fa
Feedback
ဗဟုသုတစာပေများ

ဗဟုသုတစာပေများ

رفتن به کانال در Telegram

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
873
مشترکین
+124 ساعت
+17 روز
+130 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
دسامبر '24
دسامبر '24
+25
در 0 کانال‌ها
نوامبر '24
+47
در 0 کانال‌ها
Get PRO
اکتبر '24
+43
در 0 کانال‌ها
Get PRO
سپتامبر '24
+899
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
15 دسامبر+6
14 دسامبر0
13 دسامبر0
12 دسامبر+2
11 دسامبر+1
10 دسامبر+4
09 دسامبر0
08 دسامبر+1
07 دسامبر+2
06 دسامبر0
05 دسامبر+2
04 دسامبر+4
03 دسامبر+2
02 دسامبر+1
01 دسامبر0
پست‌های کانال
"ပေါင်းသင့်တဲ့သူငယ်ချင်းကောင်းဆိုသည်မှာ" ******** လောကကြီးမှာ~~~~ အိတ်ဖောင်းနေသူထက် စိတ်ကောင်းနေတဲ့သူကို ပေါင်းထိုက်တယ်။ ရုပ်လှတဲ့ သူထက် စိတ်ထားလှတဲ့သူကို ပေါင်းထိုက်တယ်။ အဆင်းရှိတဲ့သူထက် အချင်းရှိတဲ့သူကို ပေါင်းထိုက်တယ်။ တွန်းချတတ်တဲ့ သူထက် ဆွဲတင်တတ်တဲ့ သူကိုပေါင်းထိုက်တယ်။ ချမ်းသာတဲ့သူထက် အဆင့်အတန်းမခွဲခြားတတ်တဲ့သူကိုပေါင်းထိုက်တယ်။ စာတော်တဲ့သူထက် စာတတ်တဲ့သူကို ပေါင်းထိုက်တယ်။ အပြောကောင်းတဲ့သူထက် စိတ်ထားကောင်းသူပြောတဲ့စကားကို ယုံထိုက်တယ်။ မလိုတစ်မျိုး လိုတစ်မျိုးလုပ်တတ်တဲ့သူထက် ကူညီပေးဖို့ အသင့်ရှိတဲ့သူကိုပေါင်းထိုက်တယ်။ စိတ်ပြောင်းလဲတတ်သူထက် မှန်ကန်နေတဲ့သူကို ပေါင်းထိုက်တယ်။ အလေးမထားတတ်တဲ့သူထက် ဂရုစိုက်တတ်တဲ့သူကိုပေါင်းထိုက်တယ်။ ရှုံ့ချတတ်တဲ့သူထက် ကူညီဖေးမတတ်တဲ့သူကို ပေါင်းထိုက်တယ်။ စိတ်ဓာတ်နိမ်းကျတဲ့သူထက် ဘဝနိမ့်ကျတဲ့သူကို ပေါင်းထိုက်တယ်။ ပညာတတ်တဲ့သူထက် စာနာတတ်တဲ့သူကို ပေါင်းထိုက်တယ်။ မနာလိုဖြစ်တတ်တဲ့သူထက် ယှဉ်ပြိုင်တတ်တဲ့သူကို ပေါင်းထိုက်တယ်။ တာဝန်မဲ့တတ်တဲ့သူထက် အသိစိတ်ဓာတ်ရှိတဲ့ သူကိုပေါင်းထိုက်တယ်။ ကပ်ဖားရပ်ဖားလုပ်တတ်တဲ့သူထက် အပြန်အလှန်နားလည်တတ်တဲ့သူကို ပေါင်းထိုက်တယ်။ အဆင့်အတန်းရွေးပေါင်းတတ်တဲ့ သူထက် စိတ်ထားကြည့်ပြီး ပေါင်းသင်းတတ်တဲ့သူကိုပေါင်းထိုက်တယ်။ ဘဝမြင့်နေတဲ့သူထက် လူအချင်းချင်းမေတ္တာထားပြီး ပေါင်းတတ်တဲ့သူကိုပေါင်းထိုက်တယ်။ စာပေချစ်မြတ်နိုးသူအားလုံးကို ချစ်ခင်လေးစားလျက်ပါ။ ©®Original writer #Crd💜မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်...

2
🌸" မျက်နှာဖုံးကို ခွာကြည့်ပါ "🌸 ******** 👉"စာ" တတ်သည် မတတ်သည် အဓိကမဟုတ်ပါ ။ ဖတ်သည် မှတ်သည်သာအဓိကဖြစ်သည်....။ 👉"စကား" များသည် နည်းသည် အဓိကမဟုတ်ပါ ။ မှန်သည် မှားသည်သာ အဓိကဖြစ်သည်....။ 👉"လူ" ဖြူသည် မည်းသည် အဓိကမဟုတ်ပါ ။ စိတ်ဓာတ် ကောင်းသည် ညံ့သည်သာ အဓိကဖြစ်သည်...။ 👉"ဘွဲ့စာရွက်ရ သူတယောက်ကလည်း စာတတ်ဆိုတဲ့ နာမည်တစ်လုံး ခံယူနိုင်ပေမယ့် စာ,ဖတ်အား မှတ်အားနည်းလျှင် စာပေစိတ်ဝင်စားတဲ့ မူလတန်း ကျောင်းသားထက် စဉ်းစားဉာဏ်က ရှိချင်မှ ရှိလာပါလိမ့်မည်.... 👉"အပြောကောင်းတဲ့ သူတယောက်လည်း လူတွေယုံကြည်မှုများကိုရထားပေမယ့် စကားနည်းတဲ့ သူတယောက်ထက် အမှန်တရား အမှန်စကားကို ပြောတတ်ချင်မှပြောလေပါလိမ့်မည်.... 👉" ရုပ်ချော,လှ တဲ့သူတစ်ယောက်က ချစ်ခင်စရာ ကောင်းပေမယ့် သူ့ရင်တွင်း စာရိတ္တက ရုပ်ဆိုးလွန်းတဲ့ သူတစ်ယောက်ထက် ကောင်းချင်မှ ကောင်းနေပါလိမ့်မည်... 👉အပေါ်ယံမြင်နေသမျှဟာ လူသားတို့ရဲ့မျက်နှာဖုံးပါ မခွာကြည့်နိုင်သေးပဲဆုံးဖြတ်ချက် များမပေးမိစေနဲ့။ 🌿လေးစားစွာဖြင့်🌿 #crd_to_owner
2 015
3
🔸House🔸 House ဆိုရင် ကျွန်တော်တို့ အများစု သိပြီးသားဖြစ်မှာပါ။ အဓိပ္ပါယ်က "အိမ်"ပေါ့။ House က အဆောက်အအုံကို ပြောတာ။လူနေတာမနေတာကို ပြောတာမဟုတ်ဘူး။ကိုယ်က နေမယ်ဆိုရင်လည်း ကိုယ့်ရဲ့အိမ်က house ပေါ့။ 1️⃣ I had my house painted. ကျွန်တော့်အိမ်ကို ဆေးသုတ်ခဲ့တယ်။ (ဒီစာကြောင်းမှာပါတဲ့ house က နေတာ မနေတာကို ဆိုလိုနေတာမဟုတ်ဘူး။သူပိုင်တဲ့အိမ်(သို့မဟုတ်)အဆောက်အအုံ တစ်လုံးကို ဆိုလိုတာဖြစ်တယ်။) 2️⃣ There are three houses in that compound. ဟိုခြံထဲမှာ အိမ် ၃ လုံးရှိတယ်။ (အိမ် အဆောက်အအုံပဲပြောတာ။လူနေသလား၊မနေသလား ပြောလို့မရဘူး။အဲ့ထဲမှာ အိမ်အဆောက်အအုံ ၃ လုံးရှိတာမျိုးပါ။) OALD မှယလည်း house ရဲ့အဓိပ္ပါယ်ကို a building for people to live in,usually for one family. လူတွေနေထိုင်ဖို့ အတွက် ရည်ရွယ်ဆောက်လုပ်ထားတဲ့အဆောက်အအုံပါ။ ------------------------------------------------------------------ House ကို တခြားရည်ရွယ်ချက်နဲ့ ဆောက်လုပ်ထားတဲ့အဆောက်အအုံတွေကိုလည်း ခေါ်ပါသေးတယ်။ OALDမှာ ပြထားတာက.. (In compounds) a building used for a particular purpose,for example for holding meeting in or keeping animals or goods in လို့ဆိုပါတယ်။ လူတွေစုဝေးကြဖို့/စုဝေးထားရှိဖို့၊တိရစ္ဆာန်တွေ၊ကုန်ပစ္စည်တွေ ထားရှိဖို့ပြုလုပ် တည်ဆောက်ထားတဲ့ နေရာအဆောက်အအုံတွေ ကိုလည်းHouse သုံးတယ်ပေါ့။ ဥပမာ.. 1️⃣ Opera-house =အော်ပရာဇာတ်ရုံ 2️⃣ doghouse = ခွေးလှောင်အိမ် 3️⃣ warehouse=ကုန်လှောင်ရုံ 4️⃣henhouse=ကြက်တဲ၊ ဘဲတဲ 5️⃣ resthouse=ဇရပ် ------------------------------------------------------------------ နောက်ထပ် house ရဲ့အဓိပ္ပါယ်ကို OALD မှာ.. used in the names of office buildings လို့ပြထားတယ်။ (အစိုးရ ရုံး၊ကုမ္ပဏီရုံး အဆောက်အအုံတွေရဲ့ အမည်မှာလည်း သုံးတယ်) 1️⃣customs house=အကောက်ခွန်ရုံး 2️⃣upper house =အထက်လွှတ်တော် 3️⃣lower house =အောက်လွှတ်တော် 4️⃣court-house=တရားရုံး ခု ဖြစ်နေတဲ့ အခြေနေလေးနဲ့ပတ်သက်ပြီး House arrest (n)အကျယ်ချုပ် ဆိုတဲ့အသုံးလေးမှတ်ထားရအောင် Our leaders were placed under house arrest. ငါတို့ ခေါင်းဆောင်တွေဟာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားခံခဲ့ရတယ်။ ------------------------------------------------------------------ 🔸Home🔸 Home ဆိုတာလည်း "အိမ်"ပေါ့။ ဒါမဲ့ ဒီစကားလုံးက နေထိုင်မှုကိုပဲရည်ညွှန်းတယ်။ I am at home now. ငါ ခု အိမ်မှာရှိတယ်။ (သူပြောတာက သူ အမြဲ အိပ်၊စား နေထိုင်နေကျနေရာမှာ ပဲရှိတာကိုပြောနေတာပါ။သူနေတာက house (အိမ်)လား၊hut(တဲ) နဲ့လား၊flat(တိုက်ခန်း)နဲ့လား ဆိုတာမျိုးမပြောဘူး။အမျိုးမျိုးဖြစ်နိုင်တယ်။) ဥပမာ.. My home is a house. ငါနေထိုင်မှုက၊ငါ့ အိမ်က house တစ်လုံးနဲ့ပါ။ (ရောထွေးမှာစိုး၍ house ဟုပဲ သုံးလိုက်တာပါ။) My home is a flat. ငါ့အိမ်ဆိုတာ တိုက်ခန်းလေးတစ်ခုပါ။ My home is a hut. ငါ့အိမ်က တဲလေးတစ်လုံးပါ။ နောက်ထပ်ဥပမာလေးကြည်.... ကျွန်တော်က စလင်းသား၊ခုတော့ မကွေးက သူငယ်ချင်းဆီရောက်နေတုန်း သူ့ကို ကျွန်တော်က ပြောလိုက်မယ်ဆိုပါတော့...... My home is in Salin. ငါနေတာ (ငါ့အိမ်က)စလင်းမှာပါ။ (Home က စလင်းမြို့နယ်ကို ရည်ညွှန်းလိုက်တာပေါ့) အလားတူပဲ.... ကျွန်တော်က နိုင်ငံခြားမှာအလုပ်လုပ်နေတာ၊သူဌေးကို ကျွန်နော်က ပြောလိုက်မယ်ဆိုပါတော့... I am going home next month. နောက်လ ကျွန်တော် အိမ်ပြန်မယ်ဗျ။ (Home က ကျွန်တော်နေထိုင်ရာ အမိမြေ မြန်မာနိုင်ငံကို ဆိုလိုလိုက်တာပဲ) Ref:ဆရာဦးသိန်းလွင် (A Guide To English Usage) : ဆရာဦးသာနိုး (English Elements Of The Language) : OALD(10th Edition) အရင်ကမျှဝေခဲ့ဖူးတာလေး ပြန်မျှဝေပေးခြင်းပါ လိုအပ်ချက်၊စာလုံးပေါင်းမှားယွင်းမှုများပါရှိလာပါကလည်း မိမိ၏စစ်ဆေးမှု လိုအပ်ချက်ပါခင်ဗျ။ လိုအပ်ချက်များကိုလည်း မိမိ၏ ညီ အစ်ကို၊ မောင်နှမ သဖွယ် သဘောထား၍ လမ်းညွှန်​ သင်ပြ ပေးနိုင်ပါတယ်ခင်ဗျာ။ အရင်က ပြန်မျှဝေခဲ့ဖူးပါတယ်။လိုအပ်သူတွေထပ်မံ တင်ပေးဖို့ပြောလို့ထပ်တင်ပေးခြင်းပါ။ ဦးနိုင် ( ၅. ၅. ၂၀ ၂၄)
