Phat Mal - ဖတ်မယ်
رفتن به کانال در Telegram
📈 تحلیل کانال تلگرام Phat Mal - ဖတ်မယ်
کانال Phat Mal - ဖတ်မယ် (@phatmalapp) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 10 689 مشترک است و جایگاه 24 090 را در دسته فیلمها و رتبه 11 047 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 689 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 03 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 562 و در ۲۴ ساعت گذشته برابر 5 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 52.83% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.14% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 5 642 بازدید دریافت میکند. در اولین روز معمولاً 656 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 12 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 04 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته فیلمها تبدیل کردهاند.
10 689
مشترکین
+524 ساعت
+587 روز
+56230 روز
آرشیو پست ها
10 689
Phat Mal - ဖတ်မယ် Website မှာ တင်ထားတဲ့ စာအုပ်များနှင့်ပတ်သက်ပြီး မူပိုင်ခွင့်ပိုင်ရှင် စာအုပ်တိုက်၊ စာရေးဆရာများအား ဒီနေရာကနေ အနူးအညွတ် တောင်းပန်ပါတယ်။
စာအုပ်အစစ် ဝယ်ဖို့ လက်လှမ်းမမီတဲ့သူများအတွက် ရည်ရွယ်တာမလို့ ခွင့်ပြုပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
မူပိုင်ခွင့်ပိုင်ရှင်များအနေနဲ့ ခွင့်မပြုနိုင်ပါကလည်း ကျွန်တော်တို့ရဲ့ Phat Mal Email Address ( support@phatmal.com ) ကို အချိန်မရွေး လာရောက် အကြောင်းကြား ပြစ်တင်ပြောဆိုနိုင်ပါတယ်။ ချက်ချင်း ပြန်လည် ဖြုတ်ချပေးပါမယ်။
မူပိုင်ခွင့် ပိုင်ရှင် မဟုတ်သူ မည်သူမဆို Phat Mal ရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီး စွပ်စွဲပြောဆိုခြင်းကီု အတိအလင်း ရှုံ့ချပါတယ်။
ကိုယ်မပိုင်တဲ့ စာတွေကို ပိုင်သယောင် Gatekeep လုပ်ပြီး ပြောဆိုခြင်းကို Phat Mal အနေနဲ့ မှတ်ချက်မပြုလိုပေမယ့် Phat Mal ရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီး စွပ်စွဲပြောဆိုခြင်းကို အတ်အလင်း ထပ်မံ ရှုံ့ချပါတယ်။
10 689
ဒီမှာ လာမကြေညာဖြစ်ပေမယ့် စာအုပ်အသစ်တွေ နေ့စဉ် တင်ပေးနေပါတယ်။
