရှင်တစ်ယောက်ပါ။ သူက အာလူးနဲ့ပတ်သတ်ရင် ရူးသွပ်ပြီး အာလူးသုတေသနအဖွဲအစည်းမှာ Mi Gyeong လိုခေါ်တဲ့ အာလူးကို လျှိဝှက်ဖန်းတီးမယ့် စီမံကိန်းမှာလည်း ပါဝင်လုပ်ကိုင်နေတဲ့သူပါ။ So Baek Ho ကတော့ နူးညံ့တဲ့အသံပိုင်ရှင်၊ သေစေနိုင်လောက်တဲ့ အပြုံး၊ ချောမောလွန်းတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့လူပါ။ တစ်ရက်မှာ So Baek Ho က အာလူးသုတေသနအဖွဲအစည်းရဲ့ ဒါရိုက်တာအဖြစ်ရောက်လာတဲ့အခါ Kim Mi Gyeong နဲ့တွေ့ပြီး တယူသန်အကျင့်စရိုက်နဲ့ အယူအဆမတူတဲ့ လူနှစ်ယောက် ပြဿနာလေးတွေဖြစ်ကြတယ်။ ဒါပေမယ့်လည်း အချိန်တွေကြာလာချိန်မှာ တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်းချင်း ပိုပိုနားလည်လာပြီး အချစ်စိတ်လေးတွေပေါက်ဖွားလာတော့ မတည့်အတူနေ သူတို ၂ယောက်ရဲ့ရုံးတွင်းအချစ်ဇာတ်လမ်းလေးက တည်ငြိမ်နိုင်ပါ့မလားဆိုတာ ကြည့်လိုက်ရအောင်နော်#ThePotatoLab #koreaseries #blackhole
ဒီတစ်ခေါက်မှာတော့ မိသားစုကားလေးတွေကိုမှ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်ကြီးတို့အတွက် အသစ်ထွက်ရှိလာတဲ့ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီးဒရာမာများစွာမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဝါရင့်မင်းသား၊မင်းသမီးကြီးတွေနဲ့ တက်သစ်စ မင်းသား၊မင်းသမီး ချောချောလေးတွေ ပါဝင် သရုပ်ဆောင်ထားတဲ့ကားဖြစ်တာကြောင့် အမြင်ဆန်းသစ်စေမဲ့ Comedy , Family ဇာတ်လမ်းလေးဆိုရင်လည်း မမှားပါဘူးနော်။ -ဇာတ်လမ်းအညွှန်း- Oh Na-ra ကတော့ အရင်က လေယာဉ်မယ်တစ်ဦးဖြစ်ခဲ့ဖူးပြီး အခုခါမှာတော့ Seo Hyun-Chul နဲ့ လက်ထပ်ကာ အချိန်ပြည့် အိမ်ထောင်ရှင်မအဖြစ်နဲ့ တစ်နေကုန် အလုပ်ရှုပ်နေရတဲ့ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရဲ့ မိခင်တစ်ဦးပါ။ သူမဟာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ပြီးတော့ မိသားစုအပေါ်မှာလည်း ဟိတ်ဆိုတာနဲ့ တန်းပါတိတ်သွားကြမဲ့အထိ အာဏာသက်ရောက်သူလည်းဖြစ်ပါတယ်။ သူမရဲ့ ညီမဖြစ်သူ Oh Yu-Jin ကတော့ ဟင်းချက်သင်တန်းတစ်ခုရဲ့ ဆရာမဖြစ်သလို Song Jin-Woo နဲ့ လက်ထပ်ကာ သားနှစ်ယောက်ရဲ့ မိခင်အဖြစ်နဲ့လည်း တာဝန်ယူထားသူတစ်ဦးပါ။ “Villains Everywhere” ဆိုတဲ့အတိုင်း နေရာတိုင်းမှာ ဗီလိန်တွေနဲ့ ပြည့်နေပြီး ကိုယ်စီမိသားစုတွေရဲ့ ပြဿနာတွေ အရှုပ်တွေကို သတ်လတ်ပိုင်း ညီမနှစ်ယောက်တို့ ဘယ်လိုဖြေရှင်းသွားကြမလဲ။ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ကပဲ ဗီလိန်တွေ ဖြစ်နေကြမလားဆိုတာကို ဟာသလေးနှောကာ မိသားစုနှစ်စုရဲ့ စိတ်ဝင်စားဖွယ်နေ့စဉ်ဘဝလေးတွေကို ချိုချိုချဉ်ချဉ် ရိုက်ကူးတင်ပြထားတဲ့ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။#VillainsEverywhere #ongoing #koreaseries #blackhole