1 501
4
'' မိဘ ဆိုတာ ''👨‍👩‍👧‍👦 ••••••••••••••••••••• လောကမှာ "မိဘ" ဆိုတဲ့စကားလုံးထက် မြင့်မြတ်တာ ဘာမှမရှိဘူး အခါခါခေါ်တိုင်း အကြိမ်ကြိမ်ချမ်းမြေ့တယ် #မိဘဆိုတာ အရောင်တွေမစွန်းထင်းဘူး လုံးဝအဖြူထည်ပါ #မိဘ ဆိုတာ ကျေးဇူးဆပ်ဖို့မမျှော်လင့်ပါဘူး ကျေးဇူးသိတတ်ရင်တော့ ပိတီဖြစ်နေမိမှာ အသေအချာပါ #မိဘ ဆိုတာ သူငယ်ချင်းလည်းဟုတ်တယ် ဆရာလည်း ဖြစ်တယ် ဥယျာဉ်မှူးလည်း ဖြစ်ပြန်တယ် ကျေးဇူးရှင်အဖြစ်လည်းဟုတ်တယ် #မိဘ ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် နံပါတ်တစ်နေရာမှာ ထာဝရရှိနေမယ့်သူတွေပါ * မိဘမတျတော မိဘမေတ္တာ ပန်းရွှေကြာနှင့် ပမာနှိုင်းဆို မတိုင်းလိုဘူး ထိုပန်းကြွေကာ နွမ်းတတ်လို့။ မိဘ​မေတ္တာ စမ်းရေပြာနှင့် ပမာခိုင်းဆို မနှိုင်းလိုဘူး ထိုစမ်းနွေမှာ ခမ်းတတ်လို့။ မိခင်မေတ္တာ စန်းစန္ဒာနှင့် ပမာယှဉ်ဆို မမြင်လိုဘူး ထိုစန်းတိမ်လွှာ ဖုံးတတ်လို့။ ဖခင်မေတ္တာ ဒေါင်းဖလ်ဝါနှင့် နှိုင်းကာယှဉ်ဆို မပြောလိုပါ ညဆိုနေမင်း ကွယ်တတ်လို့။ * ''အဖေ့ကို ချစ်ပါ'' '' အဖေဆိုတာ သားသမီးတွေရှေ့မှာ မချစ်သလို ၊ မခင်သွယ်သလို မကြင်နာသလိုလို နေတတ်ကြပေမဲ့ သားသမီးနဲ့ ခွာနေရတဲ့အခါတမ်းတပြီး လွမ်းနေတတ်တာ အဖေပါ '' ' * '''အမေကို ချစ်ပါ '' '' အမေဆိုတာ မရှိလဲကျွေးချင် ရှိလဲကျွေးချင် ငါမစားရနောစေ ငါ့သားလေး ငါ့သမီးလေးစားနေရရင်ပဲ ကျေနပ်နေတတ်တာ '' အမေ '' ပါ ''။ #Credit
1 408
5
ကိစ္စမရှိဘူး၊ ပြန်ကြိုးစားလို့ရတယ် 💙💙💙💙💙💙💙💙💙💙 ဝလုံး စရေးခါစမှာ ဝိုင်းတာ မဝိုင်းတာက အဓိက မကျဘူး။ ရေးနေဖို့ကပဲ အဓိက ကျတယ်။ များများရေးနေမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ဝိုင်းလာလိမ့်မယ်။ ဘယ်သူမဆို ဘယ်လောက်ပဲ လက်ရေးလှတဲ့သူပဲဆိုဆို သူတို့ ကလေးဘဝတုန်းက ပထမဦးဆုံးအကြိမ် စရေးတဲ့ ဝလုံးက ဝိုင်းမှာ မဟုတ်ဘူး။ ဒီလိုပဲ ဝိုင်းအောင် ကြိုးစား ရေးရင်းနဲ့မှ ဝိုင်းလာတာ ဖြစ်တယ်။ အဲ့လိုပဲ အလုပ်တစ်ခုခု စလုပ်တဲအချိန်မှာ အဆင်မပြေမှုဆိုတာ ကြုံရမှာပဲ။ ကျွန်တော်ဆိုလည်း စာတွေစရေးခါစက ကျွန်တော်ရဲ့စာတွေက အသက်မဝင်ဘူး၊ ဖတ်လို့လည်း မကောင်းဘူးဆိုတဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတယ်။ ဒီဝေဖန်မှုတွေကို ကျွန်တော်က ငယ်ငယ်တုန်းက ပထမဦးဆုံး ဝလုံးစရေးခါစမှာ ကြုံရတဲ့ မဝိုင်းတဲ့ အခြေအနေတစ်ခုလိုပဲ သဘောထားတယ်။ ကိစ္စမရှိဘူး။ ဒါဟာ ငါ့ရဲ့ First Time ပဲ။ တဖြည်းဖြည်းကြိုးစားရေးရင် လူတွေဖတ်လို့ကောင်းလာမှာပဲ။ အခုအချိန်မှာ ငါရေးတဲ့စာတွေက ဖတ်လို့မကောင်းဘူးဆိုပေမယ့် အမြဲတမ်း ဒီလိုပဲ ဖြစ်နေမှာမှ မဟုတ်တာ။ ဒီလိုကြိုးစား ဖြေသိမ့်ခဲ့တယ်။ ပြောချင်တာက စာရေးတာမှမဟုတ်ဘူး။ သရုပ်ဆောင်ပဲလုပ်လုပ်၊ သီချင်းပဲဆိုဆို၊ စီးပွားရေးလုပ်ငန်းရှင်ပဲ လုပ်လုပ် ပထမဦးဆုံး စလုပ်တဲ့အချိန်မှာ အဆင်မပြေမှု ကြုံရတာကို စိတ်ပျက်မသွားဖို့ပါပဲ။ ဒီအခြေအနေဆိုတာ အခိုက်အတန့်ပဲ။ နောက် တဖြည်းဖြည်းကြိုးစားသွားမယ်ဆိုရင် ဒီအခြေအနေကို ကျော်လွှားသွားနိုင်လိမ့်မယ်။ ဒါကြောင့် ကိုယ်ပထမဦးဆုံးစရေးတဲ့ ဝလုံးကို မဝိုင်းဘူးလို့ ပြောလိုက်ရုံနဲ့တော့ ဝလုံးရေးတာကို မရပ်လိုက်ပါနဲ့ ပြောချင်ပါတယ်။ #ℂ𝕣𝕖𝕕𝕚𝕥_𝐭𝐨_𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥_𝐰𝐫𝐢𝐭𝐞𝐫 #ပင်လယ်ပြာရောင်
1 144
6
" ရေစစ်သုံးခု " ဖတ်ကြည့်နော် အရမ်းတန်ဖိုးရှိတယ် တစ်နေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့ တပည့်တစ်ယောက်က သတင်းတစ်ခုကြားလို့ သူ့ကို လာပြောသတဲ့ ။ လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ ။ "ဆရာ ! ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကို ကျွန်တော်အခုပဲ ကြားလာတယ်" " နေဦး ငါ့ကိုမပြောခင် မင်းစကားဟာ ရေစစ်သုံးခုကို ဖြတ်နိုင် မဖြတ်နိုင်အရင်စစ်ရမယ်" "ဘယ်လို ရေစစ်သုံးခုလည်းဆရာ" "ပထမ ရေစစ်နာမည်က အမှန်တရားတဲ့။ မင်းပြောတဲ့ စကားလုံးက လုံးဝရာခိုင်နှုန်းပြည့် အမှန်ဖြစ်မဖြစ်ဆိုတာ ပထမရေစစ်ထဲထည့်ရမယ် ။ မင်းပြောတဲ့ စကားလုံးဟာ လုံဝအမှန်ဖြစ်တယ်လို့ မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား" "ကျွန်တော်လည်း သူများဆီက ကြားလာတာဖြစ်လို့ ရာနှုန်းပြည့် မသေချာပါဘူးဆရာ" "အေး ကောင်းပြီ ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်" "ဒုတိယရေစစ်ဆိုတာ ဘာလဲဆရာ" "ဒုတိယ ရေစစ်နာမည်က ကောင်းကျိုးတဲ့ ။ မင်း အခုပြောမဲ့စကားက ကောင်းကျိုးကို ဖြစ်စေမှာလား " "မကောင်းတာဘဲ ဖြစ်ဖို့ များပါတယ်ဆရာ" "ဒါဆို မင်းပြောတဲ့စကားလုံးက မှန်လည်းမမှန်ဘူး မကောင်းတာလည်း ဖြစ်ဖို့များတယ်ပေါ့ " "ဟုတ်ပါတယ်ဆရာ" " အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ ထည့်ကြည့်ရအောင် " "ဘာရေစစ်လည်း ဆရာ" " အဲဒီရေစစ်နံမည်က "အသုံးဝင်မှု"တဲ့။ မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား " အမ် သိပ်မသေချာဘူးဆရာ " " ဒါဆို မင်းငါ့ကိုလာပြောမဲ့ဟာက မှန်လည်းမမှန်ဘူး မကောင်းတာလည်း ဖြစ်ဖို့များတယ် ပြီးတော့ အသုံးဝင်ဖို့လည်း သိပ် မသေချာဘူးဆိုရင် ငါ့ကိုဘာဖြစ်လို့ လာပြောချင်ရတာလဲ " တဲ့။ မီးခိုးဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ် ။ မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။ မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။ အတင်းအဖျင်းစကား တောင်စဉ် ရေမရ အဓိပ်ပါယျမရှိတဲ့စကားတှကေို နားလည်း မထောင်ပါနဲ့ ။ လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့တဲ့ ။ #credit
1 067
7
စာတပိုဒ်ကို ခပ်မြန်မြန်ဖတ်ဖို့ ကြိုးစားကြည့်ပါ။ ပိုမြန်ကြည့်ပါ။ ဖတ်သွားတဲ့ စာကြောင်းများမှာ ပါတဲ့ ဆိုလိုရင်းကို ကောင်းကောင်း သဘောမပေါက်ဘူး ဆိုရင် ပြန်နှေးလိုက်ပါ။ စာတလုံးစီ တလုံးစီ ခွဲမဖတ်ပါနဲ့။ စကားစု တခုလုံးကို ဖတ်နိုင်အောင် ကြိုးစားပါ။ အဲဒီလို လေ့ကျင့်ရင် ဒီစာကြောင်းရှေ့မှာ ဘာစကားလုံးများ ရှိတယ် ဆိုတာ မျက်စိက လှမ်းမြင်နိုင်ပါလိမ့်မယ်။ အရွယ်ရောက်သူ တယောက်ဟာ တမိနှစ်မှာ စာလုံး ၂၀၀-က ၂၅၀-လောက်အထိ မြန်မြန်ဖတ်နိုင်ပါတယ်။ ၇၀-ရာခိုင်နှုန်းလောက်လဲ နားလည်တယ်။ ကြိုးစားလေ့ကျင့်ရင် ၅၀၀-က ၈၀၀-အထိ မြန်ဖို့ မခဲယဉ်းဘူး။ ၉၀-ရာခိုင်နှုန်းလောက် အထိလဲ နားလည်နိုင်ပါတယ်။ စာဖတ်ရာမှာ မြန်လဲမြန် မှတ်လဲ မှတ်မိဖို့ ရှေ့ရှုအားထုတ် လေ့ကျင့်ရမှာပဲ။ ရှေ့ဦးဆုံးတော့ စာဖတ်တဲ့ အလေ့အထ စွဲစွဲမြဲမြဲ ရှိလာအောင် လုပ်ဖို့ပဲ။ စာဖတ်တာဟာ ထမင်းစားတာလိုပဲ ကိုယ့်အတွက် အရေးကြီးတယ်လို့ သဘောပေါက်ရမယ်ပေါ့။ ။ -လူထုဦးလှ- #စာဖတ်တဲ့အလေ့အထ #လူထုဦးလှ #Amigosbookshop ❗️ဆရာလူထုဦးလှ၏မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်။
1 231
8
