fa
Feedback
ဘော်လီဝုဒ် ဇာတ်ကားကောင်းများ🇮🇳

ဘော်လီဝုဒ် ဇာတ်ကားကောင်းများ🇮🇳

رفتن به کانال در Telegram

📈 تحلیل کانال تلگرام ဘော်လီဝုဒ် ဇာတ်ကားကောင်းများ🇮🇳

کانال ဘော်လီဝုဒ် ဇာတ်ကားကောင်းများ🇮🇳 (@indiammsubm) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 14 431 مشترک است و جایگاه 19 801 را در دسته فیلم‌ها و رتبه 9 082 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 14 431 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 01 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -340 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 9.98% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 1.86% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 440 بازدید دریافت می‌کند. در اولین روز معمولاً 269 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 2 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 02 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته فیلم‌ها تبدیل کرده‌اند.

14 431
مشترکین
اطلاعاتی وجود ندارد24 ساعت
-387 روز
-34030 روز
آرشیو پست ها
သမိုင်းကြောင်းအခြေခံ ရှယ်ကြမ်းတဲ့ ဇာတ်ကားသစ်ကြီး (၂၀၂၆) ーーーーーーーーーーーーーーーーーーー အိန္ဒိယသမိုင်းက နာမည်ကျော် သူရဲကောင်းဘုရင်ကြီးရဲ့
သမိုင်းကြောင်းအခြေခံ ရှယ်ကြမ်းတဲ့ ဇာတ်ကားသစ်ကြီး (၂၀၂၆) ーーーーーーーーーーーーーーーーーーー အိန္ဒိယသမိုင်းက နာမည်ကျော် သူရဲကောင်းဘုရင်ကြီးရဲ့ အကြောင်းကို ခမ်းခမ်းနားနား အသက်သွင်းရိုက်ကူးထားတဲ့ (၂၀၂၆) အက်ရှင်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ သမိုင်းနောက်ခံ စစ်ကားတွေ၊ အက်ရှင်ကားကောင်းတွေ ကြိုက်တဲ့သူတွေ လုံးဝ လက်မလွတ်သင့်တဲ့ ကားကြီးပါ။ ဇာတ်လမ်းကတော့ ရန်သူတွေကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်ပြီး ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် ကြီးကျယ်ခမ်းနားတဲ့ အင်ပါယာတစ်ခုကို ဘယ်လို ကြိုးစားတည်ထောင်ခဲ့သလဲ ဆိုတာကို စိတ်ဓာတ်ခွန်အားရဖွယ် ရိုက်ကူးပြသထားတာပါ။ စစ်တိုက်တဲ့ အခန်းတွေနဲ့ အက်ရှင်ရိုက်ကွက်တွေက အရမ်းကို မိုက်ပြီး ရင်သပ်ရှုမောဖွယ် ဖြစ်စေပါတယ်။ သရုပ်ဆောင်တွေရဲ့ အသက်ဝင်တဲ့ အိုက်တင်တွေနဲ့အတူ ခမ်းနားတဲ့ ပြကွင်းပြကွက်တွေကို အပြည့်အဝ ခံစားကြည့်ရှုရမှာမို့ အခုပဲကြည့်လိုက်ကြပါနော်။

ရဲတွေကို တစ်ပတ်ရိုက်ပြီး အလောင်းဖျောက်တဲ့ "ရှယ်ကြီး အဆက်လာပြီ" D-r-i-s-h-y-a-m 3 (2026) ၄တန်းအောင်အခန်းဆက် ၃ IMDb 7/10 ကဲ ထွေ
ရဲတွေကို တစ်ပတ်ရိုက်ပြီး အလောင်းဖျောက်တဲ့ "ရှယ်ကြီး အဆက်လာပြီ" D-r-i-s-h-y-a-m 3 (2026) ၄တန်းအောင်အခန်းဆက် ၃ IMDb 7/10 ကဲ ထွေထူးပြီး ညွှန်းနေစရာမလိုတဲ့ ‌'၄တန်းအောင်' လို့ နာမည်ကြီးတဲ့ သမီးအတွက် အလောင်းဖျောက်တဲ့ ကားကတော့ ထပ်မံထွက်ရှိလာခဲ့ပါပြီ ရုံတင်ပြီး ၁၂ ရက်အတွင်းမှာကို ၂၄၁ ကုဋေရရှိထားတဲ့ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ရုံတင်ကားကြီးကို ကြည့်လိုက်ရအောင် နံပါတ် 2 အပြီး ၅နှစ်အကြာမှာတော့ ဂျော့ဂ်ျကူတီတို့မိသားစုလေး ပြန်ပြီး အခြေကျသွားခဲ့တယ် ဂျော့ဂ်ျက သူ့ဘဝဖြစ်စဉ်ကို စာအုပ်ရေးထားရာကနေ ရုပ်ရှင်ရိုက်ဖြစ်သွားပါတယ် ဝက်ဝက်ကွဲအောင်မြင်မှုနဲ့အတူ ဂျော့ဂ်ျမိသားစုလည်း နာမည်ကြီးလာတာပေါ့ နောက်ကြောင်းဖော်တဲ့လူကဖော် အင်တာဗျူးတဲ့လူကဗျူးနဲ့ ဂျော့ဂ်ျတစ်ယောက် အလုပ်များနေလေရဲ့ တစ်ဖက်မှာလည်း ဒီမြို့ထဲ သူတို့သတင်းကို မသိသူမရှိဆိုတော့ သမီးအာနူးကို ယောကျာ်းပေးစားဖို့ အခက်အခဲရှိနေခဲ့တယ် သမီးအတွက်လည်း ယောကျာ်းရှာရင်း မိသားစုကိုလည်း စီမံရင်းနဲ့ သူ့ဘဝထဲရောက်လာတဲ့အပြောင်းအလဲက ဂျိုဆေး ဂျိုဆေးဆိုတာ ဂျော့ဂ်ျတစ်ယောက် ရဲစခန်းအောက် အလောင်းဖွက်တာကိုမြင်ပြီး သတင်းပို့ခဲ့တဲ့လူ... ကဲ ဒီကားမှာရော သူ ဉာဏ်ကောင်းနိုင်ဦးမလား ဘယ်လို လှည့်ကွက်‌တွေ သုံးပြဦးမလဲ