Webtoon remake တွေ နာမည်ကြီးတဲ့ 2025 မှာ နောက်ထပ် စိတ်ဝင်စားစရာ webtoon remake တစ်ကား ရောက်လာပါပြီ ။ ဒီဇာတ်လမ်းတွဲမှာတော့ GIRL'S DAY အဖွဲ့ဝင် Hye Ri၊ Jung Soo Bin နဲ့ IZONE အဖွဲ့ဝင် Kang Hye Won နဲ့ GOT7 အဖွဲ့ဝင် Young Jae တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Woo Seul Ki ( Jung Soobin ) ဟာ နယ်ဘက်က မိဘမဲ့ကျောင်းလေးတစ်ကျောင်းမှာ ကြီးပြင်းခဲ့ရသူဖြစ်ပြီး ဆိုးလ်ကို ပြောင်းသွားပြီတဲ့နောက်မှာတော့ ထိပ်တန်းကျောင်းသားတွေပဲ ဝင်ခွင့်ရတဲ့ ချယ်ဟွာအထက်တန်းကျောင်းကို ရောက်သွားခဲ့ပါတယ် ။ အပေါင်းအသင်းမရှိတဲ့ Woo Seul Ki ဆီကို ရုပ်ချော ၊ ဉာဏ်ကောင်းပြီး မိဘနောက်ခံကလည်း တောင့်တင်းတဲ့ သူဌေးသမီးလေး Yoo Je I ( Hye-Ri ) က ချဉ်းကပ်လာခဲ့ပါတော့တယ် ။ ကောလိပ်ဝင်ခွင့်စာမေးပွဲ မေးခွန်းထုတ်သူဟောင်း တစ်ယောက်ဖြစ်တဲ့ Seul Ki ရဲ့ အဖေ သေဆုံးမှု နောက်ကွယ်က လျှို့ဝှက်ချက်တွေနဲ့ အတန်းဖော်တွေရဲ့ ရည်မှန်းချက်မြင့်မားမှုတွေထဲမှာ Woo Seul Ki တစ်ယောက် ဘာတွေ ဆက်ဖြစ်မှာလဲ ။ Woo Seul Ki နဲ့ Yoo Je I တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက ပြိုင်ဆိုင်မှုတွေ ၊ ပိုင်ဆိုင်လိုစိတ်ကြီးမားမှုတွေနဲ့ရောယှက်လာတဲ့အခါ ဘယ်လို ဆက်ဆံရေးအဖြစ် ပြောင်းလဲသွားမလဲ။ Crd to CM#FriendlyRivalry #ongoing2025 #koreaseries
ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ဆယ်ရက်တည်းနဲ့ မုဆိုးမ ဖြစ်သွားရတဲ့ မာဂွမ်ဆော့ရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ် အပျိုကြီးမမ ဖြစ်တဲ့ မာဂွမ်ဆော့ဟာ ရှီဝန်စာတိုက်ရုံးမှာ အလုပ်လုပ်နေရာကနေ Eagle ဘီယာချက်ရုံရဲ့ သူဌေးဖြစ်သူ အိုဂျန်းဆူနဲ့ အကြောင်းပါပြီး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လက်ထပ်ပြီးတဲ့ ၁၀ရက်အကြာမှာပဲ ကံမကောင်း အကြောင်းမလှစွာနဲ့ အိုဂျန်းဆူက ယာဥ်တိုက်မှုနဲ့ ဆုံးပါးသွားတဲ့အတွက် လတ်လတ်ဆတ်ဆတ် မုဆိုးမ ဖြစ်သွားရရှာတဲ့ မာဂွမ်ဆော့ဟာ မတ်လေးယောက်ရဲ့ စားဝတ်နေရေးအတွက် Eagle ဘီယာချက်ရုံကို ဦးစီးရပါတော့တယ်။ LX ဟိုတယ် ပိုင်ရှင် ဟန်ဒုံဆော့ကတော့ ရွှေဇွန်းကိုက်မွေးလာတဲ့ သူဌေးသားဖြစ်ပြီး ဘဝမှာ လိုအပ်ချက်ရယ်လို့ ဘာမှမရှိဖူးတဲ့သူဆိုပေမဲ့ သူဟာ ဇနီးသည်ကို လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဆုံးရှုံးလိုက်ရပြီး အထီးကျန်ဘဝကြီးမှာ နေထိုင်လာခဲ့ရတာပါ။ မောက်မာတဲ့အပြင် သူစိတ်ထင်သလို ဆုံးဖြတ်တတ်တဲ့ ဟန်ဒုံဆော့ဟာ မာဂွမ်ဆော့နဲ တွေ့ပြီးတဲ့နောက် သူ့ဘဝကြီး ဘယ်လိုပြောင်းလဲသွားမလဲ.. ၁၅ နှစ် ဝါရင့် မုဆိုးဖို နဲ့ ၁၀ ရက်တာ မုဆိုးမတွေ့ကြတဲ့အခါ သူတို့ ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ CM team နဲ့ အတူတူ ရှုစားလိုက်ရအောင်နော်။#ForEagleBrothers #koreaseries