စာအုပ်ကောင်းတွေ ထဲမှာ ပညာရှင်များရဲ့ အဖိုးတန် တွေးခေါ် မျှော်မြင်ချက်တွေ၊ အတွေ့အကြုံတွေကို လွယ်လွယ်နဲ့ တွေ့နိုင်ကြပါတယ်။ စာအုပ်ကောင်းများကို ဖတ်ရတာဟာ ပညာရှိကြီးများနဲ့ တွေ့ဆုံ စကားပြောရသလို အကျိုးများတာကြောင် အဲဒီစာအုပ်တွေကို ကျွန်တော်တို့ တလေးတစား ဖတ်သင့်ကြပါတယ်။ ကိုယ့်စိတ်ထဲမှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေအတွက် အဖြေများကိုလဲ အဲဒီလို စာအုပ်ကောင်းတွေ ထဲမှာ တွေ့နိုင်တယ်။ မှန်တယ်လို့ ကိုယ်ယူဆထားတာဟာ မှားနေတာ တွေ့ရလို့လဲ ပြင်နိုင်တယ်။ ၃။ မှတ်စုယူဖို့။ ကိုယ်ပိုင်စာအုပ် ရှိထားတဲ့အတွက် တပန်းသာတာကတော့ စာအုပ်ထဲမှာ ကိုယ်နှစ်သက်တဲ့ အသုံးဝင်မဲ့ စာကြောင်းတွေ အပိုဒ်တွေကို ခဲတံ အနီအပြာနဲ့ ဘေးကလဲ တား၊ စာကြောင်းတွေ အောက်ကလဲ တားနိုင်တာပဲ။ သူများဆီက ငှားဖတ်တဲ့ စာအုပ်၊ စာကြည့်တိုက်က ငှားတဲ့စာအုပ် ဆိုရင်တော့ ဒီလို ပိုင်စိုးပိုင်နင်း လုပ်လို့ မတော်ဘူး၊ ရိုင်းတယ်။ ကိုယ်မှတ်သားထားတဲ့ စာမျက်နှာများ စာရင်းကို စာအုပ်ရှေ့ပိုင်း စာမျက်နှာလွတ်မှာ တေးမှတ်ထားရင် လိုတဲ့အခါ ရှာဖို့ ပိုလွယ်ကူပါတယ်။ စာအုပ်ထဲမှာ မှတ်သားတဲ့ အတတ်ဟာ လုပ်ရင်းလုပ်ရင်းနဲ့ ပိုကျွမ်းကျင်တာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အရေးကြီးတဲ့ အချက်တွေကို လွယ်လွယ်နဲ့ တွေ့နိုင် သိနိုင်အောင် ထုတ်ယူတာပဲ။ စာတပိုဒ်မှာ ပထမဝါကျဟာ အရေးကြီးတဲ့ အချက်အလက်ကို လေးလေးနက်နက် ရေးထားတာ မကြာမကြာ တွေ့ကြရတယ်။ တခြား ဝါကျတွေကတော့ အဲဒီအချက်ကို ပိုရှင်းအောင် တင်ပြတာတွေပဲ။ တခါတလေတော့လဲ နောက်ဆုံးဝါကျမှာ ဆိုလိုတဲ့ အဓိက အချက်ကို တွေ့ကြတယ်။ စာရေးဆရာရဲ့ အာဘော် အရေးကြီးတဲ့ အချက်အလက်တွေကို စာသား၊ စာမျက်နှာ ဘေးက ကွက်လပ် `မာဂျင်' မှာ နံပတ်ထိုး မှတ်ထားရင် အကျိုးရှိပါတယ်။ စာရေးဆရာ ကိုယ်တိုင်က ပထမအချက်၊ ဒုတိယအချက် စသည်ဖြင့် ဖော်ပြပြီး ရေးထားရင်တော့ အဲဒါတွေ ပေါ်လွင်အောင် မျဉ်းသားထားလိုက်ပေါ့။ စာအုပ်ထဲမှာ ဒီလို မျဉ်းသားတာတို့ ကတော့ စာအုပ်ထဲမှာ ရှိတဲ့ အဖိုးတန် ကျောက်သံပတ္တမြား၊ စာအုပ်နှလုံးသားဟာ ဘာဆိုတာ ဖော်ထုတ်တဲ့ သဘောပဲ။ ဒီလို ကြိုးစားမှတ်သားနိုင်ဖို့ ဆိုတာ ဖတ်ရာမှာ ပိုပြီး ဂရုစိုက်ရ၊ ပိုပြီး စိတ်စူးစိုက်ရတာကြောင့် ပိုပြီး နားလည်တဲ့အကျိုး ရရှိပါတယ်။ ကိုယ်ဖတ်တဲ့ စာအုပ်များနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို မှတ်စုစာအုပ်တအုပ်ထဲမှာ ရေးတဲ့ အလေ့အကျင့် လုပ်ပါ။ အထူးနှစ်သက်တဲ့ စာကြောင်းများကို ကူးယူပါ။ ပြီးတော့ ကိုယ့်ထင်မြင်ချက်များ အယူအဆများ ဝေဖန်ချက်များကိုပါ ရေးပါ။ ဒီလေ့ကျင့်ခန်းဟာ ပညာလဲတိုးစေတယ်။ စာဖတ်တဲ့အခါလဲ ပိုပြီး စူးစိုက်နိုင်တယ်။ မှတ်စုများကတော့ နောင်တော့ အသုံးကျမယ်။ ဒီစာအုပ်ကို ပြန်ဖတ်ချင်လို့ ဖတ်တဲ့အခါမှာလဲ ဒီမှတ်စုတွေက အများကြီး အထောက်အကူပြုလိမ့်မယ်။ စာအုပ်များနဲ့ ပတ်သက်ပြီး မှတ်စုကောင်းကောင်း ဖြစ်အောင် ရေးတာဟာ ပညာရပ် တမျိုးပဲလို့ ဆိုရလိမ့်မယ်။ ဒီစာအုပ်ထဲက ဘယ်အဆီအနှစ်တွေဟာ ကိုယ့်အတွက် ကိုယ့်အတွက် အသုံးကျမလဲဆိုတာ မှတ်ထားတာတွေ ဖြစ်လို့ စာအုပ်ကို ဖတ်ခဲ့တာ တော်တော်ကြီးကြာပေမဲ့ လိုတဲ့အခါ ကောက်ကာငင်ကာ အသုံးချနိုင်ပါတယ်။ အပျော်ဖတ်တဲ့စာအုပ် ဆိုရင်လဲ ဘယ်လိုဖတ်လို့ ကောင်းတယ်၊ ဘယ်အပိုင်းကို အကြိုက်ဆုံး ဆိုတဲ့ ကိုယ့်ထင်မြင်ချက်တွေ ရေးထားရပါမယ်။ ဒါပေမဲ့ စာမေးပွဲအတွက် လေးလေးနက်နက် ဖတ်ရမဲ့စာအုပ် ဆိုရင်တော့ ဒီနည်းဒီပုံဖတ်ရုံ မှတ်ရုံနဲ့ မရဘူး။ အကောင်းဆုံးကတော့ စာပိုဒ်တိုင်းကို အကျဉ်းချုပ် ရေးတာပဲ။ ပေါင်းလိုက်တော့ စာအုပ်တအုပ်လုံးရဲ့ အတိုချုပ်တအုပ် ဖြစ်တာပေါ့။ ဒီလို ကြိုးစားပြင်ဆင်ရင် အများကြီး မှတ်မိနိုင်တယ်။ စာမေးပွဲနီးတော့ ကိုယ့်မှတ်စုတွေကို ပြန်ဖတ်ပေါ့။ ဒီလိုဖတ်ရင်း အရေးကြီးတဲ့ အချက်အလက်များနဲ့ ပတ်သက်တဲ့နေရာ၊ ခက်တဲ့နေရာတွေမှာ မူရင်းစာအုပ်ကိုလှန်ပြီး မှတ်စုနဲ့အတူ င်္တဲကြည့်ရင် အထူးအကျိုးများတာ တွေ့ရပါလိမ့်မယ်။ ၄။ ပိုပြီး မြန်မြန်ဖတ်လာနိုင်ဖို့။ စာဖတ်သူ အများစုဟာ စာမြန်မြန် ဖတ်နိုင်ချင်ကြတယ်။ စားဝတ်နေရေးအတွက် လုပ်စရာကိုင်စရာတွေက များ၊ ဖတ်စရာစာအုပ်တွေ ဖတ်ဖို့လိုတဲ့ စာအုပ်တွေက ပိုပိုများလာတာကြောင့် ဒီဆန္ဒဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ ပြန်ပြီး မမှတ်မိရင်တော့လဲ ဘာမှ တန်ဖိုးမရှိဘူး။ အမေရိကန်မှာ စမ်းသပ်လို့ တွေ့ရှိတာကတော့ စာမြန်မြန်ဖတ်နိုင်ဖို့အတွက် စကားလုံးတွေ ပိုတိုးအောင် ပိုနားလည်အောင် လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်ဖို့သက်သက်သာ အားထုတ်ရင်တော ဖတ်တာကို နားလည်ဖို့ဘက်မှာ ထိခိုက်မှာပဲ။ မှတ်ဉာဏ်လဲ လိုက်မမှတ်နိုင်ပေဘူး။ မှတ်ဖို့သားဖို့ အထိလည်း အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။ တချို့စာဖတ်တာ အင်မတန်မြန်တယ်။ တွန်းဖတ်တာပဲ။ အဲဒီလို စာတွေအများကြီး မြန်မြန်ဖတ်သူတွေဟာ ပြန်နှေးလိုက်ဖို့ ကောင်းတယ်။ စာမရွေးဘဲ ဘယ်စာမျိုးကိုမဆို တွန်းပြီး အမြန်ဖတ်သုများဟာ စဉ်းစားတဲ့ ခွန်အား၊ အဆုံးအဖြတ်ပေးတဲ့ ဉာဏ်အားကို ဖျက်ဆီးပစ်သလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် နားလည် သဘောပေါက်တာကို မထိခိုက်တဲ့ မြန်သင့်သလောက် မြန်တာမျိုးတော့ ရဖို့ ကြိုးစားရပါမယ်။ ဝေါဟာရတွေ ပိုသိဖို့၊ နားလည်သဘောပေါက်မှု မြန်ဖို့ အားထုတ်တဲ့အပြင် လေ့ကျင့်ခန်း နည်းနည်းလုပ်ဖို့ လိုပါမယ်။
1 070
9
အရင်ဆုံး ကိုယ့်ဖာသာကိုယ် အကျိုးအကြောင်း ဆက်စပ်တွေးတော ကြံဆကြည့်ပါ။ ဘယ်ကိစ္စ ဘယ်အလုပိမျိုး မဆို ကိုယ့်ရှေ့ရောက်လာသမျှကို မေးခွန်းထုတ်ပါ။ ဟိုကိစ္စ ဒီကိစ္စများကို ဝေဖန်တဲ့ အလေ့အကျင့် လုပ်ပါ။ သာမန် သတင်းစာ ဆောင်းပါးကလေး တပုဒ်ကိုတောင် ရာထူးကြီး ခန့်ထားဖို့ စာမေးပွဲ ဖြေထားသူတယောက်ရဲ့ အဖြေလွှာကို အမှတ်ပေးဖို့ စစ်ဆေးကြည့်သလို အထူးဂရုစိုက် စစ်ဆေးပါ။ တချို့စာအုပ်တွေကို ဝေဖန်ရတာ လွယ်တယ်။ သိလွယ်၊ သဘောပေါက်လွယ်တာကိုး။ ကောင်းတဲ့အချက်လဲ မြင်လွယ်တယ်။ မကောင်းတဲ့အချက်လဲ တွေ့နိုင်တယ်။ နက်နက်နဲနဲ ရေးထားတဲ့ စာအုပ်များကိုတော့ တော်တော် ပညာခံမြင့်သူများမှ ပြည့်ပြည့်စုံစုံ အဆင့်အတန်းမီမီ ဝေဖန်နိုင်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားတဲ့အတွက် တိုးတက်မှု ရှိမှာတော့ မုချပဲ။ ကိုယ်လုပ်တဲ့ အလုပ်ကိုလည်း ကိုယ်တိုင်လေးစားမှု ရှိနေမှာပေါ့။ ဒါ့ကြောင့် ဝေဖန်တဲ့ မျက်စိနဲ့ အမြဲ သတိရှိရှိ ဖတ်ရပါမယ်။ (ဂ) စာအုပ်တအုပ်ကို ဖတ်ရတဲ့အခါ ကိုယ့်မှာ ဆိုင်ရာအကြောင်းအရာနဲ့ ပတ်သက်ပြီး အခြေခံရှိထားရင် ပိုကောင်းတယ်။ စာအုပ်တွေ အမျိုးမျိုးရှိတယ်။ ဥပမာ- ဥယျာဉ် စိုက်ပျိုးတဲ့ စာအုပ်မျိုး ဆိုပါတော့။ တချို့စာအုပ်ကတော့ စလုပ်ဖို့ စီစဉ်နေတဲ့သုဖို့ ရည်ရွယ်တယ်။ တချို့စာအုပ်ကတော့ အတွေ့အကြုံ ရှိပြီး အများကြီး ကျွမ်းကျင်နေသူများအတွက် ရည်ရွယ်တယ်။ ရေဒီယိုပြင်တဲ့ စာအုပ်၊ တပ်ဆင်တဲ့ စာအုပ်တွေဟာလဲ ဒီလိုပဲ အမျိုးမျိုး အစားစား ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်မှာရှိနေတဲ့ အဆင့်နဲ့ ကိုက်မယ့် စာအုပ်မျိုးကို ရွေးတတ်ဖို့ လိုပါတယ်။ ကိုယ့်မှာ အသိပညာ တိုးလာပြီး အတွေ့အကြုံ များလာတဲ့အခါတော့ ပိုမြင့်တဲ့ အကြောင်းအရာတွေ ရေးထားတဲ့ စာအုပ်များကို ဖတ်ချင်လာမှာပဲ။ ဖတ်လို့လဲ ကောင်းကောင်း သဘောပေါက် နားလည်ကြမှာပဲ။ (ဃ) ရာဖ်ဝေါ်ဒါ အီမာဆင် (Ralf Walder Emerson) ဆိုတဲ့ ပုဂ္ဂိုလ်က ကိုယ့်မှာ ပြင်စရာရှိတာ ပြင်ဖို့ စာအုပ်ကို ဖတ်ပါ။ သိဖို့ မဖတ်ပါနဲ့' လို့ ဆိုပါတယ်။ အားနက်(စ်)ဝုဒ်(စ်) (Emest Woods) ကတော့ ပထမ စဉ်းစားပါ။ နောက်မှ ဖတ်ပါ' တဲ့။ ဥပမာအားဖြင့် အကြောင်းအရာသစ် တခုကို လေ့လာချင်တယ် ဆိုပါတော့။ ရှေးဦးဆုံး သိနှင့်ပြီးတာ၊ သိတယ်လို့ ယုံကြည်တာ၊ ဒီအကြောင်းအရာရဲ့ သဘောဟာ ဒီလိုဖြစ်လိမ့်မယ်လို့ ယူဆတာများကို အချိန် တော်တော်သင့်သင့် ပေးပြီး စဉ်းစားပါ။ ပြီးတော့မှ စာအုပ်ကို ဖတ်ပါ။ အဲဒီလို လုပ်တာဟာ ရိုးရိုး ကောက်ဖတ်လိုက်တာထက် အများကြီး စိတ်ဝင်စားစရာ ဖြစ်တယ်။ အကျိုးရှိတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ နှုတ်ခမ်းကိုလှုပ်ပြီး စာဖတ်တဲ့ အလေ့အထဟာ စာဖတ်နှေးစေတဲ့ အကြောင်းတခုပဲ။ ဒါ့ကြောင့် နှုတ်ခမ်းမလှုပ်ဘဲ စာဖတ်တဲ့ အလေ့ကို တမင်ကျင့်ဖို့ လိုပါတယ်။ဒီအမှားကို မပြင်ရင် စာဖတ်ရာမှာလဲ မတွင်ဘုး။ စကားပြောဖို့ တွေးခေါ် စဉ်းစားရာမှာရော ပြောရာမှာရော နှေးနေပါလိမ့်မယ်။ ဖတ်ပြီးတဲ့ အကြောင်းအရာကို ပြန်ဖတ်တဲ့ အကျင့်လဲ မကောင်းဘူး။ ရှောင်ရမယ်။ စာကြောင်းအသစ်ကို ဖတ်တဲ့အခါ ကောင်းကောင်း မမြင်ရဘူးဆိုရင် မျက်စိကုဆရာဝန်ကို ပြပါ။ ကိုယ်အနေအထား မမှန်လို့လည်း စာဖတ်မမြန်ဘဲ နှေးနေတတ်တယ်။ ဒါ့ကြောင့် မတ်မတ်ထိုင်ပြီး စာအုပ်ကို မျက်စိနဲ့ ထောင့်မှန်မှာထားပြီး