စာစီစာကုံးများ
မြန်မာစာ စာစီစာကုံးကောင်းများနှင့် အဆိုအချေ အချက်အလက်များ ၊ ရေးသားပုံများကို တစ်နေရာတည်းတွင် စုစည်း၍ လေ့လာလို့ရနေပါပြီ🍀
نمایش بیشتر📈 تحلیل کانال تلگرام စာစီစာကုံးများ
کانال စာစီစာကုံးများ (@myanmar_easy) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 19 481 مشترک است و جایگاه 10 082 را در دسته آموزش و رتبه 7 168 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 19 481 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 28 اوت, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 254 و در ۲۴ ساعت گذشته برابر 26 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 47.51% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً N/A% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 0 بازدید دریافت میکند. در اولین روز معمولاً 0 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 0 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“မြန်မာစာ စာစီစာကုံးကောင်းများနှင့် အဆိုအချေ အချက်အလက်များ ၊ ရေးသားပုံများကို တစ်နေရာတည်းတွင် စုစည်း၍ လေ့လာလို့ရနေပါပြီ🍀”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 29 اوت, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کردهاند.
ပထမဆုံး အာဇာနည်နေ့မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပတဲ့ အာဇာနည်နေ့က ဗိုလ်အောင်ကျော်ကြေးရုပ်ဖွင့်ပွဲနေ့ ဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ လွှတ်တော်က ဗိုလ်အောင်ကျော်ကျဆုံးတဲ့ ၂ နှစ်ပြည့်ချိန် ၁၉၄ဝ ဒီဇင်ဘာ ၂ဝ မှာ အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ပါတယ်။ ကြေးရုပ်အစား သစ်သားကို ရွှေမင်သုတ်ပီး ဖွင့်ရပြီး ကြေးရုပ်လုပ်ဖို့ ကောက်ခံထားတဲ့ ရန်ပုံငွေကိုတော့ ရဲဘော် သုံးကျိပ် ဂျပန်လွှတ်ဖို့ သုံးရတယ်လို့ ဆိုပါတယ်။ မီးတုတ်ကိုင် ကျောင်းသားသံမဏိတပ်တွေ တက္ကသိုလ်ဝင်းထဲ ချီတက်လှည့်လည်ခဲ့တဲ့ အာဇာနည်နေ့ဟာ အင်မတန်လူစည်တယ်လို့ ဒဂုန်တာရာရဲ့ ဒဂုန်တာရာ ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။
မန္တလေး အာဇာနည်ကုန်း၁၃ဝဝ ပြည့်အရေးတော်ပုံ အတွင်း မန္တလေးမှာ ပစ်ခတ် သတ်ဖြတ်ခံရတဲ့ ကျောင်းသား၊ ရဟန်းနဲ့ အရပ်သား ၁၇ ယောက်ကို မန္တလေး-စစ်ကိုင်းကားလမ်းပေါ်က တမ္ပဝတီရပ် သူကြွယ်ကုန်းမှာ အာဇာနည်ဗိမာန်နဲ့ သင်္ဂြိုဟ်ခဲ့ပါတယ်။ အဲဒီမှာ ရန်ကုန်မှာ အတွင်းဝန်ရုံးကို ဝိုင်းရာမှာ နံပါတ်တုတ်ရိုက်ခံရပြီးကျဆုံးတဲ့ ဗိုလ်အောင်ကျော်နဲ့ မန္တလေးအာဇာနည်တွေကို နေမျိုးမဟာသီဟသူရဘွဲ့နဲ့ ဗိုလ်ဘွဲ့ အပ်နှင်းပါတယ်။ အာဇာနည်တွေ ကျဆုံးတဲ့ မန္တလေး ၂၆ ဘီလမ်းကို အာဇာနည်လမ်းလို့ ခေါ်တွင်ပါတယ်။
ရန်ကုန် အာဇာနည်ကုန်း အစဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော်လက်ထက်မှာ ဗမာ့လွတ်လပ်ရေးလမ်းကို "အရိုးနဲ့ခင်း၊ သွေးစက်နဲ့ရှင်းသွားကြတဲ့ လူမျိုးမရွေး ဘာသာမရွေး ခေတ်သစ်အာဇာနည်တွေ အတွက်" ရွှေတိဂုံမြောက်ဘက် ကုန်းမြင့်မှာ အာဇာနည်ဗိမာန် ဆောက်ဖို့ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ကြီးမှူးခဲ့ပါတယ်။ ဒါကတော့ ဂျပန်ပြည်မှာ စစ်သည်တွေအတွက် နတ်ကွန်းဆောက် ကိုးကွယ်တဲ့ဓလေ့နဲ့ နီးစပ်ပါတယ်။ ဒီအာဇာနည်ကုန်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ကို မြှုပ်နှံခဲ့ရတာပါ။ ဗမာရာဇဝင်ကို သွေးနဲ့ထူထောင်ခဲ့ကြတဲ့ ရှေးဗမာအာဇာနည် သူရဲကောင်းတွေကို ချီးကျူးပူဇော်တဲ့အနေနဲ့ ဝါဒဖြန့်ချိရေးဌာနက ခရိုင်တိုင်းမှာ သူရဲကောင်းမှတ်တိုင်စိုက်ဖို့လည်း လုပ်ခဲ့တယ်လို့ ဝါဒဖြန့်ချိရေးဝန်ကြီးဟောင်း ဗန္ဓုလဦးစိန်ရဲ့ ကျွန်ုပ်တို့အတွင်းရေးစာအုပ်မှာ ရေးသား ဖော်ပြခဲ့တယ်။
