cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

♡ Relationship Coach ♡

အချစ်ရေးနဲ့သက်ဆိုင်သော အကြောင်းအရာများ ၊ ဗဟုသုတများ အချစ်ပြဿနာ ဖြေရှင်းနည်းလမ်းလေးများကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီ Channel လေးက စာဖတ်သူလေးအတွက်ပါခင်ဗျာ။ ♡ Since Date : 25,10,2023 ♡ ♡ @Life_Explored_Channel ♡ ♡ Channel Bot : @Haruki_helping_007_bot

نمایش بیشتر
پست‌های تبلیغاتی
4 837
مشترکین
+524 ساعت
+1387 روز
+78830 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
Relationship & Career❗️ PDF Book Link https://t.me/black_white_Library/7127/16494 #Books #Haruki
نمایش همه...
11❤‍🔥 2
Photo unavailableShow in Telegram
အချစ်ရေးကို မပျော်မရွှင်ဖြစ်စေရတဲ့ အကြောင်းရင်း ( ၅ ) ချက် ဘာပြဿနာမှနှစ်ယောက်ကြား ကြီးကြီးမားမားမရှိဘဲနဲ့ လက်ရှိအချစ်ရေးက အဆင်ပြေမနေဘူး၊ စိတ်ညစ်နေရတယ်ဆိုရင် ဒီအချက်တွေကိုလုပ်မိနေလား ပြန်ဆန်းစစ်ကြည့်ပါ။
🗑️ - ၁
နှစ်ယောက်ကြးမှာရှိနေတဲ့ ပဋိပက္ခတွေကို မဖြေရှင်းဘဲထားတာက ကြာလာတာနဲ့အမျှ Relationship အပေါ်မှာ စိတ်ပျက်မှုနဲ့ နာကြည်းမှုတွေဖြစ်စေလာပါတယ်။
👥 - ၂
တစ်ယောက်ကိုတစ်ယောက် အကြံပေး ဖေးမကူညီတာကကောင်းပေမယ့် အရာရာတိုင်းကို judge လုပ်ပြီး ပြစ်တင်ဝေဖန်နေတာက တဖက်လူအပေါ် စိတ်မသက်မသာဖြစ်စေပါတယ်။
⚡ - ၃
ကိုယ့်ချစ်သူကို အရာရာစံနှုန်းတွေနဲ့ တိုင်းတာပြီး တခြားလူတွေနဲ့ အရာရာနှိုင်းယှဉ်နေရင် ကြာလာတာနဲ့အမျှ ဒီ Rs က ပျော်ဖို့မကောင်းတော့ပါဘူး။
💭 - ၄
Rs တစ်ခုကို ရှေ့ဆက်မသွားချင်တော့တဲ့အခါတွေမှာ လူတွေက ဆင်ခြေအမျိုးမျိုးသုံးတတ်ကြပါတယ်။ ဒီလိုအခြေအနေတွေမှာ အများစုအသုံးများတဲ့အကြောင်းပြချက်တွေထဲက တစ်ခုကတော့ အတူတူအချိန်ဖြုန်းဖို့ အရမ်း အလုပ်ရှုပ်နေလို့ပါ။
🔗 - ၅
Rs မှာ တဖက်လူအပေါ် အရာရာစည်းမျဉ်းစည်းကမ်းတွေနဲ့ တားမြစ်ထား ဘောင်ခတ်တာကလည်း ပျော် ရွှင်မှုကို ပျောက်ကွယ်သွားစေတဲ့ အကြောင်းတွေထဲက တစ်ခုပါပဲ။ #Solve_Problems #Haruki
نمایش همه...
19💔 10👍 4😐 3🍾 1
Photo unavailableShow in Telegram
Last Flight ( နွေဦးအက္ခရာ - Haruki ) ကျွန်တော် ဒီစာအုပ်လေးကို စိတ်ဓာတ်ကျနေတဲ့သူလေးတွေ၊ စိတ်ခွန်အားယူချင်တဲ့သူလေးတွေ အတွက် အဓိကရေးသားထားတာဖြစ်ပါတယ်ခင်ဗျာ။ ဒီစာအုပ်လေးထဲမှာ အဓိက Motivation & Advices & Experience & Story & စာစု တွေကို ရေးသားထားပါတယ်။ ဒီစာအုပ်ဖတ်ပြီးနောက်မှာ ကျနေတဲ့စိတ်ဓာတ်တွေ ပြန်ကောက်နိုင်မယ်၊ စိတ်ခွန်အားအသစ်တွေရမယ်၊ ရှေ့ဆက်လျှောက်လှမ်းဖို့ အသင့်ဖြစ်နေပါလိမ့်မယ်ခင်ဗျာ။ 📄 Page - 115 🗂 File size - 116 MB 📚 Free PDF & Colorful အခုပဲသွားဖတ်လိုက်တော့နော်။✨ 📖 - Book Link https://t.me/black_white_Library/1558/16448 To Sent Feedback & Review - @Nway_Oo_Akayar #Haruki
نمایش همه...