ကိုင်ဖတ်ကြည့်ပါ။ အိပ်ရာထဲ လှဲဖတ်နေတာထက် တွင်တာ တွေ့ပါလိမ့်မယ်။ ဘယ်စာအုပ်ကိုမဆို အမြန်ဖတ်ရမှာချည်းပဲလို့ အသေမှတ်ထားလို့တော့ မဖြစ်ဘူး။ ခပ်ပေါ့ပေါ့ ရေးထားတဲ့ ဝတ္ထုများကို ကျောင်းသုံးစာအုပ်များ၊ ကျမ်းဂန်များ၊ ရာဇဝင်စာအုပ်များထက် အမြန်ဖတ်လို့ ရပါတယ်။ ဒါ့ကြောင့် စာဖတ်ရာမှာ မြန်တာ သုံးလေးဆင့် ထားဖို့ လိုပါတယ်။ ဘယ်စာအုပ်မျိုးကို ဘယ်လောက် မြန်မြန်ဖတ်ရမယ် ဆိုတာလဲ သိသာလာပါလိမ့်မယ်။ ရှိရမဲ့ ရည်ရွယ်ချက်ကတော့ အဆင့်တိုင်းမှာ တစတစပိုပြီး မြန်မြန်ဖတ်လာနိုင်ဖို့ ဖြစ်ရမှာပဲ။ အပြေးအလွှား အမြန်ဆုံးဖတ်နိုင်ဖို့ ဆိုတဲ့ သဘောမျိုးတော့ မဖြစ်ရဘူး။ စာမျက်နှာ ၂၄၀-လောက် ရှိတဲ့ အပျော်ဖတ် ဝတ္ထုစာအုပ်တအုပ်ကို ၃-နာရီ ၄-နာရီလောက်နဲ့ ဖတ်လို့ ပြီးသင့်တယ်။ ဒီစာမျက်နှာလောက်ပဲ ရှိတဲ့ စိတ်ပညာကျောင်းသုံး စာအုပ်တအုပ်ကိုတော့ သူ့အခန်းနဲ့သူ အချိန် ၁၀-နာရီကနေ ၁၂-နာရီလောက် ဖြန့်ဖတ်ဖို့ လိုမယ်။ အဲဒီလို ဂရုတစိုက် ဖတ်ပြီးတဲ့နောက် ဘယ်အခန်းက ဘယ်လိုပါတယ် ဆိုတာ ကျကျနန ပြောပြ ရေးပြနိုင်ရမယ်ပေါ့။ စာကောင်းကောင်း ဖတ်တတ်သူဟာ သာမန်ရိုးရိုး ဖတ်သူထက် မြန်လဲမြန်တယ်။ ပိုလဲ မှတ်မိတယ်။ ဒါ့ကြောင့် ရည်မှန်းချက်က ပိုပြီးမြန်မြန် ဖတ်နိုင်အောင်လဲ ကြိုးစားဖို့။ ဒါပေမဲ့ ဘာဖတ်နေတယ် ဆိုတာ မျက်ခြေပြတ် သွားတဲ့အထိ မြန်မြန်ကြီး မဖတ်ဖို့ ဖြစ်ရပါလိမ့်မယ်။ စာဖတ်တဲ့ ရည်ရွယ်ချက်ဟာ တစုံတခု မှတ်သားဖို့ ပညာရှာဖို့၊ ဒါမှမဟုတ် ပျော်ရွှင်ဖို့ပဲ။ ဒါ့ကြောင့် ကိုယ်နားလည်နေတာထက် ပိုမြန်ဖို့တော့ မလိုဘူး။ နှေးချင် နှေးပေစေဦးပေါ့။ ဘာမှနားမလည်ဘဲ မြန်နေလို့တော့ အလကားပဲ။ တချို့စာအုပ်တွေမှာ ရေးထားတာ တယ်မရှင်းဘူး။ ဘာဆိုလိုတယ် ဆိုတာ တော်တော်ကြာကြာ စဉ်းစားယူမှ အရိပ်အမြွက်လောက် ပေါ်တယ်။ အဲဒီလိုအကြောင်းမျိုးကြောင့်လဲ စာဖတ်နှေးရတာ ရှိပါတယ်။
866
10
စာဖတ်တဲ့ အလေ့အထ ~~~~ လူထုဦးလှ ~~~~ စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ အချိန်ကုန်ခံပြီး စာဖတ်ရာမှာ အကျိုးရှိအောင် ဖတ်ကြမှဖြစ်မယ်။တချို့က စာဖတ်တာ အင်မတန်နှေးတယ်။ကောင်းကောင်းလဲ အဓိပ္ပာယ်မပေါ်ဘူး။တချို့က မြန်တာကို အဓိကထားလွန်းလို့ ရေးထားတာ ဘာဆိုလိုတယ်ဆိုတာ မိမိရရ မသိဘူး။ စာဖတ်တာကို ဘယ်လောက် အကျိုးရှိရှိ ဖတ်နိုင်သလဲ ဆိုတဲ့ ပေတံနဲ့ တိုင်းရမယ်။ ဘယ်လောက်များများ ဖတ်သလဲ ဆိုတာကိုသာ ကြည့်လို့မဖြစ်ဘူး။ နောက်ပြီး ဘယ်လိုစာအုပ်မျိုး ဖတ်ဖို့ ဆိုတာလဲ စဉ်းစားဖို့ လိုပါတယ်။ ဘယ်စာအုပ်မျိုးကို အပြီးဖတ်သင့်သလဲ။ `နှစ်ခေါက်ဖတ်သင့်တဲ့ စာအုပ်မျိုးကို တခေါက်အပြီး ဖတ်ဖြစ်အောင် ဖတ်သင့်တယ်' ဆိုတဲ့စကားဟာ မှန်တယ်လို့ ယူဆပါတယ်။ အကျိုးရှိရှိ စာဖတ်နိုင်ဖို့အတွက် အချက်လေးချက် သတိပြုရပါမယ်။ ၁။ စာအုပ်များ ရွေးချယ်ဖို့၊ ၂။ ဖတ်တာကို ကောင်းကောင်း နားလည်ဖို့၊ ၃။ မှတ်စုယူဖို့၊ ၄။ ပိုပြီး မြန်မြန်ဖတ်လာနိုင်ဖို့ ဖြစ်ပါတယ်။ ၁။ စာအုပ်များ ရွေးချယ်ဖို့။ စာအုပ်များ ကောင်းကောင်း ရွေးတတ်တာနဲ့အတူ၊ ဂရုစိုက် ဖတ်တာနဲ့အမျှ စိတ်ဝင်စားမှု တိုးတက် ကျယ်ဝန်းလာပါမယ်။ ဉာဏ်များ ပိုမိုဖွံ့ဖြိုးလာပြီး ပညာဆည်းပူးတဲ့ ဘက်မှာပါ အများကြီး တိုးတက်လာနိုင်ပါတယ်။ ဒါကြောင့် ဖတ်သင့်ဖတ်ထိုက်တယ်လို့ ထင်မြင်ယူဆတဲ့ စာအုပ်အကြောင်း အသေးစိတ် သိသမျှ မှတ်စုစာအုပ်ထဲမှာ ရေးထားပါ။ သူငယ်ချင်း မိတ်ဆွေများက ပြောပြလို့ စာအုပ်နာမည်ကို သိရတာ ဖြစ်ချင်ဖြစ်မယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေထဲမှာ ဝေဖန်ထားတာတွေ့လို့ ဖြစ်ချင်လဲဖြစ်မယ်။ ဘာ့ကြောင့် ဒီစာအုပ်ကို ဖတ်သင့်တယ်လို့ ယူဆတဲ့ စာအုပ်များစာရင်းမှာ ထပ်ထည့်ရတယ် ဆိုတဲ့ မှတ်ချက်ကလေးလည်း ပါရမယ်ပေါ့။ ဒီစာအုပ်စာရင်းမှာ စာအုပ်နာမည်တွေဟာ ကိုယ်တကယ် ဖတ်နိုင်တာထက် ပိုမိုများလာမှာပဲ။ အဲဒီစာရင်းကို မကြာမကြာ ပြန်ပြန်ကြည့်ပါ။ အဲဒီလို ပြန်ကြည့်တဲ့အခါ ကိုယ် သိပ်စိတ်မဝင်စားတော့တဲ့ စာအုပ်နာမည်များကို ကြက်ခြေခတ်ပစ်ပါ။ ဒီနည်းနဲ့ ဖတ်သင့်တယ်လို့ ရွေးထားတဲ့ စာရင်းဟာ အမြဲရှိနေ သစ်နေပါလိမ့်မယ်။ အသက်လဲ ဝင်နေမယ်။ စာကြည့်တိုက်တွေဟာ အသုံးကျပါတယ်။ အားကိုးရပါတယ်။ ဒါပေမဲ့ စာအုပ်ကောင်းများကို ကိုယ်ပိုင်ရှိနိုင်ရင် ပိုကောင်းတယ်။ ပြန်ဖတ်လို့လဲ ရတယ်။ထုတ်နှုတ်သုံးစရာ ရှိရင်လဲ လွယ်တယ်။ တစ်လမှာ ကိုယ်တိုင်လုပ်ထားတဲ့ စာအုပ်စာရင်းထဲက အထူး ဂရုတစိုက်ရွေးပြီး အနည်းဆုံး စာတစ်အုပ်တော့ ဝယ်ပါ။ စာအုပ်အသစ် တစ်အုပ်ဝယ်တိုင်း နောက်ဆုံးဝယ်တဲ့ စာအုပ်နဲ့ ဆက်စပ်မှုကို မှတ်သားထားပါ။ အဲဒီလို မှတ်ထားရင် ဆက်စပ်မှုရှိတဲ့ စာအုပ်တွေ အများကြီးစုထားတဲ့ စာကြည့်တိုက်ကလေးလို ဖြစ်လာနိုင်ပါတယ်။ တချို့စာအုပ်တွေဟာ တော်တော်ပဲ ဈေးကြီးတယ်။ ဒါပေမဲ့ သိပ်ဈေးမကြီးတဲ့ စာအုပ်ကောင်းများလဲ ရှိတန်သလောက် ရှိပါတယ်။ တကယ်ကတော့ ကိုယ့်စာအုပ်စာရင်းနဲ့ ကိုယ့်အိတ်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိသလဲ ဆိုတာ ဆက်နေတာပဲ။ စာရင်းထဲက တချို့ စာအုပ်နာမည်တွေဟာ အပန်းဖြေချိန်မှာ ပေါ့ပေါ့ပါးပါး ဖတ်စရာ ဝတ္ထုများ ဖြစ်ချင်ဖြစ်မယ်။ တချို့စာအုပ်တွေကတော့ ကိုယ်ဝါသနာပါတာတွေနဲ့ ဆက်စပ်တာ ဖြစ်ချင်ဖြစ်မယ်။ အများစုကတော့ ကိုယ်ပညာရရှိရေး၊ တိုးတက်ရေးအတွက် အထောက်အကူပြုတဲ့ စာအုပ်တွေရဲ့ နာမည်တွေ ဖြစ်ရမှာပဲ။ စာအုပ်စာရင်း ရှိထားတဲ့အတွက် အကျိုးရှိရှိ ဖတ်နိုင်မဲ့ စာအုပ်ကို ရွေးလို့ လွယ်တယ်။ အဖုံးလှလို့ သဘောကျပြီး ရွေးထားမိတဲ့ စာအုပ်မျိုးကိုလဲ တကယ်ဝယ်မဲ့အခါ ဖယ်ပစ်နိုင်တယ်။ ၂။ ဖတ်တာကို ကောင်းကောင်း သဘောပေါက် နားလည်ဖို့။ ဘယ့်နှယ် နားမလည် သဘောမပေါက်ရမှာလဲ။ စာတတ်တဲ့လူ ဖတ်တာ နားလည်တာပေါ့လို့ ပြောကြမှာပဲ။ တကယ့်တကယ်တော့ အများစုဟာ ထင်သလောက် မဟုတ်ဘူး။ အဲဒီအခက်အခဲနဲ့ ပတ်သက်ပြီး အကြောင်း ၄-ခု ရှိတယ်။ (က) ဝေါဟာရတွေ အသိနည်းတာက အကြောင်းတကြောင်းပဲ။ တချို့စာအုပ်တွေမှာ ရှေးဟောင်း အသုံးအနှုန်းတွေ တော်တော်များများ ပါတယ်။ အဲဒီစကားလုံးတွေကို ဒီကနေ့ မသုံးကြ မပြောကြတော့ဘူး။ ဒါ့ကြောင့် မသိကြဘူး။ ဒီကနေ့ ပြောကြဆိုကြတဲ့ စကားလုံးအသစ်တွေကို မသိတာတွေလည်း ရှိတာပဲ။ အင်္ဂလိပ်၊ မြန်မာစာ၊ ဘယ်ဘာသာနဲ့ ရေးထားတာဖြစ်ဖြစ် ကိုယ်ဖတ်ဖို့ ရွေးထားတဲ့ စာအုပ်ထဲက မသိတဲ့ စာလုံးတွေကို ရေးချပြီး အဘိဓာန်နဲ့ အဓိပ္ပာယ် ရှာလို့ရတာရှာ၊ ပညာဗဟုသုတ ရှိသူကို မေးမှဖြစ်မှာကို မေးပြီး ရေးသားမှတ်ယူထားရပါမယ်။ အဲဒီလို ကိုယ့်အတွက် အသစ်တိုးလာတဲ့ စကားလုံးကို သူ့နေရာနဲ့သူ အသုံးတည့်တဲ့အခါ ရေးရာမှာလဲ အသုံးပြုပါ။ ဟောရာပြောရာမှာ အံဝင်ရင်လဲ အသုံးပြုပါ။ ဒီလိုနဲ့ ကိုယ်ရေးသားရာ၊ ဟောပြောရာမှာ စကားလုံးတွေ ပိုကြွယ်လာပြီး နိုင်နိုင်နင်းနင်း ရှိတာနဲ့အမျှ ပိုပြည့်စုံလာ နိုင်ပါတယ်။ စာအုပ်တွေ မဂ္ဂဇင်းတွေထဲမှာ ဒီလို အသစ်အသစ်တွေ တွေ့နေမှာပဲ။ (ခ) တွေးတောကြံဆမှု အင်အားနည်းရင်လဲ ဖတ်တာကို ကောင်းကောင်း သဘောမပေါက် နားမလည်ဘူး။ စာရေးဆရာ ဘာဆိုလိုတယ် ဆိုတာကို သိဖို့ လိုပါတယ်။ တွေးတောကြံဆမှု အင်အား တိုးတက်ဖို့ ဆိုတာ လေ့ကျင့်ပေးမှ ရနိုင်ပါတယ်။
819
11