အာဇာနည်ကုန်းမှာ မြှုပ်နှံ မခံရသူတွေအာဇာနည် ခေါင်းဆောင်တွေ အဖြစ် သတ်မှတ်ခံရပေမယ့် သီးသန့် သင်္ဂြိုဟ်ခံရသူတွေက ရန်ကုန် တာမွေ မွတ်ဆလင် သင်္ချိုင်းမှာ ထားရှိတဲ့ ဝန်ကြီး ဦးရာဇတ်နဲ့ သူ့သက်တော်စောင့် ကိုထွေး တို့ ဖြစ်ပါတယ်။ နောက် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းရဲ့ ရုပ်ကလာပ်ကိုလည်း သူ့ဇာတိ ရှမ်းပြည် မိုင်းပွန်မှာပဲ မီးသင်္ဂြိုဟ်ပြီး ပြာတွေကို ရန်ကုန်နဲ့ မိုင်းပွန်မှာ ခွဲထားပါတယ်။
အာဇာနည်ကုန်းမှာ နောက်ထပ် မြှုပ်နှံခံရသူတွေလွတ်လပ်ရေးရစမှာ ကားဗုံးနဲ့ လုပ်ကြံခံရတဲ့ တပ်မင်းကြီး ဦးတင်ထွတ်နဲ့ သာယာဝတီမှာ လေယာဉ်ပျံ ကျည်ဆန်မှန်ကျဆုံးတဲ့ အထူးမင်းကြီး ဗိုလ်စိန်မှန် တို့ကိုလည်း အာဇာနည်ကုန်းမှာပဲ ဂူသွင်းခဲ့ပါတယ်။ ၁၉၈၃ မြောက်ကိုရီးယား ဗုံးခွဲ တိုက်ခိုက်မှုအပြီးမှ ဒီဂူတွေကို ဖယ်ရှားခဲ့ပါတယ်။
အာဇာနည် ဇနီးတွေကို လွှတ်တော်အမတ်ခန့်ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားတဲ့ ဝန်ကြီးတွေရဲ့ ဇနီးတွေကို သူတို့ခင်ပွန်းတွေ နေရာမှာ လွှတ်တော်အမတ်တွေ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒီးဒုတ်ဦးဘချို နေရာကိုတော့ ဇနီး ဝံသာနု ခေါင်းဆောင် ဒေါ်လှမေက မယူဘဲ သူ့သမီးလတ် ဒေါ်ခင်ပု ခေါ် ငွေဝတ်ရည်ကို ခန့်ပါတယ်။ သမီးဖြစ်သူကလည်း မကြာခင် ကွယ်လွန်ပါတယ်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကိုတော့ နောက်ပိုင်းမှာ ဦးနုရဲ့ ပထစ ပါတီ ဗဟိုအမှုဆောင်ကော်မတီဝင်နဲ့ အိန္ဒိယသံအမတ်နေရာတွေ ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်အိမ် ပစ်ခံရလုပ်ကြံမှု ဖြစ်ပြီး တစ်လ မရှိခင် သြဂုတ်လ ၁၁ ရက်မှာ တာဝါလိန်းလမ်းက ဗိုလ်ချုပ်အောင်ဆန်းအိမ်အနား လူဆိုး ၂ ယောက်လာပြီး သေနတ်နဲ့ပစ်ခတ်ပေမယ့် ကင်းနဲ့တိုးလို့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ လုပ်ကြံမှု ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် အိမ်နားမှာလည်း အဲဒီအချိန်က ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သူ့မိသားစုက ပြောကြားပါတယ်။
ထောင်တွင်းက တက်ရတဲ့ အာဇာနည်နေ့၁၉၆၂ အာဇာနည်နေ့မှာ မိုင်းပွန်စော်ဘွား စဝ်ဆေးဟုမ် အထိန်းသိမ်းခံရဆဲ ဖြစ်လို့ သူ့ဖခင်အတွက် အာဇာနည်နေ့အခမ်းအနားကို ထောင်တွင်းက ထွက်ပြီး တက်ခဲ့ရပါတယ်။
အာဇာနည် အားလုံး တချိန်တည်း ကျတာမဟုတ်ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘဝင်းနဲ့ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့ ပစ်ခတ်မှု ဖြစ်တဲ့ ဇူလိုင်လ ၁၉ ရက် ၁ဝနာရီ ၃၇ မိနစ်က ကွယ်လွန်ခဲ့ပေမယ့် သက်တော်စောင့် ကိုထွေးက ဝန်ကြီးတွေ လုပ်ကြံမှု ဖြစ်ပြီးနောက် ပြန်အထွက်မှာ ပစ်ခံရလို့ ၁ဝ နာရီ ၄၅ မိနစ်မှာ သေဆုံးပါတယ်။ ဒီးဒုတ်ဦးဘချိုက မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ပါတယ်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းက ဇူလိုင်လ ၂ဝ ရက်နေ့မှ ကွယ်လွန်တာ ဖြစ်ပါတယ်။ #credit_to_original_writer #Knowledge_sharing