IMDB 7.1ရရှိထားပြီး အင်မတန်မှ ကောင်းမွန်တဲ့ ဘောလီးဝုဒ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာ နာမည်ကျော်မင်းသာ
IMDB 7.1ရရှိထားပြီး အင်မတန်မှ ကောင်းမွန်တဲ့ ဘောလီးဝုဒ်ဇာတ်ကားလေးတစ်ကားကို  တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးထဲမှာ နာမည်ကျော်မင်းသားအက်ခ်ရှေးကူမားရ်ကို ဂတ်ဘာ အဖြစ်တွေ့မြင်ရမှာပါ။ ညတစ်ညမှာ အိန္ဒိနိုင်ငံ မဟာရှက်ထရာ ခရိုင် အတွင်းမှာရှိတဲ့မတူညီတဲ့ မြို့တွေက အခွန်ကောက်သမားဆယ်ယောက်ဟာပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရဲတွေက အပူတပြင်း ရှာဖွေနေစဉ်မှာပဲ ထို၀န်ထမ်း ဆယ်ယောက် အနက် တစ်ယောက်ကလွဲလို့အကုန်ပြန်ရောက်လာပါတယ်။ တစ်ယောက်ကတော့ အသတ်ခံလိုက်ရပါတယ် ထိုအသတ်ခံလိုက်ရတဲ့သူက လာဘ်အစားဆုံး အခွန်သမားပါပဲ။ ထို အခွန်သမားရဲ့အလောင်းနဲ့ အတူ ဂတ်ဘားကိုယ်တိုင် လာဘ်စားလို့ သတ်ရတာဖြစ်တယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ လာဘ် အစားဆုံး အစိုးရာအရာရှိတွေ ပြန်ပေးဆွဲ ခံရ အသတ်ခံရတာတွေ ဆက်တိုက် ဖြစ်လာပါတယ်။ ဂတ်ဘားကဒီလိုဘာလို့ လိုက်သတ်နေရတာလဲ …. သူ့ကို ရဲတွေက ဖမ်းမိမှာလားလာဘ်ပေးလာဘ်ယူ လုပ်တာတွေကို အချက်အလက်သေးသေးလေးက အစ တိတိကျကျ သူဘယ်လိုများမှတ်တမ်းတွေ ယူနိုင်တာလဲ ခြေရာလက်ရာမပေါ်အောင်ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ စတာတွေကို စိတ်၀င် စားစွာဆက်လက်စောင့်ကြည့်ရမှာပါ။ စလယ်ဆုံး ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