16👍 2❤‍🔥 1🥰 1👏 1🐳 1🍓 1
ပျော်ရွှင်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ထားတယ်ဆိုတာ သိသာစေတဲ့အချက်များ
💕 - ယုံကြည်မှုရှိနေခြင်း
Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှုရှိနေရင် သံသယစကားတွေ၊ စွပ်စွဲတာတွေလည်း မရှိပဲ ပြဿနာနည်းစွာနဲ့ ပျော်ရွှင်နိုင်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိနေတော့ အရာရာစိတ်ချရပြီး စိတ်ချမ်းသာရတာပေါ့။
❣️ - နားလည်မှုရှိနေခြင်း
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိရင် ဘယ်လောက် ချစ်ချစ် အဆင်မပြေပါဘူး။ ပြဿနာတွေများပြီး စိတ်ညစ်စရာ ကောင်းလာမှာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလည်းရှိတယ်၊ ယုံကြည်မှုလည်း ရှိတယ်ဆိုရင်တော့ တော်တော်လေးအဆင်ပြေပြီး ပျော်ရွှင်ရတဲ့ Relationship ဖြစ် နေပါပြီ။
🤲🏻 - Supporting Partner ရှိနေခြင်း
တစ်ယောက်ကျရှုံးချိန်မှာ တစ်ယောက်ကဖေးမပေးပြီး အတူတူကြိုးစားတာ၊ တစ်ယောက်နဲ့တစ်ယောက် Supporting ပေးတဲ့ Relationship မျိုးဆိုရင်လည်း ပျော်စရာကောင်းပါတယ်။ ကိုယ်ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘေးမှာ ကိုယ့်ကို Supporting ပေးမယ့် Partner ရှိတယ်ဆိုတဲ့စိတ်နဲ့တင် အားဖြစ်စေမှာပါ။
☂️ - တွေ့တဲ့အခါအမြဲစိတ်ပေါ့ပါးမှုရှိနေခြင်း
ဒီ Relationship မှာပျော်ရွှင်နေပြီဆိုရင် တခြားအခြေအနေကြောင့် စိတ်ညစ်စရာရှိနေရင်တောင် ကိုယ့် Partner နဲ့တွေ့ရပြီဆို စိတ်ညစ်စရာတွေမေ့ပြီး စိတ်ပေါ့ပါးမှုရှိနေတာမျိုး၊ ပျော်ရွှင်နေရတာမျိုး ဖြစ်နေပြီဆိုရင် စာဖတ်သူလေးဟာ ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ထားမှန်း သိသာပါတယ်။
💗 - အမြဲပျော်ရွှင်ပြီးစိတ်ချမ်းသာနေရခြင်း
ပျော်စရာကောင်းတဲ့ Relationship ကိုပိုင်ဆိုင်ထားတဲ့သူက အမြဲပျော်ရွှင်ပြီး စိတ်ချမ်းသာနေတာပါ။ စိတ်ချမ်းသာရင် မျက်နှာမှာပေါ်လွင်ပြီး မျက်နှာလေးလည်းကြည်ပြီး ပိုလှလာတာမျိုးလည်း သိသာပါတယ်။ ဒါကြောင့် ဒီအချက်အားလုံးနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ စာဖတ်သူလေးက ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်နေပါပြီခင်ဗျာ။ #Knowledge #Haruki
نمایش همه...
🍓 38 15👍 2❤‍🔥 1🐳 1
Photo unavailableShow in Telegram
ပျော်ရွှင်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ထားတယ်ဆိုတာ သိသာစေတဲ့အချက်များ စာဖတ်သူလေးအနေနဲ့ ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ထားတယ်ဆိုတာ ကျွန်တော်အခုမျှဝေပေးမယ့်အချက်တွေနဲ့တင် သိသာပါတယ်။ ဒီတော့အခုလက်ရှိ Relationship ကအဲ့ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ စာဖတ်သူလေးရဲ့ရွေးချယ်မှုမှန်ကန်ပြီး ပျော်စရာကောင်းတဲ့ Relationship ကို ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပါတယ်ခင်ဗျာ။ See next Post #Knowledge #Haruki
نمایش همه...