Server Upgrade လည်း တဖက်က လုပ်နေလို့ အချိန်ပိုင်း App ကို ဝင်လို့မရဖြစ်ခဲ့ရင်လည်း တောင်းပန်ပါတယ်ဗျ။
အခုတော့ ပြီးသလောက် ရှိနေပြီမလို့ တည်ငြိမ်သလောက် ရှိနေပါပြီ။
စာဖတ်မယ်ဆိုရင် Phat Mal - ဖတ်မယ် ရှိပါတယ်။
📔 စာဖတ်ရန် နှိပ်ပါ
10 689
+1
တကယ်လို့ ကိုယ်ဖတ်ချင်တဲ့စာအုပ် မတွေ့ရင်လည်း Request လုပ်ထားလို့ ရပါပြီ။
📖 ဖတ်ရန် - @phatmalbot
💎 Facebook |💎 Telegram | 🛒 Website
💎 Telegram App
10 689
ယနေ့ ဖတ်စရာ
📖 သန်းခေါင်ယံလွတ်လပ်ရေး
အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်းကို ဇာတ်လမ်းပမာ အသေးစိတ် ခြယ်မှုန်းထားသော သမိုင်းထုပ္ပတ်စာအုပ်ကြီး။ အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ သန်းခေါင်ယံအချိန်မှာ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့တာမလို့ မူရင်းစာရေးဆရာများက “သန်းခေါင်းယံ လွတ်လပ်ရေး” လို့ အမည်ပေးခဲ့ကြတယ်။
📚📚📚📚📚📚📚
📖 မာတင်လူသာကင်းအငယ်နှင့် ကျွန်မဘဝ
အသက်နဲ့လဲရတဲ့ ရေဆန်ခရီးကို ချီတက်ရဲသူတွေအကြောင်း ပြောကြတဲ့အခါ “မာတင်လူသာကင်း ဂျူနီယာ” ဆိုတဲ့ အမည်ဟာ ထိပ်ပိုင်းခေါင်းစီးမှာ ပါပါတယ်။ ‘ကျွန်တော် အိပ်မက်မက်တယ်’ ဆိုတဲ့ မိန့်ခွန်းနဲ့ ကမ္ဘာကျော်ခဲ့သူဟာ လူဖြူလူမည်း တန်းတူညီမျှမှု ရှိဖို့က သူ့ဘဝရဲ့ အကြီးမားဆုံး အိပ်မက်ပါ။
လူတစ်ယောက်ဟာ အသက်ဘယ်လောက်အထိ ရှင်သန်ခွင့်ရတယ်ဆိုတာထက် အသက်ရှင်နေစဉ် အချိန်မှာ ကောင်းကျိုးတွေ ဘယ်လောက်အထိ လုပ်ဆောင်နိုင်ခဲ့သလဲ ဆိုတာက ပိုပြီး အရေးကြီးတယ် မဟုတ်ပါလား။ “မာတင်လူသာကင်း” ရဲ့ အမည်နာမဟာ နောင်မျိုးဆက်လူသားတွေရဲ့ နှလုံးသားကို အမြဲတမ်း ရိုက်ခတ်ကိုင်လှုပ် နေဦးမယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။
📚📚📚📚📚📚📚
10 689
ဒီဝတ္ထုဟာ ဇာတ်အိမ်တော်တော် ကြီးတယ်လို့ ဆိုရမယ်။ ဝတ္ထုထဲမှာ မိသားစု ၈ စု အကြောင်း ပါတယ်။ မိသားစုတွေ များလို့ ဝတ္ထုက ရှုပ်ယှက်ခတ်နေမှာပဲလို့ ပြီးစလွယ် ကောက်ချက် မချစေချင်ဘူး။ စာရေးဆရာရဲ့ ဝတ္ထုဖွဲ့စည်းပုံ ပိုင်နိုင်မှုကြောင့် မိသားစုတွေ များနေပေမယ့် ဇာတ်အိမ်က ရှုပ်မနေဘူး။ ပြီးတော့ နာမည်တွေ အများကြီးကို တကူးတက လိုက်မှတ်နေစရာ မလိုအောင်ကို စာရေးဆရာက စီစဉ်ပေးထားတယ်။