ဗီဂျေးရဲ့ အသစ်ထွက် ဇာတ်ကားသစ်ကြီး ーーーーーーーーーーーーーーーーー J_a-n_a N_a-y_a-g_a-n (20_26) Official HD မထွက်မသေးပေမယ့် ကြည့်ရတာ အသံ၊ ရ
ဗီဂျေးရဲ့ အသစ်ထွက် ဇာတ်ကားသစ်ကြီး ーーーーーーーーーーーーーーーーー J_a-n_a N_a-y_a-g_a-n (20_26) Official HD မထွက်မသေးပေမယ့် ကြည့်ရတာ အသံ၊ ရုပ်ထွက် အကြည်ဗားရှင်း အတိုင်းကို အဆင်ပြေနေမှာပါခင်ဗျာ ဇာတ်လမ်းအစမှာ ၂၀၂၆ ခုနှစ် တမီးလ်နာဒူး ရွေးကောက်ပွဲကာလရဲ့ ရှုပ်ထွေးမှုတွေ ဇာတ်ရေးခွဲခြားမှု ပြဿနာတွေနဲ့ အစပျိုးထားပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ သာလက်ပတီဗီတရီကွန်ဒန်ဟာ ရဲတပ်ဖွဲ့နဲ့ အစိုးရကတောင် လိုအပ်ရင် အကူအညီတောင်းရလောက်တဲ့အထိ အင်အားကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ သူတစ်ယောက်ပါ။ ပြဿနာရှာတဲ့နေရာမှာ စံချိန်တင်ထားသူဖြစ်လို့ လူမိုက်တွေကအစ လန့်ရတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ကြမ်းတမ်းတဲ့ ပုံစံနောက်ကွယ်မှာ သူဟာ အမေကို ဆုံးရှုံးလိုက်ရလို့အကြောက်လွန်ရောဂါရနေတဲ့ ကလေးမလေး ဗီဂျီအတွက် "စူပါမန်းဦးလေး"အဖြစ် စောင့်ရှောက်ပေးနေတဲ့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်လည်း ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ကမ္ဘာတစ်လွှားက အဖြစ်အပျက်တွေဖြစ်တဲ့ ဆွာဇီလန်က နိုင်ငံရေးလုပ်ကြံမှုတွေနဲ့အတူ အိန္ဒိယနိုင်ငံကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်အန္တရာယ် ကြီးကြီးမားမားတစ်ခု ပေါ်ပေါက်လာပါတယ်။ ပါကစ္စတန်အကြမ်းဖက်သမားတွေဟာ အိန္ဒိယသင်္ဘောကို ပြန်ပေးဆွဲပြီး ချန်နိုင်းမြို့ဆီ ဦးတည်လာကြပြီး သူတို့ရဲ့ လျှို့ဝှက်စစ်ဆင်ရေးဖြစ်တဲ့ "အိုအမ်" ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလာကြပါတယ် အကြမ်းဖက်သမားတွေရဲ့ ရက်စက်တဲ့ အစီအစဉ်တွေကို သာလာပါသီ တစ်ယောက် ဘယ်လို ဖြိုခွင်းမလဲ။ သူချစ်ရတဲ့သူတွေကိုရော ဘယ်လိုကာကွယ်သွားမလဲ နိုင်ငံရေးလှည့်ကွက်တွေ၊ သစ္စာဖောက်မှုတွေကြားထဲကနေ နိုင်ငံချစ်စိတ်၊ သံယောဇဉ်နဲ့ အက်ရှင်အကြမ်းစားတွ ကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲ
မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက  ရင်ထဲမှာတသသကျန်ရှိစေပါတယ်။ Rating ကလည်း 8.2 ရရှိထားပြီးအိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေဒုတိယဖြစ်ထားတာကြောင့် လက်မလွတ်သင့်လှတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံဒေလီမြို့မှာတော့ပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေသည်။ ထိုအချိန်၌ပဝန်သတိထားမိသည်ကသူ့အားစိုက်ကြည့်နေသော၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာကရုဏာသက်မိရင်းကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့သည်။ ဒီလိုနဲ့နာမည်လည်းမေးမရစကားလည်းမပြောတတ်သောကလေးအားထားမရစ်နိုင်သည့်အဆုံးပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့တော့သည်။ ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိသူ့မိဘလည်းမသိပေမဲ့စိတ်ထားဖြူစင်မှုအရင်းခံနဲ့ကလေးမလေးကိုသူ့မိဘဆီပြန်ပို့နိုင်ရန်ဆုံးဖြတ်ထားခဲ့သည်။ ကလေးမလေးကိုတော့မူနီလို့အမည်မှည့်ပေးခဲ့သည်။ တစ်နေ့မှာတော့ဖန်သားပြင်ထက်ကခရစ်ကတ်ကစားပွဲမှာအိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေခဲ့ကြသည်အိန္ဒိယအမှတ်သာလျှင်မူနီလေးမှာမပျော်၍ပါကစ္စတန်နိုင်လျှင်ဝမ်းသာလျက်ရှိနေသည်။ ထိုအချိန်အခါ၌အိန္ဒိယနဲ့ပါကစ္စတန်တို့သည် စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြချေ။ ပဝန်တို့မိသားစုတို့ကလည်းဘာသာရေးအရ ဘုန်းကြီးမျိုးနွယ်ဝင်ဖြစ်၍မူနီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်းပဝန်ကိုတိုက်တွန်းခဲ့ကြသည်။ ပဝန်ဟာပါကစ္စတန်သံရုံးထံသွားရောက်ပို့ခဲ့သော်လည်းထိုအချိန်၌သံရုံးအားအိန္ဒိယနိုင်ငံသားတို့ဆန္ဒပြစဉ်နဲ့ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်သံရုံးရဲ့စာရင်းသမားလေးနဲ့တွေ့ခဲ့ပြီး မှောင်ခိုလမ်းမှပြန်ပို့ရန်ပဝန်အားအကြံပြုခဲ့သည်။ ပဝန်ဟာလည်းယုံစားမိပြီးမူနီအားချန်ထားခဲ့လေသည်။ လမ်းတစ်ဝက်မှာတော့ကစားစရာဝယ်ရင်း မူနီအားပေးရန်ပြန်အလှည့်မှာတော့မူနီလေးရောင်းစားခံရမှန်းသိခဲ့ရသည်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာပါကစ္စတန်သွားရောက်ပြီးမူနီ့မိဘတွေကိုရှာဖွေခန်းဖွင့်ပြီးပြန်လည်ဆုံတွေ့နိုင်စေဖို့ဆုံးဖြတ်လိုက်တော့သည်။ တကယ်တမ်းတော့ဇာတ်ကားလေးဟာအညွှန်းနဲ့အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။ ပဝန်တစ်ယောက်ပါကစ္စတန်နိုင်ငံတွင်းဝင်ရောက်ခဲ့ပုံ၊မိဘရှာတော်ပုံတွေနဲ့အတူမူနီလေးတစ်ယောက်သူ့မိဘနဲ့ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကလည်းရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ပဝန်ရဲ့ဘဝနဲ့အချစ်ရေးသာမကစိတ်ထားမြင်မြတ်မှုတွေကလည်းအတုယူစရာကောင်းလှပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ပဝန်တစ်ယောက်ရဲ့ကရုဏာကြီးမားမှုတွေ၊ပါကစ္စတန်နိုင်ငံသို့ဝင်ရောက်ဖြတ်သန်းမှုတွေ၊သွေးသားမတော်စပ်သူတစ်ဦးအတွက်ဒုက္ခပေါင်းများစွာဖြတ်သန်းခဲ့ပုံတွေကတော့မျက်ရည်မခိုင်သူအဖို့ပင်လယ်ထွန်းမယ့် ဇာတ်ကားမျိုးပါ။ ဒါ့ပြင်အမြင်မတူအသွင်မတူဘာသာမတူ နိုင်ငံသားချင်းမတူကြပေမဲ့မေတ္တာတရားဟာ ကမ္ဘာ့လူသားတရားတော်ဆိုတာကိုဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှာပါ။