အားလုံးစောင့်မျှော်နေကြတဲ့ Seo Kang Junရဲ့ dramaအသစ်လေး ထွက်ရှိလို့လာပါပြီ။ ဒီကားလေးမှာတော့ Seo Kang Jun, Jin Ki Joo, Kim Shin-rokနဲ့ IZ*ONE မှ အလှလေး Kim min Juတို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ -ဇာတ်လမ်းအညွှန်း- Jung Hae Seong ( Seo Kang Jun) ကတော့ အမျိူးသားထောက်လှမ်းရေးဌာနမှ အေးဂျင့်တစ်ဦးဖြစ်ပြီး အမှုတစ်ခုကို စုံစမ်းရင်း ပြဿနာဖြစ်ခဲ့တဲ့အတွက်ကြောင့် ရာထူး အချခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ Go Jong ဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ ရွှေချောင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းဖို့အတွက် ဗြောင်းမွန်းအထက်တန်းကျောင်းမှာ ကျောင်းသားအဖြစ်ဟန်ဆောင်ဖို့ ဖြစ်လာပါတော့တယ်။ Su A ( Jin Ki Joon) ကတော့ ကိုရီးယားသမိုင်းဘာသာရပ်ကိုသင်ကြားနေတဲ့ စာချုပ်ဆရာမတစ်ဦးဖြစ်ပြီး ဖြောင့်မတ်တည်ကြည်ကာ ကျောင်းသားတွေအပေါ်မှာ စေတနာထားတတတ်တဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗြောင်းမွန်းအထက်တန်းကျောင်းကို ပြောင်းဖို့ဖြစ်လာခဲ့ပြီး Jung Hae Seong ရဲ့ အတန်းပိုင်ဆရာမဖြစ်လာခဲ့ပါတယ်။ သူ့ ငယ်ဘဝရဲ့ အချစ်ဦးနဲ့ တူနေတဲ့ Jung Hae Seong ကို တွေ့လိုက်တဲ့ အခါမှာတော့... သူတို့နှစ်ဦးဘယ်လိုဆက်ဖြစ်ကြမှာလဲ.. Jung Hae Seongကရော သရုပ်မှန်ကိုဖုံးကွယ်ပြီး အဆုံးထိစုံစမ်းသွားနိုင်မှာလား#UndercoverHighSchool #ongoing2025 #koreaseries
အယ်ဆွန်းဆိုတဲ့ ကောင်မလေးဟာ အိမ်က ငွေကြေးမပြည့်စုံလို့ ကျောင်းမထားပေးနိုင်ပေမဲ့ စာအုပ်တွေကို ချစ်မြတ်နိုးတတ်ပါတယ်။ အိပ်မက်ကလည်း ကဗျာဆရာမဖြစ်ဖို့ပါတဲ့။ တစ်ခုခုဆို ချက်ချက်ချာချာရှိပြီး ပုန်ကန်တတ်တဲ့ အယ်ဆွန်းက မချမ်းသာပေမယ့် အမြဲတမ်းတောက်ပပြီး အကောင်းမြင်စိတ်တွေနဲ့ပြည့်နှက်နေသူပါ ပြောရဲဆိုရဲရှိပြီး ခံစားချက်တွေကို ထိမ်မချိန်ထားတဲ့ ဒီကောင်မလေးရဲ့ သူငယ်ချင်းဖြစ်သူ.... ဂွမ်ရှစ်ဆိုတဲ့ကောင်လေးကတော့ စကားနည်းပြီး ဇွဲလုံ့လကြီးတဲ့လူစားမျိုးပါ။ ရိုမန့်စ်ဆိုရင် ချိုနဲ့လားလို့ မေးလောက်တဲ့အထိ အချစ်ရေးရာဘက်မှာ ဘာမှမသိတဲ့ သူဟာ သူ့နှလုံးသားထဲမှာ အယ်ဆွန်း တစ်ယောက်တည်းကိုသာ သိမ်းထားတာပါ။ အယ်ဆွန်း အတွက်ဆို အရာအားလုံး ပါဝင်အားဖြည့်ပေးတတ်တဲ့လူပေါ့။ ဒီလိုဆန့်ကျင်ဘက်ဖြစ်တဲ့နှစ်ယောက်က ချစ်ကြိုက်မိပြီး ဘယ်လိုမျိုးအခက်အခဲတွေရင်ဆိုင်ရပြီး ဘယ်လိုမျိုးဒရာမာတွေခင်းမလဲဆိုတာကိုတော့ ...#WhenLifeGivesYouTangerines #ongoing2025 #koreaseries