ဒီဝတ္ထုထဲမှာ မိသားစုက များတော့ အချစ်အမုန်း ရသတွေကလည်း စုံနေတယ်။ မိခင်တစ်ယောက်ရဲ့ သားအပေါ် ချစ်တဲ့ အချစ်မျိုး ပါသလို ဖခင်တစ်ယောက်ရဲ့ သမီးအပေါ် တိတ်တိတ်ပုန်း ချစ်ရတဲ့ အချစ်မျိုးလည်း ပါတယ်။ ယောက္ခမနဲ့ ချွေးမကြားက ပဋိပက္ခမျိုး ရေးဖွဲ့ထားသလို လင်သားအပေါ် ထားတဲ့ မယားရဲ့ မေတ္တာနဲ့ ဥပေက္ခာမျိုး တွေ့ရသေးတယ်။ မြေးအဖွားရဲ့ မေတ္တာ၊ သူငယ်ချင်းနှစ်ယောက်ရဲ့ သစ္စာ၊ အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်ရဲ့ လျစ်လျူရှုမှု စတဲ့ စတဲ့ ခံစားမှုပေါင်းစုံကို သေသေသပ်သပ် စုဖွဲ့ပြီး အားလုံးကို ပါးပါးလေး ပုတ်ပြသွားတယ်။
📚 လူသစ်
✍ ဖြိုးကျော်
📖 ဖတ်ရန် နှိပ်ပါ
💎 Facebook |💎 Telegram
🛒 Website | 💎 Telegram App
10 689
"ကျွန်မသိချင်လှပါရဲ့
မောင် ကျွန်မအပါးမှ ထွက်ခွာခဲ့စဥ်က
မောင့်ခြေလှမ်းတို့ နာကျင်ခဲ့သေးသလား။
တွန့်ဆုတ်ခဲ့သေးသလား
ဝေခွဲရခက်ခဲ့သေးသလား
နည်းနည်းလေးဖြစ်ဖြစ်လေ"
📚 ဆုံနေရက်နဲ့လွမ်းနေခြင်း
✍ ဂျူး
📖 ဖတ်ရန် နှိပ်ပါ
💎 Facebook |💎 Telegram
🛒 Website | 💎 Telegram App
10 689
နာမည်ကြီး ကြိုးတန်းရုပ်ရှင်ကားကြီးရဲ့ ဝတ္ထု
ဆရာမခင်ခင်ထူးရဲ့ ကြိုးတန်း ဝတ္ထုတိုကို ဖတ်မယ် မှာ ဖတ်လို့ ရပါပြီ။
📖 ဖတ်ရန် နှိပ်ပါ
💎 Facebook |💎 Telegram | 🛒 Website
💎 Telegram App
10 689
ဖတ်မယ် ကို မြန်မာဘာသာစကားနဲ့လည်း အသုံးပြုနိုင်ပါပြီ။
စစဝင်ခြင်းမှာ ဘာသာစကားရွေးဖို့ တက်လာပါမယ်။ ပြန်ပြောင်းချင်ရင် Profile > Settings ကနေ ပြန်ပြောင်းနိုင်ပါတယ်။
မြန်မာဘာသာကို အားလုံးပြီးပြည့်စုံအောင် မထည့်ရသေးလို့ တချို့နေရာတွေ အင်္ဂလိပ်လို ဖြစ်နေပါသေးတယ်။ တချို့နေရာတွေ စကားလုံးကျစ်လျစ်အောင် ရွေးနေရသေးလို့ပါ။
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။
ကြော်ငြာတွေကြည့်ရတာ စိတ်ရှုပ်သူများအတွက်လည်း Premium Plan ထည့်ထားပေးပါတယ်။ တလကို လက်ဖက်ရည်တခွက်စာဖိုး မရှိတဲ့ပမာဏနဲ့ ကြော်ငြာတွေ လုံးဝ(လုံးဝ) ပိတ်ထားလို့ ရပါပြီ။
10 689
+1
တကယ်လို့ ကိုယ်ဖတ်ချင်တဲ့စာအုပ် မတွေ့ရင်လည်း Request လုပ်ထားလို့ ရပါပြီ။
📖 ဖတ်ရန် - @phatmalbot
💎 Facebook |💎 Telegram | 🛒 Website
💎 Telegram App
10 689
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်... တဲ့။
အခေါ်အဝေါ်တွေက နားနဲ့ ခပ်စိမ်းစိမ်းပဲ။ အမိန့်အမှတ် (၁) ၊ ၁၉၈၇ တဲ့။
ကြေညာချက်ကို နားမလည်နိုင်စရာအကြောင်းတော့ မရှိဘူး။
ရှင်းရှင်းလေးပဲ။
၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်တွေဟာ တရားမဝင် ဖြစ်သွားပြီ။ ပိုက်ဆံ မဟုတ်တော့ဘူး။ သုံးလို့ မရတော့ဘူး။
