cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

အမေ့သားကိုမျိုး

သတင်းစုံ ဗဟုသုတစုံ

نمایش بیشتر
پست‌های تبلیغاتی
257
مشترکین
+424 ساعت
+217 روز
+2730 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

TNLA/PDF /MDY -PDFအဖွဲ့တို့သည် အရှေ့၊ အနောက်ပူးပေါင်းကာ ရေနံသာကျေးရွာရှိ အထိုင်စစ်ကြောင်း၊ ရဲစခန်း၊ မတ္တရာတို့အား တစ်ပြိုင်တည်း သာလွန်အင်အားတို့ဖြင့် တိုက်မည်ဖြစ်ကြောင်း လမ်းတံတား၊ လမ်းတို့လည်း ဖောက်ခွဲ၊ ကပ်တောက်များပြုလုပ်မည်ဖြစ်ကြောင်း၊ စကျင်၊ လင့်စင်ကုန်းကျောက်ပြားစာသင်ကျောင်း၊ ဝေါစု အင်အားဖြန့်ထားပြီး ၂၀၀၀ ကျော်ခန့်ရောက်နေပြီးဖြစ် ကြောင်း၊ ရွာသူ သားများတို့လည်း သတင်းမပေးရန်ထိန်းချုပ်ထားရှိကြောင်း၊ အရှေ့ဘက်အခြမ်းတွင်လည်း ထောင်ကျော် အင်အားများရှိကာ အနောက်ဖက်အဖွဲ့ အချက် ပြပါက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ၎င်းတို့တွင် စနိုက်ပါ၊ rpg ၊ လေယာဉ်ပစ်လက်နက်၊ ဒရုန်းများလည်း ပါရှိကြောင်းအရေးကြီးသတင်းရရှိ တင်ပြအပ်ပါသည်။ Crd https://t.me/motherkomyo
نمایش همه...
အမေ့သားကိုမျိုး

သတင်းစုံ ဗဟုသုတစုံ

BYD သည် Tesla ကို ကျော်လွန်သွားဖွယ်ရှိပြီး ကမ္ဘာ့အကြီးဆုံး EV ထုတ်လုပ်သူအဖြစ်သိူ့ ရောက်ရှိနိုင်ကြောင်း Bloomberg က ဖော်ပြခဲ့သည်။ BYD သည် ၂၀၂၃ ခုနှစ်တွင် လျှပ်စစ်နှင့် ဟိုက်ဘရစ်ကား အစီးရေ ၃ သန်း ရောင်းချခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၈၅ ဘီလီယံ ရရှိခဲ့သည်။ BYD တည်ထောင်သူ ဘီလျံနာ ဝမ်ချန်ဖူ၏ ဦးဆောင်မှုဖြင့် BYD သည် လူအများ တတ်နိုင်သော ဈေးနှုန်းဖြစ်မည့် ကန်ဒေါ်လာ ၁ သောင်းအောက် တန်ဖိုးနည်း အီးဗီမော်ဒယ်များကို ထုတ်လုပ်မည်။ ဆန်းသစ်တီထွင်မှု ၃ သောင်းကျော် မူပိုင်ခွင့် မှတ်ပုံတင် ရရှိထားပြီး ကုန်ကျစရိတ်သက်သာသည့် ဘက်ထရီထုပ်အမျိုးအစား လစ်သီယမ်-သံ-ဖော့စဖိတ် ဘက်ထရီခုပ်များကို ထုတ်လုပ်သူလည်း ဖြစ်သဖြင့် ဈေးအနိမ့် အီးဗီများ ထုတ်လုပ်နိုင်သည့် အားသာချက် BYD တွင် ရှိနေသည်။ Seagull မော်ဒယ်အသစ် Dolphin Mini ကို ယွမ် ၆၉,၈၀၀(9,700)ဖြင့် ဈေးဖွင့်သည်။ ဈေးအနိမ့်ဖြစ်သော်လည်း အပေါစား မဆန်သဖြင့် Lamborghini mini”ဟု ခေါ်ကြသည်။ Dolphin Mini ကို ပြည်ပဈေးကွက်တွင် Seagull EV Honor Edition ဟု အမည်တပ်သည်။ #AutomobileIndustryGuide
نمایش همه...