13🐳 6❤‍🔥 2🍓 2👍 1
Photo unavailableShow in Telegram
LDRS ချစ်သူတို့အတွက် အသုံးဝင်မယ့် Post လေးများ
💕 - ဝေးကွာနေချိန်မှာ နှလုံးသားချင်းနီးနေဖို့ နည်းလမ်း ၅ ခု
https://t.me/Relationship_coach_by_Haruki/231
🌸 - Long-Distance Relationship တွေအဆက်မပြတ်စေဖို့ လုပ်သင့်တဲ့အချက် ၆ ချက်
https://t.me/Relationship_coach_by_Haruki/237
🧬 - LDRS ဆက်ဆံရေးကိုဘယ်လိုထိန်းသိမ်းမလဲ
https://t.me/Relationship_coach_by_Haruki/260 #LDRS #Advices #Haruki
نمایش همه...
32🤣 2🍓 2😭 2👍 1
အပိုစာသားတွေမလိုဘဲနဲ့ ကိုယ့်ရဲ့အချစ်ကိုဖော်ပြပေးနိုင်မယ့် နည်းလမ်းများ
👂- ဂရုတစိုက်နားထောင်ပေးပါ
တစ်ခါတလေမှာ ကိုယ့်ချစ်သူကောင်မလေးက ကိုယ်မသိတဲ့အကြောင်းအရာတွေကို ရင်ဖွင့်ချင်တဲ့အခါ မငြင်းဆန်ဘဲ စိတ်ရှည်လက်ရှည်နဲ့ ဂရုတစိုက်နားထောင်ပေးပါ။ ကြင်နာတတ်ပြီး နားလည်ပေးနိုင်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်ပါစေ။
🚫 - သူတို့သူငယ်ချင်းတွေနဲ့တွေ့ဖို့ မပိတ်ပင်ပါနဲ့
သမီးရည်းစားအများစုကျူးလွန်မိတဲ့ မဟာအမှားကတော့ ကိုယ့်ချစ်သူဖြစ်သွားပြီဆို ကိုယ့်အပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး မိမိစိတ်ကြိုက်ခြယ်လှယ်ချင်ကြတာပါပဲ။ ကိုယ့်ချစ်သူကို ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အားလပ်ချိန်ပေးပါ။ မတွေ့တာကြာတဲ့သူ့သူငယ်ချင်းတွေနဲ့ တွေ့မယ်ဆိုရင်လည်း စိတ်မဆိုးဘဲ ကြည်ကြည်ဖြူဖြူလက်ခံပေးပါ။
🌮 - မိမိချစ်သူက ဘာကြိုက်တတ်လဲဆိုတာ သတိပြုပေးပါ
သူဘာကြိုက်တတ်လဲဆိုတာ စာဖတ်သူလေးမှတ်မိနေရုံနဲ့တင် ကိုယ့်ချစ်သူက ပျော်ရွှင်ကြည်နူးတတ်တာမို့လို့ အသေးအဖွဲကိစ္စလေးတွေက အစဂရုစိုက်ပေးလိုက်ပါ။
💕 - ချီးမွမ်းပေးပါ
မိန်းကလေးတွေပဲ ချီးမွမ်းခံရတာကို ကြိုက်တာမဟုတ်ပါဘူး။ ယောကျာ်းလေးတွေလည်း ချီးကျူးခံရတာကို ကြိုက်ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ကောင်လေးကို သူဝတ်ထားတဲ့အင်္ကျီလေးနဲ့ အရမ်း လိုက်ဖက်တာပဲ၊ ကိစ္စတစ်ခုခုအောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ရင်လည်း တော်လိုက်တာ စသဖြင့် ချီးမွမ်းပြောဆိုပေးပါ။