ဘာကြောင့်လဲ။
📚 သေမင်းနိုင်ငံမှာ သုံးတဲ့ ပိုက်ဆံ
✍ မင်းလူ
📖 ဖတ်ရန် နှိပ်ပါ
💎 Facebook |💎 Telegram | 🛒 Website
💎 Telegram App
10 689
တကယ်လို့ ဘာဖတ်ရမလဲ မသိဖြစ်နေရင် ရွေးရခက်နေရင် Library page မှာ အံစာတုံးလေးကို နှိပ်လိုက်ရင် အလိုအလျောက် ရွေးပေးပါလိမ့်မယ်။
10 689
ကိုနန္ဒာ တို့ခေတ်က “စော်”ဟူသော စကားလုံးသည် မိန်းမတို့၏ မအပ်မရာကို ခေါ်ခြင်းဖြစ်သည်။ ယခု တင်ထွန်းအောင် တို့ခေတ်ကျတော့ “စော်”ဟူသော ဝေါဟာရသည် ထိုသို့ အဓိပ္ပါယ်မထွက်တော့။ မိန်းခလေး ဟူသော သာမန်အနက်မျှသာထွက်တော့သည်။ ဆယ်နှစ်လောက်အတွင်း ဝေါဟာရ တလုံး၏ အနက်သည် ဤမျှ ပြောင်းသွားရသလောဟု ကိုနန္ဒာ အံ့ဩရသည်။📚 ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ✍ မြသန်းတင့် 📖 ဖတ်ရန် နှိပ်ပါ 💎 Facebook |💎 Telegram | 🛒 Website 💎 Telegram App
10 689
တကယ်တော့လည်း လူအားလုံးတို့သည် "ကောင်းခြင်း" နှင့် "ရူးခြင်း" တို့ကြားမှာ ဟန်မပျက် နေထိုင်နေခြင်းသာ ဖြစ်၏။ ဟိုဘက်ဒီဘက် တည်းတည်းကလေးပဲ။ လူတိုင်းလူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် တစ်နည်းနည်းနဲ့တော့ ရူးခဲ့မိဖူးကြတာပါပဲ။📚 အများနှင့်မသက်ဆိုင်သောသူ ✍ မင်းလူ 📖 ဖတ်ရန် နှိပ်ပါ 💎 Facebook |💎 Telegram | 🛒 Website 💎 Telegram App
10 689
eBook တွေ ဖတ်ရတာ အခမဲ့ဆိုပေမယ့် ကိုယ်ကြိုက်တဲ့စာအုပ်တွေဆိုရင် လက်လှမ်းမီသလောက် မူရင်းစာအုပ်တွေကို ဝယ်ယူအားပေးစေချင်ပါတယ်။
အခုဆိုရင် ဆရာခက်ဇော်ရဲ့ အမှောင်ထဲမှ မင်းသားများ ၁၉၇၀ စာအုပ် (Princes in the darkness 1970s) ကို Pre Order လက်ခံနေပါပြီ။
မြန်မာပြည်တွင်းကတော့ ဝယ်လို့ အဆင်ပြေဦးမလား သေချာ မပြောတတ်ပါဘူး။
ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ဩစတြေးလျ၊ တောင်ကိုရီးယားနိုင်ငံတွေကနေတော့ မှာလို့ ရနေပါပြီ။
အောက်ကလင့်ခ်မှာ Pre Order မှာပါ။
https://www.facebook.com/share/p/1GFS9GHbkh/
10 689
Phat Mal အကြောင်း
ကျွန်တော်တို့ Phat Mal Website ကို စလုပ်ခဲ့တာ 2023 ခုနှစ်ကနေ ဆိုတော့ ၃ နှစ် ရှိခဲ့ပါပြီ။
2025 နှစ်ကုန်ပိုင်းမှာ Website တခုလုံးကို အစအဆုံး ပြန်ရေးဖို့ ဆုံးဖြတ်ပါတယ်။ ဘာလို့ အစအဆုံး ပြန်ရေးဖို့ ဆုံးဖြတ်လဲဆိုရင် စာဖတ်တဲ့ community တခုကို ကောင်းကောင်းလေး တည်ဆောက်ချင်လို့ပါ။