Photo unavailableShow in Telegram
"တပ်မတော်ကို ချစ်လို့ အသေခံပြီး ပြောပါရစေ။ နမ့်မော်ရွာနားမှာ TNLA တွေ အများကြီး ရောက်နေတယ်။ နောင်ချိုက တပ်စခန်းတွေကို ပတ်လည်တိုက်ဖို့ပြောနေကြတယ်။ ဒီည တိုက်မှာ။ ရွာသားတွေကို ထမင်းချက်ခိုင်းထားတယ်။တပ်မတော် အနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးပါ။ ကျွန်တော်တို့ သားသမီးတွေ ကျောင်းပြန်တက်ချင်တယ်"ဒေသခံ တိုင်းရင်းသား 6:58PM ၊ဇွန်-၃၀ Crd https://t.me/motherkomyo
نمایش همه...
နောင်ချို ၆၀၆ အထူးကာကွယ်ပါ နောင်ချို ခြေမြန်တပ်များ၏ ထိရောက်စွာ ကာကွယ် ချေမှုန်းမှုကြောင့် အထိနာသွားသော TNLA PDF တို့သည် အကြံကုန် ဂဠုန်ဆားချက်ကာ နောင်ချို ၆၀၆ ဒုံးတပ် ကို အလုံးအရင်းဖြင့် ဝင်တိုက်ရန် စုစည်းနေပါပြီ ၄င်းတို့နှင့်အတူ တရုတ်ကြေးစား ဒုံးပျံပညာရှင်များ ပါလာပြီး ဒုံးတပ်ကို ရလျှင် နေပြည်တော် မန္တလေး လားရှိုး တို့ကို ဒုံးတပ်မှ တိုက်ချင်းပစ် ဒုံးကျည်များ ဖြင့် ပစ်ခတ် ဖျက်ဆီးရန် ကြံရွယ်ထားကြကြောင်း သတင်းရရှိသည် ၆၀၆ ဒုံးတပ် အထူးကာကွယ်ပါ၊ မကာကွယ်နိုင်လျှင် ဖျက်စီးပစ်ရန် ရန်သူပစ်တာကို ခံမလား ရန်သူကို အပြတ်ချေမှုန်းမလား ဘဘတို့ရဲ့သဘောပဲ အသက်ကတော့ အပိုမပါလို့ ‌တစ်ခါပဲသေရမယ်။ ကြောက်တတ်ရင်တော့ အကြိမ်ကြိမ်သေရမယ် အဘတို့ရေ
نمایش همه...
Photo unavailableShow in Telegram
ကျောက်မဲကို ပလောင်တွေ အုပ်ချုပ်နိုင်ပြီလား။ ကျောက်မဲအတွက် ဘာတွေ ပြင်ဆင်ကြမလဲ။ ကျောက်မဲပြည်သူတွေ ပျော်နေကြလား ဒါမှမဟုတ် ဆင်းရဲဒုက္ခအတိဖြစ်နေပြီလား။ ကျောက်မဲအတွက် နစက ရဲ့ ရင်းတွင်းစကားမကြားရတော့ဘူးလား
نمایش همه...