‼️ - သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်လည်း ဖြစ်တည်ပေးပါ
ကောင်လေးတွေက သူတို့ရဲ့ချစ်သူ သူတို့ကို ဝေဖန်ပြောဆိုခြင်း၊ မကျေနပ်ချက်များနဲ့ ပြောဆိုခြင်း၊ ယောကျာ်းလေးကိစ္စတွေမှာ ဝင်ပါခြင်းတွေကို မလိုလားကြပါဘူး။ သူတို့ကို ဟိုဟာလုပ်၊ ဒီဟာလုပ် လို့ အမိန့်ပေးပြောဆိုနေမယ့်အစား သူတို့ရဲ့ အရည်အချင်းကို ယုံကြည်ပေးလိုက်ပါ။
💤 - ကိုယ့်ချစ်သူအတွက် အနားယူချိန်ပေးပါ
တစ်ခါတရံမှာ သူတို့တစ်ယောက်တည်းနေချင်တယ်ဆိုရင်လည်း ကိုယ်က အလိုက်တသိနဲ့ကြည်ဖြူစွာရှောင်ပေးလိုက်ပါ။ ဒီလိုရှောင်ပေးခြင်းအားဖြင့် စာဖတ်သူလေးတို့နှစ်ယောက်ကြားမှာ ပဋိပက္ခဖြစ်နိုင်ချေကို လျော့ပါးအောင် ကူညီပေးပါလိမ့်မယ်။
🍳 - ထမင်း၊ ဟင်း အတူတူချက်ပြုတ်ခြင်း
အတူတူဈေးဝယ်ထွက်ပြီး အတူတူပြင်ဆင် ချက်ပြုတ်ခြင်းက နှစ်ယောက်ကြားက အချစ်တွေကို တိုးလာစေပါတယ်။ တစ်ယောက်တည်းကပဲ ကိစ္စတွေအကုန်လုံးကို သိမ်းကြုံးမလုပ်ခိုင်းဘဲနဲ့ မိမိတတ်နိုင်တဲ့ဘက်က ကူညီ ပေးခြင်းက သူတို့စိတ်ပျော်အောင် ပြုလုပ်ပေးပါတယ်။
🌠 - စိတ်ကူးအိပ်မက်များကို အတူတူ အကောင်အထည်ဖော်ပါ
အပန်းပြေခရီးထွက်ခြင်းကို ပိုက်ဆံဖြုန်းတီးတယ်လို့ သဘောမထားဘဲ နှစ်ယောက်သားစိတ်တူကိုယ်တူဖြစ်ဖို့ လိုအပ်ပါတယ်။ အခြားသောကိစ္စများမှာလည်း ထိုနည်းအတိုင်းပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီရင်း စိတ်ကူးများကို အတူတူ အကောင်အထည်ဖော်လိုက်ကြပါခင်ဗျာ။ #Knowledge #Haruki
نمایش همه...
68🥰 6👍 4🍓 2❤‍🔥 1🐳 1
Photo unavailableShow in Telegram
အပိုစာသားတွေမလိုဘဲနဲ့ ကိုယ့်ရဲ့အချစ် ကိုဖော်ပြနိုင်မယ့် နည်းလမ်းများ စာဖတ်သူလေးက ကိုယ့်ရဲ့ချစ်သူအပေါ်မှာ ဘယ်လောက်ချစ်ကြောင်း စကားလုံးအကြီးကြီးတွေနဲ့ ဖော်ပြနိုင်သလို၊ ကဗျာတွေ စာတွေရေးရင်းနဲ့လည်း တလောကလုံးသိအောင်ဖော်ပြနိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ခါတလေကျရင်တော့ ကိုယ့်ချစ်သူလိုအပ်တာက စကားလုံးကြီးကြီးကျယ်ကျယ်တွေမဟုတ်ဘဲ မှန်ကန်တဲ့အပြုအမူတချို့ပါပဲ။ ဘယ်လိုနည်းလမ်းလေးတွေက ကိုယ့်ချစ်သူကိုအရည်ပျော်ကျသွားစေနိုင်ပြီး ကိုယ့်ရဲ့အချစ်တွေကိုခံစားမိစေလဲဆိုတာကို ဖော်ပြပေးပါမယ်နော်။ See next Post #Knowledge #Haruki
نمایش همه...