ပြန်ပေးဆွဲခံရတဲ့ လေယာဉ်ပေါ်မှာ လေတပ်ကွန်မန်ဒိုတစ်ယောက် ပါလာတဲ့အခါ ◆━━━━━━▣▣━━━━━━ ◆ ဇာတ်လမ်းအကျဉ်းကတော့ ယိုဒါအထူးတပ်ဖွဲ့လို့ခ
ပြန်ပေးဆွဲခံရတဲ့ လေယာဉ်ပေါ်မှာ လေတပ်ကွန်မန်ဒိုတစ်ယောက် ပါလာတဲ့အခါ ◆━━━━━━▣▣━━━━━━ ◆ ဇာတ်လမ်းအကျဉ်းကတော့ ယိုဒါအထူးတပ်ဖွဲ့လို့ခေါ်တဲ့ အိန္ဒိယရဲ့အထူးတပ်ဖွဲ့မှာ ဖခင်ဖြစ်သူက တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားပေမယ့်လည်း သားဖြစ်သူအာရွန်က သူ့အဖေလိုပဲ အထူးတပ်ဖွဲ့မှာ ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ် လုပ်ဖော်ကိုင်ဖက် ပရီယာဆိုတဲ့ကောင်မလေးနဲ့လည်း လက်ထပ်ပြီးတော့ တာဝန်ထမ်းဆောင်လိုက် မိန်းမနဲ့ကြည်နူးလိုက်နဲ့ပဲ ဘဝကြီးကို ဖြတ်သန်းနေချိန်မှာ လေယာဉ်ပြန်ပေးမှုတစ်ခုဖြစ်ပြီး အဲ့လေယာဉ်ပေါ်မှာ အာရွန်က ဗီအိုင်ပီသက်တော်စောင့်အဖြစ်ပါလာတဲ့အခါမှာတော့ အပြင်ကအဖွဲ့တွေကလည်း ညှိနှိုင်းကယ်တင်ဖို့ကြိုးစားရသလို အာရွန်လည်း လေယာဉ်ပေါ်ကနေ တစ်ကိုယ်တော် ပြန်ပေးသမားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ် အက်ရှင်ကားကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေအပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလင့်🎞️ https://t.me/bestmyanr/1868

