𝙃𝙚𝙡𝙡𝙤
رفتن به کانال در Telegram
170
مشترکین
-124 ساعت
-27 روز
-330 روز
آرشیو پست ها
170
ချစ်တာခြင်းအတူတူ
အခွင့်အရေးမရှိတဲ့လူဟာ
သနားစရာပဲ။ မိုးကောင်းကင်က
လမင်းကြီးကို အပိုင်လိုချင်တဲ့
ကလေးငယ်တစ်ယောက်လို
ဘယ်သူကတော့မြင်ရရုံနဲ့
ကျေနပ်နိုင်မလဲခင်...။
-အံ့လွန်းပျို
၂၂၊ ၁၁၊ ၂၅
170
Repost from N/a
ဘဝဆိုတာ တစ်ခါတလေ
ဘယ်လောက်ကြိုးစားကြိုးစား
ရေရေရာရာ မမြင်ရတဲ့ လမ်းတွေကိုပဲ လျှောက်နေရသလိုပဲ။
ပန်းတိုင်မရောက်သေးခင်မှာ
စိတ်က အရင်ပင်ပန်းသွားတယ်။
မျှော်လင့်ချက်တွေကို ကိုင်ထားရင်း
တဖြည်းဖြည်း စိတ်ပျက်လာတာက
အနာကျင်ဆုံး အရှုံးတစ်ခုပဲ။
"မရောက်သေးတဲ့ လမ်းတွေထက်
မယုံကြည်နိုင်တော့တဲ့ ကိုယ့်စိတ်ကိုပဲ
ပိုပြီး ကြောက်လာမိတယ်..."
မမငြိမ်း
170
လိုရာဆုကို တောင်းလို့ရမယ်ဆိုရင်
စည်းစိမ်အပြည့်နဲ့
ဇိမ်ယစ်နေရမဲ့ ဘဝမျိုးထက်
လွမ်းတိုင်း ပြေးတွေ့ခွင့်ရတဲ့
အခွင့်ထူးခံဘဝမျိုးကိုသာ
ကျွန်တော်လိုချင်ပါတယ်။
-အံ့လွန်းပျို
170
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ် ။
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ
ကျွန်တော်ရဲ့ကမ္ဘာ...။
-လှသန်း
170
နှလုံးသားရဲ့ အဝင်အထွက် တံခါးဝမှာ
မင်းက အမှတ်တမဲ့ ဖြတ်သန်းသွားခဲ့ရုံတင်ပါ။
ဒါပေမဲ့...
ကျန်ရစ်ခဲ့သူရဲ့ ရင်ဘတ်တစ်ခုလုံးမှာတော့
မေ့ပစ်ဖို့ခက်တဲ့ အမှတ်တရတွေ
အစီအရီ နေရာယူသွားခဲ့ပြီ။
လှမ်းခဲ့တဲ့ ခြေလှမ်းတွေက အမှုမဲ့အမှတ်မဲ့ဆိုရင်တောင်
ငါ့ကမ္ဘာထဲမှာ စိုက်ပျိုးသွားခဲ့တဲ့ သံယောဇဉ် အပင်ငယ်တွေက
အမြစ်တွယ်လို့ ရှင်သန်နေဆဲ...။
အမှတ်တမဲ့ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ
နက်ရှိုင်းတဲ့ သတိရခြင်းတွေ ပုန်းကွယ်နေတတ်သလိုပေါ့။
~~~~~~~~~~
At the doorway of my heart,
You were merely a passing stranger.
And yet...
In the chest of the one left behind,
Unforgettable memories
Have lined up to take their place.
Even if your steps were casual and stray,
The tiny seedlings of attachment you planted in my world
Are still rooted deep, thriving away...
Just like how behind the word "coincidence,"
Deep longings always find a way to hide.
By Khun
#creatorsearchinsights #စာတိုfeeling
#Mirror_Myanmar
#angél_alphá
#anime
170
"မင်းကို ချစ်တယ်ဆိုတာ မင်းရဲ့ တလွဲတချော် နမော်နမဲ့ အမှားလေးတွေအထိ အကုန်မြတ်နိုးတာကို ပြောတာ။"
"Loving you means loving all your beautiful chaos."
video စာသား နှင့် author - Khun(AP)
#creatorsearchinsights #စာတိုfeeling
#loner_life_in_another_world
#Mirror_Myanmar
#crd_to_owner_with_respect
170
အိမ်လှေကားအတက်အဆင်း
ပုခုံးချင်း ဝင်တိုက်ချင်လို့
ခေါင်းအုံးတစ်လုံးကို နှစ်ယောက်အုံးပြီး
အိမ်မက်တခုကို ...