ဒီဇာတ်လမ်းတွဲရှည်မှာတော့ Marriage Not Dating မှ မင်းသမီး Han Groo၊ Queen Of Tears မှ မင်းသမီးကြီး Na Young Hee နဲ့ Choi Sang , Kwon Do Hyun တို့မှ အဓိကပါဝင်ထားပြီး လက်စားချေတဲ့ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့စေမဲ့ မိသားစု ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- Koo Ha-Na (Han Groo) ကတော့ တစ်ကိုယ်တည်းသမားဖြစ်ပြီး မိသားစုရဲ့ အားကိုးအားထားရာ သမီးကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ မိသားစုကို ထောက်ပံ့ဖို့ ကိုယ့်ရောစိတ်ပါနှစ်မြှုပ်ထားတဲ့ သူမဟာ တစ်ရက် သူဟာ သူ့မိသားစုရဲ့ သမီးအရင်းမဟုတ်ဘူးဆိုတဲ့ ထိတ်လန့်ဖွယ် အမှန်တရားကို သိလိုက်ရပါတော့တယ်။ ဒါ့အပြင် လက်ရှိမိသားစုက သူ့ မိဘအရင်းရဲ့ ရန်သူတွေဖြစ်နေပြီး သူ့ကို လက်ရှိ မိဘအတုတွေက အသုံးချထားမှန်းကိုပါ သိလိုက်ရပါတော့တယ်။ ဒီလိုအဖြစ်မှန်တွေကို သိသွားတဲ့သူဟာ စိတ်ထိခိုက်ပြီး သူမကို လိုသုံးလုပ်ထားတဲ့ မိသားစုကို လက်စားချေဖို့ ဆုံးဖြတ်ပြီးတဲ့အခါမှာတော့... ဇာတ်လမ်းတွဲရှည်တွေကို နှစ်သက်သူတွေ အကြိုက် လူတွေရဲ့ စိတ်အမျိုး အဖုံဖုံအပြင် အားရပါးရ လက်စားချေတာတွေကိုပါ ကြည့်ရှုရမှာဖြစ်လို့ အပတ်စဥ် တနင်္လာမှ သောကြာအထိ CM နဲ့ အတူ ရှုစားလိုက်ရအောင်နော်။ Crd to CM#CinderellaGame #blackhole
ဒီဟာသဇာတ်ကားလေးမှာတော့ "Officer Black Belt, Romance in the House"က မင်းသားကြီး Ji Jin Heeနဲ့ "Prison Playbook, Hi Bye Mama, Uncle Samsik"စတဲ့ ဇာတ်ကားကောင်းတွေထဲက မင်းသား Lee Kyu Hyung တို့က အတွဲညီညီနဲ့ အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဂျီဂျင်ဟီး (Ji Jin Hee)ဟာ နာမည်ကြီးသရုပ်ဆောင်နဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ခဲ့ပြီး Kick Kick Kick Kick ဆိုတဲ့ ထုတ်လုပ်ရေးကုမ္ပဏီကို ဂျိုယောင်းရှစ် (Lee Kyu Hyung)နဲ့အတူ တည်ထောင်လိုက်ပါတယ် ။ ဂျိုယောင်းရှစ်ကတော့ နာမည်ကြီးပီဒီတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ကောလာဟလသတင်းတွေကြောင့် ပီဒီအလုပ်ကို ရပ်နားခဲ့ရသူပါ။ သူတို့နှစ်ယောက်ဟာ အစပိုင်းမှာ မတည့်ခဲ့ကြပေမဲ့ ထုတ်လုပ်ရေးကုမ္ပဏီကို စပ်တူတည်ထောင်ဖြစ်သွားတဲ့အခါ ....... ကုမ္ပဏီအဆင်ပြေလာအောင်ကြိုးစားကြရင်း ဘယ်လိုအလွဲလေးတွေဖြစ်လာမလဲဆိုတာ ဟာသလေးတွေပါ နှောပြီးတင်ဆက်ထားတာကြောင့် ကြည့်ရှုခံစားကြည့်ပါဦးနော် ။#KickKickKickKick #ongoing2025 #koreaseries