သောက်ရမ်းကြမ်းတဲ့ ရုံတင်ကားသစ်ကြီး ーーーーーーーーーーーーーーーーー အကြည်ဗားရှင်း အားလုံးစောင့်မျှော်နေကြတဲ့ ရန်ဗီးရ်ဆင်းဂ်ရဲ့ အကြမ်းပတမ်း အ
သောက်ရမ်းကြမ်းတဲ့ ရုံတင်ကားသစ်ကြီး ーーーーーーーーーーーーーーーーー
အကြည်ဗားရှင်း
အားလုံးစောင့်မျှော်နေကြတဲ့ ရန်ဗီးရ်ဆင်းဂ်ရဲ့ အကြမ်းပတမ်း အက်ရှင်ဇာတ်လမ်း ဒူရန်ဒါ ရဲ့ အဆက်ရုပ်ရှင် ထွက်ရှိလို့လာပါပြီ။ ပထမကားနဲ့ သိပ်မကွာဘဲထွက်လာပေမဲ့ ဒီအဆက်ရုပ်ရှင်ဟာလည်း ရုံတင်ငွေ ကုဋေ ၁၈၀၀ နီးပါးရထားပြီး အကြီးအကျယ်ဆက်အောင်မြင်နေဆဲပါပဲ။ ဇာတ်လမ်းကတော့ ပထမရုပ်ရှင်အပြီးကို တိုက်ရိုက်ဆက်ထားသလို ဟမ်ဇာရဲ့ ဇာတ်နာလှတဲ့ တကယ့်ဘဝကိုလည်း ပြန်ပြီးတူးဆွပြထားပါသေးတယ်။ ဟမ်ဇာတစ်ယောက် ရေမန်ဒါကိတ်မရှိတော့တဲ့နောက်ပိုင်း လှည့်ကွက်တွေသုံးပြီး လိုင်ယာရီရဲ့ပုလ္လင်ပေါ်တက်နိုင်ဖို့ ဘယ်လိုဘယ်ပုံကြိုးစားမယ်၊ နိုင်ငံနဲ့ချီတဲ့ အကြမ်းဖက်ကြိုးပမ်းမှုတွေကို ဘယ်လိုဖြေရှင်းမယ်၊ ဂျက်စကီရတ်ဆိုတဲ့ ပန်ချာပီကောင်လေးဘဝကနေ လိုင်ယာရီရဲ့ဘုရင် ဟမ်ဇာအလီမာဇာရီ ဘယ်လိုဖြစ်လာတယ်ဆိုတာတွေကို အရင်ကားထက်မလျော့တဲ့ ဇာတ်လမ်း၊ အက်ရှင်တွေနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်... ဇာတ်ကားလင့်🎞️ https://t.me/Bollywoodmoviesmm/868

ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့ကအဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပ
ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့ကအဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား... ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်။ ဗစ်ကရမ်... သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင်လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာအားကိုးရတဲ့ရဲတစ်ယောက်... ဗေဒါး.... သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး ဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ ဂိုဏ်းစတားတစ်ယောက်... လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်းသတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်... ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို လိုက်လံရှာဖွေသတ်ပစ်ဖို့ပဲ... အဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့ အကြောင်းဖန်လာပါတော့တယ်... ဇာတ်ကားလင့်🎞️ https://t.me/Bollywoodmoviesmm/866

ကျားဖြန့်ဂိုဏ်းတစ်ခုလုံးကိုလိုက်ဗျင်းမဲ့ အထူအေးဂျင့် ーーーーーーーーーーーーーーーーー F_a-t_e-h (20_25) IMDb: 7.7/10 ၂၀၂၅မှာ အိန္ဒိယအက်ရှင်က
ကျားဖြန့်ဂိုဏ်းတစ်ခုလုံးကိုလိုက်ဗျင်းမဲ့ အထူအေးဂျင့် ーーーーーーーーーーーーーーーーー F_a-t_e-h (20_25) IMDb: 7.7/10 ၂၀၂၅မှာ အိန္ဒိယအက်ရှင်ကောင်းတွေ စိတ်ဝင်စားလာဖို့ကောင်းလာတဲ့အတိုင်း အခုအက်ရှင်ကားကြီးကလည်း အလန်းကြီးဖြစ်ပါတယ်။ ဂန်းစတားဟောင်းကြီး ဖာတက်ရှ်က သူ့အရင်အတိတ်ကဘဝကို ချန်ထားခဲ့ပြီး ပွန်ဂျာ့မှာ ဘဝအသစ်စနေချိန်မှာ ရွာသူလေးတစ်ယောက်က ချေးငွေအက်ပ်တစ်ခုကြောင့်နဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းနဲ့ ပက်သက်မိသွားပါတယ်။ အဲ့လိုကနေ ရွာသူလေးကို လိုက်ရှာပြီးကယ်တင်ရာကနေ ဖာတက်ရှ်တစ်ယောက် ဒီဆိုက်ဘာရာဇဝတ်အသိုင်းအဝိုင်းတစ်ခုလုံးကိုပါ ဘယ်လိုလိုက်ရှာပြီး ဖြိုချပစ်ဖို့ လုပ်မလဲဆိုတာ ကြည့်ရှုရမယ့်ကားလေးဖြစ်တဲ့အပြင် ပစ်တာခတ်တာကအစ တကယ်ပီပင်လွန်းတဲ့အတွက် အစစ်လားလို့တောင်ထင်ရစေပြီး အရမ်းမိုက်တဲ့ ကားလေးဖြစ်တဲ့အတွက် စောင့်ကြည့်ပေးကြပါဦး