ရခိုင်မှာပဲဖြစ်ဖြစ်၊ ရှမ်းမြောက်မှာပဲ ဖြစ်ဖြစ် လက်နက်ကိုင်သူပုန်တွေနဲ့ တိုက်ပွဲဖြစ်တိုင်း စီကနဲ ညံလာတဲ့ အကျယ်ဆုံးအသံက နီပိတ်တွေရဲ့အသံ။ လာရှိုးက လက်နက်ကြီးနဲ့လှမ်းပစ်တာကို တေဇာဆန်း တစ်ယောက် လာရှိုးကိုဝင်တိုက်ပြီလို့ပျော်နေလေရဲ့။ - ပြည်တွင်းစစ်ဖြစ်လို့ တိုင်းပြည်ပျက်မှအိမ်ပြန်ရမယ်ဆိုတဲ့ သနားစရာကောင်းလှတဲ့ အတွေးအခေါ်။ အဲ့ဒီတော့ စနစ်တကျ တွက်ကြည့်ကြရအောင်။ - သမ္မတကြီးဟောင်း ဦးသိန်းစိန် တရုတ်ကိုသွားတယ်။ ဦးထင်ကျော်နဲ့ ဒေါ်စုက ICC ရဲ့ဖမ်းဝရမ်းမှာ ပါလာတယ်။ ဇင်မာအောင်က NUG ရဲ့ သူပုန်ထရေးလမ်းစဉ်ဟာ မေမြို့ရောက်ပြီလို့ ဆိုလာတယ်။ ရှမ်းမြောက်က စစ်ရှိန်မြင့်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး AA နဲ့ KIA က လစ်ရင်ဝင်ဆွဲဖို့ချောင်းနေမှာပဲ။ - ၂၀၂၄ ဟာ NUG နဲ EAOs တွေအတွက် အရေးကြီးဆုံးနှစ်ဖြစ်တယ်ဆိုတာငြင်းမရတဲ့ အချက်။ အချိန်အားဖြင့် နှစ်ဖက်စလုံးဟာ ၃ လပဲကျန်တော့တယ်။ - ဆိုလိုတာက ၁၀ လပိုင်းကုန်တာနဲ့ တပ်မတော်ကိုယှဉ်ဖိုက်ဖို့ ဘယ်နည်းနဲ့မှ မသေချာတော့ဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိတပ်တွေကို ထိန်းနိုင်နေတဲ့အပြင် နိုင်ငံရေးမှာ ယခင်သမ္မတဟောင်း ဦးသိန်းစိန်ကို ပွဲထုတ်လာကတည်းက တပ်မတော်ပြိုကွဲဖို့ စဉ်းတောင်မစဉ်းစားနဲ့။ - နိုင်ငံရေးမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ဦးသိန်းစိန်ရဲ့ ခြေလှမ်းတွေ ထပ်စိပ်လာတာကိုမြင်ကြ ရတော့မယ်။ ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ် ဆိုထားပြန်တော့ ရွေးကောက်ပွဲနဲ့အတူတက်လာမယ့် သမ္မတဟာ ဘယ်သူလဲ ဆိုတာက စိတ်ဝင်စားစရာပါ။ - ပြန်ဆက်ရရင် တရုတ်နဲ့ ဆက်ဆံရေးအဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ တပ်မတော်ဟာ စစ်သားအလုပ် စစ်သားပီပီလုပ်ကိုလုပ်မှာ သေချာတယ်။ နောက် ၃ လကျော်ရင် ပြည်နယ်အသီးသီးကို စစ်အင်အား ထောင်ချီပြန် ပို့နိုင်ပြီ။ အဲ့ဒီအချိန် ကပစ တွေကလည်း ဒရုန်းဗုံးသီးတွေကို သောင်းနဲ့ချီထုတ်နိုင်ပြီ။ ပေါင် ၅၀၀ ဗုံးသီးတွေလည်း ရာနဲ့ချီထုတ်နိုင်သွားပြီ။ လက်ရှိသင်တန်းဆင်း ၅၀၀၀ အင်အားနဲ့ မရရအောင်ကာမှာပဲ။ ယခင်အင်အားနဲ့တောင် ကာနိုင်သေးရင် ထပ်တိုးအင်အားနဲ့ မကာနိုင်စရာအကြောင်းမရှိဘူးလို့ မြင်တယ်။ - ရှမ်းမြောက်မှာ ယခင်လို လက်နက်ကိုင်အင်အားမရှိတော့သလို