မိသားစု ဇာတ်လမ်းတွဲရှည်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ My Merry Marriage ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိန်ဂုံဟီး(Park Ha Na)ဟာ J-Fashion ကုမ္ပဏီမှာ ဒီဇိုင်နာအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ကိုယ်ကျင့်စရိုက်အရဆိုရင်တော့ ထက်မြက်ပြီး ရဲရင့်တဲ့ အမေ့သွေးနဲ့ အားကစား စွမ်းရည်ရှိတဲ့ အဖေ့သွေးတွေ စီးဆင်းနေတဲ့ ကောင်မလေးပါ။ မိန်ဂုံဟီးမှာ မိန်ဂုံဘူလို့ ခေါ်တဲ့ ဆရာဝန် အစ်ကို တစ်ယောက်လည်း ရှိပါသေးတယ်။ ဂုံဟီးတစ်ယောက် J-Fashion ကုမ္ပဏီမှာ အလုပ်လုပ်နေရင်း ငယ်သူငယ်ချင်းဖြစ်သူ ဂူဒန်းဆူနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ တကယ်တော့ ဒန်းဆူဟာ J-Fashion ကုမ္ပဏီက ဥက္ကဌကြီးရဲ့ မြေးဆိုလည်း မမှားပါဘူး။ ရေမြေရပ်ခြားမှာ နေထိုင်ရင်း လွတ်လွတ်လပ်လပ် ရှင်သန်ချင်တဲ့ ဒန်းဆူဟာ အမွေဆက်ခံရမဲ့ ကိစ္စရပ်တွေကြောင့် ကိုရီးယားကို ပြန်ရောက်ရှိလာပြီး ငယ်သူငယ်ချင်း မိန်ဂုံဟီးနဲ့ ပြန်လည်ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ မိသားစု၊ အချစ်၊ အလွမ်းနဲ့ ဟာသ ရသလေးတွေ ရောနှောပြသတတ်တဲ့ဇာတ်လမ်းတွဲရှည်တို့ရဲ့ သဘောသဘာဝ အပြင် ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပာယ်ကိုပါ ပုံဖော်ပြသဦးမဲ့ ဒီဇာတ်လမ်းတွဲလေးကို တနင်္လာမှ သောကြာနေ့အထိ နေ့စဉ် စောင့်မျှော်အားပေးနိုင်ပါပြီ။ Main Cast တွေ အနေနဲ့ကတော့ Mysterious Personal Shopper, Fatal Promise စတဲ့ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Park Ha Naနဲ့ The Heavenly Idol ဇာတ်လမ်းတွဲထဲက မင်းသား Park Sang Namတို့က Main Cast အဖြစ် ပါဝင်ထားပါတယ်။ ဒါ့အပြင် Supporting Castအများစုကလည်း ပရိသတ်တွေ ရင်းနှီးပြီးသား သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။#MyMerryMarriage #ongoing2025 #koreaseries
အိမ်ထောင်ရေးအရှုပ်တော်ပုံ ဇာတ်လမ်းတွဲရှည်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် Shim Yi Young, Song Chan Euiတို့လို ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေပါဝင်ထားတဲ့ ဇာတ်ကားကတော့ ထွက်ရှိလာပါပြီ .. ဖီဆွန်းဂျူ (Shim Yi Young)ဟာ ရပ်ကွက်ငယ်လေးတစ်ခုမှာ အိမ်တွင်းအလှဆင်ဒီဇိုင်နာအဖြစ် လုပ်ကိုင်ပြီး ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင် ခင်ပွန်းသည် ဂျွန်နမ်ဂျင်းအပေါ် သစ္စာစောင့်သိတဲ့ ဇနီးလည်းဖြစ်ပါတယ် .. ဒါပေမဲ့ ဂျွန်နမ်ဂျင်းကတော့ ဗိသုကာကုမ္ပဏီရဲ့ ဆက်ခံသူဖြစ်လာမယ့် ဂျင်ဆန်းအာနဲ့ ဖောက်ပြန်ပြီး