ဝန်ကြီးချုပ်ကိုတောင် ဂရုမစိုက်တဲ့ မင်းသာ ဗီဂျေး

ဝန်ကြီးချုပ်ကိုတောင် ဂရုမစိုက်တဲ့ မင်းသာ ဗီဂျေး ◆━━━━━━▣▣━━━━━━◆ မင်းသားကြီး ဗီဂျေးရဲ့ အက်ရှင်ကား‌ကောင်းလေးလာပါပြီ။ဒီဇာတ်လမ်း
ဝန်ကြီးချုပ်ကိုတောင် ဂရုမစိုက်တဲ့ မင်းသာ ဗီဂျေး ◆━━━━━━▣▣━━━━━━◆ မင်းသားကြီး ဗီဂျေးရဲ့ အက်ရှင်ကား‌ကောင်းလေးလာပါပြီ။ဒီဇာတ်လမ်းမှာ ဗီဂျေးက နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်... အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့သားရဲကြီး ရောအေးဂျင့်ဟောင်းဗီရ်ရာဂဗ်... တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကိုစိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကိုအကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်... ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက်အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်... ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....

စီသာရမ် ဒုတိယအမှုတွဲ [၂၀၂၆] ーーーーーーーーーーーーーーーーー ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ S-e-e-t-ha-r-a-m B-e-n-o-y: C-a-s-e N-o. 1-8 ရဲ့ အဆက
စီသာရမ် ဒုတိယအမှုတွဲ [၂၀၂၆] ーーーーーーーーーーーーーーーーー ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ S-e-e-t-ha-r-a-m B-e-n-o-y: C-a-s-e N-o. 1-8 ရဲ့ အဆက် ကန်နာဒါစကားပြော စုံထောက်သည်းထိတ်ရင်ဖို ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာတော့ စုံထောက်အရာရှိ စီသာရမ်ဟာ အာနေဂဒေးလို့ခေါ်တဲ့ မြို့လေးမှာ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ်ကွင်းဆက်လူသ-တ်မှုတွဲတွေကို စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။ ဇာတ်ကားလင့်🎞️ https://t.me/Bollywoodmoviesmm/862

လုံးကြီးပေါက်လှ မိန်းမဖြစ်သူကို ရာထူးတိုးဖို့ အထက်အရာရှိနဲ့ အိပ်ခိုင်းတဲ့ ယောင်္ကျား ◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆ ကိုယ်ရဲ့ မိန်းမ
လုံးကြီးပေါက်လှ မိန်းမဖြစ်သူကို ရာထူးတိုးဖို့ အထက်အရာရှိနဲ့ အိပ်ခိုင်းတဲ့ ယောင်္ကျား ◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆ ကိုယ်ရဲ့ မိန်းမအလှလေးကို အထက်အရာရှိထံ ရောင်းစားဖို့ကြံတဲ့ ဆိုက်ကိုကောင် ခင်ပွန်းသည် ဒီဇာတ်ကားကတော့ တမူထူးခြားတဲ့ အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါပဲ ဆွန်ဒရီဆိုတဲ့ အမျိုးသမီးက နန်းဆန်တဲ့အလှနဲ့ ရိုးသားတဲ့ ကျေးတောသူလေးတစ်ယောက်ပါ… သူမဟာမြိုသားတစ်ယောက်နဲ့ မထင်မှတ်ဘဲ အိမ်ထောင်ကျသွားပြီးခင်ပွန်းသည်ရှိတဲ့မြိုကို လိုက်နေကြပါတယ်… သူမရဲ့ ခင်ပွန်းသည်က မိဘမဲ့တစ်ကောင်ကြွက်…နည်းနည်းလည်း ဆိုက်ကိုဆန်တယ်… သူမရဲ့အလှက လုံးကြီးပေါက်လှဆိုတော့ ခင်ပွန်းသည်ရဲ့အထက်အရာရှိက သူမကိုတွေ့သွားတဲ့အခါ.… ခင်ပွန်းသည်ကပါ သူမကို အဲ့ဒီအထက်အရာရှိဆီ ရောင်းစားပစ်ဖို ကြံလာတဲ့အခါ… အမျိုးသမီးတွေအတွက် အိမ်ထောင်‌‌‌ရေးအကြမ်းဖက်မှု ပညာပေးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်… ဇာတ်ကားလင့်🎞️ https://t.me/Bollywoodmoviesmm/860