မန္တလေး - ပုဂံ အသွားအပြန် သင်္ဘောများ ရှိပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကီလိုမီတာ ၁၇၀ သွားလာရန် ၉ နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ခရီးသွားရာသီတွင် နေ့စဉ်ခရီးစဉ် ရှိပြီး တစ်ခါတစ်ရံ ညအိပ်ခရီးစဉ်များပါ ရှိသည်။ 🟡ထင်ရှားသည့် ပုဂံဘုရားပုထိုးများ • ရွှေစည်းခုံစေတီ • အလိုတော်ပြည့်ဂူဘုရား • ထီးလိုမင်းလိုဘုရား • အာနန္ဒာဘုရား • ကန်တော့ပလ္လင်ဘုရား • သဗဗြညုဘုရား • ဗူးဘုရား • ရွှေဆံတော်စေတီ • ဓမ္မရံကြီးဘုရား • လောကထိပ်ပန်ဘုရား • မြစေတီ • မနူဟာဘုရား • နန်းဘုရားကျောင်း • လောကနန္ဒာဘုရား • ပြဿဒါးကြီး (ပြဿဒ်ကြီး) • သကျမုနိ • ရှင်ပင်သာလျောင်း • ဂူပြောက်ကြီး • ငှက်ပစ်တောင်ဘုရား(ညောင်ဦး) • စူဠာမဏိဘုရား • ဘုရားသုံးဆူ(ပုဂံ) • သမ္ဘူလဘုရား • တရုတ်ပြေးဘုရားကြီး • အပယ်ရတနာဘုရား • ရွှေဂူကြီး( နန်းဦး) ဘုရား 🟡စွယ်တော်လေးဆူ • ရွှေစည်းခုံစေတီ • တန့်ကြည့်တောင်စေတီ • လောကနန္ဒာစေတီ • တုရင်တောင်စေတီ 🟡ဘုရားပုထိုးများ • ဂူပြောက်ကြီး (ဝက်ကြီးအင်း) • ဂူပြောက်ငယ် (ဝက်ကြီးအင်း) • ဆပဒစေတီ • ကျောက်ဂူဥမင်ဘုရား • ကုန်းတော်ကြီးဂူဘုရား • သကျမုနိဂူဘုရား • ထီးလိုမင်းလိုဘုရား • အာနန္ဒာဘုရား • ရွှေဂူကြီးဘုရား • သံတော်ကြားဘုရား • သဗဗြညုဘုရား • ဓမ္မရံကြီးဘုရား • ရွှေဆံတော်စေတီ • ရှင်ပင်သာလျောင်း • မင်္ဂလာစေတီ • ပုထိုးသားများဂူဘုရား • ကန်တော့ပလ္လင်ဘုရား • မဟာဗောဓိစေတီ • ဗူးဘုရား • ဂူပြောက်ကြီး (မြင်းကပါ) • ဂူပြောက်ငယ် (မြင်းကပါ) • မြင်းကပါစေတီ • ပေါ်တော်မူဘုရား • မနူဟာဘုရား • နန်းဘုရားကျောင်း • အပယ်ရတနာဘုရား • နဂါးရုံဂူဘုရား • စိမ်းညက်အစ်မဘုရား • စိမ်းညက်ညီမဘုရား • နန္ဒာမညာဂူဘုရား • သမ္ဘူလဘုရား • ဘုရားသုံးဆူ • လေးမျက်နှာဂူဘုရား • ဓမ်မရာဇိကဘုရား • စူဠာမဏိဘုရား • မြစေတီ • ပြဿဒါးကြီး (ပြဿဒ်ကြီး) • အလိုတော်ပြည့်ဂူဘုရား • ရှင်မထီးဘုရား • ငကျွဲနားတောင်းစေတီ • လောကထိပ်ပန်ဘုရား • စိုးမင်းကြီးစေတီ • ဖက်လိပ်ဘုရားများ • စေတနာကြီးဘုရား (စည်စနာ) • ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်) • တရုတ်ပြေးဘုရားကြီး • ရပ်စောက်ဂူဘုရား • တောင်ပုံလောကနာထ ဂူဘုရား • တိုင်းချွတ်ဂူဘုရား • ပုတ္တလင်ပုထိုး • မြင်းပြဂူဘုရား • ကျဆင်းဂူဘုရား • အဇ္ဇဂေါဏဂူဘုရား • ငလူးဂူဘုရား • စောလှဝန်းဂူဘုရား • မလာဖြစ်ဂူဘုရား • မလုံးဖြစ်ဂူဘုရား • လက်ပွတ်ကန်ဂူဘုရား • သင်္ကန်းရုံဂူဘုရား • သမန်းဂူဘုရား • ဇံသီးဂူဘုရား • ထောက်လှော်ကားဂူဘုရား • တပ်ခလေးဂူဘုရား • ပိန်နဲဂူဘုရား • ဇေယျသွတ်ဂူဘုရား • ကဇွန်းအိုဘုရား • သုံးနယ်ခြားဂူဘုရား • ဆင်များရှင်ဘုရား • ရှင်ပင်သက်ရှည်ဘုရား • သက်တော်ရစေတီတော် • ထီးတန်ဆောင်ဘုရား • ငှက်ပစ်တောင်ဘုရား • နရသီဟပတေ့မင်းကောင်းမှုဘုရား • အိမ်ရာကျောင်းငါးမျက်နှာ • တန်ဆောင်းဂူဘုရား • မြေပုံသာဘုရားလှ(လောကမုနိ) • တာမနိဘုရား • ချောက်ဘုရားလှ • ချောက်ဘုရားလှငယ် • ဂူနီဘုရား 🟡အထင်ကရ နေရာများ • ပုဂံမြို့ဟောင်း • ပုဂံမြို့သစ် • ပုဂံရှေးဟောင်းသုတေသနပြတိုက် • ပုဂံနန်းတော်ရာ • သရပါတံခါး • ငှက်ပစ်တောင် • မြင်းကပါ • ဥပါလိသိမ် • နတ်လှောင်ကျောင်း • ရှင်အာနန္ဒာအုတ်ကျောင်း • ကျန်စစ်သားဥမင် • မြကန် -ပိဋကတ်တိုက် • မီးမလောင်ကျောင်း • စိုးမင်းကြီးကျောင်း • အာမနာကျောင်း -ဖွားစောရွာ -မင်းနန်သူရွာ • သူဌေးမုခ်ဂူ • ကျောက်စာဂူ • စာသင်ဂူ • တုရင်တောင် • မြကန်စက္ကူတိုက် • တန့်ကြည့်တောင် • သမီးဝှက်ဥမင်နှင့် မြားသဂူ • သီရိပစ္စယာ #သွားမယ်&တည်းမယ် #myanmartravel Credit ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
744
12
၁၉ရွာစုစည်း၍ ယုန်လွှတ်ကျွန်းအရပ်၌ နန်းတည်စဉ်က ညောင်ဦးရွာဟူ၍ ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၅)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသဖြင့် ပုဂံရှိ စေတီပုထိုး ၆၅ဆူခန့် ထိခိုက်ပျက်စီးခဲ့သည်။ 🟡မြေမျက်နှာသွင်ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မြောက်ဘက်တွင် ညောင်ဦး နှင့် တောင်ဘက်တွင် ပုဂံမြို့သစ်တို့ တည်ရှိပြီး ဧရာဝတီမြစ်ဘေး မြန်မာနိုင်ငံအထက်ပိုင်း ကျယ်ပြောလှသော လွင်ပြင်တွင် တည်ရှိသည်။ မန္တလေးမြို့ မှ အနောက်တောင်ဘက် ကီလိုမီတာ ၂၉၀ (မိုင် ၁၈၀) ကွာဝေးပြီး ရန်ကုန်မြို့မှ မြောက်ဘက် ကီလိုမီတာ ၇၀၀ (မိုင် ၄၃၀) အကွာတွင် တည်ရှိသည်။ 🟡ရာသီဥတု ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးဖြစ်သည်။ 🟡ယဉ်ကျေးမှု ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မီ အထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊ လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။ 🟡ပြတိုက် ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တစ်ခုတည်းသော ရှေးဟောင်းသုတေသနပြတိုက်ဖြစ်သည်။ (၃) ထပ်အဆောက်အဦးဖြစ်ပြီး မြစေတီကျောက်စာမူရင်း အပါအဝင် ရှေးဟောင်းအမွေအနှစ်များကို ပြသထားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း အာနန္ဒာဘုရား၏မြောက်ဘက်စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၉ ခုနှစ်အောက်တိုဘာလတွင် ကန်တော့ပလ္လင်ဘုရား တောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည်ဆောက်ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကမ္ဘာ့အဆင့်မီ ရှေးဟောင်း သုတေသနပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင်ဖွင့်လှစ်ပြသနိုင်ခဲ့သည်။ ပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည့် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသထားသည်။၂၀၁၇ခုနှစ်တွင် ကလေးများပြတိုက်ကို ပြတိုက်ကြီး၏ မြောက်ဘက်ရှိရှစ်မြှောင့်ပုံသဏ္ဌာန်အဆောက်အဦ၌ ခင်းကျင်းပြသထားသည်။ 🟡နန်းတော် အနော်ရထာမင်း နန်းတော် - ၂၀၀၃ ခုနှစ်တွင် ယခင်တည်ရှိခဲ့သော နန်းတော်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် မြေပြင်အထက်မှာ စိတ်ကူးသက်သက် ပြန်လည်ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။ 🟡သယ်ယူပို့ဆောင်ရေး ပုဂံသို့ လေယာဉ်၊ ရထား၊ ကား တို့အပြင် သင်္ဘောဖြင့်ပါ လာရောက်နိုင်သည်။ လည်ပတ်စရာအနေဖြင့် e-bike ငှားရမ်းအသုံးပြုနိုင်သည်။ 🟡လေကြောင်းလိုင်း နိုင်ငံခြားသားခရီးသွား အများစုသည် လေကြောင်းလိုင်းကို အသုံးပြု၍ ပုဂံသို့ လာရောက်လည်ပတ်ကြသည်။ ညောင်ဦးလေဆိပ်မှာ ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း အများစုမှာ ပုဂံသို့ ဆင်းသက်ကြသည်။ ရန်ကုန်မြို့မှ လာပါက မိနစ် ၈၀ ခန့် ကြာမြင့်ပြီး မန္တလေးမြို့မှ လာပါက မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်သည်။ ညောင်ဦးလေဆိပ်သည် ညောင်ဦးမြို့အပြင်ဘက်တွင် တည်ရှိပြီး ပုဂံသို့ ရောက်ရှိရန် ကားဖြင့် (၁၅) မိနစ် ခန့် ကြာမြင့်မည် ဖြစ်သည်။ 🟡ရထား ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနား ဘူတာတွင်လမ်းခွဲပါသည်။ ယခင် ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖောက်ထားသောလမ်းဖြစ်ပြီး ယ္ခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိဆက်ထားသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။]မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။ သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။ 🟡ကားလမ်း ရန်ကုန်မှ ပုဂံသို့ ကားလမ်းမှ လာလျှင် ၉ နာရီ နှင့် ၁၀ နာရီ အသီးသီးကြာမြင့်သည်။ မန္တလေးမှ ပုဂံသို့ ကားလမ်းမှသွားလျှင် ၃ နာရီ နှင့် ၄ နာရီ ကြာမြင့်သည်။ ရေကြောင်း
651
13
ပုဂံ ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်း‌ေကာင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ 🟡 ဝေါဟာရရင်းမြစ် များသောအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။ ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။ ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု လည်းကောင်း ၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု လည်းကောင်း ပါရှိသည်။ 🟡တည်နေရာ မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင် ၉ဝ အကွာတွင်တည်ရှိသည်။ 🟡သမိုင်းကြောင်း ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် တကောင်းနယ်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။ ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။ 🟡ပုဂံနိုင်ငံတော် အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့နောက် ဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။ 🟡ပုဂံနိဂုံး အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇ တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက်၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။ 🟡ယနေ့ပုဂံ ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်း၊ ပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ ကမ္ဘာလှည့်ခရီးသည်များ၏ အဓိကလှည်ပတ်ရာ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားသည်။ ညောင်ဦးမြို့သည် ယခင်က ရွာကြီး