အရင်ကဆို စာအုပ်ဒေါင်းတယ်၊ ဖတ်တယ်၊ ဒါပဲ ပြီးပြီ။
Group Chat ထဲ ပြောလည်း စာတွေက များပြီး တယောက်တပေါက် ပြောကြတာဆိုတာမျိုး မဖြစ်စေချင်ပဲ Community သီးသန့်လေး ဖြစ်စေချင်လို့ပါ။
App ထဲမှာဆို
စာအုပ်တအုပ်ချင်းစီအတွက် Rating, Review သီးသန့် ပေးလို့ ရမယ်။
Social Section မှာ ဘယ်သူတွေ ဘာစာအုပ်တွေ ဖတ်နေကြလဲ ကြည့်လို့ ရမယ်။ ငါလည်း ဖတ်ကြည့်ဦးမယ်ဆိုပြီး တန်းနှိပ်ပြီး ဝင်ဖတ်လို့ ရမယ်။
Motivation ရအောင် Achievement လေးတွေလည်း ထည့်ထားပေးပါတယ်။
ကိုယ်ဖတ်လက်စ စာအုပ်၊ ဖတ်ပြီးသား စာအုပ်တွေ ပြန်ကြည့်လို့ ရမယ်။
နောက်မှ ဖတ်မယ်ဆိုလည်း Favorite List ထဲ ထည့်ထားလို့ရမယ်။
ဖတ်ဖို့ အချိန်မရရင်လည်း နားထောင်လို့ ရအောင် Audio book တွေ လိုက်ထည့်ပေးနေပါပြီ။
သူငယ်ချင်းတွေကို App လေး ညွှန်းပေးလို့ ရအောင် Invite Referral စနစ်လည်း ထည့်ထားပေးပါတယ်။
တနေရာတည်းမှာ အကုန်စုံအောင် စာအုပ်တွေလည်း အမျိုးအစားစုံအောင် ထပ်ထည့်ပေးပါမယ်။ ဖတ်ချင်တဲ့ စာအုပ်ရှာမတွေ့လည်း App ထဲမှာ Request လုပ်ထားခဲ့ပါ။ ရသလောက်ကို ရှာပြီး တင်ပေးပါမယ်။
၁၅ စက္ကန့်စာ ကြော်ငြာလေးတွေ ကြည့်ပေးခြင်းအားဖြင့် ကျွန်တော်တိုရဲ့ server ဖိုးလေးတွေကို ကာမိစေပါတယ်ဗျ။ ကျေးဇူးတင်ပါတယ်။📖 ဖတ်ရန် - @phatmalbot 💎 Facebook |💎 Telegram | 🛒 Website 💎 Telegram App
10 689
တကယ်လို့ ကိုယ်ကြိုက်တဲ့စာအုပ်လေးတွေဆိုလည်း Rating လေးတွေ ပေးခဲ့လို့ ရပါတယ်။ ဒါဆိုရင် စာစဖတ်မယ့် Beginners တွေအတွက်လည်း Rating တွေ အရင်ကြည့်လို့ ရတော့ အများကြီး အထောက်အကူ ဖြစ်စေမှာပါ။ 🫶
10 689
နောက်တစ်ခုက စာဖတ်နေရင်း background မှာ မိုးသံလေးတွေ၊ တောအုပ်သံလေးတွေ ဖွင့်ထားလို့ ရတဲ့ Zen Mode လည်း လုပ်ထားပေးပါတယ်။
10 689
+1
တကယ်လို့ ကိုယ်ဖတ်ချင်တဲ့စာအုပ် မတွေ့ရင်လည်း Request လုပ်ထားလို့ ရပါပြီ။
📖 ဖတ်ရန် - @phatmalbot
💎 Facebook |💎 Telegram | 🛒 Website
💎 Telegram App
10 689
မင်းကို အဖွဲ့အစည်းတစ်ခုခုက တစ်ယောက်ယောက်က ဒေါ်လာနှစ်သိန်းပေးလိုက်မယ် ဆိုပါစို့။ မင်းနိုင်ငံအတွက် မင်း ဒီငွေကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်မှုမှာ သုံးတော့ဆိုရင် မင်း ဘယ်နေရာမှာ အသုံးချမလဲ။ ဘယ်လို အသုံးချမလဲ
📚 သူ မင်းကို ဘယ်တော့မှ
✍ ဂျူး
📖 ဖတ်ရန် နှိပ်ပါ
💎 Facebook |💎 Telegram | 🛒 Website
💎 Telegram App