ဗီဂျေးဖန်တွေအတွက် 🔥🔥 J-a-n-a N-a-y-a-g-a-n (2-0-2-6) ၂၀၂၆ ရဲ့ ပရိသတ်အမျှော်ရဆုံး အိန္ဒိယရုပ်ရှင်တွေထဲကတစ်ခုဖြစ်တဲ့ ဗီဂျေးရဲ
+3
ဗီဂျေးဖန်တွေအတွက် 🔥🔥 J-a-n-a N-a-y-a-g-a-n (2-0-2-6) ၂၀၂၆ ရဲ့ ပရိသတ်အမျှော်ရဆုံး အိန္ဒိယရုပ်ရှင်တွေထဲကတစ်ခုဖြစ်တဲ့ ဗီဂျေးရဲ့ နောက်ဆုံးထွက်ရုပ်ရှင်လေးကို တင်ဆင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဗီဂျေးနဲ့အတူ၊မင်းသားကြီးဘော်ဘီဒိုးနဲ့ ပူဂျာဟက်ဒ်တို့လို ဘောလိဝုဒ်စတားတွေကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ကတိစကားတခွန်းကြောင့် မိတ်ဆွေဖြစ်သူရဲ့သမီးလေး ဗီဂျာယာကို သမီးအရင်းလို စောင့်ရှောက်ပေးနေတဲ့ သာလာပါသီ။ ဗီဂျာယာဟာ ငယ်ဘဝက အဖြစ်ဆိုးတခုကြောင့် စိတ်ဒဏ်ရာရထားသူဖြစ်ပြီး သာလာပါသီကတော့ အေးအေးချမ်းချမ်းနေဖို့ကြိုးစားနေတဲ့ ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။ သာလာပါသီဟာ ဗီဂျာယာကို စိတ်ဓာတ်ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးရင်း ဗီဂျာယာကို စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့သူတွေက အိန္ဒိယနိုင်ငံကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်နေမှန်းသိသွားတဲ့အခါမှာတော့... ဇာတ်ကားလင့်🎞️ https://t.me/Bollywoodmoviesmm/858

တရုတ်သူရဲကောင်းဝင်စားသူလို့ သတ်မှတ်ခံရပြီး တရုတ်နိုင်ငံကို ခေါ်သွားခံရတဲ့ အိန္ဒိယအဘိုင်းလေး ーーーーーーーーーーーーーーーーー ဒေလီမြို့ စားသေ
တရုတ်သူရဲကောင်းဝင်စားသူလို့ သတ်မှတ်ခံရပြီး တရုတ်နိုင်ငံကို ခေါ်သွားခံရတဲ့ အိန္ဒိယအဘိုင်းလေး ーーーーーーーーーーーーーーーーー ဒေလီမြို့ စားသောက်ဆိုင်မှာနေတဲ့ ဟာသဆန်ဆန် လူငယ်တစ်ယောက်ဟာ ဘဝမှာ ဘာမှအောင်မြင်မှုမရှိဘဲ နေထိုင်နေပါတယ်။ တစ်နေ့မှာ တရုတ်နိုင်ငံက လူတွေက သူ့ကို “ရွေးချယ်ခံထားတဲ့ သူရဲကောင်း” လို့ထင်ပြီး တရုတ်နိုင်ငံ ကိုခေါ်သွားကြတယ်။ အဲဒီမှာတော့ သူဟာ အပြစ်တွေလုပ်နေတဲ့ ရာဇဝတ်သားကို တိုက်ဖျက်ရမယ့်သူ ဖြစ်လာပြီး၊ ကိုယ်တိုင်က ဘာမှမဟုတ်ပင်မဲ့ တဖြည်းဖြည်း သတ္တိရလာပြီး တကယ့်သူရဲကောင်းတစ်ယောက်လို ပြောင်းလဲလာပုံကို ဟာသဆန်ဆန်ကြည့်ရမှာပါ။ ဇာတ်ကားလင့်🎞️ https://t.me/Bollywoodmoviesmm/853

သမိုင်းရာဇ၀င်အခြေခံ ဒရာမာကားအမျိူးအစား ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့Depika တို့၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရ
သမိုင်းရာဇ၀င်အခြေခံ ဒရာမာကားအမျိူးအစား ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့Depika တို့၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Sanjay ဆိုတာဘောလီးဝုဒ်မှာ Cl*as*sic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင်တက်ခဲ့ပြီး ရူတင်ဖျက်စီးခံခဲ့ရပါတယ်။ ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။ ဆက်တင်တစ်ခုလုံး မီးတင်ရှို့ခံခဲ့ရပါတယ်။ မင်းသမီး ဒီပီကားနှာခေါင်းဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက်ပေးမယ်၊ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့်အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