662
14
"စာများများ ဖတ်ပါ " (၁) မပျင်းပါနဲ့ ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။ (၂) ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့ ။ ဘ၀ကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပယ်ရှိမှာ မဟုတ်ပါဘူး။ဘာကိုမှမကျော်ပဲ တစ်မျက်နှာချင်းလှန် ဖတ်သွားရင် ဘ၀ရဲ့ရသကို ခံစားရမြာပါ။ (၃) တသမတ်တည်း မလျှောက်လှမ်းပါနဲ့ အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူးအိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ။ (၄) အချိန်ကောင်းကို စောင့်မနေပါနဲ့။ အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကိုစောင့် မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။ (၅) ဟန်မဆောင်ပါနဲ့ ။ လူတွေဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို တွေးပူပြီး ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။ ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။ ပတ်၀န်းကျင်က ပုံသွင်းတာကိုလက်မခံပါနဲ့။ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ရပ်တည်ပါ။ (၆) ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့ ။ တစ်ခါတရံမှကျင့်၀တ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။ ဒါက လူသားတွေရဲ့ သဘာ၀ပါ။ (၇) အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့။ ဘ၀ဆိုတာ ရတောင့်ရခဲအခွင့်ထူးတစ်ခုပါ။ ဘ၀အတွက်လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ် ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။ (၈) အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့၊ မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။ (၉) အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ဘ၀မှာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။ အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။ (၁၀) ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့ ။ အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။ တွေးပူမနေပါနဲ့ (၁၁) အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့ ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်ကိုစောင့်ရတာလို့ သထားပါ။ အကောင်းဆုံးပဲလုပ်ပါ။ ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ အရာ အားလုံးကို မေ့ထားပါ။ (၁၂) ဘာကိုမြ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့ ။ ဘ၀ကပြောင်းလဲနေပါတယ်။ ဘယ်အရာမှမတည်မြဲဘူးဆိုတာ အမှတ်ရပါ။ (၁၃) လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့ ။ အခုရှိနေတာကိုမှ အသိအမှတ်မပြုရင် လမ်းဆုံးရင်လည်း ရွာတွေမှာမဟုတ်ပါဘူး။ အနာဂတ်ကိုအများကြီး မျှော်လင့်ပြီး လက်ရှိဘ၀ကို အလဟဿမဖြစ်ပါစေနဲ့။ (၁၄) အယူချည်းပဲမဖြစ်ပါစေနဲ့ ။ ငွေကြေးဥစ္စာပစ္စည်း အရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ။ ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။ (၁၅) တစ်စုံတစ်ယောက်က ကိုယ်စားလုပ် ပေးတာကို စောင့်မနေပါနဲ့။ ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။ ပြောစရာရှိတာပြောပါ။ လုပ်စရာရှိတာလုပ်ပါ။ အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။ (၁၆) အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့ ။ အမှန်တရားဆီကို သွားဖို့လမ်းကြောင်းတွေအများကြီးရှိပါတယ်။တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက် အရှုံးပေးလိုက်တာက နှလုံးအေးပါတယ်။ (၁၇) မသိသေးပဲ အကဲမဖြတ်ပါနဲ့ ။ အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ။ ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။ (၁၈) အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့ ။ တစ်ခုဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင်ရင် မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကို အချိန်တိုင်းထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ်လိုက်ပါ။ (၁၉) အချစ်ကိစ္စတွေမှာ အဓိပ္ပာယ်မဲတာတွေ သိပ်မတွေးပါနဲ့ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံ ပေးတာကို အားလုံးက လိုချင်ကြပါတယ်။ ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။ အများကြီးမစဉ်းစားပါနဲ့။ ပျော်ရွှင်မှုချင်းထပ်တူကျရင် အချစ်စစ်ပါပဲ။ (၂၀) အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့ ။ အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။ သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘ၀နဲ့ ယုံကြည်မှုကို တွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။ မိမိ တန်ဖိုးထားပေးရင် ထားပေးသလောက် အကျိုးကျေးဇူးရလာဒ်တွေနဲ့ ဘယ်တော့မှ မိမိအပေါ်ကို သစ္စာမဖောက်သောအရာဆိုရင် စာအုပ် စာပေတွေပါပဲ မိတ်ဆွေ.. ဘဝအတွက် ခွန်အားဖြစ်စေဖို့ စာများများ ဖတ်ပါ မိတ်ဆွေ-------- #crd
616
15
*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့ အရိုးသားဆုံး နေထိုင်ပါတယ် ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ် *အမြင့်ရောက်ဖို့အတွက် ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင် ကိုယ်ဟာ လူပီသတယ် မဟုတ်လား *မလာချင်တဲ့သူတွေကို ဘဝထဲ အတင်း မခေါ်ခဲ့သလို မနေချင်တဲ့ သူတွေကိုလည်း မသွားပါနဲ့လို့ တစ်ကူးတက ဆွဲမထားဘူး တကယ်တော့ တစ်ယောက်ထဲနေလို့ အထီးကျန်တယ်ဆိုတာထက် နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက ပို နာ ကျင် ရ တယ် မ ဟုတ် လား *အလိမ်အညာတွေ ခံရဖူးတယ် အ သုံး ချ ခံ ခဲ့ ရ ဘူး တယ် အထင် အမြင်တွေ လွဲတာခံရဖူးတယ် စေတနာတွေ စော်ကားခံရဖူးတယ် *မခံမရပ်နိုင်လို့ တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ် "ဘာမဟုတ်တာလေးနဲ့" တဲ့ * ဟုတ်ပါတယ် ဘာမဟုတ်တာလေးတွေပါပဲ * ဘာမဟုတ်တာလေးတွေ တကယ်ဟုတ်လာတဲ့အခါ တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ် တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ် * အတွေ့အကြုံ့က သင်ပေးခဲ့တဲ့ သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ *အပြုံးလှလှလေးတွေကိုလည်း မ တပ် မက် တော့ သ လို စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက် နောက်ကျောက ဓားတွေကို ပိုသတိထားတယ် *အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး မကြိုက်ရင် မကြိုက်ဘူး မပေးနိုင်ရင် မပေးနိုင်ဘူး မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင် ကိုယ့်ကိုကိုယ်တောင် မုန်းတယ် *ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ ကိုယ်ဖြစ်ရင် ကိုယ်ဘဲခံရမှတော့ ဘယ်သူဘာပြောပြော ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ် အ ရေး ကြီး တာ က ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား ☺️☺️☺️ #ℂ𝕣𝕖𝕕𝕚𝕥_𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝_𝕎𝕣𝕚𝕥𝕖𝕣 #မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #MaZinMe