သူ့ရဲ့ရည်မှန်းချက်နဲ့ အချစ်သစ်အတွက် လက်ရှိမိန်းမကို ကွာရှင်းခွင့်တောင်းပါတော့တယ် .. ဗိသုကာပညာရှင် ဂင်ဆိုယူ (Song Chang Eui)ကတော့ ဂျင်ဆန်းအာရဲ့ခင်ပွန်းဖြစ်ပြီး သူ့ရဲ့လက်ရှိတည်ငြိမ်နေတဲ့ဘဝကို ကျေနပ်နေတဲ့သူပါ ဒါကြောင့် ဖောက်ပြန်ခံရတဲ့ ဖီဆွန်းဂျူနဲ့ ဂင်ဆိုယူတို့ဟာ သူတို့ရဲ့သစ္စာမရှိတဲ့ ယောက်ျားနဲ့မိန်းမကို ကွာရှင်းပြီးတော့ ဘဝအသစ်မှာ ဘယ်လိုကြိုးစားနေထိုင်ပြီး လက်စားချေပြသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အိမ်ထောင်ရေးဇာတ်ကားပဲ ဖြစ်ပါတယ် .. Crd to CM#DesperateMrsSeonju #ongoing2025 #koreaseries
မိသားစု ဇာတ်လမ်းတွဲရှည်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ My Merry Marriage ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိန်ဂုံဟီး(Park Ha Na)ဟာ J-Fashion ကုမ္ပဏီမှာ ဒီဇိုင်နာအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ကိုယ်ကျင့်စရိုက်အရဆိုရင်တော့ ထက်မြက်ပြီး ရဲရင့်တဲ့ အမေ့သွေးနဲ့ အားကစား စွမ်းရည်ရှိတဲ့ အဖေ့သွေးတွေ စီးဆင်းနေတဲ့ ကောင်မလေးပါ။ မိန်ဂုံဟီးမှာ မိန်ဂုံဘူလို့ ခေါ်တဲ့ ဆရာဝန် အစ်ကို တစ်ယောက်လည်း ရှိပါသေးတယ်။ ဂုံဟီးတစ်ယောက် J-Fashion ကုမ္ပဏီမှာ အလုပ်လုပ်နေရင်း ငယ်သူငယ်ချင်းဖြစ်သူ ဂူဒန်းဆူနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ တကယ်တော့ ဒန်းဆူဟာ J-Fashion ကုမ္ပဏီက ဥက္ကဌကြီးရဲ့ မြေးဆိုလည်း မမှားပါဘူး။ ရေမြေရပ်ခြားမှာ နေထိုင်ရင်း လွတ်လွတ်လပ်လပ် ရှင်သန်ချင်တဲ့ ဒန်းဆူဟာ အမွေဆက်ခံရမဲ့ ကိစ္စရပ်တွေကြောင့် ကိုရီးယားကို ပြန်ရောက်ရှိလာပြီး ငယ်သူငယ်ချင်း မိန်ဂုံဟီးနဲ့ ပြန်လည်ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ မိသားစု၊ အချစ်၊ အလွမ်းနဲ့ ဟာသ ရသလေးတွေ ရောနှောပြသတတ်တဲ့ဇာတ်လမ်းတွဲရှည်တို့ရဲ့ သဘောသဘာဝ အပြင် ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပာယ်ကိုပါ ပုံဖော်ပြသဦးမဲ့ ဒီဇာတ်လမ်းတွဲလေးကို တနင်္လာမှ သောကြာနေ့အထိ နေ့စဉ် စောင့်မျှော်အားပေးနိုင်ပါပြီ။ Main Cast တွေ အနေနဲ့ကတော့ Mysterious Personal Shopper, Fatal Promise စတဲ့ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Park Ha Naနဲ့ The Heavenly Idol ဇာတ်လမ်းတွဲထဲက မင်းသား Park Sang Namတို့က Main Cast အဖြစ် ပါဝင်ထားပါတယ်။ ဒါ့အပြင် Supporting Castအများစုကလည်း ပရိသတ်တွေ ရင်းနှီးပြီးသား သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။#MyMerryMarriage #ongoing2025 #koreaseries
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