သောက်ရမ်းကြမ်းတဲ့ အက်ရှင်ကားသစ်ကြီး ーーーーーーーーーーーーーーーーー O R_o-m_e-o (20_26) +++++++++++++++++ အကြည်ဗားရှင်း မင်းသားကြီး ရှာဟစ်က
သောက်ရမ်းကြမ်းတဲ့ အက်ရှင်ကားသစ်ကြီး ーーーーーーーーーーーーーーーーー O R_o-m_e-o (20_26) +++++++++++++++++ အကြည်ဗားရှင်း မင်းသားကြီး ရှာဟစ်ကပူးနဲ့ တရီပသီ၊ ဒီရှားတို့လို မင်းသမီးချောနှစ်လက်တို့ ပါဝင်ထားကြပြီးရုံတင်ငွေ ကုဋေ ၁၃၀ဝန်းကျင်ရရှိခဲ့တဲ့ ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။၁၉၉၄ခုနှစ် ဘုံဘေမြို့မှာ သင်တုန်းဓားတလက်နဲ့ အပျောက်ရှင်းတတ်တဲ့ကြေးစားလူtတ်သမားကြီး အူစ်တရာ။ထောက်လှမ်းရေးအရာရှိတယောက်ပေါ် ကျေးဇူးကြွေးရှိနေတာမို့တစ်လတခါလောက် လူလိုက်tတ်ပေးနေရတာကို ငြီးငွေ့နေပြီမို့ကျွန်းလေးတကျွန်းဆီ ရှောင်ပြေးဖို့ ကြံစည်နေတဲ့ အူစ်တရာ။အဲဒီလို ကြံစည်နေချိန်မှာပဲ လူလေးယောက်ကို tတ်ပေးဖို့တောင်းဆိုသမျှပေးပါမယ်ဆိုပြီး ရောက်ချလာတဲ့ မုဆိုးမလေးအက်ဖ်ရှန်။တောက်လျောက်ငြင်းလွှတ်နေတဲ့ကြားက မလျော့တဲ့ဇွဲနဲ့ တောင်းဆိုမကတောင်းဆိုလာချိန်မှာတော့ဘာကြောင့် အဲဒီလူတွေကို tတ်ခိုင်းရတာလဲ၊ အဲဒီလူတွေက ဘယ်သူတွေလဲဆိုတာစိတ်ဝင်စားဖွယ် ခံစားကြည့်ရှုကြပါဦး။

ရှေ့တစ်ကားတုန်းက ကြမ်းခဲ့တာထက် အဆပေါင်းများစွာပိုကြမ်းလာတဲ့ ဒူရန်ဒါ ၂ (၂၀၂၆) ============== ကြောက်တတ်သူများမကြည့်ရ အစအဆုံးရပြ
ရှေ့တစ်ကားတုန်းက ကြမ်းခဲ့တာထက် အဆပေါင်းများစွာပိုကြမ်းလာတဲ့ ဒူရန်ဒါ ၂ (၂၀၂၆) ============== ကြောက်တတ်သူများမကြည့်ရ
အစအဆုံးရပြီနော်
ပထမရုပ်ရှင်မှာ မပြီးပျက်သေးတဲ့ သူ့ရဲ့မစ်ရှင်တွေကို ဒီကားမှာ အောင်မြင်စွာ အဆုံးသတ်နိုင်ပါ့မလားဆိုတာကို အက်ရှင်၊ စွန့်စားမှုနဲ့ ပိုမိုကြီးမားလာတဲ့လျှို့ဝှက်စစ်ဆင်ရေးတွေကိုမြင်တွေ့ရမယ့်နောက်ဆက်တွဲဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားလင့်🎞️ https://t.me/Bollywoodmoviesmm/845

Repost from N/a
😋😚😌😉 😌😚😌😉 😌😌 🏆🏆🏆🏆🏆🏆🏆🏆🏆 💯 အကောင်းဆုံး စလော့ဂိမ်းဆိုဒ် 💯 စလော့ဂိမ်း အကွဲကြမ်းတဲ့ဆိုဒ် 💯 စလော့ဂိမ်းနိုင်ငွ
😋😚😌😉 😌😚😌😉 😌😌 🏆🏆🏆🏆🏆🏆🏆🏆🏆 💯 အကောင်းဆုံး စလော့ဂိမ်းဆိုဒ် 💯 စလော့ဂိမ်း အကွဲကြမ်းတဲ့ဆိုဒ် 💯 စလော့ဂိမ်းနိုင်ငွေအလျော်ဆုံးဆိုဒ် 💯 စလော့ဂိမ်းပေါင်းစုံလင်တဲ့ ဆိုဒ် 💸💸💸🪙💸💶💵💰💰💰💸 😵 website : Richclubmm.com 💰 📱Viber Link : 09696699988 💸 📱 Telegram Link : t.me/Richmmcs Telegram : 09792477677

မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေဖက်က ကမ်းလှမ်းတော့
မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်... ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်... အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်... အချင်းချင်းတွေ ကွဲနေကြတယ်... ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်... မင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ... ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့... မြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး ခင်ဗျာ...

ဘော်လီဝုဒ် ဇာတ်ကားကောင်းများ🇮🇳 - آمار و تحلیل کانال تلگرام @indiammsubm