၂ယောက်ခွဲပြီး မက်ကြရအောင်
"ဘဝမှာ
ကျွန်တော် တီရှပ်မတော်ပဲယူဝတ်တတ်တဲ့ မိန်းခလေးတဦး လိုအပ်ပါတယ်"
-ဆန်းကျော်စွာဝင်း
170
လူတစ်ယောက်ကို
သေချာပေါက် လိုအပ်နေပါလျက်နဲ့
ငါမလိုဘူးလို့ ညာလိုက်ရတဲ့
အခိုက်အတန့်တွေလောက်
ကျိုးကြေစရာကောင်းတာ မရှိဘူး ။
-ဘုန်းမင်းနွေ
170
ခေါင်းကျကျ ပန်းကျကျ
ချစ်သူမျက်နှာညှိုးမှာလောက်
ဘယ်အရာမှအရေးမကြီးဘူး။
ဒေဝဒတ်ပဲတွေ့တွေ့
ဧဝရတ်ပဲရွေ့ရွေ့
ငါ့ကမ္ဘာကြီးပြုံးနေရင်တော်ပြီ...။
-အံ့လွန်းပျို
၁၈၊ ၁၁၊ ၂၅
170
Repost from N/a
တကယ်တော့…
မင်းကို ဆုံးရှုံးခဲ့တာထက်
မင်းမရှိတော့တဲ့ ဘဝနဲ့
နေသားကျအောင် သင်ယူနေရတာက
ပိုပြီးကြေကွဲစရာကောင်းတယ်။
မမငြိမ်း
170
Repost from N/a
မေ့လိုက်မယ်လို့
အကြိမ်ကြိမ်တွေးခဲ့ပေမယ့်
အမှတ်တရဆိုတာ
ဖျက်ပစ်လို့မရတဲ့ စာမျက်နှာလို၊
ပိတ်လိုက်တိုင်း ပြန်ဖွင့်မိပြီး
ဖတ်လိုက်တိုင်း ပိုနာကျင်ရတယ်။
မမငြိမ်း
170
ငါမျက်စိဖွင့်လိုက်ရင် နံဘေးမှာ
မင်းရှိနေမယ်။ ငါ့လက်တွေအေးနေရင်
မင်းလက်နွေးနွေးကို ဆုပ်ကိုင်ထားမယ်။
မျက်လုံးချင်းဆုံတဲ့အခါ မင်းမျက်လုံးတွေ
သိပ်လှကြောင်း ငါပြောပါဦးမယ်။
နောင်ဘဝပေါ့ ဒီဘဝတော့
ထားလိုက်ပါတော့လေ...။
-အံ့လွန်းပျို
၁၂၊ ၁၀၊ ၂၅
170
အနာတွေ တဖြည်းဖြည်း
ပျောက်စပြုလာပါပြီ။ ခင်ဗျားတို့
ပြောသလို သွေးသံရဲရဲမဟုတ်ပေမဲ့
အမာရွတ်ကတော့သေရာပါပဲ
မဟုတ်လား။တစ်ခါတစ်လေလဲ
သွေးမထွက်တဲ့ ဒဏ်ရာတွေက
ပိုနာကျင်ရပါတယ်။
-အံ့လွန်းပျို
၂၂၊ ၆၊ ၂၅
170
Repost from ကဗျာ၊စာပေ လောက
ခင်များကို ကျွန်တော် ချစ်တယ်
ရိုးသားစွာပြောရရင် ခင်များတစ်ဘဝလုံး
အနားမှာပျော်အောင်အမြဲထားချင်တယ်
ကျွန်တော်အချစ်တွေနဲ့
အမြဲ ခင်များကိုအေးမြစေချင်တယ်...
#HanThar
170
"ကိုယ် ဘယ်လောက်ပဲ သန်မာနေပါစေ၊ မင်းဘေးက မင်းချစ်တဲ့သူကိုတော့ မယှဉ်နိုင်ပါဘူးကွာ။"🥺
video စာသား နှင့် author - Khun(AP)
#creatorsearchinsights #စာတိုfeeling
#angél_alphá
#Mirror_Myanmar
#crd_video
170
မဟုတ်မမှန်၊ ဧကန်လိမ်ခြင်း
မုသားတွင်းတွင်၊ အဆင်းမက
နှလုံးဉာဉ်ပင် ရွံရှာသွင်။
လိမ်လည်လှည့်ခြင်း၊ ကင်းစေသော်ဝ်။
အဟုတ်မမှား၊ ရိုးသားတတ်မှု
ဖြူစင်ပြုက၊ နှိုင်းတုလျှံထက်
လေးနက်စိတ်လျှင် မြတ်နိုးမင်။
ဖြောင့်မတ်စင်ခြင်း၊ သင်းစေသော်ဝ်။
-အံ့လွန်းပျို
170
အေးစက်စက် လေပြည်တစ်ချက်မှာ
ငါ့စိတ်ဝိညာဉ် လွင့်ပြယ်ပါစေ။
နွေးဓာတ်ထွက် ရောင်ခြည်နုမှာ
ငါ့အသက်နှလုံး ပျောက်ကွယ်ပါစေ။
မှေးစက်လျက် ချစ်တဲ့သူရေ
ဒီဘဝမှာ ငါလိုလူနဲ့ လွဲပါစေ။
-အံ့လွန်းပျို
170
ငါ့ကဗျာထဲမှာ မင်းပါရင်
ပါလိမ့်မယ်။ဒါပေမဲ့ မင်းက
ငါ့ကဗျာမဟုတ်ဘူး။
ငါကဗျာကို ချစ်သလို
ကဗျာကသာ ငါ့ကိုချစ်ပါစေ။
-အံ့လွန်းပျို
170
Repost from N/a
စိတ်ချလက်ချ နားခိုရာ
စိတ်ပင်ပန်းတဲ့နေ့တိုင်း
ပြန်လာနားခိုချင်တဲ့ နေရာက
အိမ်တစ်လုံးမဟုတ်ဘူး...
မင်းရဲ့ ရင်ခွင်တစ်စုံပါ။
စကားတွေ မလိုအပ်တဲ့အထိ
နွေးထွေးမှုတွေ ပြည့်နှက်နေတဲ့နေရာ၊
ငြိမ်းချမ်းခြင်းဆိုတာ
မင်းနဲ့အတူရှိတဲ့ အချိန်တိုင်းမှာပဲ ရှိနေတယ်။
မမငြိမ်း