933
16
မေတ္တာရပ်ခံ ချစ်သမီးထံ ******* ချစ်သမီးလေး၊ မေမေအသက်ကြီးလာတဲ့နေ့ရက်တွေမှာ စိတ်ရှည်ရှည်ထားပေးဖို့ တောင်းဆိုပါရစေ၊ မေမေ့ကို နားလည်ပေးဘို့ကြိုးစားပေးပါ။ မေမေ စကားပြောတဲ့အခါစကားတစ်ခွန်းကို ထပ်ခါတလဲလဲ ပြောရင် "အမေ ဒီစကားကို ခုနကလည်း ပြောပြီးပြီ.. ထပ်ဖန်တလဲလဲ ပြောနေတာပဲဆိုပြီး မငြိုငြင်ပါနဲ့ ".. ''ကျေးဇူးပြုပြီး နားထောင်ပေးပါ။ '' ''သမီးလေး ငယ်ငယ်က အိပ်ပျော်သွားတဲ့အထိ ပုံပြင်တစ်ပုဒ်တည်းကိုပဲ ညတိုင်း ထပ်ဖန်တလဲလဲ အမေဖတ်ပြခဲ့တာ သတိရပါ...'' " မေမေ ရေမချိုးချင်တဲ့အခါ စိတ်မဆိုးပါနဲ့သမီးရယ်... သမီးငယ်ငယ်က အကြောင်းပြချက်တွေပေးပြီး ထွက်ပြေးတဲ့အခါ မေမေ ရေချိုးဖို့ ကြိုးစားခဲ့တာကို သတိရပါ '' " နည်းပညာအသစ်တွေနဲ့ကြုံလာတဲ့အခါ မေမေ မသိတဲ့အရာတွေအတွက်.. မေမေ့ကို မျက်လုံးစိမ်းကြီးတွေနဲ့ မကြည့်ပါနဲ့... '' " သမီးကို ကောင်းကောင်းမွန်မွန် စားသောက်တတ်အောင်၊ ဝတ်စားတတ်အောင် ဆံပင်တွေဖြီးတတ်အောင် ဘဝရဲ့ ပြဿနာတွေကို နေ့တိုင်း စိတ်ရှည်ရှည်နဲ့ သင်ပေးခဲ့တာသတိရပါ..'' " ချစ်သမီးလေး၊ မေမေအသက်ကြီးလာတဲ့နေ့ရက်တွေမှာ စိတ်ရှည်ရှည်ထားပေးဖို့ တောင်းဆိုပါရစေ၊ မေမေ့ကို နားလည်ဘို့ကြိုးစားပေးပါ။...'' " မေမေ စကားပြောနေရင်းနဲ့ မေ့သွားတာရှိရင် မေမေပြန်မှတ်မိဘို့ကြိုးစားပါ့မယ်...မမှတ်မိရင်လည်း စိတ်ရှည်ပေးပါ..ဒါမှမဟုတ် လစ်လျှူရှုလိုက်ပါ။ မေမေ့အတွက်အရေးကြီးဆုံးအရာက သမီးနဲ့အတူ စကားပြောနေဖို့ပဲ ဆိုတာ သမီးရဲ့နှလုံးသားထဲမှာ သိထားဖို့လိုပါတယ်....'' " အသက်ကြီးလာလို့ ပင်ပန်းနွမ်းနယ်နေတဲ့ ခြေထောက်တွေက အရင်ကလို မြန်မြန်မရွေ့နိူင်တော့တဲ့အခါ သမီးလက်နဲ့တွဲကူပေးပါ။ '' " သမီးလေးပထမဆုံးလမ်းလျှောက်တုန်းက မေမေလက်လေးအကူအညီနဲ့ သမီးလျှောက်ခဲ့တဲ့ နေ့ရက်တွေအတိုင်းပေါ့။..'' " မေမေ အိုမင်းလာတဲ့ နေ့ရက်တွေရောက်လာတဲ့အခါ ဝမ်းနည်းမနေပါနဲ့... မေမေ့ဘ၀ရဲ့အဆုံးသတ်နေ့ရက်တွေကို ချစ်တဲ့စိတ်နဲ့ နားလည်ပေးရင်း မေမေနဲ့အတူရှိနေပေးပါ။ '' " မျှဝေပေးခဲ့တဲ့ အချိန်နဲ့ ပျော်ရွှင်မှု လက်ဆောင်အတွက် လေးလေးနက်နက် ကျေးဇူးတင်မှာပါ။ '' " မေမေ့ရဲ့ ချစ်ခြင်း မေတ္တာတရားက အမြဲတန်းသမီး အတွက်ရှိခဲ့တာပါ။ အခုလည်း ထပ်ပြောပါရစေ။ သမီးလေးကိုချစ်တယ်။'' သမီးရဲ့/ မေမေ - 𝖢𝗋𝖾𝖽𝗂𝗍 - 💛🌻
972
17
လျှို့ဝှက်တတ်လွန်းတဲ့ ဗုဒ္ဓဟူး သားသမီးလေးအကြောင်း ... မာကျောသယောင် မျက်နှာထားမျိုးနဲ့ အမြဲတမ်း တည်ငြိမ်နေသလို နေတတ်တဲ့ ကောင်မလေးကိုလေ ဗုဒ္ဓဟူးနေ့မှာ မွေးတယ် ။ သူမက အပြုံးအရီ နည်းတယ် တည်တည်ကြည်ကြည်နေတတ်တယ် ... မသိတဲ့ လူတွေကဆို မာနကြီးလိုက်တာဆိုတဲ့ မှတ်ချက်မျိုး ခဏခဏပေးခံရတဲ့ ပုံစံမျိုးပေါ့ ။ အဲ့ဒီရဲ့ တစ်ဖက်မှာ ဘယ်လောက်ထိ ကလေးဆန်လဲ ဘယ်သူမှ မသိခဲ့ပါဘူး ။ သူကိုယ်တိုင်လဲ ထုတ်မပြတတ်ဘူးလေ ။ စကားတွေ အများကြီးမပြောတတ်တဲ့ ပုံစံမျိုး ။ ​အဆင်မပြေခြင်းတွေ အများကြီးကို နားထောင်ပေးတတ်တဲ့ နားတစ်စုံပိုင်ပေမယ့် သူ့ရဲ့အဆင်မပြေခြင်းတွေအတွက်တော့ ငါနဲ့ပဲဆိုင်ပါတယ်ဆိုတဲ့ အတွေးနဲ့ပဲ မြိုသိပ်ထားတတ်တာ ။ သူများကို ကူညီဖို့ ၀န်မလေးသလောက် သူများဆီက အကူအညီယူရမှာတော့ သေလောက်အောင် ကြောက်တာလေ ။ ခက်ခဲနေလဲ သူတစ်ယောက်တည်းပဲ အဆင်ပြေနေရင်သာ မပေးမကမ်းပဲ မနေတတ်တာပါ အဆင်များမပြေရင် အိမ်ထဲက အိမ်ပြင်တောင် မထွက်ချင်တဲ့ ကောင်မလေးလေ ... အဲ့ဒီအချိန် ဘယ်သူနဲ့မှ မတွေ့ချင်တာရယ် ဘယ်သူ့အနားမှ မရှိချင်တာရယ် အများဆုံးဖြစ်တတ်တယ် ။ လူအများကြီးကြားမှာ နေရတာကို သိပ်ပြီး သဘောကျလေ့မရှိဘူး ... သဘောကောင်းတယ် အားနာတတ်တယ် ... ချစ်စရာကောင်းတဲ့ အကျင့်ဆိုပေမယ့် အဲ့တာကြောင့်ပဲ မကြာခဏ အလိမ်ခံရတတ်တယ် ။ မကြာခဏ ဒုက္ခရောက်တတ်တယ် ။ ဘယ်လောက်ပဲ ကိုယ့်အပေါ်မကောင်းတဲ့ လူတစ်ယောက်ပဲဖြစ်ဖြစ် နည်းနည်းလေး သနားအောင် လုပ်ပြလိုက်ရင် ပြန်ပြီးတော့ ငဲ့ကြည့်နေတတ်တဲ့အထိ စိတ်တွေ နုတယ် ။ အနားမှာ ရှိတဲ့ လူတိုင်းကို ဂရုစိုက်တတ်သလို အနားမှာရှိတဲ့ လူတိုင်းရဲ့ ဂရုစိုက်ခြင်းကို ခံချင်ပေမယ့် ဘယ်တော့မှတော့ ဖွင့်ပြောပြမှာမဟုတ်ဘူး ။ တစ်ယောက်တည်းလဲ အဆင်ပြေပါတယ်ဆိုတဲ့ စကားကိုသုံးပြီး အထီးကျန်ခြင်းတွေကို ဖုံးထားတတ်တဲ့ ပုံစံမျိုးပေါ့ ။ စိတ်ကူးယဥ်နေရတာထက် ဘ၀ကို လက်တွေ့ကျကျ ဖြတ်သန်းတတ်တယ် ။ ငွေတွေ ဂုဏ်တွေထက် ချစ်ခြင်းမေတ္တာကို ပိုတောင့်တတ်ကြတယ် ။ သူချစ်မိသွားရင် ကလေးဆန်တတ်တယ် ။ ချစ်တဲ့သူ အနားရောက်ရင်လေ သူအနားမှာရှိနေတဲ့ ရင့်ကျက်မှုတွေ အားလုံးက ပျောက်သွားတတ်ပြီး တစ်နေ့တခြား ပိုပိုပြီး ကလေးဆန်တတ်လာတာ ။ ဘယ်သူမှ နားမလည်ပေးနိုင်ဘူးထင်တဲ့အရာတွေကို သူက နားလည်ပေးတတ်ပြီး ဘာမှ မဟုတ်တဲ့အရာတွေကျ သူက ထိုင်ရစ်ချင် ရစ်နေတတ်တာ ။ စကားတစ်လုံးကို ရိုးရိုးရှင်းရှင်း နားထောင်တာထက် နက်နက်နဲနဲ စဥ်းစားပြီး အဖြေရှာနေတတ်တဲ့ ကောင်မလေးပေါ့ ။ ဘ၀င်တွေကျမနေတော့ရင် သူလိုချင်တဲ့ အဖြေတွေ မရမချင်း ထိုင်ရစ်ချင် ရစ်နေတတ်တာလေ ။ သူချစ်မိသွားရင်လေ . ခင်ဗျားက သိပ်ကံကောင်းမှာ တစ်ခါတစ်လေ စိတ်ညစ်ရလောက်တဲ့အထိ ဂရုစိုက်ခံရမှာဖြစ်သလို တစ်ခါတစ်လေ မုန်းစရာကောင်းလောက်တဲ့အထိ ကလေးဆန်ပြမှာ ပြဿနာတစ်ခုရှိလာရင် ခင်ဗျားထက် ပိုပြီး ရင့်ကျက်သွားလိမ့်မယ် တည်ငြိမ်ပြလိမ့်မယ် ။ ဘ၀ကို ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းတတ်ကြတယ် ။ အများကြီးတော့ လျှို့၀ှက်ထားတတ်တယ် ။ အပေါင်းအသင်းတွေ အများကြီးရှိပေမယ့် သူ့အကြောင်းသိတဲ့လူတော့ မရှိသလောက်ရှားတဲ့ ပတ်၀န်းကျင်မှာ ရှင်သန်ရတတ်တယ် ။ အတွေးတွေနဲ့ တိတ်ဆိတ်နေတတ်သလို မသိတဲ့ လူတစ်ယောက်အရှေ့မှာ မာနတွေထားတတ်တဲ့ မျက်နှာခပ်တင်းတင်း ကောင်မလေးပေါ့ ... သိပ်ပြီး အရောတ၀င်မရှိတတ်တာက သူရဲ့ ပုံစံပါပဲ ။ အဆင်မပြေခြင်းတွေအတွက် သူ့ကို တ လို့ရပြီး သူ့ရဲ့အဆင်မ​ပြေခြင်းတွေတော့ ဘယ်သူမှ သိခွင့်တောင် ရှိလိုက်မှာမဟုတ်ဘူးလေ ။ ​ကျော်ဖြတ်ပြီးသွားမှ အဲ့ဒီတုန်းကလေဆိုတဲ့အရာကို ပြန်ပြော​ကောင်းပြောပြလိမ့်မယ် ။ ရောက်တဲ့အရပ်မှာ အဆင်ပြေအောင် နေတတ်တယ် ... ပျော်တယ် မပျော်ဘူးဆိုပြီး အရမ်းမတွေးပဲ လူတိုင်းကို အဆင်ပြေစေချင်တဲ့ ကောင်မလေးဆိုတော့ သူမမှာလေ တခြားလူတွေထက် ဒဏ်ရာတွေတော့ပိုများတယ် ။ ဘ၀မှာ မရှိတဲ့ အရာကို မတောင့်တဖြစ်သလို ဆုံးရှုံးပြီးသွားလဲ အများကြီး မနာကျင်ပြတတ်ဘူး ။ အသုံးအများဆုံးစကားလုံးက ရပါတယ်ဆိုတဲ့ စကားလုံးဖြစ်သလို အဆင်ပြေပါတယ်ဆိုပြီးပဲ သူက ပြုံးပြုံးလေး ဖြတ်သန်းလိမ့်မယ် ။ ဗုဒ္ဓဟူးသမီးလေး ... တစ်ယောက်သာ အနားနားရှိရင် ပုံမှန်ထက်ပိုပြီး ဂရုစိုက်ပေးပါ ... နွေးထွေးပေးပါ ကြင်နာပေးပါ သူက ဖွင့်မပြောတာပဲရှိတာ အများကြီးတော့ အချစ်ခံချင်တတ်ကြတယ် ။ စကားတွေပြောရင် အမှားတွေ မပါစေနဲ့ မဟုတ်ရင် သူလိုချင်တဲ့ အဖြေတွေရတဲ့အထိ နားတွေပူအောင်ရစ်လိမ့်မယ် ။ ကတိတွေ အများကြီးမပေးနဲ့ ... ပြောပြီးလို့ ဖြစ်မလာရင် သူက တိတ်ဆိတ်ပြီး ၀မ်းနည်းသွားတတ်တာလေ ။ မင်းမသိပါဘူးဆိုတဲ့ စကားတွေ အများကြီးပြောနေရင် သတိထားပါ ... ငါချစ်သလို ဘာလို့ သူမချစ်ရတာလဲဆိုတဲ့ အတွေး၀င်သွားရင် သူက အဲ့စကားကို သုံးတတ်တယ် ။ သူ ဖြစ်နေခြင်းတွေကို လျှို့၀ှက်ထားတတ်ပေမယ့် တခြား ဘယ်သူ့အဆင်မပြေခြင်းတွေကိုမဆို ခေါင်းထဲ ထည့်ထားတတ်တယ် ။ နေရာတကာမှာ အမြဲတမ်း သည်းခံထားရတော့ တစ်ခါတစ်လေမှာ လွှတ်ထွက်သွားတတ်တာကလွဲရင် အမြဲတမ်းတော့ တည်ငြိမ် ရင့်ကျက်တတ်ပါတယ် ။ #ကျေးကို
1 189
18