26🍓 2❤‍🔥 1
Relationship Anxiety ကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးသောနည်းလမ်း ၅ ခု
🎈- ပွင့်လင်းပါ
ပွင့်လင်းမှုမရှိဘဲ တစ်ယောက်ထဲလျှောက်တွေးပြီး ခံစားမနေပါနဲ့။ Anxiety ဖြစ်ခြင်းတွေ ပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် တစ်ခုခုဆိုရင် ပွင့်လင်းပါ။ မကျေနပ်တာ၊ မရှင်းတာ၊ သိချင်တာတွေရှိရင် မေးပါ။ နှစ်ယောက်သား ပွင့်ပွင့်လင်းလင်း ပြောဆိုညှိနှိုင်းတာတွေလုပ်မယ်ဆိုရင် အဆင်ပြေမှာပါ။
🚫 - Overthinking ကိုရပ်တန့်ပါ
Anxiety ဖြစ်အောင် တွန်းပို့နေတဲ့ အဓိကပြဿနာကတော့ overthinking ဖြစ်တဲ့သူက လက်တွေ့မှာ Overthinking ဖြစ်နေတာထက်ကို သူ့အတွေးထဲမှာဖြစ်နေတာက အခြေအနေပိုဆိုးပါတယ်။ ဒါကြောင့် overthinking ဖြစ်ခြင်းတွေကို ရပ်တန့်ပစ်ဖို့လိုပါတယ်။
❣️ - Partner ကိုယုံကြည်ပါ
မယုံကြည်ရင် လက်မတွဲတာကောင်းပါတယ်။ ကိုယ့် partner က ဘာမှမလုပ်ပဲနဲ့ကို သံသယတွေများပြီး မယုံကြည်တာမျိုးဆိုရင်တော့ ကိုယ့်အလွန်ဖြစ်သွားပါပြီ။ ဒီလိုမယုံကြည်မှုတွေကြောင့် ဖြစ်လာမယ့်နောက်ဆက်တွဲပြဿနာတွေက လမ်းခွဲရတဲ့အဆင့်အထိ ရောက်သွားနိုင်ပါတယ်။ ယုံကြည်ခြင်းမခံရတဲ့ partner ကလည်းမွန်းကြပ်ပြီး စိတ်ညစ်လာသလို ကိုယ်တိုင်လည်း စိတ်ဆင်းရဲပြီး anxiety တွေပိုဖြစ်လာရပါတယ်။
💕 - စိတ်ခံစားလွယ်တာကိုပြင်ပါ
တစ်ခုခုဆို စိတ်ခံစားလွယ်ပြီး ဘာမဟုတ်တာလေးကအစ ဝမ်းနည်းတာ၊ စိတ်ထဲအရမ်းထည့်ပြီး တွေးနေတာ၊ ခံစားနေတာတွေက ကိုယ့်စိတ်ကို ပင်ပန်းအောင်လုပ်နေတာနဲ့ တူတူပါပဲ။ ဒီလိုမျိုးတွေကြောင့် ကြာလေ anxiety ဖြစ်မှုတွေက ပိုးဆိုးလာလေပါပဲ။ ဒါကြောင့် စိတ်ခံစားလွယ်တဲ့အကျင့်ကိုလည်း ပြင်ကြည့်ပါ။
🎯 - အရာအားလုံးကို Control မလုပ်နိုင်တာလက်ခံပါ
အရာရာကို control လုပ်ချင်နေတဲ့စိတ်ကြောင့်လည်း relationship နဲ့ပတ်သက်လာရင် နှစ်ယောက်လုံးအတွက် စိတ်ပင်ပန်းရပါတယ်။ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းတွေ ဖြစ်မလာရင် ငါ့ကိုမချစ်လို့လားဆိုတဲ့အတွေးတွေဝင်ပြီး anxiety ဖြစ်လာတာပါပဲ။ ဒါကြောင့်အရာအားလုံးကို control မလုပ်နိုင်ဘူးဆို တာကိုလည်း လက်ခံဖို့လိုပါတယ်ခင်ဗျာ။ #Solve_Problems #Advices #Haruki
نمایش همه...
45💘 3❤‍🔥 2
Photo unavailableShow in Telegram
Relationship Anxiety ကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးသောနည်းလမ်း ၅ ခု Relationship anxiety ဆိုတာကလည်း ပြင်းထန်တဲ့အခြေအနေဖြစ်လာရင် စိတ်ခံစားမှုနဲ့ စိတ်ကျန်းမာရေးတင်မဟုတ်ဘဲ အချစ်ရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ Anxiety ကြောင့် ပျော်ရွှင်မှုတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါ ကြောင့် relationship anxiety ကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးသောနည်းလမ်း ၅ ခုကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။ See next Post #Solve_Problems #Advices #Haruki
نمایش همه...
💘 6 4❤‍🔥 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.