ရှိပြီးသားတွေလည်းတဖြည်းဖြည်းကွဲလာကြပြီ။ ၃ လ အတွင်း ရှမ်းမြောက်ဟာ လာရှိုးကို မသိမ်းနိုင်သလို AA ကလည်း အမ်းကိုရဖို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ မောင်းတောနဲ့ သံတွဲမှာ ခံလိုက်ရလို့ငြိမ်သွားတာကိုပဲကြည့်။ KIA လည်းအလွန်ဆုံးရ မှ ဝိုင်းမော် ဒါ့ထက်မပိုဘူး။ ကရင်ကတော့ စာတတ်သွားပြီ။ - ဒီတော့ တဖက်ကလည်း ရသလောက်ယူမှာဖြစ်သလို တပ်မတော်ကလည်း ကြံ့ကြံ့ခံပြန်တိုက်မှာပဲ။ EAOs တွေရဲ့ ရွှေရောင်အိမ်မက်တွေဟာ နောက် ၃လအတွင်းနိဋိတံသွားပြီ။ - ၂၀၂၄ ကုန်တာနဲ့ တပ်မတော်ဟာ အင်အားပြန်လည်တောင့်တင့်းသွားပြီမို့ ရန်သူသိမ်းထားတဲ့မြို့တွေကို အလှထိုင်ကြည့်နေမှာမဟုတ်ဘူး။ - ဒေါ်စုလည်းအသက် ၈၀ ကျော်ပြီ၊ NLD လည်း နိုင်ငံရေးသေပြီ၊ ယခင်သမ္မတဟောင်း ဦးသိန်းစိန် ကြီးလည်းပြန်ထွက်လာပြီ။ အိမ်နီးချင်းနိုင်ငံတွေက ရေရှည်အတွက်ကြည့်တဲ့အခါ အစိုးရသစ်နဲ့ ဆက်ဆံရေး ပြန်စမှာသေချာတယ်။ - မေးခွန်းက - EAOs တွေဟာ မိမိတို့သိမ်းထားတဲ့မြို့တွေ စစ်တလင်းပြန်အဖြစ်ခံကြမှာလား? EAOs တွေရဲ့အရိပ်အောက် ဝင်ခိုနေတဲ့ PDF ကရော ဘာဆက်လုပ်ကြမှာလဲ ? တစင်ထောင် ဒမြတိုက်ကြမှာလား? NUG ကရော ဘယ်လို ရပ်တည်မလဲ? ဘာကိုအကြောင်းပြပြီး ခွက်ဆွဲထွက် ဦးမလဲ ဆိုတာသိချင်စမ်းလှပါဘိ ။ Crd https://t.me/motherkomyo
نمایش همه...
အမေ့သားကိုမျိုး

သတင်းစုံ ဗဟုသုတစုံ

◾️ မြို့သုံးမြို့တွင် Good Rice & Good Price ဆန်များကို သတ်မှတ်ဈေးဖြင့် ဝယ်ယူနိုင်ဟု MRF ထုတ်ပြန် နေပြည်တော်၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့တို့တွင် Good Rice & Good Price ဆန်များကို ရည်ညွှန်းသတ်မှတ်ဈေးဖြင့် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ယမန်နေ့ (ဇွန် ၂၉ ရက်)တွင် ထုတ်ပြန်သည်။ ဆန်စပါးအသင်းချုပ်၏အစီအစဉ်ဖြင့် ၁၀ ကီလိုအိတ်၊ ငါးကီလိုအိတ်များဖြင့်ထုတ်ပိုးထားသည့် Good Rice & Good Price ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို ရန်ကုန်မြို့ရှိ လက်လီဆိုင်များ၊ ဈေးဝယ်စင်တာများတွင်ရောင်းချပေးထားပြီး ယခုအခါ နေပြည်တော်၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့တို့တွင် တိုးချဲ့ရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။ “ဆန်ဆိုင်တွေမှာ ပုံမှန်ရောင်းနေတဲ့ဆန်တွေလည်းရှိမှာပေါ့။ နောက်တစ်ခု ဆန်စပါးအသင်းချုပ်နဲ့ ကုမ္ပဏီကစီစဉ်ပေးတဲ့တစ်ပြည် ၃၀၀၀ ကျပ်နဲ့ရောင်းတဲ့ဆန်လည်းရှိတယ်။ ပေါ်ဆန်းဆိုရင်လည်း တစ်ပြည်ကို ၅၀၀၀ ဝန်းကျင်နဲ့ရောင်းပေးတာရှိတယ်။ Good Rice & Good Price 10 kg အိတ်လေးတွေဆိုရင်လည်း ဆန်ဆိုင်အားလုံးကိုပို့ပြီးရောင်းတာ။ အကန့်အသတ်မရှိကြိုက်သလောက် ဝယ်လို့ရတာပေါ့။ မြို့တွေမှာဆိုင်တွေက တော်တော်များများလာပါပြီ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှတာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်းဆန်များနှင့် ဧည့်မထဆန်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းအပါအဝင် တစ်နိုင်ငံလုံးရှိဆန်စက်များ၊ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများမှ ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ဆက်တိုက်ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်သည်။ ထို့ပြင်ဈေးဝယ်စင်တာများဖြစ်သည့် Super Market များ၊ Mini Mart များတွင်လည်း ရွှေဘိုပေါ်ဆန်းများ၊ ဧရာဝတီပေါ်ဆန်းများ၊ ဧည့်မထဆန်များအား Consumer Pack များဖြင့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ပြန်လည်ရောင်းချပေးလျက်ရှိပြီး ယခင်ထက်ပို၍ဈေးနှုန်းသက်သာ စွာဖြင့်ဝယ်ယူနိုင်ကြောင်းသိရသည်။ ဈေးဝယ်စင်တာများတွင်ရွှေဘိုပေါ်ဆန်းတစ်ကီလိုလျှင် ၃၅၀၀ ကျပ်မှ ၃၈၀၀ ကျပ်အတွင်း၊ ဧရာဝတီ ပေါ်ဆန်းတစ်ကီလိုလျှင် ၃၀၀၀ ကျပ်မှ ၃၃၀၀ ကျပ်အတွင်း၊ ရက် ၉၀ အထူးဧည့်မထဆန်များဖြစ်ပါက တစ်ကီလိုလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အတွင်းရည်ညွှန်းဈေးများအဖြစ် ဆန်စပါးအသင်းချုပ်က သတ်မှတ်ပေးထားကြောင်း သိရသည်။ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်လည်း သင့်တင့်မျှတသောရည်ညွှန်းဈေးနှုန်းများဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှုစနစ်ဖြင့်လည်း ဇူလိုင် ၁ ရက်မှစတင်ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ရောင်းချရာတွင် ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ၁၅၂၀၀ဝ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၂၄ ပြည် တစ်အိတ်လျှင် ၁၃၀၀၀ဝ ကျပ်နှင့် ၁၀ ကီလိုတစ်အိတ်လျှင် ၂၆,၅၀ဝ ကျပ်ဖြင့် ငွေလက်ခံပြီး ကြိုတင်ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ Crd https://t.me/motherkomyo
نمایش همه...