စိန်မခေါ်သင့်သောအမျိုးသမီးများ ********* ဘဝမှာ သွားပြီး စိန်မခေါ်သင့်တဲ့ အမျိုးသမီးတစ်မျိုးရှိတယ် ဘယ်လိုအမျိုးသမီးမျိုးလဲ ဆိုတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေပြီး ကို့ယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိတဲ့ အမျိုးသမီးမျိုး ဘယ်သူ့ကိုမှ မှီခိုမနေဘူး ဘယ်သူ့ဆီကမှ လက်ဖြန့်နေစရာမလိုဘူး ဘယ်သူငြိုငြင်သွားမှာမှ ကြောက်နေစရာမလိုဘူး တစ်ယောက်ထဲ နေခဲ့ရမှာလား နေခဲ့ရဲတယ် တစ်ယောက်ထဲ သွားရမှာလား သွားရဲတယ် တစ်ယောက်ထဲ ခရီးဆုံးထိ လျှောက်ရမှာလား လျှောက်ရဲတယ် တယောက်ထဲနေသားကျနေတဲ့ အမျိုးသမီးတွေဟာ တစ်ယောက်ထဲ နေသား ပြန်ကျဖို့အတွက် လေ့ကျင့်ရတာ ခက်ခဲမယ်လို့ ထင်ပါသလား ? ဘဝမှာ အဆိုးဝါးဆုံး အကြမ်းတမ်းဆုံး နေ့ရက်တွေကို တစ်ယောက်ထဲအကောင်းဆုံး ဖြတ်ကျော်ခဲ့ကြတဲ့သူတွေမို့ တစ်ယောက်ထဲ နေသားကျခြင်းဟာ သူတို့အပိုင်နိုင်ဆုံး ဘာသာရပ်ပဲ ငါမရှိရင် မဖြစ်ဘူးလို့ ပညာပြချင်တဲ့သူတွေ ငါ့ကိုလိုကိုလိုအပ်မှာပဲလို့ တွေးနေတဲ့သူတွေ ငါရှိလို့ သူရပ်တည်နေနိုင်တာလို့ ကို့ယ့်ကိုယ်ကို အထင်ကြီးနေတဲ့သူတွေ အတွက်တော့ တစ်ကယ် စိတ်မကောင်းစရာပါပဲ တစ်ယောက်ထဲ ရပ်တည်ရဲတဲ့ အမျိုးသမီးတွေက နင်မရှိလဲ ဖြစ်တယ်နင်မကူလဲ ဖြစ်တယ် နင်ဆိုတာ အရေးကိုမပါတာလို့ ပြောနိုင်တဲ့နေ့ရောက်လာခဲ့ရင် အဲ့ဒီနေ့ဟာ အရာအားလုံး အဆုံးသတ်သွားတဲ့နေ့ပါပဲ ဒီလိုအမျိုးသမီးက သင့်ကို အားကိုးနေသေးတယ်ဆိုရင် သူ့ကိုယ်သူထက် သင့်ကို ပိုလိုအပ်နေလို့ပါ ဒီလိုအမျိုးသမီးက သင့်ကို လိုက်ရှာနေသေးတယ်ဆိုရင် သူ့ကိုယ်သူထက် သင့်ကို ပိုရှာတွေ့ချင်လို့ပါ ဒီလိုအမျိုးသမီးက သင့်အနားမှာ နေချင်နေသေးတယ်ဆိုရင်သူ့ကိုယ်သူထက် သင့်ကို အနားမှာ ကပ်တွယ်မှီခိုချင်လို့ပါ အရာအားလုံးကို လွှတ်ချပြီး သင့်ကို The End လို့ လှလှပပပြောထွက်တဲ့နေ့ ရောက်လာခဲ့ရင် သင့်ဘဝမှာ ဒီအမျိုးသမီးမျိုးကို နောက်ထပ်ဘယ်တော့မှ ပြန်ရှာတွေ့တော့မှာ မဟုတ်ပါဘူး သူအစွမ်းကုန် တောက်ပမယ့်နေ့ရက်တွေကို သူရွေးချယ်သွားလိမ့်မယ်သူအစွမ်းကုန် လှပမယ့်နေ့ရက်တွေကို သူရွေးချယ်သွားလိမ့်မယ် သူအထူးချွန်ဆုံးအောင်မြင်မယ့်နေ့ရက်တွေကို သူရွေးချယ်သွားလိမ့်မယ် အဲ့ဒီနေ့ရက်တွေ ရောက်လာခဲ့တဲ့အချိန်မှာ နောက်ဆုတ်ပြီး ငေးကြည့်နေနိုင်ရုံသာ ကြိုးစားနေလိုက်ပါ ဘဝမှာ သွားပြီး စိန်မခေါ်သင့်တဲ့ အမျိုးသမီး တစ်မျိုးရှိတယ် ဘယ်လိုအမျိုးသမီးမျိုးလဲဆိုတော့ သင်ဘာကောင်ကြီးဖြစ်ဖြစ် သင့်ကိုလုံးဝ ဂရုမစိုက်တော့မယ့် အမျိုးသမီးမျိုးပါပဲ ။
1 394
19
ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ ---------------------------------------- " တာဝန်နှစ်ခု " """"""""""""""""" မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်။ မင်းတို့ရဲ့ဘဝကို မင်းတို့မိဘတွေထက် ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်။ မင်းတို့ရဲ့သားသမီးတွေကို မင်းတို့ဘဝတွေထက်ပိုပြီး ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်။ " အချိန်ဆိုတာ ဘဝ " """"""""""""""""""""""" မင်းအသက် ၃၀ ငါ့အသက် ၈၆ ဒါအချိန်ပဲ အချိန်ကဘဝပဲ။ အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး။ မင်းဘဝကိုတန်ဖိုးထားရင် မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်။ " နှလုံးသားလှဖို့လိုတယ် " """"""""""""""""""""""""""" ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ် ငါအချစ်ဆုံးပဲ သူတို့ကနှလုံးသားရှိလို့။ ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး သူတို့ကနှလုံးသားမရှိလို့။ " အားခဲထားနိုင်ရမယ် " """""""""""""""""""""""" စိတ်ပျက်လက်ပျက်ဆိုတာမျိုးမဖြစ်စေနဲ့။ စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့။ ဆိုလိုတာက လေ့ကျင့်ကြိုးပမ်းမှုကို မလျော့လိုက်နဲ့။ " အကျင့် " """"""""""""" လူတွေက မကောင်းတာလုပ်ဖြစ်ရင် မကောင်းအကျင့်ပါသွားမှာကျသိကြတယ်။ ငါပြောမယ် မကောင်းတာအကျင့်လုပ်ရင် မကောင်းကျင့်ပါသွားမှာပဲ။ အဲ့ဒီလိုပဲ ကောင်းတာကိုလည်း အကျင့်လုပ်ရင် ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ။ " ရခဲမှရတနာ " """""""""""""""" အောက်တန်းကျဖို့ဆိုတာ ကြိုးစားနေဖို့မလိုဘူး။ တစ်နေ့ ငါအောက်တန်းကျရမယ်လို့ အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး။ အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ ခဲယဉ်းသွားပြီ။ " သတိမမူရင် ဂူမမြင်ဘူး " """"""""""""""""""""""""""" လူတွေက သူများထီပေါက်ရင်သာ ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ။ သူများကားတိုက်ရင် ငါလည်း ကားတိုက်ခံရနိုင်တယ်လို့ မတွေးကြဘူး။ သူများအောင်မြင်ရင်သာ ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ။ သူများကျရှုံးရင် ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး။ သတိထား အစစအရာရာ သတိဆိုတာ ပိုတယ်မရှိဘူး။ " အခိုက်အတန့် " """""""""""""""""" လူတွေက ချမ်းသာခြင်းသာ သင်္ခါရလို့ထင်တယ်။ တစ်ကယ်တော့ ဆင်းရဲခြင်းလည်း သင်္ခါရပဲ။ မင်းကြိုးစားနေသမျှကာလပတ်လုံး အဆင်မပြေခြင်းက သင်္ခါရ။ မင်း မကြိုးစားပဲ ရေသာခို အချောင်နေနေသရွေ့ မင်းအတွက်ဆင်းရဲခြင်းက ထာဝရပဲ။ " တောင်းမှာအကွပ် " """""""""""""""""""""" အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန် ဝတ္တရားရှိသောသူတွေကိုက ပစ်ပယ်လိုက်ပြီဆိုရင်တော့ အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့။ " စာနာမှု " """"""""""" ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း ကြည့်ပေးနိုင်တာကလည်း ယဉ်ကျေးမှုပဲ။ " ရိုးသားပါ " """"""""""""""" ကိုယ်မရသင့်တာကို မယူချင်ပါနဲ့ ကိုယ်မရသင့်တာကို ယူလိုက်မိရင် ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်။ " လူမိုက်နှင့် လူလိမ္မာ " """"""""""""""""""""""" လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်။ လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်။ ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင် သင်ခန်းစာ မယူတတ်ကြကုန်တဲ့။ "ရင်ဆိုင်ပါယှဉ်ပြိုင်ပါ " """"""""""""""""""""""""" တညည်းညည်း တညူညူနဲ့ ငါတော့ ကံဆိုးတာပဲလို့ အောက်မေ့နေရင် အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ အောက်မေ့ပေတော့။ လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင် တစ်သက်လုံးပြေးပေတော့ အောင်မြင်မှု ဘယ်တော့မှ မရဘူး။ ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ။ #ဆရာကြီးဦးအောင်သင်း
1 609
20
အောင်မြင်မယ်လို့ ယုံကြည်ပါ၊ အောင်မြင်ပါလိမ့်မယ်။ ******** မိတ်ဆွေရဲ့အောင်မြင်မှု ပမာဏဟာ မိတ်ဆွေရဲ့ယုံကြည်မှုပမာဏပေါ် မူတည်ပါတယ်။ ကိုယ်ကတော်ရုံတန်ရုံ ရည်မှန်းချက်လောက်ပဲတွေးထားရင် တော်ရုံတန်ရုံလောက်ပဲ ရဖို့ မျှော်လင့်ပါတော့တယ်။ ရည်မှန်းချက်ကြီးကြီးကို တွေးထားပြီး ကြီးကြီးမားမား အောင်မြင်မှုကို ရယူလိုက်ပါ။ တစ်ခုလောက်လည်း သတိပြုလိုက်ပါဦး။ များသောအားဖြင့် စိတ်ကူးကြီးကြီးမားမားတွေ အကြံအစည်ကြီးကြီးမားမားတွေဟာ ကြံစည်ရ လုပ်ကိုင်ရ ပိုလွယ်ပါတယ်။ သေချာတာက သေးသေးမွှားမွှားစိတ်ကူးတွေ၊ သေးသေးမွှားမွှားအကြံအစည်တွေကို ဖန်တီးရတာထက် ဘာမှပိုပြီး ခက်ခဲတာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ သူ့အတွေးတွေကနေ ဖြစ်ပေါ်လာတဲ့ ရလဒ်အတိုင်း ဖြစ်တည်ရတာပါပဲ။ မြင့်မြင့်ကို တွေးပြီးလေးလေးနက်နက်ယုံကြည်လိုက်စမ်းပါ။ မိတ်ဆွေအောင်မြင်နိုင်တယ်၊ အောင်မြင်ရမယ်လို့ ရိုးရိုးသားသားနဲ့ လေးလေးနက်နက်ကြီး ယုံကြည်လိုက်စမ်းပါ။ ကိုယ်က ကြီးကြီးမြင့်မြင့် ဖြစ်လာမယ်လို့ ယုံကြည်ရင် တကယ်ပဲ ကြီးပွားအောင်မြင်လာလိမ့်မယ်ဆိုတာက ဧကန်မလွဲပါပဲ။ #ကြည်ရွှန်း #မြင့်မြင့်တွေးမြင့်မြင့်ကြံ #mahachaibookshop
2 002