အမေ့သားကိုမျိုး

သတင်းစုံ ဗဟုသုတစုံ

တရုတ်သဘောထား မမှန်တာ တရုတ် ကိစ္စ နိုင်ငံရေးအရ တရုတ် နဲ့တွေ့တာ တစ်ပိုင်းပဲ စစ်ရေးအရ မိမိပြည်တွင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက် ရမှာ တစ်ပိုင်းပဲ။ နိုင်ငံရေးကို မျှော်နေလို့ မရဘူး။ စစ်ပွဲကို နိုင်အောင်တိုက် နိုင်ငံရေးလည်း လုပ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် ငြိမ်သင့်သလောက် ငြိမ်သွားပြီ။ ရှမ်းမြောက်နဲ့ ရခိုင် ငြိမ်ရင် စစ်ကိုင်း ပဒက်ဆိုတာ အိပ်ကပ်ထဲက ဖား အဆင့်ပဲ ရှိတယ်။ ချင်း က AA နဲ့ ချ နေတာ ၊ AAက ချင်းပြည်နယ်ကိုပါ သိမ်းဖို့ရှိနေတယ်။ kia က ထိုးစစ်ရပ်တန့်သွားပြီ။ တပ်မတော် က ဒီလက စပြီး တစ်လကို အင်အား ၁၀၀၀၀နီးပါး တိုးမယ်။ တိုက်ခိုက်ရေး ‌ခြေလျင် ခြေမြန်တပ်မတွေ အင်အား ပြည်မှီ တောင့်တင်းနေဖို့လို တယ် စဉ်ဆက်မပြတ် လေ့ကျင့်နေဖို့လိုတယ် ခေတ်မီ နေဖို့လိုတယ် ဆိုတာ ဒီနေ့ ဖြစ်စဉ် တွေက နမူနာပြနေတယ်။ အေရိုဒိုင်းနမစ် ဆိုတဲ့ လေကိုခွင်း သော နည်းပညာ တိုးတက်ရင် ဒရုန်းဆိုတာ လက်လုပ် လုပ်လို့ ပင် ရပါတယ်။ ရန်သူကို ၂၄နာရီ စောင်ကြည့်စနစ် ဖြစ်ဖို့ ပြည်တွင်းသုံး စစ်သုံး စတက်လိုက် စနစ် လွှင့်တင်အသုံးပြုပြီး တိုက်ပွဲကို မျက်မြင် liveမြင်တွေ့ ကွပ်ကဲသော စနစ် ဖွံ့ဖြိုးဖို့လိုပါတယ်။ စနိုက်ဖာ လက်နက်ငယ်တွေ မှာ သောင်းကျန်းသူက ပြည်ပ ကနေ အဆင့်မြင့် ခေတ်မီ စနိုက်ဖာတွေ တတ်ဆင်ထားတယ်။ သီးခြားအဖွဲ့အစနစ်နဲ့ စစ်ဆင်ရေးလုပ်နိုင် သော စနိုက်ဖာ အဆင့်ထိ လေ့ကျင့်ပျိုးထောင် ပေးဖို့လိုတယ်။ ယခု အချိန်မှာတော့ တိုက်ချင်းနဲ့ပဲ လေ့ကျင့်ရမယ် ထင်ပါတယ်။ စည်းရုံးရေး ကတော့ ကြားနေပြည်သူတွေ ကိုပဲ အသိမှန် အမြင်မှန် ရအောင် လုပ်ဆောင် လို့ရ နိုင်မယ်။ နီပိတ် အစွန်းရောက် တွေကတော့ ဘယ်တော့မှ အသိတရား ရမည့် လူတန်းစား မဟုတ်ပါဘူး။ အမုန်းတရားနဲ့ လူသတ်ဝါဒ ကို သူတို့ ခေါင်းဆောင်တွေက ဆဲလ် အဖြစ်ရိုက်ထည့် ထားပြီး အသိတရားမဲ့သော ဇွန်ဘီ တွေ ပါပဲ။ မိမိနိုင်ငံရဲ့ နယ်နိမိတ် ၊ မိမိနိုင်ငံဖွံ့ဖြိုးတိုး တက်ရေး ဆိုတာ နီပိတ်တွေမှာ မရှိဘူး။ ပါတီစွဲ ပုဂ္ဂိုလ်စွဲ အလုံးစုံပျက်စီးရေး အတွေး အခေါ်သာ သူတို့ဖြစ်ချင်ကြတာပါ။ ဒီနိုင်ငံမှာက နိုင်ငံရေး အရွေ့တစ်ခု သွားဖို့က တပ်မတော် ရဲ့ အခန်းကဏ္ဍ ကအရေးကြီး လှပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အညိုးအတေးကြီးမှု သစ္စာမဲ့မှုတွေက ဒီနိုင်ငံကို ပျက်စီးခြင်းကို ရောက်စေတယ်။ ဒါ့ကြောင့် သူ့တို့အာဏာရှိစဉ်ကလည်း တပ် ပျက်စီးရေးကို ဦးတည်လုပ်ဆောင် တယ်။ ဒါ့ကြောင့် တပ်မတော်သည် အင်အားတောင့်တင်းသော ခေတ်မီ တပ်မတော် ဖြစ်အောင် စဉ်ဆက် မပြတ် လေ့ကျင့် ပျိုးထောင်ထားမှ ဒီနိုင်ငံက အစဉ်ပြေပါလိမ့်မယ်။ ကဏ္ဍ အားလုံးဖွံ့ဖြိးဖို့ နိုင်ငံတော် က လိုအပ်ပါတယ်။ သို့သော် ယနေ့ ကာလ မှာတော့ စစ်ပွဲနိုင်ဖို့ နံပါတ် ၁/၂/၃ပါပဲ။ ဒါက ကျွန်တော်ရဲ့ သီးခြားအမြင်ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ၁ခု တောခို သူပုန်ထ သော ကာလ ဖြစ်လို့ အားလုံးက သာမန်အချိန်လို လွယ်ကူမှာ မဟုတ်ပါဘူး။ ပြည်သူများအနေနဲ့ လုံခြုံရေး အမြင် ကာကွယ်ရေးအမြင် နဲ့ နိုင်ငံချစ်စိတ် ပေါင်းစပ် ပြီး နိုင်ငံတော် အပေါ် တည်ငြိမ်အေးချမ်းစေလို သော မှန်ကန်သော စေတနာ ရှိကြပါစေ။ Crd https://t.me/motherkomyo
نمایش همه...
အမေ့သားကိုမျိုး

သတင်းစုံ ဗဟုသုတစုံ

👍 1
ကမ္ဘောဒီးယား ပြည်တွင်းဖြစ် CoolApp Messenger သည် ယခုအခါ ကမ္ဘောဒီးယား Apple App စတိုးတွင် နံပါတ် ၁ လူမှုကွန်ရက်အက်ပ် ဖြစ်လာသည်။ CoolApp သည် Telegram နှင့် WhatsApp ကဲ့သို့ နိုင်ငံခြား ကုဒ်ဝှက်စံနှုန်းများဖြင့် ကမ္ဘောဒီးယား၏ ပထမဆုံး စကားပြောဆို လူမှုကွန်ရက်ဖြစ်ပြီး App Store နှင့် Play Store တွင် ရနိုင်သည်။ CoolApp ကို ကမ္ဘောဒီးယားနည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များမှ အိုင်တီပညာရှင်များက ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အထိ ၃ နှစ်ကြာ အချိန်ယူ ဖန်တီးခဲ့ကြသည်။ Chat, Call, Video Call တို့အတွက် သုံးနိုင်သည့် အက်ပ်ဖြစ်ပြီး ဆာဗာကို ကမ္ဘောဒီးယားတွင် ထားရှိသည်။ CoolApp သည် အသုံးပြုသူကို ခြေရာခံခြင်း၊ ဒေတာ စုဆောင်းခြင်းနှင့် သိမ်းဆည်းခြင်းမပြု‌ဟု CoolApp တည်ထောင်သူနှင့် CEO Lim Chea Vutha က ပြောသည်။ CoolApp သည် ဒေတာနှင့် ဖုန်းခေါ်ဆိုမှုများကို မပေါက်ကြားရန် အလုံခြုံဆုံးဖြစ်သည်မှာ သေချာစေရန် အစမှ အဆုံးအထိ ကုဒ်ဝှက် စနစ် end-to-end encryption ကို အသုံးပြုသည်။ Crd
نمایش همه...
Repost from N/a
နောင်ချိုမှရွှေဘများအတွက်ပါ
نمایش همه...
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.